ခြိမ်းခြောက်ခြင်း....
Vol. 49 Ch. 733
" ငါ့ကို မထိနိုင်ဘူးပဲ။ " လင်းယွမ်၏ စိတ်ထဲတွင် သေချာသွားသည်။
အင်မော်တယ်ကမ္ဘာ၏ စိတ်အသိက သူ့ကို မထိနိုင်သရွေ့ အရာအားလုံး အဆင်ပြေသည်။ ၎င်းက သူ၏ မူလခန္ဓာကိုယ်၏ တည်နေရာကို သတ်မှတ်နိုင်ခဲ့လျှင် လင်းယွမ်က လက်လျှော့လိုက်မည်ဖြစ်သည်။
ဝုန်း....
လင်းယွမ်ကို မထိသော်လည်း အင်မော်တယ်ကမ္ဘာစိတ်အသိက ရပ်တန့်ခြင်းမရှိခဲ့ပေ။ ထိုအစား မူလနယ်မြေတစ်ခုလုံး၏ စွမ်းအားကို စုစည်းပြီး လင်းယွမ်ကို ဖိနှိပ်ရန် ကြိုးစားနေသည်။
လင်းယွမ်က ဝင်ရောက်စွက်ဖက်ခြင်းမရှိဘဲ အင်မော်တယ်ကမ္ဘာ၏ စိတ်အသိတည်ရှိရာသို့ ဖြည်းညင်းစွာ ချဉ်းကပ်သွားသည်။
ရက်အနည်းငယ်ကြာပြီးနောက် ကမ္ဘာစိတ်အသိက လင်းယွမ်အား မထိနိုင်သည်ကို သေချာသွားပြီး စိတ်အသိလှိုင်းတစ်ခု ထွက်ပေါ်လာသည်။ ၎င်းက လင်းယွမ်နှင့် ဆက်သွယ်ချင်နေပြီဟူသော အဓိပ္ပါယ်ပင်ဖြစ်သည်။
အင်မော်တယ်ကမ္ဘာစိတ်အသိက စိတ်အသိတစ်ခု ဖြစ်သောကြောင့် ဆက်သွယ်နိုင်သည်မှာ သေချာသည်။ သို့သော် ယခင် အင်မော်တယ်ဘိုးဘေးကို ဆက်သွယ်ရန် မလိုအပ်ခဲ့ပေ။ သို့သော် ယခု ၎င်းက လင်းယွမ်ကို ထိခိုက်အောင် မလုပ်နိုင်သောကြောင့် ခြိမ်းခြောက်မှုကို ခံစားရပြီး စတင်ဆက်သွယ်ခဲ့ခြင်းဖြစ်သည်။
" နိယာမတွေကို ခံစားဖို့ ငါ့ကို ဝင်ခွင့်ပြုပါ။ " လင်းယွမ်က သူ၏ ရည်ရွယ်ချက်ကို ပြောလိုက်သည်။
" မဖြစ်နိုင်ဘူး။ " အင်မော်တယ်ကမ္ဘာစိတ်အသိက ဒေါသတကြီး တုန့်ပြန်လိုက်သည်။
သူတည်ရှိသောနေရာက မူလနယ်မြေ၏ အလယ်ဗဟိုတွင်ဖြစ်ပြီး အင်မော်တယ်ကမ္ဘာ၏ စိတ်အသိမွေးဖွားရာ အရင်းအမြစ်ဖြစ်သည်။ ၎င်းက အင်မော်တယ်ကမ္ဘာမှ နိယာမများစွာ၏ ရင်းမြစ်ဖြစ်ရုံသာမက စိတ်အသိ၏ အခြေခံအုတ်မြစ်လည်း ဖြစ်သည်။
လင်းယွမ်က ဝင်ရောက်ခဲ့လျှင် နိယာမများကို ခံစားနိုင်ရုံသာမက အင်မော်တယ်ကမ္ဘာစိတ်အသိကို တိုက်ရိုက်တိုက်ခိုက်နိုင်မည်ဖြစ်သည်။
ဗဟိုဧရိယာ၏ အပြင်ဘက်တွင် အင်မော်တယ်ကမ္ဘာ၏ စိတ်အသိက အင်မော်တယ်ကမ္ဘာတစ်ခုလုံး၏ စွမ်းအားကို စုစည်းနိုင်သော်လည်း ဗဟိုဧရိယာအတွင်း အင်မော်တယ်ကမ္ဘာ၏ စွမ်းအားကလည်း ထိုးဖောက်နိုင်ခြင်းမရှိပေ။ ဗဟိုဧရိယာအတွင်းတွင် အင်မော်တယ်ကမ္ဘာ၏ စိတ်အသိက သွားမရှိသော ကျားကဲ့သို့ဖြစ်နေပေလိမ့်မည်။
" ငါမင်းကို လက်ဖျားနဲ့တောင် မထိဘူးလို့ ကတိပေးတယ်။ " လင်းယွမ်က ချက်ချင်း ပြောလိုက်သည်။
လင်းယွမ်က ထျန်းချင်းကမ္ဘာ၏ စိတ်အသိနေရာကို အစားထိုးဖူးသောကြောင့် အင်မော်တယ်ကမ္ဘာစိတ်အသိ၏ ကြောက်ရွံ့မှုကို နားလည်သည်။ ထို့ကြောင့် သူက လျင်မြန်စွာ အာမခံလိုက်သည်။ သို့သော် အင်မော်တယ်ကမ္ဘာစိတ်အသိက တုန့်ပြန်ခြင်းမရှိဘဲ တုန်ခါနေသော မူလနယ်မြေပင် ငြိမ်သက်သွားသည်။
" ငါနဲ့ မဆက်သွယ်ချင်တော့ဘူးလား။ " လင်းယွမ်က ခဏစဉ်းစားပြီး အင်မော်တယ်ကမ္ဘာစိတ်အသိ တည်ရှိရာသို့ ဆက်လက်ချဉ်းကပ်သွားသည်။
မကြာမီ လင်းယွမ်က ရပ်တန့်လိုက်သည်။
" အချိန်လေဟာနယ်အတားအဆီး..." လင်းယွမ်က သူ၏ ရှေ့တွင် ပုံပျက်နေသော အချိန်လေဟာနယ်ကို ကြည့်လိုက်သည်။ အချိန်လေဟာနယ်အပေါ် သူ၏ နားလည်မှုနှင့်ပင် ယခုအချိန်တွင် ရှေ့ဆက်မတိုးနိုင်တော့ပေ။
" ဒါက မင်းရဲ့ ယုံကြည်မှုထင်တယ်။ " လင်းယွမ်က စိတ်ထဲမှ နားလည်လိုက်သည်။
အင်မော်တယ်ကမ္ဘာစိတ်အသိ၏ တည်ရှိရာသို့ ဝင်ရောက်နိုင်ရန် စိတ်အသိ၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရုံသာမက သူ၏ ရှေ့မှာရှိသော အချိန်လေဟာနယ်အတားအဆီးကိုလည်း ဖြတ်ကျော်ရမည်ဖြစ်သည်။
" ကောင်းကင်ဆုတ်ဖြဲခြင်းစွမ်းရည်..." လင်းယွမ်က သူ၏ လက်ကို မြှောက်လိုက်ပြီး မမြင်နိုင်သော စွမ်းအားတစ်ခုကို စုစည်း၍ သူ၏ ရှေ့တွင် ရှိသော အချိန်လေဟာနယ်အတားအဆီးကို ညင်သာစွာ ဆုတ်ဖြဲလိုက်သည်။
ထိုနတ်စွမ်းရည်က ဤတစ်ကြိမ်းဆင်းသက်မှုတွင် နိုးထလာခြင်းဖြစ်ပြီး တိုက်ခိုက်ရေးနတ်စွမ်းရည်တစ်ခုဖြစ်သည်။
ဝုန်း....
လင်းယွမ်၏ ဆုတ်ဖြဲမှုက သူ၏ ရှေ့ရှိ အချိန်လေဟာနယ်အတားအဆီကို တုန်ခါသွားစေရုံသာဖြစ်ပြီး လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာသည်။
" အလုပ်မဖြစ်ဘူးလား။ " လင်းယွမ်က ရေရွတ်လိုက်ပြီး ခဏကြာသောအခါ သူနှင့် မလှမ်းမကမ်းတွင် ပုံရိပ်နှစ်ခုပေါ်လာသည်။
သူတို့က လင်းယွမ်၏ ထိုက်ယန်မူလစိတ်ဝိညာဉ်နှင့် ထိုက်ယင်မူလစိတ်ဝိညာဉ်တို့ပင်ဖြစ်သည်။ ကောင်းကင်ဆုတ်ဖြဲခြင်းနတ်စွမ်းရည်က အသုံးပြုသူ၏ စွမ်းအားပေါ်တွင် မူတည်သည်။
လင်းယွမ်၏ ကိုယ်ပွားများက တိုက်ခိုက်ရေးစွမ်းအားမြင့်မားသော်လည်း မူလစိတ်ဝိညာဉ်နှစ်ခုထက် နိမ့်ကျသည်။ မူလစိတ်ဝိညာဉ်နှစ်ခုကလည်း မူလခန္ဓာကိုယ်နှင့် ကြီးမားသော ကွာခြားမှုရှိသည်။
ကိုယ်ပွား အသုံးပြုသော ကောင်းကင်ဆုတ်ဖြဲခြင်းနတ်စွမ်းရည်က အချိန်လေဟာနယ်အတားအဆီးကို လှိုင်းထန်သွားစေရုံသာဖြစ်သည်။
ဝုန်း....
မူလစိတ်ဝိညာဉ်နှစ်ခုက သူတို့၏ ညာလက်ကို မြှောက်ပြီး အဝေးမှ အချိန်လေဟာနယ်အတားအဆီးကို ဆုတ်ဖြဲလိုက်သည်။ ခဏအတွင်း အချိန်လေဟာနယ်အတားအဆီးက တုန်ခါသွားပြီး ပြန်လည်ကောင်းမွန်လာခဲ့သည်။
" မင်းငါ့ကို အခုပေးမဝင်ရင် ငါ အင်မော်တယ်ဘိုးဘေးကို ခေါ်လိုက်တော့မယ်။ " လင်းယွမ်က အင်မော်တယ်ကမ္ဘာစိတ်အသိကို ဆက်သွယ်လိုက်သည်။ " အင်မော်တယ်ဘိုးဘေးရဲ့ တိုက်ခိုက်ရေးစွမ်းအားနဲ့ဆို အချိန်လေဟာနယ်အတားအဆီးကို အချိန်တိုအတွင်း မဖျက်ဆီးနိုင်ရင်တောင် နှစ်တစ်သန်း၊ နှစ်ဆယ်သန်းကြာအောင် မင်းတားနိုင်မှာလား။ "
အမှန်တော့ အင်မော်တယ်ဘိုးဘေး၏ တိုက်ခိုက်မှုများကလည်း အချိန်လေဟာနယ်အတားအဆီးကို မထိခိုက်စေနိုင်ပေ။ အင်မော်တယ်ဘိုးဘေးက အနီးသို့မရောက်မီ အင်မော်တယ်ကမ္ဘာစိတ်အသိ၏ ဖိနှိပ်မှုကို ခံခဲ့ရသည်။
သို့သော် လင်းယွမ်၏ အကူအညီနှင့်ဆိုလျှင် အခြေအနေက ကွဲပြားသွားပေလိမ့်မည်။ အချိန်လေဟာနယ်၏ သတ္တမအဆင့်က အင်မော်တယ်ကမ္ဘာစိတ်အသိပင် သူ၏ တည်နေရာကို ရှာဖွေနိုင်ခြင်းမရှိခဲ့ပေ။ လင်းယွမ်သာ အင်မော်တယ်ဘိုးဘေးကို ခေါ်ခဲ့လျှင် သူပြောသောအရာများက ဖြစ်နိုင်လေသည်။
သို့သော် လင်းယွမ်က ခြိမ်းခြောက်နေခြင်းသာဖြစ်သည်။ လက်တွေ့တွင် သူက နှစ်တစ်သန်း၊ နှစ်ဆယ်သန်းကြာအောင် မစောင့်နိုင်ပေ။ သို့သော် အင်မော်တယ်ကမ္ဘာ၏ စိတ်အသိက ၎င်းကို မသိပေ။
" အဲ့ဒီအချိန်ကျရင်တော့ ငါမင်းကို မတိုက်ခိုက်ဘူးလို့ အာမခံနိုင်မှာမဟုတ်ဘူး။ " လင်းယွမ်က ဆက်ပြောလိုက်သည်။
အင်မော်တယ်ကမ္ဘာ၏ စိတ်အသိက တုန့်ပြန်ခြင်းမရှိပေ။
" ဒီလိုဆိုရင် ငါ အခုပဲ အင်မော်တယ်ဘိုးဘေးကို သွားခေါ်လိုက်မယ်။ အဲ့ဒီအချိန်ကျရင် နတ်ဆိုးဘိုးဘေးကိုပါ တစ်ခါတည်း ခေါ်လာခဲ့မယ်။ " လင်းယွမ်၏ ကိုယ်ပွားက တိတ်ဆိတ်စွာ ပျောက်ကွယ်သွားသည်။
ထိုအချိန်တွင် တိတ်ဆိတ်နေသော အင်မော်တယ်ကမ္ဘာစိတ်အသိက လင်းယွမ်ကို ဆက်သွယ်လာသည်။ အဓိပ္ပါယ်မှာ လင်းယွမ်က အင်မော်တယ်ကမ္ဘာစိတ်အသိကို မတိုက်ခိုက်ဘူးဟု ဘယ်လိုအာမခံနိုင်လဲဟူ၍ပင် ဖြစ်သည်။
" မင်းမှာ ညှိနှိုင်းခွင့်မရှိတော့ဘူး။ " လင်းယွမ်က သူ၏ ခေါင်းကို ခါလိုက်သည်။ " မင်း အခု သဘောတူပြီး ငါ့ကို ဝင်ခွင့်ပေး။ မဟုတ်ရင် ငါ အင်မော်တယ်ဘိုးဘေးနဲ့အတူ အတင်းအကျပ် ဝင်ရောက်ရလိမ့်မယ်။ "
ထိုသို့ပြောပြီးသောအခါ လင်းယွမ်က အင်မော်တယ်ကမ္ဘာစိတ်အသိ၏ တုန့်ပြန်မှုကို စောင့်ဆိုင်းနေသည်။ အချိန်အတော်ကြာပြီးနောက် အင်မော်တယ်ကမ္ဘာစိတ်အသိက လင်းယွမ်၏ တောင်းဆိုချက်ကို သဘောတူခဲ့သည်။
နှစ်တစ်သန်း သို့မဟုတ် နှစ်ဆယ်သန်းက လင်းယွမ်အတွက် အလွန်ရှည်ကြာသော အချိန်ဖြစ်သော်လည်း အင်မော်တယ်ကမ္ဘာစိတ်အသိအတွက် ခဏသာဖြစ်သည်။ ထို့ကြောင့် အင်မော်တယ်ကမ္ဘာစိတ်အသိတွင် ရွေးချယ်စရာ နှစ်ခုသာ ရှိသည်။ ၎င်းမှာ လင်းယွမ်ကို ယခု ဝင်ခွင့်ပြုမလား သို့မဟုတ် အတင်းအကျပ် ဝင်ရောက်ခြင်းခံမလားပင် ဖြစ်သည်။
" ဒီလိုမှပေါ့။ လင်းယွမ်က ပြုံးလိုက်သည်။
မူလစိတ်ဝိညာဉ်နှစ်ခုက ပျောက်ကွယ်သွားပြီး ကိုယ်ပွားသာ ကျန်နေခဲ့သည်။ အဝေးရှိ အချိန်လေဟာနယ်အတားအဆီးက ပုံပျက်လာပြီး ဗဟိုဧရိယာသို့ သွားရန် ယာယီလမ်းကြောင်းတစ်ခု ဖြစ်ပေါ်လာသည်။ ထို့နောက် လင်းယွမ်က အထဲသို့ ဝင်ရောက်သွားသည်။
" ဟင် " အင်မော်တယ်ဘိုးဘေးက မျက်လုံးများ ပြူးကျယ်သွားသည်။
မူလနယ်မြေ တုန်ခါချိန်တွင် သူက နည်းလမ်းအချို့ကို အသုံးပြုပြီး လင်းယွမ်နှင့် အင်မော်တယ်ကမ္ဘာစိတ်အသိတို့၏ ယှဉ်ပြိုင်မှုကို စောင့်ကြည့်နေခဲ့သည်။ လင်းယွမ်က အချိန်လေဟာနယ်အတားအဆီးရှေ့တွင် ရပ်တန့်သွားပြီး မူလစိတ်ဝိညာဉ်နှစ်ခုနှင့် တိုက်ခိုက်ခဲ့သည်ကိုလည်း မြင်တွေ့ခဲ့ရသည်။
လင်းယွမ်နှင့် အင်မော်တယ်ကမ္ဘာစိတ်အသိတို့၏ ဆက်သွယ်မှုကို အတိအကျမသိသော်လည်း နောက်ဆုံး လင်းယွမ်ကို ဝင်ခွင့်ပြုရန်အတွက် ယာယီလမ်းကြောင်းတစ်ခု ဖြစ်ပေါ်လာသည်ကို မြင်ရသောအခါ အင်မော်တယ်ဘိုးဘေးက အံ့အားသင့်သွားခဲ့သည်။
" သိုင်းဘိုးဘေးက အထဲကို ဝင်သွားတာလား။ " အင်မော်တယ်ဘိုးဘေးက မှင်သက်သွားသည်။
သူက နှစ်သန်းပေါင်းများစွာကြာအောင် အင်မော်တယ်ကမ္ဘာ၏ စိတ်အသိ တည်ရှိရာသို့ ဝင်ရောက်ချင်နေခဲ့သည်။ သို့သော် ၎င်းက စိတ်ကူးသက်သက်သာ ဖြစ်ပြီး သူ၏ ခွန်အားနှင့် နောက်တစ်ကြိမ်အဆင့်တက်နိုင်မှာ ဖြစ်နိုင်လေသည်။ မဟုတ်လျှင် သူက အင်မော်တယ်ကမ္ဘာစိတ်အသိကို လုံးဝ ယှဉ်နိုင်မည်မဟုတ်ပေ။
သို့သော် လင်းယွမ်က မူလနယ်မြေသို့ ရောက်ရှိသည်မှာ နှစ်ပေါင်းနှစ်ရာသာ ကြားသေးပြီး အင်မော်တယ်ဘိုးဘေး လိုချင်တောင့်တနေသော အရာကို ရရှိသွားခဲ့သည်။