မူလနယ်မြေသို့ သွားခြင်း....
Vol. 49 Ch. 730
ကန်ဝူအင်မော်တယ်မြို့တော်။
လင်းယွမ်က သိုင်းတာအို၏ အနှစ်သာရများကို နေ့တစ်ဝက်ကြာအောင် ရှင်းပြနေခဲ့သည်။ ၎င်းက သူကိုယ်တိုင်လည်း သိုင်းတာအိုကို ပြန်လည်စစ်ဆေးခြင်းဖြစ်သည်။
" လမ်းညွှန်မှုအတွက် သိုင်းဘိုးဘေးကို ကျေးဇူးတင်ပါတယ်။ " အောက်မှ ကျောက်စိမ်းအင်မော်တယ်များက လေးစားစွာ ဦးညွှတ်လိုက်ကြသည်။
သူတို့က ကန်ဝူအင်မော်တယ်မြို့တော်သို့ မလာမီ သိုင်းဘိုးဘေးအပေါ် ကြောက်ရွံ့လေးစားမှုက သူ၏ စွမ်းအားမှ ဆင်းသက်လာခြင်းဖြစ်လျှင် ယခု ကျောက်စိမ်းအင်မော်တယ်များ ခံစားရသော လေးစားမှုက သိုင်းဘိုးဘေးကိုယ်တိုင်အတွက် ဖြစ်သည်။
သူတို့က သိုင်းတာအိုကို မကျင့်ကြံခဲ့လျှင်တောင် မဟာတာအို၏ လမ်းစဉ်များက ပန်းတိုင်တစ်ခုတည်းသို့ ဦးတည်သည့်အတွက် လင်းယွမ်၏ စကြာဝဠာနိယာမများအပေါ် နားလည်မှုက မတူညီသော လမ်းကြောင်းဖြစ်သော်လည်း ကျောက်စိမ်းအင်မော်တယ်များအတွက် များစွာ အထောက်အကူဖြစ်စေခဲ့သည်။
" အခု မင်းတို့အားလုံး ထွက်သွားနိုင်ပြီ။ " လင်းယွမ်က သူ၏ လက်ကို ဝှေ့ရမ်းလိုက်သည်။
ကျောက်စိမ်အင်မော်တယ်များက အချိန်လေဟာနယ် ပြောင်းလဲသွားသည်ကို ခံစားလိုက်ရပြီး ခဏအတွင်း သူဆို့က ကန်ဝူအင်မော်တယ်မြို့တော်၏ အပြင်ဘက်သို့ ရောက်သွားကြသည်။
" သိုင်းဘိုးဘေးရှင်းပြတဲ့ သိုင်းတာအိုက တကယ် ကောင်းကင်ကို တက်လှမ်းတဲ့ လမ်းကြောင်းပဲ။ "
" မှတ်တယ်။ အင်မော်တယ်ကျင့်ကြံခြင်းစနစ်ထက် ဘယ်လိုမှမနိမ့်ကျဘူးဆိုတာ ငါ ခံစားရတယ်။ "
" ငါတို့ လမ်းစဉ်တွေက သတ်မှတ်ပြီးသား ဖြစ်နေတာ စိတ်မကောင်းစရာပဲ။ မဟုတ်ရင် ငါ သိုင်းတာအိုကို ကျင့်ကြံချင်မိတယ်။ "
ကျောက်စိမ်းအင်မော်တယ်များက ကျေနပ်နေကြသည်။ သိုင်းဘိုးဘေး၏ ဟောပြောမှုများကို နားထောင်ခြင်းက တာအိုဘိုးဘေးအဆင့်တစ်ယောက်၏ ဟောပြောမှုများကို နားထောင်ခြင်းထက် ပို၍ အထောက်အကူဖြစ်သည်ဟု သူတို့က ခံစားနေရသည်။
" သိုင်းဘိုးဘေးက အထင်ကြီးစရာပဲ။ "
" သူက ငါတို့ အင်မော်တယ်ကမ္ဘာရဲ့ ဒုတိယတာအိုဘိုးဘေးပဲ။ "
ကျောက်စိမ်းအင်မော်တယ်တိုင်းက သူတို့၏ စိတ်ထဲတွင် သေချာနေကြသည်။ ယနေ့မဆိုင်ခင် အင်မော်တယ်ကမ္ဘာတွင် တာအိုဘိုးဘေးတစ်ယောက်သာ ရှိခဲ့သည်။ သို့သော် ယနေ့နောက်ပိုင်းတွင် သိုင်းဘိုးဘေးက အက်မော်တယ်ကမ္ဘာ၏ ဒုတိယတာအိုဘိုးဘေး၊ နတ်ဆိုးဘိုးဘေးပါ ထည့်တွင်လျှင် တတိယတာအိုဘိုးဘေးဖြစ်လာပေလိမ့်မည်။
ကန်ဝူအင်မော်တယ်မြို့တော်တွင် လင်းယွမ်က ခြေချိတ်ထိုင်နေသည်။ ကျောက်စိမ်းအင်မော်တယ်များကို ဟောပြောခဲ့သူက သူ၏ ကိုယ်ပွားတစ်ခုသာ ဖြစ်သည်။
" နောက်ထပ် ဟောပြောမှုအနည်းငယ် လုပ်ပြီးရင် သိုင်းတာအိုက အင်မော်တယ်ကမ္ဘာမှာ အမြစ်တွယ်သွားလိမ့်မယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
နားထောင်သူအားလုံးက ကျောက်စိမ်းအင်မော်တယ်များ ဖြစ်ကြသည်။ ထိုကဲ့သို့ အင်အားကြီးသူများ၏ အသိအမှတ်ပြုမှုကို ရရှိမှသာ သိုင်းတာအိုက အင်မော်တယ်ကမ္ဘာတွင် လျင်မြန်စွာ ကြီးထွားလာမည်ဖြစ်သည်။
" အလွှာဆယ့်နှစ်..." လင်းယွမ်၏ အကြည့်က အင်မော်တယ်ကမ္ဘာ၏ အချိန်မြစ်ပေါ်သို့ ကျရောက်သွားသည်။
ယခုအခါ သူဆန္ဒရှိသည့်အချိန်တွင် အချိန်မြစ်ထဲမှ ခုန်ထွက်ပြီး အလွှာဆယ့်နှစ်ကို ကြိုးစားနိုင်သည်။ အချိန်လေဟာနယ်၏ သတ္တမအဆင့်၊ အချိန်လေဟာနယ်နှလုံးသားအပြင် လင်းယွမ်၏ အခြေခံအုတ်မြစ်ကို ပေါင်းစပ်လိုက်သောအခါ သူ၏ အမြင့်ဆုံးခုန်ပျံကျော်လွှားမှုက အောင်မြင်နိုင်ခြေ အလွန်မြင့်မားသည်ဟု ခံစားရသည်။
" ဒါပေမယ့် မအောင်မြင့်မယ့် ဖြစ်နိုင်ခြေက ရှိသေးတယ်။ " လင်းယွမ်က ဂရုတစိုက် စဉ်းစားနေသည်။ ဖြစ်နိုင်ခြေက မည်မျှမြင့်မားသည်ဖြစ်စေ ၎င်းက ဖြစ်နိုင်ခြေသာ ဖြစ်သည်။
" အင်မော်တယ်ကမ္ဘာမှာ ကြီးမြတ်သူအဆင့်ကို ကြိုးစားတာက ပင်မစကြာဝဠာနဲ့ ကွာခြားမှုသိပ်မရှိဘူး။ ဒါပေမယ့် ငါက အင်မော်တယ်ကမ္ဘာမှာ မွေးဖွားလာတာမဟုတ်တော့ အချို့အန္တရာယ်တွေ ရှိလာနိုင်တယ်။ " လင်းယွမ်က တွေးလိုက်သည်။
သူက အင်မော်တယ်ကမ္ဘာတွင် ကြိုးစားရန် စီစဉ်ထားသော်လည်း အရေးပါမှုသိပ်မရှိပေ။ အင်မော်တယ်ကမ္ဘာတွင်ဖြစ်စေ၊ ပင်မစကြာဝဠာတွင်ဖြစ်စေ ကြီးမြတ်သူအဆင့်ကို ကြိုးစားရာတွင် ကျရှုံးခြင်းက သေခြင်းသာဖြစ်သည်။
အဆုံးသတ်တွင် ကျရှုံးခဲ့လျှင် သူ၏ စိတ်အသိက အနန္တကမ္ဘာများ၏ ဂိတ်တံခါးထဲသို့ ဝင်ရောက်ပြီး အသက်ရှင်နိုင်မလားဆိုတာ လင်းယွမ်က မသေချာပေ။ သို့သော် အရာအားလုံးအတွက် အဆိုးဆုံးကို ပြင်ဆင်ထားခြင်းက အကောင်းဆုံးဖြစ်သည်။
" ဖရိုဖရဲနိယာမ...." လင်းယွမ်က ဖြည်းညင်းစွာ အသက်ရှူလိုက်သည်။
သူက ဖရိုဖရဲနိယာမကို နားလည်ထားလျှင် လက်ရှိအခြေခံနှင့် ပေါင်းစပ်သောအခါ ကြီးမြတ်သူအဆင့်သို့ တက်လှမ်းနိုင်သည်ဟု အာမမခံနိုင်သော်လည်း မပြောနိုင်သော်လည်း အခွင့်အလမ်းက များစွာမြင့်မားသွားပေလိမ့်မည်။
ထို့အပြင် အလွှာဆယ့်တစ်တွင် ဖရိုဖရဲနိယာမကို နားလည်ခြင်းက သူ၏ ကိုယ်ပိုင်အသွင်ပြောင်းလဲမှုအတွက် အကျိုးကျေးဇူးကြီးမားလှသည်။ အထူးသဖြင့် ပင်မစကြာဝဠာတွင် ကြိုးစားသောအခါ ဖရိုဖရဲနိယာမကို နားလည်ပြီးသားဖြစ်ပေလိမ့်မည်။
" ဆရာကို အရိုအသေပေးပါတယ်။ "
" သိုင်းဘိုးဘေးကို အရိုအသေပေးပါတယ်။ "
လီချင်း၊ ရှန်ယန်၊ နင်ယွင်နှင့် အခြားသူများက လေးစားစွာ ရပ်နေကြသည်။ သူတို့က အချိန်အတော်ကြာပြီးနောက် အင်မော်တယ်ကမ္ဘာနှင့် နေသားကျလာခဲ့သည်။
" ငါ မင်းတို့ရဲ့ ခန္ဓာကိုယ်ကို ပြုပြင်ပေးပြီးသွားပြီ။ ရှေ့ဆက်ကျင့်ကြံမယ့်လမ်းကြောင်းက နည်းနည်းပိုလွယ်သွားလိမ့်မယ်။ " လင်းယွမ်က ပြောလိုက်သည်။
သူ၏ လက်ရှိခွန်အားနှင့် ခန္ဓာကိုယ်ကို ပြန်လည်ပြုပြင်ပေးခြင်းက လွယ်ကူလွန်းလှသည်။ အတွေးတစ်ချက်နှင့် အင်မော်တယ်ကမ္ဘာ၏ ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားကို လှုံ့ဆော်ကြီး လုပ်ဆောင်နိုင်သည်။
ခန္ဓာကိုယ်ကို ပြန်လည်ပြုပြင်ပေးခြင်းက ပြုပြင်ပေးခြင်းသာဖြစ်သည်။ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ ပို၍ ဝေးကွာသော နေရာသို့လျှောက်လှမ်းချင်လျှင် သူတို့အပေါ်တွင်သာ မူတည်လေသည်။
သန်မာသော ရုပ်ခန္ဓာက ပိုမိုမြင့်မားသော စမှတ်ကိုသာ ပေးနိုင်သည်။ နောက်ဆုံးတွင် ဘယ်လောက်ထိ အောင်မြင်နိုင်လဲဆိုတာ မဆုံးဖြတ်ပေးနိုင်ပေ။ ပင်မစကြာဝဠာတွင် အလွှာဆယ့်နှစ် ကြီးမြတ်သူများက သာမန်မျိုးနွယ်များမှ လာကြခြင်းဖြစ်သည်။
" မင်းတို့အခု ထွက်သွားနိုင်ပြီ။ " လင်းယွမ်က သူ၏ လက်ကို ဝှေရမ်းပြီး ပြောလိုက်သည်။
" ငါ့ရဲ့ မိဘတွေ...." လင်းယွမ်၏ အကြည့်က ရွေ့လျားသွားပြီး ကျွင်းတုန်ကျင်းနှင့် အခြားသူများ၏ အခြေအနေက သူ၏ မျက်စိရှေ့တွင် ပေါ်လာသည်။
ကျွင်းတုန်ကျင်းက သေဆုံးချိန်တွင် ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်သာ ရှိခဲ့သည်။ အင်မော်တယ်ကမ္ဘာသို့ ရောက်ရှိပြီးနောက် သူတို့က အခြေကျရန် ပို၍ ကြိုးစားရပေလိမ့်မည်။
" ဒါက ငါလုပ်ပေးနိုင်တာ အကုန်ပဲ။ " လင်းယွမ်က တိတ်ဆိတ်စွာ တွေးလိုက်သည်။
သူက အချိန်မြစ်ကို ဆန့်ကျင်ပြီး သူ၏ မိသားစုဝင်များကို ပြန်လည်ရှင်သန်စေခဲ့သည်။ ထို့အပြင် သူတို့၏ ခန္ဓာကိုယ်များကို ပြန်လည်ပြု့ပြင်ပေးပြီး သက်တမ်းကို နှစ်ပေါင်းများစွာ တိုးတက်စေခဲ့သည်။ နောက်ပိုင်း သူတို့၏ အောင်မြင်မှုက သူတို့အပေါ်တွင်သာ မူတည်လေသည်။
" အင်မော်တယ်ကမ္ဘာရဲ့ မူလနယ်မြေကို သွားရမယ်။ " လင်းယွမ်၏ ပုံရိပ်က ပျောက်ကွယ်သွားပြီး ကျင့်ကြံခြင်းနယ်မြေ၏ ကောင်းကင်ရှိ အက်ကြောင်းရှေ့တွင် ပြန်ပေါ်လာသည်။
အချိန်လေဟာနယ်၏ သတ္တမအဆင့်ကို နားလည်ပြီးနောက် လင်းယွမ်က နတ်ဆိုးဘိုးဘေးကို အကြောင်းကြားပြီး အင်မော်ကမ္ဘာ၏ မူလးရင်မြစ် သို့မဟုတ် မူလနယ်မြေသို့ သွားရန် စီစဉ်ခဲ့သည်။
"သွားမယ်။ " လင်းယွမ်၏ ခန္ဓာကိုယ်က အက်ကြောင်းအတွင်းသို့ ဝင်ရောက်သွားသည်။
အက်ကြောင်းက အင်မော်တယ်ကမ္ဘာ၏ မူလနယ်မြေသို့ ဦးတည်ရာ လမ်းကြောင်းဖြစ်သည်။ သို့သော် ထိုလမ်းကြောင်းက အလွန်အန္တရာယ်များလှသည်။ အချိန်လေဟာနယ်မုန်တိုင်းများ ပြည့်နှက်နေပြီး ထိပ်တန်းကျောက်စိမ်းအင်မော်တယ်တစ်ပါးပင် အသက်အန္တရာယ်ကို ရင်ဆိုင်ရပေလိမ့်မည်။
သို့သော် လင်းယွမ်က ကျောက်စိမ်းအင်မော်တယ်မဟုတ်ပေ။ သူက အချိန်လေဟာနယ်၏ သတ္တမအဆင့်သို့ မဝင်ရောက်ခင်ကတည်းက အက်ကြောင်းမှတစ်ဆင့် မူလနယ်မြေသို့ ဝင်ရောက်နိုင်လေသည်။ သူက အင်မော်တယ်ဘိုးဘေးကို သတိထားနေသောကြောင့်သာ မလုပ်ခြင်းဖြစ်သည်။
ဝုန်း ဝုန်း....
အက်ကြောင်း၏ လမ်းကြောင်းက အဆုံးမရှိသကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အချိန်လေဟာနယ်မုန်းတိုင်းများ၏ ဝင်္ကဘာများနှင့် ပြည့်နှက်နေသည်။
လင်းယွမ်က ပေါ့ပါးစွာ လမ်းလျှောက်နေသည်။ ပြင်းထန်သော အချိန်လေဟာနယ်မုန်တိုင်းများက သူနှင့် မိုင်တစ်ရာအကွာသို့ ရောက်သောအခါ လုံးဝငြိမ်သက်သွားခဲ့သည်။ မူလနယ်မြေသို့ သွားရာလမ်းကြောင်းက အစပိုင်းတွင် အလွန်ကျဉ်းမြောင်းနေသော်လည်း နောက်ပိုင်းတွင် ပိုမိုကျယ်ပြန့်လာခဲ့သည်။
" နိယာမတွေရဲ့ အတက်အကျတွေ...." လင်းယွမ်က မူလနယ်မြေသို့ မဝင်ရသေးသော်လည်း ကြီးမားသော နိယာမလှိုင်းများကို ခံစားနေရသည်။
" ဘယ်လောက်တောင် အံ့ဩစရာကောင်းလိုက်လဲ။ " လင်းယွမ်က အာရုံစိုက်၍ လေ့လာနေပြီး မရေတွက်နိုင်သော အသိအမြင်များက သူ၏ စိတ်ထဲသို့ ဝင်ရောက်နေသည်။
ထိုအသိအမြင်များက အဓိကပေါင်းစပ်နိယာမများမှ လာခြင်းဖြစ်ပြီး အချိန်လေဟာနယ်ပေါင်းစပ်နိယာမက အနည်းငယ်သာ ဖြစ်သည်။ ယခု အချိန်လေဟာနယ်ပေါင်းစပ်နိယာမအပေါ် လင်းယွမ်၏ နားလည်မှုက အကန့်အသတ်သို့ ရောက်နေပြီဖြစ်သည်။
၎င်းက လင်းယွမ်၏ ကန့်သတ်ချက်မဟုတ်ဘဲ အင်မော်တယ်ကမ္ဘာ၏ ကန့်သတ်ချက်ဖြစ်သည်။
" ဒြပ်စင်ငါးမျိုးနိယာမ၊ အဆုံးမဲ့နိယာမ၊ လေဟာနယ်နိယာမ၊ ပုံရိပ်ယောင်နိယာမ...."
နိယာမများစွာက လင်းယွမ်၏ စိတ်ထဲသို့ တိုက်ရိုက်တိုးဝင်လာခဲ့သည်။ အများစုက လင်းယွမ်မကြုံတွေ့ဖူးသေးသော နိယာမများဖြစ်ကြသည်။
[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် မရေတွက်နိုင်သော နိယာမအတက်အကျများကို လေ့လာပြီး ဒြပ်စင်ငါးမျိုးစက်ဝန်နိယာမအပေါ် သင်၏ နားလည်မှုက ပိုမိုနက်ရှိုင်းသွားပါပြီ။ ]
[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် မရေတွက်နိုင်သော နိယာမအတက်အကျများကို လေ့လာပြီး အဆုံးမဲ့လေဟာနယ်နိယာမအပေါ် သင်၏ နားလည်မှုက ပိုမိုနက်ရှိုင်းသွားပါပြီ။ ]
လင်းယွမ်၏ ခန္ဓာကိုယ်ပတ်လည်တွင် နိယာမများစွာက သိမ်မွေ့စွာ ယှက်နွယ်နေကြပြီး ပတ်ဝန်းကျင်မှ မတည်ငြိမ်သော အချိန်လေဟာနယ်များက လျင်မြန်စွာ ငြိမ်သက်သွားကြသည်။