ငါ့ပခုံးကိုနှိပ်ပေး
Vol. 17 Ch. 244
"ဒါအမှန်ပဲ၊ အဝေးကြီးရှာမနေနဲ့။ နင့်မျက်စိရှေ့မှာပဲ..."
ချင်ချိုင်ဟီပြောလိုက်သည်။
"နင်ပြောတဲ့ ကျွမ်းကျင်သူဆိုတာ ဂျူနီယာမောင်လေးဂျန်ပဲ...."
ပြောပြီးနောက်...
သူမက ဂျန်ဖန်းကို သဘောကျသည့်အရိပ်အယောင်တွေဖြင့်ကြည့်ပြီး ပြောလိုက်သည်။
"နင်ထွက်ပြေးပြီးတဲ့နောက် အဲ့ဒီဓားပြရှစ်ယောက်ကို သတ်ခဲ့တာ ဂျူနီယာမောင်လေးဂျန်ပဲ...."
"ကြာပန်းနက်လိုက်သတ်တော့လည်း သူပဲ တစ်ယောက်တည်းရင်ဆိုင်ခဲ့တာ..."
"ဒါက ဂျူနီယာညီမချူနဲ့ ငါ ဂျူနီယာမောင်လေးဂျန်ကို ခေါင်းဆောင်အဖြစ်အသိအမှတ်ပြုရတဲ့ အကြောင်းအရင်းပဲ...."
"အခု, နင်နားလည်ပြီလား..."
ဂျိန်း!
ထိုအဖြေ...
အမြဲကိုယ့်ကိုယ်ကိုအထင်ကြီးနေသည့် လုရှင်းဟီအတွက် မိုးကြိုးပစ်ချလိုက်သကဲ့သို့ပင်။
သူအမြဲကျေးဇူးတင်နေသည့် ကျွမ်းကျင်သူက လက်စသတ်တော့ သူအထင်အမြင်သေးခဲ့သည့် တိမ်စိမ်းဂိုဏ်း အမှိုက်ကောင်ဖြစ်နေခဲ့သည်။
ယီလန်ရှင်းလည်း သက်ပြင်းခပ်ဖွဖွချပြီး ပြောလိုက်သည်။
"ငါနင့်ကိုဘာလို့စိတ်ပျက်လဲ အခု နင်နားလည်ပြီလား..."
လုရှင်းဟီ ချက်ချင်း နောင်တတရားတွေနှင့်ပြည့်နှက်သွား၏။
ကြာပန်းနက်ကိုသတ်နိုင်သည့်လူက မည်သည့်ဂိုဏ်းမှာမဆို ထိပ်တန်းပါရမီရှင်ဖြစ်၏။
အလယ်အလတ်အဆင့်တပည့်ဖြစ်သည့် သူလိုလူက ထိုကဲ့သို့လူမျိုးနှင့် စကားပြောဖို့တောင် အရည်အချင်းမရှိပေ။
မိတ်ဆွေဖြစ်ဖို့တော့ ပြောနေစရာကိုမလိုတော့ပေ။
သူ့ရှေ့၌ တစ်ယောက်ရှိပြီး ရက်များစွာ အတူရှိခဲ့ပေမယ့် မိတ်ဆွေဖြစ်အောင် မကြိုးစားခဲ့ပေ။ ထိုအစား ရန်စခဲ့၏။
သို့ပေမယ့် သူက မာနကြီးသူတစ်ယောက်ဖြစ်၏။
စိတ်ထဲမှာ နောင်တကြီးစွာ ရနေလျှင်တောင် ဝန်ခံဖိုဆန္ဒမရှိပေ။
"ဘယ်သူက သူနဲ့ မိတ်ဆွေဖြစ်ချင်လို့လဲ...."
"ချင်ချိုင်းဟီနဲ့ ချူရှင်းမန် သူ့ကို မျက်နှာလိုမျက်နှာရလုပ်ပေမယ့် ဘာအကျိုးအမြတ်ရတာ ငါမမြင်ဘူး..."
"ဟမ့်..."
ဤအရာက သူ၏နောက်ဆုံး ခေါင်းမာမှုပင်။
ဂျန်ဖန်းနောက်လိုက်လို့ အမျိုးသမီးနှစ်ယောက် ဘာအကျိုးအမြတ်ရသနည်း။
ဘာတစ်ခုမှ ရပုံမပေါ်ပေ။
တာဝန်ခံ လုရှင်းဟီကဲ့သို့သောလူတွေကို အထင်သေး၏။
ကိုယ့်ထက်အားနည်းသူတွေကို အထင်သေးပြီး အားကြီးသူကျ မနာလိုဖြစ်၏။
သည်းမခံနိုင်တော့ပဲ ပြောလိုက်သည်။
"နင် ဂျူနီယာမောင်လေးဂျန်အရည်အချင်းကို မေ့နေပုံရတယ်။ သူက ငါတို့စိတ်ဝိညာဥ်သားရဲဂိုဏ်းရဲ့ အဆင့် ၁ နဲ့ အဆင့်၂ တာဝန်တွေရဖို့ အရည်အချင်းမှီတယ်...."
"သူက အဖွဲ့ဝင်သစ်တွေနဲ့ အဖွဲ့သစ်ဖွဲ့လို့ရတယ်..."
"ဂျူနီယာညီမချင်နဲ့ ဂျူနီယာညီမချူတို့ကို ခေါ်အုန်းမလားတော့ ငါမသေချာဘူး။ ဒါပေမယ့် နင်ကိုတော့ သေချာပေါက် ခေါ်မှာမဟုတ်ဘူး...."
"သွားစို့..."
ပြောပြီးနောက် သူမက ဂျန်ဖန်းကို ဦးဆောင်ကာ ထွက်ခွာသွားခဲ့သည်။
ချင်ချိုင်ဟီနှင့် ချူရှင်းမန်တို့မျက်လုံးတွေ တောက်ပသွားကြ၏။
ကောင်းကင်ဘုံစက်ယန္ဒယားခန်းမက ဂိုဏ်းအသီးအသီးသို့ အဆင့် ၁ နှင့် ၂ တာဝန်အများအပြားချပေးထား၏။
သို့ပေမယ့် ဂိုဏ်းအသီးအသီး၌ ပါရမီရှင်တပည့်အကန့်အသတ်ရှိပြီး အဆင့်မြင့်တာဝန်အချို့ ကျန်အုန်းမှာ အသေအချာပင်။
ပြင်ပဂိုဏ်းတပည့်တွေ တာဝန်တွေယူပေးလျှင် သူတို့ဝမ်မြောက်ဝမ်စွာလက်ခံမည်ပဲဖြစ်သည်။ ထိုအရာက ဂိုဏ်းအတွက် ဖိအားတွေသက်သာစေ၏။
ဂျန်ဖန်းက အလွန်အားကောင်းရာ စိတ်ဝိညာဥ်သားရဲဂိုဏ်း ဘယ်လိုလုပ်လက်လွတ်ခံမည်နည်း။
သေချာပေါက် သူ့အတွက် အဆင့်မြင့်တာဝန် စီစဥ်ပေးမည်ပင်။
ထိုအရာကိုတွေးမိသည့်အခါ သူတို့အလျှင်အမြန်လိုက်ပါသွားကြသည်။
ယွမ်ကျီယု လုရှင်းဟီ၏တင်းမာသည့်မျက်နှာကို တစ်ချက်ကြည့်ပြီး လှောင်ပြောင်လိုက်၏။
"စီနီယာအမယီ, နင့်ဝမ်းကွဲက အတော်လေးစိတ်ဝင်စားဖို့ကောင်းတာပဲ...."
ယီလန်ရှင်း သူမနှင့် မငြင်းခုန်ပဲ ပြောလိုက်သည်။
"ငါမှာ ဒီလိုဝမ်းကွဲမျိုးမရှိဘူး...."
ပြောပြီးနောက် သူတို့နောက်မှ ဂိုဏ်းသခင်တောင်ထိပ်ကို လိုက်သွားခဲ့သည်။
ဂိုဏ်းချုပ် ဂျန်ဖန်းကိုဆင့်ခေါ်ပြီး ဘာပြောမလဲဆိုတာ သူမသိချင်၏။
ဂျန်ဖန်းက ကြာပန်းနက်ဓားပြအဖွဲ့တာဝန်ပြီးစီးခဲ့သော်လည်း ဂိုဏ်းချုပ်စံနှုန်းက အတော်မြင့်၏။
ဂျန်ဖန်းအပေါ် အနည်းငယ် စူးစမ်းချင်စိတ်ရှိရုံလောက်သာဖြစ်နိုင်၏။
အများဆုံးမှ ချီမွမ်းစကားအနည်းငယ်ပြောရုံသာဖြစ်သည်။
လူအုပ်ပျောက်ကွယ်သွားပြီးနော်...
အမျိုးသမီးအကြီးအကဲနှစ်ယောက်၏အမူအရာ အတော်လေးခြားနားသွား၏။
မင်ရိုလန်မျက်နှာ၌ ထူးဆန်းသည့်အမူအရာတစ်ခုရှိနေ၏။
"အကြီးအကဲဂု, ငါသိသလောက်ဆိုရင်..."
"ဂျန်ဖန်းနာမည်နဲ့ တိမ်စိမ်းဂိုဏ်းတပည့်က မကြာသေးခင်က နာမည်ကြီးလာတဲ့ စိတ်ဝိညာဥ်အမြစ်မရှိတဲ့တပည့်မလား...."
"သူက ကံကောင်းပြီး ဂိုဏ်းသခင်တပည့်ဖြစ်လာပေမယ့် အောင်မြင်မှုကြီးကြီးမားမားမရှိဘူးဆို..."
"အဲ့တာကိုဘာလို့ နင်တို့ဂိုဏ်းပါရမီရှင်သမီးတော်က သူ့ရှေ့မှာ အရမ်းနှိမ့်ချနေရတာလဲ..."
ဂုနန်းချန်အိုမင်းသည့်မျက်နှာ အတော်လေး ရှက်သွား၏။
သူတို့ကအဝေးမှာရှိနေ၍ ပြောတာတွေ မကြားပေ။
သို့ပေမယ့် ယီလန်ရှင်းဦးညွှတ်ပြီး သူ့ဝမ်းကွဲကို ဆူပူကြိမ်းမောင်းတာက သူမကိုအရှက်ရစေ၏။
စိတ်ဝိညာဥ်သားရဲဂိုဏ်းပါရမီရှင်က တိမ်စိမ်းဂိုဏ်းအမှိုက်ကောင်ကို ဤလောက်ထိ ကျိုးနွံ့နေခဲ့သည်။
ထိုကိစ္စ... ထိုကိစ္စသာပေါက်ကြားသွားလျှင် ဘာဖြစ်သွားမည်နည်း။
သူမက အထစ်ထစ်အငေါ့ငေါ့ပြောလိုက်သည်။
"အကြောင်း...အကြောင်းပြချက်တစ်ခုခုတော့ရှိမှာပါ...."
"ဒီအကြောင်းမပြောတော့ဘူး။ အကြီးအကဲမင်, နင်လည်းလှည့်ပတ်ကြည့်ရတာ လုံလောက်ပြီမလား..."
"ဂိုဏ်းသခင်တောင်ထိပ်ကိုပြန်ကြတာပေါ့။ အခုလောက်ဆို နင့်တပည့်က အကုန်နီးပါးနားလည်နေလောက်ပြီလို့ ငါယုံကြည်တယ်...."
မင်ရိုလန် တိတ်တဆိတ်ရယ်လိုက်၏။
သာမန်လှည့်ပတ်ကြည့်မှုက စိတ်ဝိညာဥ်သားရဲဂိုဏ်း၏ အရှက်ရစရာကိစ္စကို မျက်မြင်တွေ့ခဲ့ရ၏။
စိတ်ဝိညာဥ်သားရဲဂိုဏ်းပါရမီရှင်က တိမ်စိမ်းဂိုဏ်းအမှိုက်ကောင်ကို ဦးညွှတ်အရိုအသေပေးနေခဲ့သည်။
ထိုကိစ္စသာပျံံ့နှံ့သွားလျှင် မည်သူက ယုံမည်နည်း။
ဂိုဏ်းသခင်တောင်ထိပ်...
လူအုပ် ခန်းမကြီးတစ်ခုရှေ့ကို ရောက်လာခဲ့သည်။
တာဝန်ခံ ကြင်နာစွာပြောလိုက်သည်။
"ဂျူနီယာမောင်လေးဂျန်, ကျေးဇူးပြုပြီး ငါ့နောက်က လိုက်ခဲ့ပါ...."
"ကျန်တဲ့လူတွေကတော့ အပြင်မှာစောင့်နေလိုက်အုန်း..."
ယီလန်ရှင်းနှင့်အခြားလူတွေ ဂိုဏ်းသခင်ခန်းမထဲသို့ သမန်ကာဆန်ကာ ခြေမချရဲပေ။
သူမတို့ကခြေဖျားထောက်ပြီး အထဲကို ချောင်းကြည့်ဖို့သာတတ်နိုင်၏။
ထိုအခိုက်အတန့်....
တောက်ပလင်းထိန်နေသည့်ခန်းမထဲ၌...
ဂုန်ချိုင်ယီ ရောင်စုံစကတ်ကိုဝတ်ဆင်ထားပြီး ပလက်ကုလားထိုင်ပေါ်မှာ လှပစွာ လဲလျောင်းနေကာ ဝါးစာလိပ်တစ်ခုကို စိတ်ဝင်တစားဖတ်နေခဲ့သည်။
ထိုအရာပေါ်ရှိစာလုံးတွေက မှုန်ဝါးနေပြီး ၎င်း၏ရှေးကျမှုကို ဖော်ပြနေ၏။
သူမက ဘယ်လက်ကိုပါးပြင်ပေါ်တင်ထားပြီး ကျောက်စိမ်းကဲ့သိုသော ညာလက်ဖြင့် ဝါးစာလိပ်ကိုကိုင်ထားခဲ့သည်။
နူးညံ့သည့်မျက်နှာလေး၌ အလှအပခရင်မ်သုံးထားပြီး အရောင်တောက်နေကာ အသက်နှစ်ဆယ် အမျိုးသမီးငယ်လေးတစ်ယောက်လိုပင်။
သို့ပေမယ့် သူမ၏ပြည့်တင်းသည့်ရင်ဘတ်က အရွယ်ရောက်ပြီးဆွဲဆောင်မှုရှိလှ၏။
ဤစာဖတ်နေသည့်မြင်ကွင်းက သိုင်းပညာနယ်ပယ်နှင့်ကင်းကွာသည့်ခံစားချက်ကို ပေးစွမ်းနေ၏။
ထိုအရာက သူ့ရှေ့ရှိအမျိုးသမီးက သိုင်းပညာနယ်ပယ်မှ ကျော်ကြားသည့်ဂိုဏ်းသခင်တစ်ယောက်မဟုတ်သလိုပင်။
သီးသန့်ခန်းထဲမှာ စာကောင်းကောင်းဖတ်နေသည့် နူးညံ့သည့်အမျိုးသမီးတစ်ယောက်နှင့် ပိုတူ၏။
တစ်ယောက်ယောက်ချည်းကပ်လာတာ သတိထားမိသည့်အခါ သူမက စာဆက်ဖတ်နေပြီး ခေါင်းမမော့ပဲပြောလိုက်သည်။
"လက်ဖက်ရည်ထည့်ပေးအုန်း..."
ဂျန်ဖန်း အနည်းငယ်အံ့အားသင့်သွားပြီး နောက်မှ သူမအစေခံအမျိုးသမီးနှင့်အထင်မှားနေတာ နားလည်သွား၏။
သူက လက်ဖက်ရည်စကားပွဲဆီလျှောက်သွားလိုက်ပြီး လက်ဖက်ရည်ထည့်လိုက်သည်။ ထို့နောက် သူမရှေ့မှာ ထားပေးလိုက်သည်။
"ငါ့ပခုံးနှိပ်ပေးအုန်း..."
သူမ ဝါးစာလိပ်မှ ခေါင်းမမော့သေးပေ။
ဂျန်ဖန်း ရယ်ချင်သွား၏။
တိတ်တဆိတ် သူမနောက်ကိုသွားကာ အေးစက်နူးညံ့သည့်ပခုံးလေးပေါ်သို့ လက်တင်လိုက်၏။
သူမပခုံးက အလွန်သေးပြီး စာရွက်တစ်ရွက်လိုပင်။
ဂျန်ဖန်းလက် တစ်ဝက်တောင် မရှိပေ။
သူ နှစ်ကြိမ်ဆုပ်နှယ်လိုက်သည့်အခါ ဂုန်ချိုင်းယီကို သက်တောင့်သက်သာဖြစ်သည့်ညည်းသံတစ်ခု ထွက်ပေါ်လာစေ၏။
"ဒီတစ်ကြိမ်, မင်းခွန်အားတွေရှိလာပါ့လား။ ဗိုက်ပြည့်လာတယ်နဲ့တူတယ်...."
"အရင်က ဒီလိုခွန်အားမျိုးမရှိပါဘူး...."
ဂျန်ဖန်းပြုံးလိုက်ပြီး မတုံ့ပြန်ပေ။ သူက သူမကို ဆက်နှိပ်ပေးပြီး မသေမျိုးဆေးစာအုပ်မှ သွေးကြောဖွင့်ခြင်းနည်းလမ်းကို အသုံးပြုလိုက်၏။
သာမန်လူတွေအတွက်တော့ ထိုနည်းလမ်းဖြင့်နှိပ်နှယ်လိုက်လျှင် နာကျင်သွားမည်ဖြစ်သည်။
သို့ပေမယ့် အမြုတေဖွဲ့စည်းခြင်းအဆင့်သိုင်းပညာရှင်အတွက်တော့ ကွက်တိလောက်ပင်။
သက်တောင့်သက်သာရှိလွန်း၍ ဂုန်ချိုင်းယီဝါးစာလိပ်ချကာ မျက်လုံးပိတ်ပြီး တိတ်တဆိတ် ခံစားလိုက်၏။
သူမပါးစပ်က ချီးကျူးမှုတွေနှင့်ပြည့်နှက်နေခဲ့သည်။
"ယင်တောက်, မဆိုးဘူး။ နောက်ဆုံးတော့ နင်ငါကျေနပ်စေဖို့ နည်းလမ်းအချို့သင်လာခဲ့ပြီပဲ...."
"နင့်ကိုသင်ပေးလိုက်တဲ့သူက ဆေးပညာလမ်းစဥ်ကဖြစ်မယ်, ဟုတ်တယ်မလား...."
"ဒီနည်းစနစ်က သွေးကြောတွေကို ပျော့ပျောင်းစေတယ်မလား...."
ဂျန်ဖန်း ရယ်လိုက်၏။
သူမကတကယ်ပဲ အမြင်စူးရှလှ၏။
ထို့နောက် သူက အရှိန်မြင့်ကာ သူမပခုံးတွေကို နှိပ်နှယ်ပေးလိုက်၏။
ဂုန်ချိုင်ယီ ပိုလို့တောင် သက်တောင့်သက်သာ ခံစားရ၏။
ထို့ပြင် သူမကို ပိုပြီး ပဟေဠိဖြစ်စေတာက..."ထိုနည်းစနစ်က ကျွမ်းကျင်လွန်းနေတာ" ပဲဖြစ်သည်။
"ယင်တောက်, နင့်ကိုဘယ်သူသင်ပေးလိုက်တာလဲ...."
ဘေးနားကျောက်တုံးပေါ်မှာ တိတ်တဆိတ်မတ်တပ်ရပ်ပြီး အမိန့်ပေးတာစောင့်နေသည့် ယင်တောက် နောက်ဆုံးမှာမှ စကားပြောရဲတော့၏။
သူမကိုမေးနေတာကြားသည့်အခါ ပြောလိုက်သည်။
"ဂိုဏ်းချုပ်, ကျွန်မက ဒီမှာပါ...."
ဟမ်?...
အသံရှေ့မှလာတာကိုသတိထားမိပြီး ဂုန်ချိုင်ယီ ရုတ်ချည်း မျက်လုံးဖွင့်လိုက်၏။
သူမအစေခံမိန်းခလေးယင်တောက်က အဝေးမှာ အပြစ်ကင်းစွာ မတ်တပ်ရပ်နေခဲ့၏။
ယင်တောက်မဟုတ်လျှင်...
ဒါဆို ဘယ်သူ သူမကိုနှိပ်ပေးနေသနည်း။
ရုတ်တရက် နောက်လှည့်ကြည့်လိုက်သည့်အခါ ယောက်ျားဝတ်အင်္ကျီဖြင့်လူတစ်ယောက်ကို တွေ့လိုက်ရသည်။
ချက်ချင်းပဲ ဒေါသတကြီး မတ်တပ်ထရပ်လိုက်၏။
"ရိုင်းစိုင်းလိုက်တာ... ငါ့ခွင့်ပြုချက်မရှိပဲ ငါ့ကိုထိရဲ..."
သို့ပေမယ့် အမျိုးသားမျက်နှာမြင်သည့်အခါ သူမကြောင်သွား၏။
"ဂျန်ဖန်း?...."