← Chapters

ကမ္ဘာပေါ်က တုနှိုင်းမဲ့တန်ခိုးနဲ့ ကိုယ့်ကိုကိုယ် ဖျက်ဆီးပစ်မယ်

Vol. 15 Ch. 214

ကမ္ဘာပေါ်က တုနှိုင်းမဲ့တန်ခိုးနဲ့ ကိုယ့်ကိုကိုယ် ဖျက်ဆီးပစ်မယ်

Vol. 15 Ch. 214

"ဒီလူတွေက ပါးစပ်ကြီးလိုက်ကြတာ..."

စာကြည့်တိုက်က ချင်စယန်သည် မော်ကွန်းတိုက်ဆီသို့ အေးအေးဆေးဆေး လမ်းလျှောက်ကာ သူ့ဖုန်းပေါ်မှ သတင်းများကို လှန်ကြည့်လိုက်သည်။

အခု ကြေညာချက်ကြောင့် အွန်လိုင်းစျေးကွက် ရှာဖွေရေးအကောင့်များသည် စိတ်လှုပ်ရှားမှုကို မြင်လိုစိတ်ပြင်းပြပြီး လှုံ့ဆော်မှု အမျိုးမျိုးကို ကြော်ငြာနေကြ၏။ တရားဝင်မီဒီယာမှ ထုတ်လွှင့်သည့် အချိန်မှစ၍ ကြယ်သိုင်းရဲအုပ်ကြီး၏ ကြေညာချက်အထိ သူတို့၏စျေးကွက် ရှာဖွေရေး အကောင့်များအောက်တွင် ဘလော့ဂါများသည် အသွားအလာ များပြားလာသည်ကို သတိပြုမိကြပြီး ချက်ချင်းပင် အလုပ်ကြိုးစားလာကြသည်။ တစ်နာရီအတွင်းတွင်၊ ဇာတ်လမ်း၏ ချဲ့ကားထားသော ဗားရှင်းအမျိုးမျိုး ပျံ့နှံ့သွားသည်။

လမ်းတစ်လျှောက်လုံး သူ့ဖုန်းထဲကို လှန်လှော်ကြည့်လိုက်တော့ ပုံကြီးချဲ့ထားတဲ့ ခေါင်းစီးတွေ အများကြီး တွေ့နေရပြီ။

"ဒေါသထွက်စရာပဲ...."

[ကျန်းဟိုင် မြားနတ်ဘုရားက လျှို့ဝှက်ဆန်းကြယ်တဲ့လူနဲ့ ရင်ဆိုင်ရတော့မယ် စောင့်မျှော်လျက်ပါ!!!]

[လျှို့ဝှက်ဆန်းကြယ်တဲ့လူရဲ့ အထောက်အထားနဲ့ ပတ်သက်သော မှန်းဆချက်များ၊ သားရဲနတ်အရှင် ကိုးကွယ်ယုံကြည်တဲ့ နတ်ဆိုးအတွက် လက်စားချေတာများ ဖြစ်နိုင်လား။ [ ကျန်းဟိုင်မြှားနတ်ဘုရား ပရိတ်သတ်..]

ပတ်ဝန်းကျင်ကို ကြည့်လိုက်ရင် အင်တာနက်မှာ ဒီသတင်းမျိုးတွေ များနေပြီး တချို့က မှန်သလို တချို့ကလည်း မမှန်ကြချေ။ အွန်လိုင်းအသုံးပြုသူများ ပျာယာခတ်နေပြီးနောက် ကျန်းဟိုင်မြို့သည် ခေတ်စားနေသော ရှာဖွေမှုစာရင်းတွင် ထိပ်ဆုံးနေရာကို အမြန်ရရှိသွားခဲ့သည်။

မြို့တွင်းရှိလူများက စိတ်အားထက်သန်နေရုံသာမက မြို့ပြင်ကလူတွေလည်း မြို့တွင်းရှိ သခင်နှစ်ဦးကြား ရန်ပွဲအား ကြည့်ရှုရန် စိတ်အားထက်သန်နေကြသည်။ ထို့ကြောင့် ကျန်းဟိုင်ထဲ ဝင်မည့် လေယာဉ်လက်မှတ်များ နှင့် ရထားလက်မှတ်များအားလုံး ရောင်းကုန်သွားပြန်၏။

"ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် ကျန်းဟိုင် ယဉ်ကျေးမှုနဲ့ ခရီးသွားလာရေးဝန်ကြီးက ပါးစပ် နားရွက်ချိတ်တဲ့အထိ ပြုံးနေတော့မှာ သေချာတယ်"

"ကျန်းဟိုင်ကို လူတွေ အများကြီး လာပြီး လီရွှေရေကန်ကြီးပါ ပြည့်သွားမှာကို ကြောက်ရတယ်"

ချင်းယန် သက်ပြင်းချလိုက်သည်။ ထိုမြင်ကွင်းကို တွေးရင်း ခေါင်းပါကိုက်လာ၏။ ရုတ်တရတ် အနည်းငယ် အားကိုးရာမဲ့သလိုပင် ခံစားလိုက့ရသည်။

သူသည် ဓားနတ်ဘုရား၏ အကြီးတန်း တပည့်တစ်ဦး ဖြစ်ကြောင်း ရုတ်တရက် ထင်ရှားခဲ့ပြီး လျိုဝူရွှမ်း ပေါ်လာသည်။ မူလက လျိုဝူရွှမ်းကို တိတ်တဆိတ်အနိုင်ယူပြီး သူ့ဆုလာဘ်ကို တိတ်တဆိတ် ရယူရန် ကြံစည်ခဲ့သည်။

ယခုမူ ကြယ်သိုင်းရဲစခန်းက အဆိုပါ ကြေငြာချက်ကို အွန်လိုင်းတွင် ဖြန့်ကျက်လိုက်ပြီးနောက် ၎င်းသည် အင်တာနက်ပေါ်တွင် ပျံ့နှံ့သွားကာ ကြည့်ရှုသူ အများအပြားကို ချက်ချင်း ဆွဲဆောင်သွားနိုင်ခဲ့သည်။

နောက်ဆုံးတော့ အဓိပတိနယ်ပယ် နှစ်ခုကြားက ပြိုင်ဆိုင်မှု လူသိရှင်ကြား ဖြစ်သွားပြီ။ သာမန်လူများအတွက် ၎င်းက အမတတွေရဲ့ တိုက်ပွဲတစ်ခုကဲ့သို့ ဖြစ်သဖြင့် ပရိသတ်အများအပြားကို ဆွဲဆောင်ရန် ချည်နှောင်ထားသည်။

ကျန်းဟိုင်မြို့ကတော့ မငြိမ်မသက် ဖြစ်ပြန်လေပြီ။

သို့သော် သူတို့၏ ရုန်းရင်းဆန်ခတ်မှုက တစ်ချက်ဖြစ်သော်လည်း ပါဝင်ပတ်သက်သူအနေဖြင့် ချင်းယန်မှာ မည်ကဲ့သို့ တုံ့ပြန်ရမည်ကို အားထုတ်ကြိုးပမ်းနေရဆဲ ဖြစ်သည်။

"ထားပါတော့ အခု ဖယ်ထားလိုက်မယ် အလုပ်ဆင်းမှ တွေးကြည့်တာပေါ့"

ချင်းယန် သူ့ဖုန်းကို ဖယ်လိုက်ပြီး စာကြည့်တိုက် မော်ကွန်းတိုက်ဆီသို့ ဆက်လျှောက်သွားလိုက်သည်။ တာဝန်ခံ ပေးထားသည့်သော့ကို ထုတ်ယူကာ တံခါးဖွင့်၍ နံရံမီးခလုတ်ကို လှန်လိုက်သည်။

မှိန်ဖျော့ဖျော့ အခန်းကြီးက ရုတ်ချည်း လင်းလက်သွားသည်။ အတွင်းပိုင်း၌ သံပုံးများကို သပ်သပ်ရပ်ရပ် စီထား၏။ အခုမှ ရာထူးတိုးခံရတော့ အရင်က တာဝန်ခံဆီက လွှဲပြောင်းရယူဖို့ လိုအပ်တာတွေ အများကြီး ရှိပါသေးသည်။ အဲဒါပြီးမှသာ သူ့ရဲ့အားလပ်ချိန်တွေကို ပြန်လည်စတင်နိုင်မှာ။

"ဝန်ထမ်းဖိုင်တွေ ဒီမှာရှိရမယ်..."

ချင်းယန် အထဲကို ဝင်လာပြီး တာဝန်ခံရဲ့ ဖိုင်တွေကို ရုံးခန်းထဲက ဆွဲထုတ်လိုက်သည်။ စာရွက်စာတမ်းများကို ကျွမ်းကျင်စွာ ခွဲခြမ်းစိပ်ဖြာကာ သူ၏ ယခင်အတွေးများက သူ့စိတ်ထဲ ပြန်ဝင်လာသည်။

"အခြားအရာတွေကတော့ အဆင်မပြေရင် ငါကိုယ်တိုင်ပဲ ဆုံးဖြတ်ချက် ချရလိမ့်မယ်..."

နောက်တစ်ခုက ဒီမြှားနဲ့ ပတ်သက်ပြီး ဆုလာဘ်တွေ မြန်မြန်ပေါက်လာလေ၊ မြန်မြန်ပြီးလေပဲ။

“သခင်.. ဘာလို့ သက်ပြင်းချနေတာလဲ”

မြေခွေးလေးက ချင်းယန်၏ ဘောင်းဘီ ခြေထောက်ကို ပွတ်သပ်ကာ အနားသို့ တိုးတိုးလာလေသည်။

"လျိုဝူရွှမ်းက ဒါနဲ့ ပတ်သက်နေလို့လား?"

"ဟမ်..."

ချင်းယန် မှုန်ကုပ်ကုပ်နဲ့သာ အသံပြုကာ အချက်အလက်တွေကို ဆက်လက်ရှာဖွေဖို့ ခေါင်းငုံ့ပြီး မကြာခင်မှာပဲ အိတ်တစ်လုံးကို ဆွဲထုတ်လိုက်လေသည်။

ရှောင်ပိုင် :"လျိုဝူရွှမ်းက လေးပစ်သမားတစ်ယောက်ပဲဟာ သခင်က အရမ်းကြောက်စရာကောင်းတဲ့ လေးသမားပါ... မြှားတစ်စင်းပဲ ပစ်လိုက်...သေချာပေါက် နိုင်ပြီ!"

"မြှားတစ်စင်း?? မင်း နားမလည်ဘဲ ငါ့ကို မမြှောက်ပင့်စမ်းနဲ့..."

ချင်းယန် ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။

"လျိုဝူရွှမ်းက အဓိပတိနယ်ပယ်က လေးသမားတစ်ယောက်... ငါက လေးကို ခဏလောက်ပဲ သုံးဖူးသေးတာ... ငါ့ရဲ့ လေးပစ်စွမ်းရည်ကို အခြေခံပြီး သူနဲ့ ယှဉ်ပြိုင်ရတာ နည်းနည်းတော့ အဆင်မပြေဖြစ်မှာပဲ"

"အဆင်မပြေဘူးလား? ဘယ်သူပြောတာလဲ! ဘာကြောက်စရာ ရှိနေတာလဲ"

ရှောင်ပိုင် တုန်တုန်ယင်ယင်နှင့် စားပွဲပေါ်သို့ သွက်သွက်လက်လက် ခုန်တက်သွားသည်။

"သခင့်ရဲ့ စွမ်းအားကလည်း မဆိုးပါဘူး... လျိုဝူရွှမ်း အနိုင်ရတော့မယ် ဆိုရင်တောင် သခင့်ရဲ့ နတ်အစွမ်းကို သုံးလို့ရတယ်လေ..."

"နတ်အစွမ်း?"

ချင်းယန် မျက်မှောင်ကြုတ်ပြီး ဖိုင်အိတ်ကိုကိုင်ထားတဲ့ သူ့လက်က ခဏရပ်သွားသည်။

"လေးပစ်တဲ့ နတ်အစွမ်းလည်း ငါ့မှာရှိတယ်ပေါ့"

"မဟုတ်ဘူးလေ.... ကိုယ့်ကိုကိုယ် ဖျက်စီးဖို့ အရင်တစ်ခေါက်က သခင် သုံးခဲ့တဲ့ နတ်အစွမ်းတွေကို ပြောတာ"

မြေခွေးဖြူလေးသည် မျက်လုံးများကို မှိတ်ထားကာ ခေါင်းငုံ့ကာ ချင်းယန်၏ ရင်ခွင်ထဲသို့ တိုးဝင်နေလေ၏။

"မမေ့နဲ့နော်... သခင့်ရဲ့ နတ်အစွမ်းကို အရင်တုန်းက ကိုယ်ပွားတွေမှာလည်း သုံးဖူးတယ်လေ... အခု ဒီလိုလုပ်ရင် ကျွန်မတို့ အောင်နိုင်လိမ့်မယ်!"

"..."

ချင်းယန် စကားမပြောနိုင် ဖြစ်သွားသည်။ အဲဒီကတည်းက ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးတဲ့ အစွမ်းအစကို ဒီမြေခွေးကလေးက စဉ်းစားနေတုန်းပဲလား။

"သခင့်ရဲ့ ကိုယ့်ကိုကိုယ် ဖောက်ခွဲတဲ့ စွမ်းရည်တဲ့ ကမ္ဘာပေါ်မှာ အကောင်းဆုံးပဲ!"

ရှောင်ပိုင်က ဂုဏ်ယူဝင့်ကြွားစွာ အော်ဟစ်လိုက်သည်။

"သခင် တစ်ယောက်ယောက်ကို မကြိုက်ရင် သူ့ကို သွားတိုက်လိုက်...ပြီးရင် ကိုယ့်ကိုကိုယ် ဖောက်ခွဲပြီး အနိုင်ယူပြလိုက်ရုံပဲ တလီတောင်က သားရဲဒီရေမှာတုန်းကလို လုပ်လိုက်ရင် သေချာပေါက် အနိုင်ရမှာပါ"

"..."

ဒီလိုကြားရတဲ့ ချင်းယန်က မျက်လုံးပြူးပြလိုက်သည်။

"ကောင်းပြီ ငါ သူ့ကို မှုတ်ထုတ်ပြီးရင် မင်းကို ဖောက်ခွဲပြမယ်!"

"တကယ်လား?"

ရှောင်ပိုင် စိတ်လှုပ်ရှားစွာနဲ့ သူမရဲ့ အမွေးအမြီးကို လှမ်းဆွဲလိုက်ပြီး ချက်ချင်းပဲ စိတ်လှုပ်ရှားစွာနဲ့ ထောင့်နားကို ပြေးထွက်သွားတော့၏။ သူမက ခေါင်းညိတ်လက်ခံပြီးနောက် ချင်းယန်ကို ပြန်ကြည့်ကာ ချင်းယန် အနားမကပ်လာကြောင်း သေချာပြီးနောက်တွင် လျှို့ဝှက်ဆန်းကြယ်သော ဝဘ်ဆိုဒ်တစ်ခုကို ဖွင့်လိုက်သည်။

"ကျန်းဟိုင်မြှားနတ်ဘုရား" နှင့် "လျိုဝူရွှမ်း" ဟူသော အမည်နှစ်ခုကို အုပ်စုနှစ်စုခွဲကာ ပေးချေမှုအချိုးအစား မတူညီကြပေ။

"ဟီးဟီး လှည့်ကွက်က ပြီးသွားပြီ"

ရှောင်ပိုင် သူမ၏ အစောပိုင်း လှည့်စားမှုကို သတိရကာ မျက်လုံးများကို ခဏ မှိတ်ထားလိုက်သည်။ သူ့သားမွေးတွေကို ပွတ်သပ်ရင်း ရုတ်တရက် စိတ်သက်သာရာရသွား၏။ အဲ့အချိန် ရောက်လာသောအခါ အပြင်းထန်ဆုံးတိုက်ပွဲတွင် လူတိုင်းရှေ့တွင် မိမိကိုယ်မိမိ ဖျက်ဆီးလိုက်လျှင် လူတိုင်းက ကျန်းဟိုင်မြှားနတ်ဘုရား သေသွားပြီဟု ထင်ကြလိမ့်မည်။

"ဟဲဟဲ... ဆယ်ယောက် သခင်ရှုံးတယ်!"

ရှောင်ပိုင် သူမခြေသည်းလေးကို ဆန့်ထုတ်လိုက်ပြီး ဖုန်းမျက်နှာပြင်ကို နှိပ်လိုက်သည်။ မြေခွေးအမြီးများက စိတ်လှုပ်ရှားစွာ လူးလိမ့်နေ၏။ မကြာမီ အလောင်းအစားများ စတော့မည်။ ရှောင်ပိုင် သူ့ဖုန်းကို ဆွဲကိုင်လိုက်ပြီး သူ့မျက်လုံးတွေက ရွှေရောင်တောက်နေကာ တံတွေးတွေကလည်း ရွှဲနေလေသည်။

အားလုံးက ပိုက်ဆံပဲ!!

"ဒီအချီမှာ ငါအနိုင်ရရင် ငါပိုက်ဆံ အလကားရလိမ့်မယ်..."

….

ဒေါက် ဒေါက်!

ထိုအချိန်တွင် တံခါးခေါက်သံ ထွက်ပေါ်လာ၏။

"ဘယ်သူလဲ?"

အသံကြားတော့ ချင်းယန်က ဝန်ထမ်း စာရွက်စာတမ်းတွေကို ချလိုက်သည်။ သူ၏ဝိညာဉ်စွမ်းအားသည် ရေလှိုင်းကဲ့သို့ ပျံ့နှံ့သွားပြီး အပြင်ဘက်က လူ၏လက္ခဏာကို ချက်ချင်း ဆုံးဖြတ်ခဲ့သည်။ လီချင်းဟဲပင်။

ရှာဖွေတွေ့ရှိမှုရလဒ်များအရ ဤမိန်းကလေးသည် စိတ်ကောင်းဝင်နေပြီး တစ်စုံတစ်ခုကို ကြုံတွေ့ရသကဲ့သို့ သူမ၏ စိတ်ဓာတ်များက မြင့်မားနေပုံရသည်။

"ဒီကောင်မလေး ဒီမှာ ဘာလုပ်နေတာလဲ"

ချင်းယန် မျက်မှောင်ကြုတ်ကာ ခေါင်းပြန်ငုံ့ရင်း စာရွက်စာတမ်းများကို ဆက်လက် စီစစ်နေလေသည်။

"ဆရာ.... ကျွန်မပါ"

လီချင်းဟဲ တံခါးကို တွန်းဖွင့်ပြီး ပြုံးပြုံးရွှင်ရွှင်ဖြင့် မော်ကွန်းတိုက်ခန်းထဲသို့ လှမ်းဝင်ကာ ပတ်ဝန်းကျင်ရှိ စာအုပ်စင်များနှင့် ကောင်တာများကို စူးစမ်းကြည့်လိုက်သည်။

"ဆရာ ရာထူးတိုးသွားတယ်ကြားလို့ ဆရာ့ကို လာတွေ့တာ..."

"ငါ့ကိုလာတွေ့တယ်?? မင်းကအရမ်း ကြင်နာတတ်တယ်ပေါ့?"

ချင်းယန် ဝန်ထမ်းဖိုင်များကို စီကာကာ သူ့ကို လျစ်လျူရှုလိုက်သည်။

"ငါ အခု အရမ်းအလုပ်များနေပြီ... အစီအရင် ပုံစံတွေကို သင်ပေးဖို့ အချိန်မရှိဘူး"

"အဆင်ပြေပါတယ် ဆရာ... ကျွန်မ အကြံဉာဏ်တောင်းချင်တာမျိုး မရှိပါဘူး ရာထူးအသစ်က ဘယ်လိုလဲ... အရင်တာဝန်ခံ ဆရာ့အကြောင်း သတင်းပို့တုန်းက ကျွန်မတောင် ကူညီပေးခဲ့သေးတယ်"

"ဟမ်... မင်းတောင် ကူညီခဲ့တာလား"

ချင်းယန် မျက်ခုံးပင့်လိုက်သည်။ "ပြောပါဦး မင်းက ဘာဆုရချင်လဲ"

"ဟေး ဘာမှမဟုတ်ဘူး... အဲဒါက သေးသေးလေးပါပဲ ဆရာ့ဆီလာပြီး အရိုအသေ လာပေးတာပါ"

ချင်းယန် ကြယ်လက်စွပ်ကို ကိုင်လိုက်ပြီး လက်ဆောင်အိတ်ကို ထုတ်ကာ စားပွဲပေါ်တွင် ဖြည်းညှင်းစွာ ထားလိုက်သည်။

"ဒါတွေက မကြာသေးခင်က စုဆောင်းထားတဲ့ လက်ဆောင်တွေပါ... ဆရာကြိုက်တဲ့ တစ်ခုခု ရှိမရှိ ကြည့်ပါလား...."

စကားပြောရင်း အိတ်ကိုဖွင့်လိုက်သည်။

ရင်သပ်ရှုမောဖွယ် ဝိညာဉ်ဆေးများကို ခင်းကျင်းထားပြီး ကြယ်စွမ်းအင် မြောက်မြားစွာသော ပါဝင်သည့် ရှေးဟောင်းပစ္စည်းများနှင့် အဆင်တန်ဆာများပဲ ဖြစ်လေ၏။

"ဒါတွေကို ငါ့အတွက် ရွေးခဲ့တာလား"

ချင်းယန် စားပွဲပေါ်က လက်ဆောင်တွေကို တစ်ချက်ကြည့်လိုက်ပြီး လီချင်းဟဲကို သံသယနဲ့ ကြည့်လိုက်ကာ သူ့နှလုံးသားက ချက်ချင်း သတိကြီးကြီးနဲ့ ကြည့်လိုက်သည်။ စေတနာထားပြီးရင် တစ်ခုခု လာတော့မည်။

ဒီကောင်မလေးက တစ်ခုခုတော့ ထူးဆန်းနေပြီ။

"ငါ့ကိုပြောစမ်း ဘာဖြစ်နေတာလဲ"

ချင်းယန် ခေါင်းယမ်းလိုက်ပြီး စာရွက်ကိုချလိုက်သည်။

"ဆရာ့ကို ပြော.. မင်း ဘာဖြစ်နေတာလဲ?"

"ဆရာက တပည့်ကို နားလည်တာပဲ...တပည့်တို့ဂိုဏ်းနဲ့ပတ်သက်တဲ့ ကိစ္စတစ်ချို့ပါ... ဆရာ့ရဲ့ ဆရာအရှင် အကြောင်းပါ... ဒီမနက် သတင်းကို ဆရာ မြင်လိုက်ရတယ်မလား... မြှားနတ်ဘုရားအကြောင်း အားလုံးက အင်တာနက်မှာ အရူးအမူးကြီး ဖြစ်နေကြပြီ"

သူမသည် ရဲချုပ်၏ အစည်းအဝေးထဲက ဇာတ်လမ်းတစ်ခုလုံးကို ချင်းယန်ဆီသို့ ပြန်ပြောပြလိုက်သည်။

"ဟုတ်လား...ဒါဆို အားလုံး သိသွားကြပြီလား?"

"လူအိုလီနဲ့ တခြားသူတွေက သိပြီးပြီ ဒါပေမယ့်..."

လီချင်းဟဲ သူမမျက်နှာမှ အပြုံးလေးနဲ့ ပြောလိုက်သည်။

"ကျွန်မကို လှည့်စားလို့ မရပါဘူး ဆရာ... ဆရာက မြှားနတ်ဘုရားက ဆရာဦးလေးလို့ ပြောပေမယ့် သူနဲ့ ဆရာဘိုးဘိုးက တစ်ကယ့်ကို တစ်ယောက်တည်းပဲမလား"

"ဘာလို့အဲ့လိုထင်လဲ?"

ချင်းယန် စိတ်ဝင်တစားနဲ့ မျက်ခုံးပင့်လိုက်သည်။

"မင်း လျှောက်ပြောပြီး ဆရာ ငါ့ကိုရိုက်အောင် မလုပ်နဲ့"

"ဒါက လွယ်ပါတယ်... ဆရာဘိုးဘိုးက အဓိပတိနယ်ပယ်၊ အခု အသက်ရှင်နေသေးတယ်.. သူက ဓားပညာမှာ မယုံနိုင်လောက်အောင်ကို ကျွမ်းကျင်ပြီး အဂ္ဂိရတ်ပညာကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားတာကြောင့် လေးပစ်တာလောက်ကလာ်း သူ့အတွက် ကိတ်မုန့်တစ်ဖဲ့ဖြစ်မှာ မဟုတ်ဘူးလား..."

လီချင်းဟဲ မျက်လုံးများကို မှိတ်ထားပြီး ပြုံးလိုက်သည်။

"သေချာစဉ်းစားရင် တချို့အရာတွေက ရှင်းသွားပြီလို့ မထင်ဘူးလား ဆရာ"

"မင်းက တော်တော် ဉာဏ်ကောင်းပါတယ်"

ချင်းယန် သူမကို အလျင်စလို မကြည့်ဘဲ အေးအေးဆေးဆေး ပြောလိုက်သည်။

"မင်း ဒီဟာပေါက်ကြားရင် ဂိုဏ်းက နှင်ထုတ်ခံရဖို့ မျှော်လင့်တယ်... ငါ မင်းကို ကာကွယ်နိုင်မှာ မဟုတ်ဘူး"

"ကျစ်! ဆရာ စိတ်မပူပါနဲ့ ဒါကို လျှို့ဝှက်ထားလိုက်မယ်!"

လီချင်းဟဲ သူ့နှုတ်ခမ်းတွေကို ပိတ်ထားပြီး ပလုတ်တုတ်ကဲ့သို့ ခေါင်းခါလိုက်သည်။

"မနေ့ညက ကြယ်သိုင်းရဲစခန်း အစည်းအဝေးမှာလည်း ကျွန်မ ဒီအကြောင်း စကားမပြောခဲ့ဘူး!"

"ဒီလောက်ဆို လုံလောက်ပြီ"

...

ညပိုင်း၊ ဖုဟိုင်ဗီလာ။

လက တောက်ပပြီး ၎င်း၏ ပျော့ပျောင်းသော အလင်းရောင်သည် မြေပြင်ပေါ်တွင် ပြန့်ကျဲနေသည်။ ချင်းယန် လသာဆောင်တွင် တင်ပျဉ်ခွေထိုင်ကာ နေပစ်လေး၏ စွမ်းအားကို ဆက်လက် လေ့လာနေခဲ့၏။

အာကာသနှင့် မီးနိယာမတို့သည် သူ့အား ဝန်းရံထားပြီး ခြံဝင်းအနှံ့ မီးလိပ်ပြာများ လွင့်ပျံနေကြသည်။

"မလုံလောက်သေးဘူး"

ချင်းယန် သူ့မျက်လုံးတွေကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။ ပြိုင်ပွဲက သုံးရက်အတွင်း စတင်တော့မည် ဖြစ်သည်။ စနစ်ဆီမှ ပိုမိုမြင့်မားသော ဆုလာဘ်များရရှိရန် သူပိုမိုအားစိုက်ထုတ်ပြီး လျိုဝူရွှမ်း၏ ခုခံအားကို ချိုးဖျက်ရမည်။

ဒါကိုလုပ်ဖို့ အကောင်းဆုံး နည်းလမ်းကတော့ လျိုဝူရွှမ်းရဲ့ အပြင်းထန်ဆုံးနေရာဖြစ်တဲ့ လေးပစ်စွမ်းရည်ကို အနိုင်ယူဖို့ပင်။

"ဒါပေမယ့် ငါ့ရဲ့ လေးပစ်စွမ်းရည်က အစပဲရှိသေးတယ် သူနဲ့ နှိုင်းယှဥ်ရင် ငါက နည်းနည်း နောက်ကျနေသေးတယ်"

ချင်းယန် နေပစ်လေးကို ငုံ့ကြည့်ကာ စဉ်းစားနေမိသည်။ ရုတ်တရက် အတွေးတစ်ခုက သူ့ကို ထိသွားတယ်။ အာကာသနိယာမများက မွေးရာပါ လေးနက်သည်လေ။ သူ၏ မြားပစ်စွမ်းရည်သည် လျိုဝူရွှမ်းနှင့် မယှဉ်နိုင်သော်လည်း နေပစ်လေးရဲ့ အာကာသနိယာမကို အားကိုးနိုင်သရွေ့ သူအနိုင်ရဖို့ အခွင့်အလမ်းတွေ တိုးလာမှာ မဟုတ်ပါလား။

All Chapters