← Chapters

ငါးစက္ကန့်

Vol. 22 Ch. 322

ငါးစက္ကန့်

Vol. 22 Ch. 322

အကြည့်သည် လက်တွေ့ဘဝနှင့် အိပ်မက်များကို ကျော်လွန်သွားသည်။ အနက်ရောင် မြူခိုးကပင် ၎င်းကို မတားဆီးနိုင်ခဲ့ပေ။

ကောင်းမင်သည် ၎င်းကို မည်သို့ ဖော်ပြရမှန်း မသိခဲ့ပေ။ ၎င်းသည် အကြည့်တစ်ခုမျှသာ ဖြစ်သော်လည်း ၎င်း၏ စိုက်ကြည့်ခြင်းကို ခံရခြင်းသည် အဆုံးမဲ့သော ကံဆိုးမှုများ ဖုံးလွှမ်းခံရခြင်းနှင့် ညီမျှသည်။ သူသည် ၎င်း၏ အကြည့်အောက်တွင် အလွန်သေးငယ်လှသည်ဟု ခံစားရသည်။

ကောင်းမင်သည် သားစာားကြူးနတ်ဘုရားကို ရရှိပြီးနောက် စွမ်းအားများ ဆက်လက်တိုးတက်လာခဲ့သည်။ သူသည် ကပ်ဆိုးမှ လုံခြုံစွာ လွတ်မြောက်နိုင်မည်ဟု ထင်ခဲ့သော်လည်း ထိုအကြည့်အောက်တွင် သူသည် မုန်တိုင်းထဲ ပိတ်မိနေသော သစ်ရွက်ကြွေတစ်ခုနှင့် တူနေလေသည်။ သူသည် အောင်မြင်နိုင်သည်ကို အသာထား သူ့ကံကြမ္မာကို ထိန်းချုပ်နိုင်ရန်ပင် မလွယ်ကူလှချေ။

“ဟန်ဟိုင်းက အိပ်မက်တစ်ခုပဲ ၊ သူတို့က ဒီအိပ်မက်ရဲ့ ယက်လုပ်သူတွေ ဖြစ်နိုင်တယ်”

ကောင်းမင်၏ မှတ်ဉာဏ်ထဲတွင် အိပ်မက်သရဲ ဖြစ်နေပြီဖြစ်သော ယန်ရှီကျီးပင် ထိုမျှ စွမ်းအားမရှိပေ။ သွေးနီရောင် မြို့တော်အတွင်းမှ အကြည့်သည် ပြောမပြနိုင်သော အရာတစ်ခုကို ကိုယ်စားပြုနေပုံရသည်။ ဖော်ပြရန် ခက်ခဲသော နာကျင်မှုက သူ့ခန္ဓာကိုယ်အနှံ့ ပေါက်ကွဲထွက်လာတော့သည်။ ကောင်းမင်သည် အကြည့်ကို တိုက်ရိုက်ကြည့်လိုက်သောကြောင့် သူ့မျက်လုံးများတွင် သွေးများစီးထွက်လာပြီး သူ့ဘယ်ဘက်မျက်လုံးက စတင်ပုပ်ပွလာတော့သည်။ သူ့မျက်လုံးများကို ထိတွေ့ရန် လက်လှမ်းချင်သော်လည်း သူ့လက်မောင်းများလည်း ညှိုးနွမ်းခြောက်သွေ့သွားသည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် အမျိုးမျိုးသော ဒဏ်ရာများ ထွက်ပေါ်လာလေသည်။ ဒဏ်ရာတိုင်းသည် သူ၏ အတိတ်ဘဝများတွင် သေဆုံးခဲ့သည့် ထူးခြားသော နည်းလမ်းတစ်ခုစီကို ကိုယ်စားပြုနေပေသည်။

သားစားကြူးနတ်ဘုရားနှင့် မျက်နှာမဲ့ရုပ်တုတို့ တစ်ချိန်တည်း အော်ဟစ်လိုက်ကြသည်။ ရုပ်တုပတ်လည်ရှိ သေခြင်းတရား တည်ရှိမှုက ပြိုလဲသွားသည်။ သားစားကြူးနတ်ဘုရားက ကောင်းမင်၏ ခန္ဓာကိုယ်ထဲသို့ ပြန်တွားဝင်လိုက်သည်။ သူသည် ကောင်းမင်အား ကုသပေးရန် သူ့စွမ်းအားအပြည့်အဝကို အသုံးပြုလိုက်သည်။ အသားသည် အနီရောင် ပန်းတစ်ပွင့်ကဲ့သို့ ပွင့်အာလာပြီးနောက် လျင်မြန်စွာ ညှိုးနွမ်းခြောက်သွေ့သွားသည်။ မျက်နှာမဲ့ရုပ်တုကို ညှဉ်းပန်းနှိပ်စက်ခန်းထဲသို့ အပြည့်အဝ ဆွဲသွင်းလိုက်ပြီး လက်တွေ့ကမ္ဘာနှင့် လုံးဝ ကင်းကွာသွားချိန်မှသာ မြူများဖြင့် ဖုံးလွှမ်းထားသော ပုံရိပ်ယောင်မြို့တော်သည် ဖြည်းညင်းစွာ မှေးမှိန် ပျောက်ကွယ်သွားတော့သည်။

မြို့တော်ထဲက အကြည့်တွင် စိတ်ခံစားမှုများ မရှိပေ။ ၎င်းသည် ကောင်းမင်ကို အေးစက်စွာ စိုက်ကြည့်ပြီးနောက် ပျောက်ကွယ်သွားသည်။ ‘ပြန်လည်မွေးဖွားလာသူ’ ဖြစ်သည့် ကောင်းမင်သည် မှန်ကွဲစများပေါ်တွင် လဲလျောင်းနေခဲ့သည်။ သူ အသက်ရှူသွင်းလိုက်ရာ သူ၏ နှလုံးသားက ခုန်ပေါက်သွားခဲ့သည်။ နတ်ဘုရားနှလုံးသားမှာ အနည်းငယ် မှေးမှိန်သွားခဲ့သည်။

“ငါ ငါးစက္ကန့်မပြည့်ဘဲ စိုက်ကြည့်ခံရတာတောင် ပျက်စီးလုနီးပါး ဖြစ်သွားတယ်! ငါ သူ့အကြည့်ကိုတောင် မယှဉ်နိုင်ပါလား!”

“ဟန်ဟိုင်းက လှောင်အိမ်တစ်ခုပဲ၊ အကြည့် ဆယ့်နှစ်စုံက လှောင်အိမ်ရဲ့ ပိုင်ရှင်တွေ ဖြစ်ပုံရတယ်”

ချွန်ထက်သော အပိုင်းအစများကို လျစ်လျူရှု၍ ကောင်းမင်သည် သူ့ခေါင်းထဲရှိ အချက်အလက်များကို နေရာချရင်း ကြမ်းပြင်ပေါ်တွင် ဆက်နေနေခဲ့သည်။

“အရိပ်ကမ္ဘာကို အနက်ရောင် မြူခိုးနဲ့ သေခြင်းတရားက လွှမ်းမိုးထားတယ် ၊ သွေးနီရောင် မြို့တော် ဆယ့်သုံးခုရှိပြီး ဆယ့်နှစ်ခုမှာ ပိုင်ရှင်တွေ ရှိနှင့်ပြီးသားပဲ ၊ ဆယ့်သုံးခုမြောက် မြို့တော်ဖြစ်တဲ့ ဟန်ဟိုင်းတစ်ခုတည်းကသာ ပိုင်ရှင်မဲ့ နယ်မြေ ဖြစ်တယ်”

“အနက်ရောင် ရေကန်အောက်ခြေက လူသေပုံတူက ဟန်ဟိုင်းပဲ ၊ ပုံထဲက လူဆယ့်သုံးယောက်က ဟန်ဟိုင်းရဲ့ နောက်ထပ် ပိုင်ရှင်ဖြစ်လာဖို့ အရွေးချယ်ခံတွေ ဖြစ်တယ် ၊ စီတုအန်းက သွေးနီရောင် မြို့တော်ရဲ့ ပိုင်ရှင်အသစ် ဖြစ်လာဖို့ အများကြီး စီစဉ်ခဲ့တယ်”

“ဒါပေမယ့် ဟန်ဟိုင်းက တခြား မြို့တွေနဲ့ မတူဘူး ၊ ဘာလို့ဆို မြို့ကအနီရောင် ညစ်ညမ်းမှု မရှိဘူး ၊ ဒီမြို့က အရိပ်ကမ္ဘာနဲ့အတူ သေဆုံးသွားခဲ့ပုံရတယ်”

ကောင်းမင်သည် ဖြစ်နိုင်ခြေအချို့ကို စဉ်းစားလိုက်သည်။ ဥပမာ- မူရင်း အရိပ်ကမ္ဘာသည် သွေးနီရောင် မြို့တော်များ၏ ပိုင်ရှင်များက သတ်ပစ်ခြင်း ခံခဲ့ရပြီး ဟန်ဟိုင်းသည် အရိပ်ကမ္ဘာဘက်တွင် ရှိနေခြင်းတို့ ဖြစ်သည်။ ယင်းက အရိပ်ကမ္ဘာ၏ ကျန်ရှိနေသော စိတ်ဆန္ဒတစိတ်တပိုင်းသည် ဟန်ဟိုင်းတွင် အဘယ်ကြောင့် ပေါ်လာသည်ကို ရှင်းပြနိုင်လိမ့်မည်ဖြစ်သည်။

“ကမ္ဘာတစ်ခုကို သတ်လို့ရတာလား”

ဟန်ဟိုင်းသည် အလွန်ထူးခြားသောနေရာတစ်ခု ဖြစ်သည်ဟု ကောင်းမင် ခံစားရသည်။ အခြား မြို့ ဆယ့်နှစ်မြို့ ပိုင်ရှင်များသည် ဟန်ဟိုင်းကို လွယ်လွယ်ကူကူ အရှုံးပေးလိမ့်မည် မဟုတ်ပေ။

သူ အတွေးနယ်ချဲ့နေစဉ် တစ်စုံတစ်ယောက်က သူ့ပခုံးကို ပုတ်လိုက်သည်။ ကောင်းမင် မော့ကြည့်လိုက်ရာ သူ့ဆီသို့ တွားသွားလာနေသော ဖန်လီကို တွေ့လိုက်ရသည်။ ဖန်လီက ကောင်းမင်၏ ပခုံးများကို ဆုပ်ကိုင်၍ လှုပ်ရှားမှုအခန်းမှ ဆွဲထုတ်ရန် စီစဉ်လိုက်သည်။ ကောင်းမင် သူ့လည်ပင်းကို ရွှေ့လိုက်သည်ကို မြင်သောအခါ ဖန်လီ အံ့အားသင့်သွားသည်။

“ညီအစ်ကို ၊ မင်းက အံ့အောစရာပဲ ၊ ဒီလောက် ဒဏ်ရာရနေတာတောင် လှုပ်ရှားနိုင်သေးလား”

ကောင်းမင်တွင် ခန္ဓာကိုယ်အနှံ့ ဒဏ်ရာများ ရှိနေပြီး သူ့မျက်လုံးများက သွေးထွက်နေပေသည်။ သူ အဆင်မပြေ ဖြစ်နေသော်လည်း‌ သားစားကြူးနတ်ဘုရား၏ အကူအညီဖြင့် ထိုအရာအားလုံးသည် ‘အရေးမပါသော ဒဏ်ရာများ’ ဖြစ်လာခဲ့သည်။

“မင်း ဒီမူမမှန်မှုထဲကို ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ ဘယ်လောက်တောင် သယ်လာခဲ့တာလဲ ၊ ဒါတွေက ခြောက်ခြားဇာတ်လမ်းပေါ်မှာ အလုပ်ဖြစ်သေးလို့လား”

ဖန်လီက ကောင်းမင်ကို ချီလိုက်လိုက်သည်။ သူ ကြိုးစားရှာဖွေလိုက်သော်လည်း လှုပ်ရှားမှုအခန်းတွင် ‘ပေါက်ကွဲမှု’ ဖြစ်ရသည့် အကြောင်းရင်းကို သူ မရှင်းပြနိုင်ခဲ့ပေ။

“ခင်ဗျား ဘာလို့ ပြန်လာခဲ့တာလဲ”

“မင်းကို ဒီမှာ ပစ်ထားခဲ့လို့ မဖြစ်ဘူးလေ ၊ မင်း မိသားစုက သူငယ်တန်းကျောင်း ပိုင်တယ် မဟုတ်လား ၊ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကို မင်းဘယ်လို ရလာတာလဲ”

ဖန်လီသည် ကောင်းမင်အား ပထမထပ်သို့ ကျောပိုးသွားလိုက်သည်။ သူက စူပါမားကတ် တံခါးကို သတ်မှတ်ထားသော စည်းချက်ဖြင့် ခေါက်လိုက်သည်။

မကြာမီ အစ်ကိုလီ တံခါးကို ဖွင့်လာ၏။

“ဝင်လာခဲ့”

ဖန်လီသည် ‘ပြင်းထန်စွာ ဒဏ်ရာရထားသော’ ကောင်းမင်အား နောက်ဆုံး စင်တန်းဆီသို့ သယ်ဆောင်သွားလိုက်သည်။ အခြား အသင်းဖော်များအားလုံး ထိုနေရာတွင် ရှိနေကြလေသည်။ သူတို့သည် တိုက်ရိုက်ပြသနေသော လုံခြုံရေး ဗီဒီယိုကို စိုက်ကြည့်နေကြခြင်းဖြစ်သည်။

“ခင်ဗျား တကယ်ကြီး သူ့ကို ပြန်ခေါ်လာခဲ့တာလား”

ပိုင်ရှုသည် ခါးသီးနေပုံရသည်။

“အစ်မကျန်း သတိမေ့သွားပြီ ၊ ဝူယိုနဲ့ ကောင်းမင်က ဒဏ်ရာအပြင်းအထန်ရထားတယ် ၊ သူတို့ သုံးယောက်လုံး မလှုပ်နိုင်တော့ဘူး ၊ ပြီးတော့ သရဲတွေလည်း ဒီဘက်ကို လာနေကြတယ်…”

“နင် ဘာပြောချင်တာလဲ”

အိုးယန်စုစုသည် အစ်မကျန်း၏ ပါးစပ်ကို အုပ်ထားလိုက်သည်။ အစ်မကျန်းသည် မပီမသအသံများ တိုးတိုး ထွက်နေလေသည်။ အိုးယန်စုစုသာ သူမကို မထိန်းထားပါက သူမသည် မကောင်းဆိုးဝါးအုပ်ထဲသို့ ဝင်ရောက်သွားလိမ့်မည်ဖြစ်သည်။

ပိုင်ရှုပါးစပ်လိုက်ဖွင့်သော်လည်း စကား မပြောနိုင်ခဲ့ပေ။ ယိုယိုက သူ့အတွက် ပြောပေးလိုက်သည်။

“ကျွန်မတို့မှာ သူတို့ကို ခေါ်သွားနိုင်တဲ့ စွမ်းရည် မရှိဘူး ၊ ဒါက ရိုးရှင်းတဲ့ အမှန်တရားပဲ ၊ အတူတူ သေမယ့်အစား ကျွန်မတို့ သူတို့ သုံးယောက်ကို ဒီမှာ ဝှက်ထားသင့်တယ် ၊ ကျန်တဲ့သူတွေက ရွှံ့ရုပ်တုကို ရှာရမယ် ၊ ကျွန်မတို့ အဲ့ဒါကို ဖျက်ဆီးပြီးရင် သူတို့ကို ပြန်လာခေါ်ကြမယ်”

“အစ်မကျန်းက ငါတို့ကို အသုံးဝင်တဲ့ အချက်အလက်တွေ အများကြီး ပေးခဲ့တာလေ ၊ နင်က ဘယ်လိုလုပ် သူ့ကို သရဲတွေဆီ ပေးပစ်ဖို့ အကြံပေးနိုင်ရတာလဲ”

အိုးယန်စုစုက အစ်မကျန်းကို ဖက်ထား၏။

“ခင်ဗျားရဲ့ အလွန်အကျွံ စာနာမှုကြောင့် ခင်ဗျားသေရလိမ့်မယ်”

ပိုင်ရှုက ခေါင်းသာ ခါလိုက်သည်။

“ဒီ မူမမှန်မှုက ခုမှစတင်တုန်းပေမယ့် ပြသထားတဲ့ ကြောက်ရွံ့မှုက ကျွန်တော်တို့ ကြုံတွေ့ဖူးတာတွေထက် ကျော်နေပြီ ၊ မျက်နှာမဲ့ သရဲတွေ လာနေကြပြီ ၊ သီချင်းဆိုနေတဲ့ အမျိုးသမီးကလည်း ဒီနားမှာပဲ ရှိနေတုန်းပဲ ၊ ကျွန်တော်တို့မှာ ကြင်နာတွေ စာနာတာတွေကို ပြသဖို့ စွမ်းအား မရှိဘူး”

“ဖြစ်နိုင်ရင် ကျွန်မ သူတို့ကို စွန့်ပစ်မှာ မဟုတ်ပါဘူး ၊ ဒါပေမယ့် ကျွန်မတို့ ပိတ်မိနေပြီလေ”

ယိုယိုက ပိုင်ရှုဘေးတွင် ရပ်လိုက်သည်။ သူတို့သည် ဆုံးဖြတ်ချက်တစ်ခု ချထားခဲ့ပြီးဖြစ်သည်။

“မင်းတို့က သိပ်ကို ကြင်နာလွန်းသေးတယ် ၊ လူဆိုးတစ်ယောက်က ဒီလောက်အများကြီး ပြောမှာ မဟုတ်ဘူး ၊ သူတို့က ထွက်ပြေးဖို့ ဆင်ခြေတစ်ခု ရှာလိမ့်မယ် ၊ ဒါပေမယ့် မင်းတို့က အဲဒီလို လုပ်ဖို့ စွမ်းရည် မရှိတာလည်း ဖြစ်နိုင်တယ် ၊ ဒါကြောင့် မင်းတို့က လုံလုံခြုံခြုံ ထွက်ပြေးနိုင်ဖို့အတွက် အားနည်းသူတွေနဲ့ အာရုံပြောင်းလို့ရအောင် စွန့်ပစ်ထားခဲ့ဖို့ ငါတို့ကို ဆွဲဆောင်ဖို့ ကြိုးစားနေတာပဲ”

အစ်ကိုလီသည် ဆရာဝန်တစ်ဦး ဖြစ်သည်။ သူသည် ဆေးရုံတွင် ဖြစ်ရပ်များစွာကို မြင်ဖူးပေသည်။

“ငါတို့ အလယ်မှာ တွေ့ကြမလား ၊ သရဲတွေ နီးလာနေပြီ ၊ သူတို့ကို ဒီမှာ ထားခဲ့တာက သတ်ပစ်တာနဲ့ မခြားဘူး ၊ ငါ သရဲတွေကို အာရုံပြောင်းပေးမယ် ၊ မင်းတို့က သူတို့ကို လုံခြုံတဲ့တစ်နေရာရာကို ရွှေ့ပေးလို့ရတယ် ၊ဒါပြီးရင် မင်းတို့ ရွှံ့ရုပ်တုကို ရှာလို့ရတယ်”

အစ်ကိုလီသည် သူ့ဇနီးထက် ပို၍ အားနည်းပုံရနိုင်သော်လည်း ပြဿနာများ ရှိလာသောအခါ ပထမဆုံး စေတနာ့ဝန်ထမ်းလုပ်ပေးခဲ့သူ ဖြစ်သည်။

“ငါ သွားမယ်”

ဖန်လီက ကောင်းမင်ကို ချထားလိုက်သည်။

“မဟုတ်ဘူး ၊ မင်းက ငါတို့ထဲမှာ အသန်မာဆုံးပဲ ၊ မင်း ကျန်တဲ့သူတွေကို ကာကွယ်ရမယ်”

အစ်ကိုလီသည် ဖန်လီကို ပြန်ဆွဲလိုက်သည်။

“ငါက အသင့်တော်ဆုံးလူပဲ”

ကောင်းမင်သည် သူ့မျက်လုံးများကို ပိတ်လိုက်ပြီး ဖန်လီကို မှီလိုက်သည်။ သူက သူ့ ညှဉ်းပန်းနှိပ်စက်ခန်းထဲသို့ နစ်မြုပ်လိုက်သည်။ သားစားကြူးနတ်ဘုရားသည် မျက်နှာမဲ့ရုပ်တု၏ ပင်မ အသိစိတ်ကို ခွဲစိတ်စားပွဲပေါ်တွင် တင်ထားလိုက်သည်။သူတို့သည် မျက်နှာမဲ့ရုပ်တု စုဆောင်းထားသည့် ယုံကြည်မှုကို စားသုံးရန်အတွက် ခွဲစိတ်ရန် အသင့်ဖြစ်နေကြပြီ ဖြစ်သည်။

All Chapters