အလည်တစ်ခေါက်ရောက်ရှိလာတဲ့ ကောင်းကင်ဒဏ္ဍာရီတာအိုပညာရှင်
Vol. 8 Ch. 87
ကောင်းကင်ဒဏ္ဍာရီဂိုဏ်းတွင်
စုမင်ယန် သူ့အိမ်သို့ပြန်ရောက်လာခဲ့သည်။
နတ်ဝိညာဉ်အဆင့်တစ်ယောက်ဖြစ်သောသူ့ကို ချင်းယွင်ကျိက လူအုပ်ကြီးရှေ့တွင် မျက်နှာပေါ်တက်နင်း၍ အနိုင်ကျင့်ခဲ့သောကြောင့် သူ့ဝိညာဉ်ပြိုကွဲလုမတတ် သူဒေါသထွက်နေခဲ့၏။
ထိုအခိုက်တွင် ချင်းယွင်ကျိရှေ့၌ သူလက်တစ်ချောင်းပင် မြှောက်၍မရခဲ့ပေ။ ထိုကဲ့သို့သော အနိုင်ကျင့်ခံရမှုကြောင့် ကြောက်ရွံ့မှုက သူ့အရိုးထဲထိ စိမ့်၀င်သွားခဲ့ရသည်။
သူ့ဆရာ ကောင်းကင်ဒဏ္ဍာရီတာအိုပညာရှင်ကလည်း တာအိုပေါင်းစည်းခြင်းအဆင့်ဖြစ်ပါသော်လည်း သူ့ဆရာနှင့်ရင်ဆိုင်ရစဉ်က ထိုကဲ့သို့သော ကြောက်ရွံ့မှုမျိုး တစ်ခါမှ မခံစားဖူးပေ။
အတန်ကြာတွေးတောပြီးသည့်နောက်တွင်တော့ တံခါးပိတ်ကျင့်ကြံခြင်း၀င်နေသော သူ့ဆရာ ကောင်းကင်ဒဏ္ဍာရီပညာရှင်ကိုသွားရှာဖို့သာ သူဆုံးဖြတ်ခဲ့လိုက်၏။
ချင်းယွင်ကျိစကားများအရ ထိုသူသည် သူ့ဆရာနှင့်သိနေဟန်ရသော်လည်း နှစ်ရာချီ ဆရာတပည့်ဆက်ဆံရေးရှိလာသူများဖြစ်သောကြောင့် သူ့ဆရာကတော့ သူ့ဘက်က နေပေးလိမ့်မည်ဟု သူယုံပေသည်။
တကယ်လို့ သူ့ဆရာကသာ ထိုကိစ္စကိုဖြေရှင်းဖို့ ချင်းယွင်ကျိနှင့်ထိပ်တိုက်ရင်ဆိုင်လိုလျှင် သူတို့ကလည်း နတ်ဝိညာဉ်အဆင့်များ စုစည်း၍ အဇူရာတိမ်ဂိုဏ်းကိုသိမ်းပိုက်လိုက်ရုံသာ။
စုမင်ယန်၏တင်ပြချက်များကို ကြားပြီးသည့်နောက် ကောင်းကင်ဒဏ္ဍာရီတာအိုပညာရှင် သူ့ကိုဒေါသတကြီး ဆူပူလိုက်၏။
“မင်းတို့ကောင်တွေ တကယ်ရူးမိုက်ခဲ့တာပဲ ငါမင်းတို့ကိုဘယ်နေရာက စပြောရမလဲတောင်မသိတော့ဘူး…အဇူရာတိမ်ဂိုဏ်းဆိုတာ နှစ်ငါးထောင်သမိုင်းရှိတဲ့ ဂိုဏ်းကြီးကွ သူတို့က အခုအားနည်းနေတယ်ဆိုရင်တောင် အလွယ်တကူအနိုင်ယူလို့ရမယ့်သူတွေမဟုတ်ဘူး မဟုတ်ရင် သူတို့ရှင်းပစ်ခံလိုက်ရတာ ကြာပြီပေါ့ကွ ဘာလို့ဒီနေ့ထိ ရှိနေဦးမှာလဲ”
သူ့တပည့်များသည် အဘယ်ကြောင့် အလွန်ပြဿနာရှာရာတွင် တော်နေကြပါသနည်း။
သူတံခါးပိတ်ကျင့်ကြံတာ အချိန်ခဏလေးသာရှိပါသေးသော်လည်း သူတို့ဂိုဏ်းက ပြဿနာကြီးတစ်ခုထဲ ရောက်ရှိနေခဲ့ချေပြီ။
ကောင်းကင်ဒဏ္ဍာရီတာအိုပညာရှင် သူ့ခြေထောက်အောက်က မြေကြီးကို လက်ညိုးထိုးပြလိုက်ကာ စုမင်ယန်ကို မေးလိုက်သည်။
“ဒီကုန်းမြေတိုက်ကြီးကို ဘယ်လိုခေါ်လဲ မင်းသိလား”
“အဇူရာတိမ်ကုန်းမြေတိုက်ကြီး” စုမင်ယန် သူ့ဆရာဆိုလိုချင်သည်ကိုချက်ချင်းနားလည်သွားကာ အမြန်ပြောလိုက်၏။
“ဆရာ အဇူရာတိမ်ဂိုဏ်းက အင်အားကြီးခဲ့ပေမယ့် အဲ့တာက လွန်ခဲ့တဲ့နှစ်တစ်ထောင်ကလေ မကြာသေးခင်က ကျွန်တော်နဲ့တုန်လု အဇူရာတိမ်ဂိုဏ်းကို ရောက်ခဲ့သေးတယ် အဲ့ဒီတုန်းက ကျွန်တော်တို့ ချင်းယွင်ကျိနဲ့မတွေ့ခဲ့ပေမယ့် လင်းယွင်ကျိတို့နဲ့တွေ့ခဲ့တယ် သူတို့က ဝိညာဉ်အခြေတည်အဆင့်တွေပဲရှိသေးတယ်
အဇူရာတိမ်ဂိုဏ်းက လက်ရှိမှာ ဟိုးအောက်ဆုံးထိ ကျဆင်းသွားပြီ
ဒီတစ်ခေါက် ကျွန်တော်တို့ အဲ့ဒီကိုရောက်တော့ လင်းယွင်ကျိတို့က နတ်ဝိညာဉ်အဆင့်ကိုတော့ ချိုးဖြတ်သွားကြပြီ
အဲ့တာကဘာကိုသက်သေပြနေလဲဆိုတော့ ကျွန်တော်တို့ အဇူရာတိမ်ဂိုဏ်းကို တိုက်ခိုက်ချင်ရင် အခုချက်ချင်းလုပ်ရမယ်ဆိုတာပဲ သူတို့ပိုပြီး ကြီးထွားလာရင် ရင်ဆိုင်ဖို့ခက်လိမ့်မယ်
တကယ်လို့ ကျွန်တော်တို့သာ အဇူရာတိမ်ဂိုဏ်းကိုသိမ်းပိုက်နိုင်ခဲ့ရင် ကျွန်တော်တို့မှာ ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းဖြစ်လာနိုင်မယ့် အခြေခံအုတ်မြစ်ရှ်ိလာနိုင်မှာပဲ
ပြန်တွေးကြည့်ရရင် ကျွန်တော်အရင်က မလှုပ်ရှားခဲ့မိတာကိုတောင် နောင်တရတယ် ကျွန်တော်တို့ သူတို့ကိုသိမ်းပိုက်ပစ်ခဲ့ရမှာ”
ကောင်းကင်ဒဏ္ဍာရီတာအိုပညာရှင် ခေါင်းယမ်းကာ ခါးသက်သက်ပြုံးလိုက်မိ၏။
“လင်းယွင်ကျိနဲ့အခြားသူတွေတဲ့လား…သူတို့က ဘာများအရေးကြီးလို့လဲ မင်းတို့အရူးတွေက အမြဲတန်းအပေါ်ယံကိုပဲ ကြည့်ကြတယ် ချင်းယွင်ကျိ အသက်ရှင်နေသေးသ၍ အဇူရာတိမ်ဂိုဏ်းက ဘယ်တော့မှ ပျက်ဆီးမှာမဟုတ်ဘူး မင်းတို့အငယ်တွေကိုထားဦး ငါတောင် သူ့ကို စီနီယာ လို့ခေါ်ရတယ်
ပြီးတော့ သူက တာအိုပေါင်းစည်းခြင်းအဆင့်သက်သက်ပဲမဟုတ်ဘူး အဲ့ဒီအဆင့်ကို လွန်ခဲ့တဲ့ နှစ်သုံးရာကတည်းကရောက်နေတာ
ငါတောင်သူ့ဆီက လမ်းညွှန်မှုခံယူခဲ့ရတာ…မင်းတို့ကောင်တွေ အဇူရာတိမ်ဂိုဏ်းကို တိုက်ခိုက်ဖို့သတ္တိတွေဘယ်ကရလာသလဲ ငါတကယ်မသိတော့ဘူး”
“ဒါက…ဘယ်လိုဖြစ်နိုင်မှာလဲ” စုမင်ယန် ကောင်းကင်ဒဏ္ဍာရီတာအိုပညာရှင်ကို မယုံကြည်နိုင်ဟန်ဖြင့် ကြည့်ကာ ပြောလိုက်သည်။
အကယ်၍ ချင်းယွင်ကျိကသာလွန်ခဲ့တဲ့ နှစ်၃၀၀ကတည်းက တာအိုပေါင်းစည်းခြင်းအဆင့်ရောက်နေသူဆိုလျှင် အဘယ်ကြောင့် အဇူရာတိမ်ဂိုဏ်းက အရမ်းဆင်းရဲနေရပါသနည်း။
ကောင်းကင်ဒဏ္ဍာရီတာအိုပညာရှင် သက်ပြင်းချလိုက်၏။
“အဇူရာတိမ်ဂိုဏ်းက လွန်ခဲ့တဲ့ နှစ်၁၀၀၀တုန်းက ကပ်ဘေးကြီးတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရတယ် ငါကအဲ့ဒီကပ်ဘေးကြီးဖြစ်ပြီး နှစ်၂၀၀ကြာမှ မွေးလာခဲ့တာ အဲ့တာကြောင့် ဘာတွေဖြစ်ခဲ့လဲ ငါလည်းအတိအကျမသိဘူး ဒါပေမယ့် ငါသိတာက ဒီကုန်းမြေတိုက်ကြီးအခုထိတည်ရှိနေသေးတဲ့ အကြောင်းပြချက်က အဇူရာတိမ်ဂိုဏ်းကြောင့်ပဲ ဒီကုန်းမြေတိုက်ကြီးပေါ်က သက်ရှိတိုင်းက အဇူရာတိမ်ဂိုဏ်းအပေါ် အကြွေးတင်နေတယ်
အခုတော့ မင်းတို့ကောင်တွေက အဇူရာတိမ်ဂိုဏ်းကို အကောက်ကြံဖို့ ကြိုးစားခဲ့ကြတယ်
ဒီအဖိုးကြီးက စီနီယာချင်းယွင်ကျိကို ဘယ်လိုမျက်နှာပြရတော့မှာလဲ
ဒါပေမယ့် မင်းတို့က ကပ်ဘေးကိုစတင်ခဲ့ပြီးပြီဆိုတော့ ငါမသွားရင် ပိုပြီးအခြေအနေဆိုးလာဖို့သာ ရှိတော့တယ် ငါကိုယ်တိုင် အဇူရာတိမ်ဂိုဏ်းကို သွားကိုသွားရတော့မယ်”
သူ့စကားလုံးများက စုမင်ယန်၏မျက်နှာကို နီတစ်လှည့်ဖြူတစ်လှည့်ဖြစ်သွားစေခဲ့သည်။
သို့သော်လည်း ချင်းယွင်ကျိက သူ့မျက်နှာကို များစွာသောကျင့်ကြံသူများရှေ့တွင် တက်နင်းခဲ့သည့်မြင်ကွင်းမျိုးကိုလည်း သူမေ့မပစ်နိုင်သေးပေ။
သူ့ရင်ထဲက အာဃာတကအလွယ်တကူချေဖျက်ပစ်နိုင်မည့်အရာမျိုး မဟုတ်ပေ။
ဒါပေါ့ ထိုအာဃာတကိုသူ့နှလုံးသားအတွင်းပိုင်းတစ်နေရာတွင်သာ မြှုပ်နှံထားခဲ့ရသည်။ သူ့ဆရာကိုယ်တိုင်ကအခုလိုပြောနေလေရာ သူကဘာတတ်နိုင်ပါတော့မည်နည်း။ အကယ်၍ သူကလဲ့စားချေချင်လျှင်တောင် သူ့တွင် လုံလောက်သောခွန်အားမရှိပေ။
ကောင်းကင်ဒဏ္ဍာရီတာအိုပညာရှင် စုမင်ယန်ကိုကြည့်ကာ သက်ပြင်းတစ်ချက်ချလိုက်၏။ သူအတန်ကြာတွေးပြီးနောက် ညွှန်ကြားလိုက်သည်။
“ကျိယန်ကို ငါ့ဆီခေါ်လာခဲ့”
“ဟုတ်ကဲ့ပါဆရာ”
နောက်ဆုံးတွင်တော့စုမင်ယန်ထွက်သွားစရာအကြောင်းပြချက်ရသွားခဲ့၏။
ကျိယန်သည် သူကိုယ်တိုင်လက်ခံထားသော ရွှေအမြုတေအဆင့်တပည့်တစ်ယောက်ဖြစ်ပြီး အလွန်ပါရမီကောင်းပေသည်။ သူဂိုဏ်းထဲရောက်ခါစက သူ့ပါရမီကြောင့် ကောင်းကင်ဒဏ္ဍာရီတာအိုပညာရှင်ပင် သူ့ကိုသတိထားမိသွားခဲ့၏။ ထို့နောက်တွင်တော့ ကောင်းကင်ဒဏ္ဍာရီတာအိုပညာရှင်ကိုယ်တိုင်က သူမကို ဂိုဏ်း၏အရေးအကြီးဆုံးတပည့်အဖြစ်ဆက်ဆံခဲ့ပြီး ဂိုဏ်း၏အရင်းအမြစ်အားလုံးနီးပါးကို သူမဆီတွင် အသုံးပြုခဲ့သည်။ ဤသို့ဖြင့် လွန်ခဲ့သော နှစ်အနည်းငယ်က သူမသည် ဝိညာဉ်အခြေတည်အဆင့်သို့ ရောက်ရှိသွားခဲ့၏။
တခဏအကြာတွင် ခရမ်းရောင်ဂါ၀န်၀တ်စုံထားသော အလွန်လှသည့်အမျိုးသမီးတစ်ဦး ကောင်းကင်ဒဏ္ဍာရီတာအိုပညာရှင်ရှေ့သို့ ရောက်ရှိလာခဲ့သည်။
“ဆရာဖိုးဖိုး သမီးကိုခေါ်တယ်ဆို”
ကောင်းကင်ဒဏ္ဍာရီတာအိုပညာရှင်ပြုံးကာ ခေါင်းညိတ်ပြလိုက်၏။
“ဒီတစ်ခေါက် ဆရာဖိုးဖိုး အဇူရာတိမ်ဂိုဏ်းက စီနီယာဆီအလည်သွားရမှာ သမီးကိုခေါ်သွားမလို့ သမီးလည်း ကမ္ဘာကြီးကိုပိုကြည့်ခွင့်ရတာပေါ့”
“ကျေးဇူးတင်ပါတယ် ဆရာဖိုးဖိုး”
ကျိယန် အမြန်ဦးညွတ်၍ အရိုအသေပေးလိုက်လေသည်။
စီနီယာပညာရှင်ကြီးတစ်ယောက်ဆီသို့အလည်သွားသော ခရီးစဉ်တွင် ဆရာဖိုးဖိုးက သူမကိုခေါ်သွားလိမ့်မည်ဟု သူမမျှော်လင့်မထားခဲ့မိပေ။
သို့သော် သူမပဟေဠိလည်းဖြစ်နေခဲ့သည်။
အဇူရာတိမ်ဂိုဏ်းက ပျက်ဆီးလုနီးနီးဖြစ်နေသည် မဟုတ်ပါလော။
ထိုဂိုဏ်းတွင် ဘယ်က စီနီယာတစ်ယောက်ပေါ်လာပါသနည်း။
ကောင်းကင်ဒဏ္ဍာရီတာအိုပညာရှင် ရတနာများစွာကို လက်ဆောင်အဖြစ်ေရွေးချယ်ကာ ကျိယန်ကိုခေါ်၍ အဇူရာတိမ်ဂိုဏ်းဆီ ထွက်ခွာသွားခဲ့၏။
သူတို့သည် ကုန်းမြေတိုက်ကြီးတစ်ခုတည်းတွင်ရှိသော ဂိုဏ်းများဖြစ်သောကြောင့် လမ်းခရီးက ကီလိုမီတာ ထောင်ဂဏန်းအနည်းငယ်သာဝေးပေသည်။
ကောင်းကင်ဒဏ္ဍာရီတာအိုပညာရှင် ဂိုဏ်းဂိတ်တံခါး၀ဆီရောက်သောအခါ သူ့ကိုလာကြိုသည့်သူ ဘယ်သူမှရှိမနေသည်ကိုတွေ့လိုက်ရသောကြောင့် အော်ပြောဖို့သာ တတ်နိုင်တော့၏။
“ကောင်းကင်ဒဏ္ဍာရီက သူ့တပည့်ကိုခေါ်ပြီး စီနီယာချင်းယွင်ကို လာဂါရ၀ပြုတာပါ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ဧည့်သည်အဖြစ်လက်ခံပေးပါခဗျာ!”
ထိုစဉ် ဂိတ်တံခါး၀တွင် ပိုင်ယွင်ကျိပေါ်လာပြီး ပြုံး၍ပြောလိုက်လေသည်။
“စီနီယာကောင်းကင်ဒဏ္ဍာရီကိုယ်တိုင်လာလည်တယ်ဆိုတာ ကျွန်မတို့ဂိုဏ်းအတွက် ဂုဏ်ယူစရာပါ ဒါပေမယ့် ကျွန်မတို့စီနီယာအစ်ကိုကြီးက အခုအရမ်းအရေးကြီးတဲ့ကိစ္စတစ်ခုကြောင့် အလုပ်ရှုပ်နေပါတယ် အဲ့တာကြောင့် ကျေးဇူးပြုပြီး အဇူရာတိမ်တောင်ထွတ်မှာ ခဏအနားယူဖို့ ကျွန်မနဲ့လိုက်ခဲ့ပေးပါ စီနီယာအစ်ကိုကြီးနဲ့ မကြာခင်တွေ့ရမှာပါ”
ကောင်းကင်ဒဏ္ဍာရီတာအိုပညာရှင် အလျင်အမြန်ပင် ပြန်ဂါရ၀ပြုလိုက်၏။
“နှောက်ယှက်မိပါပြီ ကျေးဇူးပြုပြီး လမ်းပြပေးပါ”
ပိုင်ယွင်ကျိ သူတို့ကို အဇူရာတိမ်တောင်ထွတ်ဆီ ခေါ်လာခဲ့ပြီး တိုက်ရိုက်ပင် ကျန်းယန်၏ဗီလာဆီရောက်ရှိသွားခဲ့ကြသည်။
အဇူရာတိမ်ဂိုဏ်းတစ်ဂိုဏ်းလုံးတွင် ကျန်းယန်၏စံအိမ်ကသာ ဧည့်သည်လက်ခံဖို့အကောင်းဆုံးနေရာဖြစ်မှန်း သူတို့သိကြ၏။
ကျန်းယန်၏ဗီလာနှင့်ယှဉ်ပါက အခြားနေရာမှန်သမျှက တဲစုတ်သာသာသာ ဖြစ်နေပေလိမ့်မည်။
သာမန်ဧည့်သည်များက ကိစ္စမရှိသော်လည်း ကောင်းကင်ဒဏ္ဍာရီတာအိုပညာရှင်လိုပုဂ္ဂိုလ်မျိုးကိုတော့ သာမန်နေရာထိုင်ခင်းပေးထား၍ မဖြစ်ပေ။
ဗီလာလေးနှင့်အထဲတွင် ရေးထိုးထားသော ကဗ္ဗည်းများကိုမြင်သောအခါ ကောင်းကင်ဒဏ္ဍာရီတာအိုပညာရှင် မချီးကျူးဘဲ မနေနိုင်တော့ပေ။
“စီနီယာတစ်ယောက်ရဲ့ စံအိမ်ဆိုတဲ့အတိုင်းပဲ ကျက်သရေရှိလှပါပေတယ်”
ပိုင်ယွင်ကျိကတော့ ခေါင်းကိုသာ အူကြောင်ကြောင်ကုတ်လိုက်မိသည်။
“ကျွန်မတို့ဂိုဏ်းကလူတွေက နေရာထိုင်ခင်းနဲ့ပတ်သက်ပြီး သိပ်ပြီးတော့ အရေးတယူမရှိကြပါဘူး စီနီယာအစ်ကိုကြီးရဲ့တပည့်ကသာ အဲ့လိုထူးဆန်းတဲ့အကြံဉာဏ်တွေသုံးပြီး နေရာထိုင်ခင်းအတွက် အားစိုက်ထုတ်တတ်တာ အခုက စီနီယာကရှားရှားပါးပါးလာလည်တာဆိုတော့ ကျွန်မတို့ဘက်က မလေးမစားပြုမိမှာစိုးလို့ ဂိုဏ်းရဲ့အကောင်းဆုံးနေရာမှာ ဧည့်၀တ်ပြုတာပါ။”
ကောင်းကင်ဒဏ္ဍာရီတာအိုပညာရှင် အရှက်ေပြ အားရပါးရရယ်လိုက်၏။
“ဒီကောင်လေးက အဝောာ်စိတ်၀င်စားစရာကောင်းတာပဲ”
ပိုင်ယွင်ကျိလည်း ကောင်းကင်ဒဏ္ဍာရီတာအိုပညာရှင်ကို အဖော်ပြုပေးနေရင်း ပြုံးလိုက်လေသည်။
ထိုစဉ် သူအလုပ်ရှုပ်နေသည်ပြောထားသော ချင်းယွင်ကျိတစ်ယောက် ကျန်းယန်ကျင့်ကြံနေသည်ကို စောင့်ကြပ်ပေးနေခဲ့၏။
ကျန်းယန် မိစ္ဆာစွမ်းအင်များစုပ်ယူပြီးသွားသောအခါ ချင်းယွင်ကျိ ချက်ချင်းမေးလိုက်သည်။
“ဘယ်လိုနေလဲ”
“ဆရာ အဲ့တာက စိတ်ဝိညာဉ်ချီကိုစုပ်ယူရတာထက်တောင် ခံစားလို့ကောင်းသေးတယ်” ကျန်းယန်စိတ်လှုပ်ရှားစွာ ပြောလိုက်၏။
“ကျွန်တော်ရက်နည်းနည်းလောက်နားပြီးရင် ထပ်ပြီးစုပ်ယူပါရစေ တကယ်တော့ ကျွန်တော်စိတ်ပူနေတာက ကျွန်တော်တို့ မိစ္ဆာစွမ်းအင်တွေအားလုံးစုပ်ယူပြီးသွားရင် ဘယ်လိုဆက်လုပ်ကြမလဲ”
ချင်းယွင်ကျိ ကျန်းယန်ကိုကြည့်ကာ ကြိတ်၍အံ့အားသင့်နေခဲ့သည်။
မူလအပျက်အဆီးရွှေအမြုတေက အဲ့လောက်တောင် မွန်းစတားဆန်တယ်လားဟ!
“ငါနဲ့လိုက်ခဲ့ ငါတို့ဆီဧည့်သည်ရောက်နေတယ် သူ့တို့ကိုသွားတွေ့ကြတာပေါ့” ချင်းယွင်ကျိ ကျန်းယန်ကိုခေါ်ကာ အဇူရာတိမ်တောင်ထွတ်တွင် ပြန်ပေါ်လာခဲ့၏။