← Chapters

လူရွေးပွဲ

Vol. 22 Ch. 326

လူရွေးပွဲ

Vol. 22 Ch. 326

“ဝမ်ကျားက ခင်ဗျားကို မပြောခဲ့ဘူးလား ၊ သူတို့ ဌာနချုပ်ကို အားလုံးအစီရင်ခံသင့်တာ မဟုတ်ဘူးလား”

ပိုင်ရှောင်သည် ထိုလူများ၏ အတွေးအခေါ်အား နားမလည်နိုင်ခဲ့ချေ။

“ဝမ်ကျားက ဌာနချုပ်ကို အရမ်းအသေးစိတ်တဲ့ အစီရင်ခံစာ ပေးခဲ့ပါတယ် ၊ အဲဒါက အရမ်းအသေးစိတ်လွန်းတာကြောင့် အပြစ်ရှာစရာတောင် မရှိခဲ့ဘူး ၊ ဘယ်သူမှ ပြဿနာ ရှာလို့တောင် မရခဲ့ဘူး”

ကျင်းထောင်ရှန်း လှည့်လိုက်သည်။

“ဒါပေမဲ့ ပြည့်စုံမှုက ပြဿနာဖြစ်နေတာပဲ ၊ ဒါကြောင့် ဌာနချုပ်က ငါတို့ကို မြို့တော်အရှေ့ပိုင်းမှာ လုံခြုံရေးအင်အားစုအသစ်တစ်ခု တည်ဆောက်စေချင်နေတာပဲ”

တံခါးခေါက်သံတစ်ချက်ထွက်လာပြီး ခန္ဓာကိုယ် ကြီးမားသည့် ကျိုးကျွင်း ဝင်လာခဲ့သည်။ သူ ပိုင်ရှောင်ကို ထိုနေရာတွင် တွေ့လိုက်ရသောအခါ သူ့မျက်လုံးများ အံ့အားသင့်မှုဖြင့် တလက်လက်တောက်ပသွားသည်။

“မြူခိုးနက်တွေက ဆက်သွယ်ရေးတွေကို ပိတ်ဆို့နိုင်ရုံသာမကဘူး လူတစ်ယောက်ကို ထင်ယောင်ထင်မှားတွေနဲ့ ရူးသွပ်သွားအောင်လည်း လုပ်နိုင်တယ် ၊ မြူခိုးရဲ့ ရင်းမြစ်ကို အရင်းခံလိုက်နိုင်ဖို့နဲ့ တခြားမြို့တွေကို ဆက်သွယ်နိုင်ဖို့အတွက် မြူခိုးထဲကို ဝင်မယ့် စိတ်ဓာတ်ခိုင်မာတဲ့ လုံခြုံရေးအဖွဲ့တစ်ဖွဲ့လိုတယ်”

ကျင်းထောင်ရှန်းက စားပွဲပေါ်တွင် အနီရောင်ဖိုင်တစ်ခု တင်လိုက်သည်။

“အဲဒါကြောင့် ငါ မင်းကို ဒီ ခေါ်လိုက်တာပဲ”

ထိုဖိုင်တွင် လူအများအပြား၏ အချက်အလက်များ ပါဝင်ပေသည်။

“ဒီနေ့ကစပြီး မင်းတို့ဟာ မြို့တော်အရှေ့ပိုင်းရဲ့ အထူးလုံခြုံရေး အဖွဲ့ထဲကို တရားဝင် ဝင်ရောက်ရတော့မယ် ၊ ဌာနအကြီးအကဲရဲ့ အထူးအခွင့်အရေးကို ခံစားရလိမ့်မယ် ၊ ကွင်းစ်စုံစမ်းစစ်ဆေးရေးဌာနရဲ့ ခေါင်းဆောင်ဟောင်း ကျိုးကျွင်းက မင်းရဲ့ ဒု-ကပ္ပတိန် ဖြစ်လိမ့်မယ်”

ကျင်းထောင်ရှန်းသည် ပိုင်ရှောင်၏ စာမျက်နှာကို ဆွဲထုတ်၍ အခြားဖိုင်တစ်ခုထဲသို့ ထည့်လိုက်သည်။

“ကျုပ်တို့ ဘယ်တော့ ထွက်ခွာရမှာလဲ”

“မင်းက ငါ အကြံပြုထားတဲ့ သင့်တော်သူသက်သက်ပဲ ရှိသေးတယ် ၊ ဌာနချုပ်က ဟန်ဟိုင်း တစ်ခုလုံးကို နောက်ဆုံး လူရွေးပွဲတစ်ခုလုပ်လိမ့်မယ်”

ကျင်းထောင်ရှန်း၏ အကြည့်များ နက်မှောင်သွားခဲ့သည်။

“သင့်တော်သူတွေထဲမှာ စုံစမ်းရေးမှူးတွေထက် ပိုများတဲ့သူတွေ ပါဝင်လိမ့်မယ် ၊ ခြောက်ခြားဂိမ်းကစားသမားတွေ အပါအဝင် မြို့သားတွေလည်း ရွေးချယ်မှု လုပ်ငန်းစဉ်မှာ ပါဝင်နိုင်တယ်”

“ခြောက်ခြားဂိမ်းကစားသမားတွေက ကျုပ်တို့ကို ဆန့်ကျင်နေတာလေ ၊ ကျုပ်တို့က သူတို့ကို ဘာလို့ ယုံကြည်ရမှာလဲ”

ပိုင်ရှောင်သည် ယင်းက ရယ်စရာကောင်းသည်ဟု တွေးလိုက်သည်။ ခြောက်ခြားဂိမ်းကစားသမားများ ပါဝင်လာပါက သူတို့ထောင်ချောက်ထဲသို့ လမ်းလျှောက်ဝင်လာမိကြလိမ့်မည်ဖြစ်သည်။

“ဆုလာဘ်က လုံလုံလောက်လောက် ကြီးနေသရွေ့ လူတွေ လာကြလိမ့်မယ်”

ကျိုးကျွင်း မျက်နှာသေဖြင့် တံခါးဝတွင် ရပ်နေခဲ့သည်။

“မြူခိုးနက်တွေက ဟန်ဟိုင်းကို ကျွန်းတစ်ကျွန်းအဖြစ် ပြောင်းလဲပစ်လိုက်ပြီ ၊ အထက်လူကြီးတွေဟာ လှောင်အိမ်ထဲက ငှက်တွေလို ဖြစ်နေခဲ့ပြီ ၊ သူတို့က စေတနာ့ဝန်ထမ်းတွေကို ဆွဲဆောင်ဖို့အတွက် သူတို့ရဲ့ တန်ဖိုးရှိတဲ့ ရတနာတွေကို ထုတ်ပြကြလိမ့်မယ် ၊ အဲ့ဒီ လူရွေးပွဲမှာ မင်းတို့ ပါဝင်လိုက်မယ်ဆိုရင် စွမ်းအားမြင့် ကျိန်စာသင့်ပစ္စည်းတွေ ၊ မြောက်ပိုင်း ဆိပ်ကမ်းမှာ အမြဲတမ်း နေထိုင်ခွင့် နဲ့ မထုတ်ပြန်ရသေးတဲ့ သုတေသနအချက်အလက်တွေ ရနိုင်လိမ့်မယ်”

“ခြောက်ခြားဂိမ်းကစားသမားတွေရဲ့တည်ရှိမှုက ဌာနချုပ်ကို ခေါင်းကိုက်စေတယ် ၊ ဒါပေမဲ့ ဒါအကုန်ပါပဲ ၊ ဌာနချုပ်မှာ သူတို့ကို ပြောင်းလဲပစ်ပြီး သူတို့အချင်းချင်း တစ်ဦးကို တစ်ဦးပြန်ဆန့်ကျင်စေဖို့အတွက် နည်းလမ်းတွေ အများကြီး ရှိတယ် ၊ ဘာပဲဖြစ်ဖြစ် လူသားတွေရဲ့ အားနည်းချက်က သရဲတွေရဲ့ အားနည်းချက်ထက် ပိုပြီးထင်ရှားတယ်လေ”

ကျင်းထောင်ရှန်းက အနီရောင်စာဖိုင်အား ကျိုးကျွင်းထံ ပစ်ပေးလိုက်သည်။

“ဌာနချုပ်က ရေသေဖိုရမ်ကနေ ခြောက်ခြားဂိမ်းကစားသမားတွေရဲ့ နောက်ကွယ်ကအဖွဲ့ကို ဆက်သွယ်ထားခဲ့ပြီးပြီ ၊ သုံးရက်အတွင်း အကြီးစားလူရွေးပွဲ လုပ်လိမ့်မယ် ၊ သက်ရှိလူသားတိုင်း ပါဝင်လို့ရတယ်”

“ရေ သေ ဖိုရမ်”

“အံ့ဩသွားလား ၊ ခြောက်ခြားဂိမ်းကစားသမာားတွေကြားမှာ ငါတို့ သူလျှိုတွေ အများကြီး ရှိတယ် ၊ သူတို့ရဲ့ လှုပ်ရှားမှုတွေကို ငါတို့ ရင်းနှီးတယ် ၊ ဖိုရမ်က ပေးတဲ့မစ်ရှင်တွေက ဌာနချုပ်ကို ပစ်မှတ်မထားခဲ့လို့ ငါတို့ဘာမှ မလုပ်ခဲ့ဘူး ၊ အဲဒီအစား ဖိုရမ်က ငါတို့ကို ကူညီနေခဲ့တာကြောင့် ငါတို့က တိတ်တဆိတ် သဘောတူညီမှုတစ်ခု ဖြစ်လာခဲ့ကြတယ်”

ကျင်းထောင်ရှန်းသည် သူ့မျက်လုံးများထဲရှိ လူသတ်လိုစိတ်အား ဖုံးကွယ်လိုက်သည်။

“ဒီပြဿနာကို ဖြေရှင်းပြီးရင်တော့ နောက်တစ်လှည့်က ခြောက်ခြားဂိမ်းကစားသမားတွေဖြစ်လာလိမ့်မယ် ၊ သူတို့အတွက် သေဆုံးခြင်းနဲ့ စိတ်ပျက်အားငယ်မှုတို့ကလွဲလို့ ဘာမှ စောင့်ကြိုနေမှာ မဟုတ်ဘူး”

ကျိုးကျွင်းသည် ဖိုင်ကိုယူလိုက်ပြီး ပိုင်ရှောင်အား သူတို့နောက် လိုက်ရန် လက်ဟန်ပြလိုက်သည်။ သူတို့ အခန်းမှ ထွက်လာပြီးနောက် ကျိုးကျွင်းက တီးတိုးပြောလိုက်သည်။

“မင်း ကံကောင်းတာလား ၊ ကံဆိုးတာလားတော့ ငါ မသိဘူး ဒီကပ်ဆိုးကြီး ဘယ်တော့မှ မပြီးဆုံးသွားဖို့ပဲ ဆုတောင်းထားပါ”

“မင်းဘာကိုဆိုလိုတာလဲ”

ပိုင်ရှောင် မျက်မှောင်ကြုတ်လိုက်သည်။ သူ ကျိုးကျွင်းအား မကြိုက်ချေ။ သူသည် ရာထူးတက်ရန် သူ့အတန်းဖော်များကိုပင် စတေးခဲ့သူဖြစ်သည်။

“မင်းက အခု လူသား မဟုတ်တော့ဘူး ၊ဒီဘေးကပ်ဆိုးကြီး ပြီးသွားတဲ့အခါ မင်း ဖျက်ဆီးခံရလိမ့်မယ်”

ကျိုးကျွင်းတွင် သရဲတက်တူး ရှိသော်လည်း ပိုင်ရှောင်ကဲ့သို့ ထင်ရှားခြင်း မရှိပေ။

“အကြီးစား ရွေးချယ်မှုမှာ ဌာနချုပ်က ပါဝင်သူအားလုံးကို မြို့နှစ်မြို့ ဆုံမှတ်နေရာက မူမမှန်ဖြစ်ရပ်ထဲကို ဝင်ရောက်ဖို့ အတင်းအကျပ်တွန်းအားပေးလိမ့်မယ် ၊ အဲဒီအခါကျ မင်းအမိန့် နာခံလိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်”

“ဘယ်မြို့ နှစ်မြို့လဲ”

“ကျို့ကျန်း နဲ့ ဟန်ဟိုင်း ၊ ငါတို့ သရဲနီတချို့နဲ့ ကြုံရနိုင်တယ်လို့ ငါကြားထားတယ်”

...

လီစန်းဆေးရုံနှင့် ကပ်လျက်ရှိသော လူနေရပ်ကွက်များသည် လုံးဝ မှောင်မိုက်နေခဲ့သည်။ ပြည်သူအများစုအား ပြောင်းရွှေ့ထားခဲ့ပြီးဖြစ်သည်။

“ကောင်းမင်၊ ကျွန်မ ရှင့်ကို စုံစမ်းစစ်ဆေးရေးဌာနချုပ်ရဲ့ တောင်းဆိုချက်ကို ပို့ပေးလိုက်ပြီ ၊ သူတို့က ကျွန်မတို့ကို သူတို့နဲ့အတူ မြူခိုးနက်တွေထဲကို စူးစမ်းစေချင်နေတယ်”

ဖုန်းထဲမှ ရွှမ်ဝမ့်အသံ ထွက်လာခဲ့သည်။ ကောင်းမင်သည် လီစန်းဆေးရုံနှင့် မနီးမဝေးရှိ အိမ်မွေးတိရစ္ဆာန် အရုပ်ကုမ္ပဏီတစ်ခုအတွင်းတွင် ပုန်းအောင်းနေခဲ့ခြင်းဖြစ်သည်။

“ဒါ ထောင်ချောက် ဖြစ်နိုင်မလား”

“သရဲတွေနဲ့ မကောင်းဆိုးဝါးတွေက မြူခိုးနက်ထဲကို ဝင်လို့ မရဘူး ၊ ဒါပေမဲ့ သက်ရှိလူသားတွေကတော့ ရတယ်တဲ့ ၊ ဌာနချုပ်မှာ အရည်အချင်းနဲ့ ကိုက်ညီတဲ့သူ အရမ်းနည်းနေလို့ သူတို့ ကျွန်မတို့ကို ဆက်သွယ်တာပဲ”

“သူတို့က သူတို့ရဲ့ အားနည်းချက်ကို အလွယ်တကူ ဝန်ခံမှာ မဟုတ်ဘူး ၊ တစ်ခုခုတော့ ရှိရမယ်”

ရွေးချယ်ခြင်းကိစ္စနှင့် နှိုင်းယှဉ်လျှင် ကောင်းမင်သည် ဟန်ဟိုင်းအား ဝန်းရံထားသည့် မြူခိုးနက်များကို ပို စိတ်ဝင်စားသည်။ သူသည် အားဖန်နှင့် မျက်နှာမဲ့ ရုပ်တုမှတစ်ဆင့် မြူခိုးနက်များ ဖုံးလွှမ်းနေသည့် ကမ္ဘာတစ်ခုအား အရင်က မြင်ခဲ့ဖူးသည်။ ‘တားမြစ်’ စွမ်းအားတစ်ခု ဟန်ဟိုင်းတွင် ပေါ်လာတိုင်း ကမ္ဘာကြီးသည် တွန့်လိမ်သွားပြီး မြူခိုးနက်များ ပေါ်လာလိမ့်မည်ဖြစ်သည်။

“ဟန်ဟိုင်းက အိပ်မက်တစ်ခုပဲဆိုရင် မြူခိုးနက်ကမ္ဘာက အစစ်အမှန် ကမ္ဘာများလား”

“ပြောရရင် ဟန်ဟိုင်းက မြူခိုးနက်ကမ္ဘာမှာ တည်ဆောက်ထားတဲ့ မြို့တစ်မြို့ ဖြစ်နိုင်တယ် ၊ အပြင်လောကနဲ့ ပတ်သက်ပြီး ကျွန်မတို့မှာ ရှိနေတဲ့ မှတ်ဉာဏ်တွေအားလုံးက အတုတွေပဲ ၊ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတို့ထဲက ဘယ်သူမှ ဟန်ဟိုင်းကနေ တကယ်ထွက်ဖူးတာ မရှိဘူး”

ရွှမ်ဝမ်၏ စကားများသည် ကောင်းမင်နှင့် ပဲ့တင်ထပ်နေခဲ့သည်။

“မူမမှန်ဖြစ်ရပ်တွေ စတင်ခဲ့တဲ့ မိုးရွာတဲ့ညကစပြီး ဘယ်သူမှ ဟန်ဟိုင်းကနေ ထွက်ခွာနိုင်တာ မရှိသေးဘူး ၊ ငါတို့ အဲဒီ့မတိုင်ခင်က ဟန်ဟိုင်းကနေ ထွက်ခွာခဲ့ကြဖူးတယ် ၊ ဒါပေမဲ့ အဲဒီ မှတ်ဉာဏ်တွေက... အစစ်အမှန် မဟုတ်ဘူး ၊ အဲ့ဒါတွေက ကံကြမ္မာရဲ့ ဖန်တီးခံထားရတာ ဖြစ်နိုင်တယ်!”

ကောင်းမင်သည် သူ့နှလုံးသား အလင်းကို ဖိနှိပ်လိုက်သည်။ သူ့မိဘများ၊ ကလေးဘဝနှင့် အတိတ်နှင့် ပတ်သက်သော သူ့မှတ်ဉာဏ်များသည် လေထဲတွင် တလွင့်လွင့်လွင့်နေသော ငှက်မွေးများကဲ့သို့ ဖြစ်နေခဲ့သည်။ သူတို့သည် မျှော်လင့်ချက်၊ အလင်းရောင်နှင့် လှပမှုတို့အား ကိုယ်စားပြုနေခဲ့ကြသည်။

မှတ်ဉာဏ်များသည် လှပသော်လည်း အစစ်အမှန် မဟုတ်ပေ။ ဆန့်ကျင်ဘက်အားဖြင့် သူ့သေဆုံးမှတ်ဉာဏ်များကို ကြည့်ရှုသောအခါ ၎င်းတို့သည် ထိတ်လန့်စရာကောင်းလောက်အောင်ပင် ခိုင်မာ၍ အကောင်အထည်ပါနေခဲ့သည်။

တိုက်ဆိုင်စွာပင် ကောင်းမင်၏ သေဆုံးမှတ်ဉာဏ်များ အားလုံးသည် ဟန်ဟိုင်းတွင် ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။ သူသည် ဘယ်သူမှ ဟန်ဟိုင်းမှ အမှန်တကယ်ထွက်ခွာခြင်း မရှိခဲ့ကြောင်း သက်သေပြရန် သူ့သေဆုံးမှုများစွာကို အသုံးပြုခဲ့ရသည်။

“အရာအားလုံးက လုဇန်ရဲ့ စကားတွေကို သွယ်ဝိုက်ပြီး သက်သေပြနေတယ် ၊ ဟန်ဟိုင်းက အိပ်မက်တစ်ခု ဖြစ်နိုင်တယ် ၊ နိုင်ငံသားအားလုံးရဲ့ မှတ်ဉာဏ်တွေကို ပြောင်းလဲထားတာပဲ ၊ အပြစ်ရှိတဲ့ သရဲတွေကို အကူအညီမဲ့လူသားတွေအဖြစ် ပြောင်းလဲပစ်လိုက်တာ”

ရွှမ်ဝမ်သည် အရိပ်ကမ္ဘာမှ လာခဲ့ခြင်းဖြစ်ပြီး ကောင်းမင်သည် ဟန်ဟိုင်းမှ လာခဲ့ခြင်းဖြစ်သည်။ သူတို့သည် ပြဿနာကို ဆန့်ကျင်ဘက်ရှုထောင့်မှ ကြည့်ရှုသော်လည်း ခန့်မှန်းချက်အတူတူပင် ထွက်ပေါ်လာခဲ့သည်။

“အခုထိ ကျွန်မတို့ နည်းနည်းပဲ သိရသေးတယ် ၊ ဌာနချုပ်ရဲ့ ဒီအကြီးစား လူရွေးပွဲက ရွေးချယ်ခံရသူတွေကို သူတို့ရဲ့ သုတေသနဓာတ်ခွဲခန်းတွေထဲ ဝင်ခွင့်ရဖို့ အခွင့်အရေး ပေးလိမ့်မယ် ၊ ဒါ့အပြင် နတ်ဘုရားအလောင်းတွေနဲ့ ကျိန်စာသင့်ပစ္စည်းတွေလို ဆုလာဘ်တွေလည်း ရှိတယ် ၊ ရှင်စိတ်ဝင်စားလိမ့်မယ်လို့ ကျွန်မထင်တယ်”

ရွှမ်ဝမ်သည် ကောင်းမင်အတွက် အရာအားလုံးအား စဉ်းစားထားခဲ့ခြင်းသည်။

“ဒါပေမဲ့ ရှင်ကိုယ်တိုင် သွားလို့ မရဘူး ၊ ကျွန်မတို့ အကောင်းဆုံးခြောက်ခြားဂိမ်းကစားသမားတွေကို လွှတ်ဖို့ပဲ လိုတယ်”

“မင်း လူစာရင်းတွေ ရပြီးပြီလား”

ကောင်းမင်သည် ရွှမ်ဝမ်အား ယုံကြည်လေသည်။

“စာရင်းတော့ ထွက်လာပြီ ၊ ကျွန်မ သူတို့ကို နောက်ဆုံးလေ့ကျင့်ရေးအတွက် မြို့ဟောင်းကို ခေါ်လိုက်မယ်”

“ဘေးကင်းစေဖို့အတွက် နောက်ထပ် လူနည်းနည်းပါဖို့ ကိုယ်အကြံပြုပါရစေ”

ကောင်းမင်သည် ဖန်လီ၏ အချက်အလက်အား ရွှမ်ဝမ်ထံပို့လိုက်သည်။

“ကိုယ်တို့ ပိုင်ရှောင်ကို အဆက်အသွယ် မရသေးဘူးလား”

“မရဘူး ၊ သူ ပျောက်ကွယ်သွားသလိုပဲ”

“ကြိုးစား...”

ကောင်းမင် သူ့စကားမဆုံးမီ ခြေသံများကို ကြားလိုက်ရသည်။ ဖုန်းများ ကိုင်ထားသည့် ခြောက်ခြားဂိမ်းကစားသမား အနည်းငယ်က သူ့ဆီသို့ ဖြည်းညှင်းစွာ ဦးတည်လာနေခဲ့သည်။

All Chapters