← Chapters

သိုင်းတာအို၏ တိုးတက်မှု....

Vol. 49 Ch. 734

သိုင်းတာအို၏ တိုးတက်မှု....

Vol. 49 Ch. 734

လင်းယွမ်က မူလနယ်မြေ၏ ဗဟိုဧရိယာထဲတွင် ပေါ်လာခဲ့သည်။ သူ၏ ပတ်ဝန်းကျင်က မှောင်မိုက်နေပြီး အလင်းစက်များစွာ လွင့်မျောနေသည်။တစ်ချက်ကြည့်ရုံနှင့် ထိုအလင်းစက်များက နိယာမများကိုယ်တိုင်ဖြစ်သည်ကို လင်းယွမ်က သိုလိုက်သည်။ ထိုအလင်းစက်များထဲတွင် အသေးဆုံးက လက်သီးဆုပ်အရွယ်အစားရှိပြီး အကြီးဆုံးက ကြယ်တစ်လုံးလောက်ရှိပေသည်။

" ဒါက အံ့ဩစရာပဲ။ " လင်းယွမ်က အလင်းစက်တစ်ခုစီကို လေ့လာနေသည်။

အသေးဆုံးအလင်းစက်ကပင် မရေတွက်နိုင်သော အချက်အလက်များပါဝင်နေသည်။ ၎င်းတို့က နိယာမများကိုယ်တိုင်ကို ကိုယ်စားပြုသည်။ လင်းယွမ်က ထိုနိယာမများကို နားလည်ပြီးသားဖြစ်သော်လည်း အကျိုးရှိနေဆဲ ဖြစ်သည်။

" အင်မော်တယ်ကမ္ဘာက အဆုံးသတ်ကို ရောက်တဲ့အချိန်မှာ ဒီအလင်းသက်တွေကလည်း ပြိုကွဲသွားလိမ့်မယ်။ ဒါက အပြင်ကမ္ဘာမှာရှိတဲ့ မဟာတာအိုရဲ့ ပြိုလဲမှုပဲ။ "

" ဒီအလင်းစက်နိယာမတွေ ပြိုကွဲသွားပြီး နောက်ပိုင်းမှာ သူတို့က ပြန်လည်မွေးဖွားဖို့အတွက် ပေါင်းစပ်သွားကြလိမ့်မယ်။ " လင်းယွမ်၏ စိတ်ထဲတွင် အသိအမြင်များက လျင်မြန်စွာ ဖြစ်ပေါ်နေခဲ့သည်။

" ဟမ် အဲ့ဒါက အင်မော်တယ်ကမ္ဘာရဲ့ စိတ်အသိလား။ " လင်းယွမ်က လေ့လာနေစဉ် တောက်ပသော အလင်းလုံးတစ်ခု မျောလွင့်နေသည်ကို မြင်လိုက်ရသည်။

၎င်းက အင်မော်တယ်ကမ္ဘာစိတ်အသိပင်ဖြစ်သည်။ ယခုအချိန်တွင် အလင်းလုံးက လင်းယွမ်ကို အလွန်သတိထားပြီး စောင့်ကြည့်နေခဲ့သည်။ အင်မော်တယ်ကမ္ဘာစိတ်အသိ၏ စိုးရိမ်မှုကို လင်းယွမ်က နားလည်သည်။ သူက ၎င်းကို စိတ်မဝင်စားတော့ဘဲ အဆုံးမရှိသော အလင်းစက်များအား လေ့လာခြင်းကို နစ်မြှုပ်သွားသည်။

ထိုသို့ဖြင့် နှစ်ပေါင်းတစ်ထောင်ကြာသွားခဲ့သည်။

ချင်းယောင်အင်မော်တယ်မြို့တော်၊ မူးယစ်အိပ်မက်မျှော်စင်။ ထိုနေရာက ချင်းယောင်အင်မော်တယ်နယ်မြေတစ်ခုလုံးမှာပင် အကျော်ကြားဆုံးဖြစ်ပြီး မူးယစ်အိပ်မက်မျှော်စင်မှ မူးယစ်အိပ်မက်အရက်က ရွှေအင်မော်တယ်နှင့် ကျောက်စိမ်းအင်မော်တယ်များအား လှပသော အိပ်မက်ထဲတွင် ခဏတာနစ်မြှုပ်သွားစေနိုင်သည်။

ထိုနစ်မြှုပ်မှုက ရိုးရှင်းခြင်းမရှိဘဲ လူတစ်ယောက်၏ စိတ်စွမ်းအားကို ပျိုးထောင်ခြင်းအတွက် အလွန်အရေးပါသည်။ ထို့ကြောင့် အင်မော်တယ်နယ်မြေ ၃၃ ခုမှ အင်မော်တယ်ကျင့်ကြံသူများက မူးယစ်အိပ်မက်မျှော်စင်သို့ အဆက်မပြတ် လာရောက်ကြသည်။

" သိုင်းတာအိုကျင့်ကြံခြင်းစနစ်က တကယ် အထင်ကြီးစရာပဲ။ အတွင်းကမ္ဘာကို ဖွင့်တယ်၊ ပြင်ပကမ္ဘာရဲ့ အနှစ်သာရကို စုပ်ယူတယ်၊ ရုပ်ခန္ဓာကို အခြေခံအဖြစ် သုံးတယ်။ ကဏ္ဍအားလုံးက အင်မော်တယ်ကျင့်ကြံခြင်းစနစ်ထက် မနိမ့်ကျဘူး။ အချို့ဆိုရင် ပိုတောင်သာသေးတယ်။ "

" ဟုတ်တယ်။ ငါ့ရဲ့ဆွေမျိုးတစ်ယောက်ဆိုရင် မွေးရာပါ နတ်ဘုရားခွန်အား၊ အားကောင်းတဲ့ ရုပ်ခန္ဓာရှိပေမယ့် စိတ်ဝိညာဉ်အမြစ်က အဆင့်မမှီဘူး။ အဲ့ဒါကြောင့် သူ့ကို သိုင်းတာအိုကို ကျင့်ကြံခိုင်းလိုက်တာ အခုဆို သိုင်းတာအို ဆဋ္ဌမအလွှာကိုတောင် ရောက်နေပြီ။ "

" သိုင်းတာအိုကျင့်ကြံခြင်းစနစ်ကို ဖန်တီးခဲ့တဲ့ သိုင်းဘိုးဘေးက ဘယ်လိုတည်ရှိမှုမျိုးလဲ။ "

" ကံမကောင်းတာက လွန်ခဲ့တဲ့ နှစ်တစ်ထောင်က သိုင်းဘိုးဘေးက ဟောပြောပွဲတွေ လုပ်ခဲ့ပေမယ့် ငါက တံခါးပိတ်ကျင့်ကြံနေလို့ သိုင်းဘိုးဘေးကို တွေ့ဆုံဖို့ အခွင့်အရေးနဲ့ လွဲချော်သွားခဲ့တယ်။ "

မူးယစ်အိပ်မက်မျှော်စင်တွင် အင်မော်တယ်ကျင့်ကြံသူများက မူးယစ်အိပ်မက်အရက်ကို မြည်းစမ်းရင်း အင်မော်တယ်ကမ္ဘာမှ အဓိက အဖြစ်အပျက်များကို ဆွေးနွေးနေကြသည်။ အများဆုံး အကြောင်းအရာမှာ သိုင်းတာအိုကျင့်ကြံခြင်းစနစ်နှင့် သိုင်းဘိုးဘေး၏ အကြောင်းပင် ဖြစ်သည်။

သိုင်းတာအိုကျင့်ကြံခြင်းစနစ်ကို အသေးစိတ်ပြောပြရနလ မလိုအပ်ပေ။ ၎င်းက ကျယ်ပြန့်စွာ ပျံ့နှံ့သွားပြီးနောက် ကျောက်စိမ်းအင်မော်တယ်များ။ အသိအမှတ်ပြုခြင်းကို ခံခဲ့ရပြီး အင်မော်တယ်ကျင့်ကြံခြင်းစနစ်နှင့် တန်းတူသတ်မှတ်ခံခဲ့ရသည်။

ထို့အပြင် သိုင်းဘိုးဘေးကိုလည်း အင်မော်တယ်ဘိုးဘေးနှင့် နတ်ဆိုးဘိုးဘေးတို့ကဲ့သို့ တတိယ တာအိုဘိုးဘေးအဖြစ် တစ်လောကလုံးက အသိအမှတ်ပြုခဲ့သည်။ သိုင်းတာအိုကျင့်ကြံခြင်းစနစ်ကို ဖြန့်ဝေပြီး အင်မော်တယ်နှင့်နတ်ဆိုးစစ်ပွဲကို တစ်ယောက်တည်း ရပ်တန့်စေခဲ့သောကြောင့် အင်မော်တယ်ဘိုးဘေး၏ တပည့်များကလည်း တိတ်ဆိတ်သွားခဲ့ကြသည်။

" ရွှမ်ထျန်းအင်မော်တယ်နယ်မြေမှာ သိုင်းတာအိုကျင့်ကြံသူတစ်ယောက်က ခိုင်ယွမ်သိုင်းမြို့တော်လို့ ခေါ်တဲ့ အင်မော်တယ်မြို့တော် တည်ထောင်ပြီး အဲ့ဒီမှာ သိုင်းတာအိုကျင့်ကြံသူတွေ စုဝေးနေကြတယ်။ အဲ့ဒီမှာ သိုင်းဘိုးဘေးရဲ့ တပည့်တွေလည်း နေထိုင်ကြတယ်လို့ ပြောတယ်။ "

" ငါလည်း ကြားတယ်။ ခိုင်ယွမ်သိုင်းမြို့တော်ဖွင့်ပွဲမှာ ကောင်းကင်ဖြစ်စဉ်တွေပါ ဖြစ်ပေါ်ခဲ့ပြီး အင်မော်တယ်ဘိုးဘေးရဲ့ တိုက်ရိုက်တပည့်တွေပါ ဂုဏ်ပြုစကားပြောဖို့ တက်ရောက်ခဲ့ကြတယ်။ "

" သိုင်းဘိုးဘေးက အခုဘယ်မှာရှိနေလဲမသိဘူး။ "

အင်မော်တယ်ကျင့်ကြံသူများစွာက စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြသည်။ ရှေးဟောင်းကျင့်ကြံသူများစွာက နှစ်ပေါင်းများစွာ ရှင်သန်ခဲ့ကြပြီး စွမ်းအားရှင်များစွာကို မြင်တွေ့ဖူးခဲ့ကြသည်။ သို့သော် သိုင်းဘိုဘေးကဲ့သို့သော တည်ရှိမှုမျိုးက အင်မော်တယ်ကျင့်ကြံသူများ စိတ်ကူးနိုင်သည်ထက် ကျော်လွန်နေခဲ့သည်။

မူးယစ်အိပ်မက်မျှော်စင်၏ ပထမတန်းက အထူးဧည့်သည်များအတွက်ဖြစ်ပြီး ထိပ်တန်းကျောက်စိမ်းအင်မော်တယ်များကိုသာ ဝင်ခွင့်ပြုသည်။ လင်းယွမ်က အတွင်း၌ ထိုင်နေပြီး အင်မော်တယ်ကျင့်ကြံသူများ၏ စကားများကို ကြားနေရသည်။

နှစ်ပေါင်းတစ်ထောင်ကျော်ကြာအောင် မူလခန္ဓာကိုယ်နှင့် မူလစိတ်ဝိညာဉ်နှစ်ခုတို့က ကျင့်ကြံခြင်းတွင် နစ်မြှုပ်နေခဲ့ပြီး သူက ကိုယ်ပွားများကို ဖန်တီးက အင်မော်တယ်ကမ္ဘာအနှံ့ လှည့်လည်စေခဲ့သည်။

ယခု မူးယစ်အိပ်မက်မျှော်စင်၏ ပထမတန်းတွင် ထိုင်နေသော လင်းယွမ်က ထိုကိုယ်ပွားများထဲမှ တစ်ခုဖြစ်သည်။ သူက မူးယစ်အိပ်မက်မျှော်စင်၏ ကျော်ကြားမှုကြောင့် ရောက်လာခဲ့ခြင်းဖြစ်သည်။

" သိုင်းတာအိုကျင့်ကြံခြင်းစနစ်က ကောင်းကောင်းမွန်မွန် တိုးတက်နေတာပဲ။ " လင်းယွမ်က တိတ်ဆိတ်စွာ တွေးလိုက်သည်။

၎င်းကို အင်မော်တယ်ကျင့်ကြံသူများ၏ ဆွေးနွေးမှုများမှတစ်ဆင့် သိနိုင်လေသည်။ နှစ်ပေါင်းတစ်ထောင်ကျော်အတွင်း သိုင်းတာအိုကျင့်ကြံခြင်းစနစ်တွင် သန်မာသော ကျင့်ကြံသူများစွာ ထွက်ပေါ်ခြင်းမရှိသေးပေ။ လင်းယွမ်ပြီးလျှင် အသန်မာဆုံးမှာ လီချင်းဖြစ်နေဆဲ ဖြစ်သည်။ သို့သော် သိုင်းတာအိုကျင့်ကြံခြင်းစနစ်၏ ကျယ်ပြန့်မှုနှင့် သိုင်းတာအိုကျင့်ကြံသူများက အင်မော်တယ်မြို့တော် ၃၃ခုကို လွှမ်းခြုံထားသည်။

လင်းယွမ်က မျက်လုံးများမှိတ်လိုက်ပြီး သူ၏ ရှေ့တွင် တောက်ပသော အလင်းစက်များစွာ ပေါ်လာသည်။ ထိုအလင်းစက်တစ်ခုစီက သိုင်းတာအိုကျင့်ကြံသူတစ်ယောက်ကို ကိုယ်စားပြုသည်။

သိုင်းတာအိုကျင့်ကြံသူများ၏ အလင်းစက်များက အင်မော်တယ်ကမ္ဘာကို ကျော်လွန်နေခဲ့သည်။ လင်းယွမ်က သိုင်းတာအိုကို အင်မော်တယ်ကမ္ဘာတစ်ခုတည်းတွင် ဖြန့်ဝေခဲ့ခြင်းမဟုတ်ပေ။ စိတ်ဝိညာဉ်ကမ္ဘာကဲ့သို့ လက်အောက်ခံကမ္ဘာ ၃၃၃၃ခုတွင်လည်း သိုင်းတာအိုကျင့်ကြံခြင်းစနစ်ကို ဖြန့်ဝေထားခဲ့သည်။ ထိုကမ္ဘာများက သေးငယ်လှသော်လည်း လင်းယွမ်က သူ၏ အမြင့်ဆုံးခုန်ပျံကျော်လွှာမှုအတွက် အထောက်အကူဖြစ်လျှင် လျစ်လျူရှုမည်မဟုတ်ပေ။

" အခု သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ရဲ့ လေ့ကျင့်သူအရေအတွက်က လူသားမျိုးနွယ်ရဲ့ အမြင့်ဆုံး ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကိုးခုကို လေ့ကျင့်သူအရေအတွက်ထက် ကျော်လွန်သွားနိုင်ပြီ။ " လင်းယွမ်က စိတ်ထဲမှ တွေးလိုက်သည်။

အင်မော်တယ်ကမ္ဘာတစ်ခုတည်းကပင် ပင်မစကြာဝဠာ၏ တစ်ရာခိုင်နှုန်းနှင့် ညီမျှသည်။ လူသားမျိုးနွယ်က ပင်မစကြာဝဠာရှိ အထွတ်အထိပ်မျိုးနွယ် ဆယ့်နှစ်ခုထဲမှ တစ်ခုဖြစ်ပြီး ပင်မစကြာဝဠာ အရွယ်အစား၏ နှစ်ဆယ်ပုံတစ်ပုံမှ သုံးဆယ်ပုံတစ်ပုံခန့်ရှိသော နယ်​မြေကို သိမ်းပိုက်ထားသည်။

အရွယ်အစားအရဆိုလျှင် လူသားမျိုးနွယ်၏ နယ်မြေက အင်မော်တယ်ကမ္ဘာထက် သုံးလေးဆခန့် ပိုကြီးသည်။ သို့သော် လူသားမျိုးနွယ်တွင် အမြင့်ဆုံးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ကိုးခုရှိသည်။ အင်မော်တယ်ကမ္ဘာတွင် အင်မော်တယ်ကျင့်ကြံခြင်းစနစ်နှင့် သိုင်းတာအိုကျင့်ကြံခြင်းစနစ်သာ ရှိရုံသာမက အခြားကမ္ဘာများသို့ ယခင် ဆင်းသက်မှုဆယ်ကြိမ်တွင်လည်း လင်းယွမ်က သိုင်းတာအိုကျင့်ကြံခြင်းစနစ်ကို ဖြန့်ဝေခဲ့သည်။

ထို့အပြင် ပင်မစကြာဝဠာတွင် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ကျင့်ကြံသော ဆင့်ကဲပြောင်းလဲသူများရှိပြီး သိုင်းတာအိုကျင့်ကြံသူအရေအတွက်က အမြင့်ဆုံးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကိုးခု၏ ဆင့်ကဲပြောင်းလဲသူအရေအတွက်ထက် ပိုများနေနိုင်သည်။

" သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ကျင့်ကြံတဲ့သူ ပိုများလေ အချိန်မြစ်ရဲ့ ငါ့အပေါ် ဖိနှိပ်မှုက ပိုပြီးလျော့နည်းလာလေပဲ။ " လင်းယွမ်က တိတ်ဆိတ်စွာ တွေးလိုက်သည်။

လင်းယွမ်က သူ့ကိုသူ စစ်ဆေးနေစဉ် လှပသော ကျောက်စိမ်းအင်မော်တယ် အမျိုးသမီးတစ်ယောက်က နန်းတော်ထဲသို့ ဖြည်းညင်းစွာ ဝင်လာသည်။ ထိုအမျိုးသမီးက မူးယစ်အိပ်မက်မျှော်စင်၏ ပိုင်ရှင်ပင် ဖြစ်သည်။

လင်းယွမ်က မူးယစ်အိပ်မက်မျှော်စင်သို့ ရောက်ချိန်တွင် သူ၏ အော်ရာအနည်းငယ်ကို ထုတ်လွှတ်မိသောကြောင့် ပိုင်ရှင်ကိုယ်တိုင်က သူ့ကို လာရောက်တွေ့ဆုံရခြင်းဖြစ်သည်။

" အင်မော်တယ်ဘုရင် ဒါက ကျွန်မတို့ မူးယစ်အိပ်မက်မျှော်စင်ရဲ့ အိပ်မက်အဆင့် အင်မော်တယ်အရက်ပါ။ ဒီအင်မော်တယ်အရက်ကို သောက်ချင်တာ သေချာရဲ့လား။ " မူးယစ်အိပ်မက်မျှော်စင်ပိုင်ရှင်က ပြုံး၍ မေးလိုက်သည်။

မူးယစ်အိပ်မက်မျှော်စင်၏ အကျော်ကြားဆုံး အင်မော်တယ်အရက်ကလည်း အဆင့်အမျိုးမျိုး ရှိသည်။ အိပ်မက်အဆင့် အင်မော်တယ်အရက်က အင်မော်တယ်အရက်၏ အစစ်အမှန်အနှစ်သာရ ဖြစ်သည်။ ထိပ်တန်းကျောက်စိမ်းအင်မော်တယ်များပင် သတိမထားမိပါက အိပ်မက်ထဲသို့ လုံးဝ နစ်မြှုပ်သွားနိုင်သည်။

ဤသည်မှာ လုံးဝနစ်မြှုပ်ခြင်းဖြစ်ပြီး ပြင်ပကမ္ဘာကို သိမြင်နိုင်စွမ်းက အနိမ့်ဆုံးအဆင်ထိ လျော့ကျသွားပေလိမ့်မည်။ ထို့ကြောင့် ထိပ်တန်းကျောက်စိမ်းအင်မော်တယ်များပင် အိပ်မက်အဆင့် အင်မော်တယ်အရက်ကို ရွေးချယ်လေ့မရှိပေ။

" ကိစ္စမရှိဘူး။ " လင်းယွမ်က သူ၏ လက်ကို ဝှေ့ရမ်းပြီး ပြောလိုက်သည်။

မူးယစ်အိပ်မက်မျှော်စင်သခင်က အင်မော်တယ်အရက်ကို လင်းယွမ်ထံသို့ ယူလာသည်။

" သုံးဆောင်ပါ အင်မော်တယ်ဘုရင်။ " မျှော်စင်ပိုင်ရှင်က မျှော်လင့်ချက်များနှင့် လင်းယွမ်ကို စောင့်ကြည့်နေသည်။

All Chapters