← Chapters

တိုင်ကြားခြင်း

Vol. 17 Ch. 241

တိုင်ကြားခြင်း

Vol. 17 Ch. 241

ယီလန်ရှင်း...

အမြဲတမ်းမောက်မာပြီး မာနကြီးသူတစ်ယောက်....

တကယ်ပဲ ဂျန်ဖန်းကို လက်ဖက်ရည်ဆက်သနေသည်လား...

သူမ တစ်ခဏ စိတ်ရှုပ်သွားပြီး တစ်ခုခုမှားနေသလားဆိုတာ သိချင်နေ၏။

သူမ၏ဆရာမှလွဲ၍ ယီလန်ရှင်း မည်သူကိုမှ ဤကဲ့သို့လေးစားမှုမပြဘူးပေ။

သူမ သံသယဖြင့်လျှောက်ဝင်လာပြီး ယီလန်ရှင်းကို သတိထားကြည့်လိုက်သည်။

"နင် ဒီလက်ဖက်ရည်ထဲမှာ တစ်ခုခုတော့ထည့်မထားဘူးမလား...."

ယီလန်ရှင်းနှင့် ယွမ်ကျီယုက အမြဲတမ်း မတည့်ကြပေ။

ယခု သူမက ဂျန်ဖန်းကို လက်ဖက်ရည်ဆက်သနေပြီး မိတ်ဆွေဖြစ်ချင်နေခဲ့သည်။

ထိုအရာကို ယွမ်ကျီယုက လက်ဖက်ရည်နှင့်ပတ်သက်ပြီး မေးခွန်းထုတ်လာထုတ်နေ၏။

မည်သူ ဒေါသမထွက်ပဲနေမည်နည်း။

"ယွမ်ကျီယု..."

ယီလန်ရှင်း အော်လိုက်၏။

"ဂျူနီယာမောင်လေးဂျန်ရှိနေလို့ ဒီနေ့ ငါနင်နဲ့ စကားမများချင်ဘူး...."

"ဒါပေမယ့် နင့်စကားကို သတိထားပြောတာ ပိုကောင်းမယ်။ မဟုတ်ရင် ငါရိုင်းမှ အပြစ်မတင်နဲ့...."

ဂျန်ဖန်း တစ်ခဏအံ့အားသင့်သွား၏။

သူတို့ပြောဆိုပုံအရ, အမျိုးသမီးနှစ်ယောက်က ဆက်ဆံရေးကောင်းပုံမရပေ။

သူက လက်ဖက်ရည်ကိုယူပြီး ယွမ်ကျီယုရှေ့မှာ သောက်ကာ အခြေအနေကို မတင်းမာစေဖို့ ကြိုးစားလိုက်၏။

"စီနီယာအမယွမ်, မင်းနားလည်မှုလွဲနေပြီ...."

"ဒီကစီနီယာအမက ငါ့ကို စိတ်ရင်းနဲ့ လက်ဖက်ရည်ဧည့်ခံနေတာပါ..."

စိတ်ရင်းနဲ့လက်ဖက်ရည်ဧည့်ခံတယ်?...

ယွမ်ကျီယု ယီလန်ရှင်းဆီ၌ ကြင်နာမှုအရိပ်အယောင် တစ်စွန်းတစ်စမှ မမြင်ပေ။

သူမက သတိပေးလိုက်သည်။

"ဂျူနီယာမောင်လေးဂျန်, နင်က စိတ်ဝိညာဥ်သားရဲဂိုဏ်းကို ခုမှရောက်တာ။ ဒီဟာမ ဂိုဏ်းထဲမှာ ဘယ်လောက်အထက်စီးဆန်လဲဆိုတာ နင်မသိဘူးနော်..."

"သူက ကြက်တွေနဲ့နှစ်သစ်ကူးပွဲကျင်းပတဲ့ မြေခွေးမလိုပဲ။ သူမကို မယုံမိစေနဲ့...."

(ဉာဏ်နီဉာဏ်နက်များတာကို ဆိုတာပါ။)

ယီလန်ရှင်း လက်သီးကျစ်ကျစ်ပါအောင်ဆုပ်လိုက်၏။

သူမပုံက ယွမ်ကျီယုနှင့် တိုက်ခိုက်ဖို့အသင့်ဖြစ်နေပုံပင်။

သူမက ဂျန်ဖန်းနှင့်မိတ်ဆွေဖြစ်ဖို့ကြိုးစားနေတာဖြစ်၏။ သို့ပေမယ့် ယွမ်ကျီယုက သူမသဘာဝကို ထုတ်ဖော်ခဲ့၏။

သို့ပေမယ့် ယွမ်ကျီယုနှင့် ဂျန်ဖန်းတို့ တစ်ယောက်နှင့်တစ်ယောက်သိတာကို သူမသတိထားမိ၏။

ထို့ပြင် အလွန်လည်းရင်းနှီးပုံပေါ်၏။

ထိုအရာက သူမကို ကြမ်းတမ်းစွာလုပ်ဆောင်ဖို့ တွေဝေသွားစေ၏။

သူမက ဂျန်ဖန်းဖက်လှည့်ကာ နစ်နာသည့်အမူအရာဖြင့် ပြောလိုက်သည်။

"ငါမလုပ်ပါဘူး။ ဂျူနီယာမောင်လေးဂျန်, သူ့ရဲ့အလိမ်အညာစကားတွေကို မယုံပါနဲ့...."

ယွမ်ကျီယု ပြန်လည်ချေပလိုက်၏။

"နင့်စကားတွေကသာ မယုံရတာ...."

ယီလန်ရှင်း သူ့ဒေါသကိုထိန်းပြီး ပြောလိုက်သည်။

"နင်ကကော အထက်စီးမဆန်ဘူးလား? ဘယ်လိုတောင် အခြားလူကို စွပ်စွဲရဲရတာလဲ..."

ယွမ်ကျီယူ ပြန်ပြောလိုက်သည်။

"နင့်လောက်တော့ မမောက်မာဘူး...."

"နင်ကသာမောက်မာတဲ့သူ..."

"နင်ကမှ မောက်မာတာ..."

ခန်းမထဲရှိ အမျိုးသမီးတပည့်များစွာ သူတို့နှစ်ယောက်ငြင်းခုံနေတာကို မျက်တောင်မခတ်ပဲ ကြည့်နေကြသည်။

သူတို့ကြောင်အနေ၏။

ပုံမှန်ဆို ဂိုဏ်းထဲမှာ လွမ်းမိုးမှုရှိသည့်အမျိုးသမီးနှစ်ယောက်က ဂျန်ဖန်းယုံဖို့အတွက် အပြင်းအထန်ငြင်းခုံနေကြသည်။

တစ်ခဏအံ့အားသင့်နေပြီးနောက်, နှစ်ယောက်လုံး မငြင်းခုံနိုင်ကြတော့ပေ။

ယွမ်ကျီယု ဒေါသတကြီးပြောလိုက်သည်။

"ဂျူနီယာမောင်လေးဂျန်, နင် သူ့ကိုယုံလား။ ငါ့ကိုယုံလား..."

ယီလန်ရှင်းလည်း ပြောလိုက်သည်။

"ဂျူနီယာမောင်လေးဂျန်, နင် တာဝန်ခန်းမကိုရောက်ကတည်းက ငါ နင့်ကို ဆိုးဆိုးဝါးဝါးဆက်ဆံဖူးလား? ငါ့စကားတွေက ယုံကြည်ရဖို့ မထိုက်တန်ဘူးလား..."

သူမတို့နှစ်ယောက်က ဂျန်ဖန်းကိုအပြင်းအထန်ကြည့်နေကြပြီး ကျင်းထဲကြပ်ထဲရောက်သွားစေ၏။

ထိုစဥ်...

အမျိုးသမီးတပည့်မတစ်ယောက် ယီလန်ရှင်းဆီ ပြေးလာပြီး တီးတိုးပြောလိုက်သည်။

"စီနီယာအမ, မင်းဝမ်းကွဲ ဒီရောက်နေတယ်...."

"သူက နင့်ကို တစ်ဂိုဏ်းလုံးပတ်ရှာနေတာ....'

လုရှင်းဟီ?....

ယီလန်ရှင်းနူးညံ့သည့်မျက်ခုံးလေးတွေ တွန့်ခေါက်သွား၏။ ဘာကြောင့် သူက ဤအချိန်မှာ ရောက်လာရသနည်း။

သူမက ဂျန်ဖန်းယုံကြည်မှုကိုရဖို့ အရေးကြီးအခိုက်အတန့်ရောက်နေတာဖြစ်သည်။

သို့ပေမယ့် လုရှင်းဟီအရေးတကြီးဖြစ်နေတာမြင်သည့်အခါ လျစ်လျူရှုမထားနိုင်ပေ။

သူမက ဂျန်ဖန်းကို တွန့်ဆုတ်စွာဖြင့်ပြောလိုက်သည်။

"ဂျူနီယာမောင်လေးဂျန်, စီနီယာအမ လုပ်စရာလေးရှိသေးလို့၊ ခဏနေ ချက်ချင်းပြန်လာခဲ့မယ်..."

ပြောပြီးနောက် အလျှင်အမြန်ထွက်ခွာသွားခဲ့သည်။

ယွမ်ကျီယု နောက်ဆုံးမှာ သူမသွားဖြူဖြူလေးတွေပေါ်သည်အထိ ပြုံးလိုက်သည်။

"ဂျူနီယာမောင်လေးဂျန်, မတွေ့ရတာကြာပြီ...."

သူမက ဂျန်ဖန်းကို အပြုံးတစ်ခုနှင့်ကြည့်လိုက်၏။

တစ်လကြာပြီးနောက် ဂျန်ဖန်းလုံးဝပြောင်းလဲသွားပြီပင်။

အသားအရည်ကချောမွေ့ဖြူစင်ပြီး အပြစ်အနာဆာ ကင်းမဲ့လှ၏။ အစွန်းအထင်းတစ်ခုမှမရှိပေ။

သူမမနေနိုင်ပဲ မနာလိုဖြစ်သွားပြီး စနောက်လိုက်၏။

"ဂျူနီယာမောင်လေးဂျန်, အဲ့ဒီမောက်မာတဲ့မိန်းမကို လက်ဖက်ရည်ဧည့်ခံခိုင်းနိုင်တာ မအံ့သြတော့ပါဘူး..."

ဂျန်ဖန်း မျက်လုံးလှန်လိုက်၏။

သူ့ကောလဟာလတွေက မလုံလောက်သေးဘူးလား?..

"စီနီယာအမယွမ်, မင်းဒီကိုဘာလာလုပ်တာလဲ...."

ဂျန်ဖန်းမေးလိုက်သည်။

ယွမ်ကျီယု ပြောလိုက်သည်။

"ငါ့နင့်ကိုစိုးရိမ်လို့လေ..."

"ငါကြားတာ နင်ယီလန်ရှင်းဝမ်ကွဲကို ရန်စခဲ့တယ်တဲ့။ နင်ပြဿနာဖြစ်မှာစိုးလို့ ရောက်လာခဲ့တာ..."

"ဘယ်သူသိမှာလဲ, ငါအတွေးလွန်သွားတာဖြစ်နေတယ်။ ဂျူနီယာမောင်လေးဂျန်က သူမကို အကြည့်တစ်ချက်နဲ့ အနိုင်ရလိုက်တာပဲ...."

နေပါအုန်း...

ဂျန်ဖန်း တစ်ခဏအံ့သြသွားပြီး ပြောလိုက်သည်။

"ခုနကဟာက တကယ်ပဲ စီနီယာအမယီလန်ရှင်းလား..."

ယွမ်ကျီယု ပိုလို့တောင် အံ့အားသင့်သွား၏။

"ဘာ?, နင် သူဘယ်သူလဲဆိုတာ မသိဘူးပေါ့...."

ဒီတော့ တစ်ချိန်လုံး သူမက လုရှင်းဟီပြောသည့်စစ်ကူဖြစ်နေတာပင်။

ဂျန်ဖန်း ဆွံ့အသွားပြီး ရေရွတ်လိုက်၏။

"ကြည့်ရတာ သူမက ဆက်ဆံရမခက်ပုံပဲ..."

"သူမကို ကျိုးသင့်ကြောင်းသင့်ပြောရင်, လုရှင်းဟီဘက်က ပါမယ်မထင်ဘူး..."

ယွမ်ကျီယု မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။

"ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..."

"နင်က ယီလန်ရှင်းနဲ့ တစ်ခါပဲတွေ့ဖူးတာလေ..."

"လုရှင်းဟီက သူမရဲ့ဂုဏ်ယူမှုနှင့် ပျော်ရွင်မှုပဲ။ နင်က သူ့ကို ဒဏ်ရာရအောင်လုပ်ခဲ့တာ။ ဘယ်လိုလုပ်ပြီး နင့်ကို လွတ်ပေးမှာလဲ...."

"ပြဿနာတွေရှောင်ရှားဖို့, ဂိုဏ်းချုပ်ကိုတွေ့ဖို့ နင်ငါနဲ့လိုက်ခဲ့သင့်တယ်...."

"သူမနင့်ကိုမြင်ရင် အရမ်းပျော်သွားမှာ...."

ဂျန်ဖန်း ဂုန်ချိုင်ယီနှလုံးသားထဲမှာ ဘယ်လောက်ထိနောင်တတရားတွေထားခဲ့လဲ သူမကောင်းကောင်းသိ၏။

သူ စိတ်ဝိညာဥ်သားရဲဂိုဏ်းရောက်နေမှန်းသာသိလျှင် သေချာပေါက် အံ့အားသင့်သွားမည်ပင်။

ဂျန်ဖန်း ဂုန်ချိုင်ယီနှင့်တွေ့ဆုံဖို့ ကိစ္စမရှိသော်လည်း အချိန်မကျသေးပေ။

"ကျွန်တော် တာဝန်ခံ ဆုလဒ်သွားယူတာ စောင့်နေတာ...."

ယွမ်ကျီယု ပဟေဠိဖြစ်သွား၏။

"တာဝန်ဆုလဒ်..."

သူမ အနည်းငယ် စိတ်ရှုပ်သွား၏။

စိတ်ဝိညာဥ်သားရဲဂိုဏ်းက အပြင်လူတွေအတွက် တာဝန်ချပေးခဲ၏။

ရှိခဲ့လျှင်တောင် အလွန်ခက်ခဲပြီး ဂျန်ဖန်းလို ဂျူနီယာတပည့်တစ်ယောက် ပြီးမြောက်နိုင်သည့်အရာမဟုတ်ပေ။

"နင်က ဘယ်တာဝန်ပြီးမြောက်ခဲ့တာလဲ..."

ဂျန်ဖန်းပြောလိုက်သည်။

"ကြပန်းနက်ဓားပြအဖွဲ့ တာဝန်...."

ဟမ်?...

ယွမ်ကျီယူ မျက်တောင်ခတ်ပြီး ပြောလိုက်သည်။

"ဂျူနီယာမောင်လေးဂျန်, နင်ဘယ်အချိန်က ဟာသတွေပြောတတ်သွားတာလဲ...."

ကြာပန်းနက်ဓားပြအဖွဲ့တာဝန်က ထုတ်ပြန်ထားတာ လေးနှစ်လောက်ရှိပြီဖြစ်သည်။

ထိုအချိန်အတွင်း အမြုတေဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူတောင် ကြိုးစားခဲ့၏။ သို့ပေမယ့် ဓားပြအဖွဲ့က အရိပ်လိုသာလှုပ်ရှားသည့်အတွက် တစ်ယောက်မှ မတွေ့ရပေ။ သုတ်သင်ဖို့တော့ ပြောနေစရာကို မလိုတော့ပေ။

ဂျန်ဖန်းက ဘယ်အဆင့်မို့ ထိုတာဝန်ကို ပြီးမြောက်နိုင်သနည်း။

ထိုအရာက ဟာသတစ်ခုသာဖြစ်သည်။

သို့ပေမယ့် မကြာခင်, ယွမ်ကျီယုအံ့အားသင့်သွားစေသည့်မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

တာဝန်ခန်းမ တာဝန်ခံ အမောတကောဖြင့် အပြေးရောက်လာခဲ့သည်။

သူမမျက်နှာက စိတ်လှုပ်ရှားမှုတွေ အပြည့်ပင်။

"ဂျူနီယာမောင်လေးဂျန်,.... ဂိုဏ်းချုပ်ဂုန်ကနင့်ကို... ဂိုဏ်းသခင်တောင်ထိပ်လာခဲ့ပါတဲ့...."

"သူမက နင့်ကို လူကိုယ်တိုင်တွေ့ချင်တယ်တဲ့....."

ကြာပန်းနက်ဓားပြအဖွဲ့တာဝန်က သူမအာရုံကို တိုက်ရိုက်ဆွဲဆောင်သွားခဲ့သည်။

ထိုတာဝန်ကို ဘယ်သူပြီးမြောက်ခဲ့လဲ သူမအတော်သိချင်၏။

ထို့ကြောင့် တာဝန်ပြီးမြောက်သူကို လူကိုယ်တိုင်တွေ့ဖို့ခေါ်လိုက်တာဖြစ်သည်။

ဂျန်ဖန်း တစ်ခဏတွေးပြီး ပြောလိုက်သည်။

"ကောင်းပါပြီ...."

ထိုအရာက ယီလန်ရှင်းနှင့်သူမဝမ်းကွဲ၏ အငြင်းပွားမှုကို ရှောင်ရှားဖို့ အကောင်းဆုံးနည်းလမ်းဖြစ်သည်ဟု ယွမ်ကျီယုတွေးနေစဥ်မှာပဲ....

"ကျေးဇူးပြုပြီး လမ်းပြပါ..."

ဂျန်ဖန်း တာဝန်ခံနောက်ကို လိုက်သွားခဲ့သည်။

တစ်ခဏကြာတော့ သူ ယွမ်ကျီယုလိုက်မလာတာကို သတိထားမိလိုက်၏။

တစ်ဖက်လှည့်ပြီး အံ့အားသင့်စွာပြောလိုက်သည်။

"စီနီယာအမယွမ်, ဘာမှားနေလို့လဲ...."

ယွမ်ကျီယု အသိပြန်ဝင်လာပြီး ဂျန်ဖန်းကို အံ့သြတကြီး ကြည့်လိုက်သည်။

"နင်...နင် တကယ်ပဲ ကြာပန်းနက်တာဝန်ကို ပြီးမြောက်ခဲ့တာလား..."

"ဘယ်လိုလုပ်ခဲ့တာလဲ...."

ဂျန်ဖန်း တစ်ယောက်တည်းဖြင့် ဤကဲ့သို့ခက်ခဲသည့်တာဝန်ကို ဘယ်လိုပြီးမြောက်အောင်လုပ်ခဲ့လဲဆိုတာ သူမ နားမလည်နိုင်တော့ပေ။

ဂျန်ဖန်းရယ်ပြီး ပြောလိုက်သည်။

"ပြီးကျရင် ဂိုဏ်းချုပ်ဂုန်လည်း ဒီမေးခွန်းမေးအုန်းမှာပဲ...."

"အဲ့ကျရင် ငါမင်းတို့နှစ်ယောက်လုံးကို ဖြေပေးမယ်...."

ပြောပြီးနောက် ယွမ်ကျီယုသံသယအပြည့်ဖြင့် ဂျန်ဖန်းနှင့်ဘေးချင်းယှဥ်လျှောက်ထွက်လာခဲ့သည်။

ခန်းမအပြင်၌...

ယီလန်ရှင်း လုရှင်းဟီကိုကြည့်ပြီး သူ၏မျက်ရည်ပိုးပိုးပေါက်ပေါက်ကျတိုင်တန်းမှုကို နားထောင်နေခဲ့သည်။

သူမ ချက်ချင်းဒေါသထွက်သွား၏။

"ရဲတင်းလိုက်တာ...."

"ဘယ်သူက ငါယီလန်ရှင်းကို လျစ်လျူရှုရဲတာလဲ...."

"နင့်ကိုဒီလိုအနိုင်ကျင့်ပြီးတာတောင် ငါတို့စိတ်ဝိညာဥ်ဂိုဏ်းမှာ နေရဲသေးတယ်..."

"ဒါ ငါ့ကို စိန်ခေါ်နေတာပဲ...."

All Chapters