← Chapters

အကြီးအကဲ၏ကံကြမ္မာ

Vol. 17 Ch. 249

အကြီးအကဲ၏ကံကြမ္မာ

Vol. 17 Ch. 249

ရန်လိုစိတ်နှင့်လူတစ်ယောက်ကို ယဥ်ယဥ်ကျေးကျေး ဆက်ဆံနေစရာမလိုပေ။

အဘယ်ကြောင့်ဆိုသော် သူတို့က မင်းရဲ့စိတ်ထားမြင့်မြတ်မှုကြောင့် သဘောထားပြောင်းမည်မဟုတ်သောကြောင့်ပင်။

ဆန့်ကျင်ဘက်အနေနှင့် အနိုင်ကျင့်ဖို့ပိုလွယ်သည်ဟူ၍သာ ခံစားရမှာဖြစ်သည်။

ဤကဲ့သို့ပြောဆိုမှုက ခန်းမအပြင်ဘက်နှင့် အတွင်းဘက်မှလူတွေကို ဆွဲဆောင်သွားခဲ့သည်။

ဖုချောင်ဟွမ် မနေနိုင်ပဲ အပြစ်ရှိသလိုခံစားရပြီး ကြိမ်းမောင်းလိုက်၏။

"ငါက မေးရုံပဲမေးတာ။ မင်းက ဘာသဘောလဲ...."

"ငါကပဲ အားနည်းသူကို အနိုင်ကျင့်နေသလိုလိုနဲ့...."

ဂျန်ဖန်း မပြောမဆိုပြန်ပြောလိုက်သည်။

"ဂိုဏ်းချုပ်ဂုန်နဲ့ ငါ့ကြားကကိစ္စ မင်းမေးခွန်းထုတ်စရာဘာအကြောင်းရှိလို့လဲ...."

"ပြီးတော့, မင်းကငါ့ထက်ကြီးပေမယ့် ငါ့ကိုအနိုင်ကျင့်ဖို့ကတော့ အဆင့်မမှီသေးဘူး...."

ဖုချောင်ဟွမ် နဂိုကတည်းက ဒေါသအလွန်ထွက်နေပြီးသားဖြစ်သည်။

ယခု, တပည့်သစ်တစ်ယောက်က လူအများရှေ့မှာ အပြစ်တင်ပြီး ဤကဲ့သို့အထင်သေးနေတာက သူ့မျက်နှာကို အေးစက်သွားစေ၏။

"ငါ, ဖုချောင်ဟွမ် ဘယ်အချိန်က အဆင့်အတန်းမရှိတဲ့လူတစ်ယောက်ရဲ့ အထင်သေးခြင်း ခံရဖူးလို့လဲ..."

"ငါ့ကိုစိန်မခေါ်ခင် ငါ့အောင်မြင်မှုတွေကို လိုက်မှီအောင်လုပ်လိုက်အုန်း...."

ဂျန်ဖန်း ရယ်ချင်သွား၏။

သိသာစွာပင်, တစ်ဖက်လူက သူ့ကိုလွယ်ကူသည့်ပစ်မှတ်ထင်ပြီး ရန်လာစနေတာဖြစ်သည်။

သူက စကားလုံးအနည်းငယ်ပဲ ပြန်တိုက်ခိုက်ရသေးပေမယ့် ရန်စသူအဖြစ်အဆုံးသတ်သွားခဲ့သည်။

ဖုချောင်ဟွမ်အောင်မြင်မှုတွေက တကယ်အံ့အားသင့်စရာကောင်း၏။

သို့ပေမယ့် ဂျန်ဖန်းလည်း ထပ်တူပြုလုပ်နိုင်၏။

"ငါ မင်းအောင်မြင်မှုတွေ စိတ်မဝင်စားဘူး..."

"မင်းပြဿနာရှာချင်ရင် ငါအသင့်ပဲ။ မဟုတ်ရင် လစ်လိုက်တော့..."

လက်ဝှေ့ယမ်းပြလိုက်ပြီး သူ့မျက်စိတ်ထဲမှာ ဖုချောင်းဟွမ်က ဘာကောင်မှ မဟုတ်ဘူးဟု ညွှန်ပြနေတာဖြစ်သည်။

ဂုန်ချိုင်းယီ သဘောတူသည့်အမူအရာ ပြသလာ၏။

ဂျန်ဖန်းနူးညံ့လွန်းပြီး အလွယ်တကူအနိုင်ကျင့်ခံရမှာကို သူမအမြဲစိတ်ပူနေခဲ့၏။

လက်စသတ်တော့ ကြမ်းကြုတ်သည့်စိတ်နေစိတ်ထားနှင့်ရင်ဆိုင်ချိန်၌ သူကအလွန်သန်မာနေခဲ့သည်။

သင့်လျော်တဲ့အချိန်မျာ ရေကဲ့သို့နူးညံ့ပြီး လိုအပ်လာလျှင် မိုးကြိုးကဲ့သို့ သန်မာ၏။

ယခု သူမ စိတ်ချသွားပြီဖြစ်သည်။

သို့ပေမယ့်, ဘယ်လိုပဲဖြစ်ဖြစ် ဂျန်ဖန်းက သူမသဘောကျသည့် ဂျူနီယာဖြစ်နေဆဲဖြစ်သည်။

ဖုချောင်ဟွမ် အဆုံးမှာတော့ ဧည့်သည်တစ်ယောက်သာဖြစ်သည်။

အိမ်ရှင်အနေဖြင့် သူမ သဘာဝအတိုင်း ထိုင်နေပြီး သူတို့နှစ်ယောက်တိုက်ခိုက်တာကို ကြည့်မနေနိုင်ပေ။

ရှေ့တက်ပြီး ပြောလိုက်သည်။

"ငါ့ခန်းမထဲမှာ, ဒါက မသင့်လျှော်ဘူး..."

သူမက နှစ်ယောက်လုံးကို တင်းမာသည့်မျက်နှာဖြင့်ကြည့်လိုက်သည်။

သေချာပေါက်ပင်။ ဂျန်ဖန်းကိုကြည့်သည့် သူမအကြည့်က နူးညံ့နေ၏။

ဖုချောင်ဟွမ်ကိုတော့ သတိပေးသည့်အကြည့်ဖြင့်ကြည့်လိုက်သည်။

ဤအရာက စိတ်ဝိညာဥ်သားရဲဂိုဏ်းဆိုတာ ဖုချောင်ဟွမ် နောက်ဆုံးမှာ နားလည်သွား၏။ ပိုအရေးကြီးတာက ဂိုဏ်းချုပ်ပိုင်နက်ပင်။

သူ ရမ်းကားလို့ရသည့်နေရာမဟုတ်ပေ။

ထို့ကြောင့်, ဂျန်ဖန်းကိုဘယ်လောက်ပဲ မကျေနပ်ဖြစ်ပါစေ, သူ့ဒေါသကို မြိုသိပ်ထားရုံသာတတ်နိုင်၏။

"ဂိုဏ်းချုပ်ကိုလေးစားတဲ့အနေနဲ့, ငါ သူ့ကို ခွင့်လွတ်ပေးလိုက်ပါ့..."

သူ့စကားမဆုံးခင်မှာပဲ...

အေးစက်စက်အသံတစ်ခု ခန်းမအပြင်မှ ထွက်ပေါ်လာခဲ့သည်။

"ဘာကိုခွင့်လွတ်တာလဲ..."

ပြောလိုက်သူက ကောင်းကင်သံစဥ်ဂိုဏ်း မဟာအကြီးအကဲမင်ရိုလန်မှလွဲပြီး အခြားသူမဟုတ်ပေ။

သူမက အလွန်ဒေါသထွက်နေပြီး ရင်ဘတ်က နိမ့်လိုက်မြင့်လိုက်ဖြစ်နေကာ မျက်နှာက မဲမှောင်နေခဲ့သည်။

ဂုနန်းချန်နှင့်အတူ ဂိုဏ်းသခင်တောင်ထိပ်ကို အေးအေးဆေးဆေးပြန်လာခဲ့တာဖြစ်သည်။

ခန်းမထဲ၌ တစ်ခုခုဖြစ်နေတာ သိပြီး ကြည့်ဖို့လာခဲ့တာဖြစ်သည်။

မမျှော်လင့်စွာပဲ...

သူမ၏အဖိုးတန်တပည့် အမည်မသိအရိုင်းအစိုင်းတပည့်တစ်ယောက်၏ မလေးမစားလုပ်ခြင်းခံနေရတာမြင်လိုက်ရ၏။

ဟုတ်ပါသည်။

သူမက မဟာအကြီးအကဲတစ်ယောက်ဖြစ်၍ တပည့်တွေကြား ဝင်မပါသင့်ပေ။

သို့ပေမယ့် ဂုန်ချိုင်းယီ၏ ထိုအရိုင်းအစိုင်းတပည့်အပေါ် နှစ်သက်မှုက သည်းမခံနိုင်စရာပင်။

သူမတပည့်က စိတ်ဝိညာဥ်သားရဲဂိုဏ်းလာတာ အစော်ကားခံရဖို့လား...

ထို့ကြောင့် တောင်ဝှေးတစ်ချောင်းနှင့် ဒေါသတကြီးလျှောက်ဝင်လာခဲ့သည်။

ဂုနန်ချန်း သူမကို တားဖို့ကျရှုံးခဲ့၏။

ဂုန်ချိုင်းယီ မျက်မှောင်ကြုတ်ပြီး မကျေနပ်မှုကို ပြသလိုက်သည်။

"ငါနင့်ကို ဝင်ခိုင်းလို့လား..."

"ထွက်သွားပါ..."

ဒေါသသံမပါပဲ လေးစားစွာ ပြောလိုက်သည်။

ဒေါသထွက်နေသည့် မင်ရိုလန် ချက်ချင်းရပ်လိုက်ပြီး အရိုအသေပေးလိုက်သည်။

"ဂိုဏ်းချုပ်ဂုန်, ငါမင်းကိုစော်ကားဖို့ မရည်ရွယ်ပါဘူး...."

"ဒါပေမယ့် ငါ့ကို စကားပြောခွင့်ပြုပါ...."

"ငါ့ကောင်းကင်သံစဥ်ဂိုဏ်းတပည့် အစော်ကားခံပြီးပြန်လာရမှာကို ခွင့်မပြုနိုင်ဘူး..."

ဂုန်ချိုင်းယီ ပိုမိုမျက်မှောင်ကြုတ်သွား၏။

ဤမိန်းမအိုကြီးက ကောလဟာလဖြန့်ရာမှာ တကယ်တော်၏။

မည်သူက ဖုချောင်ဟွမ်ကို အနိုင်ကျင့်နေလို့နည်း။

ထိုစကားသာအပြင်ပျံ့သွားလျှင်အမှန်ကိုမသိသည့်လူတွေ တကယ်ပဲ စိတ်ဝိညာဥ်သားရဲဂိုဏ်းက ကောင်းကင်သံစဥ်ဂိုဏ်းကို အရှက်ခွဲပြီး ဂိုဏ်းနှစ်ဂိုဏ်းကြား အဆင်မပြေဖြစ်အောင်လုပ်တယ်လို့ ထင်သွားကြမှာဖြစ်သည်။

"အကြီးအကဲမင်, မင်းစကားကိုကြည့်ပြောပါ..."

"မင်းတို့ဂိုဏ်းတပည့် ဘယ်အချိန်က အစော်ကားခံရတာလဲ...."

ဂုန်ချိုင်းယီ သူမထိုင်ခုံကိုပြန်သွားလိုက်ပြီးအပေါ်မှ မေးခွန်းမေးလိုက်သည်။

မင်ရိုလန် ဂျန်ဖန်းကို ရက်စက်စွာကြည့်ပြီး ဒေါသတကြီးပြောလိုက်သည်။

"ချောင်ဟွမ်က မေးခွန်းလေးမေးရုံပဲ။ ဒါပေမယ့် ဒီဂျန်ဖန်းဆိုတဲ့တပည့်က ဘာသဘောလဲ...."

"ချောင်ဟွမ်က ငါတို့တပည့်ကြီးပါ..."

"သူက ငါတို့ဂိုဏ်းဂုဏ်ကျက်သရေကိုလည်း ကိုယ်စားပြုတယ်...."

"သူ့ကို နှိမ့်ချဆက်ဆံတာ ကောင်းကင်သံစဥ်ဂိုဏ်းကို မလေးမစားလုပ်တာပဲ...."

အစောပိုင်းက ဖုချောင်ဟွမ် အစော်ကားခံရသည်ဟု သူမပြောခဲ့၏။

ယခု, ဘယ်လိုအစော်ကားခံရလဲမေးတော့, ခေါင်းစဥ်ပြောင်းကာ ဂျန်ဖန်း၌ ဆိုးဝါးသည့်သဘောထားရှိသည်ဟု ပြောနေခဲ့သည်။

ထိုအရာက ဂုန်ချိုင်းယီအား သူမကို စက်ဆုပ်အထင်မြင်သေးသွားစေခဲ့သည်။

သူမက အမူအရာကင်းမဲ့စွာပြောလိုက်သည်။

"အကြီးအကဲမင်, မင်းတပည့်ကိုကာကွယ်လွန်းတာ ကောင်းတဲ့ကိစ္စတော့မဟုတ်ဘူးနော်...."

"အထိန်းအကွပ်မရှိတဲ့တပည့်တွေက စိတ်ခံစားမှုလွယ်ပြီး ဆင်ခြင်တုံတရားကင်းမဲ့လာတယ်။ နောက်ဆုံးမှာ သူ့တို့ကိုပဲ ထိခိုက်စေလိမ့်မယ်...."

"တပည့်တွေကြားကပြဿနာကို သူတို့ဘာသာသူတို့ပဲ ဖြေရှင်းခိုင်းသင့်တယ်...."

"အတင်းအကြပ်ကြားဝင်ရင် ဆန့်ကျင်ဘက်ရလဒ်တွေပဲ ထွက်လာလိိမ့်မယ်..."

သူမအမြင်၌, ဤအရာက တပည့်နှစ်ယောက်ကြားက အငြင်းပွားမှုတစ်ခုသာဖြစ်သည်။

အကြီးအကဲတစ်ယောက်ဝင်ပါလျှင် ကိစ္စ၏ သဘောသဘာဝကို ပြောင်းလဲသွားစေမည်ဖြစ်သည်။

မင်ရိုလန် ပိုလို့တောင် မကျေမနပ်ဖြစ်သွား၏။

သူမနှင့် ဖုချောင်ဟွမ်က ဂုန်ချိုင်းယီကိုကူညီဖို့ အဝေးကြီးမှ လာခဲ့ရတာဖြစ်သည်။

သူမက သူတို့ကို ထောက်ခံမပေးရုံသာမက, လာပြီး သင်ခန်းစာပေးနေခဲ့သည်။

ထို့ကြောင့် မျက်နှာတည်ဖြင့် ကျိုးကြောင်းမစဥ်းစားပဲပြောလိုက်သည်။

"ဂိုဏ်းချုပ်ပြောတာမှန်ပါတယ်...."

"ဒါပေမယ့် အဲ့တာက အခြားကိစ္စတစ်ခုပဲ။ ဂျန်ဖန်းက ငါတို့ဂိုဏ်းတပည့်ကြီးကို မလေးမစားလုပ်တာ။ ငါအလွတ်ပေးမှာမဟုတ်ဘူး..."

ဂုန်ချိုင်းယီ၏ဖီးနစ်မျက်လုံးတွေ ကျဥ်းမြောင်းသွား၏။

သူမ အရမ်းစိတ်ကြီးဝင်နေ၏။

သူမ ကြိမ်းမောင်းတော့မည့်အချိန်မှာပဲ, ဂျန်ဖန်း ထွက်ရပ်လိုက်သည်။

သူနှင့်ဖုချောင်ဟွမ်၏ ရန်ငြိုးကို ဂုန်ချိုင်းယီနှင့် မင်ရိုလန်တို့ရန်ပွဲအဖြစ် ပြောင်းမသွားစေချင်ပေ။

ဤကိစ္စကို သူကိုယ်တိုင်ကိုင်တွယ်တာ အကောင်းဆုံးဖြစ်၏။

လက်နောက်ပစ်ပြီး ပေါ့ပေါ့ပါးပါးပြောလိုက်သည်။

"မလေးစားတဲ့အကြောင်းပြောရင်, ဖုချောင်ဟွမ် ငါ့ကို မထင်မရှားကောင်လို့ခေါ်တာ မင်းမကြားဖူးလား..."

ဂျန်ဖန်းကိုအံ့အားသင့်စွာနှင့်ပဲ....

မင်းရိုလန် သူမခေါင်းကို မောက်မာစွာမော့လိုက်ပြီး ဂျန်ဖန်းကို ကြည့်တောင်မကြည့်ပဲ ပြောလိုက်သည်။

"ငါတို့တပည့်ကြီးအဆင့်အတန်းက မင်းထက်သာတယ်။ မင်းက ဘယ်သူမိုလို့လဲ.."

"သူမင်းကိုအပြစ်ရှာတာ မင်းကောင်းဖို့အတွက် သင်ပြပေးတာပဲ..."

"မင်းက ကိုယ့်အတွက် ဘာကကောင်းတယ်ဆိုတာ မသိပဲ ကြမ်းတမ်းတဲ့စကားတွေနဲ့ တုံ့ပြန်ခဲ့တယ်။ ဒါ အတော်လေး လေးစားမှုမရှိတာပဲ...."

"အကြီးအကဲကိုအာခံတဲ့ မင်းလိုရိုင်းစိုင်းတဲ့တပည့်ကို ငါ သည်းမခံနိုင်ဘူး...."

ဟမ်?...

ခန်းမအပြင်နှင့်အတွင်းရှိ လူတိုင်း သူမစကားကြောင့် အံ့အားသင့်သွားကြ၏။

ဂိုဏ်းထဲမှာ အထက်စီးဆန်သည့်ယီလန်ရှင်း အကြီးအကဲ၏မောက်မာသည့်စကားတွေကိုကြားသည့်အခါ သူမကိုယ်သူမ နုသေးသည်ဟု ခံစားလိုက်ရ၏။

ချင်ချိုင်းဟီ ဒေါသတကြီး လက်သီးကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။

"သူ့မှာ အရှက်မရှိတော့ဘူးလား...."

"သူ့တပည့်က အခြားလူတွေကို စော်ကားတော့ သူတို့အတွက်ကောင်းတယ်တဲ့...."

"အခြားသူတွေ သူမတပည့်ကိုစော်ကားတော့ အတော်လေးစားမှုမရှိဘူးတဲ့..."

ရိုးသားဖြူစင်သည့် ချူရှင်းမန်တောင် ဒေါသတကြီး မျက်မှောင်ကြုတ်လိုက်သည်။

"သူမက ကျိုးကြောင်းကို မဆီလျော်ဘူး...."

"ဒါတောင် စိတ်ဝိညာဥ်သားရဲဂိုဏ်းမှာမိုလို့။ ကောင်းကင်သံစဥ်ဂိုဏ်းမှာသာဆို တိုက်ရိုက်တောင် လှုပ်ရှားမလားမသိဘူး...."

ခန်းမထဲရှိလူတိုင်းလည်း ပြောစရာစကားကင်းမဲ့နေ၏။

ယွမ်ကျီယု မယုံကြည်နိုင်စွာဖြင့် မျက်လုံးတွေ ပြူးကျယ်နေခဲ့သည်။

သူမတို့ဆရာ ကြားမဝင်ဖို့ပြောထားတာတောင် ဤကဲ့သို့အရှက်မရှိသည့်စကားမျိုး ပြောနေသေး၏။

ဂုန်ချိုင်းယီမျက်နှာ အေးစက်သွား၏။

သူမနှလုံးသားက မကျေနပ်ချက်တွေနှင့် ပြည်နှက်နေခဲ့သည်။

မင်းရိုလန်စကားတွေက ဂျန်ဖန်းကို အထင်သေးရုံသာမက ဂိုဏ်းချုပ်ဖြစ်သည့် သူမကိုပါ လေးစားမှုမရှိတာဖြစ်သည်။

ကောင်းပြီ...

မင်ရိုလန်မျက်လုံးထဲ၌ စိတ်ဝိညာဥ်သားရဲဂိုဏ်း ဂိုဏ်းချုပ်က ဂိုဏ်းလျို့ဝှက်နည်းစနစ်နားလည်ဖို့ ကောင်းကင်သံစဥ်ဂိုဏ်းတပည့်အပေါ်မှီခိုရအုန်းမည်ဖြစ်သည်။

ထို့ကြောင့် သူမကို အထင်သေးတာ အံ့သြစရာမရှိပေ။

သူမ ကြိိမ်းမောင်းတော့မည့်အချိန်မှာပဲ ဂျန်ဖန်း နောက်တစ်ကြိမ် သူမကိုကြားဝင်နှောက်ယှက်လိုက်၏။

"အကြီးအကဲမင်ပြောတာကို ငါနားလည်ပါတယ်...."

"ဖုချောင်ဟွမ်က သန်မာတယ်။ ဒါကြောင့် သူဘာပြောပြော ကျိုးကြောင်းသင့်တယ်။ ဟုတ်တယ်မလား...."

မင်ရိုလန် မောက်မာစွာ လည်ပင်းမြှင့်ပြီး နှာမှုတ်လိုက်၏။

"ဒါအမှန်ပဲ..."

"ဒီတော့, မင်းကလက်မခံဘူးပေါ့...."

လက်မခံတော့ဘာဖြစ်လဲ?....

သိုင်းပညာနယ်ပယ်၏စည်းမျဥ်းတွေက နှစ်ထောင်ချီတကည်းက ထိုကဲ့သို့ပင်ဖြစ်သည်။

အားကောင်းသူကရှင်သန်ပြီး, အနိုင်ရသူကဘုရင်ပင်။

ဂျန်ဖန်း လက်နှောက်ပစ်ပြီး ပေါ့ပေါ့ပါးပါးပြောလိုက်သည်။

"အကြီးအကဲမင်စကားတွေအရဆို စောနေက ငါ့စကားတွေက မလေးစားရာမရောက်ဘူး...."

"ဘာလို့လဲဆို, ငါက ဖုချောင်ဟွမ်ထက်ပိုသန်မာလို့ပဲ...."

All Chapters