ငွေတောင်းခြင်း
Vol. 8 Ch. 89
ကောင်းကင်ဒဏ္ဍာရီဂိုဏ်း၏တည်ထောင်သူတစ်ယောက်လည်းဖြစ် တာအိုပေါင်းစည်းခြင်းအဆင့်တစ်ယောက်လည်းဖြစ်သော ကောင်းကင်ဒဏ္ဍာရီ၏လုပ်ရပ်များက ဘယ်တော့မှ မရိုးရှင်းတတ်ပေ။
ယခုအခါ သူသည် များစွာသော လက်ဆောင်များကိုပေးအပ်ခဲ့ရုံသာမက သူ့ပါရမီအကောင်းဆုံးတပည့်မလေးကိုလည်း လက်ထပ်ပေးချင်နေသေးသည်။ ဒါပေါ့ သူထိုအရာများကို ဘာအကျိုးမှမရှ်ိဘဲ လုပ်နေခြင်းမျိုး မဟုတ်ပေ။
အဇူရာတိမ်ဂိုဏ်း၏ လတ်တလောတိုးတက်ပြောင်းလဲမှုများကို အကဲခတ်ပြီးသည့်နောက် အဇူရာတိမ်ဂိုဏ်းသည် တစ်ဖန်ပြန်လည်မြင့်တက်လာတော့မည်ဖြစ်မှန်း သူတွက်ချက်မိလိုက်၏။ အထူးသဖြင့် ချင်းယွင်ကျိက ကျန်းကျန်းမာမာဖြင့် အသက်ရှင်နေသေးသောအခါတွင်ဖြစ်သည်။ ထို့ကြောင့် သူဂိုဏ်းနှင့်စောစောစီးစီး နှောင်ကြိုးများချည်နှောင်ထားဖို့ ကြိုးစားနေခဲ့ခြင်းဖြစ်၏။
သို့သော်လည်း အဇူရာတိမ်ဂိုဏ်းကနောက်ထပ်အပြောင်းအလဲကြီးတစ်ခုနှင့် ထပ်မံရင်ဆိုင်ရဦးမည်လို့တော့ သူမျှော်လင့်မထားခဲ့မိပေ။
“စီနီယာတကယ်ပဲ ဘာတွေဖြစ်ခဲ့တာလဲ” ကောင်းကင်ဒဏ္ဍာရီ ချင်းယွင်ကျိကိုလေးနက်သောအမူအရာဖြင့်ကြည့်ကာ မေးလိုက်သည်။
ချင်းယွင်ကျိ မျက်မှောင်ကြုံ့ကာတွန့်ဆုတ်နေခဲ့၏။
“ဆရာ အခြေအနေတွေဒီအထိရောက်နေပြီဆိုမှတော့ ကျွန်တော်တို့ဘာကိုမှဖုံးကွယ်နေဖို့မလိုတော့ပါဘူး” ကျန်းယန်ကပိုပြီးပင် ပြတ်သားလာခဲ့သည်။
“ကျွန်ေတာ်တို့အဇူရာတိမ်ဂိုဏ်းကလွန်ခဲ့တဲ့ နှစ်တစ်ထောင်တုန်းက လူတိုင်းကိုကပ်ဘေးကြီးကနေ ကာကွယ်ပေးခဲ့တယ် ဒါပေမယ့် လူတွေက ကျွန်တော်တို့ကိုအသိအမှတ်မပြုပေးတဲ့အပြင် ကျွန်တော်တို့ဂိုဏ်းကိုတောင် အကောက်ကြံဖို့ကြံစည်နေကြတယ် ဒီကိစ္စကိုထုတ်ပြောသင့်တာ ကြာပါပြီ
ပြီးတော့ အခုမပြောရင်တောင် အဓိကဂိုဏ်းကြီးတွေရောက်လာတဲ့အခါ အားလုံးသိသွားကြမှာပဲလေ
ဆိုတော့ စီနီယာကောင်းကင်ဒဏ္ဍာရီကိုပြောလိုက်လည်း ပြဿနာမရှိပါဘူး”
ကောင်းကင်ဒဏ္ဍာရီသည် အဇူရာတိမ်ဂိုဏ်းနှင့်ပူးပေါင်းဖို့ကြိုးစားနေခြင်းဖြစ်မှန်း ကျန်းယန် သိ၏။
ထို့ကြောင့် သူတို့ကြုံတွေ့နေရသော အကြပ်အတည်းကိုပြောပြကာ သူ့ဆုံးဖြတ်ချက်ပေါ်မူတည်ပြီး ထိုသူများက သူတို့နှင့်ပူးပေါင်းဖို့ ထိုက်တန်၏ မတန်၏ စမ်းသပ်နေခြင်း ဖြစ်သည်။
ထို့အပြင် အဇူရာတိမ်ဂိုဏ်းက ထိုပြဿနာကြီးကို တိတ်တဆိတ်ဖြေရှင်းပေးနေတာ နှစ်ပေါင်းထောင်ချီကြာသွားပြီဖြစ်သောကြောင့် အခုက ထိုကိစ္စကို ကမ္ဘာကြီးသိအောင်ချပြရတော့မည့် အချိန်ပင်။
လန်ကျားအထွတ်အမြတ်မြေလည်း မိစ္ဆာသန္ဓေသားအကြောင်း သိသွားလောက်ပြီးဟုတွေးမိသွားသောကြောင့် ချင်းယွင်ကျိ သက်ပြင်းချလိုက်ပြီး ကောင်းကင်ဒဏ္ဍာရီကိုပြောလိုက်သည်။
“ဒါတွေအားလုံးက လွန်ခဲ့တဲ့နှစ်တစ်ထောင်တုန်းက စခဲ့တာပဲ…”
အခြေအနေတစ်ရပ်လုံးကို သူအကြမ်းဖျင်းရှင်းပြလိုက်၏။
ဒါပေါ့ အဇူရာတိမ်ဂိုဏ်းကမိစ္ဆာများကိုဖိနှိပ်ထားတယ်ဆိုတာလောက်ပဲ ပြောပြခြင်းဖြစ်ပြီး အသေးစိတ်တော့ ပြောမပြခဲ့ပေ။
“အာ ဒီလိုကိုး!” နောက်ဆုံးတွင် ကောင်းကင်ဒဏ္ဍာရီနားလည်သွားခဲ့သည်။
သူ့နှလုံးသားလည်း လေးလံသွားခဲ့၏။ ဒီလို ခြိမ်းခြောက်မှုကြီးတစ်ခု ကမ္ဘာပေါ်မှာ ရှိနေတာက….
တော်သေးသည်က ထိုမိစ္ဆာအရှင်များအားလုံးကို အဇူရာတိမ်ဂိုဏ်းက ဖိနှိပ်ပေးထားခဲ့သည်။
ဘေးတွင်ရပ်နေသော ကျိယန်၏မျက်နှာလည်း ဖြူဖျော့သွားခဲ့၏။
ဒီတစ်ခေါက်လည်ပတ်မှုကနေ အခုလို ကမ္ဘာတုန်လောက်သည့် လျှို့ဝှက်ချက်မျိုးကို သိလိုက်ရလိမ့်မည်ဟု သူမမျှော်လင့်မထားခဲ့မိပေ။
“စီနီယာ ကျွန်တော်တို့ကူညီနိုင်တာတစ်ခုခုရှိမလား” ကောင်းကင်ဒဏ္ဍာရီ ချင်းယွင်ကျိကိုမေးလိုက်သည်။
ချင်းယွင်ကျိ ခေါင်းယမ်းဖို့ပြင်လိုက်စဉ်တွင် ကျန်းယန် အမြန်၀င်ပြောလိုက်၏။
“ကျွန်တော်တို့မှာ အခုလိုအပ်နေတာကတော့ ကျင့်ကြံခြင်းအရင်းအမြစ်မျိုးစုံပါပဲ ဘာကြောင့်လဲဆိုတော့ ပထမအချက်အနေနဲ့ ကျွန်တော်တို့ရဲ့ အဇူရာမဟာတိမ်၀င်္ကပါက သူ့အကောင်းဆုံးအခြေအနေကိုထိန်းသိမ်းထားဖို့ အရင်းအမြစ်တွေအများကြီးလိုတယ်လေ ဒုတိယအချက်အနေနဲ့ကတော့ ကျွန်တော်တို့ဂိုဏ်းသားတွေရဲ့ ကျင့်ကြံခြင်းပိုသန်မာလာဖို့ အရင်းအမြစ်တွေလိုတယ် ဂိုဏ်းက ဆရာဦးလေးတွေပိုသန်မာလာပြီး တပည့်တွေလည်း သန်မာလာတဲ့အခါမှသာ ကျွန်တော်တို့ အဲ့ဒီစွမ်းအားကြီးတဲ့မိစ္ဆာတွေကို ဖိနှိပ်ထားနိုင်မှာ
ဒီနှစ်တွေအတွင်းမှာ အဇူရာတိမ်ဂိုဏ်းရဲ့ အရင်းအမြစ်တွေအားလုံးကို မိစ္ဆာတွေကိုဖိနှိပ်တဲ့နေရာမှာ အသုံးပြုခဲ့ရတယ် အဲ့တာကြောင့် ကျွန်တော်တို့ဂိုဏ်းက အခုလောက်ထိ ဆင်းရဲသွားခဲ့တာပဲ
အရိုးသားဆုံးပြောရရင် ကျွန်တော်တို့ပြုပြင်ပြောင်းလဲမှုမလုပ်ခင်က ဂိုဏ်းရဲ့ဘဏ္ဍာတိုက်ထဲမှာ စိတ်ဝိညာဉ်ကျောက်တုံး ရာဂဏန်းပဲကျန်တော့တာ
ဒီမိစ္ဆာပြဿနာက ကျွန်တော်တို့ဂိုဏ်းရဲ့တာ၀န်ပဲမဟုတ်ဘူး ကုန်းမြေတိုက်ကြီးတစ်ခုလုံးရဲ့တာ၀န်ဖြစ်လို့ဒီကိစ္စကို လူတိုင်းကိုပြောပြသင့်တယ်လို့ ကျွန်တော်ဆရာတို့ကို ဟိုးအရင်ကတည်းကပြောခဲ့ပါတယ်
ဒါပေမယ့် ဆရာတို့က မျက်နှာပျက်မှာစိုးလို့ ဒီကိစ္စကိုသူတို့ကိုယ်တိုင်မပြောချင်ကြဘူးလေ အဲ့တာကြောင့် ကျွန်တော်လည်းရွေးစရာမရှိတော့ဘဲ ဂိုဏ်းအတွက် ငွေသာရှာခဲ့ရတာပဲ
ပြီးတော့ အဲ့ဒီလိုငွေရှာတဲ့အချိန်အတောအတွင်းမှာ လူတိုင်းနဲ့ပဋိပက္ခတွေထပ်ဖြစ်ခဲ့ရတယ်”
လူတိုင်းကြောင်တောင်တောင်ဖြစ်သွားကာ တိတ်ဆိတ်သွားခဲ့ကြသည်။
ချင်းယွင်ကျိ ကျန်းယန်ကိုကြိတ်၍ ကျိန်ဆဲလိုက်၏။
သူတို့လုပ်နေပုံက ကမ္ဘာကြီးကိုဒီအကြောင်းထုတ်ပြောပြီး ငွေလိုက်တောင်းနေပုံနှင့် တူနေခဲ့သည်။
သူ့မျက်နှာကိုဘယ်နေရာမှာ သွားထားရပါတော့မည်နည်း။
သို့သော် ကျန်းယန်ကထုတ်ပြောလိုက်ပြီဖြစ်သောကြောင့် ချင်းယွင်ကျိ စိတ်သာထိန်းထားလိုက်ရ၏။
ကောင်းကင်ဒဏ္ဍာရီတာအိုပညာရှင်လည်း ရှက်ရွံ့သွားခဲ့သည်။ သူတို့အဇူရာတိမ်ကုန်းမြေတိုက်ကြီးပေါ်တွင် နှစ်ပေါင်းများစွာကြာအောင် အေးအေးချမ်းချမ်းနေထိုင်နိုင်ခဲ့ခြင်းမှာ အဇူရာတိမ်ဂိုဏ်းက ထို၀န်ထုပ်၀န်ပိုးကြီးကို ထမ်းပိုးေပးထားခဲ့၍ ဖြစ်၏။ သူတို့ကတော့ ဘာမှမကူညီခဲ့သည့်အပြင် အဇူရာတိမ်ဂိုဏ်းအကြပ်အတည်းထဲ ရောက်ရှိနေချိန်၌ ၀င်ပြီးအနိုင်ကျင့်ခဲ့မိသေးသည်။
ဒါပေမယ့် နှစ်ငါးထောင်သမိုင်းရှ်ိတဲ့ဂိုဏ်းကြီးက တကယ်ကြီး စိတ်ဝိညာဉ်ကျောက်တုံး ရာဂဏန်းပဲကျန်တော့တဲ့ထိ ဆင်းရဲသွားခဲ့ရတာလား!
မယုံနိုင်စရာပဲ!
သူကျန်းယန်စကားများကိုသံသယတော့မရှိခဲ့ပေ။ နောက်ဆုံးတွင် ဘယ်သူကမှ နောက်ဆုံးအခြေအနေသို့ရောက်မနေလျှင် အခုလို သူတို့၏ အခြေအနေဆိုးများကိုထုတ်ပြောပြလိမ့်မည် မဟုတ်ပေ။
ကောင်းကင်ဒဏ္ဍာရီအမြန်ပြောလိုက်၏။
“စီနီယာ ကျွန်တော်တို့ ကောင်းကင်ဒဏ္ဍာရီဂိုဏ်းကမချမ်းသာပေမယ့် ကျွန်တော်တို့မှာ စုဆောင်းထားတာတွေတော့ရှိပါတယ်
ကျွန်တော်ပြန်ရောက်တဲ့အခါ ချက်ချင်း ကျိယန်နဲ့အရင်းအမြစ်တွေပို့ပေးလိုက်ပါ့မယ် တကယ်တော့ အဲ့ဒီလိုကိစ္စကြီးမျိုးကို အဇူရာတိမ်ဂိုဏ်းတစ်ဂိုဏ်းကပဲ တာ၀န်ယူမထားသင့်ပါဘူး ကျွန်တော်တို့အားလုံးကိုပြောပြပြီး ဒီကိစ္စကို အတူတူဖြေရှင်းသင့်တယ် စီနီယာရောဘယ်လိုထင်ပါသလဲ”
ချင်းယွင်ကျိ တခဏတိတ်ဆိတ်သွားပြီးနောက် အေးအေးဆေးဆေးပြောလိုက်သည်။
“ငါတို့ရဲ့ အင်အားတွေအကုန်လုံးကို မိစ္ဆာပညာရှင်တွေကိုဖိနှိပ်တဲ့နေရာမှာပဲ အာရုံစိုက်ထားရလို့ အခြားကိစ္စတွေမှာအာရုံမစိုက်နိုင်ဘူ း အဲ့တာကြောင့် ဂိုဏ်းကိစ္စတွေကို ကျန်းယန်ဆီပဲလွှဲထားတယ် ကျန်းယန် ဒီကိစ္စကိုမင်းပဲဆုံးဖြတ်လိုက်”
“ဟုတ်ကဲ့ပါဆရာ” ကျန်းယန် ခေါင်းညိတ်ပြလိုက်၏။
သူကောင်းကင်ဒဏ္ဍာရီတာအိုပညာရှင်ကိုကြည့်ကာ လေးလေးနက်နက်ပြောလိုက်သည်။
“အဇူရာမဟာတိမ်၀င်္ကပါက ကျွန်တော်တို့ အဇူရာတိမ်ဂိုဏ်းရဲ့ အဓိကလျှို့ဝှက်ချက်ကြီးပါ ကျွန်တော်တို့က ဘယ်အပြင်လူကိုမှ အဲ့ဒီ၀င်္ကပါနဲ့ပတ်သက်ပြီး ၀င်စွက်ဖက်ခွင့်ပေးမှာမဟုတ်ဘူး အဲ့တာက ကျွန်တော်တို့အောက်ခြေစည်းပဲ ညှိနှိုင်းစရာလည်းမရှိဘူး ကျွန်တော်တို့အတွင်းရေးကိစ္စတွေမှာ ဝင်ရှုပ်ဖို့ကြိုးစားလာတဲ့သူတိုင်းကို ကျွန်တော်တို့က ရန်သူအဖြစ်သတ်မှတ်ရမှာပဲ
အရိုးသားဆုံးပြောရရင် ကျွန်တော်တို့က မိစ္ဆာတွေကိုနှစ်ပေါင်းများစွာကြာအောင်ဖိနှိပ်ထားပေးခဲ့လို့ လူတိုင်း အေးအေးချမ်းချမ်းနေနိုင်ခဲ့ကြတာပါ ကျွန်တော်တို့က အားလုံးကိုယ်စား မှန်တာကိုလုပ်ခဲ့ကြတာ
ဒါပေမယ့် အခုအခြေအနေမှာ ကျွန်တော်တို့ကိုအတင်းတွန်းအားလာပေးရင်တော့ ကျွန်တော်တို့က အဇူရာမဟာတိမ်၀င်္ကပါကိုယူသွားပြီး
အဇူရာတိမ်ကုန်းမြေတိုက်ကြီးကနေ ထွက်သွားရမှာပဲ”
ကောင်းကင်ဒဏ္ဍာရီတာအိုပညာရှင်ရဲ့အမူအရာရုတ်ချည်းပြောင်းလဲသွားခဲ့သည်။ ကျန်းယန်တွင်အခုလိုရပ်တည်ချက်မျိုးရှိနေလိမ့်မည်ဟု သူမျှော်လင့်မထားခဲ့ပေ။
ကျန်းယန် အမူအရာကတော့အေးစက်နေကာ ဆက်ပြောလိုက်၏။
“ကျွန်တော်တို့က နှစ်ငါးထောင်သမိုင်းရှိခဲ့တဲ့ဂိုဏ်းဆိုတော့ ဂိုဏ်းမှာဘိုးဘေးတွေချန်ထားရစ်ခဲ့တဲ့ အမွေအနှစ်ရတနာတွေရှိပါတယ် အဲ့ဒီရတနာတွေက ကျွန်တော်တို့ဂိုဏ်းရဲ့အခြေခံအုတ်မြစ်ပဲ ကျွန်တော်တို့မိစ္ဆာတွေကိုဖိနှိပ်ရင်း ဘယ်လောက်ပဲ မွဲနေပါစေ ဘိုဘေးတွေ ချန်ခဲ့တဲ့ အဲ့ဒီရတနာပစ္စည်းတွေကိုရောင်းပစ်ဖို့ တစ်ခါမှ စိတ်မကူးခဲ့မိဖူးဘူး ဒီနှစ်တစ်ထောင်အတွင်း ပေးပစ်ဖို့ထားဦး ရတနာပစ္စည်းတစ်ခုကိုတောင်မှ မရောင်းခဲ့ဖူးဘူး
စီနီယာတို့ဘက်က ဆန္ဒရှိရင်တော့ ကူညီလို့ရပါတယ် ဒါပေမယ့် ကျွန်တော်တို့ရတနာပစ္စည်းတွေအပေါ် မျက်စိကျလာရင်တော့ ကျွန်တော်တို့ဘက်က ရန်သူအဖြစ်သဘောထားရပါလိမ့်မယ်
အမှန်အတိုင်းပြောရရင် ဘယ်သူ့အကူအညီမှမပါဘဲတောင် ကျွန်တော်တို့က နှစ်တစ်ထောင်ကြာရပ်တည်လာနိုင်ခဲ့သေးတာပဲမဟုတ်လား
အဲ့တာကြောင့် စီနီယာကူညီချင်တယ်ဆိုရင် အဲ့ဒီအောက်ခြေစည်းနှစ်ခုကိုတော့ မကျော်မိပါစေနဲ့ ကျန်တာကိုတော့ညှိနှိုင်းလို့ရပါတယ်”
တခဏရပ်ပြီးနောက် ကျန်းယန် သူ့လေသံကိုလျှော့လိုက်ကာ ပြောလိုက်သည်။
“ကျွန်တော့်စကားလုံးတွေက ရိုင်းပြသလိုဖြစ်သွားရင် တောင်းပန်ပါတယ်စီနီယာ ကျွန်တော်က အစကတည်းက ရှင်းရှင်းလင်းလင်းဖြစ်နေစေချင်လို့ပါ အဲ့တာကြောင့် ကျွန်တော့်စကားလုံးတွေက စီနီယာ့ကိုစော်ကားမိသလိုဖြစ်သွားရင် ခွင့်လွှတ်ပေးပါ စီနီယာ”
“ဒါပေါ့ ဒါပေါ့” ကောင်းကင်ဒဏ္ဍာရီပြန်ပြောလိုက်၏။
ကျန်းယန် အခုလိုမပြောခင်က သူ့တွင်စိတ်ကူးတစ်ခုရှိထားခဲ့သည်။
အဇူရာတိမ်ဂိုဏ်းက ယခုကိစ္စကိုမကိုင်တွယ်နိုင်တော့မှတော့ သူတို့အဇူရာတိမ်ဂိုဏ်းဆီပြောင်းရွှေ့လာပြီး အတူတူစောင့်ကြပ်ကြလျှင် ပိုမကောင်းသွားဘူးပေလော။ အဇူရာတိမ်ဂိုဏ်းတွင်ရတနာပစ္စည်းများစွာရှိသော်လည်း သူတို့က အကုန်အသုံးပြုနိုင်ပေ။ ထို့ကြောင့် ထိုရတနာများက အခြားသူများလက်ထဲတွင်ဆိုလျှင် ပိုတန်ဖိုးရှိမသွားနိုင်ဘူးပေလော။
သို့သော် ကျန်းယန်ကအခုလိုအောက်ခြေစည်းနှစ်ခုထားလိုက်လိမ့်မည်ဟု သူထင်မထားခဲ့မိပေ။
“စီနီယာ ကျွန်တော်အရင်ဆုံးဂိုဏ်းကိုပြန်ပြီး ပြန်ရောက်ရင် အရင်းအမြစ်တွေချက်ချင်းပို့လိုက်ပါ့မယ်” ကောင်းကင်ဒဏ္ဍာရီမတ်တပ်ထရပ်လိုက်ကာ
“အရင်းအမြစ်တွေရောက်မှ ကျွန်တော်တို့နောက်ကိစ္စတွေကိုဆက်ဆွေးနွေးကြတာပေါ့ စီနီယာ ဘယ်လိုထင်ပါသလဲ”
ချင်းယွင်ကျိ တစ်ခုခုပြန်ပြောဖို့ ရှက်ရွံ့နေခဲ့၏။
ထို့ကြောင့် ကျန်းယန် သူ့အစားဖြေပေးလိုက်သည်။
“ကျေးဇူးတင်ပါတယ် စီနီယာ”
“ဒါဆို ကျွန်တော်တို့ပြန်လိုက်ပါဦးမယ်”
ကောင်းကင်ဒဏ္ဍာရီ ကျိယန်ကိုခေါ်ကာ ထွက်ခွာသွားခဲ့၏။
သူတို့ထွက်သွားသောအခါ ချင်းယွင်ကျိ ကျန်းယန်ကိုဒေါသတကြီးပြောလိုက်သည်။
“ငါတို့မှာ စိတ်ဝိညာဉ်ကျောက်တုံးတွေအများကြီးရှိနေပြီပဲ ခဏတော့ တောင့်ခံနေနိုင်ပြီလေ ဘာလို့သူတို့ဆီက မျက်နှာပျက်ခံပြီး စိတ်ဝိညာဉ်ကျောက်တုံးတွေ တောင်းနေတာလဲ အဲ့တာကြီးက ရှက်စရာမကောင်းလွန်းဘူးလား”
ကျန်းယန်ခပ်တည်တည်ပြောလိုက်၏။
“ဆရာ ကျွန်တော်တို့မှာစိတ်ဝိညာဉ်ကျောက်တုံးတွေပိုရှိနေရင် အဇူရာမဟာတိမ်၀င်္ကပါက ပိုပြီးသန်မာမလာနိုင်ဘူးလား”
“သန်မာလာမှာပေါ့”
“အဲ့တာနဲ့ယှဉ်ရင် မျက်နှာပျက်ရတာလောက်က ဘာအရေးလဲ” ကျန်းယန် ရယ်ကျဲကျဲပြောလိုက်သည်။
“စိတ်မပူပါနဲ့ အခုကစပြီး ဆရာတို့ဘယ်သူမှရှေ့ထွက်စရာမလိုတော့ဘူး အားလုံးကိုကျွန်တော့်တာ၀န်ထားလိုက် ကျွန်တော်အရှက်မရှိခြေသလုံးဖက်တောင်းရမယ်ဆိုရင်တောင် အဇူရာတိမ်ဂိုဏ်းအတွက် စိတ်ဝိညာဉ်ကျောက်တုံးသန်းဆယ်ချီ ရှာလာပေးပြီး ဂိုဏ်းရဲ့ပြဿနာတွေအားလုံးကိုဖြေရှင်းပေးမယ်”