← Chapters

ကူအောက်ထျန်းအား သုတ်သင်ခြင်း

Vol. 10 Ch. 150

ကူအောက်ထျန်းအား သုတ်သင်ခြင်း

Vol. 10 Ch. 150

~'စုပ်ယူခြင်း' ဟူသော စကားသံ ထွက်ပေါ်လာသည်နှင့် တပြိုင်နက်... ဖုန်းဝူချန်၏ ရှေ့မှောက်ရှိ လေဟာနယ်သည် ထူးဆန်းအံ့ဖွယ်ရာ ကွဲအက်သွားပြီး... ထိုအက်ကြောင်းထဲမှ အနက်ရောင်တွင်းနက်ကြီးတစ်ခု ပေါ်ထွက်လာခဲ့၏။ ၎င်းတွင်းနက်ကြီးအတွင်းမှ အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသော စုပ်ယူခြင်း စွမ်းအားများ ပျံ့နှံ့ထွက်ပေါ်လာတော့သည်။

ထိုတွင်းနက်ကြီးသည် လျှို့ဝှက်ဆန်းကြယ်ပြီး အသူရာ ဆန်လှကာ... မြင်တွေ့ရသူတိုင်း၏ ရင်ကို ထိတ်လန့်တုန်လှုပ်သွားစေ၏။

ထိုအခိုက်အတန့်၌... ကူအောက်ထျန်းသည် သူ၏ လက်ဝါးချက်ကို ထုတ်လွှတ်လိုက်စဉ်... လေဟာနယ်ထဲမှ ရုတ်တရက် ပေါ်ပေါက်လာသော ထိုထူးဆန်းသည့် တွင်းနက်ကြီးကို တွေ့မြင်လိုက်ရ

သောအခါ... ကြောက်လန့်မှုကြောင့် သူ့မျက်နှာ စိမ်းဖန့်သွားတော့သည်။

ကူအောက်ထျန်းတစ်ယောက်... သူ၏ လက်ဝါးချက်တွင် ပါဝင်သော စွမ်းအားများသည် ကြောက်မက်ဖွယ် အရှိန်အဟုန်ဖြင့် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး... မျက်စိတစ်မှိတ်အတွင်းမှာပင် လုံးဝ စုပ်ယူခံလိုက်ရသည်ကို သတိပြုလိုက်မိ၏။

ဤ ကြောက်မက်ဖွယ် စုပ်ယူခြင်း စွမ်းအားသည် အလွန်အမင်း လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်း ရှိလှသည်။ အနီးအနားမှ ထျန်းယွင်ဂိုဏ်း တပည့်များအားလုံးသည်... သူတို့၏ ကိုယ်ပိုင်စွမ်းအားများပင်လျှင် စုပ်ယူခံနေရသကဲ့သို့ ခံစားလိုက်ကြရလေသည်။

"ဒါ... ဒါ ဘယ်လို စွမ်းအားမျိုးကြီးလဲ..."

ကူအောက်ထျန်းသည် အကြီးအကျယ် သွေးပျက်သွားခဲ့သည်။ သူ၏ ရှေ့မှောက်ရှိ ကြောက်မက်ဖွယ် တွင်းနက်ကြီးကို စိုက်ကြည့်ရင်း... မျက်ဝန်းများထဲတွင် မျှော်လင့်ချက် ကင်းမဲ့သော အရိပ်အယောင်များ ထင်ဟပ်လာခဲ့၏။

ကူအောက်ထျန်းသည် ဖုန်းဝူချန်၏ ခုခံစွမ်းအားကိုပင် မချိုးဖျက်နိုင်ခဲ့...။ ယခု... ဤထက် ပို၍ ကြောက်မက်ဖွယ်ကောင်းပြီး လွှမ်းမိုးနိုင်စွမ်းရှိသော စုပ်ယူခြင်း စွမ်းအားနှင့် မည်သို့ ယှဉ်ပြိုင်နိုင်စွမ်း ရှိတော့မည်နည်း။

ရှေးဟောင်း ရွှေနဂါး တံဆိပ်တော်သည်ကား... ဖုန်းဝူချန်၏ သိုင်းဝိညာဉ် ဖြစ်ပေသည်။ ၎င်းသည် နဂါးမျိုးနွယ်၏ ရှေးဦးဘိုးဘေးများသာ ပိုင်ဆိုင်ခွင့်ရှိသော ကြောက်မက်ဖွယ် သိုင်းဝိညာဉ်တစ်မျိုးပင်တည်း။

ဖုန်းဝူချန် သိသည်မှာ... ရှေးဟောင်း ရွှေနဂါး တံဆိပ်တော်တွင် ကြောက်မက်ဖွယ် စုပ်ယူခြင်း စွမ်းအား ရှိသည်ဟူ၍သာ ဖြစ်၏။ ၎င်းတွင် အခြားသော ကြောက်မက်ဖွယ် စွမ်းရည်များ ရှိနေသေးသလား ဆိုသည်ကိုတော့ သူကိုယ်တိုင်ပင် မသိရှိသေးပေ။

ပထမဆုံးအကြိမ် ရှေးဟောင်း ရွှေနဂါး တံဆိပ်တော်ကို နှိုးလိုက်စဉ်က... ဖုန်းဝူချန်သည် သူကိုယ်တိုင်ပင် ပြန်လည် စုပ်ယူခံရမည့် အခြေအနေသို့ ဆိုက်ရောက်ခဲ့ရာ... သူ၏ အသက်တစ်ဝက်နီးပါး လွင့်ထွက်မတတ် ထိတ်လန့်ခဲ့ရဖူးလေသည်။

"ငါ့ရဲ့... ငါ့ရဲ့ ကောင်းကင်ဝံပုလွေ သားရဲ စွမ်းအားတွေ..."

ကူအောက်ထျန်းသည် မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် ကြောက်လန့်တကြား အော်ဟစ်လိုက်မိသည်။ အကြောင်းမူကား... သူ၏ ခန္ဓာကိုယ်အတွင်းမှ ကောင်းကင်ဝံပုလွေ သားရဲ၏ စွမ်းအားများသည် မျက်စိတစ်မှိတ်အတွင်း လုံးဝ စုပ်ယူခံလိုက်ရသည်ကို ခံစားလိုက်ရသောကြောင့် ဖြစ်၏။

"ထျန်းအာရဲ့ ကောင်းကင်ဝံပုလွေ သားရဲ စွမ်းအားတွေ... စုပ်ယူခံလိုက်ရပြီ... ဒါ... ဒါ မဖြစ်နိုင်ဘူး..."

ကူချင်းရွှမ်းသည် မှင်တက်သွားခဲ့ပြီး... သူ မြင်တွေ့နေရသည်များကို မယုံကြည်နိုင် ဖြစ်သွားတော့သည်။

ကောင်းကင်ဝံပုလွေ သားရဲ၏ စွမ်းအားသည် ကူအောက်ထျန်း၏ ခန္ဓာကိုယ်ထဲတွင် အမြစ်တွယ်ပြီး ရှင်သန်ခဲ့ကာ... သူကိုယ်တိုင် ယဉ်ပါးအောင် ထိန်းချုပ်ထားနိုင်ခဲ့ပြီး ဖြစ်သည်။

သို့သော်ငြားလည်း... ယခုအခါ... ထိုကြောက်မက်ဖွယ် စုပ်ယူခြင်း စွမ်းအား၏ လုံးဝ မျိုချခြင်းကို ခံလိုက်ရသည်မှာ... စိတ်ကူးထဲပင် ထည့်မတွေးဝံ့စရာ ဖြစ်လေသည်။

"ဒါ... လောကကြီးမှာ... ဘယ်လို သိုင်းဝိညာဉ်မျိုးကြီးလဲ...။ သူ့ရဲ့ စုပ်ယူနိုင်စွမ်းက... အရမ်း... အရမ်းကို လွှမ်းမိုးနိုင်လွန်းတယ်..."

သွမ့်ထျန်းဟွမ်သည် ပို၍ပင် ထိတ်လန့်သွားခဲ့ရသည်။ ထျန်းယွင်ဘုံ အဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်သည့်တိုင်... သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်တစ်ခုလုံး ကြောက်ရွံ့မှုကြောင့် တုန်ယင်လာသည်ကို မထိန်းချုပ်နိုင်တော့ပေ။

"အဆင့်မြင့် နက်နဲခြင်းအဆင့် သိုင်းပညာတစ်ခုရဲ့ စွမ်းအားက... မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတယ်..."

ယဲ့ချန်းချုံးက မှင်တက်စွာ ရေရွတ်လိုက်၏။

"ဒါ... ဒါ မယုံနိုင်စရာကြီး...။ ဒါ... ဒါ စုပ်ယူခြင်း သိုင်းဝိညာဉ်လား..."

လုရှင်းချန်သည် ကြောက်လန့်တကြား နောက်သို့ ဆုတ်ခွာလိုက်ပြီး တစ်ကိုယ်လုံး တုန်ယင်နေတော့သည်။

"ဒါ... ဒါ... ငါတို့ရဲ့ စစ်သူကြီးချုပ် ဟုတ်သေးရဲ့လား...။ အရမ်း... အရမ်း ကြောက်စရာကောင်းတာပဲ..."

ဟွမ်ယန်သည် ကြောက်လန့်မှုကြောင့် တံတွေးကို အကြိမ်ကြိမ် မျိုချလိုက်မိသည်။

လျိုချင်းယန်၏ မျက်နှာသည် ပြာနှမ်းနေခဲ့၏။ သူက တုန်ယင်နေသော အသံဖြင့် ဆိုသည်။

"အစ်ကိုဖုန်းက... ဒီလို ကြောက်စရာကောင်းတဲ့ စွမ်းအားမျိုးကို ဖုံးကွယ်ထားခဲ့တာကိုး...။ ဒီသိုင်းဝိညာဉ်က... အရမ်းကို ကြောက်စရာကောင်းလွန်းတယ်..."

ချီလင် ချပ်ဝတ်၏ ကြောက်မက်ဖွယ် ခုခံစွမ်းအား တစ်ခုတည်းကပင် လူတိုင်းကို ထိတ်လန့်စေရန် လုံလောက်နေခဲ့သည်။

ယခုအခါ... လွှမ်းမိုးနိုင်စွမ်းရှိသော စုပ်ယူခြင်း စွမ်းအားနှင့်တကွ ကြောက်မက်ဖွယ် သိုင်းဝိညာဉ်တစ်ခု ထပ်မံ ပေါ်ပေါက်လာခြင်းသည်... လူတိုင်း၏ ရင်ထဲတွင် မယုံကြည်နိုင်လောက်သော ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားစေတော့သည်။

ကူအောက်ထျန်း၏ ကောင်းကင်ဝံပုလွေ သားရဲ စွမ်းအားသည် လုံးဝ စုပ်ယူခံလိုက်ရပြီး... ထိုထူးဆန်းသော တွင်းနက်ကြီးသည်လည်း ၎င်းနှင့်အတူ ပျောက်ကွယ်သွားခဲ့လေပြီ။

"ကောင်းကင်ဝံပုလွေ သားရဲရဲ့ စွမ်းအားမရှိတော့ရင်... မင်းက... ငါ့အတွက် အမှိုက်တစ်စထက် မပိုတော့ဘူး..."

ဖုန်းဝူချန်က မျှော်လင့်ချက် ကင်းမဲ့ပြီး ကြောက်လန့်တကြား ဖြစ်နေသော ကူအောက်ထျန်းကို အေးစက်စွာ စူးစိုက်ကြည့်ရင်း ဆိုလိုက်သည်။

ကူအောက်ထျန်းသည် သူ၏ ဝိညာဉ် ကင်းလွတ်သွားသကဲ့သို့ တွေဝေသွားပြီး... နတ်ဆိုး တစ်ကောင်ကို ကြည့်နေရသည့်အလား... ဖုန်းဝူချန်ကို ကြည့်ရင်း ကြောက်လန့်တကြား နောက်သို့ တဆုတ်တည်း ဆုတ်ခွာနေမိတော့သည်။

ကောင်းကင်ဝံပုလွေ သားရဲ၏ စွမ်းအားမရှိဘဲ... ကူအောက်ထျန်း၏ တိုက်ခိုက်ရေး စွမ်းရည်သည် အကြီးအကျယ် ကျဆင်းသွားခဲ့ပြီ ဖြစ်၏။

ဖုန်းဝူချန်ကို အနိုင်ယူနိုင်ရန်မှာ... မည်သို့မျှ မဖြစ်နိုင်တော့ပေ။

တစ်ကယ်တမ်းတွင်... ကူအောက်ထျန်းထံ၌ ကောင်းကင်ဝံပုလွေ သားရဲ၏ စွမ်းအား ရှိနေဦးလျှင်ပင်... သူ ဖုန်းဝူချန်ကို အနိုင်ယူနိုင်မည် မဟုတ်တော့ချေ။

တစ်ပိုင်း-နတ်ဘုရားအဆင့် လက်နက် ဖြစ်သော ချီလင် ချပ်ဝတ်၏ ခုခံစွမ်းအားသည် မည်မျှ ကြောက်မက်ဖွယ် ကောင်းသည်ကို စိတ်ကူးဖြင့်သာ မှန်းဆနိုင်တော့သည်။

ထိုစဉ် ဖုန်းဝူချန်က ခြေတစ်လှမ်းချင်းစီ လျှောက်လှမ်းလာခဲ့သည်။

သူ၏ ခြေတစ်လှမ်းတိုင်းသည်... ကူအောက်ထျန်း၏ နှလုံးသားကို မျှော်လင့်ချက် ကင်းမဲ့ခြင်း၏ နက်ရှိုင်းသော ချောက်ကမ်းပါးထဲသို့ ပို၍ နစ်မြုပ်သွားစေခဲ့သည်။

ကူအောက်ထျန်းထံတွင် တိုက်ခိုက်ရန် အစွမ်းအစများ ကျန်ရှိနေသေး

သော်ငြားလည်း... သူ၏ တိုက်ခိုက်လိုစိတ်မှာမူ လုံးဝ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။

သူသည် လူမရှုံးသေးသော်ငြား... သူ့နှလုံးသားက ရှုံးနိမ့်သွားခဲ့ချေပြီ။

"ငါ... မင်းကို မြန်မြန်ဆန်ဆန်ပဲ သေခွင့်ပေးလိုက်မယ်..."

ဖုန်းဝူချန်က အေးစက်စွာ ဆိုလိုက်၏။

သူ၏ မျက်ဝန်းများသည် အေးစက် ရက်စက်သော သွေးဆာမှုတို့ဖြင့် ပြည့်နှက်နေခဲ့သည်။

"ရပ်လိုက်စမ်း..."

ကူချင်းရှန်းက ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး ရှေ့သို့ တိုးထွက်လာရန် ပြင်လိုက်သည်။ သို့သော်... သူ လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက်... မူထျန်းယွင်က သူ့ကို တားဆီးလိုက်လေသည်။

"ဖုန်းဝူချန်... မင်းရဲ့ မိသားစုဝင်တွေ... ငါတို့လက်ထဲမှာ ရှိနေသေးတာကို မမေ့နဲ့...။ မင်း... မင်း... သတ်ရဲရင် သတ်လိုက်စမ်း..."

အကြီးအကဲ လူရှင်းချန်က ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။

သူက ဖုန်းကျိန့်ရှုံးနှင့် အခြားသူများကို အသုံးချ၍ ဖုန်းဝူချန်အား ခြိမ်းခြောက်ရန် ကြိုးစားလိုက်ခြင်း ဖြစ်၏။

သို့သော်... လူရှင်းချန်၏ စကားမဆုံးမီမှာပင်... ဖုန်းဝူချန်က အေးစက်စွာ နှာမှုတ်သံတစ်ခု ပြုလိုက်ပြီး... သူ၏ အစွမ်းထက်လှသော ဝိညာဉ်စွမ်းအားများ

ဒေါသတကြီး တိုးထွက်သွားတော့သည်။

လူရှင်းချန်၏ မျက်နှာအမူအရာ ပြင်းထန်စွာ ပြောင်းလဲသွား၏။

သူ၏ ပြင်းထန်သော ဒဏ်ရာများဖြင့်... ဖုန်းဝူချန်၏ ဝိညာဉ်စွမ်းအား တိုက်ခိုက်မှုကို နောက်တစ်ကြိမ် တောင့်ခံနိုင်စွမ်း မရှိတော့ပေ။ ထိုစွမ်းအား ကျရောက်လာသည်နှင့်... လူရှင်းချန်သည် သွေးများ အန်ထုတ်လိုက်ရပြီး... မျက်လုံးအစုံ ပြူးကျယ်လျက် မြေပြင်ပေါ်သို့ ဗိုင်းခနဲ လဲကျသွားတော့သည်။

ဖုန်းဝူချန်၏ ဝိညာဉ်စွမ်းအားဖြင့် တစ်ဖန် ထပ်မံ တိုက်ခိုက်ခံလိုက်ရသောအခါ... အပြင်းအထန် ဒဏ်ရာရထားပြီး ဖြစ်သည့် လုရှင်းချန်၏ ဝိညာဉ်ခန္ဓာသည် ပေါက်ကွဲသွားပြီး... ထိုနေရာ၌ပင် ချက်ချင်း သေဆုံးသွားခဲ့လေ၏။

"မဟာ အကြီးအကဲကြီး..."

ကူချင်းရှန်း၊ ယိယွင်နှင့် အခြားသူများအားလုံး၏ မျက်နှာများ အကြီးအကျယ် ပြောင်းလဲသွားပြီး... တုန်လှုပ် ထိတ်လန့်စွာ အော်ဟစ်လိုက်ကြသည်။

"ဖုန်းဝူချန်... ငါ့ဂိုဏ်းက မင်းကို ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်ဘူး..."

ကူချင်းရွှမ်းသည် ဒေါသများ တဟုန်ထိုး ပေါက်ကွဲထွက်လာပြီး... သူ၏ မျက်နှာသည် သတ်ဖြတ်လိုစိတ်များကြောင့် ပြင်းထန်စွာ ရှုံ့တွသွားတော့သည်။

ကူအောက်ထျန်းကမူ လုရှင်းချန် လဲကျသွားသည်ကို ကြောက်မက်ဖွယ် မျက်လုံးများဖြင့် ငေးကြည့်နေမိပြီး... စကားတစ်ခွန်းမျှပင် မပြောနိုင်တော့လောက်အောင် ထိတ်လန့်နေခဲ့သည်။

"မဟာ အကြီးအကဲကြီး... အသတ်ခံလိုက်ရပြီ... မဟာအကြီးအကဲ အသတ်ခံလိုက်ရပြီ..."

ထျန်းယွင်ဂိုဏ်းမှ တပည့်များသည် ပို၍ပင် ထိတ်လန့်တကြား ဖြစ်ကုန်ကြသည်။

"မင်း... မင်း... သကောင့်သား... ငါ မင်းကို သတ်မယ်..."

ဒုတိယ အကြီးအကဲ... လိန်ရွှမ်းဖုန်းသည် ဒေါသများဖြင့် ရူးသွပ်သွားပြီး... ဟိန်းဟောက်ကာ ဖုန်းဝူချန်ထံသို့ ရူးသွပ်မတတ် ပြေးဝင်လာတော့သည်။

"မင်း... ကျော်သွားချင်ရင်... အရင်ဆုံး ငါ့ကို သတ်လိုက်..."

အရိပ်တစ်ခု လျှပ်တပြက် ပေါ်ထွက်လာပြီး လိန်ရွှမ်းဖုန်း၏ လမ်းကို ပိတ်ရပ်လိုက်၏။ ထိုသူမှာ... မူယွင်ရှန်းမှ လွဲ၍ အခြားမဟုတ်ပေ။

"မူယွင်ရှန်း... ငါ့လမ်းက ဖယ်စမ်း..."

လိန်ရွှမ်းဖုန်းက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

မူယွင်ရှန်းက အေးစက်စွာ ဆို၏။

"မင်း... ငါ့ကို မသတ်နိုင်ရင်... ငါက မင်းကို သတ်လိမ့်မယ်..."

လူရှင်းချန်သည်... ပဉ္စမအဆင့် ဆေးပညာရှင်တစ်ဦး၊ ယန်ဟော်အင်ပါယာတွင် ထင်ရှားကျော်ကြားသူတစ်ဦး ဖြစ်သော်ငြားလည်း... တိုက်ခိုက်ရန် အခွင့်အရေးပင် မရလိုက်ဘဲ... ဖုန်းဝူချန်၏ လက်ချက်ဖြင့် အသတ်ခံလိုက်ရလေပြီ။

ဤအဖြစ်အပျက်သည်... ဖုန်းဝူချန်က... ပဉ္စမအဆင့် ဆေးပညာရှင်ကို အဘယ်သို့ ဆိုဖွယ်ရာရှိ... ဆဌမအဆင့် ဆေးပညာရှင်ကိုပင် သူ အလေးမထားဟူ၍ ပြောခဲ့သော စကားများကို သက်သေထူလိုက်ခြင်းပင် ဖြစ်ချေသည်။

"ခင်ဗျား... ကျုပ်မိသားစုဝင်တွေကို သုံးပြီး...မခြိမ်းခြောက်ခဲ့သင့်ဘူး..."

ဖုန်းဝူချန်က အေးစက်စွာ ဆိုလိုက်၏။

ဖုန်းဝူချန်၏ ကြောက်မက်ဖွယ် ကောင်းလှသော အခြေအနေသည်... လူတိုင်း၏ နှလုံးသားများကို ကြောက်လန့်တကြား ခုန်ပေါက်စေပြီး... ထျန်းယွင်ဂိုဏ်းမှ တပည့်များသည် ထိတ်လန့်တကြား နောက်သို့ ဆုတ်ခွာသွားကြသည်။

ဖုန်းဝူချန်သည် ခြေတစ်လှမ်းချင်းစီ လျှောက်လှမ်းလာပြီး... ကူအောက်ထျန်း၏ ရှေ့မှောက်သို့ ရောက်ရှိလာသည်။ ထို့နောက်... သူ၏ မီးလျှံဓားကို ဖြည်းညင်းစွာ ဆန့်တန်းလိုက်၏။

"မင်း... မင်း ဘာလုပ်ချင်တာလဲ...။ ငါ့ကို သတ်ရဲရင်... မင်းရဲ့ မိသားစုဝင်တွေ အကုန်သေလိမ့်မယ်..."

ကူအောက်ထျန်းက မျှော်လင့်ချက်ကင်းမဲ့စွာ မေးလိုက်ပြီး... တစ်ကိုယ်လုံး တုန်ယင်နေခဲ့သည်။

"ဖုန်းဝူချန်... မင်း... ထျန်းအာကို သတ်ရဲသတ်ကြည့်...။ ငါ... မင်းရဲ့ မိသားစုကို... မြေမြှုပ်စရာ နေရာတောင် မရှိအောင် လုပ်ပစ်မယ်..."

ကောင်းကင်ယံအထက်မှ အေးစက်ပြီး ကြမ်းတမ်းသော ဟိန်းဟောက်သံကြီး ထွက်ပေါ်လာခဲ့သည်။ ထိုသူမှာ... သတ်ဖြတ်လိုစိတ်များဖြင့် ရူးသွပ်နေသော ကူချင်းရွှမ်းပင် ဖြစ်၏။

သူ၏ ဖိနှိပ်ချုပ်ချယ်သော အရှိန်အဝါသည် လူတိုင်းကို အသက်ရှူရ ကြပ်တည်းသွားစေသည်။

ထိုစကားကို ကြားသောအခါ... ဖုန်းဝူချန်၏ ဆန့်တန်းထားသော လက်သည် ခေတ္တမျှ ရပ်တန့်သွား၏။ သူ၏ အကြည့်များက ကောင်းကင်ယံသို့ လှမ်း၍ ကြည့်လိုက်ပြီး... အေးစက်စွာ လှောင်ရယ်လိုက်သည်။

"တကယ်... တကယ်ကို ရယ်စရာကောင်းတာပဲ...။ ထျန်းယွင်ဂိုဏ်းက... အင်ပါယာရဲ့ နံပါတ်တစ် ဂိုဏ်းကြီးဖြစ်ပြီး... ဂိုဏ်းချုပ်ကိုယ်တိုင်ကတောင်... ဖုန်းမိသားစုဝင်တွေရဲ့ အသက်နဲ့ ငါ့ကို ခြိမ်းခြောက်ရတယ်...။ ယန်ဟော်အင်ပါယာမှာ... ဒီလောက် ကြီးမားတဲ့ ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ထားတဲ့ လူတစ်ယောက်အတွက်... တကယ်ကို စိတ်ပျက်စရာကောင်းလှပါပေတယ်..."

"ဇွပ်..."

စကားသံ ဆုံးသည်နှင့် တစ်ပြိုင်နက်... ဖုန်းဝူချန်သည် တစ်စက္ကန့်မျှပင် ချီတုံချတုံ ဖြစ်မနေတော့ဘဲ... သူ၏ ဓားရှည်ကို ကူအောက်ထျန်း၏ နှလုံးသားထဲသို့ ထိုးစိုက်ချလိုက်တော့သည်။ ကူအောက်ထျန်း၏ မျက်လုံးများသည် သူ၏ မျက်လုံးအိမ်ထဲမှ လျှံထွက်မတတ် ပြူးကျယ်သွားခဲ့၏။

ကူအောက်ထျန်း.. အမှန်တကယ် မယုံကြည်နိုင်ခဲ့...။ ဖုန်းဝူချန်က... သူ၏ ကိုယ်ပိုင်မိသားစုဝင်များ၏ အသက်ကိုပင် ပမာမထားဘဲ... သူ့ကို... တုံ့ဆိုင်းခြင်း ကင်းမဲ့စွာ သတ်ပစ်လိမ့်မည်ဟု... သူ အမှန်တကယ် မယုံကြည်နိုင်ခဲ့ပေ။

"မင်း... မင်း... ငါ့ကို... သတ်ရဲတယ်..."

ကူအောက်ထျန်းက ဖုန်းဝူချန်ကို တုန်ယင်စွာဖြင့် လက်ညှိုးထိုးရင်း ဆိုလိုက်သည်။ သူ၏ မျက်ဝန်းများတွင် မျှော်လင့်ချက်ကင်းမဲ့ခြင်း၊ ကြောက်ရွံ့ခြင်းနှင့်... မကျေနပ်ခြင်းတို့ဖြင့် ပြည့်နှက်နေခဲ့သည်။

ဖုန်းဝူချန်က မီးလျှံဓားကို ဖြည်းညင်းစွာ ဆွဲထုတ်လိုက်ပြီး... သူ၏ အသံသည် ရေခဲတမျှ အေးစက်နေခဲ့သည်။

"ငါက... ထျန်းယွင်ဂိုဏ်းကို အမြစ်ပြတ် သုတ်သင်ဖို့ ဆုံးဖြတ်ထားပြီးမှတော့... မင်းကို သတ်ဖို့... ဘာလို့ မသတ်ရဲရမှာလဲ..."

ကူအောက်ထျန်း၏ နှလုံးသားသည် ထိုးဖောက်ခံလိုက်ရပြီး... သွေးများ ရူးသွပ်မတတ် ပန်းထွက်လာကာ... မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

ဤသည်ကား... ဖုန်းဝူချန်ပင် ဖြစ်သည်။ သွေးအေးသည်။ သနားညှာတာမှု ကင်းမဲ့သည်။ သူ၏ လုပ်ဆောင်ပုံများမှာ ရက်စက်ပြတ်သားလှ၏။

သူသည် သူ၏ ရန်သူများကို ဘယ်သောအခါမှ ကြင်နာသနားခြင်း မရှိခဲ့...။.. ခြိမ်းခြောက်မှုများကို ဘယ်သောအခါမှ လက်မခံခဲ့ပေ။

"ထျန်းအာ..."

ကူချင်းရွှမ်းက ကြေကွဲစွာ အော်ဟစ်လိုက်၏။ သူသည်လည်း... ဖုန်းဝူချန်က... သတ်ဖြတ်ရန် အမှန်တကယ် လက်စွမ်းပြလိမ့်မည်ဟု... မယုံကြည်နိုင်ခဲ့ပေ။

"အော့ထျန်း..."

ကူချင်းရှန်းသည်လည်း ထိုနည်းတူ မှင်တက်သွားခဲ့သည်။

"ဖုန်းဝူချန်က... အော့ထျန်းကို... တကယ် သတ်လိုက်ပြီ..."

အကြီးအကဲ ယီယွင်က မယုံကြည်နိုင်စွာ ရေရွတ်လိုက်၏။

"ဂိုဏ်း... ဂိုဏ်းချုပ်လေး... အသတ်ခံလိုက်ရပြီ..."

ထျန်းယွင်ဂိုဏ်းမှ တပည့်များသည် ကူအောက်ထျန်းကို ကြောက်လန့်တကြား ကြည့်နေကြသည်။

တုန်လှုပ်ခြောက်ခြားသွားသော ကူချင်းရွှမ်းသည်... ဝမ်းနည်းပူဆွေးမှုများဖြင့်... အောက်သို့ ရူးသွပ်မတတ် ထိုးစိုက် ဆင်းသက်လာခဲ့သည်။

"မကောင်းတော့ဘူး...။ သူ့ကို... သူ့ကို... အခင်းအကျင်းထဲ ဝင်ခွင့်ပေးလို့ မဖြစ်ဘူး..."

သွမ့်ထျန်းဟွမ်သည် ထိတ်လန့်တကြား ဖြစ်သွားပြီး... ရုတ်တရက် သတိဝင်လာကာ... ဖုန်းဝူချန်ကို ချက်ချင်း တားဆီးရန် ကြိုးစားလိုက်တော့သည်။

ချင်းယွင် သတ်ဖြတ်ခြင်း အခင်းအကျင်းကို ကူချင်းရွှမ်းက နှိုးထားခဲ့ခြင်း ဖြစ်ရာ... သူသည် အတားအဆီး ကင်းမဲ့စွာ... အဝင်အထွက် ကြိုက်သလို ပြုလုပ်နိုင်လေသည်။

သို့သော်... သွမ့်ထျန်းဟွမ်အတွက်မူ ထိုသို့ မဟုတ်ပေ။ အကယ်၍ သူ ဝင်လိုပါက... ဤအခင်းအကျင်းကို ချိုးဖျက်နိုင်မှသာ ဖြစ်မည်။

ထို့ကြောင့်... သွမ့်ထျန်းဟွမ်သည် ကူချင်းရွှမ်းကို မဖြစ်မနေ တားဆီးရပေမည်။ သို့မဟုတ်ပါက... ကူချင်းရွှမ်းသာ အခင်းအကျင်းထဲသို့ ဝင်ရောက်သွားသည်နှင့်... သွမ့်ထျန်းဟွမ်သည် အားဖြည့်ကူညီနိုင်တော့မည် မဟုတ်ဘဲ... ဖုန်းဝူချန်နှင့် သူ၏ လူများအားလုံး... မုချ သေဆုံးကြရပေလိမ့်မည်။

ဖုန်းဝူချန်၏ ချီလင် ချပ်ဝတ်က မည်မျှပင် သန်မာနေပါစေ... သူ၏ စုပ်ယူခြင်း စွမ်းအားက မည်မျှပင် ကြောက်မက်ဖွယ် ကောင်းနေပါစေ... ထျန်းယွင်ဘုံ အဆင့် ကျွမ်းကျင်သူတစ်ဦးကိုမူ... မည်သို့မျှ ယှဉ်ပြိုင်နိုင်စွမ်း ရှိမည် မဟုတ်ပေ။

"အားလုံး... သတိထားကြ..."

ကူချင်းရွှမ်း ရူးသွပ်မတတ် ထိုး ဆင်းလာသည်ကို မြင်သောအခါ... မူထျန်းယွင်နှင့် မူယွင်ရှန်းတို့၏ မျက်နှာများ ဖြူဖျော့သွားကြသည်။

ကူချင်းရွှမ်း၏ အမြန်နှုန်းသည် ကြောက်မက်ဖွယ် ကောင်းလှ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင်... သူသည် အခင်းအကျင်း၏ အနီးသို့ ရောက်ရှိလာခဲ့လေပြီ။

"တောက်... လက်မခံနိုင်စရာ ကောင်းလိုက်တာ..."

သွမ့်ထျန်းဟွမ်က ဒေါသတကြီး အံကို ကြိတ်လိုက်သည်။ သူ၏ အမြန်နှုန်းက အနည်းငယ် နှေးကွေးနေပြီး... ကူချင်းရွှမ်းကို လိုက်မီနိုင်စွမ်း မရှိတော့ပေ။

"ကူချင်းရွှမ်း..."

သွမ့်ထျန်းဟွမ်က ဟိန်းဟောက်လိုက်ပြီး... ချက်ချင်း တိုက်ခိုက်မှုတစ်ခုကို လွှတ်ထုတ်လိုက်သည်။

"ဝှစ်.. ဝှစ်.. ဝှစ်.."

"ဗြောင်း.. ဗြောင်း.. ဗြောင်း..”

ကြောက်မက်ဖွယ် စွမ်းအင် ပေါက်ကွဲမှုများသည် အောက်သို့ တိုးဝင်သွားပြီး... နားထဲတွင် စူးရှသော အသံလှိုင်းများ ထွက်ပေါ်လာခဲ့သည်။ သို့သော်... ခြေတစ်လှမ်း နောက်ကျသွားခဲ့လေပြီ။

တိုက်ခိုက်မှုများအားလုံးသည် အခင်းအကျင်းကို ထိမှန်ပြီး... ပြင်းထန်သော ပေါက်ကွဲမှုများ ဖြစ်ပေါ်စေခဲ့သော်လည်း... ထိုအခင်းအကျင်းကို အနည်းငယ်မျှပင် တုန်ခါသွားစေခြင်း မရှိခဲ့ပေ။

"နောက်ကျ... နောက်ကျသွားပြီ..."

စစ်ထူကျန့်ထျန်းနှင့် သူ၏ အပေါင်းအပါများက အော်ဟစ်လိုက်ကြပြီး... သူတို့၏ မျက်နှာများတွင် စိုးရိမ်ပူပန်မှုများ ထင်ဟပ်လာတော့သည်။

ကူချင်းရွှမ်း အခင်းအကျင်းထဲသို့ ဝင်ရောက်သွားသည်နှင့်... သူတို့သည်... မည်သို့မျှ အနိုင်ယူနိုင်စွမ်း မရှိသော ကြောက်မက်ဖွယ် ရန်သူတစ်ဦးနှင့် ရင်ဆိုင်ကြရတော့မည် ဖြစ်သည်။

"ဗြောင်း.. ဗြောင်း.. ဗြောင်း.."

မျှော်လင့်ချက်ကင်းမဲ့ပြီး စိုးရိမ်ပူပန်နေသော သွမ့်ထျန်းဟွမ်သည်... သူ၏ အစွမ်းအကုန်ကို သုံး၍ အခင်းအကျင်းကို တိုက်ခိုက်နေခဲ့သည်။ အဆက်မပြတ် ပေါက်ကွဲမှုများ ဖြစ်ပေါ်နေသော်လည်း... အခင်းအကျင်းကိုမူ တုန်လှုပ်စေရန် မစွမ်းနိုင်ခဲ့ပေ။

"ထျန်းအာ..."

ကူချင်းရွှမ်းသည် လျှပ်တပြက် ပေါ်ထွက်လာပြီး... အသက်မရှိတော့သော ကူအောက်ထျန်း၏ ခန္ဓာကိုယ်ကို ရူးသွပ်မတတ် ဝမ်းနည်းပူဆွေးစွာ ပွေ့ဖက်လိုက်သည်။

သူ၏ ခေါ်သံများက မရပ်မနား ထွက်ပေါ်နေသော်လည်း... ကူအောက်ထျန်းသည် ဘယ်သောအခါမှ... ဘယ်သောအခါမှ... ပြန်လည် နိုးထလာနိုင်တော့မည် မဟုတ်ပေ။

"အား..."

အလွန်အမင်း ပြင်းထန်သော ဝမ်းနည်းပူဆွေးမှုများဖြင့် လွှမ်းခြုံသွားသော ကူချင်းရွှမ်းသည်... ဒေါသတကြီး ဟိန်းဟောက်သံကြီးကို ပြုလိုက်၏။ သူ၏ မျက်လုံးများသည် ချက်ချင်းပင် သွေးကြောများဖြင့် နီရဲလာပြီး... ကြောက်မက်ဖွယ် သတ်ဖြတ်ခြင်း အရှိန်အဝါနှင့် စွမ်းအားလှိုင်းလုံးများ ပေါက်ကွဲထွက်ပေါ်လာသည်။ ထျန်းယွင်ဂိုဏ်း၏ နန်းတော်များသည် ပြင်းထန်စွာ တုန်ခါသွားပြီး... အဆောက်အအုံများတွင် အက်ကွဲကြောင်းများ ပေါက်ကွဲထွက်လာကာ... ပြိုကျတော့မည့်အလား ထင်မှတ်ရ၏။

ထို ကြောက်မက်ဖွယ် ချီစွမ်းအင် အရှိန်အဝါသည်... ဖုန်းဝူချန်ကို တိုက်ရိုက် လွင့်စဉ်သွားစေခဲ့သည်။

ဤသည်ကား... ထျန်းယွင်ဘုံ အဆင့် ကျွမ်းကျင်သူတစ်ဦး၏ ကြောက်မက်ဖွယ် ကောင်းလှသော သဘာဝပင်တည်း။

"ဖုန်းမိသားစုဝင် အားလုံးကို... သတ်ပစ်ဖို့... ငါ အမိန့်ပေးတယ်..."

ဒေါသတကြီး ဖြစ်နေသော ကူချင်းရှန်းက ဟိန်းဟောက်လိုက်သည်။

"ခင်ဗျားရဲ့ အမိန့်က... နောက်ကျသွားပြီ..."

ဖုန်းဝူချန်က တုံ့ပြန်လိုက်၏။ သူ၏ လေသံသည် ရေခဲတမျှ အေးစက်နေခဲ့သည်။

လင်ရှောင်ရှောင်က... သူမထံတွင် ဖုန်းမိသားစုကို ကယ်တင်ရန် နည်းလမ်းရှိသည်ဟု ပြောဆိုခဲ့ကတည်းက... ဖုန်းဝူချန်သည်... လင်ရှောင်ရှောင် ဤအရာကို အောင်မြင်အောင် စွမ်းဆောင်နိုင်လိမ့်မည်ဟု... အကြွင်းမဲ့ ယုံကြည်ခဲ့ပြီး ဖြစ်သည်။ ဤသည်ကား... ယုံကြည်မှုတစ်မျိုး... အခြေအနေမရှိသော ယုံကြည်မှုပင် ဖြစ်လေသည်။

" ဟေး..ဖုန်းဝူချန်... မင်း... ငါ့အပေါ် အကြွေးထပ်တင်သွားပြန်ပြီ နော်.."

ကျယ်ပြောလှသော အခင်းအကျင်း၏ အပြင်ဘက်မှ... ကျန်းကျွင့်လန်၏ အသံ ထွက်ပေါ်လာခဲ့ခြင်းပါ။

"ခစ်ခစ်..အစ်ကိုကြီးဖုန်း..."

လင်ရှောင်ရှောင်၏ ရယ်သံသည်လည်း တစ်ဆက်တည်း ထွက်ပေါ်လာ၏။

"ချန်အာ..."

ဖုန်းကျိန့်ရှုံးနှင့် ရှောင်ချင်းချင်းတို့၏ စိုးရိမ်ပူပန်နေသော အသံများသည်လည်း ထွက်ပေါ်လာခဲ့သည်။

လင်ရှောင်ရှောင်နှင့် ဖုန်းမိသားစုဝင်များသည်... ထျန်းယွင်ဂိုဏ်း၏ အခင်းအကျင်း အပြင်ဘက်သို့... အားလုံး ရောက်ရှိလာခဲ့ကြလေပြီ။

လင်ရှောင်ရှောင်သည်... မည်သို့သော နတ်ဘုရားတမျှ စွမ်းသော စွမ်းရည်ကို အသုံးပြု၍... ဖုန်းမိသားစုကို ထျန်းယွင်ဂိုဏ်း၏ ထောင်ထဲမှ ကယ်တင်ခဲ့ပြီး... အခင်းအကျင်း၏ အပြင်ဘက်သို့ ခေါ်ဆောင်သွားခဲ့ပါသနည်း။

ကူချင်းရှန်းနှင့် အခြားသူများသည် ဖုန်းမိသားစုဝင်များကို မယုံကြည်နိုင်သော မျက်လုံးများဖြင့် စိုက်ကြည့်နေမိကြသည်။

ဖုန်းကျိန့်ရှုံးနှင့် အခြားသူများအားလုံး ဘေးကင်းလုံခြုံနေသည်ကို မြင်တွေ့လိုက်ရသောအခါ... ဖုန်းဝူချန်သည် နောက်ဆုံးတွင် စိတ်သက်သာရာ ရသွားတော့သည်။

"မင်းတို့... မင်းတို့အားလုံး... သေရမယ်...။ ဘယ်သူမှ... ဒီအခင်းအကျင်းထဲကနေ... အရှင်ထွက်မသွားနိုင်ဘူး..."

ကူချင်းရွှမ်းက အသံနက်ကြီးဖြင့် ဟိန်းဟောက်လိုက်သည်။

သူသည်... လုံးဝ... ရူးသွပ်သွားခဲ့လေပြီ။

ဒေါသများဖြင့် ရူးသွပ်နေသော ကူချင်းရွှမ်းသည်... ဒေါသ၏ တွန်းအားကြောင့်... သူ၏ စွမ်းအားများမှာ ပို၍ပင် ကြောက်မက်ဖွယ် ကောင်းလာခဲ့သည်။

သို့သော်ငြားလည်း... ဖုန်းဝူချန်ကမူ... တုန်လှုပ်ခြင်းမရှိပေ..။

သူ၏ တောင်ပံများကို ဖြန့်ကျက်လိုက်ပြီး လေထဲသို့ ပျံတက်လိုက်ကာ... သူ၏ လေသံသည် အေးစက်နေခဲ့သည်။

"ခင်ဗျားက... ဒီ သတ်ဖြတ်ခြင်း အခင်းအကျင်းလေး တစ်ခုတည်းနဲ့... ကျုပ်ကို ထောင်ချောက်ဆင်နိုင်မယ်လို့ ထင်နေတာလား...။ ခင်ဗျားရဲ့... ချင်းယွင် သတ်ဖြတ်ခြင်း အခင်းအကျင်းကို ချိုးဖျက်ရတာ... ကျုပ်အတွက်... လက်ဖဝါး တစ်ချက် လှန်လိုက်သလောက်တောင် လွယ်သေးတယ်…”

All Chapters