← Chapters

ဒီကလေးက တကယ်ပဲ တစ်ခုခုတော့တစ်ခုခုပဲ

Vol. 8 Ch. 96

ဒီကလေးက တကယ်ပဲ တစ်ခုခုတော့တစ်ခုခုပဲ

Vol. 8 Ch. 96

တာအိုပေါင်းစည်းခြင်းအဆင့်များ ကျန်းယန်ကိုသာတိတ်တဆိတ်စိုက်ကြည့်နေခဲ့မိကြသည်။

အဇူရာတိမ်ဂိုဏ်းသည် တကယ်ကြီး အဲ့လောက်ထိဆင်းရဲသွားခြင်းပေလော။

ဒီကလေးက အမှန်အတိုင်းပြောနေတာလား!

ဒါပေမယ့် သူ့ပုံစံကဘာလို့တစ်ခုခုမှားနေသလို ခံစားနေရပါလိမ့်!

တာအိုပေါင်းစည်းခြင်းအဆင့်များ အဇူရာတိမ်ဂိုဏ်း၏ ဂိုဏ်းကိစ္စများကို ကိုင်တွယ်ပုံနှင့်ပတ်သက်ပြီး လုံး၀ ဆွံ့အနေခံ့ကြ၏။ သူတို့သည် အရင်းအမြစ်များပေးဖို့ ဆန္ဒရှိသော်လည်း ညှိနှိုင်းမှုနှင့်အခြေအနေများလည်း ရှိနေသေးသည်။ သို့သော် အခုတော့ အဇူရာတိမ်ဂိုဏ်းက ဘယ်သူမှထွက်မလာခဲ့ဘဲ ဂျူနီယာလေးတစ်ယောက်ကိုသာ လွှတ်လိုက်၏။

ဤဂျူနီယာလေးနှင့်ဆိုလျှင် သူတို့ညှိနှိုင်းလိုလျှင်တောင် နောက်ဆုံးတွင် သူတို့လိုချင်သောရလဒ်ထွက်လာတော့မည် မဟုတ်ပေ။

သူတို့မညှိနှိုင်းဘဲပြန်သွားလျှင်လည်း အဇူရာတိမ်ဂိုဏ်းကမိစ္ဆာများလွှတ်လိုက်မှာကို ကြောက်နေရသေးသည်။

ဤဂျူနီယာလေးကို အရူးလုပ်လိုက်ဖို့ကျတော့လည်း…အားလုံးက တာအိုပေါင်းစည်းခြင်းအဆင့်များဖြစ်ကြပြီး တစ်ယောက်နှင့်တစ်ယောက်စောင့်ကြည့်နေလေရာ သူတို့ဂုဏ်သတင်းကို ထိန်းသိမ်းထားဖို့ လိုနေသေး၏။

အခြေအနေကတော့ လုံ၀ ကသိကအောက်နိုင်လှသော အခြေအနေပင်။

တာအိုပညာရှင်တစ်ယောက် သက်ပြင်းချလိုက်ကာ ကျန်းယန်ကို ဟန်လုပ်ကာပြုံးပြလိုက်ပြီး

“မိတ်ဆွေလေး ငါတို့မှာ မင်းအကြီးအကဲတွေနဲ့ အရေးကြီးကိစ္စတွေဆွေးနွေးဖို့ရှိနေတယ် မင်းသူတို့ကိုသွားအသိပေးလိုက်တာ ပိုမကောင်းဘူးလား”

ကျန်းယန် အမြန်လက်ကာပြလိုက်ကာ

“ကျွန်တော် သူတို့ကိုလုံး၀နှောင့်ယှက်လိုက်လို့ မဖြစ်ဘူး မဟုတ်ရင် မမျှော်လင့်ထားတာတစ်ခုခု ဖြစ်လာလိမ့်မယ် မကြာခင်က အဇူရာတိမ်ဂိုဏ်းတစ်ဂိုဏ်းလုံး ငလျင်လှုပ်သလို အပြင်းအထန်လှုပ်ခါသွားခဲ့တာ အဲ့ဒီအချိန်ကတည်းက ဆရာနဲ့ ဆရာဦးလေးတွေတံခါးပိတ်ကျင့်ကြံခြင်း၀င်သွားပြီး သူတို့ကိုလုံး၀မနှောင့်ယှက်ဖို့ တင်းတင်းကြပ်ကြပ်အမိန့်ပေးသွားခဲ့တာပဲ

ကျွန်တော်သူတို့ကိုသွားနှောင့်ယှက်လို့မရဘူး နှောင့်ယှက်လိုက်လို့ တစ်ခုခုဖြစ်လာရင် ဘယ်သူမှတာ၀န်ယူနိုင်မှာမဟုတ်ဘူး

ဒါပေါ့ စီနီယာတို့က ဆရာတို့မလာရင် အရင်းအမြစ်တွေမပေးဘူးဆိုရင်တော့ ကျွန်တော်ကသွားခေါ်ပေးရတော့မှာပေါ့ ဒါပေမယ့် အဲ့ဒီလိုလုပ်လိုက်လို့ မိစ္ဆာတွေထွက်လာတဲ့အခါ လူတွေက မင်းဘာလို့ မိစ္ဆာတွေကိုလွှတ်ပေးလိုက်ရလဲလို့ မေးလာရင်တော့ ကျွန်တော်က စီနီယာတို့က နှောင့်ယှက်ခိုင်းလို့ သွားနှောင့်ယှက်ရတာလို့ အမှန်အတိုင်းပဲ ဖြေမှာနော်”

တာအိုပညာရှင်တစ်ယောက်ချက်ချင်း လက်ကာပြလိုက်ကာ

“ဒါဆိုလည်း မနှောင့်ယှက်တော့ပါဘူး”

ပြောပြီးနောက် သူ့နှဖူးမှထွက်လာသောချွေးများကိုပင် သုတ်လိုက်ရသည်။ မိစ္ဆာများကိုလွှတ်ပေးမိလိုက်သည်ဟူသော အပြစ်မျိုးကို သူလည်းမလုပ်ရဲပေ။

ထို့နောက် ကျန်းယန် ဂိုဏ်းချုပ်တံဆိပ်ပြားကိုထုတ်လိုက်ပြီး ခပ်တည်တည်ပြောလိုက်၏။

“ဆရာပြောတာတော့ ကျွန်တော်ကနောက်တက်မယ့် ဂိုဏ်းချုပ်တဲ့ ဂိုဏ်းကိစ္စတွေအားလုံးအတွက် ကျွန်တော့်မှာလုပ်ပိုင်ခွင့်အပြည့်ရှိတယ် အဲ့တာကြောင့် ဘာကိစ္စပဲဖြစ်ဖြစ်ကျွန်တော်နဲ့ဆွေးနွေးလို့ရပါတယ်”

လူတိုင်းကျန်းယန်လက်ထဲက တံဆိပ်ပြားကိုကြည့်ကာ ခါးသက်သက်သာ ပြုံးလိုက်ကြသည်။

တံဆိပ်ပြားက အစစ်ဖြစ်တာ သေချာသော်လည်း နောင်တစ်ချိန်တွင် အဇူရာတိမ်ဂိုဏ်းက ဒီညှိနှိုင်းမှုသည် တရားမ၀င်ခဲ့ပါဘူးဟု ဆိုလာလျှင် သူတို့ဘာတတ်နိုင်မည်နည်း။

“ကောင်လေး ငါပွင့်ပွင့်လင်းလင်းပဲပြောမယ်” လန်ကျားအထွတ်အမြတ်မြေမှ တာအိုပညာရှင်ခပ်တင်းတင်းပြောလိုက်၏။

“ငါတို့မင်းကို အရင်းအမြစ်အချို့ပေးနိုင်တယ် ဒါပေမယ့် အချို့ အခြေအနေလေးတွေကိုတော့ မင်းသဘောတူရမယ် ဘယ်လိုလဲ”

ကျန်းယန် ချက်ချင်းစိတ်မကျေမနပ်ဖြစ်သွားသောအမူအရာဖြစ်သွားခဲ့ကာ

“စီနီယာ ဒီစကားကတော့ လုံး၀သင့်တော်ပုံမပေါ်ပါဘူး!

မိစ္ဆာတွေကို ဖိနှိပ်ဖို့ကိစ္စက ဘယ်တုန်းကမှ အဇူရာတိမ်ဂိုဏ်းတာ၀န်မဟုတ်ခဲ့ဘူး ဒါပေမယ့် ကျွန်တော်တို့က နှစ်ပေါင်းတစ်ထောင်ကြာအောင် စောင့်ကြပ်ခဲ့တယ် ကျွန်တော်တို့ ဘိုးဘေးအကြီးအကဲတွေ အရိုးစုတွေအဖြစ်ပြောင်းလဲသွားခဲ့ရတယ် အချို့ဆို အလောင်းတောင်ပြန်မရခဲ့ဘူး ဒါတောင်ကျွန်တော်တို့ဘက်က ဘာမှမတောင်းဆိုခဲ့ဘူး

အခုတော့ ကျွန်တော်တို့ဆက်ပြီးတောင့်ခံမထားနိုင်တော့ဘူး အဲ့တာကြောင့် ကျွန်တော်တို့မဆုတ်ခွာခင် စီနီယာတို့ကို ကြိုအသိပေးခဲ့တယ် အဲ့တာကလည်း ကျွန်တော်တို့တတ်နိုင်သလောက် ကူညီပေးခဲ့တာမျိုးပဲ

ဒါပေမယ့် စီနီယာတို့က ကျွန်တော်တို့ကိုအရင်းအမြစ်တွေပေးချင်တယ်လို့ ပြောတယ်လေ….အဲ့တာက ကျွန်တော်တို့ကိုမိစ္ဆာတွေဖိနှိပ်တဲ့နေရာမှာ ကူညီချင်တယ်လို့ ဆိုလိုနေတာပဲမဟုတ်လား ဘာလို့ အခြေအနေတွေ လိုနေတာလဲ

စီနီယာတို့ ကျွန်တော့်ကိုပြောပါဦး ကျွန်တော်မှားလား!”

“ဒါက….”

ထိုစဉ် ဘုန်းကြီး အသာအယာရယ်မောလိုက်ကာ

“အဇူရာတိမ်ဂိုဏ်းရဲ့ ကြီးမြတ်လှတဲ့ ကုသိုလ်တွေ…ကိုယ်တော်တို့အဲ့တာကို အရင်ကတည်းက မြင်ပြီးပါပြီ မိစ္ဆာတွေကိုဖိနှိပ်တယ်ဆိုတာကလည်း ဒကာလေးပြောသလိုပဲ ဂိုဏ်းတစ်ဂိုဏ်းတည်းရဲ့ကိစ္စမဟုတ်ပါဘူး ကမ္ဘာပေါ်ကဂိုဏ်းတိုင်းစိတ်ပူရမယ့်ကိစ္စပါ အဲ့တာကြောင့်လည်း ကိုယ်တော်တို့ဒီနေရာမှာရှိနေရတာပါပဲ

ကိုယ်တော့်အစီအစဉ်ကတော့ ဒီနေ့ကစပြီး ဒီနိမ့်ကျတဲ့ဘုန်းကြီးက အဇူရာတိမ်ဂိုဏ်းထဲ၀င်ပြီး မိစ္ဆာတွေကိုဖိနှိပ်တဲ့နေရာမှာ ကူညီချင်ပါတယ်

အခြားသူတွေရဲ့ အစီအစဉ်တွေ ဘယ်လိုရှိတယ်ဆိုတာကိုတော့ ကိုယ်တော်မသိပါဘူး”

ကျန်းယန် ကြက်သေသေသွားခဲ့သည်။

ဒီဘုန်းကြီးက အတည်ကြီးပြောနေတာလား!

သူ့ကိုယ်သူဒီလိုအခြေအနေကြီးထဲပစ်သွင်းလိုက်တာမျိုးက အတွင်းထဲကနေ ပုန်းသျှိုးကွယ်သျှိုးအန္တရာယ်ပြုမယ့် အကွက်မျိုးပဲ!

အကယ်၍ ထိုကိုယ်တော်သာအဇူရာတိမ်ဂိုဏ်းသားဖြစ်လာလျှင် သူသည် ဂိုဏ်းကိစ္စတိုင်းတွင် တရား၀င် ၀င်ပါခွင့်ရရှိသွားမည် ဖြစ်သည်။ ထိုသို့ဆိုလျှင် အဇူရာတိမ်ဂိုဏ်း၏လျှို့ချက်များလည်း ထုတ်ဖော်ခံလိုက်ရမည်သာ။ အဇူရာအဟာတိမ်၀င်္ကပါထိန်းချုပ်ခွင့်ကိုပင် ခွဲဝေပေးလိုက်ရမည်ဖြစ်ပြီး အများအမြင်တွင် သူတို့ဂိုဏ်းက မိစ္ဆာများကိုထိန်းချုပ်ဖို့ အရည်အချင်းမပြည့်မီဟန်လည်း ပေါက်သွားပေလိမ့်မည်။

ကျန်းယန်စိတ်ထဲအတွေးပေါင်းစုံပြေးလွှားနေချိန်တွင် သူ့မျက်နှာကိုတော့ အံ့အားသင့်နေပုံသာ ပြထားခဲ့၏။

“အရှင်ဘုရား….တကယ်ကြီး အဇူရာတိမ်ဂိုဏ်းထဲ၀င်ချင်တာလား”

“သေချာတာပေါ့” ဘုန်းကြီး လေးလေးနက်နက်ပြောလိုက်သည်။

“ဗုဒ္ဓရဲ့ ဟောကြားချက်တစ်ခုရှ်ိတယ် ငါမှငရဲကိုမ၀င်ရင် ဘယ်သူ၀င်မှာလဲ တဲ့ အဲ့ဒီလိုပဲ ဒီတစ်ခေါက် ကိုယ်တော်မှ ကိုယ့်ကိုကိုယ်စတေးခံဖို့ အသင့်ပြင်မထားရင် ဘယ်သူကမိစ္ဆာတွေကို တိုက်ခိုက်တော့မှာလဲ”

“ဒါ‌ဆိုအနာဂတ်မှာအရှင်ဘုရားက အဇူရာတိမ်ဂိုဏ်းသားအဖြစ်ပဲရှိနေမှာလား ဒါမှမဟုတ် အခြားဂိုဏ်းတစ်ခုခုကို ပြန်သွားမှာလား”

“မိစ္ဆာတွေကိုရှင်းလင်းလို့ မပြီးသေးသရွေ့ ဒီနိမ့်ကျတဲ့ဘုန်းကြီးက အဇူရာတိမ်ဂိုဏ်းသားအဖြစ်ပဲ ဆက်ရှိနေမှာပါ” ဘုန်းကြီးလေးလေးနက်နက်ပြောလိုက်သည်။

“မိစ္ဆာတွေလည်း အားလုံးရှင်းပြီး ကိုယ်တော်လည်းအသက်ရှင်ကျန်နေဦးမယ်ဆိုရင်တော့ အခြားကိစ္စတွေကို နောက်မှဆွေးနွေးလို့ရပါတယ်”

အခြားတာအိုပညာရှင်များ၏မျက်လုံးများလည်း တောက်ပသွားခဲ့၏။ သူတို့ချက်ချင်း ဘုန်းကြီးဆိုလိုချင်သည်ကို နားလည်သွားခဲ့ကြသည်။

သူတို့ထဲမှအချို့လည်း သံယောင်လိုက်လိုက်ကြ၏။

“ငါတို့ရည်ရွယ်ချက်ကလည်း အတူတူပါပဲ”

သူတို့အားလုံး ကျန်းယန်ကိုကြည့်နေကြပြီး ကျန်းယန်ဘယ်လိုတုန့်ပြန်မလဲ စောင့်နေခဲ့ကြသည်။

ကျန်းယန် ဖြည်းညှင်းစွာပြောလိုက်၏။

“တကယ်လို့ စီနီယာတို့အားလုံး ကူညီချင်တယ်ဆိုရင်တော့ အကောင်းဆုံးဖြစ်မှာပါ အမည်ခံဂိုဏ်းချုပ်တစ်ယောက်အနေနဲ့ ကျွန်တော်က စီနီယာတို့ကို နွေးထွေးစွာ ကြိုဆိုပါတယ် တကယ်တော့ ကျွန်တော်အခုပဲ ကတိပေးလိုက်နိုင်ပါတယ် စီနီယာတို့က အဇူရာတိမ်ဂိုဏ်းသားတွေ ဖြစ်သွားကြပါပြီ

ဂိုဏ်းကိုလည်း၀င်ပြီးကြပြီဆိုတော့ စီနီယာတို့ဂိုဏ်းတွေက ပေးဖို့ပြင်ဆင်ထားတဲ့အရင်းအမြစ်ပမာဏကဘယ်လောက်လဲဆိုတာ မေးပါရစေ”

ဘုန်းကြီးပြုံးကာ ပြောလိုက်၏။

“စိတ်ဝိညာဉ်ကျောက်တုံး ၁၀သန်း နောက်ပြီး စိတ်ဝိညာဉ်ကျောက်တုံး ၁၀သန်းနဲ့ညီတဲ့ သန့်စင်ထားတဲ့လက်နက်အမျိုးမျိုး ဆေးလုံးတွေအတွက်ကတော့ အဇူရာတိမ်ဂိုဏ်းက ဂိုဏ်းသားအများစုက အခြေခံတည်ဆောက်ခြင်းအဆင့်တွေဆိုတော့ ကိုယ်တော်တို့ဘက်က အခြေခံတည်တောက်ခြင်းအဆင့်နဲ့ ရွှေအမြုတေအဆင့်အတွက် ဆေးလုံးတစ်သောင်းထောက်ပံ့မယ် ဒီလောက်အရင်းအမြစ်ပမာဏလေးက နှစ်ပေါင်းများစွာကြာအောင်တောင့်ခံထားခဲ့ရတဲ့ အဇူရာတိမ်ဂိုဏ်းအတွက် မလုံလောက်နိုင်သေးတာကို သိပါတယ် ဒါပေမယ့် အရင်းအမြစ်တွေအပြင် ဒီနိမ့်ကျတဲ့ တာအိုပေါင်းစည်းခြင်းအဆင့်ဘုန်းကြီးလည်း ဂိုဏ်းကို၀င်မှာဆိုတော့ လုံလောက်သင့်ပါတယ်”

အခြားဂိုဏ်းများလည်း သံယောင်လိုက်လိုက်ကြသည်။

“ငါတို့လည်း အကြမ်းဖျင်းအတူတူလောက်ပါပဲ”

ကျန်းယန်မျက်မှောင်ကြုံ့သွားခဲ့၏။ တစ်ဂိုဏ်းကို စိတ်ဝိညာဉ်ကျောက်တုံး ၁၀ သန်းဆိုတာက ထိပ်တန်းဂိုဏ်းကြီးများအတွက် ဘာမှမဟုတ်ပေ။

ဆေးလုံးနှင့်လက်နက်များဆိုတာကလည်း ထိုမျှပမာဏက သူတို့အတွက် ဘာမှမဟုတ်သေးပေ။

သို့သော်လည်း လက်ရှိအဇူရာတိမ်ဂိုဏ်းအခြေအနေအရ အဲ့ဒီအရင်းအမြစ်များက အလွန်အရေးကြီးနေခဲ့၏။

ထိုအရင်းအမြစ်များကိုသာ လက်ခံရရှိခဲ့လျှင် အဇူရာတိမ်ဂိုဏ်းတပည့်များ အကြီးအကျယ်တိုးတက်ပြောင်းလဲလာနိုင်ပေသည်။ အချိန်တိုအတွင်း ရွှေအမြုတေအဆင့်လှိုင်းကြီး သို့မဟုတ် ဝိညာဉ်အခြေတည်အဆင့်လှိုင်းကြီးပင် ထွက်ပေါ်လာနိုင်၏။

သို့သော် တာအိုပေါင်းစည်းခြင်းအဆင့်များ ဂိုဏ်းကို၀င်မည်ဆိုတာကို လက်ခံလိုက်လျှင်တော့ မြွေပွေးကိုခါးပိုက်ပိုက်ထားခြင်းသာ ဖြစ်နေပေလိမ့်မည်။

ကျန်းယန် တွေးတောနေခဲ့သည်။ တကယ်လို့များ ထိုတာအိုပေါင်းစည်းခြင်းအဆင့်များအား ဂိုဏ်းကိုသစ္စာရှိရန် အတင်းအကြပ်စေခိုင်းနိုင်ပြီး ထွက်မသွားအောင်လည်းတားဆီးထားနိုင်ရင်တော့ သူတို့ကို လက်ခံရတာ တန်နေပေလိမ့်မည်။

သူတို့ကို ကျမ်းကျိန်ခိုင်းလိုက်ရမလား!

သို့သော် သူ့အတွေ့အကြုံများအရ ကျမ်းကျိန်ခြင်းက တကယ်ရောယုံရပါ့မလားဆိုတာ တွေးစရာရှိသေးသည်။

ကျန်းယန် သူတို့ကမ်းလှမ်းချက်ကို လက်ခံသင့်မခံသင့် မဆုံးဖြတ်တတ်ဖြစ်နေခဲ့၏။

ကျန်းယန် တွန့်ဆုတ်နေချိန်တွင် လူတိုင်းရှေ့၌ ချင်းယွင်ကျိ ပေါ်လာခဲ့လေသည်။

“ကျန်းယန်!” ချင်းယွင်ကျိ စုဝေးနေသောလူများကိုကြည့်လိုက်ကာ မေးလိုက်၏။

“သူတို့က ဘယ်သူတွေလဲ”

ဒါပေါ့ ထိုသူတွေဘယ်သူတွေလဲဆိုတာ သူသိထားပြီးသား ဖြစ်သော်လည်း တမင်သက်သက် ဟန်လုပ်နေခဲ့ခြင်း ဖြစ်သည်။

“ဆရာ မိစ္ဆာတွေကိုဖိနှိပ်လို့ ပြီးသွားပြီလား ချိတ်ပိတ်စည်းတွေကရော အဆင်ပြေရဲ့လား” ကျန်းယန် မေးခွန်းနှစ်ခုဆက်မေးလိုက်၏။

ချင်းယွင်ကျိ သက်ပြင်းချကာ ခေါင်းခါလိုက်ပြီး

“ခက်ခဲတယ် ဘာပဲဖြစ်ဖြစ်ပါ သူတို့ကဘယ်သူတွေလဲ”

ကျန်းယန် အမြန်ပြန်ဖြေလိုက်သည်။

“ဆရာ သူတို့က ကျွန်တော်တို့ကိုအရင်းအမြစ်တွေပေးဖို့ လာခဲ့ကြတာပါ ဂိုဏ်းတစ်ဂိုဏ်းချင်းစီက စိတ်ဝိညာဉ်ကျောက်တုံး ၁၀သန်း ဆေးလုံး ၁၀၀၀နဲ့ စိတ်ဝိညာဉ်‌ေကျာက်တံုး ၁၀သန်းနဲ့ညီတဲ့ သန့်စင်ပြီးသားလက်နက်တွေ ပေးမယ်တဲ့ ပြီးတော့ ဒီစီနီယာတွေကလည်း ဂိုဏ်းထဲ၀င်ဖို့ သဘောတူထားကြသေးတယ်”

ချင်းယွင်ကျိ အေးစက်စက်နှာခေါင်းရှုံ့လိုက်၏။

“ဒီလောက်ပမာ‌ဏလေးနဲ့… မင်းတို့က ငါတို့ကိုသူတောင်းစားမှတ်နေတာလား ငါတို့ကို ငွေမမြင်ဖူးဘူးလို့ တကယ်ကြီးထင်နေတာလား

ဒါပေမယ့် အဇူရာတိမ်ဂိုဏ်းကို၀င်မယ်ဆိုတဲ့အချက်မှာတော့ မင်းတို့ရဲ့စစ်မှန်မှုကို မြင်ရပါတယ်

လက်ရှိဂိုဏ်းချုပ်အနေနဲ့ ငါမင်းတို့ကိုလက်ခံပေးလို့ရတယ်

ဒါပေမယ့် ဂိုဏ်းထဲ၀င်ပြီးသွားရင် ပုံမှန်အားဖြင့် မင်းတို့က မိစ္ဆာတွေကိုဖိနှိပ်တဲ့နေရာမှာ ပါ၀င်ရတော့မှာပဲလေ အဲ့ဒီအခါ အဇူရာတိမ်ဂိုဏ်းရဲ့ လျှို့ဝှက်ချက်တွေကိုလည်း မင်းတို့သိသွားလိမ့်မယ် အဲ့တာကြောင့် ဂိုဏ်းထဲ၀င်မယ်ဆိုရင် မင်းတို့မူလဝိညာဉ်တွေကို တစ်ခြမ်းဆီခွဲပြီး ငါ့ထိန်းချုပ်မှုအောက်မှာ ထားပေးရမယ်! မင်းတို့အဇူရာတိမ်ဂိုဏ်းကို အန္တရာယ်မပြုသရွေ့ ငါကလည်း မင်းတို့ကိုဘာအန္တရာယ်မှ ပေးမှာမဟုတ်ဘူး”

တာအိုပေါင်းစည်းခြင်းအဆင့်များအားလုံး တောင့်တင်းကုန်ကြသည်။

သူတို့ မူလဝိညာဉ်တစ်၀က်ကို ခွဲပေးထားဖို့လား!

ထိုအရာက သူတို့သည် ချင်းယွင်ကျိထိန်းချုပ်မှုအောက်သို့ လုံး၀ရောက်သွားခြင်းဟု ဆိုလိုနေခြင်းမဟုတ်ပါလော။

ဒါကြီးက ဘယ်လိုဟာသကြီးလဲ!

All Chapters