← Chapters

မရဘူး လုံး၀လုပ်လို့မရဘူး!

Vol. 8 Ch. 91

မရဘူး လုံး၀လုပ်လို့မရဘူး!

Vol. 8 Ch. 91

“မရဘူး!”

လန်ကျားအထွတ်အမြတ်မြေက ခန်းမထဲတွင် လူတိုင်းအတန်ကြာကြက်သေသေနေပြီးနောက် နောက်ဆုံးတွင် သတိပြန်၀င်သွားပြီး မတ်တပ်ထရပ်လိုက်ကြကာ အော်ပြောလိုက်ကြလေသည်။

“ဘာလို့ အဇူရာတိမ်ဂိုဏ်းကအရမ်းတကိုယ်ကောင်းဆန်နေတာလဲ မင်းတို့တွေက နှစ်တစ်ထောင်လောက်ချိတ်ပိတ်ထားတဲ့ မိစ္ဆာကြီးတွေကို တကယ်ကြီးလွှတ်ပေးတော့မှာလား အဲ့ဒီလိုလုပ်ရပ်က လက်မခံနိုင်စရာပဲ” ကျားရှန့် လင်းယွင်ကျိကိုကြည့်လိုက်ကာ

“ကမ္ဘာပေါ်ကသက်ရှိတွေရဲ့ အသက်တွေကို မင်းတို့ထည့်မတွက်တော့ဘူးလား”

လင်းယွင်ကျိ ပြန်ထောက်လိုက်သည်။

“စီနီယာကရော တကယ်ကြီး စီနီယာ့ရင်ထဲမှာ အဲ့ဒီသက်ရှိတွေရဲ့အသက်တွေကို ဂရုစိုက်နေတာ ဟုတ်လို့လား”

“သေချာတာပေါ့” ကျားရှန့် ထေ့ငေါ့လိုက်၏။

“ငါတို့လန်ကျားအထွတ်အမြတ်မြေက လူထုရဲ့လေးစားချစ်ခင်ခြင်းကိုခံထားရတာ ငါတို့က အဲ့လိုလုပ်ရပ်မျိုးဘယ်တော့မှလုပ်မှာမဟုတ်ဘူး”

လင်းယွင်ကျိလှောင်ပြုံးပြုံးကာ မေးလိုက်သည်။

“ဒါဆို ဘာလို့လွန်ခဲ့တဲ့နှစ်တစ်ထောင်တုန်းက လန်ကျားအထွတ်အမြတ်မြေက ပညာရှင်တစ်ယောက်မှ မိစ္ဆာတွေကိုနှိမ်နှင်းတဲ့နေရာမှာ မပါခဲ့ကြတာလဲ ဘာလို့ အရင်းအမြစ်လေး‌ေလာက်တောင် ပို့မပေးခဲ့ကြတာလဲ

ပြီးတော့ အဲ့ဒီတကိုယ်ကောင်းဆန်တယ်ဆိုတဲ့ အဇူရာတိမ်ဂိုဏ်းကပဲ နှစ်တစ်ထောင်ကြာ မိစ္ဆာတွေကိုစောင့်ကြပ်ပေးနေခဲ့ရတာ ထိပ်တန်းဂိုဏ်းကြီးတစ်ခုကနေ လူလက်တစ်ဆုပ်ပဲ ကျန်ခဲ့တဲ့အထိပဲ ဂိုဏ်းရဲ့အရင်းအမြစ်တွေအားလုံးကိုသုံးလိုက်ရလို့ ဂိုဏမှာလည်း စိတ်ဝိညာဉ်ကျောက်တုံး ရာဂဏန်းပဲကျန်ခဲ့တော့တယ်

ကျွန်တော်မေးပါရစေ ဒီနေရာမှာ ဘယ်သူကများတကယ်တကိုယ်ကောင်းဆန်နေတာလဲ”

ကျားရှန့် ပါးစပ်ပိတ်သွားပြီး စကားတစ်လုံးမှထွက်မလာတော့ပေ။

တန်ချိုးရွှေ အေးစက်စက်နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

“လွန်ခဲ့တဲ့နှစ်၃၀၀တုန်းက ငါတို့လန်ကျားအထွတ်အမြတ်မြေက မင်းတို့ကိုကူညီဖို့ မကမ်းလှမ်းခဲ့ဘူးလား ပြီးတော့ မင်းတို့ကငြင်းခဲ့တယ်လေ ဆိုတော့ ငါ့ကိုပြောပါဦး ငါတို့က ကူညီဖို့ငြင်းခဲ့တဲ့သူတွေလား မင်းတို့က နှလုံးသားလှတဲ့လူကြီးလူကောင်းတွေရဲ့ အကူအညီကိုငြင်းဆန်ခဲ့တဲ့သူတွေလား”

“ဒီက လူကြီးလူကောင်းကြီးက…” လင်းယွင်ကျိ အကြည့်က တန်ချိုးရွှေဆီရောက်ရှိသွားကာ

“ကျွန်တော်အမှတ်မမှားရင် ကျွန်တော့်ဂျူနီယာတူလေးကို ဖြားယောင်းပြီးခေါ်သွားတဲ့သူမလား သူပိုင်တဲ့ ထိပ်တန်းအဆင့်စိတ်ဝိညာဉ်ရတနာကိုလိုချင်လို့ သူ့ကိုဖြားယောင်းသွေးဆောင်သွားခဲ့တာလေ အဲ့လိုလုပ်ရပ်ကို လူကြီးလူကောင်းလုပ်ရပ်လို့ ခေါ်ချင်တာလား

နောက်ပြီးတော့ လွန်ခဲ့တဲ့နှစ် ၃၀၀တုန်းကခင်ဗျားတို့က ဘယ်လိုကူညီချင်ခဲ့တာလဲ

ခင်ဗျားတို့သာတကယ်ကူညီချင်ရင် အဇူရာမဟာတိမ်၀င်္ကပါထဲ၀င်ပြီး မိစ္ဆာတွေကိုသေတဲ့အထိ တိုက်‌ပေးသင့်တာလေ အဲ့ဒီအစား ခင်ဗျားတို့က ကျွန်တော်တို့အဇူရာမဟာတိမ်၀င်္ကပါကိုထိန်းချုပ်ချင်နေခဲ့တာ ရည်ရွယ်ချက်ကတော့ ၀င်္ကပါက အမတရတနာတွေကို လိုချင်ကြလို့ပဲ

ဒါလား လူကြီးလူကောင်း ကြောင်သူတော်နဲ့ပိုတူတာ!”

သူသည် ရိုးဖြောင့်သောသူတစ်ယောက်ဖြစ်သော်လည်း ငတုံးတော့မဟုတ်ပေ။

ရိုးဖြောင့်သောသူဖြစ်တာကြောင့်လည်း လန်ကျားအထွတ်အမြတ်မြေကို ဘာမျက်နှာသာမှမပေးဘဲ ဒဲ့ကြီးတွေ ပြောဆိုနေခဲ့ခြင်းဖြစ်သည်။ ပညာရှင်များရှေ့မှောက်တွင် သူထိုလူများကို ပြောဆိုနေခဲ့၏။

တန်ချိုးရွှေ ပါးစပ်ဟလိုက်သော်လည်း ဘာပြန်ပြောရမလဲ မသိခဲ့ပေ။

သူတော်စင်သခင် မျက်မှောင်အနည်းငယ်ကြုံ့သွားကာ ဖြည်းညှင်းစွာ ပြောလိုက်သည်။

“အခြားကိစ္စတွေကိုထားပါဦး မိစ္ဆာတွေကိုလွှတ်ပေးမယ့်ကိစ္စကတော့ နည်းနည်း မသင့်တော်ဘူး မဟုတ်လား မင်းတို့အဇူရာတိမ်ဂိုဏ်းက သူတို့ကိုဖိနှိပ်ဖို့ဒီလောက်အားစိုက်ထားခဲ့ရတာ အခုတကယ်ကြီးလွှတ်လိုက်တော့မှာလား အဲ့ဒီလိုလုပ်ရပ်က မိစ္ဆာတွေကိုဖိနှိပ်ဖို့အသက်တွေစတေးခဲ့ရတဲ့ ဘိုးဘေးတွေကို စော်ကားနေတာမဟုတ်ဘူးလား”

လင်းယွင်ကျိ ခါးသက်သက်ပြုံးလိုက်ကာ

“စီနီယာ ကျွန်တော်တို့ရောအဲ့တာကိုမသိဘူးထင်လို့လား

ဒါပေမယ့် ကျွန်တော်တို့အဇူရာတိမ်ဂိုဏ်းကတကယ်ပဲတောင့်ခံမထားနိုင်တော့ဘူး

ပထမအချက်အနေနဲ့ ကျွန်တော်တို့မှာ ဆက်ဆံသူတွေမရှိတော့ဘူး စီနီယာအစ်ကိုကြီးနဲ့ ကျွန်တော့်ညီအစ်ကိုမောင်နှမတွေကလွဲရင် ဒုတိယမျိုးဆက်က သနားစရာကောင်းလောက်အောင် နည်းနေတယ်

လွန်ခဲ့တဲ့ နှစ်တစ်ရာတုန်းက ဂိုဏ်းတာ၀န်ကိုလက်လွှဲပေးဖို့ တပည့်နှစ်ယောက်ပျိုးထောင်ခဲ့ပေမယ့်…သူတို့နှစ်ယောက်လုံး ထွက်သွားခဲ့ကြတယ်

လွန်ခဲ့တဲ့ဆယ်နှစ်တုန်းကတော့ ကျွန်တော်တို့တပည့်တစ်ယောက်ထပ်လက်ခံပြီး ဒီဆယ်နှစ်အတွင်း သူ့ကိုလေ့ကျင့်ပေးခဲ့ကြတယ်

သူကအခု ရွှေအမြုတေအဆင့်ပဲရှိသေးတယ်ဆိုပေမယ့် သူ့ကို အခြားဂိုဏ်းတွေက ဒါဇင်နဲ့ချီတဲ့ ေရွှအမြု‌ေတအဆင့်‌ေတွက ဝိုင်းတိုက်ခိုက်ခဲ့ကြတယ် အဲ့ဒီထဲမှာ လန်ကျားအထွတ်အမြတ်မြေက လေးယောက်တောင်ပါသေးတယ်

ကျွန်တော်တို့ အဇူရာတိမ်ဂိုဏ်းက အဲ့ဒီလောက်ကြီးထိ အနိုင်ကျင့်ခံခဲ့ရတာ

ဒီကမ္ဘာပေါ်က ဂိုဏ်းတွေက ကျွန်တော်တို့ကိုအသက်ရှူပေါက်တစ်ပေါက်တောင်မပေးခဲ့ကြဘူး ကျွန်တော်တို့ အရမ်းကြေကွဲရပါတယ်

ကျွန်ဝောာ်ထင်တာတော့….လွန်ခဲ့တဲ့နှစ်တစ်ထောင်က ဘိုးဘေးတွေလည်း အဇူရာတိမ်ဂိုဏ်းဒီလိုပုံစံနဲ့အဆုံးသတ်ရတော့မှာကို သိရင် သေသည်အထိတိုက်ခိုက်မယ့်အစား ချက်ချင်းနောက်ဆုတ်လိုက်ဖို့ပဲ ရွေးချယ်ကြပါလိမ့်မယ်

နှစ်တစ်ထောင်!

ကျွန်တော်တို့အဲ့ဒီမိစ္ဆာတွေကို နှစ်တစ်ထောင်ကြာအောင်တိုက်ခိုက်ခဲ့တာ!

ဒါ့အပြင် အပြင်ကရန်သူတွေနဲ့ အတွင်းသစ္စာဖောက်တွေကလည်း ဘက်ပေါင်းစုံက ဖိနှိပ်ကြသေးတယ် ကျွန်တော်တို့ဆက်ပြီးတောင့်မခံနိုင်တော့ဘူး ကျွန်တော်တို့မှာ ရွေးချယ်စရာလည်းမရှိဘူး….”

အဇူရာတိမ်ဂိုဏ်းခံစားခဲ့ရသော ဒုက္ခများကိုတွေးမိသောအခါ လင်းယွင်ကျိတစ်ကိုယ်လုံး ဒေါသကြောင့် လောင်မြိုက်လာခဲ့ရသည်။

အမှန်အတိုင်းပြောရလျှင် ကျန်းယန်တွင်သာ သူ့ကိုကာကွယ်ဖို့ များစွ‌ာသော စိတ်ဝိညာဉ်ရတနာများနှင့် စွမ်းရည်အချို့ရှိမနေလျှင် ထိုမျှများပြားသောရွှေအမြုတေအဆင့်များ ဝိုင်း၀န်းတိုက်ခံရခြင်းဘေးမှ မည်သို့လွတ်လာနိုင်ပါမည်နည်း။

ထို့ကြောင့် သူဒီစကားများကိုနှလုံးသားအောက်ခြေမှထွက်ပေါ်လာသော ခံစားချက်များဖြင့်ပြောနေခဲ့ခြင်း ဖြစ်၏။

လင်းယွင်ကျိတစ်ယောက် လေးလေးနက်နက်ဖြင့် နားကျင်စရာကောင်းအောင်ပြောနေလေရာ လန်ကျားအထွတ်အမြတ်မြေမှအကြီးအကဲများ၏ နှလုံးသားများပင် တုန်ရီသွားခဲ့ရသည်။

ကြည့်ရသည်မှာ အဇူရာတိမ်ဂိုဏ်းသည် တကယ်ကြီး နောက်ဆုတ်တော့ဖို့ ပြင်နေကြပုံပင်။

ဒါကြီးက ကပ်ဘေးကြီးတစ်ခုပဲ!

ထိုမိစ္ဆာကြီးများသည် နှစ်ပေါင်းတစ်ထောင်ကြာဖိနှိပ်ထားတာတောင် မသေနိုင်ကြသေးပေ။ ဘုံပျံတက်လှမ်းလုဆဲဆဲအဇူရာတိမ်ဂိုဏ်း ဂိုဏ်းချုပ်ပင် ထိုမိစ္ဆာကြီးများကို မသတ်နိုင်ခဲ့ပေ။ အကယ်‌၍ ထိုကောင်ကြီးများသာ ပြန်လွတ်လာလျှင် ဘယ်သူက သူတို့နှင့်ရင်ဆိုင်နိုင်ပါမည်နည်း။

“မရဘူး!” ကျားရှန့် ဒေါသတကြီးအော်ပြောလိုက်သည်။

“အဇူရာတိမ်ဂိုဏ်းကနောက်ဆုတ်ချင်ရင်လည်းရတယ် ဒါပေမယ့် အဇူရာမဟာတိမ်၀င်္ကပါကိုတော့ ထားခဲ့ရမယ် အဲ့တာက မိစ္ဆာချိတ်ပိတ်စည်းရဲ့ အုတ်မြစ်ပဲ တစ်ကမ္ဘာလုံးကလူတွေရဲ့ကောင်းကျိုးအတွက် ငါတို့အဲ့တာကိုဖယ်ရှားခွင့်မပေးနိုင်ဘူး”

လင်းယွင်ကျိ အေးစက်စက်ရယ်မောလိုက်ကာ

“စီနီယာ ခင်ဗျားရဲ့ လောဘရောင်‌ေတာက်နေတဲ့မျက်နှာကြီးကို အရင်သိမ်းထားလိုက်ပါဦး ကျုပ်ခင်ဗျားကို ရှင်းအောင်ထပ်ပြောလိုက်ဦးမယ် အဇူရာမဟာတိမ်၀င်္ကပါရဲ့ အမြုတေက အမတရတနာတွေပဲ ပြီးတော့ အဲ့ဒီအမတရတနာတွေကို အဇူရာတိမ်ဂိုဏ်းကပိုင်တယ် ကျုပ်တို့ယူချင်ရင်ယူသွားမှာပဲ ဘယ်သူမှ တားပိုင်ခွင့်မရှိသလို ဘယ်သူမှလည်း မတားရဲကြဘူး ခင်ဗျားကြိုးစားချင်ရင်တော့ တစ်ခါလောက်ကြိုးစားကြည့်လေ”

“အဲ့တော့ ဘာဖြစ်လဲ” တန်ချိုး‌ရွှေပြောလိုက်သည်။

“ငါတို့ကမင်းကိုပြန်မလွှတ်ဘူးဆိုရင်ရော”

လင်းယွင်ကျိ အားရပါးရရယ်မောလိုက်ကာ

“ကျုပ်ကဒီနေရာကို သတင်းပေးဖို့သက်သက်ရောက်လာတာ ကျုပ်ရှိရှိမရှိရှိ နောက်သုံးလကြာရင် စီနီယာအစ်ကိုကြီးနဲ့ အခြားသူတွေက ဆုတ်ခွာသွားကြမှာပဲ ဒါပေမယ့် တကယ်လို့ ကျုပ်ပြန်မလာနိုင်ရင်တော့ သူတို့က ဆုတ်ခွာမယ့်အချိန်ကို နောက်တစ်လအထိ တိုးလိုက်လိမ့်မယ် ကျုပ်ကိုဒီနေရာမှာဖမ်းထားရုံနဲ့ ခြောက်လှန့်လို့ရမယ် ထင်နေတာလား”

လူတိုင်းတစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီး လပေါင်းများစွာကြာအောင် စိတ်ဒုက္ခရောက်နေခဲ့ရသူများလို အမူအရာများဖြစ်သွားကာ လုံး၀အကူအညီမဲ့နေခဲ့ကြ၏။

မိစ္ဆာများလွတ်လာလျှင် ၀မ်လင်းဂိုဏ်းနှင့်လန်ကျားအထွတ်အမြတ်မြေက အရင်ဆုံး ထိခိုက်မည့်ဂိုဏ်းများဖြစ်မှန်း သူတို့ကြိုတွေးထားခဲ့ကြပြီးသားဖြစ်သည်။

သူတို့က အဇူရာတိမ်ဂိုဏ်းနှင့်အနီးဆုံးဂိုဏ်းများဖြစ်သောကြောင့် ပြင်းပြင်းထန်ထန်တိုက်ခိုက်ခံရမည်မှာ သေချာသလောက်ပင်။

မိစ္ဆာများကို ခုခံဖို့ကတော့… သူတို့ဂိုဏ်းကအသန်မာဆုံးလူများကိုလွှတ်၍ သေသည်အထိ တိုက်ခိုက်ခိုင်းရမည်လော။

ထိုသို့ဆိုလျှင် သူတို့လည်း အဇူရာတိမ်ဂိုဏ်းလိုပင်အောက်ဆုံးထိကျဆင်းသွားကြရမည်သာ။

ထို့ကြောင့် သူတို့အတွက်တစ်ခုတည်းသောအဖြေက မိစ္ဆာများကို အဇူရာမဟာတိမ်၀င်္ကပါထဲတွင် ဆက်ပြီးချိတ်ပိတ်ထားဖို့သာ ဖြစ်ပေသည်။

သူတော်စင်သခင်သက်ပြင်းချလိုက်ကာ လင်းယွင်ကျိကိုကြည့်ပြီး ဖြည်းညှင်းစွာ ပြောလိုက်၏။

“ငါတို့က မင်းတို့ဂိုဏ်းကိုအရင်းအမြစ်တွေ ထောက်ပံ့ပေးရင်ရော”

“မဖြစ်နိုင်ဘူး!”

“သူတော်စင်သခင် လုံး၀လုပ်လို့မဖြစ်ဘူးနော် အဇူရာတိမ်ဂိုဏ်းကကောင်တွေက ရည်မှန်းချက်ကြီးတဲ့ ဝံပုလွေကောင်တွေ!”

“သူတို့ကို ပေးလိုက်လို့မဖြစ်ဘူး!”

အကြီးအကဲများ တစ်ယောက်ပြီးတစ်ယောက်ထအော်လေတော့သည်။

တကယ်တော့ သူတို့အားလုံးထဲအရူးတစ်ယောက်မှမပါပေ။

အဇူရာတိမ်ဂိုဏ်းက ဒီအခြေအနေကိုအသုံးချကာ သူတို့ကို ခြိမ်းခြောက်နေခြင်းဖြစ်မှန်း သူတို့အားလုံးသိကြ၏။

သို့သော်လည်း ပြဿနာမှာ အဇူရာတိမ်ဂိုဏ်းက တကယ်ကြီးရွေးစရာမရှိတော့လို့ ထိုကဲ့သို့သာ လုပ်ချလိုက်လျှင်….

ထိုအရာက ဗြောင်ကျကျနှင့်အရှက်မဲ့သောဗျူဟာတစ်မျိုးပင်။

ဘယ်သူမှလည်းထိုအရာအပေါ် အလောင်းအစားမလုပ်ရဲကြပေ။

ထို့အတူပင် ဘယ်သူကမှလည်း အလွယ်တကူကြီး အရင်းအမြစ်များကို မပေးလိုက်ချင်ကြပေ။

သူတော်စင်သခင်လက်မြှောက်လိုက်ကာ အားလုံးငြိမ်ကြဖို့ အချက်ပြလိုက်၏။ ထို့နောက် လင်းယွင်ကျိကိုတည်တည်ငြိမ်ငြိမ်ကြည့်ကာ မေးလိုက်သည်။

“မင်းဘယ်လိုသဘောရလဲ”

လင်းယွင်ကျိ ရိုးရိုးသားသားပြောလိုက်၏။

“အဇူရာတိမ်ဂိုဏ်းရဲ့ကိစ္စမှန်သမျှကို ကျွန်တော့်စီနီယာအစ်ကိုကြီးကပဲ ဆုံးဖြတ်တာပါ ကျွန်တော့်ကိုက လူတိုင်းကြိုတင်ပြင်ဆင်ထားနိုင်အောင် သတင်းပို့ခိုင်းရုံတင်ပါ အခြားကိစ္စတွေဘာမှမပြောလိုက်ပါဘူး”

သူတော်စင်သခင်တခဏတိတ်ဆိတ်သွားကာ ပြောလိုက်သည်။

“အခုပြန်လို့ရပါပြီ

တစ်လအတွင်း ဒီကိစ္စကိုအသေးစိတ်ဆွေးနွေးညှိနှိုင်းဖို့ ငါလူလွှတ်လိုက်မယ်

တကယ်လို့မင်းတို့‌ဆုတ်ခွာဖို့ ဆုံးဖြတ်ထားရင်တောင် နောက်သုံးလမှဆုတ်ခွာမှာမဟုတ်လား

တစ်လလောက်တော့ စောင့်နိုင်သေးတယ်မဟုတ်လား”

လင်းယွင်ကျိ ခေါင်းညိတ်ပြလိုက်၏။

“သုံးလကြာမှ ဆုတ်ခွာဖို့ သဘောတူထားတာမလို့ ကျွန်တော်တို့ အဲ့ဒီအတိုင်းပဲလုပ်မှာပါ ဒါပေါ့ တစ်ယောက်ယောက်က ကျွန်တော်တို့ကိုအတင်းအကြပ်ခြိမ်းခြောက်လာမယ်ဆိုရင်တော့ ဘာတွေဖြစ်သွားမလဲ ဘယ်သူမှမသိနိုင်ပါဘူး အို့ ပြီးတော့ စီနီယာ ဒီသတင်းကိုအခြားဂိုဏ်းတွေဆီမျှဝေပေးပါဦး ကျွန်တော်က မိစ္ဆာကောင်ကြီးတွေကိုဆက်ဖိနှိပ်ထားဖို့အမြန်ပြန်ရမှာမလို့ပါ တကယ်လို့ ကျွန်တော်အကြာကြီးထွက်သွားရင် ကျွန်တော့်စီနီယာအစ်ကိုကြီးနဲ့အခြားသူတွေပိုပြီး ၀န်ပိနေလိမ့်မယ်”

“လံုလောက်ပြီ ငါနားလည်ပြီ မင်းသွားလို့ရပြီ” သူတော်စင်သခင်ပြောလိုက်သည်။

“ဒါဆို ဒီဂျူနီယာက သွားလိုက်ပါဦးမယ်” လင်းယွင်ကျိ လက်သီးဆုပ်ကာ အရိုအသေပေးလိုက်ပြီးနောက် ခန်းမထဲမှထွက်သွားကာ ကောင်းကင်ယံတွင် ပျောက်ကွယ်သွားခဲ့၏။

All Chapters