← Chapters

ဂျန်ဖန်းမျက်နှာ

Vol. 17 Ch. 238

ဂျန်ဖန်းမျက်နှာ

Vol. 17 Ch. 238

စုန့်ပိုင်ယောင်၏ထူးဆန်းသည့်အမူအရာကိုကြည့်ပြီ....

လုရှင်းဟီ အံ့အားသင့်စွာပြောလိုက်သည်။

"ဟုတ်တယ်, စိတ်ဝိညာဥ်အမြစ်မရှိတဲ့ဂျန်ဖန်းလေ...."

စုန့်ပိုင်ယောင် မယုံနိုင်ဖြစ်နေ၏။

သူမ နောက်ဆုံးသက်သေခံတုံ့ကင်ကို အလျှင်အမြန်ကောက်ယူပြီး ထပ်ခါထပ်ခါကြည့်ကာ အံ့အားသင့်စွာပြောလိုက်သည်။

"ဒါ တကယ် တိမ်စိမ်းဂိုဏ်းက ဂျန်ဖန်းပဲ....."

"ဂျူနီယာညီမတွေ, မြန်မြန်လာကြ၊ ဒါက ဂျူနီယာမောင်လေးဂျန်ပဲ...."

အမျိုးသမီးတပည့်အနည်းငယ် သိချင်စွာဖြင့် ချက်ချင်းပဲစုဝေးလာကြသည်။

သူမတို့က သက်သေခံတုံကင်နှင့် ဂျန်ဖန်းကို စေ့စေ့စပ်စပ်ကြည့်ပြီး တီးတိုးပြောလိုက်ကြ၏။

"ဝိုး, ဒီတော့ ဒါက ဂျူနီယာညီမယွမ်မမေ့နိုင်တဲ့ဂျန်ဖန်းပေါ့...."

"သူမတိမ်စိမ်းဂိုဏ်းက ပြန်လာပြီးကတည်းက စိတ်ဝိညာဥ်ပျောက်ဆုံးနေသလိုပဲ...."

"ကျင့်ကြံနေတုန်းမှာတောင် သက်ပြင်းချပြီး ဂျန်ဖန်းနာမည်ကို ရေရွတ်နေတယ်...."

"ပြီးခဲ့တဲ့တစ်လလုံး သူမအလေးအနက်မကျင့်ကြံတော့ပဲ သရဲပူးသလို ဂျန်ဖန်းအကြောင်းပဲ အမြဲတွေးနေတာ။ ဓားရေးလေ့ကျင့်တော့လဲ သူ့အကြောင်းပဲ...."

"ဂျူနီယာညီမယွမ် ဒီလောက်စွဲလမ်းနေတာ မအံ့သြတော့ပါဘူး။ ဂျန်ဖန်းက တကယ်ချောတာပဲ...."

"ဒီလိုရုပ်ရည်မျိုးနဲ့ ဘယ်သူက မစွဲလန်းပဲ နေမှာလဲ....."

အာ...

ဂျန်ဖန်း သူ့နှာခေါင်းသူ ထိလိုက်သည်။

သူတို့ပြောသည့် ဂျူနီယာညီမယွမ်ဆိုတာ ဂုန်ချိုင်ယီနှင့်အတူ တိမ်စိမ်းဂိုဏ်းကို ပါလာသည့် ယွမ်ကျီယုဖြစ်သင့်၏။

ထို့ပြင် သူတို့က ယွမ်ကျီယုကို အထင်လွဲနေတာဖြစ်ရမည်ပင်။

သူမက စွဲလမ်းနေတာမဟုတ်ပေ။

ဂျန်ဖန်း၏ အရည်အချင်းများစွာကြောင့် ရှုံးနိမ့်မှုကို ခံစားနေရတာဖြစ်သည်။

"ဂျူနီယာညီမတို့, မင်းတို့နားလည်မှုလွဲနေပြီ။ ဂျူနီယာညီမယွမ်နဲ့ ငါ့ကြားမှာ ဘာမှ မရှိပါဘူး....."

ဂျန်ဖန်း ရှင်းပြလိုက်သည်။

စုန့်ပိုင်ယောင် သူမပါးစပ်ကိုကာလိုက်ပြီး တစ်ခစ်ခစ်ရယ်လိုက်၏။

"ဟုတ်တယ်, ဟုတ်တယ်, ငါတို့နားလည်ပါတယ်။ ငါတို့အားလုံး နားလည်ပါတယ်...."

နင်ကသာ ဘာမှနားမလည်မတာ....

ဂျန်ဖန်း ဆွံ့အသွား၏။

ထိုဆရာနှင့်တပည့်အတွဲ ကောင်းတဲ့အရာလေးတစ်ခုခုများမလုပ်နိုင်ဘူးလား....

တစ်ယောက်က သူအတွက် အမုန်းတရားတွေ ယူဆောင်လာ၏။

နောက်တစ်ယောက်က ကောလဟာဟတွေ ဖြန့်ပေး၏။

သူ သူတို့နှစ်ယောက်ကို စိတ်ကုန်၏။

ဂျန်ဖန်း နောက်ထပ်အချိန်အဖြုန်းချင်တော့၍ အလျှင်အမြန်ပဲ တာဝန်ကို အပြီးသတ်လိုက်သည်။

ကြာပန်းနက် ဆုငွေလှဲလှယ်ပြီးနောက် သူက ချက်ချင်းထွက်သွားမည်ဖြစ်သည်။

မည်သူသိမည်နည်း။ သူသာ စိတ်ဝိညာဥ်သားရဲဂိုဏ်းမှာ ပိုကြာကြာနေလျှင် အခြေအမြစ်မရှိတဲ့ကောလဟာတွေ ပိုထွက်လာနိုင်၏။

သူက လက်ချင်းယှဥ်ပြီး ခေါင်းစဥ်ပြောင်းလိုက်သည်။

"အမျိုးသမီးတို့, ကျေးဇူးပြုပြီး ပစ္စည်းတွေကို မြန်မြန်ရေလိုက်ပါ...."

"ဒီဂျူနီယာမောင်လေးက သွားစရာအရေးကြီးကိစ္စရှိသေးလို့ပါ..."

သူ၏ရှက်နေသည့်အမူအရာနှင့် ထွက်ပြေးချင်နေတာမြင်သည့်အခါ စုန့်ပိုင်ယောင်နှင့် အခြားလူတွေ ပိုလို့တောင်ရယ်ချင်သွားပြီး တိတ်တဆိတ်ရယ်လိုက်ကြ၏။

စုန့်ပိုင်ယောင်မျက်လုံးတွေ အပြုံးတွေနှင့်ပြည့်နှက်နေပြီး မေးလိုက်သည်။

"ဂျူနီယာမောင်လေးဂျန်ကိုယ်တိုင်လာပို့မှတော့ ဘာလို့စစ်နေအုန်းမှာလဲ...."

"နင်တို့အားလုံး, စိတ်ဝိညာဥ်ဆေးအတွက် လက်မှတ်ထိုးပေးလိုက်..."

"ဂျူနီယာမောင်လေးဂျန်ရဲ့ အရေးကြီးကိစ္စကို မနှောင့်နေစေနဲ့...."

သူမက နောက်ဆုံးစကားလုံးသုံးကို အသားပေးပြောလိုက်သည်။

(အင်္ဂလိပ်မှာကြ နောက်ဆုံးစားလုံးသုံးလုံးက အရေးကြီးကိစ္စပါ)

ဂျန်ဖန်း သူ့အချစ်လေး ယွမ်ကျီယုကို တွေဖို့ စိတ်အားထက်သန်နေသည်ဟု အရိပ်အမြွက်ပြောနေတာဖြစ်သည်။

အမျိုးသမီးတပည့်တွေ မျက်လုံးတွေကျဥ်းသည်အထိရယ်လိုက်ကြပြီး အလျှင်အမြန်ပဲ ပစ္စည်းတွေကို လက်မှတ်ထိုးပေးလိုက်သည်။

ထိုမှသာ စုန့်ပိုင်ယောင် တာဝန်ကျောက်စိမ်းလိပ်ကို ဂျန်ဖန်းပြန်ပေးလိုက်ပြီး အလေးအနက်ပြောလိုက်သည်။

"တာဝန်ပြီးမြောက်တဲ့အတွက် ဂုဏ်ယူပါတယ်, ဂျူနီယာမောင်လေးဂျန်...."

"မင်းတို့တာဝန်ကို ငါတို့ဂိုဏ်းက တရားဝင်မှတ်တမ်းတင်ထားပါတယ်....."

"လကုန်ရင် ကောင်းကင်ဘုံစက်ယန္ဒယားခန်းမက မင်းတို့ပြီးစီးထားတဲ့ တာဝန်အရေအတွက်ကို စုဆောင်းပြီး အကျိုးပြုမှတ်ထုတ်ပေးလိမ့်မယ်..."

ဂျန်ဖန်း အနည်းငယ်ခေါင်းညိတ်ပြီး ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်, စီနီယာအမစုန့်...."

စုန့်ပိုင်ယောင် နောက်တစ်ကြိမ်ပြုံးလိုက်သည်။

"မင်းမှန်းသာသိရင် ငါတို့ခက်ခဲအောင်မလုပ်ပါဘူး...."

"စီနီယာအမမှာလည်း ရွေးချယ်စရာမရှိလို့ပါ။ အမတို့စိတ်ဝိညာဥ်သားရဲဂိုဏ်းက အခြားဂိုဏ်းတွေရဲ့ အနှောက်အယှက်ပေးခြင်းကို အမြဲခံရတယ်လေ...."

"ဒါကြောင့် အခြားလူတွေကို ခက်ခဲအောင်လုပ်မယ်လို့တွေးခဲ့တာ..."

"မမျှော်လင့်ပဲ မင်းတို့နဲ့ပဲ တွေ့ရတယ်လို့...."

တစ်ခဏတွေးပြီးနောက်...."

သူမက လုရှင်းဟီထံမှယူထားသည့် သလင်းကျောက်အိတ်ကိုထုတ်ယူလိုက်သည်။

ထို့နောက် သာမန်ကာဆန်ကာ ပစ်ပေးပြီး ပြောလိုက်သည်။

"ဒါက ဂျူနီယာမောင်လေးဂျန်အဖွဲ့ဆိုမှတော့ ငါတို့ ဒီသလင်းကျောက်တွေ လက်မခံနိုင်ဘူး...."

လုရှင်းဟီ အံံ့အားသင့်သွား၏။

သူက ပိုက်ဆံအိတ်ကို ဗလာကျင်းစွာ စိုက်ကြည့်နေခဲ့သည်။

ဂျန်ဖန်းတကယ်ပဲ ပြဿနာကို သူ့ကိုယ်ပိုင်အဆက်အသွယ်ဖြင့် ဖြေရှင်းခဲ့၏။

ထို့ပြင် လုရှင်းဟီ အသင်းခေါင်းဆောင်ဖြစ်သည့်ဂျန်ဖန်းကို အကူအညီတစ်ခု အကြွေးတစ်ခုတင်ထားသလို ဖြစ်နေခဲ့သည်။

ထိုအရာက သူ့ကို အတော်လေး ဒေါသထွက်စေ၏။

သူ့ကိုပိုဒေါသဖြစ်စေတာက....

ချင်းချိုင်ဟီ ဝမ်းသာအားရ လှောင်ပြောင်လိုက်ခြင်းပင်။

"စီနီယာအကိုလု, ငါနဲ့ ဂျူနီယာညီမချူပြောတာမမှန်ဘူးလား...."

"အဖွဲ့ထဲမှာ, နင်ရှိရှိမရှိရှိ မထူးခြားပါဘူးလို့...."

"အို, တောင်းပန်ပါတယ်, ငါစကားမှားသွားတယ်...."

"နင်ရှိရင် ပိုပြဿနာဖြစ်တယ်ပြောရမှာ..."

လုရှင်းဟီထိုအရာကို ဘယ်လိုလုပ်သည်းခံနိုင်မည်နည်း။

သူက ခြေလှမ်းကျဲကျဲဖြင့်လျှောက်လာပြီး သူမကကိုရိုက်ဖို့ လက်မြှောက်လိုက်၏။

"နင်, ကျေးဇူးမသိတတ်တဲ့ ကောင်မစုတ်...."

"ရိုက်ခံရသင့်တယ်..."

ချင်ချိုင်ဟီ အခြေခံတည်ဆောက်ခြင်းအဆင့် ၅ သာဖြစ်ပြီး အဆင့် ၇ ဖြစ်သည့် လုရှင်းဟီပြိုင်ဘက်မဟုတ်ပေ။

သူမ မျက်နှာ အကြီးအကျယ်ပြောင်းလဲသွားပြီး အလျှင်အမြန်နောက်ဆုတ်လိုက်သည့်အခါ တယိမ်းတယိုင်နှင့် လဲကျမလိုဖြစ်သွား၏။

မြေပြင်ပေါ် လဲကျတော့မည့်အချိန်မှာပဲ ဂျန်ဖန်းရှေ့တက်ကာ ဖမ်းထားလိုက်သည်။

သူက မျက်မှောင်ကြုတ်ပြီး လုရှင်းဟီကို ကြည့်လိုက်သည်။

"တစ်လမ်းလုံး ဒုက္ခပေးလာရတာ မလုံလောက်သေးဘူးလား..."

ကိုယ့်ကိုယ်ကိုအထင်ကြီးမှုကြောင့် အဖွဲ့ကို ကြာပန်းနက်ဓားပြအဖွဲ့ထောင်ချောက်ထဲရောက်စေတာ အလုံအလောက်ဆိုးဝါးပြီးနေပြီဖြစ်သည်။

အဖွဲ့ကိုပို့ဆောင်မှုပြီးမြောက်အောင်ကူညီပြီး အမှားပြင်ဆင်ရမည့်အစား ထိုကောင်က လှောင်ပြောင်သရော်နေခဲ့သည်။

ယခု, ကိုယ့်လူကိုယ်တောင် ပြန်တိုက်ခိုက်လာ၏။

လုရှင်းဟီ ဒေါသထွက်နေပြီး ဂျန်ဖန်းကြားဝင်လာသည့်အတွက် ပိုလို့တောင် ဒေါသထွက်သွား၏။

သူ့ကို ဒေါသအထွက်စေဆုံးက ချင်ချိုင်ဟီ၏ လှောင်ပြောင်မှုမဟုတ်ပေ။

ထိုအရာက သူ့ဂျူနီယာညီမ ဂျန်ဖန်းလို အပြင်လူဘက်မှာ ရပ်တည်ပေးနေတာကြောင့်ပြင်။

ယခု ဂျန်ဖန်း ဝင်ရောက်စွက်ဖက်လာမှုက သူ့ကို ထိန်းမရသိမ်းမရ ဒေါသထွက်လာစေပြီး သူ့ဒေါသတွေကို ဂျန်ဖန်းအပေါ် ပုံချလိုက်၏။

"မင်းအမှိုက်ကောင်စောက်ရူး, လူကောင်းလို ဟန်ဆောင်နေတယ်...."

"စကားချိုချိုလေးတွေနဲ့ ငါ့အထက်ကို ရောက်နိုင်မယ်မထင်နဲ့..."

"သိုင်းပညာနယ်ပယ်မှာ ဘာက အရေးကြီးဆိုးလဲဆိုတာ မင်းကို ပြပေးမယ်...."

သူက လက်သီးဆုပ်လိုက်ပြီး ဂျန်ဖန်းရင်ဘတ်ကို ပြင်းထန်စွာထိုးချလိုက်၏။

"သိုင်းပညာနယ်ပယ်မှာ လက်သီးက အရေးကြီးဆုံးပဲကွ...."

သူက ရုတ်တရက် လှုပ်ရှားလိုက်တာဖြစ်သည်။

စု့န်ပိုင်ယောင်နှင့် အမျိုးသမီးတပည့်တွေ တုန့်ပြန်ချိန်မရလိုက်ပေ။

သူမတို့က သူ့ကို ရပ်တန့်ဖို အမြန်ကြိုးစားလိုက်ကြ၏။

သို့ပေမယ့် စုန့်ပိုင်ယောင်ကို ပဟေဠိဖြစ်သွားစေတာက...

ချင်ချိုင်ဟီနှင့် ချူရှင်းမန်တို့ အလွန်တည်ငြိမ်နေခဲ့သည်။

လုံးဝကို ထိတ်လန့်ပုံမရပေ။

လုရှင်းဟီက အခြေခံတည်ဆောက်ခြင်းအဆင့် ၇ ဖြစ်၏။

ဂျန်ဖန်း ဘယ်လိုလုပ်ပြီး လုရှင်းဟီလက်သီးချက်ကို ခုခံနိုင်မည်နည်း။

သို့ပေမယ့်...

ထို့နောက်မှာတော့....

စုန့်ပိုင်ယောင် မယုံနိုင်စရာကောင်းသည့်မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။

ဂျန်ဖန်း စိတ်ဝိညာဥ်စွမ်အားတောင်မလှည့်ပတ်ပဲ သာမန်လက်ဝါးချက်တစ်ခု ထုတ်ဖော်လိုက်၏။

ဒုန်းကနဲအသံနှင်အတူ....

အခြေခံတည်ဆောက်ခြင်းအဆင့် ၇ ဖြစ်သည့် လုရှင်းဟီ ဝါးဂွမ်းအိတ်တစ်ခုကဲ့သို့ သုံးပေလေးပေလောက် လွင့်ထွက်သွားပြီး တောင်ဂိတ်တံခါးကျောက်တိုင်ကြီးကို ဝင်တိုက်သွားခဲ့သည်။

ဒုန်း!

လုရှင်းဟီ နေရာမှာပဲ ပါးစပ်အပြည့်သွေးတစ်လုတ်အန်လိုက်ရပြီး မျက်နှာ ချက်ချင်း ဖြူဖြော့သွားခဲ့သည်။

သူက ဂျန်ဖန်းကို မယုံနိုင်စွာ ကြည့်လိုက်သည်။

"မင်း... မင်းက ခန္ဓာကိုယ်ကျင်ကြံသူပဲ...."

ဂျန်ဖန်း အေးစက်စွာပြန်ပြောလိုက်သည်။

"မင်းလက်သီးကလည်း ဘာမှထူးခြားမနေပါဘူး...."

"ဒီလိုအရည်အချင်းနဲ့ မင်းက အခြားလူကို သိုင်းပညာနယ်ပယ်အကြောင်းတွေ ရှင်းပြရဲတယ်ပေါ့...."

လုရှင်းဟီ အတော်လေးစော်ကားသလို ခံစားလိုက်ရ၏။

မြေပြင်ကို လက်နှစ်ဖက်ဖြင့်ရိုက်ပြီး နောက်တစ်ကြိမ်ပြေးဝင်ကာ အော်ပြောလိုက်၏။

"ငါ ခွန်အားကုန်တောင် မသုံးရသေးဘူးကွ...."

"ရပ်စမ်း..."

စုန့်ပိုင်ယောင် အလျှင်အမြန်တားလိုက်ပြီး ကြိမ်းမောင်းလိုက်၏။

သူမက အေးစက်စွာပြောလိုက်သည်။

"စိတ်ဝိညာဥ်သားရဲဂိုဏ်းတောင်တံခါးမှာ တိုက်ခိုက်ရဲတယ်, နင်အတင့်ရဲလှကြီလား...."

"နင့်ဝမ်းကွဲအမ နောက်ခံရှိတာနဲ့ စိတ်ရှိတိုင်းလုပ်နိုင်မယ် ထင်နေတာလား..."

လုရှင်းဟီ တုန်ယင်သွား၏။

မည်သည့်ဂိုဏ်းမှ အပြင်ဂိုဏ်းသားတွေ တောင်တံခါးမှာ တိုက်ခိုက်ဖို့ ခွင့်မပြုပေ။

သူက အလျှင်အမြန်ပဲ တောင်းပန်လိုက်၏။

"တောင်းပန်ပါတယ်, စီနီယာအမ, ငါ... ငါ အရမ်းစိတ်လိုက်မာန်ပါဖြစ်သွားတယ်...."

သူ့ဝမ်းကွဲအကြောင်းတွေးပြီး စုန့်ပိုင်ယောင် ခက်ခဲအောင်မလုပ်တော့ပေ။

သူမက အေးစက်စွာပြောလိုက်သည်။

"နောက်တစ်ခါ မဖြစ်စေနဲ့...."

လုရှင်းဟီ မကျေနပ်ပေ။

ဤကဲ့သို့ ရှုံးဆုံးမှုကို ခံစားထားရသည်ဖြစ်၍ ဘယ်လိုလုပ် အလွတ်ပေးနိုင်မည်နည်း။

ချက်ချင်းပဲ စိတ်ဝိညာဥ်သားရဲးဂိုဏ်းထဲကို ဝင်သွားလိုက်၏။

စုန့်ပိုင်ယောင် မျက်မှောင်ကြုတ်သွား၏။

သူမက ဂျန်ဖန်းကို စိုးရိမ်မှုအချို့နှင့်ကြည့်ပြီး ပြောလိုက်သည်။

"ဂျူနီယာမောင်လေးဂျန်, ကိစ္စမရှိတော့ရင် မြန်မြန်ထွက်သွားပါ...."

"ငါထင်တာတော့ သူ သူ့ဝမ်းကွဲကို သွားရှာတာဖြစ်မယ်...."

"စီနီယာအမလီနဲ့ ဂျူနီယာညီမယွမ်တို့က သိမ်မတည့်ကြဘူး။ သူမက ကျိုးကြောင်းတွေ နားထောင်နေမှာ မဟုတ်ဘူး....."

"အမြန်ထွက်သွားတာ ပိုကောင်းတယ်...."

သူက အကြောင်းပြချက်မရှိပဲ ရန်သူမဖြစ်ချင်ပေ။

သို့ပေမယ့် ဆုလဒ်ထုတ်ယူဖို့ရှိသေး၏။

ထိုအရာက မြေကမ္ဘာဖီးနစ်မြက်ချင်ဆီဖြစ်သည်။

သူ့ကို အခြေခံတည်ဆောက်ခြင်းအဆင့် ၈ ရောက်အောင် ကူညီပေးနိုင်၏။ ဘယ်လိုလုပ် လွဲချောလို့ဖြစ်မည်နည်း။

"ကျေးဇူးတင်ပါတယ်, စီနီယာအမစုန့်, ဒါပေမယ့် ငါ မင်းတို့ဂိုဏ်းဆုလဒ်ကို ထုတ်ယူရအုန်းမှာ...."

"ဆုလဒ်ထုတ်တဲ့နေရာက ဘယ်မှာလဲမသိဘူး..."

ဟမ်?...

စုန့်ပိုင်ယောင် ပဟေဠိဖြစ်သွား၏။

ဘယ်အချိန်က စိတ်ဝိညာဥ်သားရဲဂိုဏ်း ဆုကြေးငွေထုတ်ပြန်လိုက်သနည်း။

နောက်ဆုံးဆုလဒ်ကိစ္စက လွန်ခဲ့သည့်နှစ်ပေါင်းများစွာကပင်။

ထို့ပြင် ထိုအရာက တပည့်တစ်ယောက်ပြီးမြောက်နိုင်သည့်ကိစ္စမျိုးမဟုတ်ပေ။

All Chapters