← Chapters

သူ့နှလုံးထဲမှာ အဲ့ဒါတွေ ဘယ်လောက်တောင် ရှင်သန်နေကြတာလဲ

Vol. 22 Ch. 323

သူ့နှလုံးထဲမှာ အဲ့ဒါတွေ ဘယ်လောက်တောင် ရှင်သန်နေကြတာလဲ

Vol. 22 Ch. 323

“အမည်မသိသရဲတွေ လာနေကြပြီ ၊ ကျွန်မတို့က သူတို့စားပွဲပေါ်က အစားအသောက်တွေပဲ ၊ ကျွန်မတို့ အသက်ရှင်ရက် ထွက်ပြေးနိုင်တာကိုပဲ ကျေးဇူးတင်ရမယ် ၊ ရှင်တို့က လူတိုင်းကို ဘေးကင်းကင်းပြန်ခေါ်သွားချင်နေတာလား ၊ အိမ်မက်ဆက်မက်နေလိုက် !”

ယိုယိုသည် စိုးရိမ်ပူပန်စွာဖြင့် ကသုတ်ကရက်ဖြစ်နေ၏။ကင်မရာများထဲတွင် သရဲများ ဖြည်းညင်းစွာ ချဉ်းကပ်လာနေပြီဖြစ်သည်။ထိုဖိအားကြောင့် သူမ စိတ်အိုက်လာခဲ့သည်။ သေဆုံးရတော့မည့် အန္တရာယ်ရှေ့တွင် သူမ၏ စစ်မှန်သော သဘာဝသည် ပေါ်ထွက်လာခဲ့သည်။

လွှဲများသော ယုံကြည်မှုက ညှဉ်းပန်းနှိပ်စက်သည့် အခန်း၏တံခါးအား အနည်းငယ် ဟသွားစေခဲ့သည်။ သေလုနီးပါး ဖြစ်နေသော မျက်နှာမဲ့ ရုပ်တုသည် ယိုယို၏ ငိုယိုသံများကို ကြားလိုက်ရသည်။သူ့အခြေအနေမှာ ယိုယိုနှင့်အတူတူပင်ဖြစ်နေသောကြောင့် သူ့နှလုံးသားက နာကျင်နေခဲ့သည်။ သူတိုက်ခိုက်ရန် ကြိုးစားသော်လည်း အချည်းနှီးသာ ဖြစ်သည်။ ချိန်းကြိုးများက သူ့ဝိညာဉ်အား ထိုးဖောက် ဖြတ်တောက်နေခဲ့သည်။ မျက်နှာမဲ့ ရုပ်တုသည် ညှဉ်းပန်းနှိပ်စက်သည့် အခန်းထဲသို့ ဆွဲသွင်းခံရပြီးနောက်တွင်မူ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးပစ်ရန်ပင် မတတ်နိုင်တော့ချေ။

“ဒီအိမ်က တဖြည်းဖြည်းနဲ့ ပိုပိုပြီး သက်ဝင်လှုပ်ရှားလာနေတော့တာပဲနော်”

ရှရန်က ကုလားထိုင်တစ်လုံးကို ဆွဲယူလိုက်သည်။ သူ ခွဲစိတ်စားပွဲဘေးတွင် ထိုင်လိုက်သည်။ ရုပ်တုအား လှောင်ပြောင်ရင်း ပန်းချီကားတစ်ချပ်အား စဆွဲတော့လိုက်သည်။

အနီရောင် မိုးကာအင်္ကျီက မျက်နှာမဲ့ရုပ်တုမှစိမ့်ထွက်နေသည့် သေခြင်းတရားအား ငြိမ်သက်စွာ စိုက်ကြည့်နေခဲ့သည်။ သူမသည် ထိုသေခြင်းတရားအား သူမလက်ချောင်းဖြင့် တို့လိုက်ပြီး ပါးစပ်ထဲ ထည့်လိုက်သည်။ ထို့နောက် မျက်နှာမဲ့သွားပြီး ပြန်ထွေးထုတ်လိုက်လေသည်။

အခန်းထဲ အနက်ရှိုင်းဆုံးနေရာတွင် ရောက်နေသော စီတုအန်းက မျက်နှာမဲရုပ်တုအား မဲမှောင်မိုက်စွာ စိုက်ကြည့်နေခဲ့သည်။ သူသည် ရုပ်တုအား ထွက်ပြေးမယ့်အစား ကောင်းမင်အား ဆန့်ကျင်ရန် အဘယ်ကြောင့် ဆုံးဖြတ်ခဲ့သလဲဟု မေးခွန်းထုတ်နေပုံရသည်။

စားပွဲတွင် ချည်နှောင်ထားရသည့် မျက်နှာမဲ့ ရုပ်တု မှာ ရူးသွပ်မတတ် ဖြစ်နေခဲ့သည်။

“သူ့နှလုံးထဲမှာ ဘယ်လို မကောင်းဆိုးဝါးတွေ ရှင်သန်နေကြတာလဲ”

တစ်ချိန်က မျက်နှာမဲ့ ရုပ်တု ပိုင်ဆိုင်ခဲ့သော ယုံကြည်မှုအား သားစားကြူး နတ်ဘုရား က စားသုံးပစ်လိုက်သည်။ မျက်နှာမဲ့ နေထိုင်သူများသည် သားစားကြူး နတ်ဘုရားနှင့် ဆက်နွှယ်မှုအသစ်အဖြစ် ဖြည်းညှင်းစွာ ပုံဖော်လာခဲ့ကြသည်။ တကယ်တမ်းတွင် ကိုးကွယ်ရာ ပစ်မှတ်သည် အရေးမကြီးဘဲ နတ်ဘုရားသခင်က သူ့ကိုးကွယ်သူများအား ကာကွယ်ပေးနိုင်ခြင်း ရှိ၊ မရှိသာ အရေးကြီးခြင်းဖြစ်သည်။ မျက်နှာမဲ့ ရုပ်တု၏ နတ်ဘုရားဝိညာဉ်သည် တဖြည်းဖြည်း ထွင်းဖောက်မြင်ရတဲ့အထိ ကြည်လင်လာလေသည်။ သူသည် သားစားကြူး နတ်ဘုရား၏ အလုံးစုံ စားသုံးပစ်ခံရပြီး နတ်ဘုရား၏ ခန္ဓာကိုယ်ပေါ်တွင် နတ်ဘုရား ပုံစံကွက်အသစ်တစ်ခု ဖြစ်မလာခင်အထိ ရုန်းကန်ပြီး အသနားခံနေခဲ့သည်။

“သေဆုံးသွားတဲ့ နတ်ဘုရားတွေက အလွယ်တကူ မပျက်သုဉ်းနိုင်ကြဘူး ၊ ဒါက ငါ့အတွက် ကောင်းတဲ့အရာလား၊ ဆိုးတဲ့အရာလား”

အကယ်၍ နတ်ဘုရားများသည် လက်တွေ့ကမ္ဘာတွင် ခွင့်မပြုထားသည့် စွမ်းအားကို အသုံးပြုမိပါက ၎င်းတို့သည် သွေးနီရောင် မြို့တော်ပိုင်ရှင်များ၏ စိုက်ကြည့်မှုများကို ဆွဲဆောင်မိမည်ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရသော် ဟန်ဟိုင်းသည် ဧရာမထောင်ကြီးတစ်ခုနှင့်တူပေသည်။ ကောင်းမင်၏ နားလည်မှုအားလုံး အထက်အောက်ပြောင်းပြန်ဖြစ်ခဲ့ရသည်။ သူ့ကလေးဘဝသည် မှားယွင်းနေခဲ့သည်ဟု သူခံစားလိုက်ရသည်။ သူနှင့် ဟန်ဟိုင်းရှိ နေထိုင်သူများ အားလုံးသည် စွမ်းအားတစ်မျိုးမျိုးဖြင့် လှည့်စားခံထားခဲ့ရခြင်းဖြစ်သည်။ အရိပ်ကမ္ဘာသည် လက်တွေ့ကမ္ဘာထဲသို့ စိမ့်ဝင်လာသည်နှင့်အမျှ အမှန်တရားသည် ပိုမိုတိုက်ရိုက်ကျပြီး ပိုမိုရက်စက်သည့် နည်းလမ်းဖြင့် ပေါ်ထွက်လာလိမ့်မည်ဖြစ်သည်။

သားစားကြူး နတ်ဘုရား သည် သူ့နှုတ်ခမ်းအား လျက်လိုက်သည်။ နတ်ဘုရား ပုံစံကွက်မှတစ်ဆင့် သူသည် မျက်နှာမဲ့နတ်ဘုရား၏ အစစ်အမှန်ခန္ဓာကိုယ်၏ တည်နေရာအား အတည်ပြုလိုက်သည်။ သူသည် ကောင်းမင်အား ထိုနေရာသို့ သွားရန် တိုက်တွန်းခဲ့သည်။ မျက်နှာမဲ့ရုပ်တု၏ ပင်မအသိစိတ်အား စားသုံးပြီးသွားသော်ငြားလည်း သားစားကြူး နတ်ဘုရားမှာ ကျေနပ်ခြင်းမရှိသေးပေ။

ကောင်းမင် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ သူ့အသင်းဖော်များက သူတို့၏ နောက်ခြေလှမ်းများအား ဆွေးနွေးနှင့်ပြီးသား ဖြစ်သည်။ အိုးယန်စုစုက အစ်မကျန်းအား သယ်သွားမည်ဖြစ်ပြီး ဖန်လီက ဝူယို့အား သယ်သွားမည်ဖြစ်သည်။ ပိုင်ရှုက ကောင်းမင်အား ကူညီပေးမည်ဖြစ်ပြီး ဆရာမလျို နှင့် ယိုယိုတို့က နောက်မှ လိုက်လာကြမည်ဖြစ်သည်။

“ရပ်ကွက် မြေပုံကို မင်းတို့ မှတ်မိပြီလား ၊ ငါ သူတို့ အာရုံပြောင်းသွားအောင် အစွမ်းကုန် ကြိုးစားထားပေးမယ်!”

အစ်ကိုလီသည် စူပါမားကတ်ထဲမှ ရှာတွေ့သည့် ဂေါ်ပြားနှင့် ဒယ်အိုးများကို ကိုင်လိုက်ပြီး ရှေ့တံခါးကို ဖွင့်လိုက်သည်။ သူက အသက်ပြင်းပြင်း ရှူလိုက်ပြီး ဦးဆုံး ပြေးထွက်သွားခဲ့သည်။

“ပြေးတော့!”

အစ်ကိုလီသည် အဆောက်အဦး ၁ ဆီသို့ တစ်ကိုယ်တည်း ပြေးသွားခဲ့သည်။ သူသည် ကိုင်ထားသည့် ဒယ်အိုးများကို တီးခေါက်၍ အသံဝါကြီးဖြင့် ကျယ်လောင်စွာ သီချင်းလိုက်လေသည်။ သူ သရဲများကို အာရုံလွှဲလိုသော်လည်း အစီအစဉ်အတိုင်း ဖြစ်မလာခဲ့ပေ။ မျက်နှာမဲ့ရုပ်သွင်များက အစ်ကိုလီအား လုံးဝ လျစ်လျူရှုထားခဲ့ပြီး ကောင်းမင်ဘက်သို့သာ ဦးတည်သွားနေကြသည်။

ပိုင်ရှု နှင့် ယိုယိုတို့သည် ထိတ်လန့်မှုကြောင့် ဆုတ်ခွာရန် အစီအစဉ်အား မေ့သွားကြသည်။ သူတို့က ဖရိုဖရဲကြားထဲမှ အဆောက်အဦး ၃ ထံသို့ ပြေးလိုက်ကြသည်။

“ချီးပဲ ! ငါ့ဆီ လာကြလေ!”

အစ်ကိုလီသည် သရဲတစ်ကောင်မှ သူ့နောက်သို့ လိုက်မလာသည်ကို သဘောပေါက်သွားသောအခါ အမြန်ဆုံး ပြန်ပြေးလာခဲ့သည်။ သူ ထွက်ပြေးရန် အခွင့်အရေးရှိခဲ့သော်လည်း အိုးယန်စုစုဘေးသို့သာ ပြန်ပြေးလာခဲ့သည်။

“ငါတို့ကို ထားခဲ့စမ်းပါ ! နင် ဘာလို့ ပြန်လာတာလဲ”

အိုးယန်စုစုက အစ်ကိုလီကို ရိုက်ရန်လက်မြောက်လိုက်သည်။ အစ်ကိုလီက သူမကို လျစ်လျူရှုလိုက်ပြီး အစ်မကျန်းအား ကူသယ်လိုက်သည်။

“နေထိုင်သူ တစ်ဝက်လောက်က စိတ်ဖောက်သွားတာလား”

ဖန်လီသည် သရဲအုပ်ကြီးကို ကြည့်ရင်း ကြောက်ရွံ့နေခဲ့သည်။ သူက သူ့ပတ်ဝန်းကျင်မှ လူများအား တတ်နိုင်သမျှ စုစည်းလိုက်သည်။

သူတို့ အုပ်စုသုံးစုအဖြစ် ကွဲထွက်သွားကြသည်။ အံ့ဩစရာကောင်းသည်မှာ သရဲအများစုက ပိုင်ရှုတို့ အဖွဲ့နောက်သို့သာ လိုက်သွားကြခြင်းဖြစ်သည်။ဖုတ်ကောင်များကို လှုပ်ရှားနေသော သရဲများသည် သူတို့နောက်သို့သာ လိုက်လာနေသောကြောင့် ပိုင်ရှု နှင့် ယိုယိုတို့မှာ ရူးမတတ် ဖြစ်သွားကြသည်။

“ငါ.. ငါ မပြေးနိုင်တော့ဘူး”

“သူ့ကို ချခဲ့လိုက်တော့ ! နင် ဘာလို့ သူ့ကို ဆက်သယ်နေရတာလဲ”

ယိုယိုက ရှေ့မှပြေးနေပြီး သူမ၏ရည်းစားအား ခေါင်းမလှည့်ဘဲ ဆူပူလိုက်သည်။

ပိုင်ရှုမှာ အစွမ်းကုန် ကြိုးစားခဲ့ပြီးဖြစ်သည်။

“ငါ တောင်းပန်ပါတယ် အစ်ကို ၊ ငါ ဒီက ထွက်သွားနိုင်ရင် မင်းအတွက် ပိုက်ဆံစက္ကူတွေ မီးရှို့ပေးပါ့မယ်”

ထို့နောက် သူက ကောင်းမင်၏လက်များကို ဖယ်ထုတ်၍ ကြမ်းပြင်ပေါ် ပစ်ချလိုက်သည်။

စက္ကန့်အနည်းငယ်အတွင်း ကောင်းမင်အား သရဲများက ဝါးမျိုသွားခဲ့သည်။ ထိုစုံတွဲသည် ကောင်းမင်အား စွန့်ပစ်လိုက်ခြင်းဖြင့် စက္ကန့်အနည်းငယ်ကို အချိန်ဝယ်ယူနိုင်ခဲ့သည်။

သူတို့သည် ရူးမတတ် ပြေးနေကြသော်လည်း သရဲများက သူတို့ကို အလွှတ်မပေးခဲ့ချေ။

သူတို့သည် ရပ်ကွက်ဥယျာဉ်ဘေးမှ ဖြတ်သွားသောအခါ ရှေ့မှ ပြေးနေသည့် ယိုယိုက ချော်လဲသွားခဲ့သည်။ သူမ ကြမ်းပြင်ပေါ် လဲကျသွားပြီး သူမလက်ချောင်းများဖြင့် ထူးဆန်းသည့် အရာတစ်ခုအား ထိမိသွားခဲ့သည်။ သူမ ခေါင်းငုံ့ကြည့်လိုက်သည်။ မြေကြီးထဲတွင် တစ်ဝက်တစ်ပျက် မြှုပ်နှံထားသည့် နွေးနေသေးသော အလောင်းများ ရှိနေလေသည်။ အလောင်းများဘေးတွင် တုန်ခါနေသော ဖုန်းများ ရှိနေ၏။

“ဒါတွေက တခြားခြောက်ခြားဂိမ်းကစားသမားတွေလား”

ရေသေဖိုရမ်မှ နံပါတ်တိုင်းသည် အသက်ရှင်နေသော လူသားတစ်ဦးကို ကိုယ်စားပြုပေသည်။ ယိုယို သည် သေဆုံးခြင်းအား ယခုကဲ့သို့ နီးနီးကပ်ကပ် တစ်ခါမှ မခံစားဖူးခဲ့ချေ။အေးစိမ့်မှု သူမ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာတော့သည်။

သူမနောက်မှ အော်သံတစ်ခု ကြားလိုက်ရသဖြင့် ယိုယိုက လှည့်ကြည့်လိုက်သည်။ ကျောပိုးအိတ်ပါသော ကလေးတစ်ယောက်က ပိုင်ရှုကို ဖမ်းမိထားခြင်း ဖြစ်သည်။ ထိုကောင်မလေးသည် မြင်းမြီးကျစ်ဆံမြီး စည်းထားပြီး ခေါင်းငုံ့ထားခဲ့သည်။ သူမသည် ဆရာမလျို ဖော်ပြခဲ့သည့် ကျောင်းသူနှင့် ကိုက်ညီနေခဲ့သည်။

“ရှောင်းကော် လား”

သူမ၏ အသံကို ကြားလိုက်ရသောအခါ ကောင်မလေးက ဖြည်းညှင်းစွာ ခေါင်းမော့ကြည့်လိုက်သည်။ သူမ၏ မျက်နှာကား ဗလာနတ္တိပင်။ ယိုယို့ဦးနှောက်သည် အလုပ်လုပ်နေခြင်း ရပ်တန့်သွားသည်။ ရှောင်းကော်၏ မိဘများက ဖြည်းညှင်းစွာ ချဉ်းကပ်လာကြသည်။ မိသားစု သုံးယောက်စလုံး သူတို့၏ မျက်နှာများအား ဆုံးရှုံးထားကြသည်။ ယိုယိုက သူတို့အား စိုက်ကြည့်နေသောအခါ သူမ၏ မျက်နှာသည်လည်း မှေးမှိန်ပျောက်ကွယ်သွားသလို ခံစားလိုက်ရသည်။

“ယိုယို! ငါ့ကို ကယ်ပါဦး”

ပိုင်ရှုက ရှောင်းကော်အား ကန်ထုတ်ရန် ကြိုးစားနေသော်လည်း ရှောင်းကော်၏ အမေက သူ့ကို ဆွဲထားခဲ့သည်။

“ယိုယို!”

ယိုယိုက မသိစိတ်ဖြင့် ခေါင်းယမ်းလိုက်သည်။ သူမက လေးဖက်ထောက်တွားသွား၍ ထွက်ပြေးသွားတော့သည်။

“ဒီကလေးက ငါ့ကို တကယ်ကြီး ပစ်ချသွားတာလား”

ကောင်းမင်သည် အများစု ပြန်လည်သက်သာလာခဲ့ပြီဖြစ်သည်။ သူ မြေကြီးပေါ် လှဲနေလိုက်ပြီး မှောင်မည်းသော အရိပ်များက သူ့ကို ဝန်းရံထားလေသည်။

ဤသည်မှာ အလွန် ကြောက်စရာကောင်းသင့်သော်လည်း သူ မထိတ်လန့်ပေ။ မျက်နှာမဲ့ ရုပ်တု၏ အသိစိတ်အား ဝါးမြိုနောက်တွင် သားစားကြူး နတ်ဘုရားသည် ထိုနေထိုင်သူများ၏ နတ်ဘုရားအသစ်ဖြစ်ရန် ခြေတစ်လှမ်းသာ လိုပေတော့သည်။

“မင်းတို့အားလုံးက အပြစ်ကင်းကြပါတယ် ၊ မျက်နှာမဲ့ရုပ်တုက လူကောင်းတွေနောက်ကိုပဲ လိုက်ခဲ့တာ ၊ ဒါပေမဲ့ ငါကတော့ မတူဘူး ၊ အနာဂတ်မှာ မင်းတို့အားလုံး ငါ့နှလုံးသားထဲမှာ နေထိုင်ကြရလိမ့်မယ်”

ကောင်းမင်သည် သားစားကြူး နတ်ဘုရား၏ ညွှန်ကြားချက်များကို လိုက်နာ၍ မြေကြီးပေါ်တွင် တွားသွားလိုက်ပြီး လူနေရပ်ကွက်၏ မြေအောက်ခန်းသို့ ရောက်လာခဲ့သည်။မျက်နှာမဲ့ ရုပ်တု၏ အဓိကကိုယ်ခန္ဓာအား သူရှာတွေ့လိုက်သည်။

ထိုနေရာတွင် သီချင်းဆိုနေသော အမျိုးသမီးလည်း ရှိနေခဲ့သည်။ သူမသည် ကောင်းမင်ကို မြင်သောအခါ ရုပ်တုဘေးမှ သေခြင်းတရားများက သူမ၏ ခန္ဓာကိုယ်အား ထိခိုက်စေသော်ငြားလည်း ရုပ်တုအား သယ်ဆောင်၍ ထွက်ပြေးသွားလေသည်။

ကောင်းမင်တွင် သူမနောက်သို့ လိုက်ရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိခဲ့ပေ။ ဖန်လီက ထိုအဖြစ်အပျက်အား မြင်လိုက်ရသည်။

ဖန်လီသည် ချက်ချင်းပင် ကောင်းမင်အား သားကောင်ဖြစ်သည်ဟု ယုံကြည်သွားလေသည်။ မည်သို့ပင်ဆိုစေ သူငယ်တန်းကျောင်းတွင် အလုပ်လုပ်သည့် လူငယ်တစ်ယောက်သည် မည်မျှ ခြိမ်းခြောက်နိုင်ပါမည်နည်း။

ပိုင်ရှုမှာ အဖမ်းခံခဲ့ရပြီး သူ့အသင်းဖော်များ ပျောက်ဆုံးနေခဲ့ကာ ဒဏ်ရာရထားသည့် အဖွဲ့ဝင်များလည်း ပိုများလာခဲ့သည်။ အဖွဲ့ခေါင်းဆောင်တစ်ဦးအနေဖြင့် ဖန်လီမှာ စိတ်ပျက်အားငယ်နေခဲ့သည်။ သရဲမျက်နှာအား ဆင့်ခေါ်လိုက်ပြီး သီချင်းဆိုနေသော အမျိုးသမီးအား သားရဲတစ်ကောင်ကဲ့သို့ သူ ခုန်အုပ်လိုက်တော့သည်။ ရုပ်တုပေါ်မှ သေခြင်းတရားတည်ရှိမှုများ ဖန်လီပေါ်သို့ စင်ထွက်သွားခဲ့သည်။

“ဒီ အစ်ကို... က… လူကောင်းတစ်ယောက်ပဲ”

သီချင်းဆိုနေသော အမျိုးသမီးသည် သူမ၏မျက်နှာအား မဆုံးရှုံးသေးပါက ငိုကြွေးနေလိမ့်မည်ဟု ကောင်းမင်က ယုံကြည်လိုက်သည်။

All Chapters