ထွက်သွားဖို့မစဥ်းစားနဲ့
Vol. 17 Ch. 246
သူမဘာမြင်နေသနည်း?
သူမနှလုံးသားထဲ၌ သူမ၏သန့်စင်မွန်မြတ်သည့်ဆရာက အမှန်တကယ်.... အမှန်တကယ်ပဲ နေ့ခင်းကြောင်တောင်မှာ ယောက်ျားတစ်ယောက်ို ပွေ့ဖက်နေခဲ့သည်။
ထို့ပြင် သူမက စဖက်သည့်တစ်ယောက်ဖြစ်၏။
မျက်စိနှင့်သာတပ်အပ်မြင်တာမဟုတ်လျှင် ထိုအရာကိုယုံမည်မဟုတ်ပေ။ နှစ်သန်းချီတောင် သူမဆရာက ထိုကဲ့သို့ကိစ္စမျိုး လုပ်မည်မဟုတ်ပေ။
ချင်ချိုင်ဟီလည်း အံ့အားသင့်နေပြီး ပြောလိုက်သည်။
"စီနီယာအမယွမ်, နင့်ဆရာနဲ့... ဂျူနီယာမောင်လေးဂျန်က...."
ချူရှင်းမန် သူမမျက်လုံးတွေကိုကာလိုက်၏။ မျက်နှာကနီရဲနေကာ လက်ချောင်းကြားမှ ချောင်းကြည့်လိုက်သည်။
"စကားပြောနေရင်း သူတို့ ဘယ်လိုလုပ်ထဖက်ကြတာလဲ...."
ယီလန်ရှင်း မနေနိုင်ပဲ သူမပါးစပ်ကိုကာလိုက်ကာ မျက်လုံးတွေကပြူးကျယ်နေခဲ့သည်။
သူတို့မြင်နေရတာ ဘယ်လိုမဖြစ်နိုင်သည့်မြင်ကွင်းကြီးနည်း။
ခန်းမထဲ၌....
ဂျန်ဖန်း ပွေ့ဖက်မှုကြောင့်အသက်ရူကျပ်လာပြီး သတိပေးလိုက်သည်။
"ဂိုဏ်းချုပ်, စိတ်လျော့ပါ..."
ဂုန်ချိုင်ယီတစ်ခဏကြောင်သွားပြီးနောက် သူမလုပ်နေသည့်အရာကို နားလည်သွား၏။
အလျှင်အမြန်ပဲ ထိတ်ထိတ်ပျာပျာလွတ်ပေးကာ သူမနှလုံးသားက အပြင်းအထန်ခုန်ပေါက်နေခဲ့သည်။
"ဂုန်ချိုင်ယီ, နင်ဘာတွေလုပ်နေတာလဲ..."
"နင်ရူးနေလား..."
"တစ်ယောက်ယောက်အထင်လွဲသွားရင် ဘယ်လိုလုပ်မလဲ...."
သူမ နဖူးကိုပွတ်ကာ ရှက်ရွံ့မှုမှ ပုန်းကွယ်ဖို့ကြိုးစားလိုက်ပြီး ပြောလိုက်သည်။
"အစောပိုင်းက ငါစိတ်လှုပ်ရှားပြီး မင်းက အမျိုးသားတပည့်ဆိုတာ မေ့သွားတာ...."
"ဒီကိစ္စကိုမေ့လိုက်ပါ...."
"ပြီးတော့ အခြားဘယ်သူ့မှ မပြောရဘူးနော်...."
စိတ်ဝိညာဥ်သားရဲဂိုဏ်း၌ အမျိုးသမီးတပည့်တွေသာရှိပြီး တစ်နှစ်ပတ်လုံး အမျိုးသားတပည့်ဆိုတာ မြင်ရခဲ၏။
ထို့ကြောင့်, ဂိုဏ်းချုပ်တစ်ယောက်အနေနှင့်တောင် သူမက လိင်ကွဲပြားမှုကို မေ့လျော့နေခဲ့သည်။
မမျှော်လင့်စွာပဲ, သူမ၏အစောပိုင်းစိတ်လှုပ်ရှားမှုက ဤကဲ့သို့ ရှက်စရာကောင်သည့်အခြေအနေကို ဖြစ်သွားစေခဲ့သည်။
ဂျန်ဖန်းနှာခေါင်းထဲရှိ သင်းပျံ့သည့်မွှေးရနံ့နှင့် လက်မောင်းမှရိုးတိုးရွတခံစားမှုက ဖြည်းဖြည်းချင်းပျောက်ကွယ်သွားခဲ့သည်။
ထိုအရာအားလုံးက ဤကဲ့သို့အရာမျိုးတစ်ခါမှမကြုံဖူးသည့်ဂျန်ဖန်းကို ဖော်ပြမရနိုင်သည့်ထူးဆန်းမှုကို ခံစားရစေ၏။
သူက ခေါင်းညိတ်ပြီး အကြောင်းအရာပြောင်းလိုက်သည်။
"ဂိုဏ်းရဲ့အစွမ်းထက်နည်းစနစ်ကို နားလည်သွားလို့ ဂိုဏ်းချုပ်ဂုန်ကို ဂုဏ်ပြုပါတယ်...."
ဂုန်ချိင်ယီပြန်လည်တည်ငြိမ်သွားပြီး သူမမျက်လုံးတွေက ဉာဏ်နီဉာဏ်နက်တွေနှင့် တဖြတ်ဖြတ်တောက်ပနေခဲ့သည်။
"မင်းကိုလည်း သင်ယူလိုက်ရတဲ့အတွက် ဂုဏ်ပြုပါတယ်...."
သူမ၏နားလည်မှုက ဂျန်ဖန်းဆီမှလာတာဖြစ်သည်။
သူမတောင်အောင်မြင်နိုင်လျှင် ဂျန်ဖန်းဆို ပိုလို့တောင် လွယ်ကူမည်ဖြစ်သည်။
ဂျန်ဖန်း အလေးအနက်ပြောလိုက်သည်။
"ဂိုဏ်းချုပ် စိတ်ချလက်ချနေပါ။ ကျွန်တော် မင်းတို့ဂိုဏ်းရဲ့လျို့ဝှက်နည်းစနစ်ကို မလေ့ကျင့်သလို တတိယလူဆီလည်း မပေါက်ကြားစေရပါဘူး...."
သူကိုယ်တိုင်ကကို မြေကမ္ဘာအဆင့်နည်းစနစ် သုံးခုပိုင်ဆိုင်၏။
စိတ်ဝိညာဥ်သားရဲဂိုဏ်း၏ လျို့ဝှက်နည်းစနစ်ကို လောဘတက်စရာမလိုပေ။
ဂုန်ချိုင်ယီ အနည်းငယ်ပြုံးလိုက်သည်။
သူမက ကျောက်စိမ်းအိုးကိုကောက်ယူပြီး ဂျန်ဖန်းအတွက် လက်ဖက်ရည်အချို့လောင်းထည့်ပေးလိုက်၏။
ထို့နောက် ဖြည်းညင်းစွာပြောလိုက်သည်။
"စိတ်ဝိညာဥ်ထိန်းချုပ်ခြင်းနည်းလမ်းက ငါတို့ဂိုဏ်းတည်ထောက်သူဖန်တီးခဲ့တာ...."
"နက်နက်ရှိုင်းရှိုင်းလေ့ကျင့်နိုင်သွားရင် ကိုယ့်ထက်သုံးဆင့်မြင့်တက် နတ်ဆိုးသားရဲကို ထိန်းချုပ်ပြီး တိုက်ခိုက်ရေးသားရဲလုပ်နိုင်တယ်....."
သူမက လက်ဖက်ရည်ကို ဂျန်ဖန်းဆီတွန်းပို့လိုက်သည်။
သူမမျက်လုံးထဲ၌ ကျီစယ်သည့်အပြုံးတစ်ခုရှိနေခဲ့သည်။
"အဲ့လိုအံ့အားသင့်စရာကောင်းလွန်းတာကြောင့် ဒါကို ဂိုဏ်းရဲ့ကန့်သတ်လျို့ဝှက်နည်းစနစ်အဖြစ်သတ်မှတ်ခဲ့တယ်....."
"လူတစ်မျိုးပဲ ဒါကိုကျင့်ကြံလို့ရတယ်...."
"ဘယ်လိုလူမျိုးဖြစ်မလဲ မင်းမှန်းကြည့်ပါလား....."
ဂျန်ဖန်း ထိုအရာကိုကြားသည့်အခါ ငြိမ်ငြိမ်ထိုင်မနေနိုင်တော့ပေ။
သူ့အသိဉာဏ်နည်းနည်းလေးနှင့်တောင် ဤကဲ့သို့နည်းစနစ်က ဂိုဏ်းသခင်မှလေ့ကျင့်နိုင်တာ ခန့်မှန်းနိုင်၏။
ဒါမှမဟုတ်,ဂိုဏ်းချုပ်အဖြစ်လျာထားခံရသူပဲဖြစ်သည်။
"ဂိုဏ်းချုပ်, ဘယ်အချိန် ငါ မြေကမ္ဘာဖီးနစ်မြက်ချင်ဆီရမလဲ...."
"ကျွန်တော် ဂိုဏ်းပြန်ပြီး သတင်းပို့ရအုန်းမယ်..."
သူက အလျှင်အမြန်ပဲ ဂုန်ချိုင်ယီကို ဖြတ်ပြောလိုက်သည်။
ဂုန်ချိုင်းယီမျကလုံးတွေ လခြမ်းသဏ္ဍာန်နှစ်ခုကဲ့သို့ ကွေးညွတ်သွားပြီး ပြုံးလိုက်သည်။
"မင်းက ဘယ်ဂိုဏ်းကို ပြန်မှာလဲ...."
"အခု စိတ်ဝိညာဥ်သားရဲဂိုဏ်းက မင်းရဲ့ဂိုဏ်းပဲလေ...."
"မြေကမ္ဘာဖီးနစ်မြက်ချင်ဆီအားလုံးကလည်း မင်းဟာပဲ...."
ဂျန်ဖန်း တုန်ယင်သွား၏။
သူကြောက်နေသည့်အရာ အတိအကျဖြစ်လာပြီပင်။
အလျှင်အမြန်ပဲပြောလိုက်သည်။
"ဂိုဏ်းချုပ်, ကျေးဇူးပြုပြီး ဟာဟတွေမပြောပါနဲ့....."
"စိတ်ဝိညာဥ်သားရဲဂိုဏ်းက အမြဲ အမျိုးသမီးတပည့်တွေပဲလက်ခံခဲ့တာ။ အမျိုးသားတစ်ယောက် မင်းတို့ဂိုဏ်းကိုဝင်တာ စည်းမျဥ်းချိုးဖောက်သလိုဖြစ်နေလိမ့်မယ်..."
ဂုန်ချိုင်ယီ အနည်းငယ်နောက်ကိုမှီလိုက်ပြီး သူမ၏သင်းပျံ့သည့်ရနံ့ ပျံ့လွင့်သွား၏။
ထို့နောက် စွဲမက်ဖွယ်ကောင်းသည့်နှုတ်ခမ်းတစ်စုံ နူးညံ့စွာပွင့်အသွား၏။
"စည်းမျဥ်းတွေကို လူကလုပ်တာပါ။ သဘာဝအတိုင်း လူကပြောင်းလဲနိုင်တယ်...."
"ဒီဂိုဏ်းချုပ်က မင်းအတွက်ချွင်းချက်ထားပြီး တပည့်အဖြစ်လက်ခံပေးမယ်။ ပြီးတော့ ဂိုဏ်းခေါင်းဆောင်ငယ်အဖြစ် အပ်နှင်းမယ်...."
"နောက်နှစ်တစ်ရာကြာရင် မင်းက စိတ်ဝိညာဥ်သားရဲဂိုဏ်းရဲ့ နောက်တက်မဲ့ ဂိုဏ်းချုပ်ဖြစ်လာလိမ့်မယ်...."
ဂျန်ဖန်းနှလုံးသား အနည်းငယ်ပရမ်းပတာဖြစ်သွား၏။
ဤကဲ့သို့ဆွဲဆောင်မှုရှိသည့်ကမ်းလှမ်းမှု,ဘယ်လိုလုပ် သူက သွေးဆောင်မခံရပဲ နေမည်နည်း။
ထို့ပြင်ဂုန်ချိုင်ယီက သူတွေ့ဖူးသည့်အကြီးအကဲတွေထဲ၌ အရိုးသားဆုံးနှင့် အနူးညံ့ဆုံးသူလည်းဖြစ်သည်။
သူမ ကတိအလွတ်တွေပေးနေတာမဟုတ်ဘူးဆိုတာ သူယုံ၏။
သို့ပေမယ့် သူ့ကိုယ်ထဲရှိလေဟာနယ်ရှေးဟောင်းသစ်ပင်ပဲဖြစ်ဖြစ်၊ သူ့အဖေ၏တစ်ဘဝစာစိတ်ဓာတ်ကျမှု၊ သူ့မှတ်ဉာဏ်ထဲမှာမရှိသည့် ဘယ်ရောက်နေမှန်းမသိသည့်သူ့မွေးမိခင်ပဲဖြစ်ဖြစ်....
အားလုံးက ဂျန်ဖန်းကို လက်ရှိအခြေအနေနှင့် တင်းတိမ်ရောင့်ရဲနေဖို့ ခွင့်မပြုပေ။
မရပ်မနားရှေ့ဆက်တိုးနေခြင်းကသာ သူ့လမ်းစဥ်ဖြစ်၏။
ထိုအရာကိုနားလည်ပြီး သူ့အကြည့်တွေပြတ်သားလာကာ မတ်တပ်ထရပ်လိုက်သည်။
"ကျွန်တော် ဂိုဏ်းချုပ်ဂုန်ရဲ့ကြင်နာမှုကို အသိအမှတ်ပြုပါတယ်...."
"ဒါပေမယ့် ကျွန်တော့်ရည်မှန်းချက်က အဝေးမှာရှိနေတယ်။ ကျေးဇူးပြုပြီး ဂိုဏ်းချုပ်ဂုန် အခြားသင့်တော်တဲ့တစ်ယောက်ယောက်ကို ရွေးလိုက်ပါ...."
"နှုတ်ဆက်ပါတယ်..."
သူက မြေကမ္ဘာဖီးနစ်မြက်ချင်ဆီကို လက်လျော့လိုက်ပြီပင်။
ဆက်ကြာကြာနေနေလျှင် စိတ်ဝိညာဥ်သားရဲဂိုဏ်း၌ အမှန်တကယ်ပိတ်မိသွားပြီး ဘယ်တော့မှ ထွက်မရတော့မှာ ကြောက်မိ၏။
ဂျန်ဖန်း၏ပြတ်သားသည့်ထွက်ခွာမှုကိုကြည့်ပြီး ဂုန်ချိုင်းယီ အတော်လေးရှက်သွား၏။
ဘယ်အချိန်က သူမ တစ်ယောက်ယောက်အပေါ် ဤလောက်ထိရိုသားပြီး စိတ်အားထက်သန်ခဲ့ဖူးသနည်း။
လူငယ်မျိုးဆက်နှင့်မပြောနှင့် အဆင့်အတန်းပိုမြင့်သည့်လူကြီးမျိုးဆက်နှင့်တောင် ဤလောက်ထိမျက်နှာချိုသွေးတာမျိုး တစ်ခါမှမလုပ်ခဲ့ဖူးပေ။
သို့ပေမယ့် ဂျန်ဖန်းက သူမကြင်နာမှုကို ငြင်းဆန်ခဲ့၏။
စားပွဲကိုရိုက်ပြီး သူ့ကိုဆူပူကြိမ်းမောင်းဖို့ပြင်လိုက်၏။
ထိုအချိန် လူငယ်ပုံရိပ်တစ်ခု ဝမ်းသာသည့်အပြုံးဖြင့် ခန်းမအပြင်ဘက်မှပြေးဝင်လာခဲ့သည်။
"ဂိုဏ်းချုပ်ဂုန်, ဂိုဏ်းချုပ်ဂုန်, ငါနားလည်...."
ဝင်လာလာခြင်း ဂုန်ချိုင်ယီ ဒေါသတကြီးစားပွဲရိုက်သံက သူ့ကိုရုတ်တရက် ထိတ်လန့်သွားစေပြီး စကားတွေရပ်တန့်သွား၏။
ကြည့်လိုက်သည့်အခါ, ဂျန်ဖန်း စကားတစ်ခွန်းမှမပြောပဲ လျှောက်ထွက်သွားတာမြင်လိုက်၏။
ဂုန်ချိုင်ယီမျက်နှာထားကလည်းတင်းမာနေပြီး မျက်လုံးထဲမှာ ဒေါသအလင်းရောင်တွေ တဖြတ်ဖြတ်ပင်။
"ဂိုဏ်းချုပ်ဂုန်, ဘာဖြစ်လို့လဲ..."
လူငယ်က အရပ်ရှည်ချောမောကာ ဂျန်ဖန်းကဲ့သို့ လူအများကြားထင်ရှားလှ၏။
မတူတာက ဂျန်ဖန်း၏တည်ငြိမ်မှုနှင့်ယှဥ်လျှင် ထက်မြက်ပြီး ပိုရင့်ကျက်ပုံရ၏။
ထိုအခိုက်အတန့်၌ သူ့မျက်လုံးတွေ ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး သတိထားစစ်ဆေးနေသလိုပင်။
ဂုန်ချိင်းယီ သူမ၏မကျေမနပ်မှုတွေနှင့် ဒေါသကို ချုပ်တည်းလိုက်ပြီး ခပ်ပြတ်ပြတ် ပြောလိုက်သည်။
"ဖုချောင်ဟွမ်, ဘာကိစ္စလဲ...."
ဖုချောင်ဟွမ် ပဟေဠိဖြစ်သွား၏။
ပြင်ပဂိုဏ်းတပည့်တစ်ယောက်က ဂိုဏ်းချုပ်တစ်ယောက်ကို ဘယ်လိုလုပ် ဤလောက်ထိဒေါသထွက်စေရသနည်း။
ဂုန်ချိုင်းယီစိတ်ထားက အလွန်နူးညံ့၏။
သူမဒေါသထွက်တာ အရင်က တစ်ခါမှမကြားဖူးပေ။
ရှေ့ကိုလှမ်းလိုက်ပြီး သူ့မျက်နှာက မဖုံးကွယ်နိုင်သည့်ဂုဏ်ယူမှုတွေနှင့် တောက်ပနေခဲ့သည်။
"ဂိုဏ်းချုပ်ဂုန်ကို တင်ပြပါတယ်။ ဒီဂျူနီယာ စိတ်ဝိညာဥ်ထိန်းချုပ်ခြင်းနည်းစနစ်ရဲ့ ပထမစာမျက်နှာကို နားလည်ခဲ့ပါပြီ..."
သူက ကောင်းကင်သံစဥ်ဂိုဏ်း၏ တပည့်ကြီးဖြစ်၏။
ဂိုဏ်းစဝင်တကည်းက ထူးခြားသည့်အရည်အချင်းရှိပြီး လူကြီးမျိုးဆက်တွေကို နှစ်နှစ်အတွင်း ကျော်တက်ခဲ့၏။
ဤသို့ဖြင့် ဂိုဏ်း၏နံပါတ်တစ် ပြိုင်ဘက်ကင်းပါရမီရှင်တပည့်ဖြစ်လာခဲ့သည်။
သူ့နားလည်နိုင်စွမ်းက ကောင်းကင်သံစဥ်ဂိုဏ်း၌ နှစ်တစ်ရာအတွင်း အကောင်းဆုံးဖြစ်သည်။
မြေကမ္ဘာအဆင့်လှုပ်ရှားမှုအပိုင်းအစကို တစ်လတည်းနှင့်နားလည်နိုင်သည်ဟူသော ကောလဟာလတွေတောင်ရှိပြီး ကောင်းကင်သံစဥ်ဂိုဏ်း၏ ဒဏ္ဍာရီဖြစ်လာခဲ့သည်။
သူ့ဘဝက ဆေးဆေးပဲဖြတ်သန်းရမည်ဟုထင်ခဲ့၏။ ဂုန်ချိုင်ယီနှင့် မတော်တဆမတွေ့ခင်အထိပင်။
သူမ၏ပြိုင်ဘက်ကင်းခွန်အား၊ ဂိုဏ်း ၉ ဂိုဏ်းကြား အတုမရှိသည့်အလှ၊ ဆွဲဆောင်မှုနှင့် နူးညံသိမ်မွေ့သည့်အမူအရာက သူ့စိတ်ခံစားချက်တံတိုင်းကြီးကို ဓားတစ်ချောင်းကဲ့သို့ ချိုးဖြတ်သွားခဲ့သည်။
ထိုအချိန်မစ၍ ဂုန်ချိုင်းယီအကြောင်းတွေးတာ မရပ်တန့်နိုင်တော့ပေ။
သို့ပေမယ့် သူတို့၏အဆင့်အတန်းကွာခြားမှုက သူ့ကို မျှော်လင့်ချက်မဲ့စေ၏။
ဂုန်ချိုင်းယီ ဂိုဏ်း၏မြေကမ္ဘာအဆင့်နည်းစနစ်အတွက် နှစ်ပေါင်းများစွာဒုက္ခရောက်နေသည်ဟူသောသတင်းမကြားခင်ထိဖြစ်သည်။
ဤသို့ဖြင့် မဟာအကြီးအကဲနှင့်အတူ ဂုန်ချိုင်းယီကိုကူညီဖို့လာခဲ့တာဖြစ်သည်။
ဂုန်ချိုင်ယီ သူ၏ထူးခြားသည့်နားလည်နိုင်စွမ်းကိုကြားသည့်အခါ ပထမစာမျက်နှာအားကြိုးစားကြည့်ခိုင်းလိုက်၏။
အောင်မြင်ခဲ့လျှင် နားလည်ဆင်ခြင်တာကိုအကြောင်းပြပြီး ဂုန်ချိုင်ယီဘေးမှာ နေနိုင်ပြီဖြစ်သည်။
ဤတစ်ချိန် သူ့အရည်အချင်းက ဂုန်ချိုင်ယီနှလုံးသားကို တဖြည်းဖြည်းအောင်နိုင်မယ်လို့ ယုံကြည်၏။
ထို့ကြောင့်...
သုံးရက်ကြာ ပထမစာမျက်နှာအောင်မြင်စွာ နားလည်ပြီးနောက်....
ဂုန်ချိုင်းယီကို သတင်းပို့ဖို့မစောင့်နိုင်တော့တာဖြစ်သည်။
သူ့စိတ်ထဲ၌ ဂုန်ချိုင်းယီ၏ပျော်ရွင်နေသည့်အမူအရာကို စိတ်ကူးထားပြီးပြီဖြစ်သည်။
သို့ပေမယ့်....
တင်ပြပြီးနောက်....
ဂုန်ချိုင်းယီ တိတ်ဆိတ်နေတုန်းပဲဖြစ်သည်။
မော့ကြည့်လိုက်သည့်အခါ ဂုန်ချိုင်းယီ ဂျန်ဖန်း၏ထွက်ခွာသွားသည့်ပုံရိပ်ကို အပြင်းအထန်စိုက်ကြည့်နေတာ မြင်လိုက်ရ၏။
သူမမျက်လုံးတွေ၌ ရံဖန်ရံခါ ဒေါသတွေ တဖြတ်ဖြတ်ထွက်ပေါ်လာ၏။
သူမက သူပြောသည့်စကားတွေကို တစ်ခွန်းမှမကြားပေ။