← Chapters

နတ်ဆိုးဘိုးဘေးနှင့် ယှဉ်ပြိုင်ခြင်း....

Vol. 49 Ch. 726

နတ်ဆိုးဘိုးဘေးနှင့် ယှဉ်ပြိုင်ခြင်း....

Vol. 49 Ch. 726

အင်မော်တယ်ဘိုးဘေးနှင့် နတ်ဆိုးဘိုးဘေးများကြားတွင် သိသာထင်ရှားသော ကွာခြားချက်များရှိသည်။ ပင်မစကြာဝဠာရှိ အလွှာဆယ့်နှစ် ကြီးမြတ်သူများပင် သူတို့နှစ်ယောက်က အနှစ်သာရအားဖြင့် တစ်ယောက်တည်းဖြစ်သည်ကို ခွဲခြားသိမြင်နိုင်ခြင်းမရှိပေ။

လင်းယွမ်ကလည်း အချိန်လေဟာနယ်၏ သတ္တမအဆင့်သို့ ရောက်မှသာ ၎င်းကို အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။ အချိန်လေဟာနယ်နယ်ပယ်အတွင်းရှိ သဲလွန်စများ၊ အင်မော်တယ်ကမ္ဘာနှင့် နတ်ဆိုးချောက်နက်၏ အချိန်လေဟာနယ် တည်ဆောက်ပုံတို့မှတစ်ဆင့် အင်မော်တယ်ကမ္ဘာတွင် အစကတည်းက တာအိုဘိုးဘေးက တစ်ယောက်တည်းသာ ရှိသည်ကို သိခဲ့ရသည်။

အင်မော်တယ်ဘိုးဘေးနှင့် နတ်ဆိုးဘိုးဘေးတို့က အကြွေးစေ့တစ်ခု၏ မျက်နှာပြင်နှစ်ဖက်သာဖြစ်သည်။

" မင်းက တကယ်မြင်နိုင်ခဲ့တာပဲ။ " နတ်ဆိုးဘိုးဘေး၏ မျက်နှာတွင် မည်သည့်အမူအရာမှ မပြပေ။ လင်းယွမ်က ရှင်းရှင်းလင်းလင်း ပြောခဲ့သောကြောင့် သူက ဆက်လက်ဟန်ဆောင်နေရန် မလိုအပ်တော့ပေ။

" ကံကောင်းလို့ပါ။ " လင်းယွမ်က ပြုံး၍ ပြောလိုက်သည်။

အမှန်တော့ သူက အချိန်လေဟာနယ်၏ သတ္တမအဆင့်ကို မရောက်ခင်ကတည်းက အင်မော်တယ်ဘိုးဘေးနှင့် နတ်ဆိုးဘိုးဘေးတို့အပေါ် သံသယဝင်နေခဲ့ပြီး ဖြစ်သည်။ အင်မော်တယ်ကမ္ဘာမှ သက်ရှိများနှင့် မတူဘဲ လင်းယွမ်က ကြီးမြတ်သူများနေထိုင်ရာ ပင်မစကြာဝလခါမှ လာခဲ့ခြင်းဖြစ်ပြီး အလွှာဆယ့် သက်ရှိတစ်ယောက်ထွက်ပေါ်လာရန် မည်မျှ ခက်ခဲသည်ကို သိရှိထားသည်။

သို့သော် အင်မော်တယ်ကမ္ဘာတွင် ​အလွှာဆယ့်နှစ် ကြီးမြတ်သူ နှစ်ယောက် ရှိနေသည်။ ထိုမျှသာဆိုလျှင် လင်းယွမ်က အများကြီး စဉ်းစားမည်မဟုတ်ပေ။ အကြောင်းမှာ အင်မော်တယ်ကမ္ဘာက အလွှာဆယ့်နှစ် ကြီးမြတ်သူနှစ်ယောက်ကို လက်ခံနိုင်စွမ်းရှိသည်။

သို့သော် ထိုအလွှာဆယ့်နှစ် ကြီးမြတ်သူနှစ်ယောက်က လုံးဝ ဆန့်ကျင်ဘက်လမ်းကြောင်းများကို လျှောက်လှမ်းနေကြသည်။ အင်မော်တယ်နှင့်နတ်ဆိုးများကလည်း တစ်ဖက်နှင့်တစ်ဖက် အဖြည့်ခံသဘောမျိုး ဖြစ်နေသည်။

နတ်ဆိုးများအားလုံးက အင်မော်တယ်များ၏ အသွေးအသားများကို တပ်မက်စွာ စားသောက်ကြသည်။ သို့သော် အင်မော်တယ်များကလည်း နတ်ဆိုးများကို စားသုံးနိုင်ကြသည်။ နတ်ဆိုးချီက အဆိပ်အတောက် ဖြစ်စေပြီး သူတို့ကိာ နတ်ဆိုးအသွင် ပြောင်းလဲသွားနိုင်သောကြောင့်သာ ထိုသို့မလုပ်ကြခြင်းဖြစ်သည်။

သို့သော် အင်မော်တယ်များနှင့် နတ်ဆိုးများ အားဖြည့်ပေးခြင်းက လင်းယွမ်၏ စိတ်ထဲတွင် ဆက်စပ်မှုများစွာကို ဖြစ်ပေါ်စေရန် လုံလောက်နေပြီဖြစ်သည်။ နတ်ဆိုးများက နတ်ဆိုးဘိုးဘေးမှ ဆင်းသက်လာပြီး အင်မော်တယ်များက အင်မော်တယ်ဘိုးဘေး လက်ဆင့်ကမ်းပေးသော ကျင့်ကြံမှုလမ်းစဉ်ကို လျှောက်လှမ်းနေကြသည်။

ထို့ကြောင့် အချင်းချင်းအားဖြည့်ပေးနိုင်ခြင်းကြောင့် အင်မော်တယ်ဘိုးဘေးနှင့် နတ်ဆိုးဘိုးဘေးတို့ကလည်း အဖြည့်ခံသဘာဝဖြစ်ပေလိမ့်မည်။ အလွှာဆယ့်နှစ် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်နှစ်ခုက တစ်ခုနှင့်တစ်ခု အားဖြည့်ပေးနေခြင်းမှာ ၎င်းက တစ်ခုတည်းဖြစ်နိုင်လေသည်။ ထို့ကြောင့် ထိုအလွှာဆယ့်နှစ် ကြီးမြတ်သူနှစ်ယောက်က နက်ရှိုင်းသော ဆက်ဆံရေးရှိရမည် သို့မဟုတ် လူတစ်ယောက်တည်း ဖြစ်နိုင်လေသည်။

" မင်းက မူလနယ်မြေထဲ ဝင်ချင်တယ်ဆိုရင် ငါ့ရဲ့ တောင်းဆိုမှုတစ်ခုကို သဘောတူရလိမ့်မယ်။ " နတ်ဆိုးဘိုးဘေးက လင်းယွမ်ကို ကြည့်ပြီး ပြောလိုက်သည်။

" ဘာတောင်းဆိုမှုလဲ။ " လင်းယွမ်၏ မျက်နှာပေါ်တွင် အပြုံးတစ်ပွင့် ပေါ်လာခဲ့သည်။

မလိုအပ်လျှင် လင်းယွမ်က နတ်ဆိုးဘိုးဘေးနှင့် ရန်သူမဖြစ်လိုကေ။ မည်သို့ပင်ဖြစ်စေ ဤကမ္ဘာတွင် လင်းယွမ်၏ နေထိုင်ချိန်က ကန့်သတ်ထားသည်။ သူက နတ်ဆိုးဘိုးဘေးနှင့် ညှိနှိုင်းနိုင်ခြင်းက အဆင်ပြေသည်။

" မင်းက တာအိုဘိုးဘေးအဆင့်ကို မဝင်သေးဘူးဆိုတာ ငါခံစားမိတယ်။ " နတ်ဆိုးဘိုးဘေးက ပြောလိုက်သည်။ " တာအိုဘိုးဘေးမဟုတ်ဘဲနဲ့တောင် အချိန်လေဟာနယ်ကို ဒီလောက်ထိ နားလည်နိုင်တယ်။ ဒါကြောင့် ငါမင်းနဲ့ ယှဉ်ပြိုင်ချင်တယ်။ "

" ယှဉ်ပြိုင်ဖို့လား။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။ " ပြဿနာမရှိဘူး။ "

နတ်ဆိုးဘိုးဘေးက လင်းယွမ်၏ တည်နေရာ အတိအကျကို စမ်းသပ်လိုခြင်းဖြစ်သည်။ စောင့်ကြည့်ရုံဖြင့် သူက လင်းယွမ်၏ တည်နေရာကို သတ်မှတ်နိုင်ခြင်းမရှိပေ။ သို့သော် လင်းယွမ်နှင့် ယှဉ်ပြိုင်ခြင်းက ဖြစ်နိုင်သည်။

လင်းယွမ်ကလည်း ၎င်းကို စိတ်အားထက်သန်နေသည်။ သူက ယခုအချိန်ထိ အလွှာဆယ့်နှစ် ကြီးမြတ်သူတစ်ယောက်နှင့် ယှဉ်ပြိုင်ခဲ့ခြင်းမရှိပေ။ သူက စစ်မြေပြင်တွင် ရင်ဆိုင်ခဲ့ရသူများမှာ အလွှာဆယ့်နှစ်လက်နက်များကို ကိုင်ဆောင်ထားသော အလွှာဆယ့်တစ် အင်အားကြီးသူများသာ ဖြစ်သည်။

" မင်း ဘယ်မှယှဉ်ပြိုင်ချင်လဲ။ " နတ်ဆိုးဘိုးဘေးက မေးလိုက်သည်။

ထိုနေရာက နတ်ဆိုးချောက်နက်ဖြစ်ပြီး သူ၏ ခွန်အားကို များစွာမြှင့်တင်နိုင်သောကြောင့် ဖြစ်သည်။ သူတို့က ရန်သူများမဟုတ်ဘဲ စွမ်းအားစမ်းသပ်ခြင်းသာဖြစ်လျှင် ၎င်းက မျှတသင့်ပေသည်။

" ဒီနေရာမှာပဲ။ " လင်းယွမ်က ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။

" မင်းသေချာလား။ " နတ်ဆိုးဘိုးဘေးက မေးလိုက်သည်။ သူ၏ ကိုယ်ပိုင်နယ်မြေမှာ သိုင်းဘိုးဘေးက စွမ်းအာ်းချင်းယှဉ်ပြိုင်ရန် ယုံကြည်မှုရှိနေသလား။

" သေချာတယ်။ " လင်းယွမ်က ပြုံး၍ ပြောလိုက်သည်။

နတ်ဆိုးဘိုးဘေးက အလွှာဆယ့်နှစ် ကြီးမြတ်သူဖြစ်သော်လည်း အချိန်လေဟာနယ်၏ သတ္တမအဆင့်ကို မသိပေ။ ၎င်းက ပုံမှန်သာဖြစ်သည်။ အင်မော်တယ်ကမ္ဘာက ပင်မစကြာဝဠာနှင့် နီးသော်လည်း ပင်မစကြာဝဠာ၏ အလွန်တွင် ဖရိုဖရဲဟင်းလင်းပြင်ရှိပြီး ထိုနေရာ၌ အလွှာဆယ့်နှစ် လွှမ်းမိုးခြင်းအဆင့်၊ ဖရိုဖရဲအဆင့်များပင် တည်ရှိသည်။

နတ်ဆိုးချောက်နက်၏ အလယ်တွင် လင်းယွမ်နှင့် နတ်ဆိုးဘိုးဘေးတို့က အကွာအဝေးတစ်ခု၌ မျက်နှာချင်းဆိုင်ရပ်နေကြသည်။

" မင်း ပထမဆုံးစပါ။ မင်း ငါ့ကို တိုက်ခိုက်မှုတစ်ခုထိအောင် လုပ်နိုင်သရွေ့ မင်း နိုင်ပြီ။ " လင်းယွမ်က နတ်ဆိုးဘိုးဘေးကို ပြုံး၍ ပြောလိုက်သည်။

နတ်ဆိုးဘိုးဘေး၏ ပုံရိပ်က ဆယ်မီတာအထိ ကျုံ့သွားပြီး နက်မှောင်သော အော်ရာတစ်ခုကို ထိုလွှတ်ကာ ပတ်ဝန်းကျင်မှ နတ်ဆိုးချီများကို အဆက်မပြတ် သပြ်ယူနေသည်။

" သိုင်းဘိုးဘေးက ငါ သူ့ကို လုံးဝ ထိမရဘူးလို့ ယုံကြည်နေတာလား။ " နတ်ဆိုးဘိုးဘေးက လင်းယွမ်ကို ကြည့်ပြီး တွေးလိုက်သည်။

သူက လင်းယွမ်၏ တိကျသော အချိန်လေဟာနယ်တည်နေရာကို တိကျစွာ သတ်မှတ်နိုင်ခြင်းမရှိသည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် ၎င်းက သူ့ကို တိုက်ခိုက်၍ မရနိုင်ဟု ဆိုလိုခြင်းမဟုတ်ပေ။

၎င်းက ရှုပ်ထွေးသော ပုရွက်ဆိတ်အုံတစ်ခုကဲ့သို့ ဖြစ်သည်။ ပုရွက်ဆိတ်တစ်ကောင်ကို ရှာဖွေရန် အမှန်တကယ် ခက်ခဲသော်လည်း ပုရွက်ဆိတ်အုံကို ဖျက်ဆီးလိုက်ရုံနှင့် ထိုပုရွက်ဆိတ်က သေဆုံးရမည်ဖြစ်သည်။

နတ်ဆိုးဘိုးဘေးကလည်း ထိုကဲ့သို့ တွေးသည်။ သူက လင်းယွမ်၏ တည်နေရာကို ရှာဖွေနိုင်ခြင်းမရှိသော်လည်း သူခံစားနိုင်သည့် အချိန်လေဟာနယ်တစ်ခုလုံးကို ဖျက်ဆီးဖြစ်နိုင်သည်။

" သတိထားပါ သိုင်းဘိုးဘေး။ " နတ်ဆိုးဘိုးဘေးက သူ၏ လက်ကို မြှောက်လိုက်ရာ နတ်ဆိုးချီက လှိုင်းထန်လာပြီး ချက်ချင်းပင် ကျယ်ပြန်သော အချိန်လေဟာနယ်က ပြိုကျသွားသည်။ အလွှာဆယ့်နှစ် တည်ရှိမှုအနေဖြင့် သူ၏ လှုပ်ရှားမှုတိုင်းက ပတ်ဝန်းကျင်ရှိ အချိန်လေဟာနယ်ကို သက်ရောက်စေနိုင်သည်။

ဝုန်း....

ကြောက်စရာကောင်းသော အချိန်လေဟာနယ်တုန်ခါမှုများက ချက်ချင်း ပျံ့နှံ့သွားပြီး တုန်ခါမှု၏ ပစ်မှတ်ဖြစ်သော လင်းယွမ်က နတ်ဆိုးချီများဖြင့် ဖုံးလွှမ်းခံလိုက်ရသည်။

လင်းယွမ်က တည်ငြိမ်စွာ ရပ်နေပြီး နတ်ဆိုးချီများက ဟင်းလင်းပြင်တစ်ခုကို ဖြတ်သန်းသွားသကဲ့သို့ သူ့ကို ဖြတ်သွားသည်။ နတ်ဆိုးချီများပျောက်ကွယ်သွားချိန်တွင် လင်းယွမ်က ထိုနေရာတွင် တည်​ငြိမ်စွာ ရပ်နေဆဲ ဖြစ်သည်။

" ဘာသက်ရောက်မှုမှ မရှိဘူးလား။ " နတ်ဆိုးဘိုးဘေးက ဖိအားကို ခံစားလိုက်ရသည်။

သူ၏ တိုက်ခိုက်မှုက စမ်းသပ်မှုတစ်ခုသာ ဖြစ်သော်လည်း ၎င်းက အချိန်လေဟာနယ်အတိုင်းအတာတစ်ခုကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်သည်။ နတ်ဆိုးဘိုးဘေး၏ အမြင်အရ သူက လင်းယွမ်ကို ထိခိုက်အောင် မလုပ်နိုင်ခဲ့လျှင်တောင် အနည်းဆုံးတောင် လင်းယွမ်အပေါ် အနည်းငယ် သက်ရောက်မှုရှိသင့်ပေသည်။ သို့သော် ယခု သူ၏ တိုက်ခိုက်မှုက လင်းယွမ်၏ ကိုယ်ပွားနှင့် အလွန်ဝေးကွာနေပုံရသည်။

" အဲ့ဒီတိုက်ခိုက်မှုက သိပ်မဆိုးဘူး။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

အလွှာဆယ့်နှစ်တစ်ယောက်၏ တိုက်ခိုက်မှုကို ရင်ဆိုင်ခြင်းက သူ့အတွက် ရှားပါးသော အတွေ့အကြုံပင်ဖြစ်သည်။ အချိန်လေဟာနယ်၏ သတ္တမအဆင့်က လင်းယွမ်ကို ဘေးကင်းသော အခြေအနေတွင် ထားရှိနိုင်သည်။

" သိပ်မဆိုးဘူးလား။ " နတ်ဆိုးဘိုးဘေးက အသက်ပြင်းပြင်း ရှူလိုက်ပြီး နတ်ဆိုးချောက်နက်တစ်ခုလုံး၏ စွမ်းအားများကို စုပ်ယူလိုက်သည်။ " ဒါဆို ဒီတိုက်ခိုက်မှုကို ကြည့်လိုက်။ "

ဝုန်း....

မရေတွက်နိုင်သော အချိန်လေဟာနယ်အလွှာများက မာကျောသွားသကဲ့သို့ ဖြစ်သွားပြီး လင်းယွမ်က သလင်းကျောက်ထဲတွင် ပိတ်မိနေသော ပိုးကောင်တစ်ကောင်ကဲ့သို့ ဖြစ်သွားသည်။ ထို့နောက် အချိန်လေဟာနယ်တွင် အက်ကြောင်းများ ဆက်တိုက်ထွက်ပေါ်လာသည်။

အက်ကြောင်းများက လျင်မြန်စွာ ပျံ့နှံ့သွားပြီး သူတို့၏ ရှေ့မှ အရာအားလုံးကို လွှမ်းခြုံသွားသည်။ နောက်ခဏတွင် ပတ်ဝန်းကျင်ရှိ အချိန်လေဟာနယ်က မှန်တစ်ချပ်ကဲ့သို့ ကွဲကြေသွားပြီး အမှောင်ထုများဖုံးလွှမ်းနေသော အချိန်လေဟာနယ် အက်ကြောင်းများ ထွက်ပေါ်လာသည်။

ထိုတိုက်ခိုက်မှုဖြင့် နတ်ဆိုးဘိုးဘေးက အင်မော်တယ်ကမ္ဘာ၏ အချိန်လေဟာနယ် အလွှာများအားလုံးကို ဆုတ်ဖြဲလိုက်ပြီး ကြီးမားသော အက်ကြောင်းတစ်ခုကို ဖန်တီးခဲ့သည်။

" ဟင် " နတ်ဆိုးဘိုးဘေးက လင်းယွမ်ရှိရာသို့ ကြည့်လိုက်ရာ လင်းယွမ်က ထိုနေရာတွင် ရပ်နေဆဲ ဖြစ်ပြီး ပတ်ဝန်းကျင်ရှိ ကွဲကြေနေသော အချိန်လေဟာနယ်က သူ့ကို ထိခိုက်ခြင်းမရှိသည်ကို တွေ့လိုက်ရသည်။ ထိုမြင်ကွင်းက နတ်ဆိုးဘိုးဘေးကို အံ့အားသင့်သွားစေခဲ့သည်။

" ငါ အင်မော်တယ်ကမ္ဘာရဲ့ အချိန်လေဟာနယ်ကို ထိုးဖောက်ခဲ့တာတောဂ် သိုင်းဘိုးဘေးအပေါ်ကို သက်ရောက်မှုမရှိဘူးလား။ " နတ်ဆိုးဘိုးဘေးက အချက်တစ်ချက်ကို အတည်ပြုလိုက်နိုင်သည်။ " သိုင်းဘိုးဘေးရဲ့ တည်နေရာက အင်မော်တယ်ကမ္ဘာရဲ့ အချိန်လေဟာနယ်ကို ကျော်လွန်သွားတဲ့ပုံပဲ။ အင်မော်တယ်ကမ္ဘာတစ်ခုလုံးကို ဖျက်ဆီးရင်တောင် သူ့ကို ထိခိုက်အောင် လုပ်နိုင်မှာမဟုတ်ဘူး။ "

All Chapters