← Chapters

ဓားနတ်ဘုရား တပည့်ရဲ့ အထောက်အထားကို ထုတ်ဖော်ခဲ့ပြီ

Vol. 15 Ch. 209

ဓားနတ်ဘုရား တပည့်ရဲ့ အထောက်အထားကို ထုတ်ဖော်ခဲ့ပြီ

Vol. 15 Ch. 209

ရဲစခန်းအပြင်ဘက်။

လျိုဝူရွှမ်း ဖြည်းဖြည်းမှန်မှန်ပင် လမ်းပေါ် ပြန်လျှောက်ထွက်လာခဲ့သည်။ သူ့လက်ထဲက ဓာတ်ပုံကို ပြာဖြစ်အောင် မီးရှို့ပြီးနောက် အနီးနားက အမှိုက်ပုံးထဲ လွှင့်ပစ်လိုက်၏။ အချက်အလက်တွေက လက်ထဲမှာ ရှိနေပြီ။

ဦးစီးချုပ်က အကုန်ပြန်ပြောပြကာ

မိသားစု၊ လိပ်စာ၊ လီကျစ်ရွှမ်း၏ မိသားစုနောက်ခံ၊ ဆက်ဆံရေး အရာအားလုံးကို ထူးထူးခြားခြား အသေးစိတ်ကျကျ သေချာစွာ စီစဥ်ထားသည်။

ကျန်းဟိုင် မြို့စောင့်တပ်တစ်ခုလုံးကို တာဝန်ခံတဲ့ ဦးစီးသူတစ်ယောက်နဲ့ အံဝင်ခွင်ကျဖြစ်တာကြောင့် ဦးစီးချုပ်ဟာ သူ့ရဲ့ စုံစမ်းစစ်ဆေးမှုမှာ အမှန်တကယ် အားထုတ်ကြိုးပမ်းမှု အများအပြားကို ပြုလုပ်ခဲ့ပါ၏။

သို့သော် သူတွေ့ရှိခဲ့သော အချက်အလက်အားလုံးက လီကျစ်ရွှမ်း၏ မွေးရာပါနယ်ပယ်၌ ရပ်တန့်သွားခဲ့သည်။

"ဒါဆို သူမက ကျန်းဟိုင် ကိုယ်ခံပညာအကယ်ဒမီကပေါ့..."

လျိုဝူရွှမ်း အတွေးဖြင့် မျက်မှောင်ကြုတ်ကာ ရှေ့သို့ လျှောက်သွားလိုက်သည်။

"ငါ ရှောင်လင်ကို မှတ်မိတယ်... သူ ဒီကျောင်းက ဘွဲ့ရထားတာထင်တယ်"

အခု သူ့မှာ သတင်းအချက်အလက်တွေ အများကြီးရနေပြီမလို့ အရာအားလုံး လွယ်ကူသွားပါလိမ့်မည်။ နောက်ပိုင်း သူ့ကို တိုက်ရိုက်မေးနေသမျှ အမှန်တရားက သဘာဝအတိုင်း ထွက်လာမှာပင်။

"ဟမ့် ကောင်ကလေးပဲ မင်းငါ့ကိုတော့ လှည့်စားဖို့ မကြိုးစားနဲ့"

လျိုဝူရွှမ်း အေးဆေးတည်ငြိမ်စွာ ပြောပြီး သူ့အတွင်းကြယ်စွမ်းအားတွေကို စုဆောင်းပြီး ကိုယ်ခံပညာအကယ်ဒမီဆီ အပြေးအလွှားသွားဖို့ ပြင်ဆင်နေပြီ။

ရုတ်တရက်!

လမ်းပေါ်ရှိ လူအုပ်ကြီးက ကျယ်လောင်စွာ ဆူညံနေကြကာ ဖုန်းကိုယ်စီကိုင်လျက် ဓာတ်ပုံများရိုက်ရင်း ကောင်းကင်ယံသို့ အော်ဟစ်နေကြသည်။ ခဏလောက်ကြာတော့ ကားတွေဟွန်းသံနဲ့အတူ လမ်းက ဖရိုဖရဲဖြစ်သွား၏။

လူတိုင်းက ဖုန်းတွေကို မြှောက်ပြီး ကောင်းကင်ကိုသာ မော့ကြည့်နေသည်။

"ဟင်? ဘာလဲ?"

ဒါကိုမြင်တော့ လျိုဝူရွှမ်းလည်း သူတို့ညွှန်ပြတဲ့ လမ်းကြောင်းအတိုင်း လိုက်သွားပြီး ကောင်းကင်ကို မော့ကြည့်လိုက်မိသည်။ ကျယ်ပြောလှတဲ့ ကောင်းကင်ကြီးမှာ သူမြင်လိုက်ရတာက တွင်းနက်ကြီးတစ်ခု ကောင်းကင်မှာ ချိတ်ဆွဲထားသလို မည်းမှောင်နေ၏။ ၎င်းရှိရာ လမ်းကြောင်းပေါ်ရှိ လရောင်အားလုံးကို တစ်စက်မှ မလွတ်စေဘဲ မျိုချပစ်လိုက်သည်။

အောက်ဖက်က လူများသည် အခင်းဖြစ်ပွားရာနေရာအား ကြည့်ရှုခဲ့ကြပြီး မှတ်တမ်းတင်ရန်အတွက် ၎င်းတို့၏ ဖုန်းများကို ဆွဲထုတ်ကာ အွန်လိုင်းပေါ်တွင် စိတ်လှုပ်ရှားစွာ ဆွေးနွေးခဲ့ကြသည်။

"ကောင်းကင်မှာ ထူးဆန်းတဲ့ ဖြစ်စဉ်တစ်ခု ပေါ်လာတယ် အခုနကတင် မတွေ့ရသေးဘူး!"

"ဘယ်လိုပေါ်လာတာလဲ ဘယ်သူမြင်လဲ"

"အဲဒါကို မြှားတစ်စင်းနဲ့ ထိုးဖောက်လိုက်တာ!"

"..."

လူတွေက အပေါ်က ထူးဆန်းတဲ့ ဖြစ်စဉ်ကို ကြည့်ပြီး ဆွေးနွေးကြဆဲ။

"ဟမ့်! ကျန်းဟိုင် လေးနတ်ဘုရား... မင်းငါ့ကို ပြဖို့ကြိုးစားနေတာလား"

လျိုဝူရွှမ်း မျက်နှာ မည်းမှောင်သွားသည်။ ပတ်ဝန်းကျင်က ဆွေးနွေးမှုတွေကို နားထောင်ရင်း ပိုလို့တောင် မကျေမနပ်ဖြစ်သွား၏။ အဓိပတိနယ်ပယ်က မြားဆရာကြီးအဖြစ် သူသည် လေးပစ်ခြင်းဖြင့် ဖန်တီးထားသော ဤမြင့်မြတ်သော လက်ရာကို သဘာဝကျကျ အသိအမှတ်ပြုနိုင်ပါသည်။

ဒါပေမယ့် သူဒီမှာနေတာ ဘယ်လောက်ကြာပြီလဲ။ ဒီကိုရောက်တာ ခဏပဲ ရှိသေးတာတောင် ဒီလိုမာနကြီးတဲ့ မြင်ကွင်းကို ဖန်တီးပြီးပြီလား။

"ဒီလေးနတ်ဘုရားက ငါဒီကိုရောက်နေမှန်း သိသွားတာလား"

လျိုဝူရွှမ်းသည် လီကျစ်ရွှမ်းအကြောင်း သတင်းစကားကို ပြန်သတိရကာ လှောင်ပြောင်လိုက်သည်။ အခု သူ့မှာ အချက်အလက်တွေ ရထားပြီ။ နောက်တစ်ဆင့်ကတော့ သဲလွန်စတွေကို လိုက်ရှာပြီး ကျန်းဟိုင်ဓားနတ်ဘုရားကို ရှာဖို့ပါပဲ။

"မင်းဘယ်သူလဲဆိုတာ ကြည့်ရသေးတာပေါ့!!"

ထို့နောက် လူမြင်ကွင်းမှ ဖျက်ကနဲ ပျောက်သွားသည်။

………..

ကောင်းကင်ယံရှိ တွင်းနက်ကြီး အကြောင်းက အွန်လိုင်းပေါ်တွင် ပျံ့နှံ့သွားခဲ့ပြီး အင်တာနက်အသုံးပြုသူ အများအပြားက ၎င်းတို့၏ ထူးဆန်းသော အမြင်များကို မျှဝေခဲ့ကြသည်။

မတူညီသော ရှုထောင့်များမှ ဗီဒီယိုအများအပြားကို မျှဝေခဲ့သဖြင့် အဓိကစျေးကွက်ရှာဖွေရေး အကောင့်များသည် UFO များ၊ ပြင်ပမှတပ်ဖွဲ့များနှင့် အပျော်တမ်းသိပ္ပံပညာရှင်များ အားလုံး ပေါ်ထွက်လာခြင်းနှင့်အတူ ဇာတ်လမ်းကို ပို၍ ကျယ်လောင်လာစေပါသည်။

[ဘယ်သူ ရှင်းရှင်းလင်းလင်း မြင်လိုက်လဲ?!]

[ငါ ရှင်းရှင်းလင်းလင်း မြင်တယ်! မြှားတစ်စင်းက အထက်ကို ပျံတက်သွားတာ... ကြည့်ရတာ ဟိုအဓိပတိ နတ်ဆိုးကို ပစ်ချခဲ့တဲ့ လေးနတ်ဘုရား လုပ်နေတာ ဖြစ်မယ်]

[ကောင်းကင်မှ အပေါက်က ပိုကြီးလာသလားလို့နော်]

[ကမ္ဘာကြီးရဲ့ အဆုံးက နီးလာပြီ... ဒီတွင်းနက်က ကောင်းကင်က တွင်းသစ်တစ်ခု ဖြစ်သွားနိုင်မလား မသိဘူး]

........

"ဝိုး သခင်! ကောင်းကင်ပေါ်က တွင်းနက်ကြီးက အခုတလော သတင်းပျံ့နေတယ်!"

အိမ်မှာနေရင်း ဖုန်းကိုင်ထားတဲ့ ရှောင်ပိုင်သည် ချင်းယန်နံဘေးကို ခုန်တက်လာပြီး အင်တာနက်ကနေ ဓာတ်ပုံတစ်ပုံကို အနီးကပ် ငုံ့ကြည့်နေ၏။

ဖုန်းစခရင်က သူ့မျက်နှာကို တွန်းထိုးထားသည်။

"ကြည့်! ဒါအကုန် သခင်လုပ်ထားတာ!"

"ကျစ်! လေးနတ်ဘုရားက အဲဒါကို လုပ်ခဲ့တာ ငါနဲ့ ဘာဆိုင်လို့လဲ"

ချင်းယန် သူ့လက်ကို ပြတ်ပြတ်သားသား ဝှေ့ယမ်းလိုက်သည်။

“ဒီတွင်းနက်ကြီး မြန်မြန်အဲ ပျောက်ကွယ်သွားမှာ ကြီးကြီးမားမားလည်း မဟုတ်ဘူး… ဒီကနေ ထွက်သွား... ထွက်သွား! ငါစာဖတ်နေတုန်း ငါ့ကို မနှောင့်ယှက်နဲ့”

ထို့နောက် စာအုပ်တစ်အုပ်ကို လှန်လိုက်သည်။ ဆိုဖာပေါ်ထိုင်ကာ ခြေထောက်များကို ခြေချိတ်တင်ရင်း စိတ်အားထက်သန်စွာဖြင့် စာဖတ်တော့သည်။

မြှားပစ်ပြီးနောက်တွင် နေပစ်လေးနှင့် သူ့စိတ်ဝိညာဥ်ကြား ဆက်သွယ်မှုမှာ ပို၍ပင် အားကောင်းလာသည်။ ဒါဟာ ကြီးမားတဲ့ အမြတ်အစွန်း၊ သူ့ရဲ့ အရည်အချင်းကို မြှင့်တင်ခြင်းပါပဲ။

ဒီတွင်းနက်နဲ့ ပတ်သတ်လို့လား။

လူတိုင်း ပျော်ချင်သလို ပျော်ရွှင်ကြပါစေ။

"ငါလည်း ဖတ်ချင်ပါတယ်... သခင်!"

ရှောင်ပိုင် သူမရဲ့ခေါင်းဖြင့် တွန်းတိုက်ရင်း ချင်းယန်ရဲ့လက်နှစ်ဖက်ကို ထောက်ကာ မေးစေ့ကိုတင်လိုက်သည်။ သူမက နာခံစွာ စာဖတ်တော့သည်။

ခေါင်းစဉ်ကြောင့် သူမ မျက်လုံးလေး ပြူးသွား၏။

"စာကြည့်တိုက် စီမံခန့်ခွဲမှုအတွက် စည်းမျဉ်းသုံးရာ"

"???"

ရှောင်ပိုင် အံ့အားသင့်သွားကာ သူမ၏မျက်လုံးများကို အနည်းငယ် ပွတ်သပ်ကာ နောက်တစ်ကြိမ် ထပ်ကြည့်လိုက်သည်။

သခင်က ဒီစာအုပ်ကို တကယ်ဖတ်နေတာလား။

"ဟုတ်တယ်လေ ကန့်ကွက်စရာရှိလား"

ချင်းယန် ရှောင်ပိုင်၏ အတွေးအမြင်များကို သတိထားမိပေမယ့် စာမျက်နှာကို အေးအေးဆေးဆေး လှည့်လိုက်သည်။

"အခု ငါတာဝန်ယူနေရပြီ အနာဂတ်မှာ အချောင်ခိုဖို့က ပိုခက်လိမ့်မယ်... စည်းကမ်းတွေကို အရင်နားမလည်ရင် ဘယ်လိုလုပ် ငါးဖမ်းနိုင်မှာလဲ"

ရှောင်ပိုင် : "..."

...

တစ်ချိန်တည်းမှာပဲ...

ကျန်းဟိုင် ကိုယ်ခံပညာအကယ်ဒမီ။

ထန်ဖေး အဆောက်အဦ။ လူအိုလီနှင့် လင်မော့ဖုန်းတို့ ပြင်သစ်စတိုင် ပြတင်းပေါက်များ ရှေ့တွင် ရပ်နေခဲ့သည်။ ဆရာတပည့်နှစ်ယောက် လက်ဖက်ရည်ခွက်များ ကိုင်ဆောင်ကာ ကောင်းကင်ယံက တွင်းနက်ကြီးအား အံ့အားသင့်စွာ စိုက်ကြည့်နေကြသည်။

ထိုကြီးမားသော တွင်းနက်ကြီးသည် ကောင်းကင်ပြင်ကြီးကို စိုးမိုးကာ ပျက်ပြယ်သွားစေရာ မြင်ကွင်းက တကယ့်ကို အံ့မခန်းပင်။ ခဏအကြာတွင် တွင်းနက်ကြီးက တဖြည်းဖြည်း ပြိုကျရင်း ပျောက်ကွယ်သွားသည်။

အဲဒါမှ မကျေမနပ်ဖြစ်ပြီး အလုပ်ပြန်လုပ်ကြလေ၏။

"စိတ်ဝင်စားစရာပဲ!"

"တကယ် စိတ်ဝင်စားဖို့ကောင်းတယ်"

လူအိုလီက သူ၏ မုတ်ဆိတ်ဖြူဖြူများကို ပွတ်သပ်ကာ လင်မော့ဖုန်းကို စိတ်ဝင်တစား ကြည့်နေလေသည်။

"မော့ဖုန်း ငါမင်းလောက် မသန်မာဘူး၊ မင်းက အင်ပါယာမြို့တော်မှာ ကျယ်ကျယ်ပြန့်ပြန့် ခရီးထွက်ခဲ့တယ်... ဒါကြောင့် မင်းမှာ ဗဟုသုတတွေ အများကြီး ရှိမှာပဲ... ဒီတွင်းနက်က ဘယ်လိုပုံစံလဲဆိုတာ လာရှင်းပြပါဦး"

"အင်း... ကျနော် အင်ပါယာမြို့တော်မှာ ကျောင်းတက်တုန်းကတော့ မြားပစ်ကျွမ်းကျင်တဲ့ ကြယ်စစ်သည် တော်တော်များများကို တွေ့ဖူးတယ်... သူတို့အားလုံးက ကျွမ်းကျင်တဲ့ လေးသမားတွေ... ဂိုဏ်းဆရာအဆင့်နဲ့ အထက်က လူတွေဆို မြှားတစ်စင်းတည်းနဲ့ တောင်တန်းမြစ်တွေကို ဖောက်ပစ်နိုင်တယ်"

လင်မော့ဖုန်း မြင်ကွင်းကို ခဏလောက် စဉ်းစားပြီး :“ဒါပေမယ့် ဒီလိုမျိုး စွမ်းဆောင်နိုင်တဲ့သူ ကမ္ဘာပေါ်မှာ တစ်ယောက်ပဲ ရှိနိုင်တယ်”

"အိုး?"

ဒါကိုကြားတော့ လူအို၏ မျက်လုံးများ တောက်ပလာသည်။

"ဘယ်သူလဲ?"

မယုံနိုင်လောက်အောင် စွမ်းဆောင်နိုင်သူ။

ထိုအချိန်က ဝင်စွက်ဖက်ခဲ့သည့် အကြီးအကဲ၏ အထောက်အထားကို တွက်ဆရန် ၎င်းကို အသုံးပြုနိုင်သည်။

သူဖြစ်နိုင်တယ်!!

လူအိုလီ: "စောစောက ငါတို့ကို ကယ်တင်ခဲ့တဲ့လူက ဖြစ်နိုင်ပါ့မလား..."

"ဟင့်အင်း... အဲဒါ အကြီးအကဲ မဖြစ်နိုင်ပါဘူး ဆရာပြောတာကို ကျနော် နားလည်ပါတယ်"

လင်မော့ဖုန်း ခေါင်းခါလိုက်သည်။

"လေးသမား အကြီးအကဲက အခုအချိန်မှာ အင်ပါယာမြို့တော်မှာ ဖြစ်နိုင်တယ် ပြီးတော့ သူက ကျနော်တို့ လင်မိသားစုနဲ့ နီးနီးကပ်ကပ် အဆက်အသွယ် ရှိတယ်... မြားပစ်ဆရာကြီး... လျိုဝူရွှမ်းပါ"

ဝုန်း!

အခန်းတွင်းရှိ ကွက်လပ်သည် ရုတ်တရက် တုန်ခါသွားသည်။

မြင်သာသော လှိုင်းများက လေထုအတွင်း လှိုင်းလုံးများ အဖြစ် ပြန့်ကျဲနေပြီး ရေနက်ပိုင်းက ရေလှိုင်းများကဲ့သို့ ၎င်းတို့အနီးတစ်ဝိုက်တွင် ကြယ်များ၏ အရှိန်အဟုန်ပြင်းပြင်း ခုန်တက်သွားသည်။

ချက်ချင်းပင် အခန်း၏ အလယ်ဗဟိုတွင် ဆုံချက်တစ်ခုပေါ်လာသည်။

တစ်စုံတစ်ယောက် ဆင်းသက်လာပုံပါပဲ။

"ဒါဘာလဲ?!"

ဒါကိုမြင်တော့ လူအိုလီရဲ့ အမူအရာလည်း ရုတ်တရက် ပြောင်းလဲသွား၏။ သူသည် သူ့ဓားစွမ်းအင်ကို အလိုလို ထုတ်လွှတ်ကာ အခန်းအတွင်း ပျံ့နှံ့သွားစေသည်။

ဝုန်း!

စွမ်းအင်နှစ်ခု တိုက်မိသွားသည်နှင့် အဘိုးကြီးလှ၏ ဓားစွမ်းအင်သည် ပေါက်ကွဲသံနှင့်အတူ ပျောက်ကွယ်သွားသည်။

"ဆရာ... ရပ်လိုက်ပါ!"

လင်မော့ဖုန်း ဝင်လာသောလူကို သတိပြုမိသောအခါ သူ့နှလုံးခုန်သံများ တုန်လှုပ်သွားကာ လူအိုလီအား အမြန်ထိန်းလိုက်သည်။

"ဒါက အကြီးအကဲ လျိုဝူရွှမ်းပါ!"

တစ်ဆက်တည်း ရုတ်တရက် ဒေါသတကြီး အော်ဟစ်သံအား ကြားလိုက်ရလေ၏။

"လင်လင်... မင်းငါ့ကို အခုနက နာမည်ဘယ်လိုခေါ်ရဲတာလဲ"

လျိုဝူရွှမ်း လေထုကို ဖြိုခွဲလိုက်ပြီး ရုံးခန်းအလယ်ခေါင်တွင် ချက်ချင်းပေါ်လာသည်။ သူ၏ ၀တ်ရုံများ တဖျပ်ဖျပ် ခတ်လျက် အခန်းအနှံ့ ပျံ့နှံ့သွားကာ သူ့ဆံပင်နှင့် မုတ်ဆိတ်များက တွန့်လိမ်နေသည်။

"အငယ်တန်း လင်မော့ဖုန်း... အကြီးအကဲ လျိုဝူရွှမ်းကို နှုတ်ခွန်းဆက်ပါတယ်!"

လင်မော့ဖုန်း ဒါကိုမြင်တော့ အလျင်အမြန် ဦးညွှတ်ပြီး တောင်းပန်လိုက်ပါ၏။ သူက လျိုဝူရွှမ်းကို ကြောက်လန့်တကြား ကြည့်ကာ။

"စောစောက အရမ်းသတိမထားမိလို့ ဂရုမစိုက်မိသွားတာပါ..."

"မထိတ်လန့်ပါနဲ့ ရှောင်လင်...ကိစ္စမရှိဘူး ငါမင်းကို မတွေ့တာကြာပြီ"

လျိုဝူရွှမ်း၏ တင်းမာသော မျက်နှာသည် တည်ငြိမ်သွားပြီး ဖိအား အငွေ့အသက်ကို ခွဲထုတ်ကာ မှုန်ကုပ်ကုပ်ဖြင့် ပြုံးပြလာသည်။ ယခင် ဖိအားများက ခြိမ်းခြောက်မှု တစ်ခုမျှသာ ဖြစ်သည်။

သူနှင့် လင်မိသားစု၏ အသက်ကြီးသူများသည် ခင်မင်ရင်းနှီးသူများ ဖြစ်ကြပြီး လင်မော့ဖုန်းလို မျိုးဆက်သစ် လူငယ်များစွာကိုလည်း တွေ့ဆုံခဲ့ဖူးသည်။ သူနှင့် ဆန့်ကျင်ဘက် ဆက်ဆံရေး ဘယ်လိုလုပ် ရှိနိုင်မည်နည်း။

"အကြီးအကဲ လျိုဝူရွှမ်း... ကျနော် အခုနက ငါ အခုမှ ရိုင်းပြခဲ့မိပါတယ်..."

လူအိုလီကလည်း ဦးညွှတ်ပြီး တောင်းပန်လေသည်။

"ခင်ဗျားရဲ့ တည်ရှိမှုက အရမ်းကောင်းတော့ ကျနော် ချက်ချင်း တုံ့ပြန်မှု မပြုခဲ့ပါဘူး ဒီကို ယုတ်မာတဲ့ အစွန်းရောက်တွေ ကျူးကျော်လာတာလို့ ငါထင်ခဲ့တာ... အဲဒါကြောင့် ရူးသွပ်စွာ ပြုမူခဲ့မိတပါ"

"ဘာမှမဖြစ်ဘူး... ခြစ်ရာတွေချည်းပဲ"

လျိုဝူရွှမ်းက လူအိုလီကို ငုံ့ကြည့်ကာ ခေါင်းယမ်းလိုက်သည်။

"မင်းရဲ့မွေးရာပါ ဓားစွမ်းအင်နဲ့ ငါ့ကို ဒဏ်ရာရစေလောက်အောင် ဝေးကွာတယ်.. စိတ်ထဲထားမနေနဲ့"

လူအိုလီနှင့် လင်မော့ဖုန်း အကြည့်ချင်း ဖလှယ်လိုက်သည်။ နောက်ဆုံးတော့ သူတို့ သက်ပြင်းတစ်ချက်စီ ချလိုက်လေ၏။ အဓိပတိနယ်ပယ်ရဲ့ အဆင့်အတန်းက ဂုဏ်သိက္ခာရှိပြီးသားဖြစ်သည်။ ထို့အပြင် တစ်ဖက်လူဟာ အဓိပတိမဟာမိတ်၏ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ထိုအချက်က သူ့ကို ပို၍ပင် ထိတွေ့ခွင့်မရအောင် ဖြစ်စေသည်။

ပြစ်ဒဏ်ကို အမှန်တကယ် ပေးအပ်လာပါက အကျိုးဆက်များသည် ဆိုးရွားလှပေလိမ့်မည်။

လင်မော့ဖုန်း :"အကြီးအကဲ ကျန်းဟိုင်ကို ရောက်လာမယ့် ကိစ္စကို ဘာလို့ ကျနော်တို့ကို ကြိုပြီး မပြောခဲ့တာလဲ ဒါဆို ကျနော်တို့ ကြိုဆိုတဲ့ လက်ဆောင်ကို ပြင်ဆင်နိုင်မှာ..."

"မလိုပါဘူး... ဒီအဓိပတိက ဒီလောကဓံပုံစံတွေကို သိပ်စိတ်မဝင်စားနေဘူး...မထင်မှတ်ထားတဲ့ အဖြစ်အပျက် တစ်ခုကြောင့်သာ မဟုတ်ရင် မင်းတို့ရဲ့ ကျန်းဟိုင်မြို့ကို ငါ မရောက်ဖြစ်ဘူး... ဒီတစ်ခါ လူတစ်ယောက်ကို ရှာဖို့ ဒီကိုရောက်နေတာ"

သူက လူအိုလီနှင့် လင်မော့ဖုန်ကို တစ်ချက်ကြည့်လိုက်သည်။

"လီကျစ်ရွှမ်း... မင်းနဲ့ ရင်းနှီးနေတယ်မလား? သူမက ကျန်းဟိုင်ဓားနတ်ဘုရားရဲ့ တပည့်ဆိုတာ ငါသိပြီးပြီ...မင်းသူမကို ခေါ်ထုတ်သင့်တယ်... ငါသူမနဲ့ ဓားနတ်ဘုရားရဲ့ သေခြင်းအကြောင်း ဆွေးနွေးရမယ်"

"ရွှမ်းရွှမ်း?!"

"ဆရာတူညီမလေးလား?"

လူအိုလီနှင့် လင်မော့ဖုန်းတို့ နှစ်ယောက်စလုံး အံ့အားသင့်ခဲ့ကြပြီး နှစ်ယောက်လုံး ပဟေဋ္ဌိဖြစ်သွားခဲ့ကြသည်။

"ကျစ်ရွှမ်းကိုရှာဖို့ ဒီကို လာခဲ့တာလား အခု တစ်ယောက်တည်း တံခါးပိတ်ကျင့်ကြံနေတော့ အကြီးအကဲကို လာနှုတ်ဆက်နိုင်မှာ မဟုတ်ဘူး..."

"တံခါးပိတ်ကျင့်ကြံတယ်?!"

လျိုဝူရွှမ်း မျက်မှောင်ကြုတ်သွား၏။

"ဒီလောက်ငယ်တဲ့ အရွယ်မှာ သူဘာလို့ တံခါးပိတ်ကျင့်ကြံနေရတာလဲ မင်းတို့နှစ်ယောက် ငါ့ကိုလှည့်စားဖို့ မကြိုးစားနဲ့ ထွက်လာဖို့ပြောလိုက်"

"ဒါ..."

လင်မော့ဖုန်းလည်း ဒါကိုကြားတော့ တုံ့ဆိုင်းသွားသည်။ အကယ်၍ သူသာ အတင်းဖြတ်ကျော်သွားပါက လျိုဝူရွှမ်းဟာ သူ့အငယ်တန်းညီမအပေါ် မလိုလားအပ်သော ပြဿနာများကို ဖြစ်ပေါ်စေနိုင်သည်။

လင်မော့ဖုန်း မဝံ့မရဲ တိုးတိုးလေး ပြောလိုက်သည်။

"အကြီးအကဲ ချင်းယန်လို့ ခေါ်တဲ့ လူတစ်ယောက်ကို ကျနော် သိပါတယ် သူက အကြီးအကဲ ဓားနတ်ဘုရားနဲ့ ပတ်သက်မှု ရှိကောင်းရှိနိုင်တယ် စုံစမ်းချင်ရင် မေးပေးလို့ရပါတယ်"

"ချင်းယန်?"

နာမည်ကြားတာနဲ့ လျိုဝူရွှမ်း၏ မျက်လုံးများ အေးစက်သွားသည်။ သူက ထိုင်ခုံမှာတောင် မထိုင်တော့ဘဲ ရုံးခန်းထဲကနေ ပျောက်သွားလေ၏။

...

ခဏအကြာ၌ ရုံးခန်းထဲ တိတ်ဆိတ်သွားလေသည်။

"မော့ဖုန်း မင်းက ချင်းယန်ကို ဖော်ထုတ်လိုက်တာက သိပ်ပြီး မဆင်မခြင်လုပ်ရာ မကျဘူးလား"

လူအိုလီက စားပွဲကို ခေါက်နေသည်။

"သူ ချင်းယန်ကို တိုက်ခိုက်ရင် ဘယ်လိုလုပ်မလဲ"

"စိတ်မပူပါနဲ့ ဆရာ....ကျွန်တော် အကြီးအကဲလျိုဝူရွှမ်း အကြောင်း သိပါတယ်။ သူက ခေါင်းမာပေမယ့် သဘာဝအရ လူဆိုးတော့ မဟုတ်ပါဘူး... သူက တခြားသူတွေကို အနိုင်ကျင့်တဲ့ ပုံစံမျိုးလည်း မရှိဘူး အကြောင်းပြချက်မရှိဘဲ အငယ်တန်းကို တိုက်ခိုက်မှာ မဟုတ်ပါဘူး...."

All Chapters