← Chapters

မြှားနတ်ဘုရား အဓိပမဟာမိတ်ထဲ ဘာလို့ မပါဝင်သလဲ

Vol. 15 Ch. 217

မြှားနတ်ဘုရား အဓိပမဟာမိတ်ထဲ ဘာလို့ မပါဝင်သလဲ

Vol. 15 Ch. 217

"အမှိုက် လျိုဝူရွှမ်း!"

"နင်က အရှုံးသမားကြီး ဝူးဝူး..."

ဗီလာထဲတွင်တော့ ရှောင်ပိုင်သည် ကြမ်းပြင်ပေါ်တွင်ထိုင်ကာ မျက်နှာပေါ်မှ မျက်ရည်များစီးကျကာ ထိန်းမနိုင်သိမ်းမရ ငိုကြွေးနေလေသည်။ သူမ၏ မြေခွေးမျက်လုံးများက နီရဲ ရောင်ရမ်းကာ ကြမ်ပြင်ကိုလည်း ဒေါသတကြီးဖြင့် ထုရိုက်နေသေးသည်။

ကတိပေးထားတဲ့ ပေါက်ကွဲမှုက ဘာဖြစ်သွားတာလဲ။ ဒီအခြေအနေက ကတိပြုထားတဲ့ အရာနဲ့ လုံးဝ အကွာကြီး။

ကမ္ဘာပေါ်က အကောင်းဆုံး လေးသမားက ဘယ်လိုကြီးလဲ?

လေးကြိုးကို သူ့သခင်ကတောင် ဖျက်စီးပစ်သေးသည်။ ယခုအချိန်တွင် တိုက်ရိုက် ရုပ်သံထုတ်လွှင့်မှု ပမာဏကလည်း မြင့်တက်လာချေပြီ။

"ကျန်းဟိုင်မြှားနတ်ဘုရားကို ဂုဏ်ယူပါတယ် အနိုင်ရသူကို ဆုံးဖြတ်လိုက်ပါပြီ !"

စိတ်အားထက်သန်သော အသံဖြင့် မြှားပစ်ပြိုင်ပွဲက ပြီးဆုံးသွားခဲ့သည်။

"ဆိုးသွမ်းတဲ့သခင် နင်ငါ့ကို ထပ်ပြီး လိမ်ပြန်ပြီ!"

ရှောင်ပိုင် သူ့မျက်ရည်တွေကို သုတ်လိုက်ပြီး ဖုန်းထဲက လက်ကျန်ငွေ လုံးဝဗလာကို ကြည့်နေမိသည်။ သူမနှလုံးသားလေး ကွဲအက်သွားသလိုပါပဲ။

"ကိုယ့်ကိုကိုယ် ဖျက်ဆီးမယ်လို့ ငါတို့ သေသေချာချာ သဘောတူထားတာလေ!"

ရှောင်ပိုင် မြေပြင်ပေါ်တွင် လဲလျောင်းလိုက်သည်။ လက်ထဲမှာ ဖုန်းကို ဆုပ်ကိုင်ပြီး ခြေလက်များ ဆန့်တန်းလျက် အလွန် စိတ်ဓာတ်ကျနေသည်။

"ဒါ...ဒီနတ်သမီးက ကိုယ့်ကိုကိုယ် ကယ်တင်ဖို့ အရမ်းကြိုးစားခဲ့တဲ့ သီးသန့် စုဆောင်းငွေလေးတွေ..."

အားလုံးသွားပြီ...

မြေခွေးဘဝက မျှော်လင့်ချက်မဲ့သွားပြီ...

…

ယခုအချိန်၌ လီရွှေရေကန်တွင်တောင် ရှောင်ပိုင်နဲ့ ဆန့်ကျင်ဘက် ဖြစ်ကာ ပျော်ရွှင်နေသံများက ပင်လယ်ကြီးထဲက လှိုင်းလုံးကြီးများလို ထွက်ပေါ်လာသည်။ တစ်မြို့လုံး အောင်ပွဲခံနေသလိုပဲ ဆူညံနေ၏။

ချင်းယန် လျိုဝူရွှမ်းကို ဂရုမစိုက်ဘဲ စိုက်ကြည့်နေစဉ် သူ့မျက်နှာမှာ တည်ငြိမ်ကာ လူအုပ်ကြီး၏ ရွှင်လန်းသော ကြည်နူးမှုကို နားထောင်နေသည်။

ခဏကြာတော့ ချင်းယန် ရိုးရိုးလေးပဲ သတိပေးလိုက်သည်။

"မင်းရှုံးတယ်..."

သူ့စကားတွေက ရှေးဟောင်းတောင်ပေါ် ဘုံကျောင်းရဲ့ ခေါင်းလောင်းသံ ကျယ်လောင်စွာ မြည်နေသကဲ့သို့ပင်။

လျိုဝူရွှမ်း ခန္ဓာကိုယ် တစ်ချက် တုန်လှုပ်သွားပြီး နောက်ဆုံးတွင် ကြောင်မှိန်းကာ သူ့အသိစိတ်ဝင်လာသည်။ သူသည် သူ့ရှေ့က ချင်းယန်ကို တခဏတာ စိုက်ကြည့်ရင်း စကားမပြောနိုင် ဖြစ်နေ၏။

သန်မာလွန်းတယ်!

ယခင်ထိုးနှက်ချက်က သူ့စိတ်ထဲမှာ ကွက်ကွက်ကွင်းကွင်း ရှိနေဆဲ။ ဒါ့အပြင် အရသာကလည်း မမေ့နိုင်စရာ ဖြစ်နေပါပြီ။ သူ့ရဲ့ အနက်ရောင်လေးကို ငုံ့ကြည့်ကာ တစ်စုံတစ်ခုကို ပြောလိုသော်လည်း နောက်ဆုံးတော့ ပါးစပ် ပြန်ပိတ်သွားရသည်။

သူ့ရဲ့ လေးညှို့က ပြတ်သွားပြီမလို့ ရလဒ်က ဆုံးဖြတ်ခဲ့ပါပြီ။ ဤအစွမ်းသတ္တိသည် ကျန်းဟိုင်မြှားနတ်ဘုရား၏ စစ်မှန်သော ခွန်အားကိုပါ သက်သေပြခဲ့သည်။ ဤသည်မှာ အမှန်တကယ် မြားပစ်သမား အစစ်အမှန် ခွန်အားဖြစ်သည်။

ပြီးတော့ ချင်းယန် သူ့တိုက်ခိုက်မှုကို ရှင်းရှင်းလင်းလင်း ရုပ်သိမ်းလိုက်ပြီး နောက်ထပ် ကြိုးမဆွဲတော့ချေ။ မဟုတ်ရင် ကျိုးတဲ့အပိုင်းက လေးကြိုးပဲ မဟုတ်လောက်တော့ပေ။

“…”

လျိုဝူရွှမ်း ချင်းယန်ကို စိုက်ကြည့်နေ၏။ နိယာမစွမ်းအင်ကို အမှန်တကယ် အသုံးမပြုခဲ့သောကြောင့် ဘယ်လို ပြောရမလဲ မသိတော့ပါ။

အရှုံးကိုလက်ခံမယ်!

ဒီလိုတွေးနေရင်း သူ့လက်ထဲမှ လေးကိုကိုင်ပြီး လူအုပ်ဘက်သို့ ပြတ်ပြတ်သားသား လှည့်ပြောလိုက်တော့သည်။

"ငါဒီပွဲမှာ ရှုံးတယ်!!"

သူပြောပြီးတာနဲ့ လီရွှေ ရေကန်တဝိုက်ရှိ လူအုပ်ကြီးက တိတ်ဆိတ်သွားကြသည်။ လူတွေက တစ်ယောက်နဲ့တစ်ယောက်ကြည့်ရင်း သူတို့ရဲ့ အပြုံးတွေကို ဖုံးကွယ်လို့ပင် မရခဲ့။ အသက်ရှူချိန် အနည်းငယ်မျှ ကြာပြီးနောက် တိုက်ပွဲကိုကြည့်ရှုနေသည့် ကျန်းဟိုင်ပြည်သားအားလုံး လက်နှစ်ဖက်ကို မြှောက်ကာ ရွှင်မြူးကုန်ကြတော့သည်။

"ကျန်းဟိုင် မြားနတ်ဘုရား အတော်ဆုံးပဲ!"

ထိုညတွင် ကျန်းဟိုင်မြို့ကြီး အိပ်မပျော်ခဲ့ကြပေ။ လီရွှေရေကန်မှာတင်မဟုတ်ဘဲ မြို့တစ်ဝှမ်းလုံးမှာ လူတွေကပါ ကျန်းဟိုင် မြှားနတ်ဘုရားရဲ့ နာမည်ကို ချီးမွမ်းခဲ့ကြသည်။

“….”

ပွဲထဲက လူများသည် ကောင်းကင်ယံ၌ အဖြူရောင်ဝတ်ရုံကို ငေးကြည့်ရင်း အလွန်အမင်း စိတ်လှုပ်ရှားနေတော့၏။

"အကြီးအကဲ ဓားနတ်ဘုရားရဲ့ အငယ်တန်း ညီတစ်ယောက်လို့ကို မပြောရဘူး... ဒီလို ခွန်အားတွေနဲ့ဆို သူ့ရဲ့ အနာဂတ် အောင်မြင်မှုတွေက တကယ့်ကို အကန့်အသတ်မရှိလောက်ဘူး"

"သူ့အစ်ကိုကို သာလွန်အောင်လုပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး... သူ့စရိုက်ကို ဘယ်လိုများ မွေးမြူခဲ့လဲမသိဘူး..."

ဒီသတင်းကိုကြားတော့ ရဲဦးစီးချုပ်လည်း မနာလိုစိတ်တွေ ပြင်းထန်လာတော့သည်။

"အဲ့လူယုတ်မာတွေကို သင်ပေးဖို့ သူ့ကိုသာ ကြယ်သိုင်းရဲစခန်းကို ခေါ်ယူနိုင်ရင် ဘယ်လောက်ပဲ ပေးချေရမလဲ မသိဘူး!"

အမျိုးသား နံပါတ်တစ် မြှားသမား လျိုဝူရွှမ်းကို အနိုင်ယူခြင်းက အမှန်တကယ် သိသာထင်ရှားသော အောင်မြင်မှုတစ်ခု ဖြစ်သည်။

လူအိုလီ: "ဟားဟား ဦးစီးချုပ်ရယ်... အဲဒါက အခြေအနေတွေပေါ် မူတည်ပါတယ် ဒီလောက် စွမ်းအားကြီးတဲ့လူ ပိုက်ဆံလို လောကီအရာတွေကို ဘာလို့ ဂရုစိုက်နေမှာလဲ"

"ဟုတ်တယ်...ခင်ဗျားပြောတာ မှန်ပါတယ်...ကိစ္စမရှိပါဘူး ဒီနေ့ကိစ္စနဲ့ မဆွေးနွေးရအောင်...မြှားနတ်ဘုရားရဲ့ အောင်ပွဲအတွက်ပဲ အားပေးကြတာပေါ့"

ယခုအချိန်တွင် ကျန်းဟိုင် တစ်မြို့လုံး ရွှင်မြူးနေကြသည်။

ဖုဟိုင် အသိုက်အဝန်းက မြေခွေးလေးတစ်ကောင်သာ ငိုယိုကာ စိတ်ပျက်လက်ပျက်ဖြင့် ဖုန်းကို ပစ်ပေါက်နေသည်။ သူမ၏ လျှို့ဝှက်ဆန်းကြယ်သော ဝဘ်ဆိုဒ်လေးကို ပိတ်ပစ်လိုက်ရပြီ။

"လူဆိုးသခင်၊ ဒီနတ်သမီးက နင့်ကိုမုန်းတယ်"

ရှောင်ပိုင် ဆိုဖာပေါ်တွင် ပြားပြားဝပ်လျက် ကွဲအက်နေသော ဖုန်းကို စောင်ဖြင့် အုပ်ထားကာ သူ့မျက်လုံးများက မျက်နှာကျက်ကိုသာ စိုက်ကြည့်နေသည်။

ရုတ်တရက်!

ဒုန်း!

အပြင်ဘက်တွင် တစ်စုံတစ်ယောက်က မီးရှူးမီးပန်းများ ပစ်လွှတ်လိုက်သဖြင့် တောက်ပသော မီးရှူးမီးပန်းများက ညကောင်းကင်ကို အလှတွေ ဖန်တီးပေးနေတော့သည်။

ဤတိုက်ပွဲအပြီးတွင် လျိုဝူရွှမ်းပင် ၎င်း၏ဆန္ဒကို ဖြည့်ဆည်းပေးခဲ့ပြီး နိုင်ငံသားများနဲ့ မြင်ကွင်းကို ကြည့်ရှုအားပေးခဲ့၏။ အားလုံးက ကျေကျေနပ်နပ် နှစ်သက်ကြပေမယ့် မြေခွေးတစ်ကောင်ကတော့ စိတ်ဒဏ်ရာရခဲ့ရှာသည်။

 ……

"ကျန်းဟိုင်မြှားနတ်ဘုရား... မင်းရဲ့မြှားပစ် စွမ်းရည်က ငါ့ထက်သာလွန်တယ် ဆိုတာ ငါလုံးဝယုံကြည်ပါပြီ"

ရေကန်၏ မျက်နှာပြင်ပေါ်တွင် လျိုဝူရွှမ်း ချင်းယန်အား ညင်သာစွာ ဦးညွှတ်နေခဲ့သည်။

"ဒီလိုခွန်အားတွေနဲ့ မင်း အဲဒီတုန်းက သားရဲနတ်အရှင် အဖွဲ့ဝင်တွေကို သတ်နိုင်ခဲ့တာ မဆန်းပါဘူး... "

ချင်းယန်: "အင်း ကံကောင်းသွားတာပါ... မင်းရဲ့ ဖြူစင်တဲ့ လေးပစ်စွမ်းရည်ကလည်း သာလွန်ပါတယ်"

ချင်းယန် အချိန်ကို တွက်ချက်ပြီး ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ့စိတ်ထဲမှာတော့ အော်ဟစ်နေပြီ။

"ခွေးစနစ်! ထွက်လာစမ်း!!! အံ့သြမနေနဲ့ လျိုဝူရွှမ်းရဲ့ ကာကွယ်ရေးက ပျက်သွားပြီ ဒီhostရဲ့ ဆုလာဘ်က ဘယ်မှာလဲ"

ထင်ထားသလိုပဲ ခဏနေတော့ အကျွမ်းတဝင်ရှိသော စနစ်သတိပေးချက် ထွက်ပေါ်လာသည်။ သတ္တိမဲ့တဲ့ စက်ရုပ်အသံ၊ သူ့လေသံက ပြင်းပြင်းထန်ထန် ထိတ်လန့် တုန်လှုပ်နေကြောင်း ပြသနေ၏။

"host... မင်းတကယ်ပဲ လျိုဝူရွှမ်းကို အနိုင်ယူခဲ့တာလား"

"ဟုတ်တယ်လေ... မယုံဘူးလား"

ချင်းယန် လျိုဝူရွှမ်း၏ အခြေအနေကို စိုက်ကြည့်ကာ အတွင်းစိတ်မှ ဟစ်အော်လိုက်သည်။

သူ့အမူအရာက လေးစားဖွယ်ကောင်းနေသော်လည်း သူ့မျက်ခုံးကြားတွင် တည်ကြည်လေးနက်သော အမူအရာ၊ မှိုင်တွေနေသော ခံစားချက်က တိတ်တဆိတ် ထွက်ပေါ်နေသည်။ ယခု မြှားပစ်ပြိုင်ပွဲက သူ့အပေါ် သိသာထင်ရှားတဲ့ သက်ရောက်မှုတွေ ထားခဲ့ပုံရ၏။

ဒီတစ်ခါတော့ သူ့ရဲ့ ခံစစ်က တကယ်ပျက်သွားပြီ။

"ကောင်းပြီ အခု မင်းငါ့ကို စိတ်အေးချမ်းသာစွာနဲ့ ဆုချနိုင်ပြီမဟုတ်လား ဒီhostကို လာမလှည့်စားပါနဲ့!"

သူပြောပြီးသည်နှင့်၊

"မယုံကြည်နိုင်လောက်အောင် ကြီးကျယ်တဲ့ ဧကရာဇ်မင်း hostပဲ! ဒီစနစ်က ယုံပါတယ်..."

"တင်း! hostက လျိုဝူရွှမ်းကို မြှားနှစ်ချောင်းနဲ့ အနိုင်ယူတာကို သိလိုက်ရလို့ ဆုလာဘ်က အဆငါးဆယ် တိုးသွားပါပြီ..."

"ဂိုဏ်းဆရာအဆင့်... ပြိုင်ဘက်မရှိမြှားရောင်ဝါကို ရရှိတဲ့အတွက် hostအား ဂုဏ်ယူပါတယ်"

"အင်ပါယာအဆင့် ကိုယ်ခံပညာ... နေပစ်မြှားကျင့်စဥ်ကို ရရှိတဲ့အတွက် ဂုဏ်ယူပါတယ်"

ဆုပေးသံများ ဆက်တိုက် ထွက်ပေါ်လာမှ ကျေနပ်အားရသလို ခံစားလိုက်ရသည်။ ကြိုးစားအားထုတ်မှုဖြင့် ရရှိသော ဆုလာဘ်များနှင့်အတူ သူ့ခွန်အားက ပိုမိုတိုးတက်ကောင်းမွန်လာဦးမှာ သေချာသည်။

"မဆိုးပါဘူး မဆိုးပါဘူး"

ချင်းယန် အလွန်အမင်း ဝမ်းသာပီတိ ဖြစ်နေသည်။ ဒီတစ်ကြိမ်မှာတော့ ဆုလာဘ်တွေ အားလုံးဟာ မြှားတွေနဲ့ သက်ဆိုင်လေ၏။ ဒီဆုတွေနဲ့ဆို သူသည် ဂိုဏ်းဆရာအဆင့် မြှားပစ်စွမ်းရည် အထိ အလွယ်တကူ ရောက်ရှိနိုင်သည်။ ဒါ့အပြင် နေပစ်မြှားကျင့်စဥ်က နေပစ်လေးနဲ့ ပို၍ပင် သဟဇာတဖြစ်စေပြီး သူ့ရဲ့နားလည်နိုင်စွမ်းကို သိသိသာသာ မြှင့်တင်ပေးနိုင်သည်။

ဒီဆုနှစ်ခုလက်ထဲ ရှိမှတော့ ဘယ်သူက မြှားနတ်ဘုရား မဖြစ်ဘဲ နေတော့မလဲ။

သန်းခေါင်ကျော်နေပြီ။

ဆုများ ရိတ်သိမ်းနိုင်ပြီမလို့ ဤနေရာတွင် ဆက်နေရန် အကြောင်းမရှိပေ။ ပြန်သွားပြီး ရှောင်ပိုင်ကို ညလယ်စာ ချက်ခိုင်းရမည်။ ဒါကိုတွေးရင်း ချင်းယန် တုံ့ဆိုင်းမနေဘဲ ထွက်ခွာဖို့ "လောကအကွာအဝေး" နည်းစနစ်ကို အသုံးပြုတော့မည်။

ရုတ်တရက်!

"ခဏနေပါဦး မြှားနတ်ဘုရား!"

လျိုဝူရွှမ်းက ရုတ်တရက် အော်လိုက်ပြီး ချင်းယန်ကို တားလိုက်သည်။

"ထွက်မသွားပါနဲ့ဦး... ငါမင်းနဲ့ ဆွေးနွေးစရာ ရှိသေးတယ်...ငါတို့နှစ်ယောက်ထဲ စကားပြောလို့ရတဲ့နေရာကို ရှာလို့ရမလား"

"ဘာကိစ္စလဲ?"

ချင်းယန် အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး သူ့ကြယ်စွမ်းအားကို ခွဲထုတ်လိုက်သည်။ သူ လျိုဝူရွှမ်းအား အပေါ်အောက်ကို ငုံ့ကြည့်လိုက်ပြီး သူ့နှလုံးသားထဲမှာ နှိုးစက်သံ ချက်ချင်း ထွက်ပေါ်လာ၏။

မြားပစ်ပြိုင်ပွဲ ပြီးသွားပြီ။

တစ်ခုခု ထပ်ပြီး ဆွေးနွေးချင်နေသေးတာလား။ တခြားတစ်ခုခုကို မျှော်နေသေးတာလား။

ချင်းယန်: "ငါဒီမှာရှိတယ်... ဘယ်မှမသွားဘူး မင်းပြောစရာရှိရင် ဒီမှာပဲပြော။"

"အထင်မလွဲပါနဲ့ ငါက အန္တရာယ်ပေးချင်စိတ် မရှိပါဘူး"

ချင်းယန်၏ သတိရှိမှုကို သတိပြုမိသောအခါ လျိုဝူရွှမ်း သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

"မင်းကို ဒုက္ခပေးဖို့ ရည်ရွယ်ချက် မရှိဘူး.... ငါမေးစရာတစ်ခု ရှိရုံပဲ"

ထို့နောက် သူက ချင်းယန်ကို ပူလောင်သောအကြည့်ဖြင့် ကြည့်လေသည်။

"အဓိပတိ မဟာမိတ်တွေအကြောင်း ကြားဖူးလား"

"အဓိပတိမဟာမိတ်?"

ဒါကိုကြားတော့ ချင်းယန် ပြုံးလိုက်သည်။ သူ အနည်းငယ် မျက်မှောင်ကြုတ်ကာ သူ့မှတ်ဉာဏ်ထဲက ၎င်းနဲ့ ပတ်သက်တာတွေကို တွေးတောရင်း ခေါင်းခါလိုက်၏။

“ငါ မကြားဖူးဘူး”

"ဒါက ပုံမှန်ပါပဲ" လျိုဝူရွှမ်းက ပြုံးပြုံးရွှင်ရွှင်နဲ့ ခေါင်းညိတ်ပြီး။

"ငါတို့ရဲ့ မဟာမိတ်အဖွဲ့က ထင်ရှားတဲ့ နေရာတစ်ခုပါ... လိုချင်တိုင်း ပူးပေါင်းလို့ မရဘူး... သာမန်လူတွေတောင် သိပိုင်ခွင့်မရှိဘူး"

"အဲ့တော့ ငါနဲ့ဘာဆိုင်လို့လဲ?"

ချင်းယန် သူ့စိတ်ဝင်စားမှုကို နှိမ့်ချလိုက်သည်။

လျိုဝူရွှမ်းကတော့ ချင်းယန်ကို ကြည့်လိုက်ရာ သူ၏ စွမ်းဆောင်မှုကို ပြန်လည် သတိရလာသဖြင့် စိတ်အားထက်သန်မှုက ပိုအားကောင်းလာသည်။ သူအရင်က ဒီကိုလာတုန်းက မဟာမိတ်ခေါင်းဆောင်က ချင်းယန်ဟာ စစ်ဆေးမှု အောင်ပြီး သားရဲနတ်အရှင် အဖွဲ့ဝင် မဟုတ်ကြောင်း သက်သေပြခဲ့မယ်ဆိုရင် သူ့ကို မဟာမိတ်အဖွဲ့ထဲကို လက်ခံဖို့ စဉ်းစားနိုင်ပြီဟု မှာထားခဲ့၏။

ဒါကြောင့် လျိုဝူရွှမ်းလည်း တုံ့ဆိုင်းမနေတော့ချေ။ သူ ချင်းယန်ကိုကြည့်ကာ ကျယ်လောင်စွာ အော်ပြောလိုက်သည်။

"ကျန်းဟိုင်မြှားနတ်ဘုရား... ငါတို့ရဲ့ အဓိပတိမဟာမိတ်မှာ တရားဝင်ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်....မင်း ဘယ်လိုထင်ပါလဲ?"

"ဒါဆို မင်းက အဓိပတိမဟာမိတ်ကလား"

ချင်းယန် အထင်ကြီး မခံချင်ပေ။ သူပါဝင်ချင်တယ် ဆိုရင် အရာအားလုံးကို ရှာဖွေရဦးမည်။

"အဓိပတိမဟာမိတ်မှာ ပါဝင်တာက ဘာအကျိုးကျေးဇူးတွေ ရနိုင်လို့လဲ... အကျိုးကျေးဇူးတွေ အများကြီးရှိလား"

လျိုဝူရွှမ်း ပြုံးလိုက်ပြီး သူ့အမူအရာက ဖုံးကွယ်မထားတော့ချေ။

"ဒီကိစ္စကို မင်း စိတ်ချနိုင်ပါတယ်! ငါတို့ရဲ့ အဓိပတိမဟာမိတ်မှာ ပါဝင်နေသမျှတော့ ကျွမ်းကျင်အဆင့်၊ ကိုယ်ခံပညာ လက်စွဲစာအုပ်၊ နတ်လက်နက်၊ လေ၊ မီး၊ မိုးကြိုးနှင့် သစ်သားနိယာမ ထိုးထွင်းသိမြင်မှု ဗဟုသုတတွေကို ရရှိမှာပါ"

ချင်းယန်၏ နှလုံးခုန်သံက အနည်းငယ် ဆူညံသွားသည်။ သူ့ရဲ့ ခွန်အားကို မြှင့်တင်ပေးနိုင်တဲ့ ဘယ်အရာမဆို သူ လက်လွတ်မခံမှာ သေချာပေမယ့် ဒီကျင့်စဥ်တွေကို တိုက်ရိုက် ကြည့်ရှုနိုင်ပါ့မလား။

ချင်းယန် မျက်လုံးများကို အနည်းငယ်မှိတ်ထားကာ ပြုံးပြလိုက်သည်။

"တစ်ခုခု လိုနေသလိုပဲ"

"ဟုတ်တယ် မင်းတကယ်ကို ဉာဏ်ကောင်းပါတယ်..." လျိုဝူရွှမ်း ခေါင်းကို ကုတ်ခြစ်ကာ ရယ်မောလိုက်ပြီး။

"ကျင့်စဥ်တွေကို ကြည့်ချင်ရင် ပံ့ပိုးကူညီမှုအမှတ်တွေနဲ့ ရွေးရမှာပါ"

"ပံ့ပိုးကူညီမှု အမှတ်တွေကို ဘယ်လို ခွဲခြားထားတာလဲ"

"အဲဒါ လွယ်ပါတယ်"

လျိုဝူရွှမ်း သူ့အနက်ရောင်လေးကို ကိုင်လိုက်ပြီး :"မင်း ငါတို့ရဲ့ အမြင့်မြတ်ဆုံး မဟာမိတ်အဖွဲ့မှာ ပါဝင်ပြီး လုံ့လစိုက်ထုတ်နေသမျှ အမှတ်တွေ ရလိမ့်မယ်"

"..."

ဒါကိုကြားတော့ ချင်းယန်က စကားရပ်လိုက်ပြီး လေးလေးနက်နက် တွေးလိုက်သည်။ အမှတ်ဆိုတာက အလုပ်တစ်ခု လုပ်ရတာနဲ့ တူတယ်မဟုတ်လား။ ဘာမှ အလကားမရမှတော့ ဘာထူးလဲ။ ၎င်းက ကျေးဇူးမဲ့အလုပ်ဖြစ်ပြီး စနစ်၏ ဆုလာဘ်များနှင့် မယှဥ်နိုင်ချေ။

ဤအချက်ကို တွေးတောရင်း ချင်းယန် သူ့လက်ကို ဝှေ့ယမ်းကာ ပြတ်ပြတ်သားသား ငြင်းလိုက်သည်။

"တောင်းပန်ပါတယ် ငါက ဘယ်အဖွဲ့ထဲကိုမှ ပူးပေါင်းဖို့ အစီအစဉ်မရှိဘူး"

All Chapters