အင်မော်တယ်တာအိုကမ္ဘာသို့....
Vol. 49 Ch. 727
" နတ်ဆိုးဘိုးဘေးရဲ့ ဒီတိုက်ခိုက်မှုက အရင်ထက် အများကြီး ပိုသန်မာတယ်။ " လင်းယွမ်က ချက်ချင်း ချီးကျူးလိုက်သည်။ " မင်းက ငါနဲ့ ပိုနီးစပ်လာပြီ။ နတ်ဆိုးဘိုးဘေး ထပ်ကြိုးစားချင်သေးလား။ "
အမှန်တော့ နတ်ဆိုးဘိုးဘေး၏ တိုက်ခိုက်မှုက လင်းယွမ်၏ စစ်မှန်သော တည်နေရာနှင့် ဝေးကွာနေဆဲ ဖြစ်သည်။ သို့သော် နတ်ဆိုးဘိုးဘေးကို ထပ်မံတိုက်ခိုက်ရန် အားပေးခြင်းက ပိုကောင်းလေသည်။
" မလိုတော့ဘူး။ ငါက သိုင်းဘိုးဘေးကို ထိလို့မရပါဘူး။ " နတ်ဆိုးဘိုးဘေးက ခဏတိတ်ဆိတ်သွားပြီးနောက် ချက်ချင်း ပြောလိုက်သည်။
" ထပ်မပြိုင်တော့ဘူးလား။ " လင်းယွမ်က ပြောလိုက်သည်။
" ဆက်ပြီးယှဉ်ပြိုင်ဖို့ မလိုတော့ပါဘူး။ " နတ်ဆိုးဘိုးဘေးက ပြန်ဖြေလိုက်သည်။
အမှန်တော့ နတ်ဆိုးဘိုးဘေးက သူအသုံးမပြုရသေးသော ဝှက်ဖဲများနှင့် သတ်ဖြတ်ခြင်းနည်းစနစ်များ ရှိနေသေးသည်။ အင်မော်တယ်ဘိုးဘေးကလည်း လှုပ်ရှားခြင်းမရှိသေးပေ။ သို့သော် ထိုစမ်းသပ်တိုက်ခိုက်မှုနှစ်ခုမှ နတ်ဆိုးဘိုးဘေးက လင်းယွမ်၏ အချိန်လေဟာနယ်တည်နေရာကို မသတ်မှတ်နိုင်ရုံသာမက သူ၏ တိုက်ခိုက်မှုများက လင်းယွမ်အား ထိခိုက်နိုင်ခြင်းမရှိသည်ကို အတည်ပြုနိုင်ခဲ့သည်။
" ဒါဆို ငါ အင်မော်တယ်ကမ္ဘာရဲ့ မူလရင်းမြစ်ထဲကို ဝင်ကြည့်လို့ရမလား။ " လင်းယွမ်က ဆက်မေးလိုက်သည်။
" ရပါတယ်။ မင်းဝင်နိုင်ပါတယ်။ " နတ်ဆိုးဘိုးဘေး၏ နှုတ်ခမ်းများက တွန့်ကွေးသွားသည်။
လင်းယွမ်၏ စွမ်းအားနှင့် သူသေဘောမတူလျှင်တောင် လင်းယွမ်က မူလရင်းမြစ်ထဲသို့ ဝင်ရောက်နိုင်လေသည်။ လင်းယွမ်က နတ်ဆိုးချောက်နက်သို့ လာပြီး နတ်ဆိုးဘိုးဘေးနှင့် တွေ့ဆုံခြင်းက အသိပေးရုံသာဖြစ်သည်။
" ဒါဆို ကျေးဇူးတင်ပါတယ်။ " လင်းယွမ်က ပြောလိုက်သည်။ သူက အင်မော်တယ်ကမ္ဘာ၏ မူလရင်းမြစ်သို့ တိုက်ရိုက်ဝင်ရောက်နိုင်သော်လည်း အိမ်ရှင်ကို နှုတ်ဆက်ခြင်းက သင့်လျော်ပေသည်။
" ဒါဆို သွားလိုက်ပါဦးမယ်။ ကိစ္စတစ်ခုခုရှိရင် ငါ့ကို တိုက်ရိုက်ဆက်သွယ်လိုက်ပါ။ " လင်းယွမ်၏ ပုံရိပ်က ပျောက်ကွယ်သွားခဲ့သည်။
" သိုင်းဘိုးဘေး...." လင်းယွမ်ထွက်သွားပြီးနောက် နတ်ဆိုးဘိုးဘေးက အချိန်အတော်ကြာရပ်နေပြီး သက်ပြင်းချကာ ပျောက်ကွယ်သွားခဲ့သည်။
နတ်ဆိုးဘိုးဘေးနှင့် လင်းယွမ်တို့၏ ယှဉ်ပြိုင်မှုက နတ်ဆိုးချောက်နက်အပေါ် နက်ရှိုင်းသော သက်ရောက်မှုရှိပြီး မရေတွက်နိုင်သော နတ်ဆိုးများနှင့် နတ်ဆိုးဧကရာဇ်များကို ထိတ်လန့်စေခဲ့သည်။
ရွှမ်ထျန်းအင်မော်တယ်နယ်မြေတွင် လင်းယွမ်က ခြေချိတ်ထိုင်နေသည်။
" အလွှာဆယ့်နှစ် စွမ်းအား..." လင်းယွမ်က နတ်ဆိုးဘိုးဘေး၏ တိုက်ခိုက်မှုနှစ်ခုကို လေ့လာနေသည်။
အချိန်လေဟာနယ်၏ နားလည်မှုတွင် လင်းယွမ်က နတ်ဆိုးဘိုးဘေးထက် သာလွန်သောကြောင့် မရှုံးနိမ့်နိုင်သော်လည်း ၎င်းက မရှုံးနိမ့်နိုင်ရုံသာဖြစ်သည်။ တိုက်ရိုက်ခုခံမည်ဆိုလျှင် ကိုယ်ပွားမပြောနှင့် ပင်မစကြာဝဠာမှ မူလခန္ဓာကိုယ်ပင် ခုခံနိုင်မည်မဟုတ်ပေ။
" အလွှာဆယ့်နှစ်ရဲ့ တိုက်ရိုက်တိုက်ခိုက်ရေးစွမ်းအားနဲ့ ငါ့ကြားမှာ သိသာတဲ့ ကွာဟချက်ရှိနေတုန်းပဲ။ " လင်းယွမ်က သူ့ကိုသူ အကဲဖြတ်လိုက်သည်။
" ဒါပေမယ့် ပင်မစကြာဝဠာက အလွှာဆယ့်နှစ် ကြီးမြတ်သူတွေနဲ့ ယှဉ်ရင် နတ်ဆိုးဘိုးဘေးက နည်းနည်း အားနည်းနေသလိုပဲ။ " လင်းယွမ်က တွေးလိုက်သည်။
အလွှာဆယ့်နှစ်များကြားမှာပင် ခွန်အားကွာခြားမှုများ ရှိကြသည်။ လမ်းစဉ်ခွဲထွက်ခြင်းအဆင့်၊ လွှမ်းမိုးခြင်းအဆင့်နှင့် ဖရိုဖရဲအဆင့်တို့ကို ဆိုလိုခြင်းမဟုတ်ပေ။ လမ်းစဉ်ခွဲထွက်ခြင်းအဆင့်တစ်ခုတည်းနှင့်ပင် စကြာဝဠာပျက်ဆီးခြင်းကို အချို့က ခံနိုင်ရည်ရှိပြီး အချို့က ခံနိုင်ရည်မရှိကြပေ။
နတ်ဆိုးဘိုးဘေးက ပင်မစကြာဝဠာမှ အလွှာဆယ့်နှစ်များထက် အားနည်းသည်မှာ သဘာဝကျလေသည်။ ပင်မစကြာဝဠာမှ အလွှာဆယ့်နှစ် ကြီးမြတ်သူများက အချင်းချင်း ယှဉ်ပြိုင်ကြသည့်အပြင် စကြာဝဠာအပြင်ဘက်မှ အယူအဆများကိုလည်း ရရှိနိုင်ကြသည်။
သို့သော် နတ်ဆိုးဘိုးဘေးက အင်မော်တယ်ဘိုးဘေးနှင့် အတူတူဖြစ်သည့်အပြင် အင်မော်တယ်ကမ္ဘာတွင် သူတစ်ယောက်တည်းသာ အလွှာဆယ့်နှစ် ဖြစ်နေခဲ့သောကြောင့် ရန်သူ၏ တွန်းအားကို ဆုံးရှုံးသွားပြီး တိုးတက်မှုက နှေးကွေးသွားခဲ့သည်။
" အချိန်လေဟာနယ်လမ်းကြောင်းက ဖွဲ့စည်းပြီးသွားပြီ။ " လင်းယွမ်က သူ၏ ရှေ့မှ အချိန်လေဟာနယ်လမ်းကြောင်းကို ကြည့်လိုက်သည်။
၎င်းက သူ၏ အချိန်လေဟာနယ် သတ္တမအဆင့်ကို အခြေခံပြီး အချိန်လေဟာနယ်ကို စုစည်း၍ အင်မော်တယ်ကမ္ဘာနှင့် စိတ်ဝိညာဉ်ကမ္ဘာကြား လမ်းကြောင်းတစ်ခုကို အတင်းအကျပ် ဖန်တီးထားခြင်းဖြစ်သည်။
ထိုကဲ့သို့ လုပ်ဆောင်မှုမျိုးကို လင်းယွမ်တစ်ယောက်သာ လုပ်နိုင်သည်။ အင်မော်တယ်ဘိုးဘေးနှင့် နတ်ဆိုးဘိုးဘေးတို့က အင်မော်တယ်ကမ္ဘာသို့ သက်ရှိအနည်းငယ်ကိုသာ ခေါ်ဆောင်နိုင်ပေလိမ့်မည်။
မကြာမီ လင်းယွမ်၏ ရှေ့တွင် ပုံရိပ်များ ပေါ်လာခဲ့သည်။
" ဒါ ဒါက အင်မော်တယ်ကမ္ဘာလား။ " လီချင်းက အချိန်လေဟာနယ်ကြောင်းမှ ဖြတ်ကျော်ဝင်လာပြီး အင်မော်တယ်ကမ္ဘာသို့ ရောက်သည်နှင့် ကြွယ်ဝသော အင်မော်တယ်ချီနှင့် ပြည့်စုံသော တာအိုနိယာမများကို ခံစားမိပြီး အံ့ဩမှင်သက်သွားခဲ့သည်။
" သိုင်းဘိုးဘေးကို အရိုအသေပေးပါတယ်။ "
" သိုင်းဘိုးဘေးကို အရိုအသေပေးပါတယ်။ "
လီချင်း၏ နောက်မှ ရှန်ယန်၊ နင်ယွင်နှင့် ကျန်သော အဋ္ဌမအလွှာ သိုင်းတာအိုကျင့်ကြံသူများက သူတို့၏ စိတ်ကို ထိန်းချုပ်လိုက်ကြသည်။ လက်နှစ်ဖက် နောက်ပစ်၍ ရပ်နေသော လင်းယွမ်ကို မြင်သောအခါ သူတို့က ရိုသေစွာ ဦးညွှတ်လိုက်ကြသည်။
သိုင်းဘိုးဘေးက စိတ်ဝိညာဉ်ကမ္ဘာသို့ ပြန်လာပြီး အင်မော်တယ်ကမ္ဘာနှင့် လမ်းကြောင်းကို ဖွင့်လိုက်သောသတင်းက စိတ်ဝိညာဉ်ကမ္ဘာတစ်ခုလုံးပျံ့နှံ့သွားပြီး မရေတွက်နိုင်သော ကျင့်ကြံသူများက စိတ်လှုပ်ရှားမှုကြောင့် ရူးသွပ်သွားကြသည်။
" ထကြပါ။ ပထမဆုံး အင်မော်တယ်ကမ္ဘာရဲ့ ပတ်ဝန်းကျင်နဲ့ အသားကျအောင် လုပ်ပါ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
" ဟုတ်ကဲ့ပါ သိုင်းဘိုးဘေး။ " လီချင်းနှင့် အခြားသူများက အလွန်စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိမ့်လိုက်ကြသည်။
လင်းယွမ်က နောက်သို့ ကြည့်လိုက်သောအခါ လီချင်းတို့အပြင် နောက်မှ အဋ္ဌမအလွှာ သိုင်းတာအိုကျင့်ကြံသူများ ထပ်မံဝင်ရောက်လာသည်ကို တွေ့လိုက်ရသည်။ သူတို့ထဲတွင် ကျွင်းမိသားစုမှ ကျွင်းဟိုင်ချို၊ ကျွင်းနန်းကုန်းနှင့် ကျွင်းယွင်ရှန်းတို့လည်း ပါဝင်ကြသည်။
လင်းယွမ်က အင်မော်တယ်တာအိုကမ္ဘာသို့ ဆင်းသက်ချိန်တွင် တာအိုအင်မော်တယ်ဂိုဏ်း၏ ကျွင်းမိသာစုမှ ကျွင်းဝူကျိဖြစ်ခဲ့သည်။
စိတ်ဝိညာဉ်ကမ္ဘာတွင် လင်းယွမ်၏ ကိုယ်ပွားက စိတ်ဝိညာဉ်ကမ္ဘာ၏ အပြင်ဘက်သို့ ရောက်ရှိလာသည်။
" အင်မော်တယ်တာအိုကမ္ဘာ..." လင်းယွမ်က အောက်ရှိ ကမ္ဘာတစ်သန်းမှ အင်မော်တယ်တာအိုကမ္ဘာကို ကြည့်လိုက်သည်။
စိတ်ဝိညာဉ်ကမ္ဘာနှင့် အင်မော်တယ်တာအိုကမ္ဘာကြား အကွာအဝေးက မကြီးမားပေ။ အင်မော်တယ်တာအိုကမ္ဘာမှ ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူများက တက်လှမ်းခြင်းစင်မြင့်မှတစ်ဆင့် စိတ်ဝိညာဉ်ကမ္ဘာသို့ တက်လှမ်းနိုင်ကြသည်။
လင်းယွမ်၏ ကိုယ်ပွားက ဆက်လက်ဆင်းသက်သွားပြီး အင်မော်တယ်တာအိုကမ္ဘာထဲသို့ ဝင်ရောက်သွားသည်။
" ပြန်ရောက်လာပြီ။ " လင်းယွမ်က ပတ်ဝန်းကျင်ကို လေ့လာပြီး အလွန်ကျဉ်းကျပ်မှုကို ခံစားနေရသည်။
အင်မော်တယ်တာအိုကမ္ဘာသို့ ချောမွေ့စွာ ဝင်ရောက်နိုင်ရန်အတွက် လင်းယွမ်၏ စိတ်အသိမျှင်တစ်ခုက သူချန်ထားခဲ့သော ကျွင်းဝူကျိ၏ ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက်ဝင်ရောက်သွားခဲ့သည်။
လင်းယွမ်က ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး အင်မော်တယ်တာအိုကမ္ဘာ၏ အသေးစိတ်အချက်အလက်များက သူ၏ စိတ်ထဲသို့ ဝင်ရောက်လာသည်။ လက်ရှိအင်မော်တယ်တာအိုကမ္ဘာက သိုင်းတာအို၏ လွှမ်းမိုးမှုအောက် ရောက်နေပြီဖြစ်သည်။
" အချိန်မြစ်...." လင်းယွမ်၏ အကြည့်က နက်ရှိုင်းသွားပြီး အင်မော်တယ်တာအိုကမ္ဘာ၏ အချိန်မြစ်ကို ကြည့်လိုက်သည်။
လင်းယွမ်က ကျွင်းတုန်ကျင်းနှင့် မုလျန်အာတို့ကို ပြန်လည်ရှင်သန်စေရန် ရည်ရွယ်ချက်ဖြင့် အင်မော်တယ်တာအိုကမ္ဘာသို့ ဆင်းသက်လာခဲ့ခြင်းဖြစ်သည်။ ကျွင်းတုန်ကျင်းတို့က စိတ်ဝိညာဉ်ကမ္ဘာသို့ တက်လှမ်းခဲ့ကြသော်လည်း သူတို့က အင်မော်တယ်တာအိုကမ္ဘာတွင် မွေးဖွားလာကြသောကြောင့် သူတို့၏ အသက်တံဆိပ်များက အင်မော်တယ်တာအိုကမ္ဘာတွင် ရှိနေသေးသည်။ ထို့ကြောင့် ပြန်လည်အသက်သွင်းရန် အင်မော်တယ်တာအိုကမ္ဘာသို့ ပြန်လာရမည်ဖြစ်သည်။
" ပြန်လည်ရှင်သန်ခြင်း... " လင်းယွမ်၏ ပုံရိပ်က အချိန်မြစ်ကို ဆန့်ကျင်တက်သွားပြီး အတိတ်မှ သေဆုံးသွားသော သက်ရှိများ၏ အနှစ်သာရများကို ရှာဖွေလိုက်သည်။
ပြန်လည်ရှင်သန်စေခြင်းက အလွှာဆယ့်နှစ်များသာ ပြုလုပ်နိုင်သော်လည်း အခြေခံအားဖြင့် ၎င်းက အချိန်လေဟာနယ်ကျွမ်းကျင်မှုသာ ဖြစ်သည်။ အလွှာဆယ့်တစ် သက်ရှိများကလည်း အချိန်မြစ်ကို ဆန့်ကျင်ပြီး သက်ရှိများကို ပြန်လည်ရှင်သန်စေနိုင်သော်လည်း အချိန်မြစ်၏ တန်ပြန်သက်ရောက်မှုကို ခံနိုင်ရည်မရှိကြပေ။
ယခုအချိန်တွင် လင်းယွမ်၏ အသက်အနှစ်သာရက အလွန်သန်မာနေပြီဖြစ်သည်။ သတ္တမအလွှာသက်ရှိအချို့ကို ပြန်လည်ရှင်သန်စေခြင်းက ပြဿနာမရှိပေ။
ဝုန်း ဝုန်း....
အချိန်မြစ်က လှိုင်းထန်နေပြီး မီးခိုးရောင် အသက်တံဆိပ်များက ဆယ်ယူခြင်းခံလိုက်ရပြီး လက်ရှိအချိန်လေဟာနယ်သို့ ပြန်လည်ရောက်ရှိလာကြသည်။
" ငါ ငါသေသွားပြီမဟုတ်လား။ " ကျွင်းတုန်ကျင်း၊ မုလျန်အာ၊ ကျွင်းရှောင်ယောင်၊ ကျွင်းကျိလန်နှင့် အခြားသူများက မယုံကြည်နိုင်ဖြစ်နေကြသည်။ သူတို့၏ မှတ်ဉာဏ်များက သေဆုံးခြင်း၏ နောက်ဆုံးအချိန်တွင် ရပ်တန့်နေခဲ့သည်။ သူတို့ ပြန်လည်ရှင်သန်လာခြင်းက အိပ်ယာမှနိုးလာသကဲ့သို့ ဖြစ်နေသည်။
" ငါ့ရဲ့ သက်တမ်းက အရမ်းရှည်လျားသွားတာကို ခံစားရတယ်။ ငါ အနည်းဆုံး နှစ်တစ်သန်း ဒါမှမဟုတ် နှစ်ဆယ်သန်းလောက် ရှင်သန်နိုင်ပြီ။ " ကျွင်းတုန်ကျင်းက အသက်ပြင်းပြင်းရှူလိုက်သည်။ သူ၏ သက်တမ်းက အဆတစ်ရာလောက်တိုးလာခဲ့သည်။
" ကျွန်တော်လည်း အတူတူပဲ။ " ကျွင်းရှောင်ယောင်နှင့် ကျွင်းကျိလန်တို့က အချင်းချင်း ကြည့်လိုက်ကြသည်။ " ဒါက အင်မော်တယ်တာအိုကမ္ဘာလား။ ကျွန်တော်တို့က တက်လှမ်းခြင်းစင်မြင့်ကနေ စိတ်ဝိညာဉ်ကမ္ဘာကို ဝင်ရောက်ခဲ့တာမဟုတ်လား။ "