အင်မော်တယ်ကမ္ဘာ၏ စိတ်အသိ....
Vol. 49 Ch. 732
" လာ ငါမင်းကို မူလနယ်မြေကို မိတ်ဆက်ပေးမယ်။ " အင်မော်တယ်ဘိုးဘေးက ပြောလိုက်သည်။
သူက လင်းယွမ်ကို မူလနယ်မြေထဲသို့ ခေါ်ဆောင်သွားသည်။ ၎င်းက နယ်နိမိတ်မရှိသော နေရာဖြစ်ပြီး အသန့်ရှင်းဆုံးမူလစွမ်းအားများက ကျောက်တုံးများအဖြစ် စုစည်းနေကြသည်။ ၎င်းတို့ကို ပြင်ပကမ္ဘာတွင် အင်မော်တယ်ရင်းမြစ်ဟု ခေါ်ကြသည်။
လင်းယွမ်က လွန်ခဲ့သော ရာစုနှစ်များအတွင်း အင်မော်တယ်ရင်းမြစ်များကို ရရှိခဲ့ဖူးသော်လည်း မူလနယ်မြေကို ချဉ်းကပ်ရုံနှင့် ခံစားခဲ့ရသော နိယာမလှိုင်းများက အင်မော်တယ်ရင်းမြစ်ထက် များစွာ သာလွန်လှသည်။
" အံ့ဩစရာပဲ။ " လင်းယွမ်က မူလနယ်မြေကို ကြည့်လိုက်သောအခါ နိယာမအမျိုးမျိုးက အစစ်အမှန်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
နိယာမများက ရပ်တန့်မနေဘဲ ရှင်သန်နေသည်။ နိယာမတစ်ခုတည်းကို လေ့လာခြင်းက နိယာမအမျိုးမျိုးကို လေ့လာခြင်းလောက် မကောင်းပေ။ လင်းယွမ်၏ စိတ်ထဲတွင် အသိအမြင်များစွာ ထွက်ပေါ်လာခဲ့သော်လည်း သူက ဉာဏ်အလင်းပွင့်သော အခြေအနေသို့ ဝင်ရောက်ခြင်းမရှိပေ။
" မူလနယ်မြေက ကျယ်ပြောလှတယ်။ ဟိုဘက်က ငါနဲ့ ငါ့တပည့်တွေ နေတဲ့ နေရာပဲ။ " အင်မော်တယ်ဘိုးဘေးက တစ်နေရာသို့ ညွှန်ပြလိုက်သည်။
လင်းယွမ်က ကြည့်လိုက်သောအခါ ကုန်းမြေတစ်ခုက ငြိမ်သက်စွာ တည်ရှိနေသည်ကို တွေ့လိုက်ရသည်။ ၎င်းက အင်မော်တယ်ဘိုးဘေးကိုယ်တိုင် ဖန်တီးထားခြင်းဖြစ်သည်။
" သိုင်းဘိုးဘေးအနေနဲ့ မင်းလည်း မူလနယ်မြေမှာ နေရာတစ်ခုရှာပြီး ကျင့်ကြံနိုင်တယ်။ ဒါမှမဟုတ် ငါ့လို ကုန်းမြေတစ်ခု ဖန်တီးပြီး မင်းရဲ့ တပည့်တွေနဲ့အတူ ကျင့်ကြံနိုင်တယ်။ " အင်မော်တယ်ဘိုးဘေးက ပြုံး၍ ပြောလိုက်သည်။
" နားလည်ပါပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
" ဒါ့အပြင် မူလနယ်မြေမှာ မင်းက နေရာအများစုကို သွားနိုင်တယ်။ ဒါပေမယ့် သတိထားရမယ့် နေရာတစ်ခုတော့ရှိတယ်။ အဲ့ဒါက အင်မော်တယ်ကမ္ဘာရဲ့ စိတ်အသိတည်ရှိတဲ့နေရာပဲ။ " အင်မော်တယ်ဘိုးဘေးက လက်ဝှေ့ရမ်းလိုက်ပြီး လင်းယွမ်၏ ရှေ့တွင် မူလနယ်မြေ၏ မြေပုံပေါ်လာသည်။
" အင်မော်တယ်ကမ္ဘာရဲ့ စိတ်အသိ..." လင်းယွမ်က ရေရွတ်လိုက်သည်။
ကမ္ဘာတိုင်းတွင် စိတ်အသိရှိသည်ကို လင်းယွမ်က သိရှိထားပြီးဖြစ်သည်။ အလွန်ကြီးမားသော ပင်မစကြာဝဠာမှာပင် ကိုယ်ပိုင်စိတ်အသိရှိသည်။ သို့သော် ကမ္ဘာတစ်ခု၏ စိတ်အသိက လူသားများနှင့်မတူဘဲ ဗီဇသက်သက်သာ ရှိကြီး တိကျသော ခံစားချက်များမရှိပေ။
ပုံမှန်အားဖြင့် ကမ္ဘာတစ်ခု၏ စိတ်အသိက ထွက်ပေါ်လာခြင်းမရှိဘဲ ကမ္ဘာ၏ လည်ပတ်မှုကို တိတ်ဆိတ်စွာ ထိန်းသိမ်းနေသည်။ သို့သော် ကမ္ဘာကို ထိခိုက်စေသော အရာတစ်ခုဖြစ်ပျက်လာလျှင် ကမ္ဘာစိအသိက ကြားဝင်တားဆီးပေလိမ့်မည်။
ဥပမာ ပင်မစကြာဝဠာမှ အလွှာဆယ့်နှစ် ကြီးမြတ်သူများက ပင်မစကြာဝဠာမှ ထွက်ခွာခဲ့လျှင် စကြာဝဠာ၏ တန်ပြန်မှုကို ခံရပေလိမ့်မည်။ ထိုတန်ပြန်မှုက ပင်မစကြာဝဠာ၏ စိတ်အသိမှ လာခြင်းဖြစ်သည်။
အလွှာဆယ့်နှစ် ကြီးမြတ်သူများက စကြာဝဠာ၏ ကြီးမားသော စွမ်းအားများကို စုပ်ယူထားပြီး ထွက်ခွာသွားခြင်းက ပင်မစကြာဝဠာ၏ အသားတစ်ပိုင်းကို လှီးဖြတ်သွားသကဲ့သို့ ဖြစ်ပြီး ခံနိုင်ရည်မရှိပေ။ ထို့ကြောင့် အလွှာဆယ့်နှစ် ကြီးမြတ်သူများ ပင်မစကြာဝဠာမှ ထွက်ခွာမည့်အချိန်က စကြာဝဠာပျက်ဆီးသွားပြီး စိတ်အသိက အိပ်မောကျသွားသော အချိန်တွင်ဖြစ်သည်။
" အင်မော်တယ်ကမ္ဘာရဲ့ စိတ်အသိက ငါတို့ကို အရမ်းသတိထားတယ်။ ငါတို့အရမ်းနီးကပ်သွားရင် အင်မော်တယ်ကမ္ဘာတစ်ခုလုံးရဲ့ စွမ်းအားနဲ့ ဖိနှိပ်မှုက ထွက်ပေါ်လာနိုင်တယ်။ " အင်မော်တယ်ဘိုးဘေးက ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
အလွှာဆယ့်နှစ် သက်ရှိတစ်ယောက်အနေဖြင့် အင်မော်တယ်ဘိုးဘေးက အင်မော်တယ်ကမ္ဘာနှင့် အဆင့်တူတွင် ရှိသည်။ သို့သော် အဆင့်တူခြင်းသာဖြစ်ပြီး ယှဉ်ပြိုင်နိုင်သည်ဟု မဆိုလိုပေ။ အင်မော်တယ်ကမ္ဘာတစ်ခုလုံး၏ စွမ်းအားကို ရင်ဆိုင်ရသောအခါ အင်မော်တယ်ဘိုးဘေးပင် ခုခံရန် ခက်ခဲနေသည်။
သို့သော် အင်မော်တယ်ကမ္ဘာ၏ စိတ်အသိက အလွှာဆယ့်နှစ်တစ်ယောက်ကို အချိန်ကြာကြီး ဖိနှိပ်ရန်မဖြစ်နိုင်ပေ။ ၎င်းက ကြီးမားသော စွမ်းအားကို လိုအပ်ပြီး အင်မော်တယ်ကမ္ဘာ၏ ပျက်ဆီးမှုက အချိန်မတိုင်မီ ဖြစ်လာနိုင်သည်။
" နားလည်ပါပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
အင်မော်တယ်ဘိုးဘေးနှင့် ယှဉ်လျှင် လင်းယွမ်က ကမ္ဘာစိတ်အသိအကြောင်းကို ပို၍ နားလည်ထားသည်။
" ဒါဆို ငါသွားတော့မယ်။ အကယ်၍ မင်းမှာ ကိစ္စတစ်ခုခုရှိရင် ငါ့ကို ဆက်သွယ်လိုက်ပါ။ " အင်မော်တယ်ဘိုးဘေးက စကားပြောပြီး ပျောက်ကွယ်သွားခဲ့သည်။
" ငါလည်း ဉာဏ်အလင်းပွင့်ဖို့ စတော့မယ်။ " လင်းယွမ်က တာအိုနိယာမများ၏ အနှစ်သာရများ ထွက်ပေါ်လာသည်ကို လေ့လာလိုက်သည်။
[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် နိယာမအနှစ်သာရများကို လေ့လာပြီး နိယာမများအပေါ် သင်၏ နားလည်မှုက ပိုမိုနက်ရှိုင်းသွားပါပြီ။ ]
ထိုသို့ဖြင့် နှစ်ပေါင်းနှစ်ရာကြာသွားခဲ့သည်။ လင်းယွမ်က မူလနယ်မြေ၏ နေရာအနှံ့တွင် ပေါ်လာခဲ့သည်။ နှစ်ပေါင်းနှစ်ရာအတွင်း သူက အဓိကပေါင်းစပ်နိယာမသောင်းချီကို နားလည်ခဲ့သည်။ သူ၏ အတွင်းကမ္ဘာထဲမှ ဥပုံသဏ္ဍန်အလုံးလေးကလည်း ပို၍ ထင်ရှားလာပြီး နိယာမများ၏ အော်ရာအမျိုးမျိုးကို ထုတ်လွှတ်နေသည်။
" အင်မော်တယ်ကမ္ဘာရဲ့ စိတ်အသိတည်ရှိတဲ့ နေရာက နိယာမလှုပ်ရှားမှုတွေ ပိုပြီးထင်ရှားနေတာကို ငါခံစားရတယ်။ မဟုတ်ဘူး အဲ့ဒါ လှုပ်ရှားမှုမဟုတ်ဘူး။ အဲ့ဒါနိယာမတွေကိုယ်တိုင်ပဲ။ " လင်းယွမ်က မျက်လုံးများဖွင့်ပြီး မူလနယ်မြေ၏ အလယ်သို့ ကြည့်လိုက်သည်။
အမှန်တော့ ထိုအချက်ကို အတည်ပြုရန် မခက်ခဲပေ။ အင်မော်တယ်ဘိုးဘေးက အက်မော်တယ်ကမ္ဘာ၏ စိတ်အသိနားသို့ ချဉ်းကပ်လျှင် ဖိနှိပ်ခံရမည်ဟု ဘယ်လိုသိခဲ့တာလဲ။ အင်မော်တယ်ကမ္ဘာ၏ စိတ်အသိတည်ရှိသောနေရာက အင်မော်တယ်ကမ္ဘာတွင်ရှိသော နိယာမအားလုံး၏ ရင်းမြစ်ဖြစ်သည်ကို ရှာတွေ့ခဲ့သောကြောင့်ဖြစ်သည်။
နိယာမလှိုင်းများက ထိုနေရာမှ စတင်လာခြင်းဖြစ်သည်။ အကယ်၍ လူတစ်ယောက်က ထိုနေရာသို့ ဝင်ရောက်ပြီး ကျင့်ကြံနိုင်လျှင် မူလနယ်မြေ၏ အခြားနေရာများတွင် နေထိုင်ခြင်းထက် ပို၍ အကျိုးရှိပေလိမ့်မည်။
" ဖရိုဖရဲနိယာမကို နားလည်ဖို့ လမ်းကြောင်းကို ငါ ရှာတွေ့ခဲ့ပေမယ့် ဖရိုဖရဲနိယာမကို မွေးမြူဖို့က အချိန်အများကြီး လိုအပ်တယ်။ ငါသာ အင်မော်တယ်ကမ္ဘာရဲ့ နိယာမအားလုံးရဲ့ အနှစ်သာရကို တိုက်ရိုက်လေ့လာနိုင်ရင်..." လင်းယွမ်က ခဏစဉ်းစားပြီးနောက် အင်မော်တယ်ကမ္ဘာ၏ စိတ်အသိတည်ရှိသော နေရာကို ချဉ်းကပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
အင်မော်တယ်ဘိုးဘေးက ယခင်ချဉ်းကပ်ချိန်တွင် အန္တရာယ်ကင်းခဲ့လျှင် လင်းယွမ်အတွက်လည်း ပြဿနာရှိမည်မဟုတ်ပေ။ အသက်ကယ်နည်းလမ်းများအရ လင်းယွမ်က အင်မော်တယ်ဘိုးဘေးထက်ပင် သာလွန်နေသည်။
ထို့အပြင် ယခု မူလနယ်မြေတွင် ရှိနေသူက ကိုယ်ပွားတစ်ခုသာဖြစ်သည်။ အင်မော်တယ်ကမ္ဘာ၏ စိတ်အသိက ဖိနှိပ်ခဲ့လျှင်တောင် နောက်ထပ်ကိုယ်ပွားတစ်ခု ထပ်လွှတ်လိုက်ရုံသာရှိသည်။
မကြာမီ လင်းယွမ်က အင်မော်တယ်ကမ္ဘာ၏ စိတ်အသိ တည်ရှိသော နေရာသို့ ချဉ်းကပ်သွားခဲ့သည်။ အနီးသို့ရောက်သည်နှင့် ကြောက်စရာကောင်းသော စိတ်အသိဖိအားတစ်ခုက ထွက်ပေါ်လာပြီး မူလနယ်မြေတစ်ခုလုံးကို တုန်ခါသွားစေခဲ့သည်။
" ဒီလိုကြီးမားတဲ့ တုန့်ပြန်မှုက...." လင်းယွမ်က အနည်းငယ် အံ့အားသင့်သွားပြီးနောက် ချက်ချင်း နားလည်လိုက်သည်။
မူလနယ်မြေတွင် ရှိသော အင်မော်တယ်ကမ္ဘာ၏ စိတ်အသိတည်ရှိသော နေရာက လင်းယွမ်၏ စိတ်ဝိညာဉ်ကမ္ဘာနှင့် ဆင်တူသည်။ ၎င်းက အခြေခံအကျဆုံး တည်ရှိမှုဖြစ်သည်။ အားကောင်းသော ပြင်ပစွမ်းအားတစ်ခု ချဉ်းကပ်လာသောအခါ အင်မော်တယ်ကမ္ဘာ၏ စိတ်အသိက အမြင့်ဆုံး သတိပေးချက်ကို ထုတ်လွှတ်ပေလိမ့်မည်။
ဝုန်း....
အင်မော်တယ်ကမ္ဘာ စိတ်အသိ၏ သတိပေးချက်ကို လျစ်လျူရှုပြီး လင်းယွမ်က ဆက်လက်ချဉ်းကပ်သွားခဲ့သည်။ မကြာမီ အင်မော်တယ်ကမ္ဘာ၏ စိတ်အသိက မူလနယ်မြေတစ်ခုလုံး၏ စွမ်းအားကို စုစည်းပြီး လင်းယွမ်ကို ဖိနှိပ်ရန် စတင်လာသည်။
" အင်မော်တယ်ကမ္ဘာရဲ့ စိတ်အသိက ဒေါသထွက်နေတာလား။ " အင်မော်တယ်ဘိုးဘေးက မူလနယ်မြေ၏ တုန်ခါမှုကို ချက်ချင်း ခံစားမိလိုက်သည်။
" သိုင်းဘိုးဘေးက အင်မော်တယ်ကမ္ဘာရဲ့ စိတ်အသိနားကို နီးကပ်သွားတာလား။ " အင်မော်တယ်ဘိုးဘေးက မူလနယ်မြေ၏ အလယ်သို့ ကြည့်လိုက်ပြီး အံ့ဩခြင်းမရှိပေ။
အင်မော်တယ်ကမ္ဘာ၏ စိတ်အသိက ကြောက်စရာကောင်းပြီး အင်မော်တယ်ကမ္ဘာတစ်ခုလုံးစ၏ စွမ်းအားကို အလွယ်တကူ စုစည်းနိုင်သည်ဟု လင်းယွမ်ကို သူသတိပေးခဲ့သော်လည်း စိတ်အသိတည်ရှိသော နေရာက နိယာမအားလုံး၏ အနှစ်သာရများ ပါဝင်နေသည်။
၎င်းက ကြီးမားသော ဆွဲဆောင်မှုရှိသောကြောင့် သူကိုယ်တိုင်ပင် ချဉ်ကပ်သွားဖူးသည်။ ရလဒ်အနေဖြင့် သူက အတော်လေး ထိခိုက်ခံခဲ့ရသည်။ လင်းယွမ်ကလည်း ထိုအကြောင်းရင်းကြောင့်သာ အင်မော်တယ်ကမ္ဘာ၏ စိတ်အသိအနီးသို့ ချဉ်းကပ်သွားခြင်း ဖြစ်နိုင်လေသည်။
" သိုင်းဘိုးဘေးက ဘယ်လောက်ကြာကြာ ခံနိုင်မလဲ ကြည့်ရတာပေါ့။ " အင်မော်တယ်ဘိုးဘေးက သိလိုစိတ်နှင့် တွေးလိုက်သည်။
အကယ်၍ လင်းယွမ်သာ ခံနိုင်ရည်မရှိတော့လျှင် အင်မော်တယ်ဘိုးဘေးက အကူအညီပေးရန် အဆင်သင့်ပြင်ထားသည်။ သူက လင်းယွမ်ကို ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့လျှင် သိုင်းဘိုးဘေး၏ ကျေးဇူးတင်မှုကို ရရှိပေလိမ့်မည်။
" အခုအချိန်မှာ အင်မော်တယ်ကမ္ဘာရဲ့ စိတ်အသိက မူလနယ်မြေရဲ့ စွမ်းအားကိုပဲ စုစည်းသေးတာ ပုံမှန်ပဲ။ ဒါပေမယ့် အင်မော်တယ်ကမ္ဘာတစ်ခုလုံးရဲ့ စွမ်းအားကို စုစည်းလိုက်တာနဲ့ တကယ်ကြောက်စရာကောင်းသွားလိမ့်မယ်။ " အင်မော်တယ်ဘိုးဘေးက ဂရုတစိုက် စဉ်းစားနေသည်။
ဝုန်း....
ကြောက်စရာကောင်းသော စွမ်းအားတစ်ခုက လင်းယွမ်ကို ဝန်းရံသွားသည်။ လင်းယွမ်က ၎င်းကို ခုခံရန် မကြိုးစားပေ။ သူချဉ်းကပ်ရဲသည့် အကြီးမားဆုံး အားထားရာက နိယာမများအပေါ် နားလည်မှု၊ အထူးသဖြင့် အချိန်လေဟာနယ်အပေါ် သူ၏ နားလည်မှုပင်ဖြစ်သည်။
အချိန်လေဟာနယ်၏ သတ္တမအဆင့်က လင်းယွမ်အတွက် အင်မော်တယ်ကမ္ဘာ၏ အချိန်လေဟာနယ်အပေါ် လွှမ်းမိုးနိုင်ခဲ့သည်။ ထို့ကြောင့် နတ်ဆိုးဘိုးဘေးက အင်မော်တယ်ကမ္ဘာ၏ အချိန်လေဟာနယ်ကို ထိုးဖောက်ခဲ့သော်လည်း လင်းယွမ်ကို မထိခိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
ဝုန်း....
အင်မော်တယ်ကမ္ဘာ စိတ်အသိ၏ ဒေါသတကြီး ထုတ်လွှတ်လိုက်သော စွမ်းအားက လင်းယွမ်ကို ဖြတ်ကျော်သွားခဲ့သည်။