ရင်းမြစ်ကမ္ဘာ ၃၃ခု....
Vol. 49 Ch. 728
" ဝူကျိ...." မူလျန်အာက ရုတ်တရက် စိတ်လှုပ်ရှားစွာ အော်လိုက်သည်။
သူတို့အားလုံး လှည့်ကြည့်လိုက်သောအခါ လင်းယွမ်က တိတ်ဆိတ်စွာ ကြည့်နေသည်ကို တွေ့လိုက်ကြသည်။ သူ၏ အော်ရာကို အတတ်နိုင်ဆုံး ထိန်းချုပ်ထားသောကြောင့်သာ မဟုတ်လျှင် ကျွင်းတုန်ကျင်းတို့က သူ့ကို ကြည့်ပင်ကြည့်နိုင်မည်မဟုတ်ပေ။
" မစိုးရိမ်နဲ့။ ကျွန်တော်အားလုံးကို ပြန်ခေါ်လာတာပဲ။ " လင်းယွမ်က ပြုံး၍ ရှင်းပြလိုက်သည်။ " အခု ကျွန်တော် အားလုံးကို အင်မော်တယ်ကမ္ဘာကို ခေါ်သွားပေးမယ်။ "
ကျွင်းမိသားစုကို ပြန်လည်ရှင်သန်စေခြင်းက လင်းယွမ်အတွက် ခက်ခဲသော ကိစ္စတစ်ခုမဟုတ်ဘဲ မည်သည့်တန်ဖိုးမှ ပေးဆပ်ရန် မလိုပေ။ လင်းယွမ်က ကျွင်းမိသားစုအပြင် အခြားလူများကိုလည်း ပြန်လည်ရှင်သန်စေခဲ့သည်။ ဥပမာ ရှစ်ကြိမ်မြောက်ဆင်းသက်မှုမှ စိတ်ဝိညာဉ်ကမ္ဘာရှိ သူ၏ မိဘများဖြစ်သည်။
လင်းယွမ်က ပြန်လည်ရှင်သန်လာသူများကို မူလရင်းမြစ်အနည်းငယ် ထည့်သွင်းပေးခဲ့ပြီး သူတို့၏ သက်တမ်းများကို များစွာ ရှည်လျားစေခဲ့သည်။ မဟုတ်လျှင် သက်တမ်းကန့်သတ်ချက်ကြောင့် သေဆုံးသွားသူများက ပြန်လည်ရှင်သန်လာလျှင်တောင် သက်တန်းကန့်သတ်ချက်ပြဿနာကို ရင်ဆိုင်ရဦးမည်ဖြစ်သည်။
" ငါတို့က ပြန်လည်ရှင်သန်လာတာလား။ " ကျွင်းတုန်ကျင်းတို့ မိသားစုက တုန်လှုပ်သွားကြသည်။ သူတို့က စိတ်ဝိညာဉ်ကမ္ဘာသို့ ရောက်ဖူးပြီး ကပ်ဘေးကျော်လွှားခြင်းအဆင့်တစ်ယောက်ပင် သေဆုံးခြင်းက နောက်ဆုံးဖြစ်ပြီး ပြန်လည်ရှင်သန်ခြင်းသဘောတရား မရှိသည်ကို သိကြသည်။
သို့သော် ယခု လင်းယွမ်က ပင်ပန်းခြင်းမရှိဘဲ သူတို့ကို ပြန်လည်ရှင်သန်စေသည့်အပြင် သူတို့၏ အသက်အနှစ်သာရနှင့် သက်တမ်းများအားလုံးက သိသိသာသာ မြှင့်တင်ခံခဲ့ရသည်။
" အင်မော်တယ်ကမ္ဘာ..." ကျွင်းရှောင်ယောင်က မှင်သက်သွားခဲ့သည်။
သေဆုံးသွားသော အခြားသူများကို ပြန်လည်ရှင်သန်စေခြင်းက လင်းယွမ်၏ ကိုယ်ပွားလေးတစ်ခုသာ ဖြစ်ပြီး မူလခန္ဓာကိုယ်က တာအိုကို ဆက်လက်လေ့လာနေခဲ့သည်။
" ဟင် " လင်းယွမ်၏ စိတ်အသိက သူ၏ စိတ်ထဲမှ နစ်မြှုပ်သွားပြီး ခမ်းနားသော အနန္တကမ္ဘာများ၏ ဂိတ်တံခါးကို ကြည့်လိုက်သည်။ အချိန်လေဟာနယ်၏ သတ္တမအဆင့်ကို ရောက်ပြီးနောက် သူက ဂိတ်တံခါးကို ပထမဆုံးအကြိမ် စစ်ဆေးခြင်းဖြစ်သည်။
" ဒါက ဘာလဲ။ " လင်းယွမ်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ သူက အနန္တကမ္ဘာများ၏ ဂိတ်တံခါးမှ ပြောင်းလဲမှုများကို သတိထားမိလိုက်သည်။
၎င်းက စစ်မှန်သော အနန္တကမ္ဘာများ၏ ဂိတ်တံခါးမှ ပုံရိပ်တစ်ခုသာ ဖြစ်သော်လည်း လင်းယွမ်က အလွှာဆယ့်နှစ်ထက် ကျော်လွန်သည်ဟု ယူဆထားသည်။ သူက ၎င်းကို ပြည့်စုံသော အချိန်သက်ရှိအဆင့် အရာဝတ္ထုတစ်ခုဖြစ်နိုင်သည်ဟု ခန့်မှန်းခဲ့သည်။
" အခုတော့..." လင်းယွမ်က အနန္တကမ္ဘာများ၏ ဂိတ်တံခါးကို လေ့လာနေစဉ် သူ၏ အမူအရာက လေးနက်သွားသည်။
အချိန်လေဟာနယ် သတ္တမအဆင့်သို့ ရောက်ရှိပြီးနောက် လင်းယွမ်၏ အချိန်လေဟာနယ်အပေါ် ခံယူချက်က ယခင်နှင့် ပြောင်းလဲသွားခဲ့သည်။ ထို့ကြောင့် အနန္တကမ္ဘာများ၏ ဂိတ်တံခါးအပေါ် လင်းယွမ်၏ အမြင်ကလည်း ပြောင်းလဲသွားခဲ့သည်။
" ကမ္ဘာတည်နေရာအသစ်တွေ ပေါ်လာတာလား။ " လင်းယွမ်က ဂိတ်တံခါးပေါ်မှ ကမ္ဘာဆုံမှတ်ဆယ်ခုကျော်ကို သတိထားမိလိုက်သည်။
အတိအကျပြောရလျှင် ကမ္ဘာဆုံမှတ် ၃၃ခု ဖြစ်သည်။ ထိုကမ္ဘာဆုံမှတ် ၃၃ခုက အနန္တကမ္ဘာများ၏ ဂိတ်တံခါးပေါ်တွင် ယခင်အချိန်ကတည်းက ရှိနေပြီး လင်းယွမ်က ယခုမှ မြင်နိုင်ခဲ့ခြင်းဖြစ်သည်။
" ကမ္ဘာ ၃၃ ခုလား။ " လင်းယွမ်က ကမ္ဘာ၃၃ ခုနှင့် ပက်သက်သော အချက်အလက်များကို ရရှိလိုက်သည်။
" ဒီကမ္ဘာ ၃၃ခုလုံးက ရင်းမြစ်ကမ္ဘာတွေလား။ ရင်းမြစ်ကမ္ဘာ ၃၃ ခု။ " လင်းယွမ်က စဉ်းစားနေသည်။ သူ၏ နယ်ပယ်က မလုံလောက်သေးသောကြောင့် ထိုရင်းမြစ်ကမ္ဘာနှင့် ပက်သက်သော အချက်အလက်များက နည်းပါးနေသေးသည်။
" ရင်းမြစ်ကမ္ဘာတွေ.... အဲ့ဒီကမ္ဘာတွေက ဘယ်အဆင့်မှာရှိတာလဲ။ " လင်းယွမ်က အတော်လေး သိချင်စိတ်ဖြစ်မိသည်။
အနန္တကမ္ဘာများ၏ ဂိတ်တံခါးမှ မှတ်သားထားသော ကမ္ဘာများက ရိုးရှင်းမည်မဟုတ်ပေ။ ပင်မစကြာဝဠာနှင့် ဖရိုဖရဲဟင်းလင်းပြင်ကိုပင် ၎င်းက မှတ်သားထားခြင်းမရှိပေ။
" ဒါပေမယ့် ဒါက ငါ့အတွက် သတင်းကောင်းပဲ။ " လင်းယွမ်က ပြုံးလိုက်သည်။
သူ၏ လက်ရှိအဆင့်က အလွှာဆယ့်နှစ်နှင့် ခြေတစ်လှမ်းသာ လိုသောကြောင့် သူဆင်းသက်နိုင်သော ကမ္ဘာများက အလွန်နည်းပါးသွားပြီဖြစ်သည်။ အဆုံးမဲ့သော ဒိုင်မန်းရှင်းများကြားတွင် ကမ္ဘာပေါင်း မရေတွက်နိုင်အောင် ရှိသော်လည်း အများစုမှာ အဆင့်နိမ့်နှင့် အလယ်အလတ်အဆင့် ကမ္ဘာများသာ ဖြစ်သည်။ အင်မော်တယ်ကမ္ဘာနှင့် ပင်မစကြာဝဠာကဲ့သို့သော ကမ္ဘာများက ရှားပါးလှသည်။
အကယ်၍ လင်းယွမ်က အနန္တကမ္ဘာများ၏ ဂိတ်တံခါးမှတစ်ဆင့် အဆင့်နိမ့်ကမ္ဘာတစ်ခုသို့ ဆင်းသက်မိခဲ့လျှင် လင်းယွမ်က အလွန်မသက်မသာ ခံစားရပေလိမ့်မည်။ အဆင့်နိမ့်ကမ္ဘာများ၏ ကန့်သတ်ချက်က အလွန်ကြီးမားပြီး ရုပ်ခန္ဓာနတ်စွမ်းရည်ကိုပင် စုစည်းနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် လင်းယွမ်က ကျပန်းဆင်းသက်မှုများကို မရွေးချယ်ခြင်းဖြစ်သည်။
ထို့ကြောင့် လင်းယွမ်က နောက်တစ်ကြိမ် ဆင်းသက်မှုအတွက် စိတ်ကြိုက်ဆင်းသက်မှုကို ရွေးချယ်ရန် ဆုံးဖြတ်ထားသည်။ သို့သော် စိတ်ကြိုက်ဆင်းသက်မှုကလည်း ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားများစွာကို အသုံးပြုရသည်။ စိတ်ကြိုက်ဆင်းသက်မှုစတင်သည်နှင့် အမျှင်တစ်ရာကုန်ပြီး လိုအပ်ချက်များ များလာလျှင် ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားမျှင် တစ်ထောင် သို့မဟုတ် တစ်သောင်း ကုန်ကျနိုင်လေသည်။
ထိုရင်းမြစ်ကမ္ဘာ ၃၃ခုက အနည်းဆုံးတော့ ပင်မစကြာဝဠာအောက် နိမ့်ကျမည်မဟုတ်ပေ။ လင်းယွမ်က ၎င်းတို့ကို ဆင်းသက်လျှင် မည်သည့်ဖိနှိပ်မှုမှ ခံစားရမည်မဟုတ်ပေ။
ကမ္ဘာဒိုင်မန်းရှင်းများ ကွဲပြားသွားသောအခါ နိယာမများ၏ လည်ပတ်ပုံကလည်း ကွဲပြားသွားခဲ့သည်။ ကမ္ဘာဒိုမန်းရှင်းတစ်ခုထဲတွင် နေထိုင်လျှင် နိယာမလည်မှုတစ်ခုတည်းကိုသာ ခံစားနိုင်သည်။ အဆင့်တူသော်လည်း ဒိုင်မန်းရှင်းအဆင့် ကွဲပြားသော ကမ္ဘာများ၏ နိယာမလည်ပတ်ပုံများက သိသိသာသာ ကွဲပြားသည်။
ထိုကြောင့်လည်း ပြည့်စုံသော အချိန်သက်ရှိအဆင့်နှင့် နီးစပ်သူများက အခြားဒိုင်မန်းရှင်းများသို့ စူးစမ်းလေ့လာရခြင်း၏ အကြေားရင်းလည်း ဖြစ်သည်။
" အင်မော်တယ်ကမ္ဘာရဲ့ ခရီးစဉ်မှာ ဖရိုဖရဲနိယာမကို နားမလည်ခဲ့ရင် ငါ ရင်းမြစ်ကမ္ဘာတွေကို စမ်းသပ်ကြည့်ရမယ်။ " လင်းယွမ်က တွေးလိုက်သည်။
ယခုအချိန်ထိ လင်းယွမ်က ဖရိုဖရဲနိယာမကို နားလည်နိုင်ခြင်း ရှိမရှိ မသေချာသေးပေ။ အလွှာဆယ့်တစ်တွင် ဖရိုဖရဲနိယာမကို နားလည်ရန် အလွန်ခက်ခဲသည်။ ဖရိုဖရဲနိယာမက ကြီးမြတ်သူအဆင့်သို့ တက်လှမ်းရာတွင် အလွန်အထောက်အကူပြုဖြင်းမဟုတ်လျှင် လင်းယွမ်က ၎င်းကို စိတ်ဝင်စားမည်မဟုတ်ပေ။
လင်းယွမ်၏ ကောင်းကင်ကို ဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် သူက အလွှာဆယ့်နှစ်သို့ တက်လှမ်းခဲ့လျှင် ဖရိုဖရဲနိယာမကို နားလည်ရန် ခက်ခဲမှုကလည်း လျော့နည်းသွားပေလိမ့်မည်။
" ရင်းမြစ်ကမ္ဘာ ၃၃ခု..." လင်းယွမ်က အနန္တကမ္ဘာများ၏ ဂိတ်တံခါးပေါ်တွင် ပေါ်လာသော ရင်းမြစ်ကမ္ဘာများ၏ ဆုံးမှတ်များကို အာရုံစိုက်နေသည်။
ကမ္ဘာဆုံမှတ် ၃၃ ခုတွင် လင်းယွမ်က ပထမသုံးခုကိုသာ ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ ကျန်သုံးဆယ်က မယုံကြည်နိုင်လောက်အောင် မှိန်ဖျော့နေပြီး ၎င်းတို့က ကမ္ဘာဆုံမှတ်များဟုသာ အတည်ပြုနိုင်သည်။
လင်းယွမ်က စိတ်အသိမျှက်တစ်စကို ခွဲထုတ်ပြီး ဂိတ်တံခါး၏ စွမ်းအားမှတစ်ဆင့် ပထမဆုံး ရင်းမြစ်ကမ္ဘာ၏ ဆုံမှတ်ကို စူးစမ်းလိုက်သည်။
ဝုန်း ဝုန်း.....
လင်းယွမ်၏ စိတ်အသိမျှင်ပ ရှည်လျားသော အချိန်လေဟာနယ်ကို ဖြတ်သန်းပြီး အမြင့်ဆုံးလေဟာနယ်သို့ ရောက်ရှိသွားသည်။
ကြီးမားသော ကုန်းမြေကြီးတစ်ခု ပေါ်လာပြီး ထိုကုန်းမြေကြီး၏ ပတ်လည်တွင် ဥက္ကာခဲများကဲ့သို့ မရေတွက်နိုင်သော ကမ္ဘာများ ရှိနေသည်။ လင်းယွမ်၏ အမြင်တွင် ထိုဥက္ကာခဲကဲ့သို့သော ကမ္ဘာများကပင် ပင်မစကြာဝဠာနှင့် ယှဉ်နိုင်သော ကျယ်ပြန့်မှုရှိနေသည်။
" အချိန်စီးဆင်းမှုက..." လင်းယွမ်က ခဏရပ်တန့်လိုက်ပြီး ထိုရင်းမြစ်ကမ္ဘာနှင့် ပင်မစကြာဝဠာကြား အချိန်စီးဆင်းမှုကို စစ်ဆေးကြည့်လိုက်သည်။ ထိုနောက် စိတ်အသိမျှင်ကလည်း ပြိုကွဲလာခဲ့သည်။
" သုံးရာအချိုးတစ်လား..." လင်းယွမ်၏ အမူအရာက လေးနက်သွားသည်။
ပင်မစကြာဝဠာတွင် နှစ်သုံးရာကုန်ဆုံးလျှင် ထိုရင်းမြစ်ကမ္ဘာတွင် တစ်နှစ်သာ ကုန်ဆုံးပေလိမ့်မည်။ အခြားဒိုင်မန်းရှင်းများသို့ လင်းယွမ်၏ ဆင်းသက်မှုအတွေ့အကြုံအရ ကမ္ဘာများ၏ အဆင့်ပိုမြင့်လေ အချိန်စီးဆင်မှုက နှေးလေဖြစ်သည်။
ပင်မစကြာဝဠာနှင့် ရင်းမြစ်ကမ္ဘာ၏ အချိန်စီးဆင်းမှုက ရင်းမြစ်ကမ္ဘာ၏ အဆင့်က ပင်မစကြာဝဠာထက် ပိုမိုမြင့်မားကြောင်း ဖော်ပြနေသည်။ လင်းယွမ်က ပင်မစကြာဝဠာထက် ပိုမိုမြင့်မားသော ကမ္ဘာတစ်ခုကို ပထမဆုံး မြင်တွေ့ဖူးခြင်းဖြစ်သည်။
" နောက်ထပ်ရင်းမြစ်ကမ္ဘာကို ကြည့်ရအောင်... " လင်းယွမ်က ဒုတိယ ရင်းမြစ်ကမ္ဘာ၏ ဆုံမှတ်ကို ကြည့်လိုက်သည်။
" ဟင် " လင်းယွမ်က ထိုမူလရင်းမြစ်ကမ္ဘာကို အနန္တကမ္ဘာများ၏ ဂိတ်တံခါးမှ စွမ်းအားနှင့် စမ်းသပ်ကြည့်ရန် ပြင်လိုက်စဉ် ဂိတ်တံခါးမှ ဗီဇအရ သတိပေးချက်တစ်ခု ရရှိခဲ့သည်။ ထိုဂိတ်တံခါးက ထူးဆန်းပြီး ပေါ့ဆစွာ ချဉ်းကပ်ခြင်းက တစ်စုံတစ်ရာ မသက်မသာ ခံစားနေရသည်။
" ဒါဆို ထားလိုက်တော့။ " လင်းယွမ်က ချက်ချင်း လက်လျှော့လိုက်သည်။
သူက ဒုတိယရင်းမြစ်ကမ္ဘာကို စူးစမ်းကြည့်ချင်ရုံသာဖြစ်ပြီး အနာဂတ်တွင် ဆင်းသက်ရန်အတွက် အစီအစဉ်မရှိသေးပေ။ ထို့အပြင် ပထမဆုံး ရင်းမြစ်ကမ္ဘာရှိနေသေးသည်။
ရွှမ်ထျန်းအင်မော်တယ်နယ်မြေ၊ ကန်ဝူအင်မော်တယ်မြို့တော်။ အင်မော်တယ်နယ်မြေ ၃၃ ခုမှ ကျောက်စိမ်းအင်မော်တယ်များက စုဝေးရောက်ရှိလာကြသည်။
"ဒီတစ်ကြိမ် အင်မော်တယ်နဲ့နတ်ဆိုး စစ်ပွဲက သခင်ယွင်ကျန်းဇီကြောင့် အဆုံးသတ်သွားတာလို့ ကြတယ်။ " ထိပ်တန်းကျောက်စိမ်းအင်မော်တယ်တစ်ပါးက မြို့တော်၏ အပြင်တွင် ရပ်ပြီး အခြားသူများကို ပြောလိုက်သည်။
" အဲ့ဒီသခင်ယွင်ကျန်းဇီက နတ်ဆိုးဧကရာဇ်ခြောက်ပါးနဲ့ မရေတွက်နိုင်တဲ့ နတ်ဆိုးတွေကို ရှင်းပစ်ခဲ့တယ်။ ပြီးတော့ နတ်ဆိုးဘိုးဘေးက ဆက်မလှုပ်ရှားတဲ့အပြင် နတ်ဆိုးတွေကိုလည်း ဆုတ်ခွာဖို့ အမိန့်ပေးခဲ့တယ်။ "
ပတ်ဝန်းကျင်ရှိ ကျောက်စိမ်းအင်မော်တယ်များက ထိုသို့သော သတင်းများကို ကြားခဲ့ပြီး အမှန်တရားက မသေချာသော်လည်း အံ့အားသင့်နေကြဆဲ ဖြစ်သည်။