← Chapters

လျိုဝူရွှမ်းရဲ့လျော်ကြေး

Vol. 15 Ch. 222

လျိုဝူရွှမ်းရဲ့လျော်ကြေး

Vol. 15 Ch. 222

"...သခင်... သူများ အရမ်းဝမ်းနည်းနေတယ်"

ရှောင်ပိုင် သူ့ဖုန်းကို ဆုပ်ကိုင်လျက် ဆိုဖာပေါ်မှ ဆင်းကာ ကော်ဖီ စားပွဲဆီသို့ ရောက်သွားသည်။ မျက်နှာကို တစ်ရှူးဖြင့် သုတ်ပြီးမှ ဆိုဖာပေါ် ပြန်လှဲချလိုက်သည်။ ဖြစ်ပျက်ခဲ့တာတွေကို တွေးရင်း ဝမ်းနည်းလာပြန်တာကြောင့် တစ်ရှူးတွေက စိုစွတ်လာပြန်၏။

ငါ့ရဲ့ ပြောင်းလဲမှု အသေးအမွှားလေးတွေ အားလုံး ပျောက်ကုန်ပြီ...

အဲဒါက ငါ ခက်ခက်ခဲခဲ သိမ်းထားခဲ့ရတဲ့ ကိုယ်ပိုင်ငွေစုလေးတွေ...

သူမသည် မူလက အခြေအနေတွေကို ကြိုးကိုင်ဖို့ လှည့်ပြီး ငွေကြေးနဲ့ လွတ်လပ်ခွင့်ကို ပြန်ရရှိအောင်လုပ်ဖို့ စိတ်ကူးထားခဲ့တာ။

ဒါပေမယ့် မမျှော်လင့်ထားခဲ့ဘူး။ သခင်က မိမိကိုယ်ကို ဖျက်ဆီးဖို့ သဘောတူထားသော်လည်း စည်းမျဉ်းများအတိုင်း မကစားခဲ့ပါ။

"ဘာတွေ ဝမ်းနည်းစရာရှိလို့လဲ.. အဲဒါက ကိုယ်ပွားတစ်ခုပဲဟာ"

ချင်းယန် လက်နှစ်ဖက်ကို ဖြန့်ပြီး ဆိုဖာပေါ် သာယာငြိမ့်ညောင်းစွာ လှဲချလိုက်သည်။ ရှောင်ပိုင်၏ လျှို့ဝှက်အဓိ ပ္ပာယ်ကို သူ မသိလိုက်ပါဘဲ သူမကို တိုက်ရိုက် နှစ်သိမ့်ပေးနေမိသည်။

"ဘာလဲ ငါ့ကိုယ်ငါ ပျက်စီးပြီးပြီး မဟုတ်ဘူးလား ငါ့ကတိကို ငါသေချာ လိုက်နာပါတယ်"

"မဟုတ်ဘူး...မဟုတ်ဘူး..."

ရှောင်ပိုင် သူ့နှုတ်ခမ်းတွေကို ဖွဖွကိုက်ရင်း။

"အဲဒီလို ဆိုလိုတာမဟုတ်ဘူး..."

ဒါက ဇာတ်ညွှန်းအတိုင်း မဟုတ်တာ အသိသာကြီး။ စောစောကသာ ကိုယ့်ကိုကိုယ် ဖျက်ဆီးခဲ့မယ်ဆိုရင် ဒီနတ်သမီးက ငွေရေးကြေးရေးနဲ့ လွတ်လပ်ခွင့်ကို ရပြီ။

"ဟုတ်ပြီ... မငိုနဲ့တော့...."

ချင်းယန် ဆယ်ယွမ်ကို ထုတ်ပြီး ရှောင်ပိုင်ရဲ့ ဗိုက်ကို ပုတ်၍ ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။

"ဒါက မင်းအတွက် ဆုငွေနည်းနည်း"

"ယွမ် ၁၀!?"

ရှောင်ပိုင် ခဏလောက် ထိတ်လန့်သွားပြီး ပိုက်ဆံကို အမြန်ယူလိုက်သည်။ သူမ၏ မျက်လုံးများ မှိန်မှိန်လေး တောက်ပလာပြန်သည်။

"ကျေးဇူးတင်ပါတယ် သခင်!"

တွက်ကြည့်တော့လည်း ယွမ် ၁၀ကလည်း ပိုက်ဆံပင်။ ဖြည်းဖြည်းချင်း စုနေသရွေ့ သူ့လျှို့ဝှက်ငွေစာရင်းက နောက်ဆုံးမှာ ပြည့်တော့မှာ မဟုတ်ဘူးလား။

သူမ တွေးနေစဥ် ပြတင်းပေါက် အပြင်ဘက်တွင် ရုတ်တရက် လှိုင်းလုံးကြီး ထွက်ပေါ်လာသည်။

"ဟမ်?"

ချင်းယန် မျက်မှောင်ကြုတ်ပြီး တည်ရှိနေသူကို သတိထားမိလိုက်သည်။

"လူကြီးမင်းလျိုက ဘာလို့ဒီမှာ ရှိနေတာလဲ"

သူနောက်ဆုံးရောက်တာ သိပ်မကြာလိုက်ချေ။ ဒီတစ်ခေါက် သူ့အစီအစဉ်က ဘာဖြစ်ဦးမှာလဲ။

"ထားပါတော့ အခုချက်ချင်း ဖြေရှင်းလိုက်တာပေါ့"

ချင်းယန် ရှောင်ပိုင်ကို တစ်ချက်ကြည့်လိုက်ပြီး။

"မင်းရဲ့သရုပ်ဆောင် စွမ်းရည် အခုတလော တိုးတက်လာပြီလား?"

"ဒါပေါ့... အရင်တစ်ခေါက် ပြီးကတည်းက စာအုပ်ကို နေ့တိုင်းဖတ်တယ်... နှစ်ကြိမ်ဖတ်ပြီး အဓိကအချက်တွေ အကုန်လုံးကို အလွတ်ကျက်ပြီးပြီ..."

ရှောင်ပိုင်သည် "သရုပ်ဆောင်တစ်ဦး၏ ကိုယ်တိုင် ပျိုးထောင်ခြင်း" ကို ထုတ်နှုတ်ပြီး သူမ၏ လက်ချောင်းများကို တံတွေးစွပ်ကာ သူမ နောက်ဆုံးဖတ်ခဲ့သည့် အပိုင်းသို့ လှည့်သွားသည်။ စာအုပ်အလယ်ပင် ရောက်နေပြီ..

"သခင်...ဒီနတ်သမီး ဘယ်လို စွမ်းဆောင်နိုင်မလဲဆိုတာ စောင့်ကြည့်လိုက်ပါ ဟီးဟီး..."

….

…

ဗီလာအပြင်ဘက်တွင်တော့ အရုဏ်ဦးက တဖြည်းဖြည်း မြင့်တက်လာသည်။ လျိုဝူရွှမ်း ဖုဟိုင်ဗီလာ လူနေရပ်ကွက်ထဲက ချင်းယန်၏ တည်နေရာဆီသို့ အမြန်သွားခဲ့သည်။ စိုးရိမ်ပူပန်မှုများသည် သူ့နှလုံးသားထဲ တိုးဝင်လာပြီး မည်သို့ ရင်ဆိုင်ရမည်ကို မသေချာတော့ပေ။

နောက်ဆုံးတော့ သူဟာ ချင်းယန်ရဲ့ ဆရာဦးလေးကို သတ်ခဲ့သူမလို့ ချင်းယန်က သူ့ကို မုန်းနေရမယ် မဟုတ်လား ?

အခု သူဘယ်လိုရှင်းပြရမလဲ။

အချိန်အတော်ကြာ တုံ့ဆိုင်းနေပြီးနောက် လျိုဝူရွှမ်း နောက်ဆုံးတွင် ချင်းယန်အိမ်ထိပ်သို့ ရောက်ရှိလာပြီး အသံမက်ဆေ့ခ်ျတစ်စောင် ပေးပို့ခဲ့သည်။

"ချင်းကောင်လေး.. ကျေးဇူးပြုပြီး ထွက်လာပြီး စကားပြောလို့ရမလား"

တုံ့ပြန်မှုမရှိ။ ဗီလာက လူသူကင်းမဲ့နေပုံရသည်။ နံနက်ခင်းတွင် ငှက်ကလေးတွေ တေးဆိုကြပေမယ့် ခြံဝင်းထဲတွင် ပန်းများနှင့် အပင်များက တိတ်ဆိတ်ငြိမ်သက်မှုကို ပိုလို့ပင် တုန်လှုပ်စေခဲ့သည်။

အခန်းတွင်းမှ ထူးဆန်းသော ကြယ်စွမ်းအားများ ထွက်ပေါ်လာသည်။ အားနည်း၍ မတည်မငြိမ်ဖြစ်သော လေထဲတွင် ဖယောင်းတိုင် တစ်တိုင် ရှိနေသလို၊ အချိန်မရွေး မှိန်သွားတော့မလိုပင်။

"ဒီကလေး ဒီလောက် စိတ်မကောင်းဖြစ်နေတာလား"

လျိုဝူရွှမ်းသည် ဤရောင်ဝါအတက်အကျကို တွေ့ရှိခဲ့ပြီး ချက်ချင်းပင် ပို၍ စိုးရိမ်လာခဲ့သည်။ ကျန်းဟိုင့ မြားနတ်ဘုရား၏ သေဆုံးမှုသည် ချင်းယန်အပေါ် ပြင်းထန်သော အကျိုးသက်ရောက်မှု ရှိပုံရသည်။

အခု ကျန်းဟိုင် မြားပစ်နတ်ဘုရားက မရှိတော့ပြီ။ သူ့တူကို ဒီအတိုင်းထားပြီး ထွက်သွားရင် ညလယ်မှာ နိုးလာတိုင်း မျက်နှာကို ပါးလာရိုက်မှာ ကြောက်ရ၏။

သူသည် ခြံဝင်းထဲသို့ ချက်ချင်းဆင်းလာပြီး အိမ်ထဲသို့ ကျယ်လောင်စွာ အော်ပြန်သည်။

"ကောင်လေး ထွက်လာခဲ့ပါ! မင်းအဲဒီမှာရှိနေတာ ငါသိတယ် ပုန်းမနေနဲ့ ငါတို့ ဆွေးနွေးကြရအောင် မင်းစိတ်တွေ မပျံ့လွင့်စေနဲ့!"

စကားဆုံးတော့ ခြံဝင်းထဲ တိတ်ဆိတ်သွားသည်။.အိမ်အတွင်းမှ တုံ့ပြန်မှု မရှိသေးပေ။ လျိုဝူရွှမ်း ပို၍ပင် စိုးရိမ်လာကာ ရှေ့သို့ ခြေတစ်လှမ်းတိုးကာ အိမ်ထဲသို့ ဝင်ရန် အသင့်ဖြစ်နေပြီဖြစ်သည်။

တခြားအရာအားလုံးကို ဖယ်ထားလိုက်ကြရအောင်။ ဒီကလေးကို မိုက်မဲအောင် လုပ်ခွင့်ပေးလို့ မရဘူး။

ခြံတံခါး ရုတ်တရက် ပွင့်လာသဖြင့် လျိုဝူရွှမ်း ခေတ္တရပ်လိုက်သည်။ တံခါးဆီသို့ လှမ်းကြည့်ရင်း နှလုံးခုန်သံက ခုန်ပေါက်သွားသလို ခံစားလိုက်ရသည်။ အဖြူရောင် ၀တ်စုံဝတ်ဆင်ထားသော ချင်းယန် မှန်တံခါးကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။ သူ့ဆံပင်တွေက ပွထနေပြီး မျက်လုံးတွေက နီရဲနေ၏။

"လူကြီးမင်း ခင်ဗျား ဒီမှာဘာလုပ်နေတာလဲ"

"ငါ..."

လျိုဝူရွှမ်းမှာ သူ့ကို ဘယ်လိုနှစ်သိမ့်ရမလဲ မသိအောင် အခက်တွေ့သွားသည်။

"အဆင်ပြေရဲ့လား"

"ဟဲ....ကျနော့်ခံစားချက်လား?"

ချင်းယန် ခေါင်းကို ပြင်းပြင်းထန်ထန် ခါလိုက်ပြီး သူ့အသံက ကျီးတစ်ကောင်လို ဆူညံသွားသည်။

"ဒါက တကယ်အရေးမကြီးဘူးမလား အကြီးအကဲရေ...ကျနော့်ခံစားချက်တွေက ဦးလေးရဲ့ ခံစားချက်နဲ့ ယှဉ်လို့မရဘူး"

သူစကားပြောနေစဉ် မျက်လုံးကို မော့ကြည့်ကာ ပင်ပန်းနေကြောင်း ပြသနေ၏။

"ငါ..."

လျိုဝူရွှမ်းလည်း ချင်းယန်မျက်နှာကို မကြည့်ဝံ့တော့ဘဲ ခေါင်းကို ငုံ့ထားလိုက်သည်။

"ဒါက နည်းနည်းတော့ ရှုပ်ထွေးသွားပါတယ်... ငါ ခေါင်းမာမိတာကို မင်း အပြစ်တင်ရင်လည်း ဝန်ခံပါတယ်"

"မဟုတ်ဘူး"

ချင်းယန် ခါးခါးသီးသီးနဲ့ :“ကျွန်တော်ကသာ အပြစ်တင်ခံသင့်တာပါ....ဒီစကားကိုသာ ဦးလေးဆီ ပြန်မပို့ရင် ဒီလိုဖြစ်မှာ မဟုတ်ဘူး... ကျနော် မထိန်းထားနိုင်လို့ပါ..."

စကားတွေ ကျလာပြီးနောက် လျိုဝူရွှမ်းမှာ ပို၍ပင် အပြစ်ရှိသလို ခံစားလာရသည်။

မျိုးဆက်သစ်လူငယ်တွေကို နှိမ့်ချခိုင်းတာ သူ့အပြစ်ပင်။ ယခု ချင်းယန်၏ ဝန်ခံချက်ကို နားထောင်ရင်း စကားလုံးတိုင်းက သူ့ကို ပြင်းပြင်းထန်ထန် ထိခိုက်စေခဲ့သည်။ ကျန်းဟိုင်မြှားနတ်ဘုရား အပေါ်မှာလည်း အပြစ်ရှိတယ်လို့ ခံစားမိလာလေသည်။

"ဒါက မင်းနဲ့မဆိုင်ပါဘူး..."

လျိုဝူရွှမ်း တိုးတိုးလေးပြောပြီး သူ့နှလုံးသားက အနည်းငယ် တုန်လှုပ်သွားသည်။

"ကိစ္စတွေက အရမ်းရှုပ်ထွေးတယ်..."

ရုတ်တရက်!

ပြင်းထန်သော လူသတ်ချင်သည့် ရောင်ဝါများ ကျဆင်းသွားသည်။ ကြယ်သားရဲ၏ စိတ်ကြွရောင်ဝါသည် ကောင်းကင်သို့ ပျံတက်သွားပြီး လျိုဝူရွှမ်းဆီသို့ ဖုံးအုပ်လာ၏။

"လူဆိုးကြီး နင်က ပြန်လာရဲသေးတယ်ပေါ့?"

ရှောင်ပိုင် မျက်ရည်များ စီးကျကာ လက်ထဲတွင် တံမြက်စည်းကို ဆွဲထုတ်လျက် ချင်းယန်နောက်ကွယ်မှ ခုန်ထွက်လာကာ ပြင်းပြင်းထန်ထန် သတ်ဖြတ်မလို့ ပြင်နေတော့၏။

"ဒီလောက်ရက်စက်ရလား?"

ချင်းယန် အံ့ဩသွားပြီး ရှောင်ပိုင်လက်ကို အလိုလို ဆုပ်ကိုင်ထားလိုက်သည်။

"လျှောက်မလုပ်နဲ့ ရှောင်ပိုင်...."

"ငါ့ကိုလွှတ်!"

ရှောင်ပိုင်သည် ချင်းယန်လက်ကို နောက်ပြန်ဆုပ်ကိုင်လိုက်ပြီး သူမခါးမှာ ပတ်ထားလိုက်သည်။ သူမကို ချင်းယန် ဆွဲထားကြောင်း အာမခံပြီးနောက် အစွမ်းရှိသမျှ ပြေးထွက်သွားတော့၏။

"ဒီကောင်ကို ငါ သတ်ပစ်မယ်! ဒုတိယသခင်က သူ့ကြောင့်သေသွားတာ!... သခင် ငါ့ကို မတားပါနဲ့ ငါ လက်စားချေချင်တယ်!"

သူမပြောနေပေမယ့် ချင်းယန် တကယ်ပဲ လွှတ်ချလိုက်မှာကို ကြောက်လို့ သူမခါးကလက်ကို တင်းကျပ်စွာ ပြန်ဆုပ်ကိုင်ထားသေးသည်။

"..."

ချင်းယန်ပါးစပ်ထောင့်က လှုပ်ယမ်းသွားသော်လည်း သူ့ကို တိုက်ရိုက် မရင်ဆိုင်နိုင်ပေ။ ရှောင်ပိုင်ရဲ့ ချုပ်ကိုင်မှုက သူ့ကိုယ်ပိုင်အားထက်တောင် ပိုပြင်းထန်နေသေးသည်။ သူမကို ဆွဲထားဖို့အနေသာ တကယ်တမ်းကျ သူမကသာ သူ့ကို ချုပ်နှောင်ထားသူပင်။

"ကျစ်! သုံးရက်တည်းနဲ့ မြေခွေးလေးရဲ့ သရုပ်ဆောင်မှုစွမ်းရည်က တကယ်ကြီး တိုးတက်လာတာပဲ..."

ချင်းယန် သူမကို အနည်းငယ် ငုံ့ကြည့်ကာ လျိုဝူရွှမ်းရဲ့ တုံ့ပြန်မှုကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။ ရှောင်ပိုင် အမူအရာက ခါးသီးပြီး ရုပ်ဆိုးနေသည်။ သူ့ဘေးတစ်ဖက် တစ်ချက်မှာတော့ လျိုဝူရွှမ်းရဲ့ မျက်နှာဟာ ဖွေးဖွေးလှုပ်နေ၏။ ရှောင်ပိုင်ရဲ့ စကားကြောင့် အရှက်ပင်လယ်ထဲ ပျောက်ကွယ်သွားသလိုပင်။

အဓိကအချက်ကတော့ သူဘယ်လိုပဲ အပြစ်တင်ဖို့ ကြိုးစားနေပါစေ အဓိကက သူ့ကြောင့် ဖြစ်သွားတာပင်။ ရှောင်ပိုင်ပြောတဲ့ စကားတိုင်းဟာ လျိုဝူရွှမ်းရဲ့ နှလုံးသားကို သံတူနဲ့ ထူနေသလိုပါပဲ။ မဆုတ်မနစ်သော ဖိအားကြောင့်သာ မဟုတ်ပါက သူ့တပည့်နှစ်ယောက်ကို ဘယ်လိုလုပ် ဒုက္ခရောက်စေပါ့မလဲ။

"ငါ..."

လျိုဝူရွှမ်း တုန်လှုပ်သွားပြီး ခံစားချက်တွေ ပိုပြင်းထန်လာသည်။

"သခင် ငါ့ကိုလွှတ်! ဝူးဝူး"

ဒါကိုမြင်တော့ ရှောင်ပိုင် မျက်ရည်တွေကျလာပြီး ချင်းယန်လက်နှစ်ဖက်ကို ပြိုလဲကျကာ မျက်နှာကို ဖွက်ထားလိုက်သည်။ ထို့နောက် ပိုင်မိသားစု၏ ဖျော်ဖြေမှုကြီး စတင်တော့၏။

"ဝူးဝူး..."

ငိုရှိုက်သံများသည် တောင်တန်းများတစ်လျှောက် လွင့်ပျံနေသော မြူခိုးများကဲ့သို့ ပျံ့သွားသည်။

"ဒုတိယသခင်ကို သတ်ခဲ့တာ ဒီလူကြမ်းပဲ... အခု ပထမနဲ့ ဒုတိယသခင်တွေ ဆုံးပါးသွားပြီ... သခင် ကျွန်မတို့မှာ အားကိုးဖို့ သခင်နဲ့ ကျွန်မပဲ ကျန်တော့တယ်... ကျွန်မတို့ ဘာလို့ ဒီလောက်တောင် စိတ်ဆင်းရဲနေရတာလဲ"

သူမ စကားပြောနေစဉ် ခေါင်းကို နောက်ပြန်လှည့်လိုက်ပြီး ညာဖက်မျက်လုံးကို အရူးအမူး မှိတ်ပြရင်း အရိပ်အမြွက်မျိုး ပြနေသည်။

"မြန်မြန်လုပ်လေ သခင်!!!"

ဤသည်မှာ နောက်ကြောင်းပြန် ဒရာမာတွင် အရေးကြီးသော အခိုက်အတန့်ဖြစ်သည်။

ချင်းယန်ကလည်း ရှောင်ပိုင်ခေါင်းကို ရင်ဘတ်နှင့် နီးကပ်စွာ ပွေ့ဖက်ကာ လျင်မြန်စွာ အုပ်ထားလိုက်သည်။

"အခုချိန်ကစပြီး ငါ့ဦးလေးရဲ့ အကာအကွယ်မပါဘဲ ဒီနတ်ဆိုးတွေ တိုက်ခိုက်လာရင်တောင် မင်းကို ငါကာကွယ်မယ်..."

"..."

ဒါကိုမြင်တော့ လျိုဝူရွှမ်းရဲ့လက်တွေ တုန်လှုပ်သွားတော့သည်။ သူ၏ နောက်ဆုံး စိတ်ပိုင်းဆိုင်ရာ ခုခံကာကွယ်မှုများ လုံးလုံးလျားလျား ပြိုလဲသွားပြီး ခံစားချက်များက ဒီလှိုင်းကဲ့သို့ ပေါက်ကွဲထွက် လာသည်။

ဟုတ်တယ်!

မြှားဘုရားရဲ့ အကာအကွယ်မပါဘဲ ဒီသခင်နဲ့ သားရဲကျွန်က ဘယ်လို ရှင်သန်မလဲ။

သားရဲနတ်အရှင်နဲ့ ဒီလိုရန်ပွဲက ပေါ်လာရင် ၎င်းတို့က ချင်းယန်တို့ကို နေ့ရောညပါ လိုက်ဖမ်းနေကြမှာပဲ ကြောက်ရသည်။

အထူးသဖြင့် ထိုမြေခွေးကလေး။

သားရဲနတ်အရှင် ဂိုဏ်းဝင်တွေရဲ့ လက်ထဲရောက်သွားရင် သူမရဲ့ အရေခွံနဲ့ အရိုးတွေကို ထုတ်ကာ သားမွေးအင်္ကျီ ဖြစ်အောင်လုပ်ပစ်မှာ စိုးရိမ်ရ၏။

"မင်းတို့...."

ဒါကိုတွေးပြီး လျိုဝူရွှမ်း ခဏလောက် ငြိမ်သွားခဲ့သည်။ ထို့နောက် သူသည် သူ့ကြယ်လက်စွပ်မှ လေးပစ်လက်စွဲစာအုပ်ကို ဆွဲထုတ်ပြီး သူ့ကြယ်စွမ်းအားကို အသုံးပြုကာ ချင်းယန်အား ပေးလိုက်သည်။

ရွှေတံဆိပ်တစ်ခုလည်း ပါဝင်သေးသည်။

"ဘာလဲ?"

ချင်းယန် သူ့အသံကို ခပ်နိမ့်နိမ့်ထားပြီး လွင့်နေသော အရာဝတ္တုကို သတိထား ကြည့်နေမိသည်။

"ဒါကဘာအတွက်ပေးတာလဲ"

"ဒါ... မင်းအတွက် ငါ့လျော်ကြေးငွေလို့ သတ်မှတ်ပေးပါ.."

လျိုဝူရွှမ်း သူ့စိတ်ခံစားချက်ကို မမြင်ချင်ယောင်ဆောင်ကာ နောက်ပြန်လှည့်လိုက်သည်။ သူက တုန်တုန်ယင်ယင်အသံနဲ့။

"ဒီရွှေတံဆိပ်က ငါ့ရဲ့သစ္စာစောင့်သိမှုရဲ့ သင်္ကေတတစ်ခုလိုပါပဲ... မင်း ဒုက္ခရောက်ခဲ့ရင် ကြယ်သိုင်းရဲစခန်းက ဦးစီးချုပ်ဆီကနေ အကူအညီတောင်းဖို့ ဒါမှမဟုတ် ငါ့ကို ဆက်သွယ်ဖို့ တံဆိပ်ပြားကို အမြဲတမ်း သုံးနိုင်တယ်... မင်းရဲ့တောင်းဆိုမှုကို ငါ လိုက်လျောပေးမယ်!"

"ဟမ့်... ခင်ဗျားက ကျနော့်ဦးလေးကို ဒုက္ခရောက်အောင် လုပ်သွားတာလေ... ဒီလောက်နဲ့ ပြီးသွားပြီထင်လား"

ချင်းယန် သူ့လက်ကို တွန်းလိုက်သည်။

"ကျနော် ဂရုမစိုက်ဘူး!"

ပါ့!

လျှို့ဝှက်စာအုပ်နှင့် ရွှေတံဆိပ်သည် မြက်ခင်းပြင်ပေါ်သို့ တိုက်ရိုက် ပြုတ်ကျသည်။

"..."

လျိုဝူရွှမ်း၏ မျက်နှာမှာ အေးခဲသွားသည်။ တစ်ခုခုပြောရန် ပါးစပ်ကိုဖွင့်ထားသော်လည်း နောက်ဆုံးတွင်တော့ တိတ်ဆိတ်နေခဲ့သည်။ သူ့ကိုယ်သူ အပြစ်ရှိတယ်လို့ ခံစားနေရဆဲမို့ ချင်းယန် ဘာပဲပြောပြော လက်ခံရမှာပင်။

"ဒီသင်္ကေတက ငါ့ဆီက ကျေးဇူးဆပ်မှုတစ်ခုပါ... လိုချင်သည်ဖြစ်စေ မလိုချင်သည်ဖြစ်စေ မင်းအပေါ်မှာပဲ မူတည်တယ်"

လျိုဝူရွှမ်း ခေါင်းယမ်းလိုက်သည်။ ထိုသို့ပြောပြီးနောက် ခြံဝင်းထဲမှ ထွက်သွားကာ လူနေရပ်ကွက်ထဲမှ အမြန်ထွက်သွားခဲ့သည်။

.....

"သခင်...သူ သွားပြီလား"

ချင်းယန်ရဲ့ခါးမှာပတ်ထားတဲ့ တိုးတိုးလေး ပြောလိုက်ပါ၏။

"အခုဆင်းလို့ရမလား ဒီအနေအထားက ပင်ပန်းတယ်"

"သူသွားပြီ... အခုဆင်းလို့ရပြီ"

ချင်းယန် ရှောင်ပိုင်ကို ကောက်ကိုင်လိုက်ပြီး ဘေးသို့ ပစ်ချလိုက်သည်။ ပြီးနောက် သူ့အဝတ်အစားတွေကို ချွတ်လိုက်ကာ။

"မင်း နှပ်ချေးတွေရော မျက်ရည်တွေရော ကျထားတာ... သွားဆေးပေး"

"အိုး-"

ရှောင်ပိုင် အဝတ်အစားများကိုယူကာ သူမမျက်နှာပေါ်တွင် ချီးမွမ်းရန် တောင်းတနေသည့် အမူအရာလေး ပေါ်လာသည်။

"ကောင်းပြီ ဒီနတ်သမီးရဲ့ စွမ်းဆောင်ရည်က မကောင်းဘူးလား... အဲဒီစာတွေ ဖတ်ထားရတာ တန်တယ်မလား!"

"မဆိုးပါဘူး မင်း သေချာပေါက် တိုးတက်နေပြီ"

ချင်းယန် တည်ငြိမ်စွာ ပြုံးလိုက်သည်။ လျိုဝူရွှမ်း မရှိတော့ကြောင်း သေချာပြီးနောက် သူသည် တံဆိပ်ပြားကို မြေပြင်မှ အလျင်အမြန် ကောက်ယူကာ ဖုန်မှုန့်များကို သုတ်လိုက်ပြီး မျက်နှာပြင်ကို လှန်လိုက်သည်။

ကြည်လင်ပြတ်သားသော သတ္တုသံက နားထဲတွင် သာယာနေ၏။

"မဆိုးဘူး!"

ချင်းယန် ကျေနပ်စွာနဲ့ သူ့အိတ်ကပ်ထဲကို ထိုးထည့်ထားလိုက်သည်။

နောက်ဆုံးတော့ ဒါက လျိုဝူရွှမ်းရဲ့ လက်ဆောင်ပဲလေ!

All Chapters