အသည်းနှလုံးမရှိသောဂုန်ချိုင်းယီ
Vol. 17 Ch. 245
သူမက ဂျန်ဖန်းအကြောင်း တစ်လလုံးတွေးနေခဲ့၏။
တပည့်တွေတောင် သူမပြောလွန်းလို့ ရိုးအီနေကြပြီဖြစ်သည်။
ဂျန်ဖန်းကို စိတ်ဝိညာဥ်သားရဲဂိုဏ်းဖိတ်ခေါ်ဖို့ အကြိမ်းများစွာတွေးလိုက်ပေမယ့်လည်း သားရဲလှိုင်းကိစ္စကြောင့် ထိုကိစ္စအားဘေးဖယ်ထားနေရ၏။
ရုတ်တရက် ဂျန်ဖန်းကို သူမရှေ့မှာ မြင်လိုက်သည့်အခါ ဘယ်လိုလုပ် မအံ့သြပဲနေမည်နည်း။
ဂျန်ဖန်း နောက်ကိုခြေနှစ်လှမ်းဆုတ်ပြီး လက်ချင်းယှက်ကာပြောလိုက်သည်။
"ဂိုဏ်းချုပ်ပဲ ငါ့ကို နှိပ်ခိုင်းတာလေ..."
"ဂျူနီယာတစ်ယောက်အနေနဲ့ စော်ကားတာမဟုတ်ပါဘူး..."
ဂုန်ချိုင်ယီ နောက်ဆုံးမှာ နားလည်သွား၏။
အစောပိုင်း သူမစာအုပ်ကိုအာရုံစိုက်လွန်း၍ အနားကပ်လာသည့်ဂျန်ဖန်းကို ယင်တောက်နှင့်အထင်မှားကာ အမိန့်ပေးလိုက်ခြင်းဖြစ်သည်။
သူ့ကို လက်ဖက်ရည်ထည့်ခိုင်းပြီး ပခုံးနှိပ်ခိုင်းလိုက်၏။
သူမ မနေနိုင်ပဲ ရယ်ရမလို ငိုရမလိုဖြစ်သွား၏။
"မင်းက ဘာလို့ စကားတစ်ခွန်းမှမပြောရတာလဲ...."
ဂျန်ဖန်းပြောလိုက်သည်။
"ဂိုဏ်းချုပ် အရမ်းအာရုံစိုက်နေတာမြင်တော့ မနှောက်ယှက်ချင်လို့ပါ..."
ဂုန်ချိုင်းယီ အများကြီးပြောင်းလဲသွားသည့်ဂျန်ဖန်းကိုကြည့်ပြီး နှစ်များစွာ ခွဲခွာခဲ့ရသလို ခံစားရ၏။
သူမတို့က တစ်လသာခွဲရသေးတာ ရှင်းလင်းပေမယ့် အချိန်အတော်ကြာသွားသလိုပင်။
သူမစိတ်ခံစားချက်ကိုဖိနှိပ်ကာ အချိန်အတော်ကြာပျောက်ဆုံးနေသည့်အပြုံးတစ်ခုဖြင့် နွေးထွေးစွာပြောလိုက်သည်။
"ထိုင်လေ..."
သူမက သူမ၏ကိုယ်ပိုင်ကျယ်ပြန့်ရှည်လျားသည့်ကုလားထိုင်ကို ညွှန်ပြလိုက်သည်။
ကုလားထိုင်ရှည်က ထိပ်တန်းစိတ်ဝိညာဥ်ဝါးဖြင့်ပြုလုပ်ထားပြီး နှစ်ယောက်ထိုင်ခြင်း၊ လဲလျောင်းအနားယူခြင်းတွေပြုလုပ်ဖို့ လုံလောက်၏။
ဂျန်ဖန်းလက်ဝှေ့ယမ်းလိုက်သည်။
"ဂျူနီယာမလုပ်ရဲပါဘူး...."
ထိုအရာက ဂိုဏ်းချုပ်ထိုင်ခုံဖြစ်၏။
အပြင်ဂိုဏ်းတပည့်တစ်ယောက်ဖြစ်သည့် သူက ဘယ်လိုလုပ် သာမန်ကာဆန်ကာ ထိုင်နိုင်မည်နည်း။
ဂုန်ချိုင်းယီ ဂျန်ဖန်းကိုအလွန်နှစ်သက်ပြီး သူနှင့်ဆိုလျှင် လုပ်ထုံးလုပ်နည်းတွေအများကြီး စောင့်ထိန်းမနေပေ။
သူ့ပခုံးကိုဖိချပြီး ထိုင်ခိုင်းလိုက်သည်။
"ငါနဲ့ရှိနေရင်, လုပ်ထုံးလုပ်နည်းတွေ မလိုအပ်ပါဘူး...."
သို့ပေမယ့်အပြင်ဘက်ရှိလူတွေ မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေကြသည်။
ဂိုဏ်းချုပ်က တကယ်ပဲ ဂျန်ဖန်းကို ဂိုဏ်းချုပ်ထိုင်ခုံမှာထိုင်ခိုင်းသည်လား....
ယီလန်ရှင်း တုန်လှုပ်နေပြီး ပြောလိုက်သည်။
"ဂျူနီယာညီမယွမ်, နင်အဲ့ခုံမှာထိုင်ဖူးလား...."
ယွမ်ကျိယု ခေါင်းခါယမ်းလိုက်သည်။
"နင်နောက်နေတာလား...."
"အဲ့တာဂိုဏ်းချုပ်ထိုင်ခုံလေ။ နင့်ကိုထိုင်ခိုင်းရင်တောင် ထိုင်ရဲလို့လား..."
ဂျန်ဖန်း ဂိုဏ်းချုပ်ထိုင်ခုံ၌ ဂုန်ချိုင်းယီနှင့် ပခုံးချင်ယှဥ်ထိုင်နေတာမြင်သည့်အခါ ယွမ်ကျီယု လျာသပ်လိုက်၏။
"ဆရာက ဂျူနီယာမောင်လေးဂျန်ကို အလိုလိုက်လွန်းနေတာမဟုတ်ဘူးလား..."
ခန်းမထဲ၌...
ဂျန်ဖန်း သူ့ဖင်အောက်က ခုံကိုသာခံစားနေပြီး သက်တောင့်သက်သာမရှိပေ။
ထို့ပြင်, ဂုန်ချိုင်းယီသဘောတွေကောင်းလွန်းနေပြီး လက်ဖက်ရည်ဆက်သဖို့ အမိန့်ပေး၏။ သူမက နှင်းဖြူရောင်ပါးပြင်ပေါ်လက်ထောက်ကာ သူ့ကို စိုက်ကြည့်နေခဲ့သည်။
ထိုအရာက သူ့ကိုပိုလို့တောင် မလွယ်ကူသလိုခံစားရစေ၏။
သူက ခြောက်ကပ်ကပ် ချောင်းဆိုးလိုက်၏။
"ဂိုဏ်းချုပ်, အမိန့်ပေးစရာ ရှိလို့လား..."
အမိန့်?....
ဂုန်ချိုင်းယီတစ်ခဏတိတ်သွား၏။
ထို့နောက်မှသာ ဂျန်ဖန်းလာသည့်အကြောင်းမေးဖို့ မေ့နေမှန်းသတိရလိုက်၏။
"ဟုတ်သားပဲ, မင်းငါ့ကိုလာရှာတာ ဘာကိစ္စရှိလို့လဲ...."
"ငါထင်တာ မင်း စိတ်ဝိညာဥ်သားရဲဂိုဏ်း မလာရဲဘူးလားလို့...."
အရင်က ဂျန်ဖန်း စိတ်ဝိညာဥ်သားရဲဂိုဏ်း ဂိုဏ်းသခင်ငယ်ဖြစ်ဖို့ အကြိမ်ကြိမ်ငြင်းဆိုခဲ့၏။
အဆုံးမှာတော့ သူမ မဖိတ်သော်လည်း သူကိုယ်တိုင်ရောက်လာခဲ့သည်။
ဂျန်ဖန်း ပြန်ပြောလိုက်သည်။
"ဂိုဏ်းချုပ်ပဲ ကျွန်တော့ကို ဆင့်ခေါ်တာမဟုတ်ဘူးလား...."
ငါက နင့်ကိုဆင့်ခေါ်တယ်?....
ထိုအရာက ဂုန်ချိုင်းယီကို တစ်ခဏစိတ်ရှုပ်သွားစေပြီး နောက်မှသာ အံ့အားသင့်စွာပြောလိုက်သည်။
"ကြာပန်းနက်ဓားပြအဖွဲ့တာဝန်ပြီးတယ်ဆိုတဲ့တစ်ယောက်က မင်းလား..."
သူမက တာဝန်ခံဆီမှ မျိုးရိုးဂျန်နှင့်ဆိုတာသာ သိခဲ့၏။
မည်သည့်ဂိုဏ်း၌ မျိုးရိုးဂျန်နှင့် ပါရမီရှင်တပည့်ရှိလဲဆိုတာ သူမသိချင်၍ လူချင်းတွေ့ရအောင် ဆင့်ခေါ်လိုက်ခြင်းဖြစ်သည်။
မည်သူထင်ထားမည်နည်း။ ထိုလူက ဂျန်ဖန်းဖြစ်နေခဲ့သည်။
"တကယ်ပဲ ဒီဂျူနီယာပါ..."
ဂျန်ဖန်း မချိပြုံးပြုံးပြီး ပြောလိုက်သည်။
အာ?...
ဂုန်ချိုင်ယီ မယုံနိုင်စွာဖြင့် ဂျန်ဖန်းကို အပေါ်အောက်စုန်ဆန်ကြည့်လိုက်သည်။
"မဟုတ်သေးဘူး။ မင်းက တစ်လတည်းနဲ့ ကြာပန်းနက်ကို သတ်နိုင်တဲ့ခွန်အားရှိနေပြီပေါ့....."
အရင်လ၌ ဂျန်ဖန်းက အခြေခံတည်ဆောက်ခြင်းအဆင့် ၆ ချောင်ကျန့်ကို အနိုင်ယူနိုင်သည့်ခွန်အားသာရှိတာ သူမမှတ်မိ၏။
ဘယ်လောက်မှမကြာသေးပေ, အဆင့် ၉ ကြာပန်းနက်ကို သတ်နိုင်ပြီတဲ့လား...
မဟုတ်သေးပေ။ သူမရထားသည့်သတင်းတွေအရ ကြာပန်းနက်က အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ချိုးဖြတ်သွားပြီဖြစ်သည်။
ထိုအချိန်၌ ဂုန်ချိုင်ယီမနေနိုင်ပဲ မတ်တပ်ထရပ်လိုက်၏။
သူမက ဂျန်ဖန်းကို တောက်လောင်နေသည့်မျက်လုံးတွေဖြင့် စိုက်ကြည့်နေခဲ့သည်။
အစက ဂျန်ဖန်း ကဏ္ဍအမျိုးမျိုးမှာပါရမီရှိသော်လည်း စိတ်ဝိညာဥ်အမြစ်မရှိ၍ သိုင်းပညာအနာဂတ်မရှိဟု ထင်ခဲ့၏။
သို့ပေမယ့် ယခုကြည့်ရတာ...
ဘယ်လိုလုပ် ဂျန်ဖန်း၌ စိတ်ဝိညာဥ်အမြစ်မရှိပဲနေမည်နည်း။
သေချာပေါက် ထူးခြားသည့်ထိပ်တန်းစိတ်ဝိညာဥ်အမြစ်ရှိရမည်ပင်။
ထိုအရာကိုတွေးမိသည့်အခါ သူမအသက်ရှူသံတွေ မြန်ဆန်လာ၏။
ဂျန်ဖန်း သူမ၏စိုက်ကြည့်မှုအောက်၌ ပိုလို့တောင်မလွယ်ကူလာသလိုခံစားရပြီး ပြောလိုက်သည်။
"ဂိုဏ်းချုပ်, ငါ မြေကမ္ဘာဖီးနစ်မြက်ချင်ဆီ လဲလှယ်ဖို့ရောက်လာတာပါ...."
"ဘယ်အချိန်ထုတ်ပေးမှာလဲမသိဘူး..."
ထိုအခိုက်အတန့်၌, သူက စိတ်ဝိညာဥ်သားရဲဂိုဏ်းမှ ဖြစ်နိုင်သမျှမြန်မြန် ထွက်သွားချင်၏။
ဂုန်ချိုင်ယီအသိပြန်ဝင်လာပြီး အထဲကစိတ်ခံစားချက်ကိုဖိနှိပ်ပြီး တည်ငြိမ်စွာပြန်ထိုင်လိုက်၏။
"မင်းဒီအထိတောင်ရောက်လာခဲ့ပြီကို။ ဘာလို့ အလျှင်လိုနေတာလဲ...."
သူမက ပေါ့ပေါ့ပါးပါးပြောလိုက်၏။
ထိုစဥ် သူမက ဂျန်ဖန်းကို ထိန်းသိမ်းထားဖို့ နည်းလမ်းစဥ်းစားနေခဲ့သည်။
ဓားပညာ၊ နားလည်နိုင်စွမ်း၊ ဆေးသန့်စင်ခြင်း၊ ခန္ဓာကိုယ်သန့်စင်ခြင်း အစရှိသည့်နယ်ပယ်အမျိုးမျိုး၌ပါရမီရှင်တစ်ယောက်...
သူ့ကိုစိတ်ဝိညာဥ်သားရဲဂိုဏ်းက မပိုင်ရလျှင် သူမကိုသတ်တာထက်ပိုဆိုးမည်ပင်။
သို့ပေမယ့် တစ်ခဏအတွင်း နည်းလမ်းကောင်း မစဥ်းစားနိုင်ဖြစ်နေ၏။
လေထုက တဖြည်းဖြည်းကို့ရို့ကားယားဖြစ်လာတာမြင်သည့်အခါ သူမက စားပွဲပေါ်ရှိဝါးစာလိပ်ကိုညွှန်ပြလိုက်သည်။
"ဒီစာအုပ်ကိုဖတ်လိုက်...."
"မင်းရဲ့နားလည်နိုင်စွမ်းနဲ့ဆိုရင် စိတ်ဝိညာဥ်သားရဲဂိုဏ်းရဲ့ သားရဲထိန်းချုပ်ခြင်းနည်းစနစ်ကနေ အတွေးအမြင်အချို့ရကောင်းရနိုင်တယ်...."
ဂျန်ဖန်းလည်း အနည်းငယ်ကို့ရို့ကားယားဖြစ်သွား၏။
သူ့အာရုံကို ဝါးစာလိပ်ဆီပြောင်းလိုက်၏။
ခေါင်းစဥ်စာမျက်နှာကိုဖွင့်လိုက်သည့်အခါ, အံ့အားသင့်စွာပဲ "စိတ်ဝိညာဥ်ထိန်းချုပ်ခြင်း" ဆိုသည့်မြေကမ္ဘာအဆင့်နည်းစနစ်ဖြစ်နေခဲ့သည်။
သူ အလျှင်အမြန်ပဲပိတ်ကာ ပြောလိုက်သည်။
"ဒါက မင်းတို့ဂိုဏ်းရဲ့ လျို့ဝှက်နည်းစနစ်ပဲ။ ငါမဖတ်နိုင်ဘူး..."
မင်းလာနောက်နေတာလား...
ဂိုဏ်း ၉ ဂိုဏ်း၌ မြေကမ္ဘာအဆင့်နည်းစနစ်ရှိဖို့ဆိုတာ မလွယ်ပေ။
ရှိခဲ့လျှင်လည်း သူတို့ဂိုဏ်း၏ အရေးကြီးလျို့ဝှက်နည်းလမ်းတွေထဲမှ အရေးကြီးဆုံးဖြစ်မှာ အသေအချာပင်။
သူ့လိုအပြင်လူက ဘယ်လိုလုပ်ဖတ်နိုင်မည်နည်း။
သို့ပေမယ့် ဂုန်ချိုင်ယီ နွေးထွေးစွာပြုံးပြီး ပြန်ဖွင့်လိုက်သည်။ သူမက ပြောလိုက်သည်။
"လွတ်လွတ်လပ်လပ်ဖတ်ပါ..."
"ဒီစာအုပ်က ဂိုဏ်းချုပ်အဆက်ဆက်ကိုဖြတ်ကျော်လာခဲ့ပေမယ့် ဘယ်သူမှနားမလည်ခဲ့ဘူး။ ငါလည်းနားမလည်ဘူး..."
"မင်းသာ ဒါကိုနားလည်အောင်လုပ်ပြီး ငါတို့ဂိုဏ်းကိုကူညီရင် ဆုလဒ်အကြီးကြီး ရလိမ့်မယ်...."
ဂျန်ဖန်း မချိပြုံးပြုံးလိုက်သည်။
"ငါ ဆုလဒ်မလိုချင်ပါဘူး...."
"ဂိုဏ်းချုပ် ကတိအတိုင်း မြေကမ္ဘာဖီးနစ်မြက်ချင်ဆီထုတ်ပေးရင်ပဲ အဆင်ပြေနေပါပြီ..."
တွေဝေနေခြင်းမရှိပဲ ဂုန်ချိုင်ယီ သူမ၏နှင်းဖြူရောင်မေးစေ့လေးဖြင့် ခေါင်းညိတ်ပြလိုက်၏။
"ပြဿနာမရှိဘူး...."
ဤသို့ဖြင့် ဂျန်ဖန်း "စိတ်ဝိညာဥ်ထိန်းချုပ်ခြင်းနည်းလမ်း" ကို အာရုံစိုက်ပြီး ဖတ်တော့၏။
သူမသိတာက, ဂုန်ချိုင်ယီ၏နူးညံ့သည့်မျက်လုံးတွေထဲ၌ ဉာဏ်နီဉာဏ်နက်များသည့်အလင်းတစ်ချက်ဖြတ်ပြေးသွားသည်ဆိုတာပင်။
ခန်းမအပြင်ဘက်၌ ယွမ်ကျီယု ကြောင်အနေပြီး အနီရောင်နှုတ်ခမ်းလေးကိုကိုက်ထားပြီး မျက်လုံးတွေက မယုံကြည်နိုင်မှုတွေ အပြည့်ပင်။
"ဂျူနီယာညီမယွမ်, ဘာဖြစ်လို့လဲ...."
သူမအလွန်အံ့သြနေတာမြင်သည့်အခါ ယီလန်ရှင်း အံ့အားသင့်စွာမေးလိုက်သည်။
ယွမ်ကျီယု ဝါးစာလိပ်ကိုညွှန်ပြပြီး ပြောလိုက်သည်။
"အဲ့ဒါ... အဲ့ဒါက ဂိုဏ်းချုပ်ပဲဖတ်လို့ရတဲ့ လျို့ဝှက်နည်းလမ်းလေ..."
"ပုံမှန်ဆို, ငါတို့တပည့်တွေ ကြည့်ခွင့်တောင်မရှိဘူး...."
"ဒါပေမယ့် ဂိုဏ်းချုပ်က ဂျန်ဖန်းဖတ်ဖို့ ပေးပစ်လိုက်တယ်...."
ဂုန်ချိုင်ယီ ဂျန်ဖန်းကို ဂိုဏ်းခေါင်းဆောင်ငယ်အဖြစ် ဖိိတ်ခေါ်ခဲ့တာကို အမှတ်ရလိုက်၏။
သူမက ပျော်ရွင်ရမှာလား စိုးရိမ်ရမှာလား မသေချာပဲ ရေရွတ်လိုက်၏။
"ဂျူနီယာမောင်လေးဂျန် စိတ်ဝိညာဥ်သားရဲဂိုဏ်းက ထွက်သွားလို့ရတော့မှာမဟုတ်ဘူး..."
ယီလန်ရှင်း လှပသည့်မျက်လုံးတွေ တုန်လှုပ်မှုကြောင့် ပြူးကျယ်သွား၏။
"နင်ဆိုလိုတာ, ဂျန်ဖန်းက စိတ်ဝိညာဥ်သားရဲဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်ငယ်ဖြစ်လာမယ်ပေါ့..."
ဂျန်ဖန်းကတော့ လုံးဝမသိပဲ...
ဝါးစာလိပ်ကိုအသေးစိတ်ဖတ်နေပြီး သူ့အတွေးအမြင်တွေကို ဂုန်ချိုင်ယီအား ရှင်းပြနေခဲ့သည်။
ပထမတော့, ဂုန်ချိုင်ယီ ဂျန်ဖန်းနှင့် ဝါးစာလိပ်ကို တစ်ချက်တစ်ချက်ခိုးခိုးကြည့်နေခဲ့သည်။
အတော်လေး အာရုံမစိုက်ပေ။
သို့ပေမယ့် တဖြည်းဖြည်း ဂျန်ဖန်းရှင်းပြချက်တွေ နက်နဲလာသည်နှင့်အမျှ ဂုန်ချိုင်းယီ ပိုပိုပြီး စိတ်ဝင်စားအာရုံစိုက်လာခဲ့သည်။
အရင်က သူမနားမလည်သည့်မေးခွန်းများစွာ သူ့ရှင်းပြချက်အောက်၌ ရှင်းလင်းလာခဲ့သည်။
နှစ်နာရီလောက်ကြာပြီးနောက်...
နေရောင်ခြည်မြင့်တက်လာပြီး သူတို့၏အာရုံစိုက်နေသည့်မျက်နှာပေါ်သို့ အလင်းမှုန့်လေးတွေ ကျလာခဲ့သည်။
ဂျန်ဖန်း နောက်ဆုံးစာမျက်နှာကိုပိတ်လိုက်ပြီး ပခုံးတွဲကျပြီး သက်ပြင်းချလိုက်၏။
"ပြီးပြီ၊ ဒါတွေက ကျွန်တော်ရဲ့အဓိပ္ပာယ်ကောက်နှုတ်ချက်တွေပဲ...."
"ဂိုဏ်းချုပ်မှာ မေးစရာတစ်ခုခုရှိရင် မေးနိုင်ပါတယ်..."
ဂုန်ချိုင်ယီ နာလည်ဆင်ခြင်မှုထဲမှာ နစ်မြုပ်နေဆဲဖြစ်ပြီး သူမစိတ်က ဂျန်ဖန်းအတွေးအမြင်တွေနှင့် ပြည့်နှက်နေခဲ့သည်။
ဂိုဏ်းခေါင်းဆောင်တစ်ယောက်အနေဖြင့်, သူမနားလည်နိုင်စွမ်းက မနိမ့်ကျပေ။
တစ်ခဏကြာပြီးနောက်, သူ့ရှင်းပြချက်အားလုံးကို ခြေဖျက်နိုင်ခဲ့၏။
ထို့နောက် ထိုအတွေးအမြင်တွေအတိုင်း လေ့ကျင့်လိုက်၏။
ချိပ်ပိတ်နည်းစနစ်ကိုလုပ်ဆောင်လိုက်သည့်အခါ, သူမလက်ဝါးထဲ၌ ရှုပ်ထွေးသည့် သင်္ကေတတစ်ခုပေါ်လာ၏။
ထိုအရာက ဂုန်ချိုင်းယီကို အလွန်စိတ်လှုပ်ရှားသွားစေပြီး စကားတွေကို အထစ်ထစ်အငေါ့ငေါ့ဖြစ်သွားစေခဲ့သည်။
"ဒါ သင်္ကေတပဲ။ သားရဲထိန်းချုပ်တဲ့သင်္ကေတပဲ..."
"ငါအောင်မြင်သွားပြီ။ စိတ်ဝိညာဥ်သားရဲဂိုဏ်းရဲ့ မြေကမ္ဘာအဆင့်မြင့်နည်းစနစ်ကို နှစ်ပေါင်းနှစ်ရာကြာပြီးတဲ့နောက်မှာ ငါအောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့ပြီ...."
သူမစိတ်လှုပ်ရှားမှုက စကားလုံးနှင့်ပင် မဖော်ပြနိုင်ပေ။
စိတ်လှုပ်တရှား ဂျန်ဖန်းကိုပွေ့ဖက်လိုက်ပြီး အသံက ရှိုက်သံအနည်းငယ်ပါနေခဲ့သည်။
"ကျေးဇူးတင်ပါတယ်, ကျေးဇူးတင်ပါတယ်...."
"ငါ မျိုးဆက်အသီးသီးက ဂိုဏ်းချုပ်တွေရဲ့ဆန္ဒနဲ့ ငါ့ဆရာရဲ့မသေခင်ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ခဲ့ပြီ...."
"ငါသူတို့ကို အရှက်မရစေတော့ဘူး... ဟစ်...."
ဂျန်ဖန်းကြောင်သွား၏.
ပျော့ပျောင်းနွေးထွေးသည့်အရာ၏ တင်းကျပ်စွာပွေ့ဖက်ခံရမှုကြောင့် သူ့စိတ် ဟာလာဟင်းလင်းဖြစ်သွား၏။
အထူးသဖြင့် သူ့လက်မောင်းပင်။ သူမ၏ ကြီးထွားသည့်ရင်သားတွေဖြင့် အဖိခံထား၏။
မနေနိုင်ပဲ သူ့နှလုံးခုန်သံတွေ မြန်လာခဲ့သည်။
ခန်းမအပြင်ဘက်ရှိလူတွေလည်း မျက်လုံးတွေပြူးကျယ်ကုန်၏။
သူတို့မြင်နေရတာကို မယုံနိုင်ဖြစ်နေကြသည်။
အထူးသဖြင့် ယွမ်ကျီယုပင်။
ထိုမြင်ကွင်းကို မျက်တောင်မခတ်တမ်းစိုက်ကြည့်နေပြီ....
"ဒါ... ဒါ တကယ်ပဲ ငါ့ဆရာလား...."