← Chapters

အရှင်ကျားဖြူ

Vol. 15 Ch. 219

အရှင်ကျားဖြူ

Vol. 15 Ch. 219

လီရွှေ ရေကန်အထက်၌။

လရောင်မှာ တိမ်ညိုများကြောင့် ဖုံးကွယ်ခံထားရသည်။ အရှေ့၊ တောင်၊ အနောက်၊ မြောက်တို့မှ အရိပ်လေးခုသည် ချင်းယန်ဘက်သို့ ချက်ချင်း ရောက်ရှိသွားချင်း ၎င်းတို့၏ ရောင်ဝါများကို စုစည်းလိုက်သည်။

အစီအရင် ဖွဲ့စည်းမှုပုံစံများ ထွက်ပေါ်လာကာ ရှေးခေတ်ဖွဲ့စည်းပုံက လေထုကို အာကာသထဲ သော့ခတ်ထားသလို ချိတ်ပိတ်လိုက်၏။ ၎င်းတို့က နတ်သားရဲလေးကောင် ကျူးချွဲ့၊ စိမ်းပြာနဂါး၊ ရွှမ်ဝူ၊ ကျားဖြူတို့ပဲ ဖြစ်လေသည်။

ဟောက်သံတစ်ခုစီနှင့်အတူ ပတ်ဝန်းကျင် နေရာကလည်း ပို၍ခိုင်မာလာသည်။

"နောက်ထပ် သားရဲနတ်အရှင် အဖွဲ့ဝင်တွေလား!"

ချင်းယန် ကြယ်စွမ်းအင် ပိတ်ဆို့ထားခြင်းကို သတိပြုမိသည်။ လျိုဝူရွှမ်း ထွက်ခွာသွားရခြင်းကို တွေးတောရင်း ဖြစ်ပျက်နေသည့် အရာကို ချက်ချင်း သဘောပေါက်သွား၏။

အချိန်သည် ပြီးပြည့်စုံသည်။ ၎င်း၏ကြယ်စွမ်းအင်သည် အနိမ့်ဆုံးအချိန်တွင် ယှဉ်ပြိုင်ပြီးနောက် ယခု စွမ်းအားကို အပြည့်အဝ အသုံးချရန် ခက်ခဲစေသည်။ ဒါကို သားရဲနတ်အရှင် ဂိုဏ်းဝင် နတ်ဆိုးများက ပြီးပြည့်စုံစွာ တွက်ချက်ထားခဲ့သည်။

အခွင့်အရေးကို အခွင့်ကောင်းယူလိုက်တာပါပဲ။

….

ထိုအချိန်တွင် လီရွှေ ရေကန်၏ ကမ်းစပ်က ပြည်သူများသည် ကောင်းကင်ယံ၌ လွင့်ပျံနေသော လူများကို စိုက်ကြည့်နေကြသည်။ ပထမတော့ သူတို့ ထိတ်လန့်သွားပေမယ့် မကြာခင်မှာပဲ တုံ့ပြန်နိုင်ခဲ့ပါ၏။ ချင်းယန် ပတ်လည်တွင် လူလေးယောက် စုဝေးနေကာ ကြယ်စွမ်းအင် လှိုင်းလုံးများ ပြန့်ကျဲလျက်ရှိသည်။

သူတို့က ချက်ချင်းပဲ အရပ်လေးခုနဲ့ အနေအထား ရှစ်ခုကို ပိတ်ဆို့ထားလိုက်ပြီး ချင်းယန်ကို လေထဲမှာ တင်းတင်းကျပ်ကျပ် ချုပ်နှောင်ထားလိုက်လေသည်။

"သေစမ်း! မြှားနတ်ဘုရား အန္တရာယ်ရှိနေပြီ!"

လင်မော့ဖုန်း ရောင်ဝါလေးခုကို အာရုံခံမိသည်။

"အခု သူတိုက်ခိုက်တာ ပြီးသွားပြီ အခုက အားနည်းနေတာ ဒီနတ်ဆိုးတွေက ဒီအချိန်အတွက် အဆင်သင့် ပြင်ထားတာ!"

"အားလုံး မြန်မြန်စုလိုက်"

ဒါကိုကြားတော့ လူအိုလီရဲ့ မျက်ခုံးတွေ တွန့်သွားသည်။ သူသည် ကြယ်လက်စွပ်မှ ဓားကို ဆွဲထုတ်လိုက်ပြီး။

"ဦးစီးချုပ် အမိန့်ပေးပါဦး"

"အဖွဲ့အားလုံး အဆင်သင့် ပြင်ထား!" ဦးစီးချုပ်လည်း စကားပြောစက်ကို ထုတ်ပြီး လိုင်းကို ပြောင်းလိုက်သည်။

"အမိန့်တွေကို နား..."

သူ့စကားမဆုံးခင်မှာ လက်တစ်ဖက်က ရုတ်တရက် သူ့ပုခုံးကို ထိသွားသဖြင့် အမိန့်ကို ရပ်တန့်လိုက်ရသည်။

"မဆင်မခြင် မလုပ်ပါနဲ့ ဦးစီးချုပ်... အခု အလျင်အမြန် စုဆောင်းဖို့ မသင့်တော်ဘူး"

လင်မော့ဖုန်း ခေါင်းကိုခါယမ်းလိုက်ပြီး ဦးစီးချုပ်ရဲ့ပခုံးပေါ်ကနေ သူ့လက်ကို ဆုတ်လိုက်ပြီး အပေါ်ကို မော့ကြည့်လိုက်သည်။

"ကျွန်တော်တို့ အကြီးအကဲ မြှားနတ်ဘုရားကို မကူညီနိုင်ဘူး"

ဦးစီးချုပ်: "ဘာကိုဆိုလိုတာလဲ?"

"ဦးစီးချုပ် အဓိပတိနယ်ပယ်နဲ့ အထက်က ကျနော်တို့ လက်လှမ်းမမီတော့ဘူး... ဘယ်သူမဆို ရှေ့ကို ထွက်လိုက်တာနဲ့ အကြီးအကဲအတွက် ဝန်ထုပ်ဝန်ပိုးပဲ ဖြစ်သွားစေလိမ့်မယ်..."

လင်မော့ဖုန်းသည် လျိုဝူရွှမ်း ထွက်ခွာသွားသည့် လမ်းကြောင်းကို နက်နဲသော အသံဖြင့် ရှင်းပြလိုက်သည်။

"အကြီးအကဲ လျိုဝူရွှမ်းက တစ်ခုခုလွဲနေတာကို သတိထားမိနေလောက်တယ်... သူ မြန်မြန်ကြီး ပြန်သွားတာပဲ... ကျနော်တို့ အခုလုပ်ရမှာက လူစုလူဝေးကို ဖယ်ထုတ်ပြီး အသေအပျောက်နည်းအောင် လုပ်ရမှာ”

"ကောင်းပြီ ငါနားလည်ပြီ..."

ဦးစီးချုပ်ကလည်း ခေါင်းညိတ်ပြပြီးနောက် အင်တာကွန်ကိုဖွင့်ကာ အဖွဲ့တစ်ခုလုံးကို အာရုံပြောင်းရန် ညွှန်ကြားကာ ရေကန်အရှေ့ဘက်တွင် နေထိုင်သူများကို အစုလိုက်အပြုံလိုက် ကယ်ထုတ်ခဲ့သည်။

ရုန်းရင်းဆန်ခတ် ဖြစ်နေကြတဲ့ လူအုပ်ကြီးဟာလည်း လီရွှေရေကန်ရဲ့ ထွက်ပေါက်ဆီသို့ အချင်းချင်း တွန်းတွန်းတိုက်တိုက် ပြေးထွက်နေကြသဖြင့် တချို့က အထဲမှာပဲ ပိတ်မိနေခဲ့သည်။ ယနေ့ည ကြည့်ရှုသူက ခါတိုင်း လာရောက်လည်ပတ်သူထက် များစွာ ပိုများခဲ့သည်။

ဒီလိုအော်သံတွေကြားမှာ ရုတ်တရက် အရှိန်အဟုန်ဖြင့် တောက်လောင်နေသော အလင်းတန်းတစ်ခု ဝင်ရောက်လာသည်။

တခဏအတွင်း မှောင်မိုက်သော ညက ရုတ်ချည်း လင်းလက်လာသည်။ နိုင်ငံသားအားလုံး မော့ကြည့်လိုက်ကြပြီး မျက်လုံးများကို လက်ဖြင့် ကာထားကာ ရောက်လာသည့် ပုံသဏ္ဌာန်ကို ဖမ်းယူနေကြ၏။

"အကြီးအကဲ လျိုဝူရွှမ်း ပြန်ရောက်လာပြီ!!"

ကောင်းကင်မှာတော့ လျိုဝူရွှမ်းသည် လရောင်အောက်တွင် ခြေကျင်လျှောက်လာသည်။ သူ၏ ခမ်းနားထည်ဝါသော ၀တ်စုံများသည် တိမ်များကို ထိုးဖောက်ကာ မြှားတစ်စင်းကဲ့သို့ လီရွှေရေကန် ကမ်းစပ်ဆီသို့ ပြေးသွားကာ အထပ်မြင့် အဆောက်အအုံများကို ဖြတ်သန်းလျက် ရှိသည်။

စက္ကန့်ပိုင်းအတွင်း သူသည် ရေကန်၏အစွန်းသို့ ရောက်နေပြီဖြစ်သည်။

"ဒီလူဆိုးတွေ... ဒီအရှင် ထွက်သွားပြီးတာနဲ့ ချက်ချင်း ထွက်လာပြီး တိုက်ခိုက်ရဲတယ်ပေါ့?!"

လျိုဝူရွှမ်းသည် သူ၏ လျှို့ဝှက်ဆန်းကြယ်သောလေးကို ဆုပ်ကိုင်လိုက်ပြီး ခေါင်းမော့လျက် မိုးကုတ်စက်ဝိုင်းကို စိုက်ကြည့်နေသည်။

ချင်းယန်သည် ကောင်းကင်အထက်တွင် အမြင့်တွင် ပိတ်မိနေကြောင်း သူ မြင်နေရ၏။

လျှို့ဝှက်ဆန်းကြယ်သော အသွင်အပြင်များ ရောယှက်နေသော၊ ခရမ်းရောင် အလင်းတန်းများသည် အနီးနားရှိ အာကာသထဲသို့ တွယ်ကပ်ဖိသိပ်ကာ ရွေ့လျားနိုင်သော နေရာကို တဖြည်းဖြည်း ညှစ်ထုတ်လျက်ရှိသည်။ နတ်သားရဲလေးကောင်၏ ခြိမ်းချောက်သံများက ကျယ်လောင်လာကာ သားရဲနတ်အရှင်၏ နတ်ဆိုးများသည် ထူးဆန်းသော ကျမ်းဂန်များကို ရွတ်ဆိုကာ အရပ်မျက်နှာတိုင်းတွင် တန်းစီနေကြသည်။

ချင်းယန်၏ ပိတ်ထားသော အစီအရင် ဖွဲ့စည်းပုံသည် ပိုမိုအားကောင်းလာလေသဖြင့် လွတ်မြောက်ရန် မျှော်လင့်ချက် မရှိတော့ပေ။

"ကျန်းဟိုင်မြှားနတ်ဘုရား!"

ဒါကိုမြင်တော့ လျိုဝူရွှမ်းလည်း ကျယ်လောင်စွာ အော်လိုက်ပြီး ဖွဲ့စည်းမှုကို ဖြိုခွင်းဖို့ အသင့်ဖြစ်နေပါပြီ။ သို့သော် ထိုအခိုက်၌ ရုတ်တရက်ပင် သူ့နားထဲမှာ ဆိုးသွမ်းသော အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

"လျိုဝူရွှမ်း မင်းက လူဆိုးလေးပဲ... မင်း ဘာလို့ပြန်လာတာလဲ"

အရှင်ကျားဖြူက လျိုဝူရွှမ်းရဲ့လမ်းကို ပိတ်ဆို့ထားသည်။

"ဒီကိစ္စက မင်းနဲ့ဘာမှမဆိုင်ဘူး.. ဒီမှာပဲ ရပ်လိုက်ပါ မဟုတ်ရင်တော့ ငါ့ကို အပြစ်မတင်နဲ့!"

"ကျားဖြူ မင်းဘာတွေစီစဉ်နေတာလဲ"

လျိုဝူရွှမ်း မျက်မှောင်ကြုတ်ပြီး သူ့လက်က လေးကို ကိုင်ထားရင်း အနည်းငယ် တုန်ရီနေသည်။ အစီအရင် ဖွဲ့စည်းမှုထဲမှာ ပိတ်မိနေတဲ့ ချင်းယန်ကိုလည်း လှမ်းကြည့်လိုက်ကာ။

"မင်းက လူတစ်ယောက်ရဲ့ ကံဆိုးမှုကို အခွင့်ကောင်းယူနေတာကွ! မြှားနတ်ဘုရားက သူ့ပြိုင်ပွဲကို ပြီးသွားပြီ မင်းတို့ ဒီလိုစီစဉ်နေတာ မလွန်ဘူးလား"

"ဟမ့်! ဒီလူက သွေးဝိညာဉ်စာချုပ်ကို ချိုးဖောက်ပြီး ငါ့သားရဲနတ်ဘုရားကိုးကွယ်တဲ့ မြေအဓိပတိကို သတ်ပစ်လိုက်တာ... သေထိုက်တယ် မင်းကို ငါ့လုပ်ငန်းကနေ ရှောင်ဖို့ အကြံပေးတယ် မဟုတ်ရင် မင်းလည်း ဖွဲ့စည်းမှုထဲမှာ ပိတ်မိနေလိမ့်မယ်"

"ငါ နှောင့်ယှက်နေတယ်?"

လျိုဝူရွှမ်း ဒေါသတကြီး ရယ်မောကာ အောက်မှ ထွက်ခွာလာသော နိုင်ငံသားများကို ငုံ့ကြည့်လိုက်သည်။

"ဒါက မြို့လယ်ပဲ... မင်းဒီမှာ သတ်ပွဲသွားလုပ်ရင် သွေးဝိညာဉ်စာချုပ်ကို ဖောက်ဖျက်တာပဲ!"

ထို့နောက် သူသည် အခြားသော နတ်ဆိုးဂိုဏ်းဝင်များကို တစ်ချက်ကြည့်လိုက်ပြီး :"စာချုပ်ပျက်သွားတာနဲ့ မင်းတို့အားလုံးကို အဓိပတိမဟာမိတ်အဖွဲ့က လိုက်ဖမ်းလိမ့်မယ်"

"ဟားဟား စိတ်ချပါ...."

ကျားဖြူသည် ကောင်းကင်ရောင်ဝါ သင်္ကေတလေးခု ဖွဲ့စည်းမှုကို မော့ကြည့်ကာ ရယ်မောလိုက်သည်။

"ဒီအစီအရင်ဖွဲ့စည်းမှုက ကျန်းဟိုင်ဓားနတ်ဘုရားနဲ့ မြှားနတ်ဘုရားကိုပဲ ထောင်ချောက်ဆင်ထားတဲ့ သင်္ကေတလေးခုရဲ့ စွမ်းအားကို စုစည်းပေးထားတာ... မင်း ဝင်မစွက်ဖက်သရွေ့ အပြစ်မဲ့သူတွေကိုလည်း သတ်မှာမဟုတ်ပါဘူး..."

ထို့နောက် သူသည် အကြောင်းအရာပြောင်းကာ အောက်မှနိုင်ငံသားများကို ငုံ့ကြည့်ကာ သူ့နှုတ်ခမ်းများကို သပ်လိုက်သည်။

"ဒါပေမယ့် မင်း ဆက်တိုးနေရင်တော့ ငါတို့ကို ရက်စက်တဲ့ လူတွေဆိုပြီး အပြစ်မတင်နဲ့"

ခြိမ်းခြောက်မှု ကျဆင်းသွားသည့်အခိုက် လျိုဝူရွှမ်းလည်း ထိုစကားကို ကြားသောအခါ တိတ်ဆိတ်ဆိတ်နေပြီး အောက်ခြေနိုင်ငံသားများကို ချီတုံချတုံဖြင့် ငုံ့ကြည့်လိုက်သည်။

သိထားရမည်မှာ သွေးဝိညာဉ်စာချုပ်က သူ့အတွက် ချိုးဖျက်၍မရပေ။ အကယ်၍ ချင်းယန်ကို အတင်းအကြပ် ဝင်ကယ်တင်ခဲ့လျှင် ထိုနိုင်ငံသားများ နောက်တစ်ကြိမ် အန္တရာယ်ထဲ ကျရောက်နိုင်သည်။

သူ့ကို ကယ်သင့်သလား မကယ်သင့်ဘူးလား။

"အကြီးအကဲ လျိုဝူရွှမ်း! ကျန်းဟိုင် မြှားနတ်ဘုရားကို ကယ်တင်ပေးဖို့ တောင်းပန်ပါတယ်"

အောက်မှ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။ လင်မော့ဖုန်း အော်လိုက်ခြင်းပင်။ ယခု ချင်းယန်က အစီအရင် ဖွဲ့စည်းမှုထဲတွင် ပိတ်မိနေသောကြောင့် လျိုဝူရွှမ်းကသာ သူ၏နောက်ဆုံး ကောက်ရိုးမျှင် ဖြစ်နေသည်။

"မြှားနတ်ဘုရားက ကျန်းဟိုင်မြို့ကို မျက်နှာသာပေးခဲ့တယ် အကြီးအကဲ မြှားနတ်ဘုရားကို ကျေးဇူးပြုပြီး ကူညီပေးပါ"

"လူကြီးမင်း ကူညီပေးပါဦး!!"

လူအိုလီနဲ့ တခြားသူတွေက လိုက်အော်ကြသဖြင့် အသံက ဒီရေလို လွှင့်သွားသည်။ လူတိုင်းက ကျယ်လောင်စွာ အော်ကြပြီး အချို့က မြေပြင်ပေါ်တွင်ပင် ဒူးထောက်ကာ လျိုဝူရွှမ်းကို တောင်းဆိုနေကြ၏။

ယခင် ဓားနတ်ဘုရား ကွယ်လွန်သွားခဲ့ပြီးနောက် လက်ရှိ မြားနတ်ဘုရားက လူတိုင်း၏ မျှော်လင့်ချက်အသစ် ဖြစ်လာသည်။ သူ သေဆုံးရခြင်း အကြောင်းအား ဘယ်သူမှ ထပ်မကြားချင်တော့ချေ။

တခဏအတွင်း လူတိုင်း ဆုတောင်းလာခဲ့ကြသည်။

လျိုဝူရွှမ်းလည်း သူ့ဘေးနားက အသံတွေကို နားထောင်ရင်း လရောင်တောက်တောက် အောက်က ချင်းယန်ကို ကြည့်ကာ သူ့အမူအရာက အနည်းငယ် မှင်တက်သွားပြီး ရှုပ်သွားသည်။

လေးညှို့ ကျိုးသွားသော်လည်း ခွန်အားရှိသမျှ အားထုတ်လျှင် ချင်းယန်ကို အဝေးသို့ ပို့ဆောင်နိုင်သေးသည်။ ဒါပေမယ့် မြှားနတ်ဘုရားကို သူ့ဘေးဒဏ်ကနေ ကယ်တင်ပြီးရင် ဒီမကောင်းဆိုးဝါး နတ်ဆိုးတွေ ဘာဖြစ်လာမလဲ။

သူတို့ ချင်းယန်ကို လက်စားချေလို့ မရရင် သွေးဝိညာဉ်စာချုပ်ကို မလွဲမသွေ ချိုးဖျက်ပြီး အရူးအမူး အဆုံးမဲ့ ရုန်းကန်မှုအဖြစ် ဆင်းသက်လာလိမ့်မည်။ လျိုဝူရွှမ်းက လေထဲတွင် လွင့်မျောကာ သွားများကို အံကြိတ်ထားသည်။ လက်သီးများကိုလည်း တင်းတင်း ဆုပ်ထားကာ စိတ်ထဲတွင် အတွေးများက ရှုပ်ယှက်ခတ်နေလေသည်။

"မင်း ဒါကို သေချာစဉ်းစားရမယ် လျိုဝူရွှမ်း..."

ဒါကိုမြင်တော့ ကျားဖြူကလည်း ယိမ်းယိုင်သွားနိုင်တဲ့ အခွင့်အရေးကို ဆုပ်ကိုင်ရင်း အပြုံးတစ်ခုနဲ့ ဖျတ်ခနဲ ဝင်ပြောလိုက်သည်။

"ကျန်းဟိုင်မြှားနတ်ဘုရားက ငါတို့ သားရဲနတ်အရှင် အဖွဲ့ဝင်တွေကို သတ်ပစ်လိုက်တယ် ငါတို့မှာ ပြင်းထန်တဲ့ ရန်ငြိုးတွေ ရှိတယ်... ဒါပေမယ့် မင်းကတော့ မတူဘူး... မင်းက အဓိပတိမဟာမိတ်ရဲ့ အဆင့်မြင့်အဖွဲ့ဝင်... ဒီစွဲချက်နဲ့ အရေးယူမယ်ဆိုရင် စာချုပ်ရဲ့ ဟန်ချက်ညီမှုကို ပျက်ပြားစေမယ့် သဘောပဲ”

သူစကားပြောနေစဉ်တွင် ကျားဖြူက လျိုဝူရွှမ်းနံဘေးသို့ လွင့်မျောလာသည်။

"ကျန်းဟိုင်မြှားနတ်ဘုရားရဲ့ ကြံရာပါတစ်ယောက်ဖြစ်လာရင် အမြင့်ဆုံးမဟာမိတ်က ငါတို့နဲ့ စစ်ဖြစ်လိမ့်မယ်... အကျိုးဆက်တွေကို သေချာစဉ်းစားသင့်တယ်နော်"

စကားလုံးတိုင်းက လျိုဝူရွှမ်းရဲ့ နှလုံးသားကို စုတ်ပြဲသွားစေသော ထက်ရှသည့် ဓားကဲ့သို့ ပြုတ်ကျသွားသည်။ စကားလုံး တစ်လုံးချင်းစီရဲ့ ကောင်းကျိုးဆိုးကျိုးတွေက သူ့စိတ်ထဲမှာ ပြန်ပေါ်လာတော့၏။

"ငါ...နားလည်ပါတယ်"

လျိုဝူရွှမ်း အချိန်အတော်ကြာ ရုန်းကန်ခဲ့ရပြီး နောက်ဆုံးတွင် ချင်းယန်ကို စိတ်ရှုပ်ထွေးသော အကြည့်နှင့် သူ့အသံကို ထုတ်လွှင့်လိုက်သည်။

"ဂရုစိုက်ပါ မိတ်ဆွေ.."

ဒါက သူလုပ်ခဲ့တဲ့ ရွေးချယ်မှုပါပဲ။

ယခုတွင် ကျန်းဟိုင်မြှားနတ်ဘုရားက အစီအရင်ထဲသို့ ကျရောက်သွားပြီး လွတ်မြောက်ရန် အခွင့်အလမ်း မရှိတော့ချေ။ အဓိပတိမဟာမိတ်ကို ပြန်ကြည့်လိုက်ရင် အင်အားကြီးတဲ့ အဖွဲ့နှစ်ဖွဲ့ကြား စစ်ပွဲကို ဆင်နွှဲရတာ မထိုက်တန်ပါဘူး။

"ဟားဟား....ကောင်းလိုက်တဲ့ 'ဂရုစိုက်ပါ'..."

ဒါကိုကြားတော့ ချင်းယန် သူ့လက်နှစ်ဖက်ကို ဖြန့်သည်-

"အဓိပတိမဟာမိတ်က တကယ့်ကို စိတ်ရင်းမှန်ပဲ... သူတို့က ကျွန်တော့်ကို ပြန်စဉ်းစားဖို့ စောင့်မယ်လို့တောင် ပြောသွားသေးတယ်...အခုပဲ ရွေးချယ်သွားပြီ..."

ကျားဖြူနဲ့ လျိုဝူရွှမ်းတို့ အကြားက စကားပြောဆိုမှုသည် ချင်းယန်နားထဲ ရောက်ရှိသွားကြောင်း အားလုံး သိရှိသွားခဲ့သည်။ လျိုဝူရွှမ်း ရိုးရိုးရှင်းရှင်းသာ ထွက်သွားခဲ့လျှင် ကောင်းပေလိမ့်မည်။

ဒါပေမယ့် အဲဒီစကားဝိုင်းမှာ သူတို့ရဲ့ သဘောထားကို ကြည့်ပြီး သူသာ အဓိပတိမဟာမိတ်သို့ ဝင်ခဲ့လျှင် နောက်ဆုံးတွင် သူသည် ဆန္ဒများကို အလိုအလျောက် စွန့်ပစ်ထားရမည့် အပေါင်တစ်ခုမျှသာ ဖြစ်လာလိမ့်မည် ဖြစ်ကြောင်း နားလည်လာစေ၏။

ကာကွယ်ရေးအကြောင်း သူဘယ်လိုတောင်ပြောနိုင်မလဲ။

"ငါ တစ်ခါတည်း သဘောမတူလိုက်မိလို့ ဝမ်းသာပါတယ်... ဒီအရေးကြီးတဲ့ အခိုက်အတန့်မှာ မင်းတကယ် ငါ့ကိုဒီလိုထားခဲ့တာပဲ"

“တောင်းပန်ပါတယ်…”

ချင်းယန်၏ ခါးသီးသော ဆုံးမစကားကို ကြားလိုက်ရသည်နှင့် လျိုဝူရွှမ်း ပို၍ပင် ရှက်သွားပြီး ဒေါသထွက်လာသည်။ သူ့မျက်နှာကို စိတ်ပျက်လက်ပျက် အကြည့်ဖြင့် လှည့်ကြည့်ကာ အလင်းတန်းထဲသို့ ပျောက်ကွယ်သွားသည်။

သူ လူအုပ်ထဲမှ ချက်ချင်း ပျောက်ကွယ်သွားသည်။ ဒါကိုမြင်တဲ့အခါ ဆုတောင်းနေကြသော လူအုပ်ကြီးလည်း ရုတ်တရက် စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။ လျိုဝူရွှမ်း ထွက်ခွာသွားသည့် လမ်းကြောင်းအတိုင်း ကြည့်ရင်း လင်မော့ဖုန်း လူအိုလီကို ထောက်ခံခဲ့သည်။

မြားပစ်သမားက ဘာလဲ။ သူ ဒီအတိုင်း ပြေးသွားတာလား။

  …

"ကျန်းဟိုင်မြှားနတ်ဘုရား မင်း ဒါကို နှလုံးသွင်းဖို့ မလိုပါဘူး"

ကျားဖြူက ချင်းယန်ကို ကြည့်ပြီး :"ကမ္ဘာကြီးက အစကတည်းက အမြတ်ငွေနဲ့ တွန်းအားပေးတဲ့ လှုပ်ရှားမှုတွေနဲ့ ပြည့်နှက်နေတာလေ... မင်းက အပေါင်တစ်ရုပ်ပဲ မင်းအတွက် သူတို့ရဲ့ ကတိစကားက ဘာဖြစ်နိုင်ဦးမှာလဲ... တချို့အရာတွေနဲ့ ယှဥ်ရင် မင်းက အသုံးမဝင်တဲ့ အပိုင်းတစ်ခုကလွဲလို့ ဘာမှမဖြစ်တော့ဘူး ဟားဟားဟား..."

"ဟမ့်"

ချင်းယန် သူ့စကားတွေကို လျစ်လျူရှုလိုက်သည။ ကိုယ့်ကိုကိုယ် အားကိုးတာက တခြားသူတွေထက် ပိုကောင်းသည်။ သူ အသက်ရှုမဝတဲ့ အခိုက်အတန့်မှာကတည်းက "တာအိုအစီအရင်ရှင်းလင်းချက်" ရဲ့အကူအညီနဲ့ ယေဘူယျအခြေအနေကို သူရှာတွေ့နေပြီလေ။ ဤကောင်းကင်ဘုံရောင်ဝါ သင်္ကေတလေးခု အစီအရင် ဖွဲ့စည်းခြင်းသည် ကောင်းကင်လမ်းနှင့် ညီညွတ်သည်။

လေးဘက်စလုံးတွင် ခြေလှမ်းတစ်ဝက်မျှသာ သိမ်းပိုက်ထားသဖြင့် အစီအရင် ဖွဲ့စည်းခြင်းမှ လွတ်မြောက်ရန် အမှန်တကယ် မျှော်လင့်ချက်မရှိပေ။ သူ့မှာ ရွေးစရာလမ်းကလွဲလို့ တခြားနည်းလမ်းရှာဖို့ မရှိပါဘူး။

"ဘာလဲ?"

ကျားဖြူက ချင်းယန်၏ လှုပ်ရှားမှုများကို သတိပြုမိသဖြင့် ခေါင်းခါပြလေ၏။

"ကောင်းကင်ရောင်ဝါ သင်္ကေတလေးခုကို မင်းအတွက် အထူးစီစဉ်ထားတာ... မင်း ဒီနေ့ မလွတ်မြောက်နိုင်တော့ဘူး! ပညာရှိစမ်းပါ ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်... ငါ မင်းအလောင်းကို နဂိုအတိုင်း ချန်ထားခဲ့ပေးမယ်!"

ချင်းယန်: "မင်းတို့ သားရဲနတ်အရှင် ဂိုဏ်းဝင် အားလုံးက ဒီလိုပဲ မောက်မာတတ်တာလား"

ချင်းယန်သည် အစီအရင် ဖွဲ့စည်းတည်ဆောက်မှု၏ အစွန်းကို ပေါ့ပေါ့တန်တန် ထိလိုက်ကာ ချိုးဖျက်ရန် ကြိုးစားကြည့်ဆဲ ဖြစ်သည်။

ထပ်ခါတလဲလဲ ကြိုးစားပြီးနောက် အက်ကြောင်းကိုမမြင်ဘဲ ချင်းယန် ငြိမ်သက်နေကာ ကောင်းကင်နှင့်မြေကြီး ရောင်ဝါကို ဖြည်းညှင်းစွာ အသက်သွင်းနေသည်။ သူ့စိတ်နှလုံးထဲတွင် ကြောက်ရွံ့မှုသဲလွန်စမရှိဘဲ ကောင်းကင်နှင့်မြေကြီးကို ဖျက်စီးလိုက်ရသည့်အလား အပြုံးတစ်ခုက သူ့နှုတ်ခမ်းပေါ်တွင် ရစ်ဝဲနေသည်။

ကိုယ့်ကိုကိုယ် ဖျက်စီးလိုက်ရအောင်။

ဘာပဲဖြစ်ဖြစ် ရှောင်ပိုင် ကြည့်ရတာ ကြိုက်တယ်လေ။

နည်းနည်းတော့ ဝမ်းနည်းစရာ ကောင်းပေမယ့်ပေါ့။

ဤကျားဖြူသခင်သည် သက်တမ်း တိုတောင်းနေပုံရသည်။ စနစ်က ဘာကိုမှ မညွှန်ပြခဲ့ပေ။ ဆိုလိုသည်မှာ သူသည် နှစ်ငါးရာအထိ အသက်ရှင်နေတော့မည် မဟုတ်ပေ..။ ချင်းယန် အရေပြားသည် အက်ကွဲသွားပြီး စူးရှသော ကြယ်ရောင်များ ထွက်လာသည်။

"အသက်တိုတဲ့ကောင်လား?"

"ဒါဆို ဒီမြှားနတ်ဘုရားက မင်းကို ကောင်းကင်နဲ့ ကမ္ဘာမြေနဲ့ ညီမျှတဲ့ သက်တမ်းကို ပေးရမှာပေါ့!!"

All Chapters