အကြည့်
Vol. 22 Ch. 321
ကောင်းမင်၏ ရုတ်တရက် လုပ်ဆောင်ချက်ကြောင့် မျက်နှာမဲ့ရုပ်တု အံ့အားသင့်သွားသည်။ အဘယ်ကြောင့် 'နတ်ဘုရား' သည် သေမျိုး အနည်းငယ်အတွက် လှုပ်ရှားရသနည်း။
လီစန်းဆေးရုံ၏ အနောက်ဘက်အဆောက်အအုံသည် အရိပ်ကမ္ဘာထဲသို့ ပြိုကျသွားခဲ့ခြင်းဖြစ်သည်။ ထိုနေရာတွင် နတ်ဘုရားများက သူတို့၏ စွမ်းအားကို အသုံးပြုသည်ဖြစ်စေ မသုံးသည်ဖြစ်စေ အရေးမကြီးပေ။ သို့သော် လက်တွေ့ကမ္ဘာအား အရိပ်ကမ္ဘာက မပေါင်းစပ်နိုင်သေးချေ။ သူတို့သည် ကံကြမ္မာ၏ ဖော်ထုတ်ခံလိုက်ရပါက နှစ်ဦးစလုံး ကံဆိုးမှု၏ ပစ်မှတ်မျာား ဖြစ်လာလိမ့်မည်ဖြစ်သည်။
မှန်ပြင် ကွဲအက်သွားသည်။ အပိုင်းအစတိုင်းတွင် ကောင်းမင်၏ မျက်နှာကို ပြသနေလေသည်။ အသက်ရှူချိန် အနည်းငယ်အတွင်း ကောင်းမင်၏ မျက်နှာများစွာ ပျောက်ကွယ်သွားခဲ့သည်။
“မင်း ကပ်ဆိုးကို ဆွဲဆောင်ချင်နေတာလား”
မှန်အနက်ပိုင်းအတွင်းပိုင်းမှ ကြမ်းရှရှ အမျိုးသားအသံတစ်ခု ထွက်ပေါ်လာသည်။ ထိုခဏတွင် ကောင်းမင်သည် သူ့မျက်စိရှေ့တွင်ပင် မျက်နှာများစွာကို မြင်လိုက်ရသည်။ ဤသည်မှာ မျက်နှာမဲ့ရုပ်တု၏ အသံအစစ်အမှန် ဖြစ်ပုံရသည်။
“မင်း ဘာလို့ ဒီလောက် ကြောက်နေတာလဲ ၊ ငါတို့က ကပ်ဆိုးတွေ ဖြစ်နေရမှာ မဟုတ်ဘူးလား”
ကောင်းမင်၏ လက်ချောင်းများက သူ၏ အရေပြားထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။ နတ်ဘုရား ပုံစံကွက်များပါသော လက်ရှစ်ချောင်းသည် သူ့နောက်ကျောမှ ဆန့်ထွက်ပြီး နဂါးရှစ်ကောင်ကဲ့သို့ မှန်ထဲသို့ နစ်ဝင်သွားလေသည်။ အသားနံ့ ပျံ့လွင့်လာသည်။ ကောင်းမင် ရှိနေသောနေရာသည် အသားနှင့် သွေးများအဖြစ်သို့ စတင် ပြောင်းလဲလာတော့သည်။ ကောင်းမင်သည် အဆောက်အအုံတစ်ခုလုံးကို မျိုချချင်နေလေသည်။ မူမမှန်မှုတစ်ခုကို ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းများစွာ ရှိသည်။ အရင်းအမြစ်ကို ရှာဖွေ၍ ဖြေရှင်းခြင်းက တစ်နည်းဖြစ်ပြီး မူမမှန်မှုနောက်ကွယ်က သရဲကို သတ်ပစ်ခြင်းက နောက်တစ်နည်း ဖြစ်သည်။ ကောင်းမင်၏ ဖြေရှင်းချက်မှာ ရှိနေသော မူမမှန်မှုကိုစားသုံးရန် ပိုကြီးသောမူမမှန်မှုအား အသုံးချလိုက်ခြင်း ဖြစ်သည်။ ကမ္ဘာတွင် ကောင်းမင်ဖန်တီးထားသည့် မူမမှန်မှုများသာရှိပါက အနည်းဆုံး ကောင်းမင်အတွက်တော့ ကမ္ဘာကြီးသည် ပုံမှန် ဖြစ်နေမည်ဖြစ်သည်။
လက်တံများက မှန်ထဲသို့ တွားဝင်သွားကြသည်။ ချိန်းကြိုးများသည် မျက်နှာမဲ့ရုပ်တု ပင်ပန်းဆင်းရဲစွာ စုဆောင်းထားသည့် မှတ်ဉာဏ်များကို ဖြတ်တောက်လိုက်လေသည်။
ကောင်းမင်သည် အကြောက်တရားကင်းလွန်းသောကြောင့် သူသည် လူကောင်းတစ်ယောက်လို မခံစားရပေ။ သူသည် သက်ရှိများ၏ မှတ်ဉာဏ်များကို သိမ်မွေ့နူးညံ့စွာ မကိုင်တွယ်ခဲ့ပေ။ သူသည် လူသားအနည်းငယ်အတွက် ရွှံ့ရုပ်တုကို တိုက်ခိုက်ခဲ့သောကြောင့် လူဆိုးတစ်ယောက်လည်း မဟုတ်ပေ။
မျက်နှာမဲ့ရုပ်တုသည် ဖြစ်နိုင်ခြေများစွာကို စဉ်းစားခဲ့သော်လည်း ကောင်းမင်က တိုက်ရိုက်ရန်ဖြစ်ရန် ရွေးချယ်လိမ့်မည်ဟု တစ်ခါမှ မထင်ခဲ့မိပေ။ ရိုးရိုးသားသား ပြောရလျှင် ရုပ်တုသည် အများကြီး တောင်းဆိုခြင်း မရှိခဲ့။ ကောင်းမင် သူ့ကို အနှောင့်အယှက် မပေးရန်သာ မျှော်လင့်ခဲ့သည်။ သူ့နောက်လိုက်များက ကောင်းမင် ရွေးချယ်ထားသော လူများကို သတ်နိုင်လျှင် ထိုရပ်ကွက် အနည်းငယ်သည် အနာဂတ်တွင် သူ့နယ်မြေ ဖြစ်လာလိမ့်မည်ဖြစ်သည်။ ထိုကဲ့သို့ ရိုးရှင်းသော တောင်းဆိုချက်လေးကို တစ်ဖက်လူက ဆန့်ကျင်လိမ့်မည်ဟု သူမထင်ခဲ့ပေ။
“အသားထဲက နတ်ဘုရားက လူသားတစ်ယောက်ရဲ့ လှည့်စားခံလိုက်ရပြီ ၊ အရူးတွေ မင်းတို့ ဒါအတွက် ပေးဆပ်လိမ့်မယ်”
မှန်ထဲရှိ လူသားမျက်နှာများ ကွဲအက်သွားပြီး ပျောက်ကွယ်သွားတော့သည်။ မျက်နှာမဲ့ရုပ်တု စုဆောင်းထားခဲ့သည့် ယုံကြည်မှုနှင့် မှတ်ဉာဏ်များကို သားစားကြူးနတ်ဘုရားက ခိုးယူသွားတော့သည်။ သူ့ရတနာအား သားစားကြူးနတ်ဘုရားက ဝါးမြိုနေသည်ကို မြင်သောအခါ မျက်နှာမဲ့ရုပ်တုသည် မခံနိုင်တော့ပေ။ ကံကြမ္မာရှေ့မှောက် ဖော်ထုတ်ခံရမည့် အန္တရာယ်ရှိနေလျှင်ပင် သူပြန်တိုက်ခိုက်ရမည်ဖြစ်သည်။
လူနေရပ်ကွက်၏ နက်ရှိုင်းသောအတွင်းပိုင်းရှိ ရွှံ့ရုပ်တုပေါ်တွင် အက်ကွဲကြောင်းများ ပေါ်လာလေသည်။ ထူထဲပြီး စေးပျစ်သော သေခြင်းတရား ဖြစ်တည်မှုသည် အက်ကွဲကြောင်းများမှ ယိုစိမ့်ထွက်လာတော့သည်။ အခန်းအတွင်း ပုန်းအောင်းနေသော ပိုးမွှားများ ချက်ချင်း သေဆုံးသွားသည်။၎င်းတို့သည် ခြောက်သွေ့သော ရုပ်ကလာပ်များအဖြစ် ညှိုးနွမ်းသွားသည်။ အိမ်ပတ်ဝန်းကျင်ရှိ တောရိုင်းမြက်များသည် အမြစ်မှစ၍ ညှိုးနွမ်းခြောက်သွေ့သွား၏။ ဤသည်မှာ လက်တွေ့ဘဝတွင် မရှိသင့်သော စွမ်းအားတစ်ခု ဖြစ်သည်။ ထိုစွမ်းအားသည် အရိပ်မှ လာခြင်းပင်။
“လေရဲ့ အထိအတွေ့ကို ငါ မခံစားရတာ အတော်ကြာနေပြီပဲ ၊ ဒါက အိပ်မက်တစ်ခုဆိုတာ ငါ သိပေမယ့် ဒီအိပ်မက်ထဲမှာ နေထိုင်တာက သိပ်ဆိုးတဲ့ ရွေးချယ်မှုတော့ မဟုတ်ပါဘူး…”
သေခြင်းတရားက ရွှံ့ရုပ်တုမှ စီးဆင်းလာသည်။ ၎င်း မြေပြင်ပေါ်သို့ စီးကျသောအခါ လူနေရပ်ကွက်အထက်တွင် မှောင်မဲနေသော တိမ်တိုက်များ စတင် စုဝေးလာတော့သည်။ ညလေပြေကား ပြင်းထန်လာ၏။ အရိပ်သည် စတင်ဆူပွက်လာပြီး ပလုံစီထလာတော့သည်။
“ကောင်းမင်၊ မင်း မမှားပါဘူး ၊ ငါတို့က ဟန်ဟိုင်းရဲ့ ကပ်ဆိုးတွေပဲ ၊ ဒါပေမယ့် ငါတို့ကို တစ်ချိန်က ကပ်ဆိုးတွေက ဖျက်ဆီးခဲ့ကြတယ်”
ရှိသမျှ ရွှံ့ရုပ်တုတိုင်းမှ ဆုတောင်းသံများ ထွက်ပေါ်လာလေသည်။ လူတိုင်းသည် နတ်ဘုရားကို ဆုတောင်းနေကြသည်။ သူတို့၏ မျှော်လင့်ချက်များတွင် အထူးစွမ်းအားတစ်ခု ပါဝင်သည်။ ဤသည်မှာ သရဲလိုအပ်သည့် စွမ်းအားပင် ဖြစ်သည်။ အသား လှုပ်ရှားမှုအခန်းကို ထူးခြားသော စွမ်းအားတစ်ခုဖြင့် ဖုံးလွှမ်းထား၏။ မှန်ကွဲစများရှိ အစိတ်စိတ်အမွှာမွှာကျိုးပဲ့နေသော မျက်နှာက ဖြည်းညှင်းစွာ ပြန်လည် ပေါင်းစပ်လာလေသည်။ ၎င်းမျက်နှာတွင် မျက်နှာသွင်ပြင်များ မရှိသော်လည်း မုန်းတီးမှုနှင့် နာကျင်မှုတို့ကြောင့် ရှုံ့မဲ့နေလေသည်။ နောက်ဆုံး သားစားကြူးနတ်ဘုရား၏ ဖိအားအောက်တွင် မျက်နှာမဲ့ရုပ်တုက ၎င်း၏ အစစ်အမှန်ပုံစံကို ပြသလိုက်တော့သည်။
“ပုန်းနေတာကို လက်လျှော့လိုက်ပြီလား”
ကောင်းမင်သည် အနက်ရောင် ရေကန်ထဲက ရွှံ့ရုပ်တုအားလုံးကို ကိုင်တွယ်နိုင်စွမ်း မရှိသော်လည်း တစ်ခုကို ကိုင်တွယ်နိုင်ရန်မူ ယုံကြည်ချက်ရှိသည်။
“မင်းက တကယ် ခေါင်းမာတဲ့ကောင်ပဲ”
မျက်နှာမဲ့ရုပ်တုသည် ဒေါသဟူသည့် စိတ်ခံစားမှုအား မခံစားခဲ့ရသည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်သည်။ နတ်ဘုရားသည် သူတို့၏ဒေါသကို ခံစားရမည့်သူ ရှိသောကြောင့် အလွယ်တကူ ဒေါသမထွက်တတ်ကြပေ။ သူတို့၏ ဒေါသဖြစ်စေသော ရင်းမြစ်ကို မကိုင်တွယ်နိုင်ပါက နတ်ဘုရားသည် လွှမ်းမိုးနိုင်ခြင်းမရှိဟု ယူဆသောကြောင့် လူများ၏ သူတို့အပေါ် ယုံကြည်မှုများ ပြိုလဲသွားလိမ့်မည်ဖြစ်သည်။
မျက်နှာပေါ်က မုန်းတီးမှုကား နက်နက်ရှိုင်းရှိုင်းပင်။ ဖြည်းညင်းစွာပင် ကြွက်သားများ နေရာတကျ ရွေ့လျားလာသည်နှင့်အမျှ ထိုမျက်နှာသည် သားစားကြူးနတ်ဘုရား၏ သေခြင်းမျက်နှာနှင့် ပို၍ ဆင်တူလာတော့သည်။
မျက်နှာမဲ့နတ်ဘုရား ဟိန်းဟောက်လိုက်သည်။ သူ၏ ပိန်လှီနေသောခန္ဓာကိုယ်မှ ဧရာမလက်တစ်ဖက် ထွက်ပေါ်လာသည်။ ထိုလက်အား နတ်ဘုရား ပုံစံကွက်ဖြင့် တန်ဆာဆင်ထားခြင်း မရှိသော်လည်း ၎င်းကို သူ့နောက်လိုက်တပည့်များ၏ မျက်နှာများဖြင့် ဖုံးအုပ်ထားသည်။ မျက်နှာမဲ့ရုပ်တု၏ စွမ်းအားမှာ အတုခိုးခြင်း ဖြစ်သည်။ ၎င်းသည် ယုံကြည်မှု၏ စွမ်းအားကို အသုံးပြု၍ ၎င်း မြင်ဖူးသော အခြားသရဲများနှင့် နတ်ဘုရားများကို ပြန်လည်တည်ဆောက်နိုင်သည်။
သူ့ခန္ဓာကိုယ်သည် ပြန့်ကားလာသည်။ လက်ရှစ်ဖက်သည် လှုပ်ရှားမှုအခန်းကို ထိုးဖောက်သွားသည်။ မျက်နှာမဲ့ရုပ်တုသည် ဒုတိယ သားစားကြူးနတ်ဘုရားအဖြစ်သို့ ပြောင်းလဲသွားသည်။ ၎င်းသည် သေခြင်းမျက်နှာကိုသာ ကူးယူထားခြင်း ဖြစ်သည်။ သို့သော် ၎င်းမှ ဖြာထွက်လာသော သေခြင်းတရားသည် သေခြင်းမျက်နှာနှင့် အလွန်ကိုက်ညီကြောင်း သိသာသည်။ ဧရာမ စွမ်းအားနှစ်ခု ထိပ်တိုက်တွေ့ဆုံသွားသည်။ အရိပ်သည် လှိုင်းလုံးများကဲ့သို့ တအိအိလှုပ်ရှားသွားသည်။ ညအမှောင်ကား ဆုတ်ဖြဲခံလိုက်ရသလို ထင်ရသည်။
“မင်းက မျက်နှာ တစ်ခုတည်းပဲ ခိုးယူနိုင်တာလား ၊ အားလုံးကိုတော့ အတုခိုးလို့ မရဘူး ထင်တယ်”
ကောင်းမင်သည် အချိန်ဆွဲ တိုက်ခိုက်ရန် စီစဉ်ထားခြင်း မရှိပေ။ သူ့ပုံမှန် စတိုင်မှာ အဖွင့်တစ်ခု ရှာပြီး သေနိုင်လောက်သည့် ထိုးနှက်ချက်တစ်ခု ပစ်ကျွေးလိုက်ရန် ဖြစ်သည်။
ကောင်းမင် ညှဉ်းပန်းနှိပ်စက်ခန်းကို ဖွင့်လိုက်ပြီး ချိန်းကြိုးများကို သူ့လက်တွင် ရစ်ပတ်လိုက်သည်။ လက်ရှစ်ဖက်က မျက်နှာမဲ့နတ်ဘုရားကို နေရာတွင် ထိန်းချုပ်လိုက်သည်။ ချိန်းကြိုးများ တင်းကျပ်သွား၏။ ညှဉ်းပန်းနှိပ်စက်သည့် ကိရိယာများ တစ်ခုနှင့်တစ်ခု တိုက်မိသွားကြသည်။ ကံကြမ္မာ၏ ကောက်ရိတ်တံစဉ်မှာ တဖြည်းဖြည်း မြှင့်တက်လာတော့သည်။
မျက်နှာမဲ့ရုပ်တုသည် သူ့ခန္ဓာကိုယ် ပျက်စီးသွားပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။သူ ညှဉ်းပန်းနှိပ်စက်ခန်းသို့ လှည့်လိုက်သည်။ ဟန်ဟိုင်းတွင် ကောင်းမင်နှင့် သားစားကြူးနတ်ဘုရားတို့သည် ကံကြမ္မာကို ဖြတ်တောက်ရန် ရည်ရွယ်သည့် လက်နက်တစ်ခုကို ဖန်တီးခဲ့ကြသည်။
“အသားအခန်းက မင်းရဲ့ နာကြည်းခြင်းအခန်း မဟုတ်ဘူး ၊ အဲဒီ ညှဉ်းပန်းနှိပ်စက်ခန်းကမှ မင်းရဲ့ နာကြည်းခြင်းအခန်း အစစ်ပဲ”
မျက်နှာမဲ့ရုပ်တု၏ အသိက နောက်ကျသွားခဲ့ပြီဖြစ်သည်။ ချိန်းကြိုးများက ၎င်း၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် လိမ်ပတ်သွားသည်။ ချိန်းကြိုးများက ၎င်းကို ရှေ့သို့ တရွက်တိုက် ဆွဲခေါ်လိုက်တော့သည်!။
ကံကြမ္မာကောက်ရိတ်တံစဉ်ကိုင်ထားသော ကောင်းမင်နှင့် သားစားကြူးနတ်ဘုရားတို့သည် တစ်ထပ်တည်း လုပ်ဆောင်လိုက်ကြသည်။ သို့သော်လည်း ကောင်းမင် မျက်နှာမဲ့ရုပ်တုအား သူ့ညှဉ်းပန်းနှိပ်စက်ခန်းထဲသို့ ဆွဲသွင်းရန် ကြံလိုက်စဉ် မျက်နှာမဲ့ရုပ်တုထံ ဝန်းရံနေသည့် သေခြင်း၏ တည်ရှိမှုက ပေါက်ကွဲသွားတော့သည်။
၎င်းသည် ကံကြမ္မာ၏ အာရုံစိုက်မှုအား တက်ကြွစွာ ဆွဲဆောင်လိုခြင်းဖြစ်ပေသည်။ ကောင်းမင်ကြောင့် ဝါးမြိုခံရမည့်အစား ၎င်းသည် ကောင်းမင်နှင့်အတူ သေခြင်းကို ရွေးချယ်လိုသည်။
“မင်း ကံကြမ္မာရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်တာကနေ ထွက်ပြေးလို့ မရဘူးကွ”
သေခြင်းတရားသည် အရိပ်နှင့် ရောယှက်သွားပြီး ကမ္ဘာ၏ ပျံ့နှံ့နေသောပုံရိပ်ယောင်တစ်ခု ပုံစံ ဖြစ်ပေါ်လာခဲ့သည်။
အနက်ရောင် မြူခိုးများ၏ နက်ရှိုင်းသော အတွင်းပိုင်းတွင် သွေးနီရောင် မျက်လုံးတစ်စုံက ကောင်းမင်နှင့် မျက်နှာမဲ့ရုပ်တုကို စိုက်ကြည့်ရန် ဖြည်းဖြည်းချင်း ပွင့်လာခဲ့သည်။
ကောင်းမင်ကား ဤမြင်ကွင်းကို ရင်းနှီးပေသည်။ယင်းကို သူ အားဖန်တွင် တွေ့ဖူးသည်။ အရိပ်ကမ္ဘာ၏ ကျန်ရှိနေသော စိတ်ဆန္ဒအနေဖြင့် အားဖန်သည် အကြည့်ဆယ်နှစ်စုံ၏ အာရုံကို အလွယ်တကူ ဆွဲဆောင်နိုင်ခဲ့သည်။ မျက်နှာမဲ့ရုပ်တုသည် အရာအားလုံးကို ပုံအောခဲ့သော်လည်း အကြည့် တစ်စုံကိုသာ နိုးထစေနိုင်ခဲ့သည်။
အနက်ရောင်အခန်းက လှည့်ပတ်သွားသည်။ ကောင်းမင်သည် မျက်နှာမဲ့ရုပ်တုအား ညှဉ်းပန်းနှိပ်စက်ခန်းထဲသို့ ဆွဲသွင်းရန် ကြိုးစားနေရင်း အံကြိတ်လိုက်သည်။ သူသည် ပထမဆုံးအကြိမ်အဖြစ် ထိုအကြည့်တစ်စုံကို ကြည့်ရန် သူ့ခေါင်းကို မော့လိုက်သည်။
မြူခိုး၏ နက်ရှိုင်းသော အတွင်းပိုင်း၊ သွေးနီရောင် မြို့တော်အတွင်းတွင် ထိုမျက်လုံးများသည် ခြောက်ခြားဇာတ်လမ်းအားလုံး၏ စည်းမျဉ်းများကို ကိုယ်စားပြုနေပုံရလေသည်။
“ဒါက ကံကြမ္မာဆိုတာလား ၊ ဟန်ဟိုင်းမှာရှိတဲ့ လူတိုင်းရဲ့ ကံကြမ္မာကို ဒီအကြည့်က ဆုံးဖြတ်တာလား”