လျိုဝူရွှမ်းရဲ့ လည်ပတ်မှုက စနစ်သတိပေးချက်ကို ဖြစ်ပေါ်စေခဲ့တယ်
Vol. 15 Ch. 210
ဖုဟိုင်ဗီလာ လူနေရပ်ကွက်။
တောက်ပနေသော တီဗီ ဖန်သားပြင်ပေါ်တွင် ရုပ်ရှင်ချန်နယ်တစ်ခု ဖွင့်ထားသည်။
ချင်းယန်သည် ရှောင်ပိုင်ကိုယ်ပေါ်တွင် ခေါင်းတင်ထားပြီး "တာဝန်ခံများအတွက် လမ်းညွှန်ချက်များ" ကို ဖြည်းညှင်းစွာ ပိတ်လိုက်သည်။ သူသည် စာကြည့်တိုက်တစ်ခုလုံး၏ အလုပ်စည်းကမ်းများကို ဖတ်လို့ပြီးခါနီးနေပြီ။
အခုဆို တာဝန်ခံ၏ အချိန်ဇယားနှင့် အလုပ်အချိန်ဇယားကို ရင်းနှီးစွာ သိသွားပြီ ဖြစ်သည်။ သူ့ကံကြမ္မာကို သိမ်းပိုက်နိုင်မယ့် အချိန်ရောက်တဲ့အထိ စောင့်နေလိုက်ရုံပင်။
"ရတော့မယ်..."
ချင်းယန် စာအုပ်မချမီ အချိန်ကို တွက်ချက်ခဲ့သည်။ ပြီးတာနဲ့ သူက သူ့ဘေးမှာ အိပ်နေတဲ့ ရှောင်ပိုင်ကို ငုံ့ကြည့်ကာ။
"မင်း အခု လျှာနဲ့လျှက်နေတာလည်း လုံလောက်ပြီ နိယာမနှလုံးသားကို ပြန်ဖို့ အချိန်တန်ပြီ မဟုတ်ဘူးလား"
"ဟင်?! အဲ့လောက်တောင် မြန်လား?"
ရှောင်ပိုက် ခဏလောက် အေးခဲသွားပြီး သူ့နားရွက်တွေ ထောင်ထွက်လာသည်။ တွန့်ဆုတ်နေသော အကြည့်ဖြင့် သူ့ဖုန်းကို ထုတ်ကာ အချိန်ကို စစ်ကြည့်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်း တစ်နာရီကျော်နေပြီ။ ပျော်ရွှင်စရာအချိန်တွေက အမြဲတမ်း ခဏပဲ ရှိတတ်လေသည်။
"သခင် နောက်ထပ် တစ်နာရီလောက်ပဲ အချိန်ပေးပါလား..."
ရှောင်ပိုင်မှာ ၎င်းနှင့်ခွဲခွာရန် တွန့်ဆုတ်နေ၏။ သူမလက်ထဲက ဆုပ်ကိုင်ထားတဲ့ နိယာမနှလုံးသားကို စိုက်ကြည့်ပြီးနောက် ချင်းယန်ကို တစ်ဖန် မော့ကြည့်လိုက်သည်။
"ငါ ဘာမဆို လုပ်ပေးနိုင်ပါတယ်..."
တိုးတိုးတိတ်တိတ် ပြောပြီး ဆွဲဆောင်မှုရှိတဲ့ သူမရဲ့အသံလေးကို ထုတ်လိုက်ပေမယ့်။
"အချိန်ကုန်ပြီ..."
ချင်းယန်ကတော့ မတုန်မလှုပ်၊ ထိခိုက်မှုမရှိပေ။ သူ နိယာမနှလုံးသားကို အညှာအတာမရှိ ပြန်ဆွဲယူသွားခဲ့သည်။
"ဟမ့်! တွန့်တိုတယ်! တွန့်တိုတယ်!"
ရှောင်ပိုင် သူမ၏ လက်နှစ်ဖက်ကို ဝေ့ယမ်း၍ ဘေးသို့ လှည့်ကာ ဖုန်းဆွဲထုတ်လိုက်သည်။ ပြီးတာနဲ့ ဗီဒီယိုအတိုလေးများကို ကျွမ်းကျင်စွာ ဖွင့်လိုက်သည်။
ချင်းယန်ကတော့ တိုင်ကြားချက်များကို ကြားသော်လည်း ဂရုမစိုက်ပေ။ နိယာမနှလုံးသားကို ရိုးရိုးရှင်းရှင်း ဆုပ်ကိုင်ထားကာ အတွင်းစိတ်လောကရဲ့ ဉာဏ်အလင်းသို့ နစ်မြုပ်၍ နိယာမစွမ်းအင် အကြောင်းအရာကို လေ့လာတော့သည်။ မိုးကြိုးနိယာမ၊ သစ်သားနိယာမနှင့် အခြားသော ခိုင်မာသည့်အရာများနှင့် မတူသည့် နိယာမနှလုံးသည် မရေမတွက်နိုင်သော စစ်မှန်သော ပုံစံများ၏ဗဟို ဖြစ်ပြီး နိယာမစွမ်းအင် အပေါ် အာရုံစူးစိုက်ရာတွင် အလွန်အထောက်အကူ ဖြစ်စေလေသည်။
ဤအခိုက်၌ ချင်းယန်သည် များပြားလှသော နိယာမစွမ်းအင် ပုံစံများကြားတွင် လှည့်လည်သွားလာနေခဲ့သည်။ မိုးကြိုး၊ သစ်သား၊ အာကာသ၊ မီး စသဖြင့် အမျိုးမျိုးသော နိယာမများက ရောယှက်နေ၏။ တဖြည်းဖြည်းနှင့် ၎င်းတို့အပေါ် နားလည်သဘောပေါက်မှုကလည်း လျင်မြန်စွာ တိုးတက်လာခဲ့သည်။
အချိန်တွေ တဖြည်းဖြည်း ကုန်သွား၏။
ခဏအကြာ၌ ချင်းယန် မျက်လုံးပြန်ဖွင့်လိုက်သည်။
ရုတ်တရက် သူသည် ညကောင်းကင်ယံမှ ပြတင်းပေါက်ကို မော့ကြည့်လိုက်သည်။ ယခု ဖုဟိုင်ဗီလာ လူနေအိမ်ခန်းဆီသို့ လျင်မြန်စွာ ချဉ်းကပ်လာသော ထူးခြားသော ရောင်ဝါကို ခံစားမိနေသည်။
"ဒါ... အဓိပတိ နယ်ပယ်ပဲလား?"
"သားရဲနတ်အရှင် ဂိုဏ်းထဲက တစ်ယောက် ဖြစ်နိုင်လား"
ချင်းယန် မျက်မှောင်ကြုတ်ပြီး နိယာမနှလုံးသားကို ပြန်ဆွဲထုတ်ကာ ဆိုဖာပေါ်မှ ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။
"ဘာဖြစ်နေတာလဲ သခင်"
ကျွန်နှင့်သခင်သည် အပြန်အလှန် လိုက်လျောညီထွေ ရှိနေသည်။ ထို့ကြောင့် ရှောင်ပိုင်ဟာလည်း ချင်းယန်ရဲ့ စိတ်ခံစားချက်ကို အရိပ်အမြွက် သတိထားမိလေ၏။
"အပြင်မှာ တစ်ယောက်ယောက် ရှိလို့လား? ဒီအစေခံကပဲ....?"
"ရတယ်... အိမ်ထဲမှာပဲနေ...လျှောက်မပြေးနဲ့..."
ချင်းယန် ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။ ဒီလိုပြောပြီးနောက်မှာ ပတ်ဝန်းကျင်က ကြယ်တွေရဲ့ စွမ်းအင်တွေ တဆတ်ဆတ် တုန်ခါသွားကာ သူချက်ချင်း နေရာကနေ ပျောက်ကွယ်သွားခဲ့တော့သည်။
…………
တစ်ချိန်တည်းမှာပင်။
ဗီလာအပြင်ဘက်၌။
လျိုဝူရွှမ်းသည် ညနေလေညင်းကိုစီးလျက် ကောင်းကင်အထက်မှ ဖြည်းညှင်းစွာ ဆင်းသက်လာသည်။ တောင်များနှင့် ရေဘေးတွင် တည်ရှိသော ဗီလာ အဆောက်အအုံတစ်ခုလုံးကို အပေါ်စီးမှမြင်ရပြီး ထူးထူးခြားခြား လှပသည့် မြင်ကွင်းပင်။
ကောင်းကင်နှင့်မြေကြီး၏ ဝိညာဉ်စွမ်းအင်များက ထိုနေရာတွင် ပေါင်းစည်းကာ ရတနာသိုက်တွင် နေထိုင်သကဲ့သို့ နေထိုင်သူအားလုံးကို အာဟာရဖြစ်စေသည်။
"ဟုတ်တယ်... တကယ်ကို လေးနက်တယ် ဒါက လီမိသားစု အစီအရင် ဖွဲ့စည်းရေး သခင်က ဖန်တီးထားတဲ့ ဖွဲ့စည်းမှုပဲလား"
လျိုဝူရွှမ်း သူ့ပတ်ဝန်းကျင်ကို စူးစမ်းပြီး သဘောကျစွာ သက်ပြင်းချလိုက်သည်။ အင်ပါယာမြို့တော်မှာတောင် ဒီလို မြေပြင်ဖွဲ့စည်းပုံမျိုးက ရှားပါ၏။ ဤသာမန်ကမ်းရိုးတန်းမြို့လေးတွင် အမှန်တကယ် တွေ့မြင်ရခြင်းမှာ သူထင်ထားတာထက် ကျော်လွန်နေခဲ့ပါပြီ။
"ထားတော့.. ချင်းမျိုးရိုးကို အရင်ရှာကြည့်ရအောင်... လေးနတ်ဘုရားရဲ့ တည်နေရာကို တွေ့ပြီးတာနဲ့ ငါ အခွင့်အရေးကို ရှာတွေ့လိမ့်မယ်"
လျိုဝူရွှမ်း အောက်ဖက်သို့ ပျံဆင်းသွားကာ သူ့အကြည့်များက နေအိမ်ကြီးတစ်ခုလုံးပေါ် လွှမ်းခြုံသွားသည်။ သူ့မှတ်ဥာဏ်အတိုင်း လိုက်ရှာပြီးနောက် သူ ချင်းယန်၏ နေရာကို အလျင်အမြန် သော့ခတ်ကာ ခရီးစတော့မည်။
ထိုအခိုက် လျှို့ဝှက်ဆန်းကြယ်သော အသွင်သဏ္ဌာန်တစ်ခုက မမြင်နိုင်လုနီးပါး အမြှေးပါးတစ်ခုအလား ပွင့်လာပြီး ပူဖောင်းတစ်လုံးလို ပျံ့နှံ့ကာ ဗီလာ၏ ပတ်၀န်းကျင်ကို လုံးဝ ဖုံးအုပ်ပစ်သဖြင့် ပြင်ပကမ္ဘာနှင့် ခွဲထုတ်လိုက်သလို ဖြစ်သွားခဲ့သည်။
၎င်းက လရောင်ကို ရောင်ပြန်ဟပ်နေသော အဖြူရောင် ပိတ်ကာစ ကုလားကာလို အသွင်အပြင်ဖြစ်သည်။
"ဟင်?!"
"ဒီမှာ သေးငယ်တဲ့ အစီအရင်လေး ရှိနေသေးတာလား"
လျိုဝူရွှမ်းရဲ့ မျက်နှာပေါ်မှာ သူ သတိမမူမိသည့်အတွက် အံ့သြမှုများဖြင့် ပြည့်နှက်နေသည်။ သူ မသိစိတ်က ပေါက်ကွဲထွက်လာတဲ့ ကြယ်တွေရဲ့ စွမ်းအားကို ဖော်ထုတ်ဖို့ အဖြူရောင် ပိတ်စလေးတစ်ဝိုက်မှာ ဖြန့်ကျက်လိုက်သည်။
ဒါဟာ တကယ့်ကို အစီအရင် ဖွဲ့စည်းမှုတစ်ခုပါပဲ။ ၎င်းက သေးငယ်သော ဖွဲ့စည်းမှုထက်ကို ပို၍ပင် အားကောင်းသည်။
"ဘယ်လို လျှို့ဝှက်ရတနာများလဲ... ဒီမှာ သခင်တွေတောင် ရှိနေပြီလား"
လျိုဝူရွှမ်းသည် ဖွဲ့စည်းမှုမှ ထွက်ပေါ်လာသော ကြယ်စွမ်းအားကို သတိပြုမိပြီး တိတ်တဆိတ် အံ့သြသွားခဲ့သည်။ အဓိပတိနယ်ပယ်သို့ တက်လှမ်းလာသောအခါတွင် အနည်းဆုံး ရာနှင့်ချီသော အစီအရင် ပုံစံများကို မြင်တွေ့ခဲ့ရသည်။
သို့သော် ဤအရာက သူမြင်ဖူးသည့် ပထမဆုံးသော အစွမ်းထက် အစီအရင် ဖွဲ့စည်းမှုတစ်ခုဖြစ်သည်။ ၎င်း၏အင်အားသည် ကျန်းဟိုင်၏ မြို့ကာကွယ်ရေးဖွဲ့စည်းပုံထက် အနည်းငယ်သာ နိမ့်၏။
ဧကန္တ....
ဒီချင်းယန်က အစီအရင် သခင်လည်း ဖြစ်နေသေးတာလား!
"ဟမ် ဘာပဲဖြစ်ဖြစ် အစီအရင် ဖွဲ့စည်းမှုလေး တစ်ခုပါပဲ... ငါ့လက်ထဲက လှိုင်းလုံးတွေနဲ့ ချိုးနိုင်တယ်"
လျိုဝူရွှမ်း အေးစက်စွာ အော်ဟစ်လိုက်ပြီး ပတ်ဝန်းကျင်ကို စကင်န်ဖတ်လိုက်သည်။ ထို့နောက် သူ့လက်ကို မြှောက်ပြီး နိယာမစွမ်းအင်ကို စုစည်း၍ အနီးနားက နေရာတွေကို ပျက်ဆီးအောင် ဖျက်ပစ်လိုက်လေ၏။ ထို့နောက် သူသယ်လာသော လေးကို ဖြုတ်လိုက်သည်။
ဝူး!
အံ့ဖွယ်လေးက တုန်တုန်ယင်ယင်ဖြင့် တုံ့ပြန်လာသည်။ လျိုဝူရွှမ်း မျက်ခုံးပင့်ကာ လေးညှို့ဆွဲကာ အောက်ဖက်ဖွဲ့စည်းပုံ၏ အလယ်ဗဟိုကို ချိန်လျက် ကြယ်စွမ်းအင်များကို စုစည်းလိုက်၏။
မြှားထိပ်မှာ တောက်ပနေတဲ့ ကြယ်စွမ်းအားတွေက စုစည်းနေပြီး သူ့ရဲ့ ချွန်ထက်တဲ့ အစွန်းက အေးစက်နေတဲ့ လရောင်ကို ရောင်ပြန်ဟပ်နေသည်။
"သွား!"
လျိုဝူရွှမ်း သူ့လက်ချောင်းများကို လွှတ်လိုက်သည်။
ရွှီး!
ကြယ်စွမ်းအင်က အမှတ်တစ်ခုသို့ ချက်ချင်းစုစည်းကာ အောက်ဖက်ဖွဲ့စည်းပုံ၏ အူတိုင်ဆီကို တိုက်ရိုက် ပြေးထွက်သွားသည်။ ဗုန်းကနဲ အသံနဲ့အတူ လိုင်းတစ်ခု လွင့်ထွက်သွား၏။ ထောင်ပေါင်းများစွာသော မိုးကြိုးများ ခုန်တက်လာပြီး ၎င်းတို့၏ လမ်းကြောင်းများကို ဖြတ်ကျော်သွားကြသည်။
ထိပ်ဖျားသည် မိုးခြိမ်းသံနှင့် ရောယှက်နေသော နိယာမစွမ်းအင်သည် အက်ကွဲမှု စွမ်းအင်ကို တိုက်ရိုက် ဖြစ်ပေါ်လာစေသည်။
မြှားသည် နှစ်ပိုင်း၊ ထို့နောက် သုံးပိုင်းကွဲသွားသည်။ တခဏချင်းမှာပဲ၊ အလျားလိုက် မြှားမိုးရွာချလာပြီး အစီအရင် ဖွဲ့စည်းတည်ဆောက်မှုကို ရူးသွပ်စွာ ဗုံးကြဲကာ မြင်သာတဲ့ အသံလှိုင်းတွေပါ ထွက်လာတော့သည်။
ဗုန်း ဗုန်း!!
ထူထပ်သော မြှားတံများ တရစပ် ပေါက်ကွဲသွားသည်။ သို့သော် ၎င်းတို့၏ ပစ်မှတ်များကို ထိမှန်ပြီးနောက်မှာတောင် အစီအရင်က ပြိုကျမယ့် လက္ခဏာမျိုး မပြလာခဲ့ချေ။ မြှားတွေကသာ ရိုးရှင်းစွာ အစိတ်စိတ်အမွှာမွှာ ကွဲသွားကာ သမုဒ္ဒရာအတွင်းရှိ ရေတစ်စက်ကဲ့သို့ ပျောက်ကွယ်မသွားမီ ပိတ်ကျဲစ၏ အစွန်းကို ရိုက်ခတ်သွားခဲ့သည်။
ချက်ချင်းပင် အုံ့ဆိုင်းနေသော မြူခိုးများက ကျရောက်လာသော ထိုးစစ်ကို ဖယ်ရှားပစ်ခဲ့သည်။
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?!"
ဒါကို မြင်လိုက်တာနဲ့ လျိုဝူရွှမ်း လန့်သွားလေ၏။ သူ့မြှားသည် ပေါ့ပေါ့ပါးပါး ဖြစ်သော်လည်း ဘုရင်အဆင့် ကြယ်သားရဲတစ်ကောင်ကို ချေမှုန်းပစ်ဖို့တော့ လုံလောက်ပါသည်။ သို့သော် အစီအရင်က ခဏတာမျှသာ ယိမ်းယိုင်သွားခဲ့သလား။
"သားကောင်းပဲ... ဓားနတ်ဘုရားရဲ့ တပည့်ဖြစ်ထိုက်သူပဲ!"
လျိုဝူရွှမ်း သူ့မျက်လုံးများကို အနည်းငယ် မှိတ်ထားကာ ရှက်ရွံ့မှုများအား တဟုန်ထိုး ခံစားလိုက်ရသည်။
……….
ဗီလာအတွင်းပိုင်း၊ ပထမထပ်၌။
တုန်ခါမှုတွေက သူ့နားထဲကို ဝင်ရောက်လာခဲ့သည်။
ချင်းယန် တင်ပျဉ်ခွေထိုင်ကာ သူ့ပတ်ပတ်လည်တွင် ကြယ်ကျောက်တုံးများစွာ ရစ်ပတ်ကာ အိမ်အစောင့်အကြပ်များ၏ တည်ငြိမ်မှုကို အခိုင်အမာ ထိန်းသိမ်းထားသည်။ သူသည်လည်း မြှား၏ စွမ်းအားကို သတိပြုမိပြီး ထပ်တူ အံ့အားသင့်သွားသည်။
"ဒီလူရဲ့ လေးပစ်စွမ်းရည်က တော်တော် အဆင့်မြင့်သားပဲ"
မြှားက အိမ်ကာကွယ်ရေး အစီအရင်ကိုတောင် အမှန်တကယ် မတည်မငြိမ် ဖြစ်စေနိုင်ခဲ့သည်။
ဤအစီအရင် ဖွဲ့စည်းပုံကို သူကိုယ်တိုင် ချမှတ်ခဲ့သည်။ ဆရာကြီးတစ်ဦးသည် ခေါင်းမချိုးဘဲ ဖြတ်ကျော်နိုင်မည် မဟုတ်ပေ။ အဓိပတိသည်ပင်လျှင် အောင်မြင်စွာ မဖြိုခွဲမီ ခဏတာ အဆက်မပြတ် တိုက်ခိုက်ရပေမည်။
"ဒီအတွက်... အဓိပတိအဆင့် ဒါမှမဟုတ် ပိုမြင့်တဲ့အဆင့်လိုတယ် ငါကိုယ်တိုင် လှုပ်ရှားရလိမ့်မယ်"
ချင်းယန် ခြံဝင်းဆီသို့ ဦးတည်သွားကာ ဖိတ်ခေါ်ခြင်းမရှိသော ဧည့်သည်ကို နှုတ်ဆက်ရန် အဆင်သင့် ပြင်လိုက်သည်။ ဒါပေမယ့် သူ လှုပ်ရှားဖို့ ပြင်နေချိန်၌ ရုတ်တရက် ရင်းနှီးပြီးသား စနစ်သတိပေးချက်တစ်ခု အသံထွက်ပေါ်လာသည်။
"တင်း! အရှင်အင်ပါယာနယ်ပယ်က ကျွမ်းကျင်ပညာရှင်တစ်ယောက် ရှိနေတာကို တွေ့လိုက်ရပါတယ်... host ကျေးဇူးပြုပြီး ချက်ချင်း ပြေးပါ!"
"?"
ချင်းယန် ဗီလာအပြင်ဘက်တွင် လျိုဝူရွှမ်း ရှိနေသည်ကို သတိပြုမိသဖြင့် မျက်ခုံးပင့်ကာ ခြေလှမ်းများ တုံ့ဆိုင်းသွားခဲ့သည်။
ဒီကောင်က တကယ်ကြီး အနှစ်ငါးရာ အသက်ရှင်နိုင်မှာလား။
"ပြီးခဲ့တဲ့အချိန်က အဲဒီသွေးနတ်ဆိုးနဲ့ အတူတူပဲ"
ချင်းယန် ခဏတဖြုတ် ချီတုံချတုံ တွေးတောကာ အမြတ်ထုတ်နိုင်မည့် အခွင့်အရေးများကို စတင်စဉ်းစားနေခဲ့သည်။ ခုခံကာကွယ်မှုများကို ဖြိုခွင်းကာ အသက်ရှင်လျက် ဖမ်းယူရမည်။ ဒါမှ စနစ်၏ ဆုလာဘ်များကို ဖြစ်ပေါ်စေနိုင်သည့် နည်းလမ်းအားလုံးသည် သူ့စိတ်ထဲတွင် ဆက်လက် ပြေးလွှားနိုင်အောင် လုပ်နိုင်မှာ ဖြစ်သည်။
နောက်ဆုံးတွင် ဝဖြိုးတဲ့ သိုးတစ်ကောင် ပေါ်လာပြီ။
အတွေးထဲ ပျောက်နေစဥ် သူ့အိတ်ကပ်ထဲမှာ ဖုန်းက ရုတ်တရက် တုန်ခါသွားပြီး မက်ဆေ့ဝင်လာသည်။ လီချင်းဟဲဆီက ဖြစ်သည်။
[ဆရာ... လူအိုလီက ဆရာ့ကို တစ်ခုခုပြောခိုင်းထားတယ်]
[ဒီနေ့ည လျိုဝူရွှမ်းက အကြီးအကဲ လေးနတ်ဘုရား အကြောင်း မေးမြန်းဖို့ ဆရာ့ဆီ လာလိမ့်မယ်..သူ့မှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေတော့ မရှိပါဘူး]
"လျိုဝူရွှမ်းက ငါ့ဆီလာပြီး လေးနတ်ဘုရား အကြောင်း မေးမယ်ပေါ့?"
ချင်းယန် ခဏလောက် စဉ်းစားလိုက်တာနဲ့ ချက်ချင်း သဘောပေါက်သွားသည်။ ဒါပေမဲ့ လျိုဝူရွှမ်းက ဒီနေရာနဲ့ သိပ်မရင်းနှီးဘူး။ သူ ဒီနေရာကို ဘယ်လိုရှာတွေ့နိုင်ခဲ့တာလဲ။
ငါ ရောင်းစား ခံလိုက်ရပြီလား?
ဒါပေမယ့် အခုအချိန်မှာ ဒီကိစ္စတွေ ဒီအဆင့်ကို ရောက်နေပြီဆိုတော့ ဒီထက်ပိုပြီး ပြောစရာအကြောင်းမရှိပါဘူး။ ယခု သူသည် အဓိပတိ နယ်ပယ်သို့ ရောက်နေပြီ ဖြစ်သောကြောင့် ထိုကဲ့သို့သော ကိစ္စများကို သိပ်ဂရုမစိုက်တော့ပေ။
ကောင်းကင်က မြင့်၍ ပင်လယ်က ကျယ်ဝန်း၏။
"ဒီဒုက္ခကို အရင်အနားယူလိုက်ရအောင်"
ခဏမျှစဉ်းစားပြီးနောက် ချင်းယန် သူ့သွေးကိုဆွဲထုတ်ကာ ဒုတိယကိုယ်ပွားကို ဆင့်ခေါ်၍ ထွက်လာခဲ့သည်။
……….
ဗီလာအထက်၌။
လျိုဝူရွှမ်း အောက်ဘက်ရှိ အသွင်အပြင်ကို ငုံ့ကြည့်ကာ သူ့လက်ထဲက အနက်ရောင်လေးကို တစ်ချက် ကြည့်လိုက်သည်။ သံသယစိတ်တစ်ခုပင် ခံစားလာရ၏။
ခုချိန်ထိ အစွမ်းကုန် အသုံးမချရသေးပေမဲ့ နောက်ဆုံးမှာတော့ သူဟာ ဖွဲ့စည်းမှုရဲ့ အလယ်ဗဟိုကို ချိန်ရွယ်ပြီး မြှားအနည်းငယ်ကို ထပ်မံပစ်ခတ်ခဲ့ပါသည်။ ရလဒ်ကတော့ သူ့တိုက်ခိုက်မှုများကြောင့် မြှားတွေ ဝါးမြိုခံရမယ့် ကံကြမ္မာကို မလွတ်မြောက်နိုင်ခဲ့ပေ။
ဂုဏ်သိက္ခာရှိတဲ့ နယ်ပယ်ကို ပြုစုပျိုးထောင်သူ အကြီးအကဲတစ်ယောက်က ဒီဖန်တီးထားတဲ့ ဖွဲ့စည်းမှုကိုတောင် မချိုးဖျက်နိုင်ဘူးဆို အဲဒီထိပ်သီး မဟာမိတ်တွေက သူ့ကို လှောင်ရယ်နေမှာ မဟုတ်ဘူးလား။
"မင်းနောက်မှာ ဘယ်သူရှိနေလဲ ငါကြည့်ရသေးတာပေါ့!"
လျိုဝူရွှမ်း သူ့အနက်ရောင်လေးကို ဆွဲထုတ်ပြီး ဖွဲ့စည်းတည်ဆောက်မှုကို တိုက်ရိုက် ချိန်ထားလိုက်သည်။ ဒါပေမဲ့ လေးမြှားကို ဆက်ဆွဲပြီး မြှားမပစ်နိုင်ခင် အစီအရင်ရဲ့ အငွေ့အသက်က အနည်းငယ် ဆူပွက်လာပြီး ကြယ်ရောင်များ ကျဆင်းလာသည်။
ထို့နောက် ခြံဝင်းအောက်ဘက်ရှိ မှန်တံခါးက ဖြည်းညှင်းစွာ ပွင့်လာပြီး ချင်းယန်ဟာ ညအိပ် ၀တ်စုံနှင့် ဖိနပ်တစ်ရံကို ဝတ်ဆင်ကာ လမ်းလျှောက်ထွက်လာခဲ့သည်။ သူက အပေါ်က လျိုဝူရွှမ်းကို မော့ကြည့်ရင်း သမ်းဝေလိုက်သည်။
"အငယ်တန်း ချင်းယန်... အကြီးအကဲ လျိုဝူရွှမ်းကို နှုတ်ဆက်ပါတယ"
လျိုဝူရွှမ်း မျက်မှောင်ကြုတ်ကာ ချင်းယန်၏ အငွေ့အသက်ကို အာရုံခံကြည့်နေသည်။ တစ်ဖက်လူက ကမ္ဘာကြီးနှင့် ပေါင်းစည်းလိုက်သကဲ့သို့ အနှောင့်အယှက်ကင်းကင်းဖြင့် လုံးလုံးလျားလျား ချုပ်နှောင်ထားသည်။
"သူ့ရဲ့ ကျင့်ကြံမှုကိုတောင် ထိန်းထိန်းသိမ်းသိမ်း လုပ်ထားနိုင်တယ်... ဒါက အလားအလာရှိတဲ့ လူငယ်စွမ်းရည်တစ်ခုပဲ"
လျိုဝူရွှမ်း အံ့အားသင့်သွားပြီး သူ့အတွေးများက ခြံအလယ်သို့ လွင့်မျောသွားသည်။
"အကြီးအကဲ ဒီကိုရောက်လာတာ ဘာကိစ္စကြောင့်များလဲ မသိဘူး...."
ချင်းယန် သူ့လက်ထဲက ကြယ်ကျောက်တုံးကို ပစ်ချလိုက်ပြီး လရောင်သန်းနေသော ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။
"အခု ညအိပ်ချိန်ရောက်နေပြီ.. ဘာလို့ အိမ်ထဲဝင်ပြီး စကားစမြည် မပြောတာလဲ"
ထိုအခါ လျိုဝူရွှမ်းက အေးစက်စွာ ဟစ်အော်လေ၏။
"ကောင်လေး ငါနဲ့ ဂိမ်းလာမဆော့နဲ့... ငါ ဝင်စရာမလိုပါဘူး ချက်ချင်း သွားမှာ!"
သူက ချင်းယန်ကို တိုက်ရိုက် စိုက်ကြည့်ပြီး။
"...မင်းက ကျန်းဟိုင် ဓားနတ်ဘုရားရဲ့ အကြီးဆုံးတပည့်မလား ချင်းယန်"