လုရှင်းဟီလက်မခံနိုင်သောအမှန်တရား
Vol. 17 Ch. 243
ပတ်ဝန်းကျင်ကလုံးဝ တိတ်ဆိတ်သွားပြီး အသံတစ်သံတောင်မကြားနိုင်ပေ။
သစ်ရွက်ကြွေကျသံတွေတောင် ပြတ်ပြတ်သားသားကြားနိုင်၏။
လူတိုင်းကြောင်းအသွားပြီး သူတို့ရှေ့ရှိမြင်ကွင်းကို ကြည့်နေကြသည်။
တစ်ခဏကြာပြီးနောက် အသိပြန်ဝင်လာခဲ့ကြသည်။
"ဟစ်, စီနီယာအမယီ ဒီပြင်ပဂိုဏ်းတပည့်ကို ဦးညွှတ်နေတယ်...."
"ဒါ ငါသိတဲ့စီနီယာအမယီကော ဟုတ်ရဲ့လား...."
"သူမဝမ်းကွဲအနိုင်ကျင့်ခံရတာကို မကူညီပဲ တစ်ဖက်လူကို တောင်းပန်နေလိုက်သေးတယ်...."
ယွမ်ကျီယုကဲ့သို့ ဂျန်ဖန်းကိုကောင်းကောင်းနားလည်သည့်လူတောင် နေရာမှာ ကြောင်အနေ၏။
မျှော်လင့်ထားသည့်အပြစ်တင်ခြင်း၊ အငြင်းပွားခြင်း၊ တိုက်ခိုက်ခြင်းတို့က ဖြစ်မလာပေ။
ဆန့်ကျင်ဘက်အနေဖြင့် ထိုအရာက သူမစိတ်ကူးမယဥ်နိုင်သည့်မြင်ကွင်းတစ်ခုဖြစ်နေခဲ့သည်။
ထိုမောက်မာ၊ အေးစက်, ကြမ်းတမ်းသည့်မိန်းမ...
တကယ်... တကယ်ပဲ ဂျန်ဖန်းကို အမှားဝန်ခံပြီး တောင်းပန်နေခဲ့သည်။
သူမ ယီလန်ရှင်းတကယ်ကောနေကောင်းရဲ့လားဆိုတာ သိချင်၏။
ကြည့်ရတာ လုံးဝကို အခြားလူတစ်ယောက်လိုပင်။
လုရှင်းဟီ ပိုလို့တောင် အံ့အားသင့်နေ၏။
သူ့ဝမ်းကွဲက ဂျန်ဖန်းကို ပြဿနာမရှာပဲ သူ့ကိုယ်စား ဦးညွှတ်တောင်းပန်နေခဲ့သည်။
အသိပြန်ဝင်လာသည့်အခါ ချက်ချင်း ရှက်ရွံ့ဒေါသထွက်သွားသည်။
"ဝမ်းကွဲ, နင်ရူးနေလား...."
"သူကငါ့ကိုအနိုင်ကျင့်တာ၊ နင်က မကူညီတဲ့အပြင် ငါ့ကိုယ်စားတောင် တောင်းပန်နေလိုက်သေးတယ်...."
"ဘာလို့ ငါက တောင်းပန်ရမှာလဲ? ဘာလို့လဲ...."
ယီလန်ရှင်းမျက်နှာ ပြောင်းသွားပြီး ကြိမ်းမောင်းလိုက်၏။
"ပါးစပ်ပိတ်ထားစမ်း...."
"ဂျူနီယာမောင်လေးဂျန်ကို မလေးမစားမလုပ်နဲ့...."
လုရှင်းဟီကို အနိုင်ကျင့်သည့်လူက ဂျန်ဖန်းဆိုတာ သူမသိချိန်၌...
ချက်ချင်းရှင်းလင်းသွားခဲ့သည်။
ဂျန်ဖန်းသာ ရိုင်းစိုင်းသည့်လူတစ်ယောက်ဆိုလျှင် သူမကို နည်းစနစ်အနည်းငယ်သရုပ်ပြပြီး ချင့်ချိန်ခိုင်းမည်မဟုတ်ပေ။
ဘယ်လိုပဲတိုင်းတာကြည့်ကြည့် ဂျန်ဖန်းက ပြဿနာရှာရတာကြိုက်သည့်လူနှင့်မတူပေ။
ထို့ပြင်, ဂျန်ဖန်းခွန်အားနှင့်လုရှင်းဟီကိုသာ တကယ်အနိုင်ကျင့်ချင်လျှင် ဒဏ်ရာနည်းနည်းလေးပဲ ရမည်မဟုတ်ပေ။
ဂျန်ဖန်း ညှာတာမှုပြခဲ့တာ သိသာလှ၏။
ထို့ကြောင့် ဘာဖြစ်ခဲ့လဲဆိုတာ သူမခန့်မှန်းမိ၏။
ဖြစ်နိုင်ချေအများဆုံးက သူမ၏မောက်မာရန်မူတတ်သည့်ဝမ်းကွဲက ကိုယ့်ကိုယ်ကိုအထင်ကြီးပြီး ဂျန်ဖန်းကို ရန်သွားစတာပဲဖြစ်ရမည်ပင်။
ဤသို့ဖြင့် ဂျန်ဖန်း လက်တုံ့ပြန်ခဲ့၏။
နောက်ဆုံး ဒေါသကိုမမျိုသိပ်နိုင်တော့ပဲ သူမဆီလာကာ ဇတ်လမ်းကို ပြောင်းပြန်လှန်နေတာဖြစ်သည်။
ထိုအရာကိုတွေးပြီး သူမက လုရှင်းဟီကို ပိုလို့တောင် စိတ်ပျက်သွားသည်။
သူမ အော်ပြောလိုက်၏။
"ဒီကိုလာ, ဂျူနီယာမောင်လေးဂျန်ကို တောင်းပန်လိုက်...."
လုရှင်းဟီ ထိုအရာကို မယုံနိုင်ပေ။
သူ့နောက်ခံက သူ့ကိုမကူညီနိုင်ရုံသာမက ဂျန်ဖန်းကိုတောင်းပန်ဖို့တောင် တွန်းအားပေးနေခဲ့သည်။
ဘယ်လိုလုပ်သည်းခံနိုင်မည်နည်း။
"ယီလန်ရှင်း, နင်ဆေးမှားသောက်လာတာလား...."
"ငါ့က ဒီကောင့်ကိုတောင်းပန်ရမယ်။ သူက ဘယ်သူမိုလို့လဲ။ တန်လို့လား...."
"နင်မျက်နှာလိုမျက်နှာရလုပ်ချင်ရင် ကိုယ့်ဘာသာလုပ်။ ငါ့ကိုတော့ နင်လို သူရဲဘောကြောင်တဲ့လူလို့ မထင်နဲ့....."
လုရှင်းဟီ အခြေအနေအချိန်အခါ မခွဲခြားပဲ အော်လိုက်၏။
အမျိုးသမီးတပည့်တွေ၏ အာရုံကိုချက်ချင်းဆွဲဆောင်သွားပြီး ယီလန်ရှင်းအကြောင်းတီးတိုးပြောနေကြ၏။
ထိုအရာကြောင့် ယီလန်ရှင်း အကြီးအကျယ်ရှက်သွား၏။
ဂျန်ဖန်း သူ့ကြောင့် သူတို့တွေစကားများမှာ မလိုချင်ပေ။
ထို့ကြောင့် ပြောလိုက်သည်။
"စီနီယာအမယီ, မေ့လိုက်ပါ..."
"ငါတို့က တာဝန်တစ်ခုထဲက အဖွဲ့ဝင်တွေဆိုတော့ အတိတ်ကဖြစ်ခဲ့တာတွေအတွက် ကျွန်တော် အာဂဃာတတွေ ထားမနေပါဘူး...."
"သူ့ကို လွတ်ထားလိုက်ပါ...."
ဘာ?....
ယီလန်ရှင်း အံ့အားသင့်သွား၏။
သူမဝမ်းကွဲက ဂျန်ဖန်းနဲ့ တစ်ဖွဲ့တည်း?....
ဤကဲ့သို့အခွင့်အရေးကောင်းကို သူမဝမ်းကွဲက လွဲချော်ခဲ့ရုံသာမက အငြင်းပွားမှုပါဖြစ်ခဲ့သေး၏။
ပိုလို့တောင် ဒေါသထွက်လာပြီး လုရှင်းဟီကို အပြင်းအထန်စိုက်ကြည့်လိုက်သည်။
"နင်က သုံးစားမရတဲ့အမှိုက်ကောင်ပဲ...."
"နင် ဘာကိုလွဲချော်သွားလဲဆိုတာ သိလား...'
လုရှင်းဟီ ဒေါသတကြီးရယ်လိုက်၏။
"ယီလန်ရှင်း, နင်ကမှ အမှိုက်...."
"ဂျန်ဖန်းက ဘာကောင်မိုလို့လဲ။ နင် သူ့ကို ဒီလောက်ခယနေရအောင်, ဟမ့်..."
သူက ထိုအရာကို နားမလည်နိုင်ပေ။
ဂျန်ဖန်းက ဘာတွေများထူးခြားနေသနည်း။
သူနဲ့တွေ့သည့်မိန်းမတိုင်း သဘောထားတွေပြောင်းလဲသွားကြ၏။
သူ့ဂျူနီယာညီမ ချင်ချိုင်ဟီ၊ တောင်ဂိတ်တံခါးက စုန့်ပိုင်ယောင်...
ယခု သူ့ဝမ်းကွဲပါ ပြောင်းလဲသွားပြီဖြစ်သည်။
နားကိုမလည်နိုင်တော့ပေ။
ဂျန်ဖန်းက အမှိုက်ကောင်ဖြစ်၏။ ဘာကြောင့် ထူးချွန်သည့်အမျိုးသမီးများစွာကို ဆွဲဆောင်နိုင်နေရသနည်း။
ထိုအရာတွေက သူ, လုရှင်းဟီပိုင်ဆိုင်သင့်သည့်အရာတွေဖြစ်၏။
တာဝန်ခံ ဂျန်ဖန်းကိုစောင့်နေပြီး တိုက်တွန်းလိုက်၏။
"ဂျူနီယာမောင်လေးဂျန်, ဂိုဏ်းချုပ်စောင့်နေတယ်...."
"သွားစို့..."
ဂျန်ဖန်း ဖြစ်နိုင်သမျှ မြန်မြန် မြေကမ္ဘာဖီးနစ်မြက်ချင်ဆီ ရချင်နေပြီဖြစ်သည်။ ထို့ကြောင့် ခေါင်းညိတ်ပြီး နောက်ကလိုက်သွားခဲ့သည်။
လုရှင်းဟီ မခံမရပ်နိုင်ဖြစ်နေဆဲဖြစ်ပြီး ဂျန်ဖန်းကို သွားခွင့်မပေးနိုင်ပေ။
"ရပ်စမ်း, မင်းကို ငါထွက်သွားခိုင်းသေးလို့လား....'
"မင်းမသွားခင် ငါတို့ကိစ္စကို အရင်ရှင်းသွား..."
ရှေ့တက်ပြီး လမ်းပိတ်လိုက်၏။
တာဝန်ခံ ဒေါသထွက်သွားပြီး အော်ပြောလိုက်၏။
"ရဲတင်းလိုက်တာ။ ဂိုဏ်းချုပ်ဆင့်ခေါ်ထားတဲ့လူကို ဘယ်လိုတောင်တားရဲတာလဲ...."
လုရှင်းဟီ အထင်မြင်သေးစွာပြောလိုက်သည်။
"ဂိုဏ်းချုပ်ဂုန်က ဒီလိုကောင်မျိုးနဲ့ ဘာအရေးကြီးကိစ္စရှိမှာမိုလို့လဲ..."
"ဒါက စိတ်ဝိညာဥ်ဆေးတင်ပြတဲ့ကိစ္စလေးပဲမလား....."
"သွားတွေ့ရမယ်ဆိုရင်, အဲ့တစ်ယောက်က ငါပဲဖြစ်သင့်တယ်...."
"ငါက တရားဝင်အဖွဲ့ခေါင်းဆောင်ပဲ..."
တာဝန်ခံ ဒေါသထွက်လာပြီး လုရှင်းဟီကို ပါးဖြတ်ရိုက်ကာ လက်ဝါးရာတစ်ခုချန်ထားခဲ့၏။
"ဖယ်စမ်း...."
"စောက်ရူးကောင်...."
လုရှင်းဟီ ပါးရိုက်ခံရသည့်အတွက် ပိုမိုကလန်ကဆန်လုပ်လာ၏။ သူက အံ့ကြိတ်ပြီး အော်ပြောလိုက်သည်။
"ကောင်းတယ်, ကောင်းတယ်, စိတ်ဝိညာဥ်သားရဲဂိုဏ်းက ဂိုဏ်းနှစ်ဂိုဏ်းတပည့်တွေကို ကြင်နာမှုတွေ ပြနေတာပဲ...."
"ငါ ငါတို့အသင်္ချေဓားဂိုဏ်းသခင်ကို တင်ပြမယ်...."
"ဒါမှ စိတ်တိညာဥ်သားရဲဂိုဏ်းက တိမ်စိမ်းဂိုဏ်းနဲ့ အသင်္ချေဓားဂိုဏ်းကြားမှာ ဘယ်လိုခွဲခြားဆက်ဆံလဲဆိုတာ သူသိသွားမှာ...."
"ဟမ့်...."
တာဝန်ခံ ဒေါသမထိန်းနိုင်တော့ပေ။
ဂိုဏ်းကိစ္စတွေပါ ပါလာပြီဖြစ်သည်။
ထိုအရာကိုမြင်သည့်အခါ သူမနောက်ထပ်ထိန်းမထားတော့ပဲ အထင်အမြင်သေးစွာပြောလိုက်သည်။
"ဂျူနီယာမောင်လေးဂျန်က ကြာပန်းနက်ဓားပြအဖွဲ့ကိုသုတ်သင်ခဲ့တယ်။ ဒါကြောင့် ဂိုဏ်းချုပ်က ဆင့်ခေါ်တာ...."
"နင်က အဆင့်သုံးတာဝန်လေးပဲပြီးမြောက်ခဲ့တာ။ ဂိုဏ်းချုပ်နဲ့တွေ့ဖို့ တန်လို့လား...."
"ငါ့ရှေ့က ထွက်သွား...."
ဘာ?...
ကြာပန်းနက်ဓားပြအဖွဲ့ကို သုတ်သင်တယ်...
ဂျန်ဖန်က?...
လုရှင်းဟီ အကြီးမားဆုံးဟာသကို ကြားလိုက်ရသကဲ့သို့ အူလိုက်သည်းလိုက်ရယ်လိုက်၏။
"မင်းတို့အားလုံး အရူးတွေပဲ...."
"ဒီကောင် ကြာပန်းနက်အဖွဲ့ကို သုတ်သင်တာ ယုံတယ်ပေါ့..."
"ဟ..ဟ...ဟ..."
သို့ပေမယ့် သူရယ်နေစဥ်...
သူ့ဝမ်ကွဲ သူ့ကို တိတ်တဆိတ်ကြည့်နေတာ သတိထားမိလိုက်၏။
ချင်ချိင်ဟီ ချုရှင်းမန်တို့လည်း တိတ်တဆိတ်ကြည့်နေကြသည်။
တာဝန်ခံတောင် သူ့ကို အထင်အမြင်သေးစွာ ကြည့်နေခဲ့သည်။
ဝုန်းဒိုင်းကြဲနေသည့်မျောက်ရိုင်းတစ်ကောင်ကဲ့သို့ပင်။
လုရှင်းဟီ တဖြည်းဖြည်းအရယ်ရပ်သွားပြီး မလွယ်ကူသလို ခံစားလိုက်ရ၏။
ယီလန်ရှင်း သူမနားသယ်ကိုသပ်လိုက်ပြီး စိတ်ပျက်စွာ လက်ဝှေ့ယမ်းလိုက်၏။
"မြန်မြန်ထွက်သွား..."
"ငါ့ကို နင့်ဝမ်းကွဲလို့ နောက်တစ်ခါမပြောနဲ့တော့...."
"ဒီလိုမျက်နှာပျက်မှုမျိုး ငါမခံနိုင်ဘူး...."
ချင်ချိုင်ဟီ မနေနိုင်ပဲ အမှန်တရားကို ထုတ်ပြောလိုက်သည်။
"စီနီယာအကိုလု, နင်ဘယ်အချိန်ထိခေါင်းမာနေအုန်းမှာလဲ..."
"ငါတို့တွေ ဘာလို့ ကြာပန်းနက်ဓားပြအဖွဲ့ဝိုင်းတိုက်တာကနေ လွတ်မြောက်လာလဲ မတွေးမိဘူးလား....."
"ပြီးတော့ လိုက်သတ်တဲ့ကြာပန်းနက် ဘာလို့ ခေါင်းပြတ်သွားတာလဲ..."
လုရှင်းဟီ အထစ်ထစ်အငေါ့ငေါ့ပြောလိုက်သည်။
"ဒါ...ဒါ ငါ့တို့ကို ကျွမ်းကျင်သူတစ်ယောက် တိတ်တဆိတ်ကာကွယ်နေလို့မဟုတ်ဘူးလား...."
ချင်းချိုင်ဟီ မျက်လုံးလှန်လိုက်၏။
"ကြာပန်းနက်ကို သတ်နိုင်တဲ့ လူမျိုးက ငါတို့လို အဆင့်နိမ့်သိုင်းပညာရှင်တွေကို ဘာလို့ ကူညီမှာလဲ...."
"နင့်အဆင့်အတန်းကြောင့်လား? နင့်နောက်ခံက သန်မာလို့လား? ဒါမှမဟုတ် ငါတို့တာဝန်က မြင့်လွန်းနေလို့လား...."
ဒါက....
လုရှင်းဟီ တဖြည်းဖြည်း နားလည်စပြုလာ၏။
အမှန်တကယ်ပင်။ သူတို့က မထင်မရှားတွေသာဖြစ်သည်။ ထိုကဲ့သို့လူမျိုး ကာကွယ်ပေးဖို့ ထိုက်တန်သည်လား...
ကျွမ်းကျင်သူမဟုတ်လျှင် ဘယ်သူဖြစ်နိုင်မည်နည်း။
သူက ဖြည်းဖြည်းခြင်း ဂျန်ဖန်းကိုကြည့်လိုက်ပြီး နဖူးမှ ချွေးအေးတွေ အလျှင်အမြန်စီးကျလာခဲ့သည်။
ချင်ချိုင်ဟီ နောက်ဆုံးအဖြေပေးလိုက်၏။