လွတ်ပေးခြင်း
Vol. 17 Ch. 248
သူက လေးနက်စွာဖြင့် လက်ချင်းယှက်ပြီး ပြောလိုက်သည်။
"ဂိုဏ်းချုပ်ဂုန်, မင်းဒေါသကို လျော့ပါ...."
"မင်းရဲ့စေတနာကို ငါနားလည်ပါတယ်။ ကျွန်တော့်ကိုမရယ်ပါနဲ့။ ကျွန်တော်တိမ်စိမ်းဂိုဏ်းကို ဝင်ရောက်ကတည်းက ကျွန်တော့်ကိုအကောင်းဆုံးဆက်ဆံတဲ့အကြီးအကဲက ကျွန်တော့်ဆရာမဟုတ်ပါဘူး..."
"အဲ့ဒါ, ဂိုဏ်းချုပ်ဂုန်, မင်းပါပဲ..."
သူက နောက်ကျောရှိအနက်ရောင်ဓားကိုဆွဲယူလိုက်ပြီး ဓားကိုပွတ်သပ်ရင်းပြောလိုက်သည်။
"ကျွန်တော်က ဂိုဏ်းမှာ ဘယ်သူမှသတိမထားမိတဲ့ မထင်မရှားတပည့်တစ်ယောက်ပါ။ ကျွန်တော့်အလားအလာတွေကို ပြပေးဖို့အခွင့်အရေးပေးတဲ့ ဂိုဏ်းချုပ်ဂုန်ရဲ့ကြင်နာမှုကို ကျေးဇူးတင်ပါတယ်...."
"ပထမဦးဆုံး, မင်းငါ့ကို စိတ်ဝိညာဥ်ဆေးပေးခဲ့တယ်။ အဲ့နောက် ဒီရတနာဓားကို လက်ဆောင်ပေးခဲ့တယ်..."
"ငါ ဒီကြင်နာမှုကို အမြဲအမှတ်ရနေမှာပါ...."
ထိုစကားတွေက မှတ်ဉာဏ်တွေကို တဖန်ပြန်တမ်းတလာစေခဲ့သည်။
ဂုန်ချိုင်ယီ ဂျန်ဖန်းနှင့် ဆုံတွေ့ခဲ့သည့်အခိုက်အတန့်အားလုံးကို ပြန်တွေးလိုက်၏။
သူမနှလုံးသားထဲက ဒေါသတွေလည်း သိသိသာသာ ပျောက်ကွယ်သွားခဲ့သည်။
လက်စသတ်တော့ ထိုကောင်က အဆုံးမှာတော့ အရမ်းကြီးနှလုံးသားကင်းမဲ့နေတာမဟုတ်ပေ။
အနည်းဆုံး သူမ၏ကြင်နာမှုတွေကို မှတ်မိနေသေး၏။
သို့ပေမယ့် ဘာကြောင့် သူမတောင်းဆိုမှုကို လက်မခံရသနည်း။
စိတ်ဝိညာဥ်သားရဲဂိုဏ်း ခေါင်းဆောင်ငယ်ဖြစ်လာခြင်းက သူ့ကို အကြီးအကျယ်မြင့်မားလာစေမည်ဖြစ်သည်။
သူမစေတနာကို ဘာကြောင့် လက်မခံရသနည်း။
ဂျန်ဖန်း လေးပင်စွာသက်ပြင်းချလိုက်သည်။
"ရိုးရိုးသားသားပြောရရင်, ကျွန်တော်ငယ်ငယ်ကတည်းက ကျွန်တော့်မိဘတွေ ကွဲသွားကြတယ်...."
"အဖေက တစ်ဘဝစာမကျေနပ်ချက်တွေကိုဆုပ်ကိုင်ပြီး မြို့ငယ်လေးသေးသေးလေးမှာ စိတ်ဓာတ်ကျစွာနဲ့ သေဆုံးခဲ့ရတယ်...."
"အမေရဲ့လက်ရှိကံကြမ္မာကလည်း ဘာမှန်းမသိရသေးဘူး...."
"သူတို့ရဲ့သားတစ်ယောက်အနေနဲ့,ကျွန်တော်အဖေ့အတွက် တရားမျှတမှုရှာရမယ်။ ပြီးတော့ အမေ့ကိုလည်း သားသမီးဝတ္တရားအတိုင်း စောင့်ရှောက်ပေးရအုန်းမှာ..."
"ဒါတွေမပြီးမြောက်သေးခင်, ကျွန်တော် ဘယ်လိုလုပ် သက်တောင့်သက်သာနေနိုင်မှာလဲ။ ကွယ်လွန်သွားတဲ့အဖေ့စိတ်ဝိညာဥ် ဒါမှမဟုတ် အမေ့ရဲ့မသိရသေးတဲ့ အခြေအနေကို ကျွန်တော် ဘယ်လိုမျက်နှာပြရမှာလဲ...."
ဂုန်ချိုင်ယီနှင့် ယွမ်ကျီယုတို့နှစ်ယောက်လုံး လှုပ်လှုပ်ရှားရှားဖြစ်သွားကြ၏။
သူမတို့က ဂျန်ဖန်း၏ထူးခြားသည့်အရည်အချင်းနှင့် အကန့်အသတ်မရှိသည့် အလားအလာတွေကိုသာ မြင်ခဲ့ကြ၏။
သူ၏ဝမ်းနည်းဖွယ်နောက်ကြောင်းကိုတော့ မသိခဲ့ကြပေ။
လက်စသတ်တော့ သူက မိဘမဲ့တစ်ယောက်ဖြစ်နေခဲ့သည်။
သူမတောင်းဆိုမှုတွေက ဘယ်လောက်မဆီလျော်လဲဆိုတာ ဂုန်ချိုင်းယီ ခုမှနားလည်သွား၏။
သူမက ရှေ့ကို လှပစွာလျှာက်လာပြီး မျက်လုံးတွေထဲ၌ တောင်းပန်မှုတွေအပြည့်ပင်။
ဂျန်ဖန်း၏ အနည်းငယ် မသပ်မရပ်ဖြစ်နေသည့်ကော်လံကိုမြင်သည့်အခါ ကျောက်စိမ်းကဲ့သို့လက်လေးတွေကိုဆန့်ထုတ်ပြီး ကြင်နာသည့်မျက်လုံးတွေနှင့် သေးသပ်အောင်လုပ်ပေးလိုက်သည်။
"သနားစရာကောင်းလိုက်တဲ့ကလေး, မင်းအတွက် တကယ်ပဲ ခက်ခဲခဲ့ပြီ...."
ဂျန်ဖန်း အရမ်းအထီးကျန်ပြီး အကူအညီမဲ့နေမည်ဟု သူမတွေးလိုက်၏။
တိမ်စိမ်းဂိုဏ်း၌ သူ့ကို မည်သူကမှ ဂရုမစိုက်တာက သူမာအားပိုလို့တောင် သနားဂရုဏာသက်စေ၏။
အစောပိုင်းကြမ်းတမ်းသည့်အပြုအမူက သူမ သူ့ကို အနိုင်ကျင့်နေသည်ဟု ခံစားရစေပြီး အနည်းငယ်အပြစ်ရှိစိတ်တစ်ခု သူမနှလုံးသားထဲမှာ ထွက်ပေါ်လာခဲ့သည်။
နောင်တကြီးစွာရပြီး ပြောလိုက်သည်။
"ငါမင်းရဲ့ ဝမ်းနည်းဖွယ်နောက်ကြောင်းကိုမသိခဲ့ဘူး။ ငါတကယ်တောင်းပန်ပါတယ်..."
သူမ၏ရှက်ရွံ့နေသည့်အမူအရာကိုမြင်သည့်အခါ...
ဂျန်ဖန်း သဘောထားကြီးစွာပြုံးလိုက်သည်။
"ဂိုဏ်းချုပ်, မင်းကိုယ်မင်း အပြစ်တင်ဖို့ မလိုပါဘူး..."
"ငါကသာ မင်းကိုကျေးဇူးတင်သင့်တာပါ...."
"ဂိုဏ်း ၉ ဂိုဏ်းက ကျယ်ပြောပေမယ့် ဘယ်သူမှ ဂိုဏ်းချုပ်လို ကျွန်တော့်ကို ဂရုမစိုက်ဘူး...."
"မင်းအပြင်, ဒီကမ္ဘာကြီးမှာ ဒုတိယလူမရှိတော့ပါဘူး...."
လျိုဝူချန်းတောင် ယာယီသူ့ကိုအသိအမှတ်ပြုပြီး သားမက်အဖြစ်ကြေညာခဲ့တာဖြစ်သည်။
သို့ပေမယ့် ဂျန်ဖန်းကို ဂိုဏ်းခေါင်းဆောင်ငယ်ခန့်အပ်ဖို့ကတော့...
ဘယ်တော့မှ သဘောတူမည်မဟုတ်ပေ။
သူ့ကိုအကောင်းဆုံးဆက်ဆံသည့် အကြီးအကဲက ဂုန်ချိုင်ယီမှလွဲပြီး အခြားလူမရှိပေ။
ဂုန်ချိုင်းယီ ယဥ်ယဥ်ကျေးကျေးလူငယ်လေးကိုကြည့်ပြီး အဆုံးအစမရှိတဲ့သနားဂရုတာတွေဖြစ်ပေါ်လာခဲ့သည်။ သူမက သူ့အင်္ကျီတွေကို ကြင်နာစွာ ပြင်ဆင်ပေးပြီး ပြောလိုက်သည်။
"အခုကစပြီး, စိတ်ဝိညာဥ်သားရဲဂိုဏ်းက မင်းအိမ်ပဲ..."
"တိမ်စိမ်းဂိုဏ်းက မင်းကို မတရားသဖြင့်ဆက်ဆံခဲ့ရင်, ငါ့ကိုပြော..."
"ငါမင်းကိုလာခေါ်မယ်။ နောက်ထပ်ဘယ်တော့မှ မခံစားစေရဘူး...."
ဂျန်ဖန်းနှာခေါင်း တရွရွဖြစ်သွား၏။
နောက်ဆုံးအကြိမ် တစ်စုံတစ်ယောက်သူ့ကို ကာကွယ်ပေးတာက သူ့အဖေအသက်ရှင်နေတုန်းကပင်။
သို့ပေမယ့် ထိုအရာက လွန်ခဲ့သည့်သုံးနှစ်ကပင်။
"ကျေးဇူးတင်ပါတယ်, ဂိုဏ်းချုပ်...."
ဂျန်ဖန်း စစ်မှန်စွာကျေးဇူးတင်လိုက်၏။
ဂုန်ချိုင်းယီ သူ့ပခုံးကိုပုတ်ပြီး ပြောလိုက်သည်။
"သွားတော့, မငးလုပ်ချင်တာတွေ လုပ်ချီတော့..."
ရုတ်တရက်, သူမ တစ်စုံတစ်ခုကို အမှတ်ရလိုက်၏။
အလျှင်အမြန်ပဲ ကြိုတင်ပြင်ဆင်ထားသည့်အင်္ကျီလက်ထဲမှ မြေကမ္ဘာဖီးနစ်မြက်ချင်ဆီ တစ်ပုလင်းထုတ်လိုက်သည်။
"မေ့တော့မလို့...."
သူမက ထိုအရာကို ဂျန်ဖန်းလက်ထဲထည့်ပေးပြီး တီးတိုးပြောလိုက်သည်။
"မြန်မြန်သုံး, အခြားလူတွေမမြင်စေနဲ့...."
ဂျန်ဖန်း ခေါင်းညိတ်လိုက်၏။
"နားလည်ပါပြီ...."
သူက မြေကမ္ဘာဖီးနစ်မြက်ချင်ဆီကို ဂရုတစိုက်သိမ်းလိုက်၏။
ထို့နောက် ထွက်ခွာဖို့ပြင်လိုက်သည်။
သို့ပေမယ့် အနီးနားမှာရပ်နေသည့် ဖုချောင်ဟွမ် မျက်လုံးလှန်လိုက်ပြီး ရုတ်တရက်ဝင်ပြောလိုက်သည်။
"ဂိုဏ်းချုပ်ဂုန်, ဂျူနီယာညီလေးဂျန်က ဂိုဏ်းခေါင်းဆောင်ငယ်မဖြစ်ချင်ဘူးဆိုမှတော့ ကျွန်တော်ကြိုးစားကြည့်ဖို့ ဆန္ဒရှိပါတယ်...."
ကြိုးစားမယ်?...
ဂုန်ချိုင်းယီ သူ့ကိုတစ်ချက်ကြည့်ပြီး အမူအရာကင်းမဲ့စွာပြောလိုက်သည်။
"ဂိုဏ်းခေါင်းဆောင်ငယ်နေရာက ဂျန်ဖန်းအတွက် သီးသန့်ပဲ...."
"သူ့ဆန္ဒတွေပြည့်သွားရင် ငါနောက်တစ်ကြိမ် သူ့ထင်မြင်ချက်ကို မေးမယ်..."
သူ့ကိုပေးမယ့်အစာ နေရာလွတ်ထားမယ်ပေါ့?...
ဖုချောင်ဟွမ်မျက်နှာ တင်းမာသွား၏။ သူက ဂျန်ဖန်းထက်ဘယ်လိုနိမ့်ကျလဲဆိုတာ နားမလည်နိုင်ဖြစ်နေခဲ့သည်။
သူ့နောက်ခံဇတ်လမ်းက လုံလောက်အောင်ဝမ်းနည်းစရာမကောင်းလို့လား....
ရယ်စရာကောင်းလှ၏။
သို့ပေမယ့် သူ ဘယ်လိုလုပ် ဂုန်ချိုင်းယီကို အပြစ်တင်ရဲမည်နည်း။
ထို့ကြောင့် စိတ်ဝိညာဥ်ထိန်းချုပ်ခြင်းနည်းစနစ်ဘက် ခေါင်းစဥ်ချိန်းကာ ပြောလိုက်သည်။
"ဒါဆို, ဂိုဏ်းချုပ်ဂုန် မင်းတို့ဂိုဏ်းရဲ့လျို့ဝှက်နည်းစနစ်ကို နားလည်ဆင်ခြင်ဖို့ ငါ့ကိုလိုအပ်သေးလား...."
ဂုန်ချိုင်းယီ တစ်ခဏတွေးလိုက်၏။
သူမက အင်္ကျီလက်ထဲမှ မြေကမ္ဘာဖီးနစ်မြက်အရည်တစ်ပုလင်း သာမန်ကာဆန်ကာ ထုတ်ယူကာ သူဆီပစ်ပေးလိုက်၏။
"ဒီသုံးရက်မှာ မင်းအလုပ်ကြိုးစားခဲ့တယ်။ ဒီမြေကမ္ဘာဖီးနစ်မြက်အရည်ကို ယူလိုက်ပါ..."
"နောက်မှ မင်းကို မဟာအကြီးအကဲ လိုက်ပို့ခိုင်းလိုက်မယ်..."
ဘာ?....
ဖုချောင်ဟွမ် အနည်းငယ်တုန်ယင်သွားပြီး မယုံနိုင်ဖြစ်နေခဲ့သည်။
"ဂိုဏ်းချုပ်ဂုန်, မင်း ငါ့နားလည်နိုင်စွမ်းကို သံသယဖြစ်နေတာလား....."
"ငါနားလည်ထားတာတွေ ခုချက်ချင်းရှင်းပြနိုင်ပါတယ်။ အဲ့ဒါဆို ငါပြောတာမှန်လားမှားလား မင်းချက်ချင်းသိပါလိမ့်မယ်...."
ဂုန်ချိုင်းယီ ထူးမခြားနားစွာပြောလိုက်သည်။
"ဒါက မလိုအပ်ပါဘူး...."
သူမက အရူးမဟုတ်ပေ။
ဖုချောင်ဟွမ် ဘာကြောင့် သူမဘေးမှာနေချင်မှန်း သူမကောင်းကောင်းသိ၏။
သူ သူမကိုကြည့်သည့်အကြည့်တွေမှ သူ့ရည်ရွယ်ချက်တွေကို သူမရှင်းရှင်းမြင်နေရ၏။
ဂျန်ဖန်း သူမကို စိတ်ဝိညာဥ်ထိန်းချုပ်ခြင်းနည်းစနစ် နားလည်အောင်ကူညီပေးပြီးတာ မပြောလိုသေးပေ။
သူမရှိလျှင်တောင်....
ဖုံးကွယ်ထားသည့်ရည်ရွယ်ချက်နှင့် ယောက်ျားတစ်ယောက်ကို သူမဘေးမှာ ထားမည်မဟုတ်ပေ။
"ဘာကြောင့်လဲ....'
ဖုချောင်ဟွမ် သူ့အတွေးကို ကောင်းကောင်းဖုံးကွယ်နိုင်သည်ဟုတွေးပြီး လက်မခံနိုင်စွာ မေးလိုက်သည်။
"ဂိုဏ်းချုပ်ဂုန် ဒီနည်းစနစ်ကို နောက်ထပ်မလိုအပ်တော့ဘူးလား...."
"သားရဲလှိုင်းက ရောက်လာတော့မှာနော်။ ဒီနည်းစနစ်နဲ့ဆိုရင် မင်းနဲ့မင်းရဲ့ဂိုဏ်းက ပိုလုံခြုံလိမ့်မယ်...."
သူ့စကားတွေထဲ၌ ခြိမ်းခြောက်မှုကို ခံစားမိသည့်အခါ...
ဂုန်ချိုင်းယီ ပိုလို့တောင် မကျေမနပ်ဖြစ်သွား၏။
ယခုတောင်ခြိမ်းခြောက်နေပြီဖြစ်၍ အရေးကြီးအခိုက်အတန့်တွေမှာ ဘယ်လိုအလွန်အကျွံ့တောင်းဆိုမှုတွေ လုပ်လာမလဲ မသိနိုင်ပေ။
ထိုအခါမှသာ ဂျန်ဖန်း သူမကို စိတ်ဝိညာဥ်ထိန်းချုပ်ခြင်းနည်းစနစ်တစ်ခုလုံး နားလည်အောင် တိတ်တဆိတ်ကူညီပေးခဲ့တာ ဘယ်လောက်တန်ဖိုးရှိမှန်း နားလည်သွားခဲ့သည်။
နှိုင်းယှဥ်ကြည့်လျှင် ဂျန်ဖန်းစိတ်ဓာတ်က ကောင်းမွန်လှ၏။
သူမ မနေနိုင်ပဲ ဂျန်ဖန်းကို နောက်တစ်ကြိမ်ကြည့်လိုက်သည်။
အလွန်ချောမောအရည်အချင်းရှိပြီး စိတ်ထားကောင်းရှိ၏။
မိန်မောနေရင်း သူမစာသားတစ်ခုကို အမှတ်ရသွားသည်။
"လူကြီးလူကောင်းတစ်ယောက်က ကျောက်စိမ်းလိုလှပပြီး လောကမှာ ပြိုင်ဘက်ကင်းတယ်...."
ထိုအရာက ဂျန်ဖန်းလိုလူကို ပြောတာ မဟုတ်ဘူးလား?...
"ဂိုဏ်းချုပ်ဂုန်, မင်း ငါပြောတာ နားထောင်နေရဲ့လား...."
ဂုန်ချိုင်းယီ ဂျန်ဖန်းကို မိန်မောစွာ စိုက်ကြည့်နေဆဲဖြစ်တာကို သတိထားမိသည့်အခါ ဖုချောင်ဟွမ် ဒေါသတွေ လိမ့်တက်လာခဲ့သည်။
ဂုန်ချိုင်းယီ အသိပြန်ဝင်လာပြီး အလျှင်အမြန်ပဲ အကြည့်လွဲလိုက်သည်။
ထို့နောက် တည်ငြိမ်စွာ ပြောလိုက်သည်။
"ဒါ မင်းစိုးရိမ်ရမဲ့ကိစ္စမဟုတ်ပါဘူး..."
"စိတ်ဝိညာဥ်သားရဲဂိုဏ်းက ဒါကို ကိုယ့်ဘာသာ ကိုင်တွယ်နိုင်ပါတယ်...."
"မင်း အခုထွက်သွားနိုင်ပြီ...."
ဖုချောင်ဟွမ် ကြီးမားသည့်ရှုံးဆုံးမှုကို ခံစားလိုက်ရ၏။
ဂုန်ချိုင်းယီဘေး၌ အချိန်ကြာကြာနေခဲ့လျှင် သူမနှင့်နီးစပ်မည့်အခွင့်အရေးရှိမည်ဟု ထင်ပြီး အလွန်ပျော်နေခဲ့တာဖြစ်သည်။
သို့ပေမယ့် ထိုအစား, ရက်ရက်စက်စက် မောင်းထုတ်ခံနေရ၏။
ပိုသည်းမခံနိုင်တာက ဂုန်ချိုင်းယီ၏ သူ့အပေါ်ထားသည့် အေးစက်စက်ဆက်ဆံမှုပင်။
သူ့လောက်တောင် မတော်သည့်အခြားတစ်ယောက်ပေါ်၌ နွေးနွေးထွေးထွေးဆက်ဆံနေခဲ့သည်။
သူ့ဒေါသတွေကို ဂုန်ချိုင်းယီအပေါ် ပုံမချရဲပေ။
သို့ပေမယ့် နာမည်မရှိတပည့်တစ်ယောက်ကတော့ ပြဿနာမရှိပေ။
သူက တစ်ဖက်လှည့်ပြီး ဂျန်ဖန်းကို စိုက်ကြည့်လိုက်သည်။
"မင်း ဂိုဏ်းချုပ်ဂုန်ကို ဘာတွေပြောလိုက်တာလဲ...."
လွန်ခဲ့သည့်သုံးရက်ကတောင် ဂုန်ချိုင်းယီသူ့ကို အလွန်ကြိုဆိုနေပြီး စိတ်ဝိညာဥ်ထိန်းချုပ်ခြင်းနည်းစနစ်နားလည်အောင်ကူညီပေးသည့်အတွက် ကျေးဇူးတင်နေခဲ့သည်။
သို့ပေမယ့် ယနေ့ သူမသဘောထားက ရုတ်ချည်းဆိုသလို လုံးဝပြောင်းလဲသွားခဲ့သည်။
သူက ဂျန်ဖန်းကိုသာ အပြစ်ပြောနိုင်၏။
ဂျန်ဖန်း မျက်မှောင်ကြုတ်လိုက်ပြီး မျက်လုံးတွေ အေးစက်သွား၏။
ဖုချောင်ဟွမ်မကျေနပ်ချက်က သူနှင့်ဘာဆိုင်သနည်း။
ဂျန်ဖန်းဆိုတဲ့သူက အနိုင်ကျင့်ဖို့လွယ်ပြီး သူ့ဒေါသတွေပုံချဖို့ လက်ဝှေ့အိတ်အဖြစ် သုံးလို့ရမယ်များထင်နေတာလား....
သူက အေးစက်စွာပြောလိုက်သည်။
"မင်းပြဿနာရှာချင်ရင်, အချိန်မရွေးပဲ...."