← Chapters

အံံ့အားသင့်ဖွယ် ဆုလဒ်တာဝန်

Vol. 17 Ch. 239

အံံ့အားသင့်ဖွယ် ဆုလဒ်တာဝန်

Vol. 17 Ch. 239

စုန့်ပိုင်ယောင် ဘာဆုလဒ်လဲဆိုတာ မေးချင်၏။

သို့ပေမယ့် ဘေး၌ လူများစွာရှိနေ၍ သူမမေးလိုက်လျှင် ဂျန်ဖန်းအခြေအနေကို ထုတ်ဖော်ပြီး မနာလိုဖြစ်စေမှာကို စိုးရိမ်၏။

ထို့ကြောင့် သူမက မရဲတရဲသာမေးလိုက်သည်။

"ဆုလဒ်က မြင့်လား..."

ဆိုလိုသည်မှာ တန်ဖိုးမကြီးပါက ယီလန်ရှင်းကို ရှောင်ရှားဖို့ ထိုကိစ္စကို မေ့လိုက်ဖို့ပင်။

ဂျန်ဖန်း ကြာပန်းနက်ခေါင်းထည့်ထားသည့် အိတ်ကို မကြည့်လိုက်သည်။

"မဆိုးပါဘူး...."

ဂျန်ဖန်း စိတ်ဝိညာဥ်သားရဲဂိုဏ်းထဲဝင်ဖို့ စိတ်ပိုင်းဖြတ်ထားတာ မြင်သည့်အခါ စုန့်ပိုင်ယောင် နောက်ထပ်မတားတော့ပေ။

"ကောင်းပြီ,ဝမ်ဂျွန်, မင်း ဂျူနီယာမောင်လေးဂျန်ကို တာဝန်ခန်းမဆီခေါ်သွားလိုက်...."

"ရှန်ယန်, နင်က ဂျူနီယာညီမယွမ်ကို ဂျန်ဖန်းရောက်ပြီလို့သတင်းပို့လိုက်...."

စုန့်ပိုင်ယောင်က ယီလင်းရှန်နှင့်အခင်ဆုံးသူငယ်ချင်းဖြစ်ပြီး ဂျူနီယာညီမယွမ်နှင့်က တစ်မြို့တည်းသားတွေဖြစ်၏။

တစ်ဖက်ကိုကူညီဖို့က သူမအတွက်ခက်ခဲလှ၏။

ထို့ကြောင့် တစ်ဖက်မှမကူညီဖို့ ရွေးချယ်လိုက်၏။

ဂျန်ဖန်း သူ့ကျေးဇူးတင်မှုကို ဖော်ပြပြီး အမျိုးသမီးနှစ်ယောက်နှင့်အတူ ဝမ်ဂျန်အမည်ရှိ အမျိုးသမီးတပည့်နောက်လိုက်ကာ စိတ်ဝိညာဥ်သားရဲဂိုဏ်းထဲကို ဝင်ရောက်သွားခဲ့သည်။

ခဏကြာပြီးနောက်....

"ဂျူနီယာမောင်လေးဂျန်, ရှေ့ကဟာက တာဝန်ခန်းမပဲ။ ငါရှေ့ဆက်ပြီး အဖော်လုပ်မပေးနိုင်တော့ဘူး...."

သူမက စုန့်ပိုင်ယောင်လူဖြစ်သောကြောင့် သဘာဝအတိုင်း စုန့်ပိုင်ယောင်ကဲ့သို့ ကြားနေရမည်ဖြစ်သည်။

ဂျန်ဖန်း လက်ချင်းယှက်ပြီး ကျေးဇူးတင်လိုက်၏။

သူက မနေနိုင်ပဲ စိတ်ထဲမှာ သက်ပြင်းချလိုက်သည်။

အမျိုးသမီးများစွာရှိသောဂိုဏ်း၌ အမှန်တကယ်ပဲ အဖွဲ့တွေများလှ၏။

"ကျေးဇူးပြုပြီး ခဏစောင့်ပေးပါ, စီနီယာအမ၊ ကျွန်တော်ချက်ချင်းပြန်လာခဲ့ပါ့မယ်..."

ဂျန်ဖန်း တာဝန်ခန်းမထဲကို ဝင်ရောက်သွားခဲ့သည်။

သူက လူအနည်းငယ်သာတွေ့လိုက်ပြီး အားလုံးက အမျိုးသမီးတပည့်တွေဖြစ်ကာ ရောင်စုံဝတ်စုံကိုဝတ်ဆင်ထားကြ၏။

သူတို့အားလုံးက ပုံမှန်ဂိုဏ်းတာဝန်တွေကို လာအပ်ကြခြင်းဖြစ်သည်။

ပြင်ပဂိုဏ်းမှ အမျိုးသားတပည့်တစ်ယောက်ကို မြင်သည့်အခါ သူမတို့အားလုံး အံ့အားသင့်သည့်အမူအရာပြသလာ၏။

"ပြင်ပဂိုဏ်းအမျိုးသားတပည့်တစ်ယောက်က ဘယ်လိုလုပ် ငါတို့ဂိုဏ်းမှာ ပေါ်လာတာလဲ....."

"ပြီးတော့ ငါတို့ဂိုဏ်းကကော ဘယ်အချိန်က ပြင်ပဂိုဏ်းတွေကို တာဝန်တွေပေးလိုက်တာလဲ...."

"သူ နေရာမှားဝင်လာတာများလား....."

တပည့်မများ၏စိုက်ကြည့်မှုကို ရင်ဆိုင်ရသည့်အခါ ဂျန်ဖန်းတည်ငြိမ်နေဆဲဖြစ်ပြီး လူတန်းနောက်ဆုံးမှာ ရပ်လိုက်၏။

လက်ဖက်ရည်တစ်ခွက်စာအချိန်လောက်ကြာပြီးနောက်...

ရှေ့မှ အမျိုးသမီးတပည့်တွေ နောက်ဆုံးမှာ သူတို့တာဝန်ကို တင်ပြပြီးသွားကြ၏။

ဂျန်ဖန်းအလှည့်ရောက်သည့်အခါ ရုတ်တရက် အမျိုးသမီးတပည့်သုံးယောက် ခန်းမအပြင်ဘက်မှ ဝင်လာကြ၏။

ဦးဆောင်လာသည့်တစ်ယောက်က အသားဖြူအရပ်ရှည်ကာ အေးစက်အဖတ်မလှုပ်သည့်အသွင်အပြင်ရှိ၏။

သူမလမ်းလျှောက်လာစဥ် အမျိုးသမီးတပည့်တွေ လမ်းဖယ်ပေးလိုက်ကြ၏။

တစ်ယောက်မှ သူမလမ်းကို မပိတ်ရဲပေ။

သူမက တာဝန်ကောင်တာရှေ့တည့်တည့်ကို လျှောက်လာခဲ့ပြီး အပြင်ဂိုဏ်းဝတ်စုံနှင့်အမျိုးသားတပည့်တစ်ယောက်ကို မြင်သည့်အခါ မျက်မှောင်ကြုတ်လိုက်၏။

"နင်က ဘယ်သူလဲ...."

"ငါတို့တာဝန်ခန်းမကို ဘာလာလုပ်တာလဲ...."

ဂျန်ဖန်း ဤလှပသည့်အမျိုးသမီးတပည့်ကိုကြည့်လိုက်ပြီး တိုတိုတုတ်တုတ်ပြောလိုက်သည်။

"တာဝန်တင်ပြနေတာ...."

ပြောပြီးနောက် အထုပ်တစ်ထုပ် ကောင်တာပေါ်တင်လိုက်သည်။

သူက ဂိုဏ်းတာဝန်ခံကို ပြောလိုက်သည်။

"အကြီးအကဲ, ကျေးဇူးပြုပြီး စစ်ဆေးပေးပါအုန်း..."

အေးစက်စက်အမျိုးသမီး၏ အဖော်တပည့်မနှစ်ယောက် မျက်မှောင်ကြုတ်သွား၏။

လှပသည့်အမျိုးသမီးတပည့်တစ်ယောက် မကျေမနပ်ပြောလိုက်သည်။

"ဘေးဖယ်, ငါတို့စီနီယာအမ တာဝန်တင်ပြပြီးတဲ့ထိစောင့်...."

သူမက သူ့ကိုတွန်းဖယ်ဖို့ရှေ့တက်လာစဥ်...

အေးစက်စက်အမျိုးသမီး ဂျန်ဖန်းတင်ပြလိုက်သည့်အိတ်ကိုကြည့်လိုက်ရာ သွေးစွန်းနေတာကို ခပ်ရေးရေးမြင်လိုက်၏။

သူမ မနေနိုင်ပဲ စူးစမ်းချင်သွား၏။

စိတ်ဝိညာဥ်သားရဲဂိုဏ်းက လူသားဦးခေါင်းအမဲလိုက်သည့်တာဝန် ဘယ်အချိန်က ထုတ်ပြန်ခဲ့သနည်း။

သိချင်စိတ်ဖြင့် သူမအဖော်ကို တားလိုက်သည်။

"မရိုင်းနဲ့..."

"အပြင််ဂိုဏ်းတပည့်တစ်ယောက်ရှေ့မှာ မင်းပုံရိပ်ကို ထိန်းသိမ်းဖို့ သတိရ...."

သူမက ဂိုဏ်းအတွင်း၌ လွမ်းမိုးနိုင်စွမ်းရှိသော်လည်း....

အပြင်လူတစ်ယောက်ရှိနေသည်ဖြစ်၍ သတိထားရမည်ဖြစ်သည်။

ထိုမှသာ စိတ်ဝိညာဥ်သားရဲဂိုဏ်းတပည့်မများက အနိုင်ကျင့်ဗိုလ်ကျတတ်သည်ဟူသောအထင်အမြင်ကို ရှောင်ရှားနိုင်မှာဖြစ်သည်။

အဆူခံလိုက်ရသည့်တပည့်မ တွန့်ဆုတ်စွာဖြင့် နောက်ဆုတ်လိုက်သည်။

အမျိုးသမီးတပည့်တွေပြည့်နေသည့်အခန်းထဲ၌ အားလုံးကအထုပ်ကို စူးစမ်းသောမျက်လုံးများဖြင့် ကြည့်နေကြသည်။

တာဝန်ခံတောင် အံ့အားသင့်သည့်အမူအရာ ပြသလာ၏။

"ဒီကအပြင်ဂိုဏ်းတပည့်, ဒါက ငါတို့ဂိုဏ်းတာဝန်ဆိုတာ သေချာလား..."

တာဝန်ခမ်းမ၏ တာဝန်ခံအနေဖြင့် သူမက စိတ်ဝိညာဥ်သားရဲဂိုဏ်းတာဝန်အားလုံးကို ကောင်းကောင်းသိ၏။

အများစုက သားရဲဥအမျိုးမျိုး၊ သားရဲပေါက်၊ စိတ်ဝိညာဥ်သားရဲနှင့်ပတ်သက်သည့် ကောင်းကင်နှင့်မြေကြီးရတနာ တွေကို ရှာရတာဖြစ်သည်။

ဘယ်အချိန်က လူသားဦးခေါင်းတစ်လုံး တောင်းဆိုမိသနည်း။

ဂျန်ဖန်းပြောလိုက်သည်။

"အကြီးအကဲ စစ်ဆေးကြည့်ရင်သိပါလိမ့်မယ်...."

ထိုအရာကိုကြားသည့်အခါ တာဝန်ခံ ပိုလို့တောင် ပဟေဠိဖြစ်သွား၏။

သံသယဖြင့် သူမက အထုပ်ကို ဖွင့်ကြည့်လိုက်သည့်အခါ မျက်လုံးပြူးသွေးစွန်းနေသည့် ဦးခေါင်းတစ်လုံးပေါ်လာခဲ့သည်။

စိတ်ပိုင်းဆိုင်ရာပြင်ဆင်ထားသော်လည်း အမျိုးသမီးတပည့်များစွာ တုန်လှုပ်စွာ အော်ဟစ်လိုက်ကြ၏။

"တကယ်လူခေါင်းကြီးဟ..."

"ဒါ ဘယ်သူ့ခေါင်းလဲ...."

"ငါတို့ဂိုဏ်း ဘယ်အချိန်က လူခေါင်းတောင်းဆိုလိုက်တာလဲ...."

တာဝန်ခံလည်းအံ့အားသင့်သွားပြီး မနေနိုင်ပဲ နောက်ကို အနည်းငယ်ဆုတ်သွား၏။

သူမတည်ငြိမ်ဖို့အချိန်အတော်ကြာယူလိုက်ရပြီး ခေါင်းအသွင်အပြင်ကိုစစ်ဆေးလိုက်၏။

သူမကြည့်လေလေ အသွင်အပြင်က ပိုရင်းနှီးလေလေဖြစ်သည်။

ချက်ချင်းပဲ ထောင့်နားမှ အဝါရောင်တာဝန်စာအုပ်ကို ဆွဲယူလိုက်သည်။

ထိုထဲ၌ နှစ်တစ်လျှောက်အမျိုးမျိုးသော တာဝန်များအားလုံး၏အချက်အလက်တွေနှင့် ရုပ်ပုံများ ပါဝင်၏။

တစ်ခဏ လှန်လှောကြည့်လိုက်ပြီး နောက်ဆုံးမှာ လူသားရုပ်ပုံတစ်ခုတွေ့လိုက်၏။

ရှေ့ရှိခေါင်းနှင့်ယှဥ်ကြည့်လိုက်သည့်အခါ သူမတုန်လှုပ်သွား၏။

"ဒီတာဝန်က တကယ်ရှိတာပဲ...."

"တာဝန်အသေးစိတ်ကို ငါစစ်ဆေးကြည့်လိုက်အုန်းမယ်...."

အေးစက်စက်အမျိုးသမီးနှင့် တပည့်မများစွာလည်း အံ့အားသင့်သွားကြ၏။

ဂိုဏ်းက ဘယ်တုန်းက ထိုကဲ့သို့တာဝန်မျိုး ထုတ်ပြန်ခဲ့သနည်း။

သူမတို့ ဘာကြောင့် လုံးဝမမှတ်မိရသနည်း။

အေးစက်စက်အမျိုးသမီး ရုတ်တရက် လွန်ခဲ့သည့်နှစ်များစွာက တာဝန်တစ်ခုကို ပြန်တွေးမိလိုက်သည်။

ထိုတာဝန်က စိတ်ဝိညာဥ်သားရဲဂိုဏ်းနယ်စပ်မှာ ခြေကုတ်ယူထားသည့်ကြာပန်းနက်ဓားပြအဖွဲ့ကို ရှင်းလင်းရန်ဖြစ်သည်။

သို့ပေမယ့် ထုတ်ပြန်လိုက်သည့်အခါ ဘယ်သူမှ ထိုတာဝန်ကို မယူခဲ့ကြပေ။

တဖြည်းဖြည်းဖြင့် ထိုအရာကို လူတွေက မေ့လျော့သွားကြသည်။

သို့ပေမယ့် ထိုအရာက ကြာပန်းနက်ဓားပြအဖွဲ့ဖြစ်၏။

အနည်းငယ်အားနည်းသည့်အကြီးအကဲတောင် သူတို့နှင့်တစ်ယောက်တည်းရင်ဆိုင်ရလျှင် ရုန်းကန်ရမည်ဖြစ်သည်။

ဂျန်ဖန်းက အသက်ဘယ်လောက်ရှိသေးလို့နည်း?...

တပည့်အသစ်တစ်ယောက်သာ ရှိသေး၏။

ဘယ်လိုလုပ် သူက ကြာပန်းနက်အဖွဲ့ကို သတ်နိုင်မည်နည်း။

သို့ပေမယ့် တာဝန်ခံ တာဝန်အသေးစိတ်ကို စစ်ဆေးပြီးနောက် အာမေဠိတ်သံကျယ်လောင်စွာထွက်ပေါ်လာ၏။

"ဘုရားရေ, ဒါက စိတ်ဝိညာဥ်ဂိုဏ်းရဲ့နံပါတ်တစ်တာဝန်ပဲ...."

ထိုအရာက နံပါတ်တစ်တာဝန်ဆိုတာ သိပြီးနောက် အမျိုးသမီးတပည့်တွေအားလုံး အံ့အားသင့်သွားကြ၏။

"နံပါတ် ၁ တာဝန်? လွန်ခဲ့တဲ့ ၁၀ စုနှစ်အတွင်း ငါတို့ စိတ်ဝိညာဥ်သားရဲဂိုဏ်းမှာ နံပါတ်တစ် တာဝန် သုံးခုပဲ ရှိတာ..."

"ငါနားကြားမမှားပါဘူးနော်? နံပါတ် ၁ တာဝန်က အကြီးအကဲတွေမှ ပြီးမြောက်နိုင်ကြတာမလား...."

"ဒီအပြင်ဂိုဏ်းတပည့်က နံပါတ် ၁ တာဝန်ကို ပြီးမြောက်နိုင်တယ်တဲ့လား...."

အေးစက်စက်အမျိုးသမီး၏ လှပသည့်မျက်လုံးတွေ တုန်ယင်သွားပြီး ရှေ့တက်ကာ မေးလိုက်သည်။

"ဒီတာဝန်က ကြာပန်းနက်ဓားပြအဖွဲ့ကို သုတ်သင်တဲ့ဟာလား..."

တာဝန်ခံအသံ စိတ်လှုပ်ရှားနေခဲ့သည်။

"ဟုတ်တယ်, ဒါက ကြာပန်းနက် ဆုလာဒ်တာဝန်ပဲ...."

"ငါးနှစ်တောင်ရှိပြီ။ နောက်ဆုံးတော့ တစ်ယောက်ယောက်က ဒါကို ပြီးမြောက်ခဲ့ပြီ....."

တကယ်ပဲ ကြာပန်းနက်ဆုလဒ်တာဝန်ဆိုတာ သိသွားသည့်အခါ....

အေးစက်စက်အမျိုးသမီးတပည့် ဂျန်ဖန်းကို မယုံနိုင်စွာကြည့်ပြီး မေးလိုက်သည်။

"ဒီက... ဂျူနီယာမောင်လေး,နင်က ဘယ်သူ့တပည့်လဲဆိုတာ မေးလို့ရမလား...."

ဂျန်ဖန်း သူ့ဂုဏ်သတင်းက ပြဿနာဖြစ်စေမည်ကို မလိုလားပေ။

သူက ပြောလိုက်သည်။

"တိမ်စိမ်းဂိုဏ်း, မျိုးရိုးက ဂျန်ပါ...."

ထို့နောက် သူက တိုက်တွန်းလိုက်သည်။

"အကြီးအကဲ, ကျေးဇူးပြုပြီး တာဝန်ကို မြန်မြန်လေးအတည်ပြုပေးပါ...."

တာဝန်ခံအသိပြန်ဝင်လာပြီး ဦးခေါင်းကို စေ့စေ့စပ်စပ် ထပ်မံစစ်ဆေးလိုက်၏။

သေချာစွာစစ်ဆေးပြီးနောက် သူမပျော်ရွင်သည့်အမူအရာ ပြသလာ၏။

"ဒါ တကယ်ပဲ ကြာပန်းနက်ဦးခေါင်းပဲ..."

"တာဝန်လိုအပ်ချက်အရ, ကြာပန်းနက်ဦးခေါင်းယူလာနိုင်ရင် တာဝန်ပြီးမြောက်တယ်လို့ ပြောလို့်ရတယ်...."

"မင်းက တာဝန်ကို ပြည့်ပြည့်စုံစုံပြီးမြောက်ခဲ့တယ်...."

"ဒါပေမယ့်....."

တာဝန်ခံ တောင်းပန်သည့်အမူအရာပြသလာ၏။

"ကြာပန်းနက်အဖွဲ့သုတ်သင်တဲ့တာဝန်ရဲ့ ဆုလဒ်က အရမ်းတန်ဖိုးကြီးလွန်းတယ်...."

"ဒါကိုထုတ်ပေးဖို့ ဂိုဏ်းချုပ်ခွင့်ပြုချက်လိုတယ်...."

"ကျေးဇူးပြုပြီး ခဏစောင့်ပါ, အပြင်ဂိုဏ်းဧည့်သည်။ ငါ ဂိုဏ်းချုပ်ကို တင်ပြလိုက်အုန်းမယ်...."

ထိုအရာက ဂုန်ချိုင်ယီကိုတောင် အသိပေးဖို့လိုသည်လား?

ဤအလွန်စိတ်အားထက်သန်သည့်ဂိုဏ်းချုပ်ကို သူအတော်လေးကြောက်၏။

သို့ပေမယ့် စည်းမျဥ်းဆိုမှတော့ လိုက်နာရမည်ပင်။

ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရင်း ထိုင်ဖို့ နေရာတစ်ခုရှာလိုက်၏။

အေးစက်စက်အမျိုးသမီးပြုံးလိုက်သည်။

"ဟွာယွင်, ဂျူနီယာမောင်လေးဂျန်အတွက် ထိုင်ခုံယူလာပေး..."

ထိုအရာကိုကြားသည့်အခါ ဆံပင်အရောင်ဖျော့ဖျော့နှင့် အမျိုးသမီးတပည့်မတစ်ယောက် အလျှင်အမြန်ပဲ ထိုင်ခုံနှစ်ခု ယူလာခဲ့သည်။

သူက လေးလေးစားစားပဲ တစ်လုံးကို ဂျန်ဖန်းပေးလိုက်ပြီး နောက်တစ်ခုကို အေးစက်စက်အမျိုးသမီးကို ပေးလိုက်သည်။

"ကျေးဇူးပြုပြီးထိုင်ပါ, ဂျူနီယာမောင်လေးဂျန်...."

အေးစက်စက်အမျိုးသမီး ထိုင်လိုက်ပြီး မျက်လုံးတွေ စူးစမ်းချင်စိတ်တွေအပြည့်ပင်။

"ငါကြားတာတော့ ကြာပန်းနက်က အခြေခံတည်ဆောက်ခြင်းအဆင့် ၉ ဆို။ ဒါတောင် ဂျူနီယာမောင်လေးဂျန်က သတ်နိုင်ခဲ့တာပဲ...."

ဂျန်ဖန်း ပေါ့ပေါ့ပါးပါးထိုင်လိုက်ပြီး နှိမ့်ချစွာပြောလိုက်သည်။

"ကံကောင်းသွားရုံပါ...."

ကံကောင်းတယ်?....

အေးစက်စက်အမျိုးသမီးလည်း ဂျန်ဖန်းကံကောင်းသွားသည်ဟု တွေးလိုက်မိ၏။

ဒဏ်ရာအပြင်းအထန်ရနေသည့် ကြာပန်းနက်နှင့်တွေ့လျှင် အခြေခံတည်ဆောက်ခြင်းအဆင့် ၈ ဖြစ်သည့်သူမတောင် သတ်နိုင်၏။

အဆုံးမှာတော့, အဆင့် ၈ နှင့် အဆင့် ၉ ကြားက ခြားနားချက်က သိပ်မကြီးပေ။

ဂျန်ဖန်း ဤကဲ့သို့အခြေအနေကို အခွင့်ကောင်းယူခဲ့တာ ဖြစ်နိုင်ချေအရှိဆုံးဖြစ်သည်။

ထို့ကြောင့် သူမ အစ်အောက်မေးလိုက်၏။

"ဂျူနီယာမောင်လေးဂျန်က နှိမ့်ချနေပြန်ပြီ။ ဒါပေမယ့် စီနီယာအမ သိချင်တာက ကြာပန်းနက်နဲ့တိုက်ပွဲက အန္တရာယ်များခဲ့လားဆိုတာပဲ...."

ပတ်ဝန်းကျင်ရှိ အမျိုးသမီးတပည့်တွေလည်း စူးစမ်းစွာကြည့်လိုက်ကြ၏။

သူတို့အားလုံးလည်း ကြာပန်းနက်၏တိုက်ပွဲစွမ်းရည်ကို သိချင်ကြ၏။

သို့ပေမယ့် ဂျန်ဖန်း တိုတိုတုတ်တုတ်သာ ဖြေလိုက်သည်။

"မဟုတ်ပါဘူး။ ချောချောမွေ့မွေ့ပါပဲ..."

ချောချောမွေ့မွေ့?...

ဂျန်ဖန်း အခွင့်ကောင်းယူခဲ့တယ်ဆိုတာ အေးစက်စက်အမျိုးသမီး ပိုလို့တောင် ယုံကြည်သွား၏။

ကြာပန်းနက်၏ရက်စက်ကြမ်းတမ်းမှုကို အနည်းငယ် တွေးကြည့်ရုံနှင့်တောင် သိနိုင်၏။

သူမကို သတ်ရတာက အလွန်ခက်ခဲသင့်၏။

ချောချောမွေ့မွေ့ဆိုလျှင် ကြာပန်းနက်ဒဏ်ရာအပြင်အထန်ရနေရမည်ဖြစ်သည်။ သိမဟုတ် သေပြီးသားဖြစ်ရမည်ပင်။ သူက အခွင်းကောင်းယူပြီး သူမဦးခေါင်းကို ဖြတ်လာရုံသာဖြစ်သည်။

ထိုအရာကိုတွေးပြီး သူမ မနေနိုင်ပဲ မနာလိုဖြစ်သွား၏။

လူအချို့က ဤလောက်ထိကံကောင်းတာ မယုံနိုင်စရာပင်။

ဤကဲ့သို့အခွင့်အရေးကြီးကို ရခဲ့၏။

ဝှစ်! ဝှစ်! ဝှစ်!

ထိုအချိန်၌....

ခိုတစ်ကောင်ပျံသန်းဝင်လာပြီး နှုတ်သီး၌ စာတစ်စောင်ကိုက်ချီလာခဲ့သည်။ ၎င်းက စာကို တာဝန်ခံစားပွဲ၌ထားပြီးနောက် အဝေးကိုပျံသန်းထွက်ခွာသွားခဲ့သည်။

မည်သည့်အမျိုးသမီးတပည့်မှ ထိုအရာကို သာမန်ကာဆန်ကာ မဖတ်ရဲပေ။

အေးစက်စက်အမျိုးသမီး သန်မာသလို ပြုမူလေ့ရှိသဖြင့် ပြောလိုက်သည်။

"ဒါက အပြင်ကိုခရီးသွားတဲ့တပည့် တာဝန်ခံဆီကိုပို့တဲ့စာပဲ..."

"ငါဖတ်ကြည့်လိုက်မယ်....."

သူမက စာကို ပေါ့ပေါ့ပါးပါး ယူလိုက်ပြီး ဖွင့်ကြည့်လိုက်သည့်အခါ အံ့အားသင့်သည့်အမူအရာ ပြသလာ၏။

"ဒါ စီနီယာအမကျန်းရွယ်မိုဆီကပဲ...."

"ကြာပန်းနက်အကြောင်းပါလား...."

သို့ပေမယ့် သူမ အကြောင်းအရာကို ရှင်းရှင်းလင်းလင်းဖတ်ပြီးနောက်...

မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခုံပေါ်မှ ရုတ်တရက် ထရပ်လိုက်၏။

သူမ၏လှပသည့်မျက်လုံးတွေက ဘေးမှာထိုင်နေသည့်လူငယ်လေးကို ထိတ်လန့်တကြားစိုက်ကြည့်နေခဲ့သည်။

ထိုတည်ငြိမ်အေးဆေးသည့်ပုံရိပ်....

All Chapters