ကိုယ်စားတောင်းပန်ခြင်း
Vol. 17 Ch. 242
လုရှင်းဟီ ချဲ့ကားပြောလိုက်သည်။
"ဒါအမှန်ပဲ..."
"အဲ့ကောင်က အရမ်းမောက်မာတယ်...."
"သူကပြောတောင်ပြောသေးတယ်။ မင်းဝမ်းကွဲလာတော့ကောဘာဖြစ်လဲတဲ့။ သူက ငါနဲ့တိုက်ဖို့တောင် အရည်အချင်းမရှိဘူးတဲ့...."
"အဲ့ကောင်က အတော်လေး တရားလွန်တယ်...."
သူက ယီလန်ရှင်းကို စိတ်ဝိညာဥ်သားရဲဂိုဏ်းအနှံ့ရှာခဲ့သော်လည်း အချဥ်းနှီးဖြစ်ပြီး လက်လျော့ဖို့ပြင်ခဲ့၏။
အဘယ်ကြောင့်ဆိုသော် ဤအချိန်လောက်ဆို ဂျန်ဖန်း အချိန်တော်ကြာကတည်းက အစအနမရှိပဲ ထွက်ပြေးသွားလောက်ပြီပင်။
သို့ပေမယ့် တောင်တံခါးကိုရောက်သည့်အခါ အမျိုးသမီးတပည့်အချို့ဆီမှ ကြားလိုက်၏။
ဂျန်ဖန်းက ပြန်မသွားရုံသာမက စိတ်ဝိညာဥ်သားရဲဂိုဏ်းထဲတောင်ဝင်သွားသည်ဆိုတာပင်။
ထိုအရာက လုဟင်းရှီကို ဒေါသထွက်သွားစေ၏။
ဂျန်ဖန်းတကယ်ပဲ သူ့ကို လုံးဝလျစ်လျူရှူထားခဲ့သည်။
ထို့ကြောင့် နေရာတိုင်းကို စုံစမ်းဖို့ တဖန်ပြန်လာခဲ့သည်။
နောက်ဆုံးမှာတော့ သူ့ဝမ်ကွဲအမက ခုလေးတင်ဂိုဏ်းကိုပြန်ရောက်ပြီး တာဝန်တင်သွင်းနေတာ သိလိုက်ရ၏။
လုရှင်းဟီစကားကိုနားထောင်ပြီးနောက် ယီလန်ရှင်း တွေးလိုက်သည်။
မည်သူက ထိုကဲ့သို့အရာမျိုးကို ကျိုးကြောင်းမရှိပဲ ပြောမည်နည်း။
ထိုအရာက လုရှင်းဟီ ချဲ့ကားပြောနေတာဖြစ်နိုင်ပြီး သူမဒေါသကို ဆွပေးနေတာဖြစ်သည်။
သို့ပေမယ့်ထိုလူက သူမဝမ်းကွဲကို ဒဏ်ရာရအောင်လုပ်ပြီး စိတ်ဝိညာဥ်သားရဲဂိုဏ်းကိုတောင် လာရဲသေး၏။ ထို့ပြင် သူမရှိနေမှန်းလည်းသိ၏။
ထိုကောင်က တကယ်ပဲ သူမကို မျက်လုံးထဲမထည့်ပေ။
သင်ခန်းစာ ပေးရမှာက မလွဲမသွေပင်။
"သူ့နာမည်ကဘာတဲ့လဲ။ ဘာလို့ စိတ်ဝိညာဥ်သားရဲဂိုဏ်းကိုလာတာလဲ...."
ယီလန်ရှင်းတင်းမာသည့်မျက်နှာဖြင့်မေးလိုက်သည်။
"သူ့ကိုဆွဲခေါ်လာဖို့ ငါ တစ်ယောက်ယောက်ကို ချက်ချင်းအမိန့်ပေးလိုက်မယ်...."
သူမ၌ နောက်လိုက်အများအပြားရှိ၏။
သူမပြောလိုက်လျှင် ကူညီမည့်လူ အများအပြားပင်။
လုရှင်းဟီပျော်ရွင်သွားပြီး။ သူ့ဝမ်ကွဲအကာအကွယ်နှင့်ဆိုလျှင် ဂျန်ဖန်းအတွက် ခက်ခဲသည့်အချိန်တွေရောက်လာပြီပင်။
သူက ချက်ချင်းပြောလိုက်သည်။
"သူ့လိုအပြင်ဂိုဏ်းတပည့်တစ်ယောက်က စိတ်ဝိညာဥ်သားရဲဂိုဏ်းမှာ ဘာလုပ်နေလဲတော့ ငါမသိဘူး...."
"နင့်ကို ရန်စဖို့သက်သက်လာတာ ဖြစ်နိုင်တယ်..."
ထိုအခိုက်အတန့်၌....
ဂျန်ဖန်းနှင့် ယွမ်ကျီယု တာဝန်ခန်းမအပြင်ကို လျှောက်ထွက်လာခဲ့သည်။
လုရှင်းဟီ မျက်လုံးထောင့်ကနေ သူတို့ကိုမြင်လိုက်ပြီး ညွှန်ပြလိုက်သည်။
"ဝမ်းကွဲ, ဝမ်းကွဲ, သူပဲ.. အဲ့တာ သူပဲ..."
ယီလန်ရှင်း သူ့လက်ညိုးညွှန်ရာနောက်ကြည့်လိုက်သည့်အခါ ကြောင်အသွား၏။
ဂျန်ဖန်း?...
သူပြောတာ ဂျန်ဖန်းလား?...
ယီလန်ရှင်း မသေချာစွာဖြင့်မေးလိုက်သည်။
"နင်ပြောတဲ့ နင်ကိုအနိုင်ကျင့်တဲ့သူက အဲ့ဒီကျောမှာဓားနှစ်လက်နဲ့လူလား..."
လုရှင်းဟီ ရက်စက်စွာပြောလိုက်သည်။
"ဟုတ်တယ်, အဲ့ကောင်ပဲ..."
"သူပြောတာ နင်က သူနဲ့တိုက်ဖို့တောင် အရည်အချင်းမမှီဘူးတဲ့...."
သူက စိတ်ထဲမှာ ပျော်ရွင်သွား၏။
သူ့ဝမ်ကွဲဒေါသနှင့် သေချာပေါက် ဂျန်ဖန်းကို အလွတ်ပေးမည်မဟုတ်ပေ။
ဂျန်ဖန်းအရည်အချင်းနည်းနည်းလေးနှင့် သူ့ဝမ်ကွဲရှေ့မှာ ဘာကောင်မှမဟုတ်ပေ။
သို့ပေမယ့်....
မမျှော်လင့်စွာပဲ, တစ်ခဏစိတ်ရှုပ်ထွေးပြီးနောက်, ယီလန်ရှင်း တည်ငြိမ်စွာပြောလိုက်သည်။
"သူမမှားဘူး။ ငါတကယ်ပဲ သူနဲ့တိုက်ခိုက်ဖို့ အရည်အချင်းမပြည့်မှီဘူး...."
လုရှင်းဟီကြောင်အသွားပြီး ပြောလိုက်သည်။
"ဝမ်ကွဲ, အဲ့စကားပြောတာ ငါမဟုတ်ဘူး...."
"ဂျန်ဖန်းပြောတာ..."
ယီလန်ရှင်း သူကို လေးလေးနက်နက်တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။
"ငါ့နောက်လိုက်ခဲ့...."
သူမ လှပစွာပဲ ဂျန်ဖန်းဆီ လျှောက်သွားလိုက်သည်။
ပဟေဠိဖြစ်နေသော်လည်း လုရှင်းဟီ ယီလန်ရှင်း သူ့အတွက်လက်စားချေပေးအုန်းမည်ဟု တွေးနေဆဲဖြစ်သည်။
သူက မျှော်လင့်ချက်အပြည့်ဖြင့် နောက်ကလိုက်သွားခဲ့သည်။
ယွမ်ကျီယု ထိုအရာကိုသတိထားမိပြီး မျက်နှာ အနည်းငယ်ပြောင်းသွားကာ ပြောလိုက်သည်။
"ငါတို့တံခါးဝမှာ ပိတ်မိနေပြီ..."
"ဂျူနီယာမောင်လေးဂျန်, မင်းအရင်ထွက်သွားလိုက်။ ဂိုဏ်းချုပ်ရှေ့မှာ သူမဘာမှလုပ်ရဲမှာမဟုတ်ဘူး...."
"ငါ သူ့ကို ထိန်းထားလိုက်မယ်...."
ယီလန်ရှင်း၏အတော်လေးမကျေမနပ်ဖြစ်နေသည့် မျက်နှာကိုမြင်သည့်အခါ ယွမ်ကျီယု ပိုလို့တောင် စိုးရိမ်သွား၏။
ကိစ္စတွေက အဆင်ပြေပြေနှင့်ပြီးမသွားမှာ သူမကြောက်မိ၏။
ဂျန်ဖန်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပေမယ့် ထွက်မသွားပေ။
ယီလန်ရှင်း ရောက်လာတာ သူ့အတွက် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ကိစ္စမရှိပေ။
သူမလာခဲ့လျှင်တောင် ကိုယ့်အခြေအနေကိုယ်တော့ နားလည်သင့်၏။
သူမခွန်အားက သူ့ကို အနည်းငယ်လေးတောင် ဒုက္ခမဖြစ်စေပေ။
"စီနီယာအမယွမ်, ခဏစောင့်ကြည့်တာပေါ့..."
"စီနီယာအမယီက ကိစ္စတွေကို ကျိုးကြောင်းပြောလှည့်တာလည်း ဖြစ်နိုင်တာပဲ..."
ယွမ်ကျီယု မျက်လုံးလှန်လိုက်၏။
"ကျိုးကြောင်ပြောမယ်? သူမက?...."
"မရူးစမ်းပါနဲ့။ မြန်မြန်ထွက်သွား မဟုတ်ရင် အရမ်းနောက်ကျသွားလိမ့်မယ်..."
"ဒီမိန်းမက အတော်ဒေါသကြီးတယ်။ တကယ်တိုက်ခိုက်ကျရင် ငါနင့်ကို ကာကွယ်မပေးနိုင်ဘူး...."
သူမ ပြောစရာစကားပျောက်ဆုံးနေ၏။
ဂျန်ဖန်း အလွန်ထူးခြားသည့်ပါရမီရှိပြီး သူမကို နိမ့်ကျသည်ဟု ခံစားရစေ၏။
သို့ပေမယ့် လူတွေ၏စိတ်နေစိတ်ထားနှင့်ပတ်သက်လျှင်တော့ မွေးကင်းစကလေးတစ်ယောက်လိုပင်။
တစ်စုံတစ်ယောက်၏ဝမ်ကွဲကိုဒဏ်ရာရအောင်လုပ်တာ သူတို့ကို မျက်နှာဖြတ်ရိုက်လိုက်သလိုပင်။
ဘယ်လိုလုပ် သူနှင့် ကျိုးကြောင်းပြောမည်နည်း။
ဂျန်ဖန်း နေရာမှာ မတ်တပ်ရပ်နေဆဲဖြစ်ပြီး တည်ငြိမ်စွာပြောလိုက်သည်။
"တကယ်မလိုအပ်ပါဘူး...."
"ငါဒါကို ကိုင်တွယ်နိုင်တယ်, စီနီယာအမ စိုးရိမ်ဖို့မလိုပါဘူး...."
ယွမ်ကျီယု အနည်းငယ် ဒေါသထွက်သွား၏။
ဘာကြောင့် သူမက မလိုအပ်ပဲ ဝင်စွက်ဖက်သည်ဟု ခံစားနေရသနည်း။
သူမနှင့်ဂျန်ဖန်း၌ ပုဂ္ဂိုလ်ရေးဆက်နွယ်မှုမရှိပေ။ ထို့ကြောင့် သူ့ကိုကူညီဖို့ သူမအတွက်မလိုအပ်ပေ။
"ကောင်ပြီလေ, ဂျူနီယာမောင်လေးဂျန်မှာကိုင်တွယ်ဖို့နည်းလမ်းရှိမှတော့ ငါဝင်မစွက်ဖက်တော့ဘူး...."
သူမက တင်းမာသည့်မျက်နှာဖြင့်ပြောလိုက်သည်။
ဂျန်ဖန်း ယီလန်ရှင်းကို ဘယ်လိုရှင်းမလဲ သူမမြင်ချင်သေး၏။
နောက်ပိုင်းကျ သူမကို အကူအညီတောင်းမည်ပဲဖြစ်သည်။
သူတို့ပြောနေစဥ်...
ယီလန်ရှင်းနှင့် လုရှင်းဟီ သူတို့ရှေ့ကို ရောက်လာခဲ့သည်။
ဂျန်ဖန်းနှင့် နောက်တစ်ကြိမ်အနီးကပ်ရင်ဆိုင်ရသည့်အခါ လုရှင်းဟီလှောင်ပြောင်လိုက်၏။
"ဂျန်ဖန်း..."
"မင်းရဲ့သတ္တိကိုတော့ ငါချီးကျူးတယ်ကွာ။ ဒီလိုပြဿနာလုပ်ပြီးတာတောင် စိတ်ဝိညာဥ်သားရဲဂိုဏ်းမှာ အေးအေးဆေးဆေးနေနိုင်သေးတယ်...."
"မင်းက ငါ့ဝမ်းကွဲယီလန်ရှင်းကို မျက်လုံးထဲမထည့်တာလား...."
ဤစကားတွေက ဖြတ်သွားဖြစ်လာတပည့်တွေကို ဆွဲဆောင်သွားခဲ့သည်။
သူတို့ထဲ၌ အမျိုးသမီးအကြီးအကဲနှစ်ယောက်လည်း အပါအဝင်ပင်။
တစ်ယောက်က စိတ်ဝိညာဥ်သားရဲဂိုဏ်းမဟာအကြီးအကဲဂုနန်းချန်ဖြစ်ကာ စိတ်ဝိညာဥ်သားရဲဂိုဏ်းအကြီးအကဲဝတ်စုံကိုဝတ်ဆင်ထား၏။
အခြားတစ်ယောက်က ကောင်းကင်သံစဥ်ဂိုဏ်းမဟာအကြီးအကဲ မင်းရိုလန်ဖြစ်ပြီး စိတ်ဝိညာဥ်သားရဲဂိုဏ်းကို အလည်လာတာဖြစ်သည်။
"နင်တို့ဂိုဏ်းတပည့်တွေ အငြင်းပွားနေကြတယ်နဲ့တူတယ်။ အကြီးအကဲဂု သွားမကြည့်သင့်ဘူးလား..."
မင်းရိုလန် အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။
ဂုနန်ချန်း မျက်မှောင်ကြုတ်လိုက်သည်။
ယနေ့က ကောင်းကင်သံစဥ်ဂိုဏ်း မဟာအကြီးအကဲအလည်အပတ်လာသည့် အရေးကြီးနေ့ဖြစ်သည်။
ဘယ်တောင်ထိပ်တပည့်က လိမ္မာပါးနပ်မှုမရှိရသနည်း။
ဤအချိန်မှာ ခိုက်ရန်ဖြစ်ပွားတာက အကြီးအကဲမင်ကို ဟာသဖြစ်စေမည်မဟုတ်လား။
သူမချက်ချင်းကြည့်လိုက်သည့်အခါ မမျှော်လင့်ပဲ...
"ဒါ အပြင်းဂိုဏ်းတပည့်တစ်ယောက်လား...."
ဂျန်ဖန်း၏တိိမ်စိမ်းဂိုဏ်းဝတ်စုံကိုမြင်သည့်အခါ ဂုနန်ချန် အံ့အားသင့်သွား၏။
ထို့နောက် အခြားတပည့်ကိုမြင်သည့်အခါ ပိုပြီးပဟေဠိဖြစ်သွား၏။
"ယီလန်ရှင်း?...."
"အပြင်ဂိုဏ်းတပည့်က ဘယ်လိုလုပ်ပြီး ဒီကောင်မလေးကို ရန်စမိတာလဲ...."
ယီလန်ရှင်းဒေါသကို လူတိုင်းသိ၏။
စိတ်ဝိညာဥ်သားရဲဂိုဏ်း၏ ပါရမီမြင့်တပည့်တစ်ယောက်အနေဖြင့် သူမမာနက ဂိုဏ်းချုပ်နှင့်အကြီးအကဲတွေမှလွဲပြီး မည်သူ့ကိုမှ အောက်မကျို့ပေ။
သူမကိုရန်စသည့်လူတိုင်း အလွတ်တကူလွတ်ပေးလိမ့်မည်မဟုတ်ပေ။
ပြင်ပဂိုဏ်းတပည့်တစ်ယောက်က ယီလန်ရှင်းကို ဘယ်လိုရန်စမိလဲဆိုတာ ဂုနန်ချန် နားမလည်နိုင်ပေ။
သို့ပေမယ့် မင်ရိုလန်ကတော့ အတော်လေး စိတ်ဝင်စားနေ၏။
"အဲ့ဒီအရပ်ရှည်ရှည်နဲ့မိန်းခလေးက နင်တို့ရဲ့ပါမီရှင် ယီလန်ရှင်းလား..."
"ငါကြားတာတော့ သူမက စိတ်ဝိညာဥ်သားရဲသုံးကောင်ကို တစ်ပြိုင်နက်တည်း ထိန်းချုပ်နိုင်ပြီး စိတ်ဝိညာဥ်သားရဲဂိုဏ်းရဲ့ ထိပ်တန်းပါရမီရှင်ဆို...."
"သူမက အဲ့ဒီပြင်ပဂိုဏ်းတပည့်နဲ့ တိုက်တော့မှာလား..."
သူမမနေနိုင်ပဲ ရပ်ကြည့်လိုက်၏။
ယီလန်ရှင်းက ကောလဟာလတွေအတိုင်း နာမည်ကြီးလားဆိုတာ မြင်ချင်နေခဲ့သည်။
ဝင်တားဖို့ပြင်နေသည့် ဂုနန်းချန် စိတ်ပြောင်းလိုက်သည်။
မင်းရို့လန်ကို သူတို့ဂိုဏ်းပါရမီရှင်က ပစ္စည်းကောင်းဆိုတာ မြင်တွေ့ခိုင်းလိုက်၏။
ထိုအရာက ဆွေးနွေးပွဲအတွင်း မင်ရိုလန် စိတ်ဝိညာဥ်သားရဲဂိုဏ်းကို အထင်သေးခြင်းမှ ဟန့်တားနိုင်မည်ဖြစ်သည်။
"အကြီးအကဲမင် သူမအကြောင်းသိထားမယ်မထင်ထားဘူး..."
"ဟုတ်တယ်။ သူမက တကယ်ကိုပါရမီရှင်ပဲ။ တစ်ခါတည်းနဲ့ စိတ်ဝိညာဥ်သားရဲသုံးကောင်ကို ထိန်းချုပ်နိုင်တယ်...."
"အဲ့ဒီအပြင်ဂိုဏ်းတပည့်အတွက် သူမနဲ့ပြိုင်ရတာက ခက်ခဲလိမ့်မယ်..."
ထိုစကားပြောပြီးနောက်....
ဂုနန်ချန်မျက်နှာ အေးခဲသွားပြီး မင်းရိုလန်လည်း အံ့အားသင့်သွား၏။
လုရှင်းဟီနှင့် ယွမ်ကျီယု တို့နှစ်ယောက်လည်း ကြောင်အသွား၏။
ယီလန်ရှင်း ဂျန်ဖန်းရှေ့မှာရပ်လိုက်ပြီး မျှော်လင့်ထားသည့် ဒေါသတကြီးကြိမ်းမောင်းမှုက ဖြစ်မလာပေ။
ထိုအစား, သူမက အနည်းငယ်ဦးညွှန်ကာ ရိုးရိုးသားသားပြောလိုက်သည်။
"ဂျူနီယာမောင်လေးဂျန်..."
"ငါ့ဝမ်ကွဲကိုယ်စား နင့်ကိုတောင်းပန်ပါတယ်...."
"ကျေးဇူးပြုပြီး သူ့ရဲ့မသိနားမလည်မှုအတွက် နားလည်ပေးပါ...."