← Chapters

သိုင်းဘိုးဘေး၏ ဟောပြောမှု....

Vol. 49 Ch. 729

သိုင်းဘိုးဘေး၏ ဟောပြောမှု....

Vol. 49 Ch. 729

နတ်ဆိုးဘိုးဘေးက ဘယ်လိုတည်ရှိမှုမျိုးလဲ။ သူက အင်မော်တယ်ဘိုးဘေးနှင့် နှစ်ပေါင်းများစွာ ရင်ဆိုင်ခဲ့သော တာအိုဘိုးဘေးအဆင့် တစ်ယောက်ဖြစ်ပြီး အတိတ်မှ အင်မော်တယ်နှင့်နတ်ဆိုး စစ်ပွဲများတွင် နတ်ဆိုးများလက်ချက်ဖြင့် အင်မော်တယ်ကျင့်ကြံသူများ မရေတွက်နိုင်အောင် ကျဆုံးခဲ့ရသည်။ ထိုသို့ ကြောက်စရာကောင်းသော တည်ရှိမှုတစ်ခုက သခင်ယွင်ကျန်းဇီကြောင့် နောက်ဆုတ်သွားတာလား။

" ငါက ကန်ဝူအင်မော်တယ်မြို့သခင်နဲ့ ရင်းနှီးတယ်။ " အခြားကျောက်စိမ်းအင်မော်တယ်တစ်ပါးက ဝင်ပြောလိုက်သည်။ " သခင်ယွင်ကျန်းဇီက ဆေးပညာရှင်တစ်ယောက်ဖြစ်တဲ့အပြင် သူ့ကိုသူ သိုင်းဘိုးဘေးအဖြစ် ကြေညာပြီး သိုင်းတာအိုကျင့်ကြံခြင်းစနစ်ကိုလည်း ဖြန့်ဝေနေတယ်။ "

" သိုင်းဘိုးဘေး.... သိုင်းတာအို ကျင့်ကြံခြင်းစနစ်...." ကျောက်စိမ်းအင်မော်တယ်များက တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြသည်။ ထိုသို့သော ကျင့်ကြံခြင်းစနစ်ကို တစ်ခါမှမကြားဖူးသော်လည်း သခင်ယွင်ကျန်းဇီကဲ့သို့သော စွမ်းအားရှင်တစ်ယောက်က ဖြန့်ဝေသောကြောင့် လျှော့တွက်၍ မရသည်မှာ ထင်ရှားသည်။

" သိုင်းဘိုးဘေးလား။ သူက အင်မော်တယ်ဘိုးဘေး၊ နတ်ဆိုးဘိုးဘေးတို့နဲ့ တန်းတူရပ်တည်ဖို့ စီစဉ်နေတာလား။ " ကျောက်စိမ်းအင်မော်တယ်တစ်ပါးက ပြောလိုက်သည်။

" သိုင်းဘိုးဘေးရဲ့ ခွန်အားက အင်မော်တယ်ဘိုးဘေးနဲ့ နတ်ဆိုးဘိုးဘေးတို့လောက် မသန်မာရင်တောင် သိပ်မနိမ့်လောက်ဘူး။ " အခြားကျောက်စိမ်းအင်မော်တယ်များက တွေးလိုက်ကြသည်။

သူ့ကိုသူ သိုင်းဘိုးဘေးဟု ခေါ်သည့်အတွက် အင်​မော်တယ်ဘိုးဘေးနှင့် နတ်ဆိုးဘိုးဘေးတို့ကို ထည့်သွင်းစဉ်းစားပြီးဖြစ်ပေလိမ့်မည်။ ကျောက်စိမ်းအင်မော်တယ်အဆင့်ထိ ကျင့်ကြံနိုင်သူများက မိုက်မဲသူများမဟုတ်ကြပေ။ အထူးသဖြင့် သခင်ယွင်ကျန်းဇီဖြစ်သည်။ သူ့တွင် ယုံကြည်မှုမရှိဘဲ သိုင်းဘိုးဘေးဟု ခေါ်ဆိုခြင်းက ကိုယ့်ကိုကိုယ် သတ်သေခြင်းသာ ဖြစ်ပေလိမ့်မည်။

" ငါတို့ သိုင်းဘိုးဘေးနဲ့ တွေ့ခွင့်ရမလားမသိဘူး။ " ကျောက်စိမ်းအင်မော်တယ်များက အချင်းချင်း ဆွေးနွေးနေကြသည်။

သူတို့က သိုင်းဘိုးဘေးနှင့် တွေ့ဆုံရန် ရည်ရွယ်ချက်ဖြင့် နယ်မြေအမျိုးမျိုးမှ ကန်ဝူအင်မော်တယ်မြို့တော်သို့ ရောက်လာကြခြင်းဖြစ်သည်။ သိုင်းဘိုးဘေး၊ အင်မော်တယ်ဘိုးဘေးနှင့် နတ်ဆိုးဘိုးဘေးတို့ကဲ့သို့ အမြင်တွင် ရပ်နေသူများ၏ ပေါ့ပေါ့ပါးပါး စကားတစ်ခွန်းကပင် သူတို့ကို ဉာဏ်အလင်းရရှိစေနိုင်သည်။

သိုင်းဘိုးဘေးက လမ်းညွှန်မှုမပေးခဲ့လျှင်တောင် ထိုကဲ့သို့သော တည်ရှိမှုကို မြင်တွေ့ရုံမျှဖြင့် အလွန်တန်ဖိုးရှိလှသည်။ မည်သို့ပင်ဆိုစေ မရေတွက်နိုင်သော ကျောက်စိမ်းအင်မော်တယ်များက အင်မော်တယ်ဘိုးဘေးကို နှစ်သန်းပေါင်းများစွာတိုင်အောင် တစ်ခါမှ မတွေ့ဖူးကြပေ။

ကျောက်စိမ်းအင်မော်တယ်များက မြို့ပြင်တွင် စိတ်ရှည်စွာ စောင့်ဆိုင်းနေကြစဉ် မြို့သခင်က ပျံသန်းထွက်လာပြီး ကြေညာလိုက်သည်။ " တာအိုရောင်းရင်းတို့ သိုင်းဘိုးဘေးက အားလုံးကို တွေ့ဆုံပါလိမ့်မယ်။ "

၎င်းကို ကြားသောအခါ ကျောက်စိမ်းအင်မော်တယ်များက တုန်လှုပ်သွားကြသည်။ သူတို့၏ ရည်ရွယ်ချက်မှာ သိုင်းဘိုးဘေးနှင့် တွေ့ဆုံရန်ဖြစ်သည်။ သို့သော် သူတို့က သိုင်းဘိုးဘေး၏ ခွင့်ပြုချက်မရှိဘဲ ကန်ဝူအင်မော်တယ်မြို့တော်ထဲသို့ ဝင်ရောက်ရဲခြင်းမရှိဘဲ မြို့ပြင်တွင် စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။

မြို့သခင်၏ ဦးဆောင်မှုဖြင့် ကျောက်စိမ်းအင်မော်တယ်များစွာက ကျင့်ကြံခြင်းနယ်မြေတစ်ခုသို့ ရောက်လာပြီး ထိုနေရာတွင် လူငယ်တစ်ယောက် ထိုင်နေသည်ကို မြင်လိုက်ရသည်။

" သိုင်းဘိုးဘေးကို အရိုအသေပေးပါတယ်။ "

" သိုင်းဘိုးဘေးကို အရိုအသေပေးပါတယ်။ "

အဝေးမှကြည့်ရုံဖြင့် ကျောက်စိမ်းအင်မော်တယ်များက တုန်လှုပ်နေကြသည်။ အကြောင်းမှာ သူတို့က သိုင်းဘိုးဘေး၏ တိကျသော အော်ရာကို မခံစားနိုင်ခြင်းကြောင့် ဖြစ်သည်။

သိုင်းဘိုးဘေးကို မတွေ့မီ သူတို့က ပုံစံအမျိုးမျိုးကို တွေးထားကြသည်။ ဥပမာ သိုင်းဘိုးဘေး၏ အော်ရာက ကြောက်စရာကောင်းပြီး အချိန်နှင့် လေဟာနယ်ကိုပင် ပြိုကျစေသည် စသည်တို့ ဖြစ်သည်။ သို့သော် ယခု တွေ့ဆုံချိန်တွင် သူတို့က သိုင်းဘိုးဘေး၏ အော်ရာကို လုံးဝ ခံစားနိုင်ခြင်းမရှိကြပေ။

လင်းယွမ်က မျက်လုံးများဖွင့်ပြီး ကျောက်စိမ်းအင်မော်တယ်များကို ပြုံး၍ ကြည့်လိုက်သည်။

" သိုင်းတာအိုက ဘာလဲဆိုတာ မင်းတို့အားလုံးကို ရှင်းပြမယ်။ " လင်းယွမ်က ကျောက်စိမ်းအင်မော်တယ်များကို တွေ့ဆုံခြင်းမှာ စေတနာသက်သက်မဟုတ်ဘဲ သိုင်းတာအိုကို ဖြန့်ဝေရန်အတွက် ပြင်ဆင်ခြင်းဖြစ်သည်။

သိုင်းတာအိုကို ဖြန့်ဝေခြင်းက အခြေခံတွင် အရေးကြီးသကဲ့သို့ အဆင့်မြင့်အသိုင်းအဝိုင်းကြားတွင် ဖြန့်ဝေရန်လည်း လိုအပ်သည်။ ယခု ရောက်ရှိနေသော ကျောက်စိမ်းအင်မော်တယ်များက အင်မော်တယ်ကမ္ဘာတွင် ထိပ်တန်းအင်အားကြီးသူများဖြစ်ကြသည်။

သူတို့အားလုံးက အင်မော်တယ်ကျင့်ကြံခြင်းစနစ်ကို ကျင့်ကြံကြသော်ခည်း သူတို့တွင် တပည့်သားမြေးများရှိကြပြီး သူတို့က သက်ဆိုင်ရာအင်အားစုများ၏ ခေါင်းဆောင်များဖြစ်ကြသည်။

အကယ်၍ ထိုကျောက်စိမ်းအင်မော်တယ်များက သိုင်းတာအို၏ အလားအလာနှင့် ခွန်အားကို အသိအမှတ်ပြုခဲ့လျှင် သူတို့က သိုင်းတာအိုကို ပြောင်းလဲမကျင့်ကြံလျှင်တောင် သူတို့၏ အဆင်အနွယ်များ ကျင့်ကြံခြင်းစနစ်ကို ရွေးချယ်ရာတွင် သိုင်းတာအိုပါ ထည့်သွင်းစဉ်းစားကြပေလိမ့်မည်။

ထိုသို့ဖြင့် လင်းယွမ်၏ ရည်ရွယ်ချက်က အောင်မြင်ပေလိမ့်မည်။ ၎င်းက ထိပ်တန်းကျောက်စိမ်းအင်မော်တယ်များကို မကျေမနပ်ဖြစ်စေလျှင်တောင် သူက နတ်ဆိုးဘိုးဘေးနှင့် သဘောတူညီမှုရယူပြီးသားဖြစ်သည်။

" သိုင်းဘိုးဘေးက သူ့ရဲ့ သင်ကြားမှုကို ပို့ချမှာလား။ "

ကျောက်စိမ်းအင်မော်တယ်များ၏ အတွေးများက ပျံ့လွင့်သွားခဲ့သည်။ သိုင်းဘိုးဘေးမတိုင်မီ အင်မော်တယ်ကမ္ဘာတွင် လမ်းစဉ်ကို ပို့ချသူက တစ်ယောက်တည်းသာဖြစ်ပြီး ၎င်းက အင်မော်တယ်ဘိုးဘေးဖြစ်သည်။

လမ်းစဉ်ကိုပို့ချခြင်းက မိမိ၏ လမ်းစဉ်ကို ဖော်ပြပြီး သက်ရှိအားလုံးကို သိရှိစေခြင်းဖြစ်သည်။ မကြာမီ မရေတွက်နိုင်သော ကျောက်စိမ်းအင်မော်တယ်များက လင်းယွမ်၏ သိုင်းတာအိုအနှစ်သာရကို ရှင်းပြချက်များထဲတွင် နစ်မြှုပ်သွားခဲ့ကြသည်။

အင်မော်တယ်ကမ္ဘာ၏ မူလရင်းမြစ်က အင်မော်တယ်ကမ္ဘာတွင် အလုံခြုံဆုံးနေရာဖြစ်သည်။ အပြင်မှ ဖရိုဖရဲအခြေအနေများက ထိုနေရာသို့ မသက်ရောက်နိုင်ပေ။

" သိုင်းဘိုးဘေးလို့ သူ့ကိုသူ ခေါ်ဝံ့တာ ဘယ်လောက်တောင် ရဲတင်းလိုက်သလဲ။ "

" မှန်တယ်။ ငါတို့ရဲ့ ဆရာက အင်မော်တယ်ဘိုးဘေးပဲ။ သူက သိုင်းဘိုးဘေးလို့ ပြောရုံနဲ့ သူ့ကိုသူ ငါတို့ဆရာနဲ့ အဆင့်တူမှာ နေချင်နေတာလား။ "

" အဲ့ဒီယွင်ကျန်းဇီက လှုပ်ရှားမှုတစ်ခုတည်းနဲ့ နတ်ဆိုးခြောက်ပါးကို ရှင်းလင်းခဲ့တယ်လို့ကြားတယ်။ ဒါပေမယ့် အဲ့ဒါတွေက ကောလဟာလတွေပါပဲ။ အဲ့ဒါက အမှန်တရားဆိုရင်တောင် သူက ငါတို့ဆရာနဲ့ ယှဉ်နိုင်မယ်လို့ ထင်နေတာလား။ "

အင်မော်တယ်ဘိုးဘေး၏ တိုက်ရိုက်တပည့်များက မကျေနပ်မှုများနှင့် ပြောဆိုနေကြသည်။ သိုင်းဘိုးဘေး ထွက်ပေါ်လာခြင်းက အင်မော်တယ်နယ်မြေ ၃၃ခုကို ကြီးမားသော သက်ရောက်မှုဖြစ်စေခဲ့ပြီး မရေတွက်နိုင်ကျောက်စိမ်းအင်မော်တယ်များက သိုင်းဘိုးဘေးမှာ အင်မော်တယ်ဘိုးဘေးထက် အားနည်းမည်မဟုတ်ဟု ယူဆပြီး သူ့ကို တွေ့ဆုံရန် သွားရောက်ခဲ့ကြသည်။

အင်မော်တယ်ဘိုးဘေး၏ တိုက်ရိုက်တပည့်များကတော့ သိုင်းဘိုးဘေးကို ဟာသတစ်ခုအဖြစ်သာ ရှုမြင်ခဲ့ကြသည်။ နတ်ဆိုးဘိုးဘေးက သိုင်းဘိုးဘေးကြောင့် အင်မော်တယ်ကမ္ဘာကို ကျူးကျော်နေသော နတ်ဆိုးများကို ပြန်လည်ဆုတ်ခွာရန် အမိန့်ပေးခဲ့သည်ဟု ဆိုကြသော်လည်း ဘယ်သူမှ ၎င်းကို အတည်မပြုနိုင်ပေ။

" အရမ်းရဲတင်းလွန်းတယ်။ ငါ အဲ့ဒီယွင်ကျန်းဇီကို အခုဆင့်ခေါ်ပြီး ဒီကိုလာတောင်းပန်ခိုင်းလိုက်မယ်။ "

အင်မော်တယ်ဘိုးဘေး၏ ပထမ တပည့်ကြီးက ထရပ်ပြီး အင်မော်တယ်ဘိုးဘေး၏ အမည်နာမဖြင့် အင်မော်တယ်ကမ္ဘာ၏ နယ်မြေ၃၃ခုကို ကြေညာရန် ပြင်လိုက်သည်။

ထိုအချိန်တွင် အသံတစ်သံထွက်ပေါ်လာသည်။

" ဒီနေ့ကစပြီး ဘယ်သူမှ သိုင်းဘိုးဘေးကို ဆန့်ကျင်မှုမလုပ်ရဘူး။ " ပုံရိပ်တစ်ခုပေါ်လာပြီး သူ၏ အော်ရာက ပတ်ဝန်းကျင်မှ နိယာမများကို သက်ရောက်နေသည်။ ထိုတာအိုဝတ်ရုံဝတ်ဆင်ထားသော အဘိုးအိုက အင်မော်တယ် ဘိုးဘေးပင်ဖြစ်သည်။

" ဟုတ်ကဲ့။ " တပည့်များအားလုံးက ဦးညွှတ်ပြီး ပြောလိုက်ကြသည်။

သူတို့က သူတို့၏ ဆရာအပေါ် လုံးဝ ရိုသေလေးစားမှုရှိကြသည်။ သိုင်းဘိုးဘေးကို တောင်းပန်ခိုင်းရန် စဉ်းစားခြင်းမှာ သူတို့၏ ဂုဏ်သိက္ခာကို ထိခိုက်စေသောကြောင့်ဖြစ်သည်။

" မှတ်ထားကြပါ..." အင်မော်တယ်ဘိုးဘေးက ပြောပြီး ပျောက်ကွယ်သွားခဲ့သည်။

" ဆရာက တံခါးပိတ်ကျင့်ကြံရာက ထွက်လာတာလား။ " တပည့်များက ခေါင်းမော့ပြီး အချင်းချင်း ကြည့်လိုက်ကြသည်။

မကြာသေးမီက အင်မော်တယ်နှင့်နတ်ဆိုး စစ်ပွဲတွင် ကြီးမားသော သတ်ဖြတ်မှုများ ဖြစ်ပေါ်ခဲ့ပြီး အင်မော်တယ်မြို့တော် သုံးခုက ဖျက်ဆီးခံခဲ့ရသော်လည်း အင်မော်တယ်ဘိုးဘေးက တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်လာခြင်းမရှိသကဲ့သို့ နတ်ဆိုးများကို ဖြေရှင်းခဲ့ခြင်းလည်း မရှိပေ။ သို့သော် ယခု သူတို့က သိုင်းဘိုးဘေးကို ဖိနှိပ်ရန် စီစဉ်နေချိန်တွင် အင်မော်တယ်ဘိုးဘေးက သူ့ဟာသူ ထွက်လာခဲ့သည်။

" အပြင်က ကောလဟာလတွေက အမှန်ဖြစ်နိုင်လား။ "

အင်မော်တယ်ဘိုးဘေးကိုယ်တိုင် ထွက်လာပြီး သိုင်းဘိုးဘေးကို မထိပါးရန် သတိပေးခဲ့​ခြင်းက တပည့်များ၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာခဲ့သည်။ ထို့အပြင် အင်မော်တယ်ဘိုးဘေးက သိုင်းဘိုးဘေးကို အလွန်သတိထားနေသည်။ ထို့ကြောင့် သိုင်းဘိုးဘေးက အင်မော်တယ်ဘိုးဘေးနှင့် အဆင့်တူနိုင်သည်ဟူသော အချက်က ပို၍ သေချာသွားခဲ့သည်။

" သိုင်းဘိုးဘေး...." ပထမတပည့်က သူဘာလုပ်ရန် စီစဉ်ခဲ့သည်ကို ပြန်တွေးမိသွားသည်။ သူက သူ၏ ဆရာနှင့် အဆင့်တူ ပုဂ္ဂိုလ်တစ်ယောက်ကို လာရောက်တောင်ပန်ခိုင်းရန် စဉ်းစားနေခြင်းဖြစ်သည်။

သူ၏ ဆရာတားလိုက်ခြင်းက ကံကောင်းခြင်းဖြစ်သည်။ အကယ်၍ သူက ထိုကဲ့သို့ လုပ်ခဲ့လျှင် သူ၏ ဆရာကာကွယ်ပေးထားလျှင်တောင် မူလနယ်မြေမှ ထွက်ခွာနိုင်တော့မည်မဟုတ်ပေ။

All Chapters