← Chapters

အရှင်ချူးချန်နှင့် တိုက်ခိုက်ခြင်း

Vol. 171 Ch. 2444

အရှင်ချူးချန်နှင့် တိုက်ခိုက်ခြင်း

Vol. 171 Ch. 2444

“ဘာတွေဖြစ်နေတာလဲ။”

အရှင်ချူးချန်က အနည်းငယ် စိတ်ရှုပ်သွားခဲ့သည်။ ဆန္ဒခြောက်ပါးအရှင်သခင်က သူ၏ ရုပ်ခန္ဓာကို စွန့်ပစ်လောက်သည်အထိ ရူးသွပ်သွားခဲ့ပြီး သူ၏ စိတ်ဝိညာဥ်ကို မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းအတွင်းသို့ ဝင်ရောက်စေခဲ့ပေသည်။

သို့သော် ထိုသည်က မည်သို့ဖြစ်လာလိမ့်မည်နည်း။

ဆန္ဒခြောက်ပါးအရှင်သခင်က နတ်ဘုရားရုပ်ကြွင်းကို နားပင်မလည်ခဲ့သေးပေ။ ထို့ကြောင့် သူက မဟာအင်ပါယာရှန်ကျား၏ နတ်ဘုရားရုပ်ကြွင်းကို ထိန်းချုပ်ရန် စွမ်းရည်မရှိနိုင်ချေ။

သို့မဟုတ်လျှင်...

အရှင်ချူးချန်က နောက်ထပ် ဖြစ်နိုင်ချေကို တွေးလိုက်မိသည်နှင့် သူက ချက်ချင်း အဝေး၌ ရှိနေသည့် ရီဖူရှင်းဘက်သို့ ချက်ချင်း လှည့်ကြည့်လိုက်ပေသည်။ သူက ဤသည်ကို လုပ်ဆောင်နေခြင်း ဖြစ်နိုင်သလား။ သူက ဆန္ဒခြောက်ပါးအရှင်သခင်အား မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းကို ထိန်းချုပ်ရန် လမ်းညွှန်ပေးနေသည်လား။

အခြားစကားနှင့်ဆိုရလျှင် သူက ဆန္ဒခြောက်ပါးအရှင်သခင်၏ စိတ်ဝိညာဥ်ကို အသုံးပြုပြီး မဟာအင်ပါယာရှန်ကျား၏ နတ်ဘုရားရုပ်ကြွင်းအတွင်းမှ စွမ်းအားကို ထုတ်လွှတ်နေခြင်း ဖြစ်နိုင်သည်။

ဤသည်မှာ ဆန္ဒခြောက်ပါးအရှင်သခင်အတွက် အရာအားလုံးနှင့် ရင်း၍ သေသည်အထိ တိုက်ပွဲဝင်ရန် သူ၏ ရုပ်ခန္ဓာကို စွန့်ပစ်လိုသည့် ဆုံးဖြတ်ချက်အား ခိုင်မာစွာ ချမှတ်ခဲ့ရသည့် အကြောင်းပြချက် ဖြစ်နိုင်ပေသည်။

ဘုန်း....

အရှင်ချူးချန်က တွေးလိုက်သည်နှင့် ရုတ်တရက် ကောင်းကင်နှင့် မြေကြီးကြားတွင် ရပ်နေသည့် ဗုဒ္ဓက ရုတ်တရက် အောက်ဘက်သို့ ၎င်း၏ လက်ဝါးပုံရိပ်များဖြင့် ရိုက်ချလိုက့သည်။ ထိုရွှေရောင်လက်ဝါးရိပ်များက အဆုံးမဲ့ပင်ဖြစ်ကာ ကောင်းကင်နှင့် နေမင်းကိုပင် ပျက်စီးသွားစေတော့မလို ဖြစ်သည်။ ထိုဗုဒ္ဓလက်ဝါးပုံရိပ်က အမှန်တကယ် အကန့်အသတ်မဲ့ ကြီးမားလှပေသည်။ ၎င်းက မဟာအင်ပါယာရှန်ကျား၏ နတ်ဘုရားရုပ်ကြွင်းထံ တိုက်ရိုက်တိုးဝင်လာ၏။

သို့သော် ဤတစ်ကြိမ်၌ မဟာအင်ပါယာရှန်ကျား၏ နတ်ဘုရားရုပ်ကြွင်းမှ ကြောက်မက်ဖွယ် နတ်အလင်းတို့ ပေါက်ကွဲထွက်လာပေသည်။ မရေတွက်နိုင်သော သင်္ကေတအက္ခရာများက ဖျက်ဆီးခြင်းလမ်းစဥ်စွမ်းအားနှင့်အတူ ကောင်းကင်တစ်ခွင်ကို လွှမ်းခြုံသွားခဲ့ပေသည်။ မဟာအင်ပါယာ၏ နတ်ဘုရားရုပ်ကြွင်းက လက်ကိုမြှောက်ကာ ရှေ့တည့်တည့်သို့ ညွှန်လိုက်ပြီး အောက်သို့ ထိုးဆင်းလာသည့် ကြီးမားသော လက်ဝါးကြီးအား တန်ပြန်တိုက်ခိုက်လိုက်သည်။

ဖျက်ဆီးခြင်းလမ်းစဥ်စွမ်းအားများ ပါဝင်နေသည့် မရေတွက်နိုင်သော ဖျက်ဆီးခြင်းရွှေရောင်အလင်းတို့က ကြီးမားသည့် လက်ဝါးရိပ်များပေါ် ကျဆင်းလာကာ လက်ဝါးပုံရိပ်များကို ထိုးဖောက်သွားခဲ့သည်။ မကြာခင်၌ ဤကြီးမားသော လက်ဝါးရိပ်များက အရူးအမူး စတင် ပျက်စီးလာပေသည်။ အနီးဝန်းကျင်သို့ ကျဆင်းလာသည့် လက်ဝါးပုံရိပ်များသည်ပင် တောက်ပသော ရွှေရောင်နတ်အလင်းတို့၏ ဖျက်ဆီးပစ်ခြင်းကို ခံလိုက်ရပေသည်။

အရှင်ချူးချန်က သူ့ရှေ့မှ မြင်ကွင်းကို မြင်သောအခါ သတိအနေအထား ဖြစ်သွားခဲ့သည်။ သူ၏ အာရုံစိုက်မှုက နတ်ဘုရားရုပ်ကြွင်းထံ စူးစိုက် ကျရောက်သွားပြီး မေးလိုက်သည်။ “မင်းက ရီဖူရှင်းလား။ ဆန္ဒခြောက်ပါးအရှင်သခင်လား။”

ယခုအချိန်တွင် မည်သူက ဤနတ်ဘုရားရုပ်ကြွင်းကို ထိန်းချုပ်နေပါသနည်း။

အဝေးတွင် ကောင်းကင်ကို လွှမ်းခြုံထားသည့် ရွှေရောင်နတ်အလင်းက ရုတ်တရက် တစ်နေရာသို့ ဦးတည်ကျဆင်းလာပေသည်။ ၎င်းမှာ ရီဖူရှင်း အစစ်အမှန် ရုပ်ခန္ဓာ တည်ရှိနေသည့် နေရာပင် ဖြစ်သည်။ ရီဖူရှင်းကို ဖြုတ်ချနိုင်သရွေ့ နတ်ဘုရားရုပ်ကြွင်းအား ထိန်းချုပ်ထားသူမှာ ဆန္ဒခြောက်ပါးအရှင်သခင်ဖြစ်စေ ရီဖူရှင်းဖြစ်စေ အရေးမကြီးတော့ပေ။ ထိုတိုက်ပွဲက ပြီးဆုံးသွားပေလိမ့်မည်။

သို့သော် တစ်ချိန်တည်းတွင် ရွှေရောင်သင်္ကေတအက္ခရာများက ရီဖူရှင်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဝန်းရံထားခဲ့ပေသည်။ လေဟာနယ်ကို ​ဖြတ်ပြီး အလင်းတန်းတစ်ခု တောက်ပလာကာ မဟာအင်ပါယာရှန်ကျား၏ နတ်ဘုရားရုပ်ကြွင်း နောက်တွင် ရီဖူရှင်း ခန္ဓာကိုယ် ပေါ်ပေါက်လာပြီး နတ်အလင်းတို့ဖြင့် ဝန်းရံ၍ သူ့ပြိုင်ဘက်၏  တိုက်ခိုက်မှုများထံမှ ကာကွယ်ထားသည်။

အရှင်ယဲ့နှင့် လွတ်လပ်မှုအရှင်သခင်တို့က သူတို့ရှေ့မှ မြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ ဆန္ဒခြောက်ပါးအရှင်သခင်နှင့် ရီဖူရှင်းတို့ လက်တွဲပူးပေါင်းသွားပြီဟု တွေးလိုက်ကြသည်။ ရီဖူရှင်းက ဆန္ဒခြောက်ပါးအရှင်သခင်ကို အရာအားလုံး ပြောပြခဲ့ပါလျှင် ဆန္ဒခြောက်ပါးအရှင်သခင်၏ ရုပ်ခန္ဓာက ထိုကဲ့သို့ ဖျက်ဆီးခံရလိမ့်မည်မဟုတ်ဘဲ သူကလည်း ထိုမျှ ဆိုးဝါးသည့် အဆုံးသတ်ကို ကြုံတွေ့ရလိမ့်မည် မဟုတ်ပေ။

သို့သော် နှစ်ဖက်လုံးက ဆန့်ကျင်ဘက်၌ ရပ်တည်နေခဲ့ပြီး အစကတည်းက အချင်းချင်း အကွက်ဆင်နေခဲ့ကြခြင်း ဖြစ်သည်။ ဆန္ဒခြောက်ပါးအရှင်သခင်တွင် ရီဖူရှင်းနှင့် ပတ်သတ်၍ ကိုယ်ပိုင်စိတ်ကူးများရှိနေစဥ်တွင်  အရှင်ချူးချန်ကလည်း ဆန္ဒခြောက်ပါးအရှင်သခင်နှင့် ကျန်သည့်သူများကို လျှို့ဝှက်ကြံစည်ခဲ့သည်။ သို့သော် အဆုံးသတ်မှာတော့ ရီဖူရှင်းက အကြံအစည်အကြီးဆုံးဖြစ်ကာ အရာအားလုံးက သူ၏ လက်ထဲ၌ ရှိနေသလိုပင် ထင်မှတ်ရပေသည်။

အဆုံးမှာတော့ မည်သူက အကျိုးရှိလိမ့်မည်နည်း။

ရီဖူရှင်းက မျက်လုံးများကို မှိတ်ထားပြီး သူ့စိတ်ဝိညာဥ်ကလည်း သူ့ခန္ဓာကိုယ်မှ ခွဲထွက်၍ မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းအတွင်း ဝင်ရောက်သွားပေသည်။ မဟာလမ်းစဥ်နတ်အလင်းတို့က နတ်ဘုရားရုပ်ကြွင်းအတွင်းသို့ အဆက်မပြတ် သွန်းလောင်းလာကာ အဆုံးမရှိသည့် အကိုင်းအခက်နှင့် အရွက်များကဲ့သို့ ထင်မှတ်ရပေသည်။ ထိုသည်မှာ မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းနှင့် သူက တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားသလိုပင် ဖြစ်၏။

မဟာအင်ပါယာရှန်ကျား၏ နတ်ဘုရားရုပ်ကြွင်းမှ ပေါက်ကွဲထွက်လာသည့် အရှိန်အဝါတို့က ပို၍ ကြောက်မက်ဖွယ် ကောင်းလာပေသည်။ သူ့မျက်လုံးများ ပွင့်လာသောအခါ သင်္ကေတအက္ခရာလောကတစ်ခု ပေါ်ပေါက်လာပေသည်။ ဤလောကကို အဆုံးမဲ့ သင်္ကေတအက္ခရာများဖြင့် လွှမ်းခြုံထားသလို ထင်မှတ်ရသည်။ အရှင်ချူးချန်နှင့် ရှေးဟောင်းဗုဒ္ဓပုံရိပ်သည်ပင် လွတ်မြောက်နိုင်စွမ်း မရှိခဲ့ပေ။

ထိုအခိုက်အတန့်တွင် အရှင်ချူးချန်သည်လည်း အားကောင်းသည့် ခြိမ်းခြောက်မှုကို ခံစားရပေသည်။ ဤသင်္ကေတအက္ခရာများ၏ လောကတွင် ပျက်စီးခြင်းလမ်းစဥ်၏ အရှိန်အဝါတို့ ပါဝင်နေသည်။  အောက်သို့ ဆင်းသက်လာသည့် ထိုနတ်အလင်းတို့က မဟာလမ်းစဥ် စွမ်းအားများအားလုံးကို ဖျက်ဆီးပစ်နိုင်သည့် စွမ်းရည်ရှိပုံရသည်။

အရှင်ချူးချန်က တည်ငြိမ်စွာ ကြည့်နေခဲ့ပြီး သူ့လက်များကို လက်အုပ်ချီဟန် လုပ်လိုက်သည်။ သူ့နောက်ရှိ ဗုဒ္ဓ၏ ကြီးမားသော ပုံရိပ်မှ အနန္တရွှေရောင်အလင်းတို့ ထွက်ပေါ်လာသည်။ သင်္ကေတအက္ခရာများ၏ လောကအတွင်း ဗုဒ္ဓ၏ အနန္တအလင်းတို့ တောက်ပလာပြီး အဆုံးမဲ့အလင်းတို့က လေဟာနယ်အတွင်း စုစည်းလာကာ အလွန် ကြီးမားသည့် 卍 သင်္ကေတတစ်ခုအဖြစ် ပြောင်းလဲသွားပေသည်။

卍 သင်္ကေတသည် လေဟာနယ်အတွင်း လှည့်ပတ်လာကာ အထက်မှ ချုပ်ကိုင်လွှမ်းမိုးခြင်း စွမ်းအင်လှိုင်းများ ထွက်ပေါ်လာသည်။ အဆုံးမဲ့ရောင်စဥ်တို့က အော​က်သို့ ကျဆင်းလာကာ အဆုံးမဲ့ လေးလံသည့် စွမ်းအားတို့က ကောင်းကင်နှင့် မြေကြီးကြား ထွက်ပေါ်လာပေသည်။

ဗုဒ္ဓ၏ အသံများနှင့်အတူ လှည့်ပတ်နေသည့် 卍 သင်္ကေတက အောက်သို့ ကျဆင်းလာပြီး မရေတွက်နိုင်သည့် အလင်းတန်းတို့က မဟာအင်ပါယာရှန်ကျား၏ နတ်ဘုရားရုပ်ကြွင်းကို တိုက်ခိုက်လာသည်။ သို့သော် နတ်ဘုရားရုပ်ကြွင်းမှ နှိုင်းယှဥ်၍ မရသော အလင်းတို့ ထုတ်လွှတ်လာကာ မဟာလမ်းစဥ်အားလုံးကို အဆုံးသတ်သွားနိုင်သည့် နတ်ဘုရားကပ်ဘေး၏ ရွှေရောင်အလင်းတို့အဖြစ် ပြောင်းလဲသွားလေသည်။

တစ်ချိန်တည်းတွင် မရေတွက်နိုင်သော သင်္ကေတအက္ခရာများက အကိုင်းအခက်နှင့် အရွက်များအဖြစ် ပြောင်းလဲသွားကာ အထက်သို့ ဆက်လက်ထိုးတက်သွားခဲ့သည်။

“အဲဒါ ဆန္ဒခြောက်ပါးအရှင်သခင်ရဲ့ စွမ်းရည်ပဲ။” ဤမြင်ကွင်းကို မြင်သည့်အခါ အရှင်ချူးချန်၏ မျက်လုံးများက ထက်ရှသွားခဲ့ပေသည်။ အဆုံးမှာတော့ မဟာအင်ပါယာရှန်ကျား၏ နတ်ဘုရားရုပ်ကြွင်းကို ထိန်းချုပ်နေသူက ဆန္ဒခြောက်ပါးအရှင်သခင် ဖြစ်နေသည်လား။

မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းက ရှေးဟောင်းသစ်ပင်တစ်ပင်အဖြစ် ပြောင်းလဲသွားကာ အကိုင်းအခက်နှင့် အရွက်များကို နတ်ဘုရားကပ်ဘေး၏ မရေတွက်နိုင်သော အလင်းများဖြင့် ဖွဲ့စည်းထားသည်။ ၎င်းက ကောင်းကင်တစ်ခွင်ကို ဖုံးလွှမ်းသွားသည့်တိုင်အောင် ကြီးထွားလာပေသည်။ ထို့နောက် ဖိနှိပ်နိုင်သော စွမ်းအားများဖြင့် 卍 ဗုဒ္ဓသင်္ကေတက ကြောက်မက်ဖွယ် အော်မြည်သံနှင့်အတူ ကျဆင်းလာသည်။ 卍 သင်္ကေတက အောက်သို့ ဆက်လက်ကျဆင်းလာနေသည်။ ၎င်း၏ လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းက ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းလှကာ နှိုင်းယှဥ်၍ မရသော စွမ်းအားတို့နှင့် လောကကြီးအား ဖိနှိပ်လာပေသည်။ သူတို့အနီးမှ ကောင်းကင်သည်ပင် ပြိုကျပျက်စီးသွားတော့မလို ထင်မှတ်ရပေသည်။

သင်္ကေတအက္ခရာများ ကျဆင်းလာသည်နှင့် နတ်ဘုရားကပ်ဘေးအလင်းတို့ဖြင့် ဖြစ်တည်လာသည့် ထိုအကိုင်းအခက်နှင့် အရွက်များက သင်္ကေတအက္ခရာများအတွင်း စတင် ကြီးထွားလာသည်။ ၎င်းတို့သည် 卍 သင်္ကေတအတွင်း ထိုးဖောက်လာသလို ထင်မှတ်ရပေသည်။ အောက်သို့ကျဆင်းလာသည့် နတ်ဘုရားချိပ်စည်းသည်ပင် မရေတွက်နိုင်သော အကိုင်းအခက်နှင့် အရွက်များ၏ ထိုးဖောက်သွားခြင်းကို ခံခဲ့ရပေသည်။

မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းက ကောင်းကင်သို့ ညွှန်ပြလိုက်ကာ ချက်ချင်းပင် 卍 သင်္ကေတမှ မရေတွက်နိုင်သော နတ်အလင်းတို့ ပေါက်ကွဲထွက်လာသည်။ ကောင်းကင်ကို လွှမ်းခြုံထားသော ဤနှိုင်းယှဥ်၍မရနိုင်အောင် ကြီးမားလှသည့် သင်္ကေတအက္ခရာများက အရူးအမူးပေါက်ကွဲထွက်လာကာ မရေတွက်နိုင်သော အလင်းမှုန်လေးများအဖြစ် ပြိုကွဲသွားပြီး မည်သည်မှ မကျန်တော့သည်အထိ ဖြစ်လာပေသည်။

“ပျက်စီးခြင်းလမ်းစဥ်ရဲ့ စွမ်းအား။”

ထိုစွမ်းအားကို ခံစားမိသောအခါ အရှင်ချူးချန်၏ နှလုံးသားက တုန်ယင်သွားခဲ့သည်။ သူသည် မဟာအင်ပါယာရှန်ကျား၏ တိုက်ခိုက်မှုအတွင်း ပါဝင်နေသည့် ပျက်စီးခြင်းလမ်းစဥ်စွမ်းအားတို့ကို ခံစားမိနိုင်ပေသည်။ ၎င်းက အားလုံးသော မဟာလမ်းစဥ်များကို ဖျက်ဆီးပစ်နိုင်ပေသည်။ ပို၍ အရေးကြီးသည်မှာ မဟာအင်ပါယာ၏ နတ်ဘုရားရုပ်ကြွင်းကို အပြည့်အဝ ထိန်းချုပ်နိုင်ခြင်းမရှိသေးသည့် ဆန္ဒခြောက်ပါးအရှင်သခင်က လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ အရှင်ချူးချန်သည် ဆန္ဒခြောက်ပါးအရှင်သခင်က ဤအခြေအနေအထိ အောင်မြင်ခဲ့ခြင်းမှာ ရီဖူရှင်း စိတ်ဝိညာဥ်း အားဖြည့်ကူညီပေးမှုကြောင့် ဖြစ်ကြောင်း နားလည်ပေသည်။

မဟုတ်ပါက ဆန္ဒခြောက်ပါးအရှင်သခင်သည် ထိုနတ်ဘုရားရုပ်ကြွင်းကို နားလည်သဘောပေါက်ပြီး အပြည့်အဝ ထိန်းချုပ်နိုင်စွမ်း ရှိခဲ့လျှင် ထုတ်ဖော်နိုင်သည့် စွမ်းအားက အကန့်အသတ်မဲ့ပင် ဖြစ်ပေလိမ့်မည်။ ၎င်းက သူ့ကို သေချာပေါက် ဖျက်ဆီးပစ်နိုင်မည် ဖြစ်သည်။ ကြည့်ရသည်မှာ သူ့ပြိုင်ဘက်က ကန့်သတ်ထိန်းချုပ်မှုအောက်၌ ရှိနေပုံရလေသည်။

ဖြစ်နိုင်ချေအားလုံးကို ဆုံးဖြတ်ပြီးသည်နှင့် အဆုံးမဲ့သင်္ကေတအက္ခရာများက လေဟာနယ်အတွင်း တစ်ဖန် ပေါ်ပေါက်လာနေသည်။ သင်္ကေတအက္ခရာများက အလင်းရောင်ဝါအဖြစ် ပြောင်းလဲသွားပြီး ရောင်ဝါတစ်ခုချင်းစီက နတ်ဘုရားကပ်ဘေးအလင်းတို့ကို ဝါးမြိုကာ ဓားတစ်လက်သဏ္ဌာန် ဖြစ်ပေါ်လာသည်။ အရှင်ချူးချန်သည် အချိန်နှင့်အမျှ ပိုမိုကြီးထွားလာသည့် ခြိမ်းခြောက်မှုကို ခံစားမိနိုင်ပေသည်။ သူ့ပြိုင်ဘက်အနေနှင့် နတ်ဘုရားရုပ်ကြွင်းအား ကျွမ်းကျင်စွာ ထိန်းချုပ်လာနိုင်သည်နှင့်အမျှ သူ့အတွက် မကြာခင် အန္တရာယ်ရှိလာပေလိမ့်မည်။

ဆန္ဒခြောက်ပါးအရှင်သခင်က နတ်ဘုရားရုပ်ကြွင်းအား ထိန်းချုပ်ခြင်းနှင့် မရင်းနှီးသေးသည့်အချိန်တွင် ပြိုင်ဘက်၏ စိတ်ဝိညာဥ်ကို တိုက်ခိုက်လိုက်ပါက လျင်မြန်သော တိုက်ပွဲတစ်ခု ဖြစ်လာပေလိမ့်မည်။

သူက ထိုသို့တွေးလိုက်မိသည့်အခါ အရှင်ချူးချန်၏ အမူအရာက ပြောင်းလဲသွားပြီး သူ့အရှေ့၌ လက်နှစ်ဖက်ကို စုစည်းကာ မျက်လုံးများမှိတ်လိုက်သည်။

ရုတ်တရက် ဗုဒ္ဓအလင်းက လေဟာနယ်တစ်ခွင် လင်းလက်လာပြီး မရေတွက်နိုင်သော ဗုဒ္ဓများက ကောင်းကင်နှင့် မြေကြီးအကြား ပေါ်ပေါက်လာသည်။ ကျယ်ပြောသော လေဟာနယ်အတွင်း ထိုဗုဒ္ဓများက နေရာအနှံ့ ထွက်ပေါ်လာပြီး သူတို့အားလုံးက တစ်ချိန်တည်းတွင် လှုပ်ရှားလိုက်ကာ သူတို့၏ တည်ရှိမှုက လေဟာနယ်တစ်ခွင်လုံးကို ဝါးမြိုတော့မလိုပင် ဖြစ်၏။

ဗုဒ္ဓ၏ အသံက ထွက်ပေါ်လာပြီး လောကတစ်ခွင် ပဲ့တင်ထပ်လာကာ အလွန် သက်သောင့်သက်သာမဖြစ့သော ခံစားချက်ကို ပေးစွမ်းပေသည်။ အရှင်ယဲ့နှင့် လွတ်လပ်မှုအရှင်သခင်တို့ နှစ်ယောက်လုံးက သူတို့၏ စိတ်ဝိညာဥ်များ တုန်ခါလာကာ သူတို့ စိတ်ထဲ၌ နာကျင်မှုတို့ကို ခံစားခဲ့ရပေသည်။ သူတို့က ဟန်ချက်ညီမှုကို ထိန်းသိမ်းရန် ခက်ခဲမှုတချို့ ရှိနေခဲ့သည်။

ဤသည်မှာ တစ်စုံတစ်ယောက်၏ စိတ်ဝိညာဥ်ကို ချေမှုန်းနိုင်သည့် ဗုဒ္ဓ၏ အဆင့်မြင့်တိုက်ခိုက်ရေးနည်းစနစ်ဖြစ်သည့် အသံလှိုင်းလမ်းစဥ်စွမ်းအား ဖြစ်ပေသည်။ ထိုအသံစွမ်းအားက မဟာအင်ပါယာရှန်ကျား၏ နတ်ဘုရားရုပ်ကြွင်းအတွင်းမှ စိတ်ဝိညာဥ်ကိုပင် တိုက်ခိုက်နိုင်သည့် ပြောင်မြောက်သော အသံတိုက်ခိုက်မှုစွမ်းအား ဖြစ်ပေသည်။

All Chapters