ဖရိုဖရဲနိယာမကို ပျိုးထောင်မှု...
Vol. 49 Ch. 735
အင်မော်တယ်အရက်၏ ဖော်စပ်နည်းကို သောက်သုံးသူအင်မော်တယ်များ၏ တုန့်ပြန်မှုများကို အခြေခံပြီး အခါအားလျော်စွာ ချိန်ညှိနေသည်။ အခြားအဆင့်များက ကိစ္စမရှိပေ။ သို့သော် အိပ်မက်အဆင့် အင်မော်တယ်အရက်ကို ကျောက်စိမ်းအင်မော်တယ်များက မြည်းစမ်းလိုလျှင်တောင် နေအိမ်သို့ ဝယ်ယူသွားလေ့ရှိသည်။
ထိုနည်းဖြင့် သူတို့က အိပ်မက်ထဲသို့ နစ်မြှုပ်သွားလျှင်တောင် သူတို့၏ လုံခြုံရေးကို အာမခံနိုင်မည်ဖြစ်သည်။ မူးယစ်အိပ်မက်မျှော်စင်တွင် သောက်သုံးရဲသူများက အလွန်ရှားပါးသည်။ ထို့ကြောင့် မျှော်စင်ပိုင်ရှင်က အခွင့်အရေးကို လက်လွှတ်ခံမည်မဟုတ်ပေ။
လင်းယွမ်က သူ၏ ရှေ့မှ အင်မော်တယ်အရက်ကို တစ်ချက်ကြည့်ပြီး ကောက်ယူ သောက်လိုက်သည်။
" အရသာက တော်တော်ကောင်းတယ်။ " လင်းယွမ်က အရသာခံလိုက်သည်။
အိပ်မက်အဆင့် အင်မော်တယ်အရက်က အမှန်ပင် စိတ်စွမ်းအားကို အားဖြည့်ပေးနိုင်သည်။ သို့သော် လင်းယွမ်၏ စိတ်စွမ်းအားက အလွန်သန်မာသောကြောင့် အရက်၏ မူးယစ်စေသော အာနိသင်က သူ့အပေါ် သက်ရောက်မှုမရှိသလောက်ပင် ဖြစ်သည်။
" စိတ်စွမ်းအား နည်းနည်းတိုးတက်လာတာလား။ "လင်းယွမ်က မျက်ခုံးများ ပင့်သွားသည်။ အင်မော်တယ်အရက်ကြောင့် ဟုတ်မဟုတ် မသေချာသော်လည်း ဤအချိန်၌ သူ၏ စိတ်စွမ်းအားက အနည်းငယ် တိုးတက်လာသည်။
အင်မော်တယ်ကမ္ဘာ၏ မူလနယ်မြေတွင် နှစ်ပေါင်းတစ်ထောင်ကျော် ကျင့်ကြံပြီးနောက် လင်းယွမ်၏ စိတ်စွမ်းအားက ၃,၃၄၀,၀၀၀ ထိ တိုးလာခဲ့သည်။
" အရသာကောင်းတာလား။ " မူးယစ်အိပ်မက်မျှော်စင်ပိုင်ရှင်က အနည်းငယ် တွေဝေသွားပြီး လင်းယွမ်ကို အရက်မှားတိုက်မိလားဟုပင် သံသယဝင်သွားမိသည်။
လင်းယွမ်က အေးအေးဆေးဆေးနှင့် အရသာကိုပင် အကဲဖြတ်နေခဲ့သည်။ သူမ၏ ရည်ရွယ်ချက်မှာ လင်းယွမ်က အင်မော်တယ်အရက်ကို သောက်ပြီးနောက် အိပ်မက်ထဲသို့ နစ်မြှုပ်သွားချိန်တွင် တုံ့ပြန်မှုကို လေ့လာရန် ဖြစ်သည်။
" ဒီမှာ အင်မော်တယ်သလင်းကျောက်..." လင်းယွမ်က အင်မော်တယ်သလင်းကျောက်ကို ထားခဲ့ပြီးနောက် နေရာမှ ပျောက်ကွယ်သွားခဲ့သည်။
" သူက တကယ်ပဲ အိပ်မက်ထဲကို မကျရောက်ခဲ့ဘူးလား။ " မူးယစ်အိပ်မက်မျှော်စင်ပိုင်ရှင်က လင်းယွမ်သောက်ခဲ့သော ခွက်ကို ကောက်ယူပြီး လျှာနှင့်တို့ကြည့်လိုက်သည်။
ရုတ်တရက် သူမက မူးဝေသွားပြီး ထင်ယောင်ထင်မှားဖြစ်လာသည်။ အနည်းငယ် တို့မြည်းလိုက်ရုံဖြင့် သူမက အိပ်မက်ထဲသို့ ကျရောက်လုနီးပါးဖြစ်သွားခဲ့သည်။
" မူးယစ်အိပ်မက်အင်မော်တယ်ကျမ်း..." သူမက သူမ၏ အင်မော်တယ်စွမ်းအားကို ချက်ချင်း လှည့်ပတ်ပြီး မူးယစ်စေသော အာနိသင်ကို ချေဖျက်လိုက်သည်။
" ဒါက အိပ်မက်အဆင့် အင်မော်တယ်အရက်ပါပဲ။ " မူးယစ်အိပ်မက်မျှော်စင်ပိုင်ရှင်က ရုတ်တရက် အသိဝင်လာပြီး ထိတ်လန့်သွားခဲ့သည်။
" အိပ်မက်အဆင့် အင်မော်တယ်အရက်ကို ဒီလိုခံနိုင်ရည်ရှိတာ သူက ဘယ်သူလဲ။ ထိပ်တန်းကျောက်စိမ်းအင်မော်တယ်တောင် အဲ့လိုမလုပ်နိုင်ဘူး။ " ပိုင်ရှင်က အချိန်အတော်ကြာအောင် မတည်မငြိမ်ဖြစ်နေပြီး အင်မော်တယ်အရက်တစ်ခွက်ကို သောက်ခဲ့သော ထိုလူငယ်က အလွန်ကြောက်စရာကောင်းမည်ကို နားလည်လိုက်သည်။
ချင်းယောင်အင်မော်တယ်မြို့နှင့် အနည်းငယ် ကွာဝေးသော အင်မော်တယ်မြို့တစ်ခုတွင် လင်းယွမ်က ပေါ့ပါးစွာ လမ်းလျှောက်နေသည်။
" နှစ်တစ်ထောင်ကြာပြီ။ ငါ ဖရိုဖရဲနိယာမကို မဖမ်းဆုပ်နိုင်သေးဘူး။ " လင်းယွမ်က လမ်းလျှောက်ရင်း တွေးလိုက်သည်။ " ငါအဲ့ဒါနဲ့ အရမ်းနီးစပ်နေပြီဆိုတာတော့ သေချာတယ်။ "
လွန်ခဲ့သော နှစ်တစ်ထောင်က အင်မော်တယ်ကမ္ဘာစိတ်အသိ၏ သဘောတူညီမှုဖြင့် ဗဟိုဧရိယာသို့ ဝင်ရောက်ခဲ့ပြီး နိယာမများစွာကို တိုက်ရိုက်လေ့လာခဲ့သည်။ ထိုအချိန်မှစ၍ လင်းယွမ်က နိယာမများအပေါ် နားလည်မှုမှာ လျင်မြန်စွာ တိုးတက်လာပြီး အခိုက်အတန့်တိုင်းတွင် အဓိုပေါင်းစပ်နိယာမများစွာကို နားလည်ခဲ့သည်။ ထိုတိုးတက်မှုက နှစ်တစ်ထောင်ကြာသည်အထိ တည်ရှိခဲ့သည်။
နှစ်တစ်ထောင်အတွင်း လင်းယွမ်နားလည်ခဲ့သော အဓိကပေါင်းစပ်နိယာမများက သုံးသန်းကျော်သွားပြီး အားလုံးက သတ္တမအဆင့်သို့ ရောက်သွားခဲ့သည်။ အဓိကပေါင်းစပ်နိယာမများ၏ သတ္တမအဆင့်က ပုံမှန်အခြေအနေတွင် အလွှာဆယ့်နှစ် ကြီးမြတ်သူများသာ ရောက်ရှိနိုင်ကြသည်။
လင်းယွမ်က ၎င်းတို့ကို နားလည်ရုံသာမက အရေအတွက်က သုံးသန်းကျော်သွားခဲ့သည်။ နိယာမများကို နားလည်မှုတွင် အခြေခံအသိအမြင်များ စုဆောင်းခြင်းအရဆိုလျှင် အချိန်လေဟာနယ်ပေါင်းစပ်နိယာမမပါလျှင်တောင် သူက အလွှာဆယ့်နှစ် ကြီးမြတ်သူများကို ကျော်လွန်နေပြီဖြစ်သည်။ သို့သော် လင်းယွမ်က ဖရိုဖရဲနိယာမကို နားလည်နိုင်ခြင်းမရှိသေးပေ။
" ငါတကယ် ကံကောင်းခဲ့တာပဲ။ ငါ အင်မော်တယ်ကမ္ဘာကိုသာ မရောက်ခဲ့ရင် မူလနယ်မြေရဲ့ ဗဟိုဧရိယာကိုသာ မဝင်နိုင်ခဲ့ရင် ဒီအဆင့်ကို ရောက်ဖို့ နှစ်ပေါင်း သောင်းချီ သိန်းချီ ကြာလိမ့်မယ်။ " လင်းယွမ်က တွေးလိုက်သည်။
အင်မော်တယ်ကမ္ဘာ၏ မူလနယ်မြေက သူ့အတွက် ကြီးမားသော အထောက်အကူဖြစ်ခဲ့သည်။ ၎င်းမှာ လင်းယွမ်၏ နားလည်နိုင်စွမ်းကြောင်းလည်း ဖြစ်သည်။ အင်မော်တယ်ဘိုးဘေးပင်လျှင် ဗဟိုဧရိယာတွင် အဓိကပေါင်းစပ်နိယာမ သုံးသန်းကို နားလည်ပြီး အားလုံးကို သတ္တမအဆင့်ထိ မြှင့်တင်ရန် နှစ်တစ်ထောင်အတွင်း မဖြစ်နိုင်ပေ။
" အတွင်းကမ္ဘာ..." လင်းယွမ်၏ စိတ်အသိက အတွင်းကမ္ဘာထဲသို့ ဆင်းသက်သွားသည်။
အတွင်းကမ္ဘာအတွင်း အဆုံးမဲ့သော နိယာမများ၏ လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။ နိယာမများ၏ လှုပ်ရှားမှုများက သိသာထင်ရှားနေပြီး ကောင်းကင်အောက်တွင် ကြီးမားသော ဥတစ်လုံးက စုစည်းနေသည်။
လွန်ခဲ့သော နှစ်တစ်ထောင်နှင့် ယှဉ်လျှင် သူ၏ အတွင်းကမ္ဘာထဲမှ မရေတွက်နိုင်သော နိယာမများ၏ ပျိုးထောင်မှုဖြင့် ဖွဲ့စည်းထားသော ဥက သိသာထင်ရှားနေပြီဖြစ်သည်။ လင်းယွမ်က ဥအတွင်းမှ ကြီးမားသော လှုပ်ရှားမှုများကို ခံစားနေရသည်။
" အတွင်းမှာ ပျိုးထောင်နေတာက ဖရိုဖရဲနိယာမဖြစ်လောက်တယ်။ " လင်းယွမ်က ဧရာမဥကြီးကို စိုက်ကြည့်ပြီး တွေးလိုက်သည်။
ထိုဥက နှစ်ပေါင်းတစ်ထောင်အတွင်း လင်းယွမ်၏ နိယာမများအပေါ် နားလည်မှုများဖြစ်သည်။ ထိုဥက အပြည့်အဝ ပုံပေါ်လာခြင်းနှင့်အတူ လင်းယွမ်က ဖရိုဖရဲနိယာမကို ဖမ်းဆုပ်ရန် အလွန်နီးစပ်နေပြီဟု ဆိုလိုသည်။
" ဖရိုဖရဲနိယာမ...." လင်းယွမ်က သက်ပြင်းချလိုက်၏။
အလွှာဆယ့်တစ်တွင် ဖရိုဖရဲနိယာမကို နားလည်ခြင်းက ဒဏ္ဍာရီထဲမှ ဒဏ္ဍာရီဖြစ်နေသည်မှာ အံ့ဩစရာမရှိပေ။ ဧကရာဇ်ရွှမ်ဟွမ်နှင့် နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်တို့ပင် ကြားဖူးရုံသာဖြစ်ပြီး မြင်တွေ့ဖူးနိုင်ခြင်းမရှိခဲ့ပေ။ အလွှာဆယ့်တစ်တွင် ဖရိုဖရဲနိယာမကို နားလည်ခြင်းက အလွန်ခက်ခဲလှသည်။
လင်းယွမ်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းအပြင် အနန္တကမ္ဘာများ၏ ဂိတ်တံခါးမှ တစ်ဆင့် ကမ္ဘာတစ်ခုစီ၏ အခွင့်အလမ်းများကို စုစည်းပြီး ထိုအဆင့်သို့ ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။
" ဖရိုဖရဲအဆင့် ကြီးမြတ်သူတစ်ယောက်က ပြည့်စုံတဲ့ ဖရိုဖရဲနိယာမကို ပြသပေးရင် ဖရိုဖရဲနိယာမကို နားလည်ဖို့ အထောက်အကူဖြစ်လောက်တယ်။ "
အလွှာဆယ့်နှစ် ဖရိုဖရဲအဆင့် ကြီးမြတ်သူများက ဖရိုဖရဲနိယာမကို နားလည်ထားပြီးဖြစ်ပြီး ဖရိုဖရဲနိယာမကို အပြည့်အဝ ပုံဖော်နိုင်ကြသည်။ သို့သော် ၎င်းကို ပြသခြင်းနှင့် အလွှာဆယ့်တစ် သက်ရှိတစ်ယောက်၏ နားလည်မှုက ကွဲပြားလေသည်။
" သိုင်းတာအို အလွှာဆယ့်တစ်ကဏ္ဍ..." လင်းယွမ်၏ စိတ်ထဲတွင် အလွှာဆယ့်တစ်ကဏ္ဍနှင့် ပက်သက်သော အချက်အလက်များ ပေါ်လာသည်။
လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း အင်မော်တယ်ကမ္ဘာ မူလနယ်မြေ၏ ဗဟိုဧရိယာရှိ မရေတွက်နိုင်သော နိယာမများကို အသုံးချပြီး လင်းယွမ်က သိုင်းတာအို အလွှာဆယ့်တစ်ကဏ္ဍကို ပြည့်စုံစေခဲ့သည်။
သိုင်းတာအို အလွှာဆယ့်တစ်ကဏ္ဍက အမြင့်ဆုံးခုန်ပျံကျော်လွှားမှုမလုပ်ခင် နောက်ဆုံးအဆင့်ဖြစ်ပြီး ယခင်အလွှာဆယ်ခု၏ စုစုပေါင်းမြင့်မားမှုကို ကိုယ်စားပြုသည်။
လင်းယွမ်ဖန်တီးခဲ့သော အလွှာဆယ့်တစ်ကဏ္ဍက အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို အခြေခံထားပြီး ပထမအဆင့်မှ ပဉ္စမအဆင့်ထိ အချိန်လေဟာနယ်ပုံစံ ၃၃၃၃၃ခုဖြင့် ဖွဲ့စည်းထားသည်။
နိယာမပုံစံများက လူသားမျိုးနွယ်၏ ဆင့်ကဲပြောင်းလဲခြင်းပညာရှင်များက နိယာမများကို နားလည်ရလွယ်ကူသော ပုံစံဖြင့် ဖော်ပြသော နည်းလမ်းဖြစ်သည်။ သို့သော် သူတို့၏ နားလည်နိုင်စွမ်းက အကန့်အသတ်ရှိပြီး အများဆုံး အချိန်နိယာမပုံစံ ထောင်ချီကိုသာ ထုတ်ဖော်နိုင်ခဲ့ကြသည်။
အချိန်နိယာမပုံစံအားလုံးကို နားလည်လျှင်တောင် အချိန်နိယာမကို လုံးဝဖမ်းဆုပ်နိုင်ရန် ဝေးကွာနေဆဲ ဖြစ်သည်။ အချိန်လေဟာနယ်ပုံစံများကို ပုံဖော်၍ မရနိုင်ခဲ့ပေ။ ဤသည်မှာ လူသားမျိုးနွယ်၏ ဆင့်ကဲပြောင်းလဲခြင်းပညာရှင်များက လျို့ဝှက်ထားခြင်းမဟုတ်ဘဲ သူတို့၏ နားလည်နိုင်စွမ်းက အကန့်အသတ်ရှိနေသောကြောင့် ဖြစ်သည်။
သို့သော် လင်းယွမ်၏ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းက လူသားမျိုးနွယ် ဆင့်ကဲပြောင်းလဲခြင်းပညာရှင်များထက် ကျော်လွန်ခဲ့သည်။ သူက မူလနယ်မြေမှ နိယာမအသိအမြင်များကို အသုံးချပြီး အချိန်လေဟာနယ်ပုံစံ ၃၃၃၃၃ခုကို တည်ဆောက်ခဲ့သည်။
နိယာမပုံစံများကို တည်ဆောက်ခြင်းနှင့် နိယာမများကို နားလည်ခြင်းက ကွဲပြားသော အရာဖြစ်သည်။ လူသားမျိုးနွယ်တွင် အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို ပဉ္စမအဆင့်ထိ နားလည်ထားသော အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူများက အချိန်လေဟာနယ်ပုံစံများကို တည်ဆောက်နိုင်ခြင်းမရှိပေ။
လူသားမျိုးနွယ်၏ ကြီးမြတ်သူကိုးယောက်ပင် အချိန်လေဟာနယ်ပေါင်းစပ်နိယာမတွင် ဆဋ္ဌမအဆင့်သို့ ရောက်နေသော်လည်း အချိန်လေဟာနယ်ပုံစံများကို တည်ဆောက်ရန် ခက်ခဲနေဆဲ ဖြစ်သည်။
အချိန်လေဟာနယ်ပုံစံများအပြင် လင်းယွမ်က သိုင်းတာအို အလွှာဆယ့်တစ်ကဏ္ဍတွင် အခြားနိယာမပုံစံများကိုလည်း ထည့်သွင်းထားခဲ့သည်။ ထိုနိယာမပုံစံများက လင်းယွမ် ပြည့်စုံအောင် ဖော်ထုတ်ထားသော အထူးနိယာမများဖြစ်သည်။