← Chapters

သေသည်အထိတိုက်ခိုက်ခြင်း 

Vol. 171 Ch. 2443

သေသည်အထိတိုက်ခိုက်ခြင်း 

Vol. 171 Ch. 2443

အရှင်ချူးချန်က လက်အုပ်ချီသည့် သဏ္ဌာန်ပြုလုပ်လိုက်ပြီး ဗုဒ္ဓဓမ္မအား ရေရွတ်လိုက်သည်။ ဗုဒ္ဓဓမ္မအသံက ပဲ့တင်ထပ်လာကာ ဗုဒ္ဓရွှေရောင်အလင်းတို့က အနန္တလေဟာနယ်ကို လွှမ်းခြုံသွားပြီး လေဟာနယ်အား ဖြတ်သန်းသွားသည်။

ချက်ချင်းပင် ဗုဒ္ဓ၏အလင်းက ဤကမ္ဘာတစ်ခွင်ကို လင်းလက်လာစေသည်။ နယ်မြေတစ်ခုလုံးက မိုင်ပေါင်းထောင်ချီသည့် အလင်းတို့၏ အောက်တွင် ကျရောက်နေခဲ့သည်။ ရွှေရောင်အလင်းလွှာတစ်ခုက ကောင်းကင်နှင့် မြေကြီးကြား ပေါ်ပေါက်လာကာ ကိုယ်ပိုင်နယ်မြေတစ်ခု ဖြစ်တည်လာပေသည်။

ယခုထိတိုင် မလှုပ်ရှားခဲ့သေးသည့် အရှင်ချူးချန်က နောက်ဆုံး၌ လှုပ်ရှားမှုပြုလုပ်လာပြီ ဖြစ်သည်။

ထိုအချိန်တွင် အခြားသုံးယောက်က သူတို့၏ စိတ်ထဲမှ ကြီးထွားလာသည့် အေးစက်မှုများကို ခံစားမိလိုက်ပေသည်။

အရှင်ယဲ့သည် ယဲ့မော်ကောင်းကင်မှ အစွမ်းထက်ဆုံး ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး လွတ်လပ်မှုအရှင်သခင်သည်လည်း လွတ်လပ်မှုကောင်းကင်၌ အစွမ်းထက်ဆုံး ကျင့်ကြံသူတစ်ယောက် ဖြစ်ပေသည်။ သူတို့နှစ်ယောက်လုံးက သက်ရှိများအားလုံးအထက်တွင် ရပ်တည်နိုင်သည့် အစွမ်းထက် တည်ရှိမှုများ ဖြစ်ကြသည်။ သို့သော် ထိုအချိန်တွင် သူတို့က နောင်တတရားကိုသာ ခံစားခဲ့ကြရပေသည်။

သူတို့က ပို၍ သတိထားခဲ့ပါက ဤအရာအားလုံးကို ရှောင်ရှားနိုင်ခဲ့သည်။ သူတို့လုပ်ခဲ့သမျှ အရာအားလုံးက အခြားတစ်ယောက်အတွက် လမ်းဖောက်ပေးခဲ့ခြင်း ဖြစ်သွားခဲ့သည်။ ယခု အရှင်ချူးချန်သည် သူ လုပ်ချင်သမျှ လုပ်နိုင်သည့် အနေအထား၌ ရှိနေပေသည်။ သူ့ကို မည်သူက ရပ်တန့်နိုင်ပါမည်နည်း။

ဆန္ဒခြောက်ပါးအရှင်သခင်သည် အမုန်းတရားများနှင့် ပြည့်နှက်နေသော်လည်း စိတ်ကျေနပ်စရာအချို့ ရှိနေခဲ့သည်။ သူက အရှင်ယဲ့နှင့် လွတ်လပ်မှုအရှင်သခင်အား ဆန့်ကျင်၍ လက်တုန့်ပြန်နိုင်သကဲ့သို့ ကျေနပ်ခြင်းကို ခံစားခဲ့ရပေသည်။ သူတို့နှစ်ယောက်လုံးက သူနှင့် တူညီသော အခြေအနေတွင် ရှိနေခဲ့ကြသည်။

“အရှင်ချူးချန် ခင်ဗျားနဲ့ ကျုပ်က ဘာရန်ငြိုးမှ မရှိခဲ့ဖူးဘူး။ ဒီနေ့ ဖြစ်ပျက်ခဲ့သမျှအားလုံးကို ကျုပ် လွှတ်ပေးနိုင်ပြီး ရီဖူရှင်းနဲ့ နတ်ဘုရားရုပ်ကြွင်းကို ခင်ဗျား ယူလိုက်လို့ရတယ်။ ကျုပ် ဒီနေရာကနေ ထွက်သွားပြီး ဖြစ်ခဲ့သမျှ အရာအားလုံးကို မေ့ပစ်ပေးမယ်။ အနာဂတ်မှာလည်း ကျုပ် ဘာမှလုပ်မှာ မဟုတ်ဘူး။ ခင်ဗျားရဲ့ ခွန်အားနဲ့ အဆက်အသွယ်တွေနဲ့ဆို ကျုပ်လို လူမျိုးအကြောင်းကို ဂရုစိုက်​နေစရာ မလိုပါဘူး။” ဆန္ဒခြောက်ပါးအရှင်သခင်သည် ယခင်က စိတ်လိုက်မာန်ပါ ပြုလုပ်ခဲ့ဖူးပေသည်။ သို့သော် ယခုတွင် သူက ပြင်းထန်စွာ ဒဏ်ရာရရှိထားပြီး တည်ငြိမ်သွားကာ သူ၏ အသက်ရှင်လိုစိတ်က ပြန်လည် နိုးကြားလာသည်။

သူ၏ မျှော်လင့်ချက်က ဤနေရာမှ အသက်ရှင်လျက် ထွက်သွားရန် ဖြစ်သည်။ သူက ဤနေရာမှ ထွက်သွားနိုင်သရွေ့ အရာအားလုံးအတွက် မျှော်လင့်ချက် ရှိနေဆဲ ဖြစ်သည်။

အရှင်ချူးချန်က သူ့ကို ကြည့်လိုက်ပြီး ဗုဒ္ဓအလင်းများက သူ့အား ဝန်းရံထားဆဲ ဖြစ်လေသည်။ သူက ရှေ့သို့ ရွေ့လျားသွားပြီး သူ့နှုတ်ခမ်းထောင့်၌ ငြိမ်းချမ်းသော အပြုံးတစ်ခု ပေါ်ပေါက်လာသည်။ “ခင်ဗျားနဲ့ ကျုပ်ကြားမှာ တကယ့်ကို ဘာရန်ငြိုးမှ မရှိဘူး။” သူက ပြောလိုက်သည်။ “ဒါပေမယ့် ကိစ္စတွေက ဒီအခြေအနေထိ ရောက်လာပြီဆိုမှတော့ ဘာလို့ လွှတ်ပေးလိုက်ရမှာလဲ။”

ထိုသို့သော သဘောကောင်းကြင်နာသည့် အသံက ဆန္ဒခြောက်ပါးအရှင်သခင်ကို ကျောရိုးထဲမှ စိမ့်တက်သွားစေခဲ့သည်။ သူက အရှင်ချူးချန်ကို ကြည့်လိုက်ပြီး သူ၏ နှလုံးသားထဲ၌ ထိတ်လန့်တုန်လှုပ်ဖွယ် ခံစားချက်တို့ ပြည့်လာခဲ့သည်။

အရှင်ချူးချန်က အလွန် ရက်စက်ကာ ယနေ့ သူ့ကို အမှန်တကယ် အဆုံးသတ်ချင်နေသည်လား။

အရှင်ချူးချန်က လွတ်လပ်မှုအရှင်သခင်၊ အရှင်ယဲ့တို့နှင့် ကွာခြားပေသည်။ သူက ကြီးမားသော နောက်ခံရှိပြီး လက်တုန့်ပြန်လာမည်ကို ကြောက်ရွံ့ခြင်းမရှိပေ။ သူတော်စင်ကျန်းချန်ကလည်း သူ၏ စီနီယာအစ်ကိုဖြစ်သောကြောင့် ဤအဖြစ်အပျက်အတွက် သူ့အား လွှတ်ပေးလိမ့်မည် ဖြစ်သည်။

“ဆန္ဒခြောက်ပါး မင်းက မင်းရဲ့ လိမ္မာပါးနပ်မှုကို အမြဲ ဂုဏ်ယူခဲ့ပေမယ့် အခုတစ်ခေါက်မှာ မှားယွင်းတဲ့ ဆုံးဖြတ်ချက် လုပ်ခဲ့တယ်။ ဒီနေ့ မင်း လုပ်ခဲ့တဲ့ အကြီးဆုံးအမှားက ဘာလဲ သိလား။” အရှင်ချူးချန်က မေးလိုက်သည်။

ဆန္ဒခြောက်ပါးအရှင်သခင်က သူ့ကို ကြည့်လိုက်ကာ အံ့အားသင့်သွားခဲ့သည်။ ဤကဲ့သို့သော အချိန်မျိုးတွင် အရှင်ချူးချန်က သူနှင့် အေးအေးဆေးဆေး စကားပြောချင်စိတ် ရှိနေသေးသည်လား။

သူက ယနေ့ မည်သို့သော အမှားမျိုး ပြုလုပ်ခဲ့ပါသနည်း။

မဟာအကြီးအကဲ မော့ထျန်း ဘယ်လိုသေသွားခဲ့လဲ။” အရှင်ချူးချန်က သူ့ကို ကြည့်ကာ မေးလိုက်သည်။ “သူ ရီဖူရှင်းနဲ့ ဘယ်တုန်းကမှ မတိုက်ခိုက်ခဲ့ဖူးဘူး။ မင်း ဘာလို့ ဒီလောက် သတိလက်လွတ် ဖြစ်ရတာလဲ။ ကျုပ်တို့ လေးယောက်လုံး ဒီနေရာမှာ ရှိနေတာကို မင်း ဘယ်လိုလုပ် နတ်ဘုရားရုပ်ကြွင်းရဲ့ လျှို့ဝှက်ဆန်းကြယ်မှုကို နားလည်သဘောပေါက်အောင် လုပ်ရဲရတာလဲ။”

“ကျုပ် နတ်ဘုရားရုပ်ကြွင်းကို လုံးဝကြီး နားလည်သဘောပေါက်ခဲ့တာ မဟုတ်ဘူး။ နည်းနည်းလေးပဲ သဘောပေါက်ခဲ့တာ။ ကျုပ်သာ တကယ် အရာအားလုံးကို နားလည်သဘောပေါက်နိုင်ရင် ကျုပ် ဒါကို ဘယ်လိုပြသလိမ့်မှာလဲ။”  ဆန္ဒခြောက်ပါးအရှင်သခင်က ပြန်ပြောလိုက်သည်။ သူသည် ယခင်ကတည်းက တစ်ခုခု လွဲချော်နေသည်ကို သတိပြုမိခဲ့သော်လည်း ယခု အရှင်ချူးချန်၏ စကားလုံးများက သူ့အား နောက်ထပ် ဖြစ်နိုင်ချေကို သတိပေးနေခဲ့သည်။ သူ့မျက်နှာထက်မှ အကြည့်များက ပို၍ အရုပ်ဆိုးလာခဲ့ပေသည်။

“အဲဒါက ကျုပ် မင်းကို ဘာလို့ တုံးအတယ်လို့ ပြောရသလဲဆိုတာပဲ။ မင်းက နတ်ဘုရားရုပ်ကြွင်းကို တကယ်ပဲ နားလည်သဘောပေါက်ခဲ့တာ မဟုတ်ပေမယ့် မင်းက နည်းနည်းလေး နားလည်သဘောပေါက်လာတယ်လို့ တွေးထင်မိစေတယ်။ တစ်စုံတစ်ယောက်က မင်းကို သေလမ်းဆီ တမင်သက်သက် လမ်းညွှန်ပေးလိုက်တာကို မင်းကိုယ်တိုင် မသိလိုက်တာပဲ။ ဒါပေမယ့် မင်းက ဒါကို သတိမပြုမိရုံမကဘဲ လောဘတောင် ကြီးလာစေသေးတယ်။” အရှင်ချူးချန်က ဆက်ပြောလိုက်သည်။

ဆန္ဒခြောက်ပါးအရှင်သခင်က နှလုံးသားထဲမှ အေးစိမ့်မှုကို ခံစားလိုက်ရပေသည်။ သူက အကြည့်များကို ရီဖူရှင်း ရှိသည့် နေရာသို့ ပို့လိုက်သည်။

သူက အဖြေကို ခန့်မှန်းမိခဲ့ပြီး ဖြစ်သည်။ သူသည် ယခင်က တိုက်ခိုက်ခဲ့ပြီး စဥ်းစားရန် အချိန်မရှိခဲ့သော်လည်း အရှင်ချူးချန် ပြောလိုက်သည်နှင့် အရာအားလုံးက ရှင်းလင်းလာပေသည်။

အရှင်ယဲ့နှင့် လွတ်လပ်မှုအရှင်သခင်တို့ နှစ်ယောက်လုံးကလည်း အဝေးတွင် ရှိနေသည့် ရီဖူရှင်းကို လှမ်းကြည့်လိုက်ကာ မည်သည်တို့ ဖြစ်ပျက်သွားသည်ကို သိချင်နေခဲ့သည်။

ရီဖူရှင်းက အရှင်ချူးချန်၏ စကားများကို ကြားသောအခါ အနည်းငယ် အံအားသင့်သွားခဲ့သည်။ သူသည် ထိုပရိယာယ်ကို ပထမဆုံး မြင်နိုင်သူက အရှင်ချူးချန်ဖြစ်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ ရီဖူရှင်းသည် အရှင်ချူးချန်က အန္တရာယ်အများဆုံး ဖြစ်သည်ဟု တွေးထင်ထားခဲ့သည်။ ယခု ကြည့်ရသည်မှာ ၎င်းက မှန်ကန်ပုံရလေသည်။

အရှင်ချူးချန်က နတ်အလင်းတို့ လင်းလက်နေဆဲဖြစ်သည့် ဆန္ဒခြောက်ပါးအရှင်သခင်ကို ကြည့်လိုက်သည်။ သူက ဆက်ပြောလိုက်၏။ “ဆန္ဒခြောက်ပါး.. ဒီအရာတွေ အကုန်လုံးက မင်းသာ မရှိရင် ဖြစ်နိုင်ခဲ့မှာ မဟုတ်ဘူး။ မင်း သေပြီးတဲ့နောက် ဒီမိတ်ဆွေလေးကို မင်းကိုယ်စား ဂရုစိုက်ပေးလိုက်ပါ့မယ်။”

“အရှင်ချူးချန် ကျုပ်တို့က အနောက်ဘက်လောကရဲ့ ကျင့်ကြံသူတွေပဲ။ ကျုပ်တို့အတွက် ဒီအခြေအနေထိ ရောက်လာအောင် ကျင့်ကြံဖို့ဆိုတာ လွယ်တာ မဟုတ်ဘူး။ ဘာလို့ ကျုပ်ကို မလွှတ်ပေးနိုင်ရတာလဲ။” ဆန္ဒခြောက်ပါးအရှင်သခင်က အရှင်ချူးချန်ကို ကြည့်ကာ အသက်ဆက်ရှင်ရန် နည်းလမ်းရှာနေခဲ့သည်။

“ကျုပ် လက်ထဲမှာ မင်းကို သတ်ပစ်ခွင့်ရှိသလို လွှတ်ပေးခွင့်လည်း ရှိတယ်ဆိုမှတော့ ဘာလို့ ကျုပ်က လွှတ်ပေးရမှာလဲ။ မင်းက ဒီအခြေအနေထိ ကျင့်ကြံနိုင်ခဲ့ပြီးတော့ ဒါလေးတောင် နားမလည်ဘူးလား။” အရှင်ချူးချန်က ရိုးရှင်းစွာ တုန့်ပြန်လိုက်သည်။ သူတို့က ရန်သူများဖြစ်လာခဲ့ပြီးပြီဖြစ်ရာ ဆန္ဒခြောက်ပါးအရှင်သခင်က ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာပေလိမ့်မည်။ အရှင်ချူးချန် သူ့ကို လွှတ်ပေးလိုက်ပါက ဆန္ဒခြောက်ပါးအရှင်သခင်က သူ့အား သတ်ဖြတ်ရန် အခွင့်အရေး ရလာပါလျှင် သေချာပေါက် ကျော်သွားပေးလိမ့်မည် မဟုတ်ပေ။

ထိုစကားများ ထွက်ပေါ်လာပြီးသည်နှင့် သူ့မျက်လုံးများမှ အားကောင်းသည့် သတ်ဖြတ်လိုစိတ်များနှင့် သူ့ထံမှ ကြောက်မက်ဖွယ် အရှိန်အဝါတို့ ပေါက်ကွဲထွက်လာပေသည်။ ကြီးမားသည့် ဗုဒ္ဓတစ်ပါးက ကောင်းကင်ထက်တွင် ပေါ်ပေါက်လာကာ ကောင်းကင်နှင့် နေမင်းကို အရိပ်လွှမ်းသွားခဲ့သည်။

ဆန္ဒခြောက်ပါးအရှင်သခင်က ထိုကြီးမားသည့် ဗုဒ္ဓကို ကြည့်လိုက်ကာ သူ၏ မျက်လုံးများမှ အမုန်းတရားများ ထွက်ပေါ်လာသည်။ ရီဖူရှင်း၏ အကွက်ချစီစဥ်မှုနှင့် ယှဥ်လျှင် သူက အရှင်ချူးချန်ကို ပို၍ မုန်းတီးပေသည်။ အဆုံးမှာတော့ သူကသာ အရင်ဆုံး ရီဖူရှင်းကို ဤနေရာ၌ ထိန်းသိမ်းထားခဲ့သူဖြစ်သည့်အတွက်ကြောင့် ရီဖူရှင်းက သူ၏ ကိုယ်ပိုင်လွတ်မြောက်ရေးအတွက် အကွက်ချစီစဥ်ခဲ့သည်မှာ သူ၏ မျှော်မှန်းချက်အတွင်းမှာသာ ရှိပေသည်။ အရှင်ချူးချန်က သူ့ကို အကွက်ချစီစဥ်ရုံသာမကဘဲ သူ၏ အသက်ကို လိုချင်နေကာ သူ့အား လွှတ်ပေးရန် ငြင်းဆန်ခဲ့သည်။ ထို့ကြောင့် သူက အရှင်ချူးချန်ကို ပို၍ပင် မုန်းတီးပေသည်။

ယနေ့ သူက ဤနေရာ၌ သေဆုံးရလိမ့်မည်လား။

သူ၏ လက်ရှိအခြေအနေတွင် အကောင်းဆုံးအခြေအနေ၌ ရှိနေသေးသော အရှင်ချူးချန်နှင့် ရင်ဆိုင်ရလျှင် ဆန္ဒခြောက်ပါးအရှင်သခင်အတွက် နောက်တစ်နေ့ကို မြင်တွေ့ရရန်ပင် ဖြစ်နိုင်လိမ့်တော့မည် မဟုတ်ပေ။

ထိုအခိုက်အတန့်တွင် အသံတစ်ခုက အသံတစ်ခုက ဆန္ဒခြောက်ပါးအရှင်သခင်၏ နားထဲသို့ တိုးဝင်လာခဲ့သည်။ သူ့နှလုံးသားက တုန်ယင်လာခဲ့၏။

“သေရတော့မယ့် အခိုက်အတန့်မှာ ခင်ဗျား ဘာကို တွေဝေနေသေးတာလဲ။” ရုတ်တရက် ဆန္ဒခြောက်ပါးအရှင်သခင်၏ မျက်လုံးများထဲ၌ ပြတ်သားသော ဆုံးဖြတ်ချက်များ ဖြစ်တည်လာပေသည်။ ရွှေရောင်နတ်အလင်းများက တောက်ပလာပြီး နောက်ထပ် တစ်နေရာသို့ ထိုးထွက်သွားခဲ့သည်။

ထိုအချိန်တွင် မဟာအင်ပါယာရှန်ကျား၏ နတ်ဘုရားရုပ်ကြွင်းက တစ်နေရာ၌ ပေါ်ပေါက်လာကာ ထိုရုပ်ကြွင်းအတွင်းသို့ ရွှေရောင်နတ်အလင်းတို့ အရူးအမူး တိုးဝင်လာပေသည်။

“ဟမ်” နောက်ဆုံး၌ တစ်စုံတစ်ခုက အရှင်ချူးချန်၏ တည်ငြိမ်မှုများကို ပျက်ပြားသွားအောင် နှောက်ယှက်လိုက်ပေသည်။ ဆန္ဒခြောက်ပါးအရှင်သခင်၏ စိတ်ဝိညာဥ်က ယခု မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းအတွင်း ဝင်ရောက်သွားပေသည်။ သူက မည်သည်တို့ လုပ်ရန် စီစဥ်နေသနည်း။

“မင်း သေချင်နေတာလား။” လျစ်လျူရှုသည့် အသံတစ်ခု မေးလိုက်သည်။ အရှင်ချူးချန်က ဆန္ဒခြောက်ပါးအရှင်သခင်၏ မူလခန္ဓာကိုယ်ထံ ရွေ့လျားသွားပြီး ကြီးမားသည့် ဗုဒ္ဓလက်ဝါးကြီးတစ်ခုက သူ့ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက်ထိုးကျလာကာ ၎င်းကို ပြိုကျပျက်စီးလာအောင် ဖြစ်လာစေသည်။ ၎င်းက ကြောက်မက်ဖွယ် တိုက်ခိုက်မှုအောက်၌ အမှုန့်ကြိတ်ခံရပေသည်။

“ရူးသွားပြီပဲ...” အရှင်ယဲ့နှင့် လွတ်လပ်မှုအရှင်သခင်က ထိုမြင်ကွင်းကို မြင်သည့်အခါ သူတို့၏ နှလုံးသားများက ပြင်းထန်စွာ တုန်ယင်သွားခဲ့ပေသည်။ ယခင် သူတို့နှင့် ရင်ဆိုင်သည့်အခါက ဆန္ဒခြောက်ပါးအရှင်သခင် ရူးသွပ်ပုံပေါ်နေလျှင်ပင် ယခုအချိန်၌ သူက အပြည့်အဝ ရူးသွပ်သွားခဲ့ပြီး သူ့ကိုယ်သူအတွက် မည်သည့်လွတ်လမ်းမှ ချန်ရစ်ထားခဲ့ခြင်း မရှိတော့ပေ။

သူတို့အဆင့်မှ တစ်ယောက်ချင်းစီက သူတို့၏ ခန္ဓာကိုယ်များမှ စိတ်ဝိညာဥ်တို့ကို ခွဲထုတ်နိုင်ပြီး အားကောင်းသည့် စွမ်းအားများ ပိုင်ဆိုင်ထားသေးလျှင်ပင် ခန္ဓာကိုယ်မရှိဘဲနှင့် စိတ်ဝိညာဥ်က ပြန်သွားရန် မည်သည့်နေရာမှ ရှိတော့မည် မဟုတ်ပေ။ သူ၏ စိတ်ဝိညာဥ်က အထီးကျန်နေသည့် လေလွင့်တစ္ဆေကဲ့သို့ ဖြစ်နေပေလိမ့်မည်။ သူက အခြားခန္ဓာကိုယ်ထဲသို့ အစားထိုးဝင်ရောက်လျှင်ပင် ထိုအပိုင်သိမ်းခံလိုက်ရသည့် ခန္ဓာကိုယ်က အပြည့်အဝ ကိုက်ညီမှုရှိလိမ့်မည် မဟုတ်ပေ။

ဆန္ဒခြောက်ပါးအရှင်သခင်က နောက်ဆုံး အခြေအနေရောက်အောင် တွန်းပို့ခံခဲ့ရသောကြောင့် ဤသို့သော ရွေးချယ်မှုပြုလုပ်ရန် ရွေးချယ်ခဲ့ပေသည်။ အရှင်ချူးချန်က သူ့အား လွှတ်ပေးရန် ငြင်းပယ်ကာ သူ့အား သတ်ပစ်ချင်ခဲ့သည်။ ဆန္ဒခြောက်ပါးအရှင်သခင်အနေနှင့် ရွေးချယ်စရာ မရှိခဲ့ပေ။ သူက အဆုံးစွန်ထိ မလုပ်ခဲ့လျှင် သူ့ကို စောင့်ဆိုင်းနေသည့် တစ်ခုတည်းသောအရာက သေဆုံးခြင်းသာ ဖြစ်ပေလိမ့်မည်။

သူတို့ ထင်ထားသကဲ့သို့ ဆန္ဒခြောက်ပါးအရှင်သခင်သည် ရီဖူရှင်း၏ စိတ်ချင်းဆက်သွယ်ပြောဆိုမှုကို ရရှိပြီးနောက် ချက်ချင်းဆိုသလို ဆုံးဖြတ်ချက်ချခဲ့ခြင်း ဖြစ်သည်။ သူက အမှန်တကယ် ရွေးချယ်စရာ မရှိခဲ့ပေ။ သူက လုံးဝ အသတ်ခံလိုက်ရခြင်းကို မလိုချင်ပါက သူ၏ ရုပ်ခန္ဓာကို လက်လျှော့ကာ လက်စားချေရန် အခွင့်အရေးကို ကိုယ်တိုင် ရှာဖွေရပေလိမ့်မည်။

သူ၏ အမုန်းတရားက ကြီးမားသည့်အတွက်ကြောင့် ဤရွေးချယ်မှုက ခက်ခဲခြင်းမရှိပေ။ သူက သူ၏ ရုပ်ခန္ဓာကို လက်လျှော့လိုက်ပေသည်။

All Chapters