← Chapters

သခင့်ရဲ့ သရုပ်ဆောင် စွမ်းဆောင်က ဘယ်လိုလဲ

Vol. 15 Ch. 221

သခင့်ရဲ့ သရုပ်ဆောင် စွမ်းဆောင်က ဘယ်လိုလဲ

Vol. 15 Ch. 221

မီးတိုင်တစ်ခု ကောင်းကင်သို့ ပစ်လွှတ် ဖောက်ထွင်းလိုက်သလိုပင်။ အောက်ဘက်ရှိ ကန်ရေပြင်ကို လောင်မြိုက်စေကာ ကောင်းကင်မှ မြေကြီးဆီသို့ ဆန့်ထွက်နေသော မီးနီကြိုးတစ်စင်း ဖြစ်ပေါ်လာသည်။

စက္ကန့်အနည်းငယ်သာ ကြာသော် လေထု၏ နေရာအနှံ့ ပိတ်ဆို့ထားမှုအတွင်း အရာအားလုံး ကွဲအက်သွားပြီး ကောင်းကင်မှ မြူမှုန်များ ရွာချလာသည်။

ပေါက်ကွဲပြီးသွားတဲ့နောက် ကောင်းကင်ကြီးက တဖြည်းဖြည်းနဲ့ အရောင် ကင်းမဲ့လာသည်။ ကျားဖြူသခင်၊ ချင်းယန်နဲ့ သားရဲနတ်အရှင်ဂိုဏ်းက အခြားသော အင်အားကြီးအဖွဲ့ဝင်များ ပျောက်ကွယ်သွားခဲ့သည်။

"ပြီးသွားပြီ..."

ရေကန်ဘေးက နိုင်ငံသားများသည် ကျန်းဟိုင်မြှားနတ်ဘုရား အဖြစ် ရင်းနှီးသော ရုပ်သွင်ကိုရှာဖွေရန် ကြိုးစားကြသည်။ သို့သော် ဘယ်နေရာမှာမှ မတွေ့ခဲ့ကြချေ။

ကောင်းကင်တွင် လူပုံသဏ္ဌာန် အရိပ်အယောင်မရှိ၊ အသွေးအသား သဲလွန်စပင် မတွေ့ရ။ ပြာမှုန်ဖြူများသာ လွင့်ပျံလာကာ ရေကန်ဘေးရှိ မိုးမခပင်များပေါ်နှင့် လူတို့၏ ခေါင်းပေါ်၌ပင် ဖြည်းညှင်းစွာ ကျရောက်နေသည်။

ဝမ်းနည်းပူဆွေးမှု လှိုင်းလုံးကြီးက ဘေးမှကြည့်သူများကြားသို့ တဖြည်းဖြည်း ပျံ့နှံ့သွားသည်။

"ကျန်းဟိုင်မြှားနတ်ဘုရား.. ကျသွားပြီလား?"

လူတိုင်းသည် ကောင်းကင်မှ ကြွေကျလာသော ပြာမှုန်းများကို ငေးကြည့်နေကြပြီး စိတ်ထဲတွင်လည်း ထိုအတွေးများဖြင့်သာ ပြည့်နှက်နေသည်။ အချို့က ဤအချက်ကို မယုံနိုင်သဖြင့် သူ့အရိပ်ကို ရှာရန် ကြိုးစားနေကြသည်။ ဒါပေမယ့် ဘယ်လောက်ပဲ ခက်ခက်ခဲခဲ ရှာဖွေခဲ့ပါစေ ဘယ်မှာမှ မတွေ့ရတော့ပါ။

ကောင်းကင်ယံတွင် စွမ်းအင်အတက်အကျ မရှိ။ ထိုနတ်ဆိုးများသည် သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားကာ ကျန်းဟိုင်မြှားနတ်ဘုရာ၏ ရုပ်ကြွင်းကိုလည်း ၎င်းတို့နှင့်အတူ ယူဆောင်၍ မရဏနိုင်ငံတစ်ဖက်ကမ်းသို့ သယ်ဆောင်သွားကြသည်။

"အကြီးအကဲ မြှားနတ်ဘုရား..."

"သူ နတ်ဆိုးတွေနဲ့အတူ ဆုံးပါးသွားပြီ..."

ရုတ်တရက် လူအုပ်ထဲက ကြယ်စစ်သည်တစ်ယောက် ဒူးထောက်ကာ ငိုကြွေးနေတော့သည်။ ကျန်းဟိုင်မြှားနတ်ဘုရား ပေါ်လာတာက ရက်အနည်းငယ်သာ ရှိသော်လည်း ထိုအချိန်တိုလေး အတွင်းတွင် သူ့တည်ရှိမှုက နိုင်ငံသားများအပေါ် အလေးအနက်ထားခဲ့ပြီးသား ဖြစ်သည်။

နိုင်ငံသား တော်တော်များများက သူ့ကို ဓားနတ်ဘုရားရဲ့ ဆက်ခံသူလို့တောင် သတ်မှတ်ထားကြသည်။ ယခုတော့ သူသည် သားရဲနတ်အရှင်များ၏ တိုက်ခိုက်မှုကို ကာကွယ်ရန်အတွက် လူတိုင်း၏မျက်စိရှေ့တွင် ပျောက်ကွယ်သွားခဲ့သည်။

"မြှားနတ်ဘုရား..."

လူအိုလီနှင့် လင်မော့ဖုန်းလည်း ညည်းညူရင်း သူတို့၏ အမူအရာများ မှင်တက်ကာ ငြိမ်သက် သွားသည်။ ဒါကို သူတို့ မယုံနိုင်ဘဲ အိပ်ယာမထခင် အိပ်မက်ဆိုးတစ်ခုသာ ဖြစ်စေလိုက်ချင်သည်။ ပတ်ဝန်းကျင်မြင်ကွင်းကို စိုက်ကြည့်ရင်တော့ ညနေခင်းလေနုအေးက ရေကန်ကို ဖြတ်၍ တိုက်ခတ်နေပြီး မြက်နှင့်သစ်ပင်များမှာ ပျက်စီးထားသည့် အရိပ်အယောင်မပြဘဲ ရှိနေခဲ့သည်။

"အဲဒါ ငါတို့ကို ကယ်တင်ခဲ့တဲ့ မြှားနတ်ဘုရားပဲ..."

လင်မော့ဖုန်း တွေးခေါ်မှု ပျက်သွားပေမယ့် အခြေအနေကို သဘာဝကျကျ နားလည်ခဲ့သည်။ မြှားနတ်ဘုရား၏ အစီအရင်ကြောင့်သာ မဟုတ်ပါက ဤပေါက်ကွဲမှု၏ နောက်ဆက်တွဲရလဒ်သည် သူနှင့်သူ့အဖော်များ ခံနိုင်ရည်ထက် များစွာ ပိုနေပေလိမ့်မည်။

အောက်ခြေက နိုင်ငံသားများကို ကာကွယ်ရန်အတွက် မြှားနတ်ဘုရားက ကန်အထက် ဧရိယာမှ ပေါက်ကွဲမှု၏ စွမ်းအားတစ်ခုလုံးကို တိုက်ရိုက် ဖိသိပ်ထားခဲ့သည်။ ပေါက်ကွဲမှု အလယ်ဗဟိုက သူ တောင့်ခံထားရမယ့် နာကျင်မှုကို စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှသည်။

ဒီမြင်ကွင်းက ရင်းနှီးသလိုပံ။

ဒီရေကျတဲ့ည ပြန်ရောက်နေသလိုပါပဲ။

ဓားနတ်ဘုရားသည် ပြေးလွှား၍ နတ်ဆိုးကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ကာ နောက်ဆုံးတွင် ပေါက်ကွဲမှုတွင် သူ့ကိုယ်သူ စတေးကာ မြို့ကို ပြန်လည်၍မရနိုင်သော ပျက်စီးခြင်းမှ ကယ်တင်ခဲ့သည်။

ယခု ရင်းနှီးပြီးသား မြင်ကွင်းတစ်ခု ထပ်ပြီး ပေါ်လာပြန်ပြီ။ လီရွှေ ရေကန်ဘေးတွင် ကြည့်ရှုသူများသည် ကျန်းဟိုင်မြှားနတ်ဘုရား ကွယ်လွန်ခြင်းအတွက် ရှိုက်ကြီးတငင် ငိုကြွေးကုန်ကြသည်။ တစ်ယောက်နဲ့တစ်ယောက် ဖေးမရတဲ့အထိ ခြေထောက်တွေလည်း အားနည်းသွားကြ၏။

လူအုပ်ထဲမှ လူတစ်ဦးတည်းသာ မတ်တပ်ရပ်နေ၏။

"လုပ်ပြန်ပြီ.."

လီချင်းဟဲ၏ လှပသော မျက်လုံးများက ကြည်လင်တောက်ပသော ညကောင်းကင်ကြီးကို စိုက်ကြည့်ရင်း မကူညီနိုင်ဘဲ အတွင်းစိတ်မှ သက်ပြင်းချခဲ့သည်။

တွက်ချက်ကြည့်လျှင် ဤနတ်ဆိုးများသည် ကြီးမားသော ဆုံးရှုံးမှုကို ခံစားလိုက်ရပါပြီ။ ၎င်းတို့၏ တက်ကြွမှုမှာလည်း ပြင်းပြင်းထန်ထန် ပျက်စီးသွားလောက်ပြီ။

"အခုချိန်က ရင်ခုန်ရမယ့်အချိန်မဟုတ်ဘူး..."

လီချင်းဟဲ လှည့်ကြည့်လိုက်သည်။ လူတိုင်း အသည်းကွဲပြီး ငိုနေကြတာကြောင့် ဒီအချိန်မှာ သူမ အကျယ်ကြီး ရယ်လိုက်ရင် နာမည်ပျက်မှာ ကြောက်ရသည်။

"ငါ သေချာ လေ့ကျင့်ထားတယ်... လုံးဝ မရယ်ဘူး! ငါ ဆရာဘိုးဘိုးရဲ့ သရုပ်မှန်ကို ဆက်ထိန်းထားပေးရမယ်!"

လီချင်းဟဲ သူမ၏ နှုတ်ခမ်းထောင့်စွန်းများကို ဖိနှိပ်လိုက်ပြီး အပြုံးကို ချုပ်တည်းရန် ခက်ခက်ခဲခဲ ကြိုးစားနေလေသည်။ သူမ လက်ကိုင်ပုဝါကို ဆွဲထုတ်ပြီး မျက်ရည်ကျကာ မျက်နှာအနှံ့ ပါးရိုက်လိုက်သည်။

ဒါပေမဲ့ အဲဒီအချိန်မှာပဲ ရုတ်တရက် တောက်ပတဲ့ အလင်းတန်းလေး ပေါ်လာခဲ့သည်။ ချက်ချင်းပင် အုံ့မှိုင်းသောညကို လင်းလက် တောက်ပလာစေသည်။ အားလုံးလည်း ရုတ်ချည်းဆိုသလို ထိတ်လန့်သွားကြသည်။

နတ်ဆိုးက ထပ်ပြီး တိုက်ခိုက်နေတာလား။

မဟုတ်ဘူး...

ဝမ်းနည်းပူဆွေးနေသော လူအုပ်ကြားတွင် နိုင်ငံသားအချို့သည် အလင်းတန်းဆီသို့ ရဲဝံ့စွာ လှမ်းကြည့်ကာ ရင်းနှီးသော ရုပ်ပုံလွှာကို တွေ့လိုက်ရသည်။

"လျိုဝူရွှမ်း ပြန်လာပြီ"

...

"သူတကယ်သွားပြီ..."

လျိုဝူရွှမ်း လီရွှေရေကန်အနားသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာပြီး အောက်ဘက်ရှိ မြင်ကွင်းကို အပေါ်စီးမှမြင်ရသည်။ သူ့ရင်ဘတ်ထဲကလည်း ရုတ်တရက် နားမလည်နိုင်သော နာကျင်မှုကို ခံစားလိုက်ရသည်။

ဟိုဟိုဒီဒီ ကြည့်လိုက်တော့ အရပ်ရပ်က ပြည်သူတွေ ငိုနေတာကို တွေ့လိုက်ရကာ ပြာမှုန်များက မိုးရွာချသလို ကျလာပြီး လေထုထဲမှာ မြင့်မြတ်သော တည်ရှိမှုက ကင်းမဲ့နေသည်။ ကျန်းဟိုင် မြားနတ်ဘုရားသည် ကျားဖြူသခင်နှင့် အမှန်တကယ်ပင် မိမိကိုယ်ကို ဖျက်ဆီးခဲ့သည်။

"ပြတ်သားလိုက်တာ!"

လျိုဝူရွှမ်း မှိန်းနေပြီး အေးစက်နေသော လရောင်ကို စိုက်ကြည့်ကာ ပြိုကျနေသော ပြာများကို ဆုပ်ကိုင်ရန် လက်လှမ်းလိုက်သည်။ မကြာသေးမီကပင် သူ ကျန်းဟိုင်မြှားနတ်ဘုရားနှင့် စကားပြောဖူးသည်။

စိတ်ကူးပင် မယဉ်မိသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

"နှုတ်ဆက်ပါတယ် မြှားနတ်ဘုရား"

သူ့နှလုံးသားက လေးလံနေပြီး ရင်တွင်း၌ ချင်းယန်၏ မေးခွန်းထုတ်သံကို ထပ်မံကြားရလုနီးပါးပင်။

"ဒါကို အဓိပတိမဟာမိတ်လို့ ခေါ်တာလား?"

"တကယ်တော့ သူတို့က သားရဲနတ်အရှင် ဂိုဏ်းကို လက်နက်ချခဲ့တာ... လူတစ်ယောက်ကိုတောင် မကာကွယ်နိုင်တာ လူတွေကို ဘယ်လိုလုပ် ကာကွယ်နိုင်မှာလဲ..."

သူ့အကြောင်း များများတွေးလေ၊ ပိုခံစားရလေလေဖြစ်သည်။ လျိုဝူရွှမ်း ရင်တွင်း၌ အရှက်ကွဲခြင်း ခံစားချက် ပျံ့နှံ့သွားသည်။

မှင်အစွန်းအထင်းတွေလို သူ့အတွေးကနေတစ်ဆင့် မသိလိုက်ဘဲ ရေကန်ဘက်သို့ လွင့်မျောသွားသည်။ လူအုပ်ကြီးသည် သူ့ကို တိတ်တဆိတ် စိုက်ကြည့်နေကြပြီး ရှုပ်ထွေးသော ခံစားချက်များ သူတို့ စိတ်ထဲမှာ ပျံ့နှံ့သွားကြသည်။

"ငါ့ကိုစိတ်ဆိုးနေတာလား...?"

လျိုဝူရွှမ်း ခေါင်းငုံ့ကာ သူတို့၏ အကြည့်များကို ရင်မဆိုင်ဝံ့တော့ပေ။ အဓိပတိနယ်ပယ် ကျင့်ကြံသူအဖြစ် ဆုပ်ကိုင်ထားခဲ့သော မာနသည် ဤအခိုက်အတန့်တွင် အပြင်းအထန် ကြေကွဲသွားသည်။ ဒီနိုင်ငံသားတွေက သူ့ကို မကျေမနပ်ဖြစ်ရင်တောင် လက်ခံရမှာပါပဲ။

နောက်ဆုံးတော့ ကျန်းဟိုင်မြှားနတ်ဘုရားရဲ့ သေဆုံးမှုက သူနဲ့ လုံးဝဆက်စပ်နေသည် မဟုတ်ပါလား။ အကယ်၍ မိမိသာ သူ့ကို စိန်ခေါ်ဖို့ ပြင်းပြင်းထန်ထန် မလုပ်ခဲ့ဘူးဆိုရင် သူ ဒီအခြေအနေမှာ အဆုံးသတ်ရမှာ မဟုတ်ချေ။

မိမိသာ သူ့ကို မစိန်ခေါ်ဘဲ အခြေအနေကို မတူအောင် ဖြေရှင်းရင် ပိုကောင်းမှာ မဟုတ်ဘူးလား။

ဒါပေမယ့် နောင်တရလို့လည်း အဓိပ္ပာယ် မရှိတော့ပါဘူး။ ခုတော့ ကျန်းဟိုင်မြှားနတ်ဘုရား မရှိတော့တဲ့အတွက် အခြေအနေက ပြောင်းလဲသွားမှာ မဟုတ်တော့ပါ။

"သူ့ရဲ့လေးပစ်စွမ်းရည်နဲ့ဆို ကောင်းကင်ဘုံရှင်အဆင့်ကိုတောင် ရောက်နိုင်တယ်"

လျိုဝူရွှမ်း ရှက်ရွံ့စွာ လေးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး အင်အားအနည်းငယ်ကို မသိစိတ်ဖြင့် ဖိလိုက်သည်။

စူးစူးရှရှ အသံတစ်သံ ထွက်ပေါ်လာသည်။ ပင့်ကူမျှင်ကဲ့သို့ သေးငယ်သော အက်ကြောင်းများ ပေါ်လာပြီး လျင်မြန်စွာ ပျံ့နှံ့သွားသည်။ ထိုစဥ် သူ့ကို အထင်မှားပြီး အနီးနားရှိ ပြည်သူများသည် အမြင့်မြတ်ဆုံး သခင်၏ အန္တရာယ်ကို ခံရမည်ကို စိုးရိမ်သဖြင့် ကြောက်ရွံ့ကာ ဆုတ်ခွာသွားကြသည်။

နောက်အခိုက်၌ မမြင်နိုင်သော နံရံတစ်ခုက လျိုဝူရွှမ်းကို လူအုပ်နှင့် ခွဲထားလိုက်သလိုပင်။

"ဟားဟား... ငါကဒါနဲ့ပဲ တကယ်ထိုက်တန်တယ်..."

သူသည် ချင်းယန်၏ အစောပိုင်းမေးခွန်းများကို ပြန်အမှတ်ရပြီး ပိုရှက်လာမိသည်။

"သာမန်ပြည်သူတွေကို ရည်စူးထားတဲ့ အဓိပတိ မဟာမိတ်အဖွဲ့ပေမယ့် မြှားနတ်ဘုရားကိုတောင် မကာကွယ်နိုင်ကြဘူး"

မြှားနတ်ဘုရားကို အဓိပတိမဟာမိတ်မှာ ပါဝင်ဖို့ စိတ်ရင်းမှန်နဲ့ ဖိတ်တဲ့အခါက သူ့ကို ကာကွယ်နိုင်တယ်လို့ ကြွားခဲ့သေးသည်။ ဒါပေမယ့် နတ်ဆိုး ရောက်လာတဲ့အခါ သူက ကိုယ့်ရာထူးကို စိတ်ပူပြီး အရှက်တကွဲဖြင့် ထွက်သွားခဲ့၏။

ဒီမှာ ဖြစ်ပျက်နေတာတွေက တကယ့်ကို ကမောက်ကမပါပဲ။

လျိုဝူရွှမ်း အတွေးများ ဝေ့ဝဲကာ ရှေ့သို့ ဖြည်းညှင်းစွာ လျှောက်သွားနေစဥ် သူ့မျက်လုံးထောင့်မှ တစ်ချက်ကြည့်လိုက်သည်။ လင်မော့ဖုန်း ရေကန်ဘေးမှာ ရပ်နေတာ သတိထားမိလိုက်သည်။

သူသည် ကမ်းစပ်တွင်ရပ်နေပြီး အဘိုးကြီးလီအား ထောက်မကာ နှစ်သိမ့်ပေးနေသည်။

"ရှောင်လင်"

လျိုဝူရွှမ်း အသက်ပြင်းပြင်းရှူရင်း ဖြည်းညှင်းစွာ ရှေ့ကို လျှောက်လာပြီး။

"ငါ မင်းနဲ့ ဆွေးနွေးစရာတစ်ခုရှိတယ်"

သူပြောသည့်အတိုင်း လက်ကို ဝှေ့ယမ်းကာ အနီးနားရှိလူအားလုံးကို သီးခြားခွဲထားလိုက်သည်။ ခိုးနားထောင်သူများကို တားဆီးရန် ကြယ်စွမ်းအင်ကို ထုတ်လွှတ်လိုက်သည်။

"ကျေးဇူးပြုပြီး သွားပါတော့.."

လင်မော့ဖုန်းသည် လျိုဝူရွှမ်း ချဉ်းကပ်လာသည်ကို ကြည့်ပြီး သူ့မျက်နှာမှာ ထုတ်ဖော်မပြဘဲ အသံတိုးတိုးဖြင့် ပြောလိုက်သည်။

"ကျွန်တော်တို့မှာ မြန်မြန်ဖြေရှင်းရမယ့် ကိစ္စတွေအများကြီးရှိတယ်... အချိန်တွေ ကုန်နေပါပြီ..."

အေးစက်စက်အသံနဲ့ သူက လျိုဝူရွှမ်းကို ကြည့်ပြီး သူစိမ်းတစ်ယောက်ကို ကြည့်နေသလိုမျိုး သူ့မျက်လုံးတွေက လေးစားမှု ကင်းမဲ့နေသည်။

"ငါ..."

ဒါကိုကြားရတဲ့ လျိုဝူရွှမ်းမှာ စကားမပြောနိုင်တော့ဘဲ သူ့အပြစ်ရှိစိတ်က ပိုပြင်းထန်လာတော့သည်။

ရှောင်လင် သူ့အပေါ် လျစ်လျူရှုခြင်းမှာ နားလည်နိုင်သည်။ ကျန်းဟိုင်ဓားနတ်ဘုရားရဲ့ ဆက်သွယ်မှုကို ထုတ်ဖော်ဖို့ သူ့ကို အရင်က အတင်းအကြပ် မခိုင်းခဲ့ဘူးဆိုရင် ဒီအဖြစ်ဆိုးမျိုး ဖြစ်လာမှာ မဟုတ်ချေ။

အစမှအဆုံးအထိ လူငယ်လေးသည် ကျန်းဟိုင်မြှားနတ်ဘုရား၏ သေဆုံးမှုအတွက် မလွှဲသာမရှောင်သာတာဝန်ကို ထမ်းဆောင်ခဲ့ရသည်။ လျိုဝူရွှမ်း ဘာမှမပြောနေဘဲ မှတ်စုစာအုပ်တစ်အုပ်ကို ဆွဲထုတ်ပြီး ပေးအပ်လိုက်၏။

လင်မော့ဖုန်း မျက်မှောင်ကြုတ်ပေမယ့် ယူဖို့ လက်မလှမ်းလိုက်ချေ။

"ဒါကဘာလဲ?"

"ဒါက မြှားနတ်ဘုရားအတွက် ငါ့လျော်ကြေးပဲ"

လျိုဝူရွှမ်း တုန်လှုပ်နေသော်လည်း သူ့ကိုယ်သူ ငြိမ်သက်အောင် ကြိုးစားနေသည်။

"ဒီစာအုပ်က ငါ့ရဲ့ တစ်သက်တာ လေးပစ်အတွေ့အကြုံကို မှတ်တမ်းတင်ထားတာ... အဲဒီကလေး ချင်းယန်ဆီကို ယူသွားပေးပါ..."

"ကျနော်က သွားပေးရမယ်?"

ဒါကိုကြားတော့ လင်မော့ဖုန်း မျက်နှာက ရုတ်တရက် အေးစက်သွားသည်။

"အကြီးအကဲ... ကျနော် အဲလိုမလုပ်နိုင်တာ တောင်းပန်ပါတယ် ခင်ဗျားတကယ် ပြင်ချင်ရင် သူ့ကို ကိုယ်တိုင်သာ သွားပြောလိုက်ပါ... ကျနော်အခု ချင်းယန်ကို တွေ့ဖို့တောင် ရှက်နေပြီ"

အကယ်၍ သူကသာ ချင်းယန်၏ အထောက်အထားကို မဖော်ထုတ်ခဲ့ပါက အကြီးအကဲ မြှားနတ်ဘုရားက ဤကံကြမ္မာကို ခံစားရမည် မဟုတ်ပါ။

"..."

လျိုဝူရွှမ်းလည်း တိတ်ဆိတ်သွားသည်။ ထိုစကားကို ကြားပြီးနောက် သူ့နှလုံးသားက နာကျင်သွားပြန်သည်။ ခေါင်းမာသော ထိုလူငယ် ချင်းယန်၏ မျက်နှာက သူ့စိတ်ထဲတွင် တောက်ပနေသည်။ မြားနတ်ဘုရား၏ တူဖြစ်သောကြောင့် ယခုအချိန်တွင် အလွန်ဝမ်းနည်းနေလိမ့်မည်။ ချင်းယန်ကို ဖိသိပ်ပြီး အတင်းအကြပ် သတင်းမေးခဲ့ပေမယ့် လူငယ်က နောက်ဆုတ်မယ့် အရိပ်အယောင်တောင် မပြခဲ့ပါဘူး။

အခု မြှားနတ်ဘုရားက ကွယ်လွန်သွားပြီ ဆိုတော့ သူ့သားမြေးတွေကို ဘယ်လိုရင်ဆိုင်ရမှာလဲ။

"အကြီးအကဲ လျိုဝူရွှမ်း..."

ဤအခိုက်အတန့်တွင် လူအိုလီသည် သူ၏ဝမ်းနည်းပူဆွေးမှုကို ဖြေလျှော့ကာ ထွက်လာ၏။

"မငိးရဲ့ခွန်အားက မင်းကို အကြီးတန်းတစ်ယောက်အနေနဲ့ အရည်အချင်း ပြည့်မီပေမယ့် ငါက မင်းထက်အသက်ကြီးတယ်.. ငါပြောစရာရှိလို့ ရမလား"

"ပြောပါ... နားထောင်နေပါတယ်"

"ကောင်းပြီလေ ငါမင်းကိုနည်းနည်း ပြောမယ် ကြမ်းတမ်းတယ်လို့ ထင်ရလိမ့်မယ်... ဒါပေမယ့် ရိုးရိုးသားသား အကြံပေးချက်က နားထောင်ရခက်တာမို့ ငါ့ကို အပြစ်မတင်ပါနဲ့...ဒီနေ့ အဖြစ်အပျက်တွေက မင်းကြောင့် ဖြစ်သွားတာတွေ အများကြီးပဲ.. ဒါပေမယ့် အခု မြှားနတ်ဘုရားက ထွက်သွားပြီဆိုတော့ နောက်ထပ် ပြောစရာ မရှိပါဘူး... နောက်ဆုံး ချင်းယန်ကို လူချင်းတွေ့လိုက်တာ အကောင်းဆုံးပါပဲ... ရလဒ်က ဘာပဲဖြစ်နေဖြစ်နေ မင်းရှင်းပြဖို့ လိုလိမ့်မယ်"

"ငါ..."

ထိုအချိန်တွင် လျိုဝူရွှမ်းရဲ့ အမူအရာလည်း ရပ်တန့်သွားသည်။ သူထပ်မပြောတော့ဘဲ သက်ပြင်းချကာ ချင်းယန်၏မျက်နှာကို မြင်ယောင်ကြည့်လိုက်သည်။ မြှားနတ်ဘုရား သေသွားတာကို အခုပဲ တိုက်ရိုက် ထုတ်လွှင့်နေမှုကနေ သူကြည့်မယ်ဆိုရင် ငိုပြီး ညည်းတွားနေသင့်တယ် မဟုတ်လား။

  ………

ဖုဟိုင်ဗီလာ လူနေရပ်ကွက်ထဲမှာ။

ဆိုဖာပေါ်တွင် ဆံပင်ဖြူဖြူ ကောင်မလေးတစ်ယောက်က ပန်းရောင်ဖုန်းလေးကို ဆုပ်ကိုင်ကာ မျက်နှာကျက်ကို စိတ်ပျက်လက်ပျက်ဖြင့် စိုက်ကြည့်နေသည်။

သူမရဲ့ မြေခွေးဘဝဟာ မျှော်လင့်ချက် မဲ့နေခဲ့ပါပြီ။ သူမရဲ့ ကိုယ်ပိုင်ငွေတွေ အကုန်ပျောက်ကြောင်း အတည်ပြုလိုက်ပြီမလို့ ယခုအချိန်မှစ၍ သူမသည် သူ့သခင်ဘက်သို့ ပြန်သွားပြီး နှိမ့်ချသော မြေခွေးကျွန် ပြန်ဖြစ်လာတော့မည်။

"ကျစ်! ဘာဖြစ်နေတာလဲ?"

ချင်းယန် ရှောင်ပိုင်ရဲ့ဘေးမှာထိုင်ပြီး သူမပါးကို ဆွဲဖိလိုက်သည်။

"ဘယ်လိုလဲ? သခင့်ရဲ့စွမ်းဆောင်မှုက အံ့သြစရာကောင်းတယ်မလား! ကိုယ့်ကိုကိုယ် ဖောက်ခွဲမယ်လို့ ပြောခဲ့သားပဲ... မင်းကို မနောက်ပါဘူး!"

All Chapters