မတူညီသည့်ဆက်ဆံမှု
Vol. 17 Ch. 247
"ဂိုဏ်းချုပ်ဂုန်... ဂိုဏ်းချုပ်ဂုန်..."
ဖုချောင်ဟွမ် သူမကို သတိပေးဖို့ နှစ်ခါခေါ်လိုက်၏။
ဂုန်ချိုင်ယီ နောက်ဆုံးမှာ မှိန်မောနေရာမှအသိပြန်ဝင်လာပြီး ဂျန်ဖန်းကိုစိုက်ကြည့်ရင်း မေးလိုက်သည်။
"နင်စောနက ဘာပြောလိုက်တာလဲ...."
ဖုချောင်ဟွမ် အတော်လေးလျစ်လျူရှုခံရသလို ခံစားလိုက်ရ၏။
ဂုန်ချိုင်ယီ ထိုတပည့်ကို ဘာကြောင့် အရမ်းဂရုစိုက်နေရသနည်း။
မကျေနပ်ချက်ကိုဖိနှိပ်ကာပြုံးပြီး ပြောလိုက်သည်။
"ဂိုဏ်းချုပ်ဂုန်ကို တင်ပြပါတယ်..."
"ဂျူနီယာ 'စိတ်ဝိညာဥ်ထိန်းချုပ်ခြင်းနည်းစစနစ်'ရဲ့ ပထမစာမျက်နှာကို အောင်အောင်မြင်မြင်နာလည်ခဲ့ပါပြီ...."
ဂုန်ချိုင်ယီအလွန်ပျော်သွားမည်ဟု သူထင်ခဲ့၏။
သို့ပေမယ့် သူမတုံ့ပြန်မှုက အရမ်းသာမန်ဆန်လွန်းပြီး ဖုချောင်ဟွမ်ကို ဘာပြောရမှန်းမသိဖြစ်သွားစေ၏။
"အင်း, နားလည်ပြီ...."
ဂုန်ချိုင်းယီ ဝတ်ကျေတမ်းကျေပြန်ပြောလိုက်သည်။
ဂျန်ဖန်းနောက်လှည့်မကြည့်ပဲထွက်ခွာသွားတာကိုကြည့်ပြီး သူမပို့လိုတောင် ဒေါသထွက်လာခဲ့သည်။
သူမ သူ့ကိုဘယ်လိုမမျှမတဆက်ဆံခဲ့ဖူးသနည်း။
ဒါကို ထိုကောင်က ဘယ်လိုတောင် ထိုမျှလောက် အကြင်နာမဲ့နိုင်ရသနည်း။
ဂျန်ဖန်း မတွေဝေပဲ ထွက်သွားတော့မှာကိုမြင်သည့်အခါ ထိတ်ထိတ်ပျာပျာဖြစ်သွား၏။
သူမ အော်ပြောလိုက်သည်။
"နင့်ကို ဘယ်သူက ထွက်သွားခွင့်ပြုလို့လဲ...."
"ပြန်လာခဲ့..."
ဂျန်ဖန်းအကူအညီမဲ့သွားပြီး သူ့ကိုယ်သူအားတင်းပြီး ပြန်လှည့်လိုက်သည်။
စားပွဲရှေ့မှာရပ်ပြီး လက်ချင်းယှက်ကာ ပြောလိုက်သည်။
"ဂိုဏ်းချုပ်ဂုန်, ဘာညွှန်ကြားစရာရှိသေးလို့လဲ..."
အစောပိုင်း၌ သူက သူမကို ဂိုဏ်းချုပ်ဟုခေါ်ခဲ့သည်။
ယခု ဂိုဏ်းချုပ်ဂုန်ဟု ပြောင်းခေါ်နေပြီဖြစ်သည်။
ဤအလုပ်သဘောဆန်သည့်အသံက ဂုန်ချိုင်ယီကို ပိုလို့တောင် သက်တောင့်သက်သာမဖြစ်သွားစေ၏။
သူမက ဂျန်ဖန်းကို ဆုံးမဖို့ဆုံးဖြတ်လိုက်၏။
ဘေးရှိ ဖုချောင်းဟွမ်ကိုညွှန်ပြကာ ပြောလိုက်သည်။
"ဒါက ဖုချောင်ဟွမ်တဲ့။ ကောင်းကင်သံစဥ်ဂိုဏ်းရဲ့ တပည့်ကြီးလေ...."
"နားလည်နိုင်စွမ်းက ကောင်းကင်သံစဥ်ဂိုဏ်းရဲ့ နှစ်တစ်ရာအတွင်း ပြိုင်ဘက်ကင်းပါရမီရှင်ပဲ...."
ထိပ်တန်းပါရမီရှင်ဟုကြားသည့်အခါ ဂျန်ဖန်း လေးစားစွာကြည့်ပြီး လက်ချင်းယှက်ကာ ပြောလိုက်သည်။
"တိမ်စိမ်းဂိုဏ်းဂျန်ဖန်း, စီနီယာအကိုဖုကို နှုတ်ဆက်ပါတယ်...."
ဖုချောင်းဟွမ် အများကြီးတွေးမနေပဲ အပြုံးတစ်ခုနှင့် ပြန်နှုတ်ဆက်လိုက်၏။
"ကောင်းကင်သံစဥ်ဂိုဏ်း ဖုချောင်ဟွမ်, တွေ့ရတာဝမ်းသာပါတယ်...."
ဂုန်ချိုင်းယီ ရှင်းပြလိုက်သည်။
"ဖုချောင်ဟွမ်က စိတ်ဝိညာဥ်ထိန်းချုပ်ခြင်းနည်းစနစ်ကိုနားလည်အောင်လုပ်ရာမှာ ငါ့ကိုကူညီဖို့ အဝေးကြီးကနေလာခဲ့တာ...."
"သူ့လုပ်ဆောင်မှုသာကျေနပ်လောက်ရင်, သူ့တောင်းဆိုမှုကိုသဘောတူပြီး ငါ့ဘေးနားမှာ နေခိုင်းမှာ..."
ပုံစံအရတော့ ဖုချောင်ဟွမ်ရောက်နေသည့်အကြောင်းကို သာမန်အတိုင်းရှင်းပြတာဖြစ်သည်။
တကယ့်လက်တွေ့မှာတော့, အခြားလူတွေ သူမဘေးနားမှာနေရဖို့ အဝေးကြီးကလာရတာဟု ဂျန်ဖန်းကို ပြောနေတာဖြစ်သည်။
ထိုအရာကိုမစဥ်းစားသေးခင် အရင် စမ်းသပ်အုန်းမှာဖြစ်သည်။
သူ,ဂျန်ဖန်းကိုတော့ ဂိုဏ်ခေါင်းဆောင်ငယ်ရာထူးဖြင့်ကမ်းလှမ်လာတာတောင် ငြင်းဆိုခဲ့၏။
ဂျန်ဖန်းက နောက်ကွယ်ရှိအဓိပ္ပာယ်ကို နားလည်၏။
သူက ဒေါသထွက်သွားသလို ရယ်လည်းရယ်ချင်သွား၏။
သူမစကားသံနောက်လိုက်ကာပြောလိုက်သည်။
"ဂိုဏ်းချုပ်ဂုန်ဘေးမှာ ပါရမီရှင်တွေဝိုင်းနေတာပဲ။ ကျွန်တော်ကတော့ ကျွန်တော့်ရဲ့ညံ့ဖျင်းမှုကြောင့် နှိမ့်ကျပါတယ်...."
"ဒီလိုအခွင့်အရေးမျိုး စီနီယာအကိုဖုကိုပေးတာ လူတိုင်းမျှော်လင့်ချက်နဲ့ ထပ်တူပဲနေမှာပါ...."
"ကျွန်တော်ရိုးသားစွာနဲ့ ဂုဏ်ပြုပါတယ်..."
ဘန်း!
မပြောပဲထားလျှင်ပိုကောင်း၏။
ထိုစကားတွေက ဂုန်ချိုင်းယီကို ဒေါသထွက်သွားစေခဲ့သည်။
သူမက စားပွဲကိုရိုက်ပြီး ချက်ချင်းမတ်တပ်ထရပ်လိုက်သည်။ မက်မွန်းသီးပုံမျက်လုံးတွေက ပြူးကျယ်နေခဲ့သည်။
"ဂျန်ဖန်း...."
"နင် ငါကို တမင်တကာရန်စနေတာလား..."
သူမက လူတိုင်းကိုကြင်နာနေတာမဟုတ်ဘူးလို့ ဂျန်ဖန်းကို ရှင်းရှင်းလင်းလင်းပြောနေတာဖြစ်သည်။
သူက ထိုအရာကို တန်ဖိုးထားသင့်၏။
သို့ပေမယ့် သူမကိုဤကဲ့သို့ ရန်စနေခဲ့သည်။
ဒေါသထွက်လွန်း၍ ရင်ဘတ်က နိမ့်လိုက်မြင့်လိုက်ဖြစ်နေခဲ့သည်။
"ကျွန်တော်မလုပ်ရဲပါဘူး။ ဒါတွေက ကျွန်တော့ရင်ထဲကလာတဲ့စကားတွေပါ..."
ဂျန်ဖန်းနောက်အနည်းငယ်ဆုတ်လိုက်ပြီး လုံခြုံသည့်အကွာအဝေးကို ထိန်းသိမ်းထားလိုက်သည်။
ဂုန်ချိုင်းယီ၏ရုတ်တရက်တိုက်ခိုက်မှုမှ ကာကွယ်ဖို့ပင်။
ဖုချောင်ဟွမ် စိတ်ရှုပ်သွား၏။
ဘာအခွင့်အရေး၊ ဘာလူတိုင်းရဲမျှော်လင့်ချက်နည်း။
ဂုန်ချိုင်ယီကကော ဘာကြောင့် ထိုမျှလောက်ဒေါသထွက်နေရသနည်း။
သူက သူ့စိုးရိမ်မှုကို ညင်သာစွာပြလိုက်၏။
"ဂိုဏ်းချုပ်ဂုန်, ဂျူနီယာညီလေးဂျန်စကားတွေက စော်ကားသလိုဖြစ်သွားပါတယ်။ ဒါက သူ့အမှားပါ။ သူ့ကြောင့် ဂိုဏ်းချုပ်ဂုန်ကျန်းမာရေးကိုမထိခိုက်ပါစေနဲ့...."
သို့ပေမယ့် ထိုစိုးရိမ််မှုက ဂုန်ချိုင်းယီမကျေနပ်ချက်တွေကို ဆွပေးလိုက်သလိုဖြစ်ပြီး မကျေနပ်ချက်တွေကို သူ့အပေါ်ပုံချလိုက်၏။
"ဒါက စကားလေးတွေပဲ၊ ဟုတ်လား...."
"ဒီကောင်ဘယ်လောက်တရားလွန်လဲ နင်သိလား...."
"ငါ သူ့အတွက်နဲ့ ဂိုဏ်းစည်းမျဥ်းကိုပြောင်းလဲဖို့မတွေဝေခဲ့ဖူး။ သူ့ကို ဂိုဏ်းခေါင်းဆောင်ငယ်အဖြစ်တောင် ခန့်အပ်ခဲ့တာ..."
"သူကကော?, သူက ကျေးဇူးတင်မှုအနည်းငယ်တောင် မပြခဲ့ဖူး...."
"လုံးဝကို ကျိုးကြောင်းမဆီလျော်ဘူး...."
အစပိုင်း၌ ဖုချောင်ဟွမ် ပြုံးပြီးနားထာင်နေပေမယ့် တဖြည်းဖြည်း သူ့အပြုံးတွေ ပျောက်ကွယ်သွားခဲ့သည်။
သူက ဂုန်ချိုင်ယီပြဿနာ ဖြေရှင်းပေးဖို့ မိုင်ပေါင်းထောင်ချီအဝေးကလာခဲ့ရ၏။ ထိုအရာက သူမ၏သဘောကျမှုကိုရပြီး ဘေးနားမှာနေရဖို့လေးအတွက်ပင်။
ဂျန်ဖန်းကကော?...
ဂုန်ချိုင်းယီက သူ့အတွက် စိတ်ဝိညာဥ်သားရဲဂိုဏ်း၏ရာစုနှစ်ပေါင်းများစွာတည်တံ့ခဲ့သည့်သံမဏိစည်းမျဥ်းကို ပြောင်းလဲပြီး ဂိုဏ်းခေါင်းဆောင်ငယ်ရာထူးပေးခဲ့သည်။
ထိုခြားနားလှသည့်ဆက်ဆံမှုကြောင့် ဖုချောင်ဟွမ် သွေးတွေ ဆူပွက်လာခဲ့သည်။
သူ့ရင်ဘတ်က မွန်ကျပ်နေပြီး ဂျန်ဖန်းကိုကြည့်လိုက်သည့်အခါ မနာလိုမှုကို ထိန်းမထားနိုင်တော့ပေ။
ဘာကြောင့်လဲ?....
ထိုမျှလောက်ကြီးမားသည့်ပါရမီနှင့်သူက ဘာလိုအပ်ချက်များရှိနေလို့နည်း။
မနေနိုင်ပဲ မေးလိုက်သည်။
"ဂျူနီယာညီလေးဂျန်, မင်းကထိပ်တန်းပါရမီရှင်တစ်ယောက်လားဆိုတာ မေးလို့ရမလား..."
သူက အမြဲတမ်းသိုင်းပညာမှာ နစ်မြုပ်နေပြီး အခြားကိစ္စတွေကိုသတိမထားမိတာ သိသာလှ၏။
ထို့ကြောင့် အမြစ်မရှိဂျန်ဖန်းနာမည်ကို မကြားဖူးပေ။
"မဟုတ်ပါဘူး...."
ဂျန်ဖန်း အမှန်အတိုင်းပြောလိုက်သည်။
ဖုချောင်ဟွမ် ဆက်ပြောလိုက်၏။
"ဒါဆို, မင်းက တိမ်စိမ်းဂိုဏ်းရဲ့တပည့်ကြီးဖြစ်ရမယ်...."
"မဟုတ်ပါဘူး...."
ဖုချောင်ဟွမ် မျက်မှောင်ကြုတ်လိုက်၏။
"ဒါဆို, ဒဏ္ဍာတွင်စေမယ့်အရာတွေများ ဖန်းတီးခဲ့လား..."
မဟုတ်လျှင် ဘာကြောင့် ဂုန်ချိုင်ယီက ဤလောက်ထိ သဘောကျနေရသနည်း။
ဂျန်ဖန်း ရိုးသားစွာပြောလိုက်သည်။
"ငါက တိမ်စိမ်းဂိုဏ်းသခင် လက်အောက်က တပည့်သစ်တစ်ယောက်ပါပဲ။ ဘာထင်ရှားတဲ့ပုဂ္ဂိုလ်မှမဟုတ်ပါဘူး...."
"စီနီယာအကိုဖုလောက် မကျော်ကြားပါဘူး...."
တပည့်သစ်?...
ဘာထင်ရှားတဲ့ပုဂ္ဂိုလ်မှမဟုတ်ဘူး?...
ဖုချောင်ဟွမ် မတည်ငြိမ်နိုင်တော့ပဲ ဆက်မေးလိုက်သည်။
"ဒါဆို, ဂိုဏ်းချုပ်ဂုန်က ဘာလို့ မင်းကို ဂိုဏ်းခေါင်းဆောင်ငယ်အဖြစ် ခန့်အပ်တာလဲ...."
ဂျန်ဖန်း ပခုံးတွန့်ပြလိုက်သည်။
"ငါ ဘယ်လိုလုပ်သိမှာလဲ...."
"ဒါပေမယ့်, ငါက ယဥ်ယဥ်ကျေးကျေး ငြင်းထားပြီးသား။ စီနီယာအကိုဖုစိတ်ဝင်စားရင်, ဂိုဏ်းချုပ်ဂုန်ကို မေးနိုင်တယ်...."
ထိုအရာကိုကြားသည့်အခါ ဂုန်ချိုင်ယီ ဒေါသထွက်လာခဲ့သည်။
စိတ်ဝိညာဥ်သားရဲဂိုဏ်း ဂိုဏ်းခေါင်းဆောင်ငယ်ရာထူးက လူတိုင်းရနိုင်သည့်အဆင့်အတန်းလို့များ ထိုကောင်က ထင်နေသည်လား?...
စိတ်ဝိညာဥ်သားရဲဂိုဏ်းကို ဘာထင်နေသနည်း။
"ဂျန်ဖန်း, နင်ကြောင့် ဒီဂိုဏ်းချုပ် အရမ်းဒေါသထွက်နေပြီ...."
"ငါနင့်ကို နောက်ဆုံးအခွင့်အရေးပေးမယ်။ ဂိုဏ်းခေါင်းဆောင်ငယ်ရာထူးကို လက်ခံမှာလား၊ လက်မခံဘူးလား...."
ဂျန်ဖန်း ပြောစရာစကားကင်းမဲ့သွား၏။
ဘယ်လိုလုပ် လူတစ်ယောက်ကို ဂိုဏ်းခေါင်းဆောင်ငယ်ဖြစ်ဖို့ တွန်းအားပေးနိုင်ရသနည်း။
သူက အလျော့ပေးဖို့ ကြိုးစားလိုက်၏။
"ဂိုဏ်းချုပ်ဂုန်, ကျွန်တော်က တိမ်စိမ်းဂိုဏ်းရဲ့တပည့်တစ်ယောက်ပါ။ ဂိုဏ်းပြောင်းဖို့ဆိုတာ အနည်းဆုံး ဂိုဏ်းရဲ့ခွင့်ပြုချက်လိုသေးတယ်မလား...."
မမျှော်လင့်စွာပဲ ဂုန်ချိုင်ယီ သူမကျောက်စိမ်းလိုလက်လေးကိုဝှေ့ယမ်းပြီး ပြောလိုက်သည်။
"စိတ်ချလက်ချနေပါ။ ငါ တိမ်စိမ်းဂိုဏ်းကို လျှော်ကြေးပေးလိုက်မယ်...."
"ဘယ်လိုကုန်ကျမှုပဲဖြစ်ဖြစ်, မင်းနဲ့ရအောင်လဲမယ်...."
ဂျန်ဖန်း ချွေးတွေစတင်စီးကျလာပြီဖြစ်သည်။
လျိုဝူချန်း သူ့ကို ဘယ်တုန်းကမှ တန်ဖိုးမထားခဲ့ပေ။ ထို့ပြင် သူ့ကိုသဘောမကျသည့် အကြီးအကဲတစ်ယောက်လည်း ရှိ၏။
စိတ်ဝိညာဥ်သားရဲဂိုဏ်းသာ လုံလောက်သည့်အရင်းအမြစ်တွေနှင့် အမှန်တကယ် လဲလှယ်လျှင် တိမ်စိမ်းဂိုဏ်းက သူ့ကို တကယ်ရောင်းမှာဖြစ်သည်။
"အဟမ်း,... ကျွန်တော့်မှာ ဇနီးနှစ်ယောက်လည်းရှိသေး...."
သူပြောမပြီးခင်, ဂုန်ချိုင်းယီပြောလိုက်သည်။
"ဒါဆို သူ့တို့ကို ခေါ်ခိုင်းလိုက်မယ်...."
သူမက သူ့ကိုရဖို့ ဆုံးဖြတ်ထား၏။
ဂျန်ဖန်း စိုးရိမ်လာပြီး ပြောလိုက်သည်။
"ဒါပေမယ့်... ဒါပေမယ့် ဆရာက ကျွန်တော့်ကို သူ့သားမက်အဖြစ်ကြေညာထားပြီးပြီ...."
"သူ သဘောတူမှာမဟုတ်ဘူး...."
ဘာ?...
ဂုန်ချိုင်းယီ ကြောင်သွား၏။
"နင်နဲ့ လျိုချင်းရှန်...."
ထို့နောက် သူမ မနေနိုင်ပဲ ဒေါသတကြီးရယ်လိုက်၏။
"ကောင်းတယ်, ကောင်းတယ်, တစ်လပဲရှိသေးတယ်။ နင်က ဂိုဏ်းချုပ်သမီးအလှလေးကို ရလိုက်ပြီပဲ...."
"ငါ တကယ် နင့်ကိုအထင်သေးမိသွားပြီ။ အပေါ်ယံရိုးသားတဲ့ကောင်..."
ဘယ်လို မှတ်ချက်ကြီးနည်း။
ဂျန်ဖန်း မျက်လုံးလှန်လိုက်၏။
သူက ဘယ်လို မရိုးသားနေလို့နည်း။
သို့ပေမယ့် ထိုအရာက နောက်ဆုံးမှာ ဂုန်ချိုင်းယိကို ငြိမ်ကျသွားစေခဲ့သည်မဟုတ်လား။
သူ့ကိုအံ့အားသင့်စွာပဲ ဂုန်ချိုင်းယီစိတ်ကောက်သွားပြီး နှာမှုတ်လိုက်သည်။
"နင်က သူ့သားမက်ဆိုတော့ကော ဘာဖြစ်လဲ...."
"နင်က တိမ်စိမ်းဂိုဏ်းသမက်ဖြစ်နိုင်တယ်ဆို, ဘာကြောင့် စိတ်ဝိညာဥ်သားရဲဂိုဏ်းသားမက်လည်းမဖြစ်နိုင်ရမှာလဲ..."
"ယွမ်ကျီယု, ဝင်လာခဲ့...."
သူမနာမည်ကြားသည့်အခါ, ယွမ်ကျီယု အလျှင်အမြန်ပဲ ဝင်လာခဲ့သည်။
သူမ၏လှပသည့်မျက်နှာ၌ သတိထားသည့်အမူအရာရှိနေခဲ့သည်။
"ဆရာ, အမိန့်ပေးစရာတစ်ခုခုများရှိလို့လား...."
ဂုန်ချိုင်းယီ ယွမ်ကျီယုလက်ကို ဆုပ်ကိုင်လိုက်ပြီး ဂျန်ဖန်းလက်ထဲမှာ ထားလိုက်သည်။
ထို့နောက် သူမက ပြောလိုက်သည်။
"ငါ့တပည့်ကို နင်နဲ့လက်ထပ်ပေးမယ်။ ဒါလုံလောက်တယ်မလား...."
"ကျီယုက လျိုချင်းရှန်လောက်မလှပေမယ့် သူမလည်း ရင်သက်ရှုမောလောက်တဲ့အလှလေးပါ...."
"သူမက ငါ့သမီးမဟုတ်ပေမယ့် ငါ့မျက်လုံးထဲမှာတော့ သမီးတစ်ယောက်လိုပါပဲ..."
ဘာ?...
ဂျန်ဖန်းနှင့် ယွမ်ကျီယုတို့နှစ်ယောက် သူတို့လက်တွေကို ပြန်ဆွဲယူလိုက်ပြီး ထိတ်လန့်သွားကြ၏။
ဂျန်ဖန်း အရာအားလုံးကို ရှင်းလင်းအောင်လုပ်ဖို့ အချိန်ကျပြီဟု ခံစားရ၏။
ဒီအတိုင်းဆက်သွားနေလျှင် ထိန်းမရသိမ်းမရတွေဖြစ်ကုန်တော့မည်ပင်။