← Chapters

တိုက်ခိုက်ဖို့တောင်အရည်အချင်းမရှိဘူး

Vol. 17 Ch. 240

တိုက်ခိုက်ဖို့တောင်အရည်အချင်းမရှိဘူး

Vol. 17 Ch. 240

မသင့်လျော်သော အပြုအမူကြောင့် တပည့်မ အများအပြား အံ့အားသင့်ကုန်ကြသည်။

ဘေးနားမှ ဟွာယွင် သူမလည်ပင်းကို ဆန့်တန်းကာ စာပါ အကြောင်းအရာများကို ကြည့်ရင်း တီးတိုးရွတ်ဆိုလိုက်သည်။

"လျိုရှီနှစ်၏ နဝမလ၊ တတိယမြောက်နေ့- နယ်စပ်ရှိ လေမည်းတောင်တန်း ကို ဖြတ်သန်းစဉ်၊ ကျွန်မတို့အဖွဲ့ကြာပန်းနက် ဓားပြခေါင်းဆောင်နှင့် ရင်ဆိုင်တွေ့ခဲ့ရတယ်...."

"အံ့အားသင့်စွာပဲ သူမ၏ အင်အားက အမြုတေဖွဲ့စည်းခြင်းအဆင့် ရောက်ရှိနေတာကို သိခဲ့ရတယ်...."

"ကံကောင်းထောက်မစွာဖြင့်၊ တိမ်စိမ်းဂိုဏ်းတပည့် ဂျန်ဖန်း ဝင်ရောက်လာပြီး၊ တစ်ဦးတည်းခွန်အားဖြင့် သူမ၏ ဦးခေါင်းကိုဓားနှင့် ဖြတ်ကာ ကျွန်မတို့ကို ဘေးကင်းစေခဲ့တယ်...."

"ထိုည၌ တောင်တန်းကိုဖြစ်စဥ် ကြာပန်းနက်ဓားပြအဖွဲ့ဝင် ၈ ယောက်၏ အလောင်းတွေကိုတွေ့ခဲ့ရပြီး ဂျူနီယာမောင်လေးဂျန်သတ်ခဲ့တာဖြစ်နိုင်တယ်...."

"ဒါကြောင့်, ကြာပန်းနက်ဓားပြဖွဲ့တစ်ခုလုံး သုတ်သုင်ပြီးပါပြီ...."

"တာဝန်ခန်းမဒီစာကိုကိုရပြီး ဂျူနီယာမောင်လေးဂျန်အတွက် ဆုလဒ်ထုတ်ပေးဖို့မျှော်လင့်ပါတယ်...."

ကျယ်လောင်စွာဖတ်ပြီးနောက်....

ဟွာယွင် ကြောင်အသွားပြီး စာကို မျက်တောင်မခတ်ပဲ စိုက်ကြည့်နေခဲ့သည်။

ခန်းမထဲရှိအမျိုးသမီးတပည့်တွေလည်း အတော်လေးအံ့အားသင့်သွားကြ၏။

သူမတို့စိတ်ထဲ၌ တိုတောင်းသော်လည်းပြင်းထန်သည့်အကြောင်းအရာတွေဖြင့် ပဲ့တင်ထပ်နေခဲ့သည်။

ကြာပန်းနက်က အခြေခံတည်ဆောက်ခြင်းအဆင့် ၉ မဟုတ်ပေ။

အမြုတေဖွဲ့စည်းခြင်းအဆင့် ဖြစ်နေခဲ့၏။

ထို့ပြင် ဒဏ်ရာအပြင်းအထန်ရထားတာ သို့မဟုတ် ဦးခေါင်းမဖြတ်ခင် သေပြီးသားဖြစ်နေတာ မဟုတ်ပေ။

ဂျန်ဖန်းတစ်ယောက်တည်းက သူမကို ခေါင်းဖြတ်သတ်ခဲ့တာဖြစ်သည်။

သူတို့က ဂျန်ဖန်းကို မျက်တောင်မခတ်တမ်းစိုက်ကြည့်နေပြီး အေးစက်စက်အမျိုးသမီးကဲ့သို့ မျက်လုံးထဲမှာထပ်တူအံ့အားသင့်မှုတွေအပြည့်ပင်။

"နင်,... ဂျူနီယာမောင်လေးဂျန်, နင်က အမြုတေဖွဲ့စည်းခြင်းအဆင့်ကို တစ်ယောက်တည်းသတ်ခဲ့တာပေါ့....."

အေးစက်စက်အမျိုးသမီး အထစ်ထစ်အငေါ့ငေါ့ပြောလိုက်သည်။

ဂျန်ဖန်း ဆွံ့အသွား၏။

ကျန်ရွယ်မိုစာပို့ခို စောလည်းရောက်မလာ၊ နောက်ကျလည်းရောက်မလာခဲ့ပေ။

ထိုအရာကက လူအများရှေ့ အချိန်ကိုက်ကို ရောက်လာခဲ့ခြင်းဖြစ်သည်။

သူ၌ တုံ့ပြန်စရာနည်းလမ်းမရှိ၍ မကြားသလိုဟန်ဆောင်နေပြီး တိတ်တဆိတ် တရားထိုင်နေလိုက်သည်။

ထိုအခါမှသာ သူမက အလွန်စိတ်အနှောက်အယှက်ဖြစ်စေသည့်မေးခွန်းတွေ မေးမိပြီးဆိုတာ အေးစက်စက်အမျိုးသမီး နားလည်သွား၏။

စာပို့ခို၏စာက ရှင်းလင်းနေပြီဖြစ်ရာ ထပ်မေးနေလျှင် သံသယရှိသလို ဖြစ်တော့မည်ပင်။

အလျှင်အမြန်ပဲ ကောင်တာသို့သွားကာ စိတ်ဝိညာဥ်လက်ဖက်ရည်ထည့်ပြီး ယူလာခဲ့သည်။

"ဂျူနီယာမောင်လေးဂျန်, လည်ချောင်းရှင်းသွားအောင် လက်ဖက်ရည်အချို့သောက်ပါအုန်း....."

ထိုမြင်ကွင်းက ရှိနေသည့်အမျိုးသမီးတပည့်တွေကို ကို့ရို့ကားခံစားသွားစေ၏။

အေးစက်စက်အမျိုးသမီးက ဂိုဏ်းထဲ၌ အေးစက်မာနကြီးသည်ဟု ကျော်ကြား၏။

အကြီအကဲ၊ ဂိုဏ်းချုပ်တို့မှလွဲ၍ မည်သူ့ကိုမှ မျက်နှာကောင်းမပြခဲ့ပေ။

သို့ပေမယ့် ရွယ်တူတစ်ယောက်ကို လက်ဖက်ရည်ဧည့်ခံနေသည်လား....

ထိုအရာက တကယ်ပဲ မကြုံစဖူးပင်။

တစ်ဖက်လူက အလွန်ယဥ်ကျေးနေသည်ဖြစ်၍ ဂျန်ဖန်းသဘာဝအတိုင်း ဟန်ဆောင်နေလို့မရတော့ပေ။ သူက လက်နှစ်ဖက်ဖြင့် လက်ဖက်ရည်ကို လက်ခံလိုက်၏။

"ကျေးဇူးတင်ပါတယ်, စီနီယာအမ...."

အေးစက်စက်အမျိုးသမီး၏မျက်လုံးတွေ စူးစမ်းလိုစိတ်တွေနှင့်ပြည့်နှက်နေခဲ့သည်။

"အမတစ်ခုလောက်မေးလို့ရမလား။ ဂျူနီယာမောင်လေးဂျန် ကြာပန်းနက်ကို ဘယ်လိုသတ်ခဲ့တာလဲဟင်...."

"ပြောပြပေးနိုင်မလား...."

အမျိုးသမီးတပည့်တွေ စိတ်အားထက်သန်သည့်မျက်လုံးတွေဖြင့်ကြည့်နေကြပြီး ပုံပြင်တစ်ပုဒ်နားထောင်ချင်နေသလိုပင်။

ထိုအရာကိုမြင်သည့်အခါ ဂျန်ဖန်းရယ်ရမလို ငိုရမလို ဖြစ်သွား၏။

"သေခြင်းရှင်ခြင်းတိုက်ပွဲမှာ, လှုပ်ရှားမှုအနည်းငယ်ပဲ သုံးရတာ။ ဒါကြောင့် အများကြီးပြောစရာမရှိပါဘူး..."

အေးစက်စက်အမျိုးသမီး အလေးအနက်သဘောတူလိုက်၏။

အစစ်အမှန်တိုက်ပွဲတစ်ခုက သာမန်ပြိုင်ပွဲတစ်ခုကဲ့သို့ ရှေ့တိုးနောက်ဆုတ်မဟုတ်ပေ။

များသောအားဖြင့် တိုက်ပွဲက အကွက်ရေအနည်းငယ်ဖြင့်သာ ပြီးဆုံးသွားတတ်၏။

တစ်ဖက်က အားနည်းချက်ပြသလျှင် သေဆုံးခြင်း သို့မဟုတ် ဒဏ်ရာအပြင်းအထန်ရခြင်း စသည့် အဆုံးသတ်ကို ဖြစ်ပေါ်စေ၏။

သို့ပေမယ့် ဤကဲ့သို့ပေါ့ပေါ့ပါးပါးပြောဆိုမှုက သူမ၏စူးစမ်းလိုစိတ်ကို မကျေနပ်စေသည်မှာ ထင်ရှား၏။

တစ်ခဏတွေးပြီးနောက်, သူမက ပြောလိုက်သည်။

"ဂျူနီယာမောင်လေးဂျန်, စီနီယာအမက အရည်အချင်းမရှိပါဘူး။ ဒါပေမယ့် မင်းဆီက သတ်ဖြတ်နည်းစနစ်အနည်းငယ် လမ်းညွှန်မှုတောင်းချင်တယ်...."

သူမထက်သိသိသာသာငယ်သည့်ဂျန်ဖန်းကိုကြည့်ပြီး စိတ်ထဲမှာ ဆန္ဒမရှိမှုအနည်းငယ်ရှိနေဆဲဖြစ်သည်။

ဂျန်ဖန်း အထွတ်အထိပ်အခြေအနေမှာရှိသည့်ကြာပန်းနက်ကိုသတ်နိုင်တာ ယုံကြည်ဖို့ သူမအတွက်ခက်ခဲနေသေး၏။

ဖြစ်နိုင်တာ ကြာပန်းနက် ကံဆိုးပြီး တိုက်ပွဲအတွင်းအမှားတစ်ခုခုလုပ်မိတာ ဖြစ်နိုင်လောက်၏။

ဂျန်ဖန်းပြောလိုက်သည်။

"စီနီယာအမယဥ်ကျေးလွန်းနေပါပြီ။ ဒါက ဘာသတ်ဖြတ်ခြင်းနည်းလမ်းမှမဟုတ်ပါဘူး။ ကံကောင်းသွားပြီး ငါ့ကျင့်ကြံရေးနည်းလမ်းက သူမကို ဖိနှိပ်မိသွားတာပါ...."

အေးစက်စက်အမျိုးသမီး အလွယ်တကူ လက်လျော့မည်မဟုတ်ပေ။

"ဂျူနီယာမောင်လေးဂျန်က ငါတို့စိတ်ဝိညာဥ်သားရဲဂိုဏ်းရဲ့ကျင့်ကြံရေးကို အထင်သေးနေတာလား...."

"ငါတို့ဂိုဏ်းက စိတ်ဝိညာဥ်သားရဲတွေနဲ့ပူးပါင်းတဲ့ တိုက်ခိုက်ရေးနည်းလမ်းကို အဓိကထားပေမယ့် ငါတို့ကျင့်ကြံရေးနည်းစနစ်တွေက အားနည်းတယ်လို့မဆိုလိုဘူး...."

ဂျန်ဖန်း နားလည်၏။

ကြည့်ရတာ သူမက သူနှင့်ယှဥ်ပြိုင်ချင်နေပုံပင်။

သူသာ သူမကို လက်လျော့အောင်မလုပ်လျှင် ဆက်နှောက်ယှက်နေအုန်းမည်ဖြစ်သည်။

ထို့ပြင် ထွက်သွားသည့်တာဝန်ခံကလည်း ဘယ်အချိန်ပြန်ရောက်မလဲဆိုတာ ဘယ်သူမှမသိပေ။

အရှုပ်အယှက်တွေရှောင်ရှားဖို့ သူက အနည်းငယ်ခေါင်းညိတ်လိုက်၏။

"ကောင်းပြီလေ, ဒါဆိုလည်း စီနီယာအမ..."

သူက ရုတ်တရက် ထိုအေးစက်စက်အမျိုးသမီးလက်ဗလာဖြင့်လာခဲ့တာကို နားလည်လိုက်၏။

သူမ၏စိတ်ဝိညာဥ်သားရဲကို ခေါ်မလာခဲ့ပေ။

ထိုအရာက သူမ၏အစစ်အမှန်ခွန်အား ထုတ်မသုံးနိုင်ဘူးဟု ဆိုလိုနေ၏။

ထို့ကြောင့် သူ့အသံပြောင်းလဲလိုက်၏။

"ဒီဆိုလိုရင်ကောဘယ်လိုလဲ။ ကျွန်တော် ကျင့်ကြံရေးနည်းစနစ်အချို့ ပြပေးမယ်...."

"စီနီယာအမကိုင်တွယ်နိုင်မယ်ထင်တဲ့အခါမှ ပြိုင်ရင်လည်း နောက်မကျသေးပါဘူး...."

ထိုအရာက အေးစက်စက်အမျိုးသမီးကို အနည်းငယ်စော်ကားသလို ခံစားရစေ၏။

သူမက အခြေခံတည်ဆောက်ခြင်းအဆင့် ၈ ဖြစ်ပြီး မယှဥ်ပြိုင်ခင် သူမကိုယ်သူမ ချင့်ချိန်သင့်သည်လား?...

အနည်းငယ်မကျေနပ်သည့်အမူအရာ ပြသလိုက်၏။

"ဂျူနီယာမောင်လေးဂျန်က တကယ်ပဲအမတို့ စိတ်ဝိညာဥ်သားရဲဂိုဏ်းကို အထင်သေးနေတာပဲ....."

ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဥ်သားရဲဂိုဏ်းအမျိုးသမီးတပည့်တွေလည်း ထိုအရာကိုသတိထားမိ၏။

သူတို့အားလုံး မဖော်ရွေသည့်အကြည့်တွေဖြင့် ကြည့်လိုက်ကြ၏။

"သူက အရမ်းမောက်မာနေတာ မဟုတ်ဘူးလား...."

"သူ ကြာပန်းနက်ကို ဘယ်လိုသတ်ခဲ့လဲဆိုတာ ငါတို့အတိအကျသိတောင်မသိဘူး။ ကံကောင်းသွားတာလဲဖြစ်နိုင်တာပဲ။ ဒါကို အရမ်းမောက်မာနေတယ်...."

"စီနီယာအမ သူ့ကို မျက်နှာသာပေးတာကို ဘာလို့ စီနီယာအမနဲ့ ငါတို့စိတ်ဝိညာဥ်သားရဲဂိုဏ်းကို အထင်သေးနေတာလဲမသိဘူး....."

....

ဂျန်ဖန်း မကြားသလို ပြုမူလိုက်၏။

သူက မတ်တပ်ရပ်ပြီး ခန်းမအလယ်ကို လျှောက်သွားလိုက်သည်။

ထို့နောက် စကားတစ်ခွန်းမှမပြောပဲ "ဦးတည်ချက်မဲ့နဂါးလက်ဝါး" ကိုသရုပ်ပြလိုက်၏။

"တုန်လှုပ်နေသောနဂါး..."

"နဂါးထိန်းချုပ်ခြင်း...."

ဆက်တိုက်ဖြစ်သည့်လက်ဝါးချက်နှစ်ချက်က လေထုကို တုန်ယင်သွားစေပြီး နဂါးဟိန်းသံသဲ့သဲ့ကိုကြားနိုင်၏။

ဆူညံနေသည့်ခန်းမ ရုတ်တရက် တိတ်ဆိတ်သွား၏။

လူတိုင်း လက်ဝါးသိုင်း၏စွမ်းအားကြောင့် တုန်လှုပ်သွား၏။

"ဒါ...ဒါက အတော်ထင်ကြီးဖို့ကောင်းတာပဲ..."

"ဒီလက်ဝါးနည်းစနစ်ရဲ့စွမ်းအားက မြေကမ္ဘာအဆင့်ကို ရောက်လုနီးပါးပဲ..."

"သူယုံကြည်မှုရှိနေတာ မအံ့သြတော့ပါဘူး။ စီနီယာအမ ဒါကို ခုခံနိုင်မှာမဟုတ်ဘူး..."

အေးစက်စက်အမျိုးသမီး အနည်းငယ်မျက်မှောင်ကြုတ်သွား၏။

သူမက တီးတိုးပြောလိုက်သည်။

"တကယ်အားကောင်းတာပဲ။ ဒါပေမယ့် အနိုင်ယူဖို့ ခက်တဲ့ပုံမပေါ်ပါဘူး..."

ထိုအရာက ဂျန်ဖန်း နောက်ဆုံးကွက် မထုတ်ဖော်ခင်ထိပင်။

"နဂါးဖျက်ဆီးခြင်း...."

ဝေါင်း!

ကျယ်လောင်သည့်နဂါးဟိန်းသံက တပည့်တွေ၏ခန္ဓာကိုယ်ကို တုန်ယင်သွားစေခဲ့သည်။

အားကောင်းသည့်လက်ဝါးအားက လေပွေတစ်ခု ဖြစ်ပေါ်သွားစေခဲ့သည်။

အနီးနားရှိအမျိုးသမီးတပည့်တွေ၏ စကတ်တွေနှင့် ဆံပင်တွေ တဖြတ်ဖြတ်လွင့်ပျံသွားပြီး တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြ၏။

အေးစက်စက်အမျိုးသမီး အကြီးအကျယ်တုန်လှုပ်သွား၏။

ဤလက်ဝါးသိုင်းစွမ်းအားက အနည်းဆုံး မြေကမ္ဘာအဆင့်ရှိ၏။

ဂျန်ဖန်း သူမကို ကျင့်ကြံရေးနည်းစနစ် အရင်ကြည့်ဖို့ပြောတာ မအံ့သြတော့ပေ။

သို့ပေမယ့်...

ထိုအရာက အဆုံးမဟုတ်သေးပေ။

'

လက်ဝါးနည်းစနစ် ပြီးစီးပြီးနောက် ဂျန်ဖန်း အနက်ရောင်ဓားကိုဆွဲထုတ်ကာ "ဓားနှလုံးသားထွင်းထုခြင်း" ကို သရုပ်ပြလိုက်၏။

ထိုအရာက စစ်မှန်သော မြေကမ္ဘာအဆင့်နည်းစနစ်ပင်။

ပထမဓားကွက် "အလင်းခွဲဓား"ကကို အားကောင်းသည့်ပေါက်ကွဲမှုကို ဖြစ်စေပြီး အေးစက်စက်အမျိုးသမီးခန္ဓာကိုယ်ကို တုန်ယင်သွားစေခဲ့သည်။

သူမသာ ထိုဓားချက်ကို ရင်ဆိုင်ရလျှင် သေချာပေါက် မြေပြင်ပေါ်လဲကျသွားမည်ဆိုတာ သူမသိ၏။

နောက်ဆက်တွဲ ဓားကွက်နှစ်ခုက ပိုလို့တောင် အားကောင်းသေး၏။

အထူးသဖြင့် နောက်ဆုံး ဓားကွက်ပင်။

"ကောင်းကင်နဲ့မြေကြီး ကြယ်ကြွေခြင်း"

ကြောက်စရာကောင်းသည့်အရှိန်အဟုန်က သူမနှလုံးသားကို အပြင်းအထန်ခုန်ပေါက်သွားစေပြီး ပေါက်ကွဲထွက်လာသည့်ဓားချီကို ခုခံဖို့တော့ ပြောနေစရာကို မလိုတော့ပေ။

သူမက အပြင်းအထန်ခုန်ပေါက်နေသည့်ရင်ဘတ်ကိုဆုပ်ကိုင်လိုက်ပြီး နဖူးမှ ချွေးစေးတွေ စီးကျလာခဲ့သည်။

ဂျန်ဖန်း ကံကောင်းပြီး ကြာပန်းနက်ကို သတ်နိုင်ခဲ့သည်ဟူသော မည်သည့်အတွေးမှ စိတ်ထဲမှာ မရှိတော့ပေ။

ထို့ပြင် ယှဥ်ပြိုင်လိုသည့်ရည်ရွယ်ချက်တွေလည်း မရှိတော့ပေ။

ဤကဲ့သို့ခွန်အားနှင့် သူမတစ်ကွက်တောင်ခုခံနိုင်မည်မဟုတ်ပေ။

ကြောက်စရာအကောင်းဆုံးက ဂျန်ဖန်း ဓားသိမ်းပြီး ပြောလိုက်သည့်စကားပင်။

"စီနီယာအမ စမ်းကြည့်ချင်တဲ့အခြားနည်းစနစ်တွေရှိသေးလား..."

"မရှိပါဘူး, မရှိတော့ပါဘူး...."

အေးစက်စက်အမျိုးသမီး အလျှင်အမြန် ငြင်းဆိုလိုက်၏။

သူမက အစောပိုင်းနည်းစနစ်တွေတောင် မခုခံနိုင်တာ နောက်ထပ်နည်းစနစ်တွေဆိုရင်တော့ ပြောစရာကိုမလိုတော့ပေ။

ဂျန်ဖန်း မမောက်ဘူးဆိုတာ နောက်ဆုံးမှာ နားလည်သွား၏။

သူမတို့ကြားရှိ ကွာခြားချက်က ကြီးမားလွန်း၍ ယှဥ်ပြိုင်တိုက်ခိုက်မှုဟုခေါ်သော အရာက သူမကို ဒဏ်ရာအပြင်းအထန် သို့မဟုတ် သေသွားစေနိုင်၏။

ထို့ကြောင့် ဂျန်ဖန်းက သူမအား ကွာဟချက်ကို ခံစားမိစေဖို့ နည်းစနစ်အချို့ပြသခဲ့တာဖြစ်သည်။

ထိုအရာကိုတွေးပြီး သူမမျက်နှာ ရှက်ရွံ့မှုကြောင့် နီရဲသွား၏။ သူမက သူ့ကို သတ်ဖြတ်ခြင်းနည်းစနစ်အတွက် ဖိအားပေးခဲ့၏။

ယခုတော့ တိုက်ခိုက်ဖို့တောင် သတ္တိမရှိတော့ပေ။

သူမက ကိုယ့်ရို့ကားယားပြောလိုက်သည်။

"ဂျူနီယာမောင်လေးဂျန်ခွန်အားက တကယ်ပြိုင်ဘက်ကင်းတာပဲ။ ငါ... ငါ မယှဥ်ပြိုင်တော့ပါဘူး....."

ထို့နောက် အလျှင်အမြန်ခေါင်းစဥ်ချိန်းကာ ဂျန်ဖန်းအား လက်ဖက်ရည်ခွက်ယူပြီး ကမ်းပေးလိုက်သည်။

"ဂျူနီယာမောင်လေးဂျန်ပင်ပန်းနေလောက်ရောပေါ့။ လက်ဖက်ရည်သောက်ပါအုန်း...."

ထိုအရာက အကောင်းဆုံးအခြေအနေဖြစ်ပြီး ဂျန်ဖန်းလည်း ပျော်ရွင်စွာလက်ခံလိုက်၏။

သူ လက်ဖက်ရည်ကို လက်ခံဖို့ပြင်လိုက်၏။

သို့ပေမယ့် ခန်းမအပြင်ဘက်မှ ဆူပူကြိမ်းမောင်းသံတစ်ခု ထွက်ပေါ်လာ၏။

လူက မရောက်သေးသော်လည်း အသံရောက်နေပြီဖြစ်သည်။

"ယီလန်ရှင်း, နင့်မှာ ပြဿနာရှိရင် ငါ့ဆီလာခဲ့...."

ရောက်လာသူက စိုးရိမ်စွာအပြေးရောက်လာသည့် ယွမ်ကျီယုမှလွဲပြီး အခြားသူမဟုတ်ပေ။

ဂျန်ဖန်း စိတ်ဝိညာဥ်သားရဲဂိုဏ်း ရောက်နေတာသိသည့်အခါ သဘာဝအတိုင်း သူမပျော်သွား၏။

သို့ပေမယ့် ဂျန်ဖန်း ယီလန်ရှင်းဝမ်းကွဲကို ရန်စမိတာ ကြားသည့်အခါ တာဝန်ခန်းမသို့ အပြေးလာခဲ့ခြင်းဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ယနေ့က စိတ်ဝိညာဥ်သားရဲဂိုဏ်း လစဥ်တာဝန်တင်သွင်းသည့်နေဖြစ်သည်။

ယီလန်ရှင်း သေချာပေါက် တာတန်ခန်းမကို သွားမည်ပင်။

သူတို့တွေ ထိပ်တိုက်တွေ့ဖို့ အခွင့်အရေးများ၏။

ထို့ကြောင့် အပြေးလာခဲ့ခြင်းဖြစ်သည်။

သို့ပေမယ့် သူမ ခန်းမထဲကို ဝင်လိုက်သည်နှင့် အံ့အားသင့်စရာမြင်ကွင်းတစ်ခုကို မြင်လိုက်ရ၏။

All Chapters