သွားပြီ အကုန်ရှုံးကုန်ပြီ
Vol. 15 Ch. 216
ထောင်ပေါင်းများစွာသော မြှားများက ပြန်လှည့်ပစ်ကာ အားလုံး လေထုထဲမှာပဲ ပျောက်ကွယ်သွားခဲ့သည်။ ထိုအချိန်တွင် ညကောင်းကင်က ကြည်လင်နေပြီး ကန်မျက်နှာပြင်ပေါ်မှာ လရောင်ကလည်း တောက်ပနေသည်။
ငြိမ်သက်နေသော ရေကန်သည် ကောင်းကင်အထက်က ကြယ်များကို ရောင်ပြန်ဟပ်ပြနေသော မှန်တစ်ချပ်လိုပင်။ မြှားများသည် ကောင်းကင်ကို ဖြတ်၍ လွင့်ပျံသွားကာ ဘာမှမရှိသလို ပျောက်ကွယ်သွားခဲ့သည်။
ရေကန်ဘေးမှ လူတွေအားလုံးလည်း ကောင်းကင်ကို မော့ကြည့်ရင်း သူတို့ရဲ့ စိတ်ခံစားမှုတွေက အချိန်အတော်ကြာအောင် ငြိမ်ကျနေ၏။
အထူးသဖြင့် လူအိုလီပါပဲ။ ဤမြင်ကွင်းကို မြင်ပြီးနောက် သူသည် စိတ်လှုပ်ရှားစွာဖြင့် လက်သီးများကို ဆုပ်ကိုင်လိုက်ပြီး သူ့ရင်ဘတ်ထဲက သွေးများ ဆူပွက်နေသလိုတောင် ခံစားလာရသည်။
"မြှားတစ်စင်းက အတားအဆီးအားလုံးကို ဖျက်ဆီးနိုင်တယ်... ဓားနတ်ဘုရားရဲ့ ဆရာတူညီလေးလို့ကို မပြောရဘူး... မြှားသမားရဲ့ အရိပ်အယောင်ကို တကယ် ပိုင်ဆိုင်ထားတာပဲ... ဒီနှစ်ယောက်ကို သင်ပေးနိုင်တဲ့ ဆရာက ဘယ်လောက်တောင် အစွမ်းထက်လိုက်မလဲ မသိဘူး...."
ဦးစီးချုပ်လည်း အံ့အားသင့်သွားပြီး :"မြှားတွေကို ဆွဲခေါ်သွားဖို့ မြှားကိုပဲ သုံးလိုက်တာက အရမ်းကို ကျွမ်းကျင်တဲ့ အတတ်ပညာတစ်ခုပဲ... ဓားနတ်ဘုရားရဲ့ ဆရာတူညီလေးက သူ့ဂုဏ်သတင်းနဲ့ အသက်ရှင်နေတာ..."
သိထားရမည်မှာ လျိုဝူရွှမ်းက အဓိပတိနယ်ပယ် ဖြစ်သည်။ ရာနှင့်ချီသော မြားပစ်နည်းစနစ်များကို ကျွမ်းကျင်တာကြောင့် မြှားတစ်စင်းတည်းကို အစွမ်းရှိသမျှ ပစ်လွှတ်လိုက်လျှင် တောင်များကို ဖျက်ဆီးပြီး မြစ်များကို ခန်းခြောက်စေကာ မရေမတွက်နိုင်သော ကြယ်များ၏ စွမ်းအားဖြင့် လက်တွေ့ကျကျ ရှေ့သို့ အားဖြည့်ပေးနိုင်သည်။
ယခုမူကား ကျန်းဟိုင် မြားနတ်ဘုရားသည် သူ့ကိုယ်ပိုင်မြှားဖြင့် တန်ပြန် တိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်မှုကို အလွယ်တကူကြားဖြတ်ကာ လျိုဝူရွှမ်းကိုပင် လွှမ်းမိုးသွားခဲ့သည်။
ကြံ့ခိုင်မှုအရ ဘယ်သူက ပိုသန်မာတယ်ဆိုတာ ထင်ရှားနေပါပြီ။
...
"ဆရာဘိုးဘိုးက အံ့သြစရာ ကောင်းလိုက်တာ"
လီချင်းဟဲသည် ကြည်လင်သော အပြာရောင်ကောင်းကင်ကြီးကို ငေးကြည့်ရင်း စိတ်လှုပ်ရှားမှုများကြောင့် မငြိမ်သက်နိုင်တော့ချေ။ မြှားတစ်စင်းက မြှားထောင်ပေါင်းများစွာကို နောက်ပြန်ဆွဲသွားနိုင်သည်။
အဓိပတိနယ်ပယ်က မြှားတစ်စင်းကို လွှတ်သရွေ့ ကြယ်စစ်သည် မြောက်များစွာကို တစ်ပြိုင်တည်း တိုက်ခိုက်နိုင်စွမ်းရှိသည်။
"သူ့ရဲ့ လေးပစ်စွမ်းရည်က ဆရာဘိုးဘိုးကို ယှဉ်လို့မရဘူး... ဆရာဘိုးဘိုးက ဒီအချီမှာ အောင်နိုင်သူပဲ"
သူ့ပတ်ဝန်းကျင်မှာ တိတ်ဆိတ်နေတာကို ကြားတော့ သူ့ဘေးနားက ညီအစ်မတွေဆီ အမြန်ပြန်လှည့်ပြီး သူတို့ကို လက်ပြလိုက်သည်။
"ဘာလို့ရပ်နေတာလဲ?!"
နောက်ဆုံးတွင် အကသမားများသည် ရွှေရောင်လက်နှင့် အနီရောင်လက်ပုံစံများဖြင့် ကခုန်ကြပြီး ကျန်းဟိုင် မြားနတ်ဘုရား၏ အမည်ကို ကြွေးကြော် အော်ဟစ်ကြလေ၏။
"ကျန်းဟိုင် မြှားနတ်ဘုရားက အရမ်းတော်တယ်!!!"
ဟောက်သံက လီရွှေ ရေကန်၏ မျက်နှာပြင်ကို ဖြတ်ပြီး ကောင်းကင်အထိ ရောက်ရှိသွားသည်။
ဤအခိုက်အတန့်တွင် လူတိုင်းရဲ့ စိတ်အားထက်သန်မှုကလည်း လောင်ကျွမ်းသွားတော့သည်။
တစ်ချိန်တည်းမှာပဲ မိုင်ထောင်ချီဝေးသော ဗီလာတစ်ခုတွင်မူ ရှောင်ပိုင်သည် တီဗီရှေ့တွင် ထိုင်ကာ တိုက်ရိုက်ထုတ်လွှင့်မှုကို စိတ်လှုပ်ရှားစွာ ကြည့်ရင်း မျက်လုံးများကို ကျယ်ကျယ်ဖွင့်ထားလေသည်။
တစ်ဖက်မှာလည်း သူမဖုန်းရဲ့ စခရင်က ကွဲတော့မည်။
"မဟုတ်သေးပါဘူး... ဒီလျိုဝူရွှမ်းက သိပ်အသုံးမကျလွန်းဘူးလား?"
ရှောင်ပိုင် ကြမ်းပြင်ပေါ်တွင် ငုတ်တုတ်ထိုင်နေပြီး တစ်ခုခုလွဲနေသလို ခံစားနေရကာ ဒေါသတကြီးဖြင့် သူ့ဖုန်းကို ငုံ့ကြည့်နေသည်။ ဖုန်း မျက်နှာပြင်ပေါ်မှာတော့ မြှားနတ်ဘုရားနှင့် လျိုဝူရွှမ်း အကြား မသာမယာ အချိုးက သိသိသာသာ တိုးလာသည်။
ကျန်းဟိုင်က လောင်းကစားသမားများသည် မြှားနတ်ဘုရားက အနိုင်ရရန် အသာစီးရထားသဖြင့် ၎င်းတို့ရဲ့ မဲပေးအရေအတွက်က တဖြည်းဖြည်း မြင့်တက်လာသည်။
တစ်ဖက်တွင်မူ သူမ၏ မသာမယာ အလောင်းအစားမှာ သခင်ရှုံးမယ့်ဘက်မှာ လောင်းထား၏။ လျိုဝူရွှမ်းသာ အမှန်တကယ် ရှုံးပါက အကျိုးဆက်များက ဆိုးရွားသွားလိမ့်မည်။
ဒီနတ်သမီးက ကိုယ်ပိုင်ပိုက်ဆံ နည်းနည်းလောက် စုဆောင်းဖို့ အရမ်းကြိုးစားခဲ့ရတာ!!
"မဟုတ်ဘူး မဟုတ်ဘူး သခင် ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကို မြန်မြန် ဖောက်ခွဲပါတော့... မဟုတ်ရင်တော့ ငါပဲ စိတ်ဖောက်သွားလိမ့်မယ်...."
ဆံပင်ဖြူမိန်းကလေးငယ်မှာ နှုတ်ခမ်းစူကာ ကြမ်းပြင်ပေါ်တွင် စိတ်ပျက်လက်ပျက် ထိုင်နေတော့သည်။ သူမ၏ မြေခွေးနားရွက်များလည်း ကုပ်လျက် ပုလဲလုံးများ ကြွေကျတော့မည့်နှယ် ခြိမ်းခြောက်နေသည်။
ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးဖို့ သဘောတူထားတယ်လေ!
သခင်က ကတိအတိုင်း မကစားဘူး။
………
လီရွှေရေကန်။
လှိုင်းထန်နေသော လေစီးကြောင်းများ ငြိမ်သက်သွားသည်။ လေထုထဲရှိ မှန်ကဲ့သို့ အက်ကွဲကြောင်းများက တဖြည်းဖြည်း ပိတ်သွားသည်။ ထိုစဥ် အုံ့ဆိုင်းနေသော လရောင်က ကောင်းကင်ကို လွှမ်းခြုံထားလေ၏။
"ဒါက အာကာသ နိယာမလား?!"
လျိုဝူရွှမ်း သူ့မျက်လုံးများကို အနည်းငယ် မှေးလျက် ကောင်းကင်က ထူးဆန်းသော မြင်ကွင်းကို မော့ကြည့်လိုက်သည်။ ထို့နောက် သူ့ရှေ့မှ ချင်းယန်ကို ပြန်ကြည့်ကာ အံ့အားသင့်သွားသည်။
မယုံနိုင်စရာပဲ။
ပြင်ပလူများက စိတ်လှုပ်ရှားမှုကိုသာ မြင်ကြပြီး အတွင်းလူများကတော့ အသေးစိတ်ကို မြင်ရသည်။
အာကာသရဲ့ နိယာမ ဆိုတာဟာ စကြာဝဠာကြီးထဲမှ မရေမတွက်နိုင်တဲ့ နိယာမတွေ ရှိပြီး မရေမတွက်နိုင်တဲ့ လေ၊ မိုးခြိမ်းသံ၊ ရေနဲ့ မီး စတာတွေ ရောနှောနေတာ ဖြစ်လေ၏။ ထို့အတူ မြှားသမား ကြယ်စစ်သည်အတွက် အာကာသနိယာမက ၎င်းတို့နှင့် အလိုက်ဖက်ဆုံး ဖြစ်သည်။
အာကာသ နိယာမကို နားလည်နိုင်ရင် လေးပစ်သမားရဲ့ အရည်အချင်းကို အများကြီး မြှင့်တင်ပေးလိမ့်မည်။ သမိုင်းတစ်လျှောက်က လေးပစ်ကျွမ်းကျင်ရန် ဆန္ဒရှိသူတိုင်းသည် ၎င်းတို့၏ အခြေခံအုတ်မြစ်အဖြစ် အာကာသနိယာမ ရှိရမည်။ သို့မှသာ အမှန်တကယ် အဆုံးစွန်သော အောင်မြင်မှုကို ရရှိလိမ့်မည်။
ပြီးတော့ ဒီအရာက သူအမြဲလိုက်နေတဲ့အရာပင်။
ယခုလေးတင် ကျန်းဟိုင် မြားနတ်ဘုရားသည် အာကာသနိယာမကို အသုံးပြုရုံသာမက သူ့မြှားပတ်လည်ရှိ အာကာသကို ပိတ်ဆို့ကာ ထူးထူးခြားခြား ကျွမ်းကျင်မှုဖြင့်လည်း လုပ်ဆောင်ပြခဲ့သည်။ ဒါကို သူ နားလည်နေခဲ့တာ အချိန်အတော်ကြာနေပြီ ဖြစ်မည်။
"မင်း မြေအဓိပတိ ကျူးချွဲ့ကို သတ်နိုင်ခဲ့တာ အံ့သြစရာမရှိပါဘူး"
လျိုဝူရွှမ်းသည် ချင်းယန်ကို ပြန်လည်စစ်ဆေးခဲ့ပြီး ၎င်း၏အန္တရာယ်အဆင့်ကို အတွေးထဲ၌ မြင့်တင်ထားခဲ့သည်။ ကျန်းဟိုင် မြားနတ်ဘုရားက အာကာသနိယာမများကို နားလည်နိုင်သောကြောင့် စိတ်ဆန္ဒ၊ နားလည်မှု၊ နှင့် အခွင့်အလမ်းတို့ ပါဝင်ပတ်သက်မှု အားလုံးသည် မရှိမဖြစ် လိုအပ်သောကြောင့် သူ့ကို ထည့်သွင်းစဉ်းစားရမည့် တွန်းအားဖြစ်လာစေသည်။
"နိယာမအာဏာကို ဆွဲယူတာက ပြင်ပ အင်အားစုကို အားကိုးတာ... စစ်မှန်တဲ့ လေးပစ်ပြိုင်ပွဲ မဟုတ်ဘူး"
လျိုဝူရွှမ်း ခေါင်းယမ်းလိုက်ပြီး သူ့လက်ထဲက လျှို့ဝှက်ဆန်းကြယ်သော လေးကို မြှောက်လိုက်လေ၏။
"ကျန်းဟိုင် မြှားနတ်ဘုရား... မင်း အခုအချီမှာ တော်တော် အထင်ကြီးစရာ ကောင်းနေပါပြီ... ဒါပေမယ့် ငါ မယုံဘူး... ထပ်ပြိုင်ရအောင်!"
သို့သော်လည်း သူ့စကားများ ကျဆင်းသွားသည်နှင့်အမျှ တိုက်ပွဲကို စောင့်ကြည့်နေသည့် ကျန်းဟိုင် မြို့သားများသည် ချက်ချင်းပင် မကျေမနပ်ဖြစ်ကာ အော်ငေါက်လာကြသည်။ ရေကန် ပတ်လည်ရှိ လူအုပ်ကြီးကလည်း ရှုတ်ချသည့် ကြွေးကြော်သံများပင် ထုတ်လာ၏။
"ဒီလူကြီးမင်းမှာ သိုင်းကျင့်ဝတ်မရှိဘူး!"
"ငါတို့ တစ်ကြိမ်တိုက်ပြီးပြီလေ... မင်းက ပြန်လုပ်ဦးမှာလား... မင်း ရှုံးတာကို လက်ခံသင့်တယ် မဟုတ်လား"
"ဒီလို အရှက်မဲ့တဲ့လူကို ငါ တစ်ခါမှ မမြင်ဖူးဘူး... "
"အဲဒါက မြှားတစ်စင်းပဲဖြစ်မယ်လို့ ငါတို့သဘောတူထားတာလေ!"
လျိုဝူရွှမ်းအား ရှုံ့ချသော အသံများ ရောနှောနေပါသည်။ သို့သော်လည်း လေးပစ်သမားအချို့ကလည်း တစ်ခုခုဖြစ်နေသည်ကို သတိပြုမိသဖြင့် အခြေအနေကို တိတ်တဆိတ် စောင့်ကြည့်လျက် တုံ့ပြန်စကားတစ်ခွန်းမျှ မပြောခဲ့ပေ။
လျိုဝူရွှမ်းက အဓိပတိနယ်ပယ်တွင် အဆင့်သတ်မှတ်ခံထားခဲ့ရသည်။ သူသည် မြားပစ်သမား အများအပြား၏ စိတ်နှလုံးတွင် မြင့်မြတ်သော ရာထူးကို ကိုင်စွဲထားကာ ကမ္ဘာပေါ်တွင် အစောဆုံး မြှားနတ်ဘုရားအဖြစ် အမြဲတမ်း ကျော်ကြားခဲ့သည်။
စေတနာမဟုတ်ဘဲ အကျင့်အရ တာအိုကို လိုက်ရှာနေသည်မှာ ငြင်းလို့မရပေ။ တစ်ခါက သူသည် မြှားတာအိုကို နားလည်ရန် နှင်းထဲတွင် မတ်တပ်ရပ်ခဲ့ပြီး အောက်ခြေမှ လှမ်းတက်ခဲ့သူဖြစ်လို့ မြားပစ်သမား တော်တော်များများက သူ့ကို သူတို့ရဲ့ စံပြပုဂ္ဂိုလ်လို့ မှတ်ယူထားကြပါ၏။
"ဘာလဲ? ဒီမြှားကို မင်း မကျေနပ်သေးဘူးလား"
ဤစကားကို ကြားသောအခါ ချင်းယန် ငြိမ်သက်သွားသည်။ သူက သူ့ရဲ့ နေပစ်လေးကို ဖြည်းညှင်းစွာ နှိမ့်လိုက်ပြီး။
"ဘာပြောစရာရှိသေးလို့လဲ?"
"ကောင်းပြီ ကျန်းဟိုင် မြှားနတ်ဘုရားက သူ့နာမည်အတိုင်း အသက်ရှင်နေတာပဲ အတိုင်းအတာတစ်ခုအထိ အာကာသနိယာမတွေကို ကျွမ်းကျင်ပိုင်နိုင်တယ်.. တကယ်ကို အထင်ကြီးစရာ ကောင်းပါတယ်..."
လျိုဝူရွှမ်းက သူ့လက်သီးတွေကို နှုတ်ခမ်းရှေ့ထား၍ ချောင်းဆိုးလိုက်သည်။
"ဒါပေ... မယ့်..."
သူက အကြောင်းအရာကို ပြောင်းလိုက်သည်။
"ဒါပေမယ့် စောစောက မရှင်းမလင်း ဖြစ်သွားတယ်.... နိယာမက နိယာမပဲ ငါတို့နှစ်ယောက်လုံးက လေးပစ်သမားမို့ သဘာဝအတိုင်း လေးပစ်ပြိုင်ပွဲရဲ့ အခြေခံပဲ ဖြစ်သင့်တယ်"
ချင်းယန်: "ရိုးရိုး လေးပစ်ပြိုင်ပွဲလား?"
ချင်းယန် ထိုစကားကို ကြားတော့ အနည်းငယ် မျက်မှောင်ကြုတ်ကာ လျိုဝူရွှမ်းကို စိုက်ကြည့်ကာ သူ့အမူအရာမှာ အရှုံးမပေးချင်သည်ကို သတိပြုမိခဲ့သည်။ ပြတ်ပြတ်သားသား ပြောရလျှင် "ဒီကောင်က လက်မခံသေးဘူး!" ဟု ဆိုရမည်။
“အခုနတုန်းက နိယာမစွမ်းအင်တွေနဲ့ လှည့်စားတာ မလုံလောက်ဘူးထင်တယ်…”
စနစ်၏ ရက်ရောသော ဆုလာဘ်များကို သော့ဖွင့်ရန်အတွက် လျိုဝူရွှမ်း ရှုံးကို ရှုံးရမည်။
ယခုမူ နေရာအနှံ့ ပိတ်ဆို့ပြီးနောက် လျိုဝူရွှမ်းဟာ ထိုမြှားချက်ကို ရှုံးသွားသော်လည်း ဤသူ၏ မောက်မာမှုသည် လုံးဝ မှေးမှိန်သွားခြင်းမရှိကြောင်း ညွှန်ပြနေသည်။ ဒါ့အပြင် စနစ်ကလည်း ဘာမျှ သတိမပြုမိသေးပေ။
သူ့ကို ဒီထက်ပိုပြီး ဖိနှိပ်ရမယ်။
ဒါကို စဉ်းစားရင်း ချင်းယန် မဆိုင်းမတွ ခေါင်းညိတ်ပြလိုက်သည်။
"အဆင်ပြေပါတယ်.. မင်းနောက်ထပ် ပွဲတစ်ပွဲလိုချင်မှတော့ ဒီမြှားနတ်ဘုရားဘက်က အဆင်ပြေပါတယ်... ဆိုတော့ မင်းယုံကြည်ချက်ကို ဆုံးရှုံးသွားအောင် လုပ်ပြရတာပေါ့"
“ကောင်းပြီလေ!”
သဘောတူသံကို ကြားတော့ လျိုဝူရွှမ်းက ဝမ်းသာအားရ ဦးညွှတ်လေသည်။
"ဒီမြှားပစ်ပြီးရင် ရလဒ်က ဘာပဲဖြစ်ဖြစ် ငါ မင်းကို ထပ်မနှောင့်ယှက်တော့ဘူး !"
သူပြောသည့်အတိုင်း ပေတစ်ရာအကွာမှ ပြန်ဆုတ်သွားခဲ့သည်။ ထို့နောက် သူ၏အနက်ရောင်လေးကို မြင့်တင်လိုက်ပြီး မြှားကိုဆွဲကာ ခေါင်းတစ်ချက် စောင်းလိုက်သည်။ ချင်းယန်၏ ဦးတည်ရာဆီသို့ မျက်လုံးတစ်ဖက်နှင့် ချိန်ရွယ်ကာ သူ့လေးကြိုးကို လပြည့်အလား ဆွဲညှိထားလိုက်သည်။ ဒီတစ်ခါတော့ သူ့အမူအရာက ပိုလို့တောင် ရက်စက်လာကာ ထွက်လာတဲ့ ကြယ်စွမ်းအင်က သူ့ရဲ့ စွမ်းအားကို ထုတ်ဖော်ပြလိုက်ပေ၏။
"မိတ်ဆွေ သတိထားပါ... ဒီမြှားရဲ့ စွမ်းအားက အရင်ကထက် အများကြီး ပိုကြီးတယ်"
လျိုဝူရွှမ်း အသံနက်ကြီးဖြင့် သတိပေးလိုက်သည်။ သူ့လက်ချောင်းများက တင်းမာလာကာ သူ့ပတ်ဝန်းကျင်ရှိ စွမ်းအင်များ တဖြည်းဖြည်း တိုးလာခဲ့သည်။ နောက်အခိုက်အတန့်၌ ဗုန်းကနဲ အသံကြီးနဲ့အတူ ထောင်နှင့်ချီသော ကြယ်စွမ်းအားများ စုစည်းကာ အားကောင်းသော ရောင်ဝါတစ်ခု ထွက်ပေါ်လာသည်။ သူ့ခြေထောက်အောက်ရှိ ရေအိုင်မှာ ဖိအားဒဏ်ကြောင့် နှစ်ဖက်စလုံးသို့ ပျံ့နှံ့သွားသည်။ ပြင်းထန်သော လေက ချက်ချင်းပင် ကမ်းစပ်ကို ဖြတ်ကျော်သွားတော့၏။
ငြိမ်သက်နေသော ရေကန်မျက်နှာပြင်က လှိုင်းလုံးများအဖြစ်သို့ ပေါက်ထွက်ကာ တာတမံနှင့် ကန်အနီးရှိ ကြည့်ရှုသူများ အား ပြင်းထန်စွာ တိုက်မိသွားသည်။ အကုန်လုံး ရေတွေ စိုစွတ်ကုန်တော့သည်။
အရိုးခိုက်အောင် အေးနေသော ဆောင်းရာသီကဲ့သို့ ပြင်းထန်သော မြှားရောင်ဝါများ ပျံ့နှံ့သွားသည်။ မြှားထောင်ပေါင်းများစွာ၏ လူသတ်ချင်လယသော ရည်ရွယ်ချက်ကို ခံနိုင်ရည်ရှိရန် ကြိုးစားရင်း တုန်တုန်ယင်ယင် လက်နှစ်ဖက်ကို ဆုပ်ကိုင်ထားကြရလိမ့်မည်။
"အစွမ်းထက်တဲ့ မြှားပဲ!"
ချင်းယန်လည်း ဒါကိုမြင်ပြီး တွန့်ဆုတ်မနေတော့ချေ။ သူသည် အကွာအဝေးကို ဖန်တီးရန် ပေတစ်ရာ နောက်သို့ ပျံသန်းကာ သူ၏ နေပစ်လေးကို မြှင့်ကာ လျိုဝူရွှမ်းကို ချိန်ရွယ်ထားလိုက်သည်။ ထို့နောက် သူက ကြိုးကို ဖြည်းညှင်းစွာ ဆွဲလိုက်သည်။
နေပစ်လေးဆီက ပူလောင်သော အပူရှိန်ကြီး ရေကန်ပေါ်သို့ ကျဆင်းလာသဖြင့် ကန်ရေများ လောင်ကျွမ်းပြီး အငွေ့ပျံကာ ချင်းယန်တစ်ဝိုက်တွင် တိမ်များနှင့် အခိုးအငွေ့များကဲ့သို့ ဖုံးကွယ်နေသော အဖြူရောင်မီးခိုးလုံးများအဖြစ် ပြောင်းလဲသွားသည်။
ဒါပေမယ့် မလုံလောက်သေးပါ။
လျိုဝူရွှမ်းက မြားပစ်ခြင်း လမ်းကြောင်းပေါ်၌ နှစ်အတော်ကြာ နစ်မြုပ်နေခဲ့သူ ဖြစ်သည်။
"ထားပါတော့ နိယာမတွေကို မသုံးနိုင်မှတော့ မြှားပဲ ပစ်တာပေါ့"
ချင်းယန် ခရမ်းရောင်ကြယ်ရောင်ကို ခေါ်ယူပြီး မြှားကို လေးကြိုးပေါ်တွင် ထားကာ စဉ်းစားနေသည်။ သူ့လက်ချောင်းထိပ်များက မြှားထိပ်ကို ထိန်းကိုင်လိုက်ရင်း လျိုဝူရွှမ်းကို ဓားရည်ရွယ်ချက်ဖြင့် ချိန်ရွယ်ထားလိုက်သည်။
ခရမ်းရောင်ကြယ်နတ်ဘုရား ကျစ်ဝေးနတ်ဓား!
ခရမ်းရောင်ကြယ်ရောင်ကို မြှားတစ်စင်းအဖြစ် နေပစ်လေးပေါ်၌ စုစည်းလိုက်သောအခါ ထူးခြားသော စွမ်းအားကို ထုတ်လွှတ်နိုင်သည်။ ဤအင်ပါယာအဆင့် နတ်လက်နက်နှစ်ခု၏ ပေါင်းစပ်မှုသည် လေးပစ်ခြင်းတွင် ကွာဟချက်ကို သေချာပေါက် တံတားထိုးပေးလိမ့်မည်။
ရွှီး!
သူတွေးနေတုန်း လျိုဝူရွှမ်းက လေးညှို့ကို လွှတ်ပေးလိုက်ပြီ။ ပြိုးပြိုးပြက်ပြက် အဖြူရောင် အလင်းတန်းက လေထုထဲကို ထိုးဖောက်ဝင်ရောက်သွားသည်။ ချင်းယန်လည်း ကြိုးကို လွှတ်ချလိုက်ရာ နေပစ်မြှားတစ်စင်း မီးတောက်အလား ပေါက်ကွဲသွား၏။ ၎င်းက ခရမ်းရောင်ကြယ်တစ်လုံးလို လမ်းကြောင်းအတိုင်း ပြေးထွက်သွားသည်။
ဗုန်း!
မြှားနှစ်စင်း ရောယှက်ပြီး ဓားစွမ်းအင်က ကန်၏ မျက်နှာပြင်ကို ဖြတ်ကျော်သွားသည်။
မြှားနှစ်စင်း ရောယှက်တိုက်မိနေချိန်တွင် ရေကန်မျက်နှာပြင်သည် ပွက်ပွက်ဆူသွား၏။ ကျစ်ဝေး ဓားစွမ်းအင်က အရာအားလုံးကို ၎င်း၏ပြင်းထန်သော စွမ်းအားဖြင့် ချေမှုန်းပစ်လိုက်သည်။
နောက်အခိုက်၌ ဆန့်ကျင်ဘက် မြှားကို ဖျက်စီးပစ်လိုက်ပြီ။
"မကောင်းတော့ဘူး!"
လျိုဝူရွှမ်း ထိတ်လန့်သွားသည်။ ထောင်ပေါင်းများစွာသော ဓားစွမ်းအင်များက သူ့ရဲ့ အံ့ဖွယ်လေးကို ထိမှန်သွားသဖြင့် လေးကြိုးက ပြတ်သွား၏။
ဝုန်း!
မြှားတစ်စင်းတည်းနဲ့ ရှုံးနိမ့်ခဲ့ပြန်ပြီ။
လူအုပ်ကြီး၏ စောင့်ကြည့်နေသော မျက်လုံးများအောက်တွင် လျိုဝူရွှမ်း အနောက်သို့ ပျံသန်းသွားရသည်။ လူတိုင်းလည်း မျက်လုံးများ ပြူးကျယ်ဖြင့် စိုက်ကြည့်ရင်း ခန်းမတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင်။
မိုင်ထောင်ချီဝေးသော နေရာက ရှောင်ပိုင်တစ်ယောက် စပျစ်သီးပန်းကန်တစ်လုံးကို ကိုင်ဆောင်ကာ တိုက်ရိုက်ထုတ်လွှင့်မှုဆီသို့ ပြန်လာခဲ့သည်။ ဒီမြင်ကွင်းကို မြင်လိုက်ရတော့ သူ့ရင်တွေ တဒိတ်ဒိတ် ခုန်ပေါက်သွားလေ၏။
"ပြီးသွားပြီ... ဒါက ကမ္ဘာ့အကောင်းဆုံး လေးပစ်မှုရဲ့ အဆုံးသတ်လား...."
"သခင်က သူ့လေးညှို့ကို ချိုးလိုက်ပြီ"