← Chapters

လျိုဝူရွှမ်းရဲ့ စိန်ခေါ်မှု

Vol. 15 Ch. 212

လျိုဝူရွှမ်းရဲ့ စိန်ခေါ်မှု

Vol. 15 Ch. 212

"သခင်... မကြောက်နဲ့ ဒီနတ်သမီးက သခင်ကို သေချာကာကွယ်ပေးလိမ့်မယ်!"

ခြံဝင်းထဲမှာတော့ ရှောင်ပိုင်သည် ချင်းယန်ရှေ့ဝင်ကာရင်း လက်နှစ်ဖက်ကို ဆန့်တန်းကာ သူမရဲ့ မြေခွေးအမြီးက စိတ်လှုပ်ရှားစွာ တွန့်လိမ်နေလေ၏။ ဒါပေမယ့် သူမ ထပ်တွေးလိုက်မိစဥ် ရုတ်တရက် တစ်ခုခုမှားသွားသလို ခံစားလိုက်ရသည်။

အဓိပတိနယ်ပယ်ဆီက ဒဏ်ခတ်ခြင်းကို ခံရပြီးနောက် ဒီနတ်သမီးရဲ့ အသက်ရှုသံက ဖရိုဖရဲဖြစ်နေသင့်သည်။

"ရှောင်ပိုင် မင်းပြန်သင့်ပြီ"

ဒါကိုမြင်တော့ ချင်းယန် သူ့မျက်လုံးတွေကို အတွင်းကျကျ လှိမ့်လိုက်သည်။ သူမရဲ့သရုပ်ဆောင်မှုက ပျမ်းမျှပါပဲ။

“မင်းတို့နှစ်ယောက်…”

လျိုဝူရွှမ်းက တစ်ဖက်တွင် ရပ်ကာ မျက်ခုံးပင့်ကာ စကားပြောနေကြသည့် ချင်းယန်နဲ့ ရှောင်ပိုင်ကိုကြည့်ရင်း သက်ပြင်းချလိုက်မိသည်။

"သခင်နဲ့ ကျွန်က နက်နဲတဲ့ သံယောဇဉ်ရှိတတ်တယ်တဲ့..."

သားရဲကျွန်ပြုခြင်းက ဤကမ္ဘာတွင် ကျင့်ကြံနည်းတစ်ခု ဖြစ်သည်။ ဘုရင်အဆင့် သားရဲကျွန်များက ရှားပါးသလို သူတောင် အနည်းငယ်မျှသာ မြင်ဖူးသည်။ ဒါပေမယ့် ရှောင်ပိုင်လို သူ့သခင်နှင့် ကစားရန် ဆန္ဒရှိပြီး သခင်ကို ကာကွယ်ရန် သူ့အသက်ကို စွန့်ထုတ်လိုသည့် ကြယ်သားရဲမှာမူ တစ်ကယ့်ကို တွေ့ရခဲ၏။

"အင်း ဒီနေ့ ဒီမှာပဲ ရပ်လိုက်ရအောင်... ငါ မင်းကို အရှက်မခွဲတော့ဘူး"

သူတို့အားလုံးကို သတ်ဖို့မဟုတ်ဘဲ မေးခွန်းတွေမေးဖို့ ရောက်လာခဲ့ခြင်းသာ ဖြစ်လေသည်။ လျိုဝူရွှမ်း တိုက်ခိုက်တာကို ရပ်လိုက်ပြီး သူ့ရဲ့လက်ဖဝါးကို မြှောက်လိုက်ကာ ကြယ်စွမ်းအားတွေကို ဖြည်းညှင်းစွာ ရုပ်သိမ်းလိုက်ပါ၏။

ချင်းယန် ပတ်ဝန်းကျင်ရှိ ကြယ်ဖိအားများ ပျောက်ကွယ်သွားခဲ့သည်။ လေညှင်းကလေးက တိတ်တိတ်ဆိတ်ဆိတ်ပင် ပြန်လည် တိုက်ခတ်လာပြန်သည်..။

"မင်းတို့နှစ်ယောက်လုံး ထတော့"

လျိုဝူရွှမ်း ခေါင်းယမ်းရင်း ချင်းယန်ကို စိတ်ခံစားမှုနဲ့ ကြည့်ရင်း :"ငါက ဆိုးယုတ်တဲ့ အစွန်းရောက်သမား မဟုတ်ဘူး ငါ မင်းကို စမ်းသပ်ချင်နေရုံပဲ ဒါပေမယ့် မင်း ဒီလောက် ပြတ်သားမယ်လို့တောင် မမျှော်လင့်ထားဘူး..."

သူက သက်ပြင်းချကာ: "ကျန်းဟိုင်ဓားနတ်ဘုရားက မင်းကို သူ့တပည့်အဖြစ် လက်ခံခဲ့တာ မှန်ကန်တဲ့ ရွေးချယ်မှု ဖြစ်မယ်... မင်းက တကယ်ကို မြင့်မြတ်တဲ့ နှလုံးသားရှိသူပဲ"

“လူကြီးမင်းက ချီးကျူးလွန်နေပါပြီ”

ဤစကားကိုကြားသောအခါ ချင်းယန် လျင်မြန်စွာ ထရပ်လိုက်ပြီး သူ့လက်နှစ်ဖက်ကို ဖြေလျှော့ကာ။

"ခင်ဗျားက အရမ်းလေးစားထိုက်သူပါ... ကျနော့်ကို တိုက်ခိုက်မှာ မဟုတ်ဘူးလို့ ယုံကြည်ထားပြီးသား... အနည်းဆုံး ကျနော့်ကို ဖိအားပေးရုံပေါ့"

"ဟမ့်!"

ဒါကိုကြားတော့ လျိုဝူရွှမ်းက အော်ဟစ်ပြီး အဝေးကို မျှော်ကြည့်ရင်း အနည်းငယ် ဒေါသထွက်နေတုန်းပါပဲ။

"ဒါက အဆုံးလို့ မထင်နဲ့... ငါနဲ့ မင်းဆရာဦးလေးကြားက ကိစ္စက အဆုံးမသတ်သေးဘူး!"

သူသာ ချင်းယန်နဲ့ သူ့သားရဲကျွန်တွေကို တကယ်တိုက်ခိုက်ရင် သူ့သိက္ခာအောက်မှာ ပြဿနာ တက်ကုန်လိမ့်မည်။ ဒီလိုသတင်း ထွက်လာလို့ အဓိပတိမဟာမိတ်မှာရှိတဲ့ သူငယ်ချင်းဟောင်းတွေ သိသွားရင် အရယ်ခံရလိမ့်မည်။

"အင်း ငါက ယုတ်မာတဲ့လူမဟုတ်ဘူး"

လျိုဝူရွှမ်း ချင်းယန်ကို လက်ပိုက်ကြည့်နေသည်။

"ငါမင်းကို အတင်းအကြပ် မလုပ်တော့ဘူး... မင်းကိုပြောစရာ ဆိုရင်တော့ တစ်ခုပဲရှိတယ်"

"အဲဒါဘာလဲ?"

ထိုစကားကို ကြားသောအခါ ချင်းယန်၏ နှလုံးခုန်သံ ခုန်သွားသည်။

"အဆင်ပြေရင် ဦးလေးကို သေချာ ပြောပြဘိုက်ပါ့မယ်"

"ဟမ့် ဒါဆို သူ့ကို သွားပြောလိုက်! ငါ လျိုဝူရွှမ်းက သူနဲ့ သုံးရက်အတွင်း စိန်ခေါ်ပွဲ ကျင်းပမယ်... လီရွှေရေကန်မှာ အရုဏ်တက်ချိန် တွေ့ကြမယ်"

"စိန်ခေါ်ပွဲ?"

ချင်းယန် အံ့ဩသွားသည်။ သူ လုံးဝ အထိတ်တလန့် မဖြစ်ပေမယ့် နည်းနည်းတော့ အံ့သြသွား၏။ စနစ်က နှိုးဆော်ပေးလိုက်တဲ့အတွက် သူ့မှာ စကားပြောခွင့် မရှိခဲ့ပါဘူး။ အခု လျိုဝူရွှမ်းက အစပြုလိုက်ပြီ ဆိုတော့ သူ့ဘက်က အကွက်ချရမှာတွေ အများကြီး သက်သာသွားစေသည်။

သုံးရက်အတွင်း တိုက်ပွဲကို စီစဉ်ကြပါစို့။

လျိုဝူရွှမ်းရဲ့ ကာကွယ်ရေးကို ချိုးဖျက်ပြီးတာနဲ့ စနစ်က ဆုလာဘ်ကို ရမှာမဟုတ်ဘူးလား။

စဉ်းစားရင်း ချင်းယန်က ခေါင်းညိတ်ပြီး ဦးညွှတ်လိုက်သည်။

"စိတ်ချပါ အကြီးအကဲ... ဒါကို ကျွန်တော့်ရဲ့ ဆရာတူဦးလေးဆီ သေချာပြောပြပါ့မယ် ဒါပေမယ့်... တစ်ခုတော့ ကြိုပြောထားရမယ် သူလာမလား မလာဘူးလားဆိုတာ သူ့ကိုယ်ပိုင်ဆန္ဒပေါ်မှာပဲ မူတည်တယ်... ခင်ဗျားလည်း ပြင်ဆင်ထားရမယ်"

"ဟားဟား... "

လျိုဝူရွှမ်းက အံ့ဖွယ်လေးကို ဖြည်လိုက်ပြီး သူ့လက်ချောင်းများကို မျက်နှာပြင်အနှံ့ ပွတ်သပ်လိုက်သည်။

"သတင်းစကား ပေးပို့ပြီးတာနဲ့ အရာအားလုံး မင်းနဲ့ ဘာမှမဆိုင်ပါဘူး ချာတိတ်လေး... အဲဒီမှာ ငါစောင့်နေမယ် ဒေါသတွေ မပြေခင် ငါ့ကိုစိတ်မချအောင် မလုပ်နဲ့... မင်းရဲ့ ဆရာတူဦးလေး မလာဘူးဆိုရင် သူ့ကို ထွက်လာအောင် တခြားနည်းလမ်းတွေ သုံးမှ ငါ့ကို အပြစ်မတင်နဲ့..."

ဒီလိုပြောပြီးတာနဲ့ လျိုဝူရွှမ်းက တုံ့ဆိုင်းမနေတော့ဘဲ လှည့်ထွက်သွားတော့သည်။

.......

"ကျစ်! နောက်ဆုံးတော့ သွားပြီ"

ချင်းယန်သည် လျိုဝူရွှမ်း၏ ပြန်ဆုတ်သွားသောရုပ်ကို ကြည့်ရင်း သက်ပြင်းချလိုက်သည်။ အနားယူချိန် သုံးရက် ရှိကာ တစ်ဖက်လူရဲ့ ခံစစ်ကို ဘယ်လို ချိုးဖျက်ရမလဲ ရှာဖွေဖို့လည်း လုံလောက်သော အချိန်ဖြစ်သည်။

"လေးပစ်ပြိုင်ပွဲလား ဒါမှမဟုတ် မှော်ပြိုင်ပွဲတစ်ခုလား။"

ရုတ်တရက် သူ့ပေါင်ကို တင်းကြပ်လာသည်။ ပျော့ပျောင်းပြီး ပွေ့ဖက်ထားတဲ့ အရာတစ်ခုက သူ့ကိုယ်သူ တင်းတင်းကြပ်ကြပ် ရစ်ပတ်နေ၏။

"သခင်!"

ရှောင်ပိုင် သူ့ပေါင်ကို ပွတ်သပ်နေပြီး မော့ကြည့်ကာ သူ့အစွယ်တွေပြရင်း ချီးကျူးပေးဖို့ တောင်းတနေသည်။

"ဘယ်လိုလဲ! ဘယ်လိုလဲ! ဒီနတ်သမီးရဲ့ စွမ်းဆောင်ရည်က မကောင်းဘူးလား"

"မင်းရဲ့စွမ်းဆောင်ရည်?"

ချင်းယန် : "..."

ရှောင်ပိုင်ရဲ့ စွမ်းဆောင်မှုကို သူ့စိတ်ထဲတွင် မှတ်မိနေပါသေးသည်။ ဘယ်လိုလဲဆိုတော့ လုံလောက်ရုံမျှသာ ရှိ၏။ ဒါပေမယ့် အနည်းဆုံးတော့ လျိုဝူရွှမ်းဆီကလာမယ့် နောက်ထပ် ဖိအားတွေကနေ ကယ်တင်ပြီး ပြဿနာအချို့ကို သက်သာစေခဲ့ပါသည်။

"ငါ စကားနည်းနည်းပြောပါရစေ ရှောင်ပိုင်"

"ဘာလဲ?"

ရှောင်ပိုင် သူမနားရွက်ကို ထောင်လျက် ချင်းယန်ကို မျှော်လင့်စွာကြည့်နေချိန် သူမ၏ မြေခွေးအမြီးများက တွန့်လိမ်နေသည်။

"မင်း ကောင်းကောင်း စွမ်းဆောင်နိုင်ခဲ့တယ် ဒါပေမဲ့ နောက်တစ်ခါ ဒီလို မလုပ်နဲ့"

ချင်းယန် ရှောင်ပိုင်လည်ပင်းကို ပွတ်ဆွဲကာ အနီးရှိ မြေပြင်ပေါ်သို့ လှဲချလိုက်သည်။

"နောက်တစ်ခေါက် လေ့ကျင့်လိုက်ဦးမယ်!"

……………

တစ်ချိန်တည်းမှာပင်။

ဖုဟိုင် လူနေရပ်ကွက် အပြင်ဘက်၌ အရိပ်နှစ်ခု လေထဲမှာ လွင့်ပျံသွားသည်။

"ဆရာ.... ခဏနေဆို ရောက်တော့မှာပါ စိတ်မပူပါနဲ့ အကြီးအကဲ လျိုဝူရွှမ်းက သတိရှိရှိ ပြုမူတတ်ပါတယ်... သူက အငယ်တန်းကို ဘယ်တော့မှ ဒုက္ခမပေးတတ်ဘူး"

လင်မော့ဖုန်းထံမှ သတင်းရရှိပြီးနောက် ချင်းယန်ကို တိုက်ခိုက်မည်ကို စိုးရိမ်သဖြင့် အဘိုးကြီးလီသည် သူ့ရုံးခန်းထဲတွင် ရင်တွေတုန်နေခဲ့သည်။ နောက်ဆုံးတွင် သူနှင့် လင်မော့ဖုန်း သည်းမခံနိုင်တော့ဘဲ ပြေးလိုက်လာကြသည်။

"မော့ဖုန်း ဒါက စိုးရိမ်စရာ မဟုတ်ဘူးလား"

အကြီးအကဲလီက သက်ပြင်းချကာ ကောင်းကင်ကို မော့ကြည့်လိုက်သည်။

"ချင်းယန်က အကြီးအကဲ ဓားနတ်ဘုရားရဲ့ တပည့်... အကြီးအကဲ လျိုဝူရွှမ်း ရုတ်တရက် လာရောက်တာကို သူ သတိမမူမိဘဲ စော်ကားလိုက်မိရင် အကျိုးဆက်တွေက ဆိုးရွားကုန်လိမ့်မယ်!.... အခု အကြီးအကဲ ဓာနတ်ဘုရားက ကျန်းဟိုင်အတွက် ကွယ်လွန်သွားပြီ ချင်းယန်က သူ့ရဲ့ တပည့်... သူ့ကို ကောင်းကောင်း ကာကွယ်သင့်တယ်။ မဟုတ်ရင် သူ့ကျေးဇူးကို ဘယ်လို ပြန်ဆပ်ရမလဲ"

"ဆရာ......"

ဒါကိုကြားတော့ လင်မော့ဖုန်း လူအိုလီရဲ့ အတွေးတွေကို နားလည်သွားတော့သည်။ ဓားနတ်ဘုရား၏ နှစ်ရှည်လကြာ ပရိတ်သတ်တစ်ဦးအနေဖြင့် သူသည် ချင်းယန်ကို အမှန်တကယ်ဘတန်ဖိုးထားခဲ့သည်။

အကယ်၍ ချင်းယန်သာ ဓားနတ်ဘုရားကို ဆရာအဖြစ် အရိုအသေ မပေးထားပါက လူအိုလီက သူ့တပည့်အဖြစ် ခံယူချင်ပေလိမ့်မည်။

"ဆရာ စိတ်မပူပါနဲ့ အကြီးအကဲ ဓားနတ်ဘုရားက ကျန်းဟိုင်ကို မျက်နှာသာပေးခဲ့တယ်... ဘယ်လောက်ပဲ မဆင်မခြင် ဖြစ်ပါစေ အကြီးအကဲ လျိုဝူရွှမ်းကြောင့် အပျက်မခံပါဘူး!"

လင်မော့ဖုန်း သူ့လက်မောင်းကို ငုံ့ကြည့်လိုက်သည်။

"တကယ် ဖြစ်လာရင် ကျနော် ဘာပဲလုပ်ရပါစေ ဝင်တားဖို့ ခြေလှမ်းပြင်ထားမယ်"

ရုတ်တရက် အရှေ့ဘက်မှ ပြင်းထန်သော ရောင်ဝါတစ်ခု ထွက်ပေါ်လာသည်။ နှစ်ယောက်လုံး အပေါ်ကို လှမ်းကြည့်လိုက်ရာ သူတို့ရှေ့မှာ မြင်လိုက်ရတာက လေးထမ်းထားတဲ့ အရိပ်တစ်ခု ၎င်းတို့ဆီသို့ အရှိန်ပြင်းပြင်းဖြင့် ပြေးလာနေ၏။

"မင်းတို့နှစ်ယောက် ဒီကို ဘယ်လိုရောက်လာတာလဲ"

လျိုဝူရွှမ်း သူ၏ ကြယ်စွမ်းအင်ကို ရုပ်သိမ်းလိုက်ပြီး လူအိုလီတို့ရှေ့တွင် ခေတ္တရပ်ကာ အံ့သြသွားခဲ့သည်။

"အကြီးအကဲ လျိုဝူရွှမ်း..."

လျိုဝူရွှမ်း အလွန်နီးကပ်လာသည်ကို မြင်ရသောအခါ လူအိုလီက စိုးရိမ်တကြီးနှင့် အလိုလိုမေးချင်သော်လည်း မတတ်နိုင်မီတွင် လင်မော့ဖုန်းက သူ့အဝတ်အစားထောင့်ကို ဆွဲကိုင်လိုက်သည်။

"..."

လူအိုလီသည် ကျန်းဟိုင်တွင် အလွန်လေးစားခံခဲ့ရသော်လည်း လျိုဝူရွှမ်းအတွက်က အပြင်လူ ဖြစ်သည်။ အကယ်၍ သူသာ စေ့စပ်ညှိနှိုင်းမှုတွင် အလျင်စလို ပါဝင်နေပါက ၎င်းက အပျက်သဘောဆောင်သည့် အကျိုးဆက်များကိုသာ ဦးတည်သွားစေလိမ့်မည်။

"မင်္ဂလာပါ အကြီးအကဲ လျိုဝူရွှမ်း... ဆရာလီနဲ့ ကျနော် လိုက်လာတာက ခင်ဗျားရဲ့ ခရီးစဥ်က အဆင်ပြေရဲ့လား သိချင်လို့ပါ"

လျိုဝူရွှမ်း မျက်မှောင်ကြုတ်ပြီး သူ့အမူအရာက အထင်ကြီးလောက်စရာပင်။ သူက အေးစက်စွာ ဟစ်အော်ရင်း :"အဲဒီချင်းမျိုးရိုးကောင်က တကယ် ခေါင်းမာတာပဲ.... ငါ သူနဲ့ ညှိနှိုင်းဖို့ နှစ်ပေါင်းများစွာ ကြိုးစားနေတာတောင် လေးနတ်ဘုရားရဲ့ နေရာကို ထုတ်ဖော်ပြောဖို့ ငြင်းနေတုန်း!"

သူပြောပြီးတာနဲ့ လူအိုလီ၊ လင်မော့ဖုန်းတို့ အမူအရာများ သိသိသာသာ ပြောင်းလဲသွားကြသည်။ နှစ်ယောက်သား အကြည့်ချင်းဖလှယ်ကြပြီး ခဏတာ ထိတ်လန့်သွားကြသည်။

ချင်းယန်က တစ်ကယ့်ကို စကားတစ်ခွန်းမှ မပြောခဲ့တာလား။ ဒီလူက မြင့်မြတ်တဲ့ အဓိပတိနယ်ပယ်ကို ကျင့်ကြံသူ။ ပြီးတော့ အဓိပတိမဟာမိတ်ရဲ့ အဓိက ခေါင်းဆောင်တွေထဲက တစ်ယောက်။ အဓိပတိမဟာမိတ်ကို ရန်စတဲ့ အကျိုးဆက်များက တွေးဆ၍ပင် မရနိုင်ပါ။

"အကြီးအကဲ ချင်းယန်က ငယ်ငယ်ရွယ်ရွယ်နဲ့ နုံအတယ်... သူ ခင်ဗျားအပေါ် ကျူးလွန်မိတဲ့ အမှားအတွက် ခွင့်လွှတ်ပါလို့ တောင်းပန်ပါတယ်"

လူအိုလီ ကမန်းကတန်း ဦးညွှတ်လိုက်စဥ် သူ၏ အသက်ကြီးသော ခန္ဓာကိုယ်က တုန်ရီနေသည်။

"ကျေးဇူးပြုပြီး သူ့ကို သိပ်အလေးမထားပါနဲ့ တောင်းပန်ပါတယ်"

"အိုး? သူက မင်းရဲ့ အာရုံစိုက်မှုကို ခံထိုက်တယ်ပေါ့?"

လျိုဝူရွှမ်း အံ့သြသွားသည်။

လင်မော့ဖုန်း: "အကြီးအကဲ... ဓားနတ်ဘုရားက ကျန်းဟိုင်မြို့ကို ဘေးဥပဒ်ကနေ အကြိမ်ကြိမ် ကယ်တင်ခဲ့ပြီး ဒီရေကို ရှင်းပစ်ခဲ့တယ်... ချင်းယန်က သူ့တပည့်မလို့...."

"ဘာမှ စိတ်မပူနဲ့ ငါ အငယ်တွေကို မနှောက်ယှက်ဘူး"

လျိုဝူရွှမ်းက သူ့လက်ကို ဝှေ့ယမ်းကာ ချင်းယန်အိမ်ဆီသို့ လှမ်းကြည့်လိုက်သည်။

"ငါ သူ့ကိုခြောက်ဖို့ ကြိုးစားတယ် ဒီကလေးက ဒီလောက် ခေါင်းမာမယ်လို့တောင် မမျှော်လင့်ထားဘူး... သူက သေသေရှင်ရှင် လေးနတ်ဘုရားရဲ့ လျှို့ဝှက်ချက်ကို သိမ်းဆည်းထားဖို့ စိတ်ပိုင်းဖြတ်ထားတုန်းပဲ... "

လူအိုလီ: "လူကြီးမင်း ဒါက နားလည်မှုလွဲခဲ့တာ ဖြစ်မှာပါ... ချင်းယန်က ဓားနတ်ဘုရားရဲ့ တပည့်တစ်ယောက်ပဲ သူမသိဘူးဆိုတာ နားလည်ပါတယ်..."

"လုံလောက်ပြီ!"

လျိုဝူရွှမ်း ဟစ်အော်လိုက်ပြီး စကားဝိုင်းကို ဝင်နှောင့်ယှက်လိုက်သည်။ သူက လက်ကိုခေါက်ရင်း ကဲ့ရဲ့ရှုံ့ချသည့် လေသံဖြင့်။

“ဓားနတ်ဘုရားရဲ့ တပည့်တစ်ယောက်ပဲလား။ ငါ့ကို လှည့်စားဖို့ ကြိုးစားချင်နေသေးတာလား... အဲဒီချင်းမျိုးရိုးကောင်က သူ့ဘာသာ ဝန်ခံတာ!"

"ဝန်ခံတာ??"

လူအိုလီနှင့် လင်မော့ဖုန်း ခဏမျှပင် အံ့အားသင့်သွားကာ အနည်းငယ် နားမလည်သလို ဖြစ်လာသည်။

"ဘာကို ဝန်ခံခဲ့လဲ"

"တကယ် မသိတာလား ဒါမှမဟုတ် မသိဟန်ဆောင်နေကြတာလား... ဒီလေးနတ်ဘုရားလို့ ခေါ်တဲ့ လူက အဲဒီကလေးရဲ့ ဆရာဦးလေး... သူတို့က တစ်ဂိုဏ်းတည်းက.. လက်တွေ့ကျကျ ပြောရရင် မိသားစုတွေ!"

"ဘာ!?"

ဒါကိုကြားတော့ လင်မော့ဖုန်းနဲ့ လူအိုလီတို့ ထိတ်လန့်သွားပြီး သူတို့ရဲ့မျက်နှာတွေက ကြောက်ရွံ့တုန်လှုပ်သွားကြတော့၏။ ဤသတင်းအချက်အလက် ဖောက်ထွင်းဝင်ရောက်မှုက သူတို့ကို လုံး၀ အံ့သြသွားစေလေသည်။

All Chapters