← Chapters

ဂိုဏ်းချုပ်လေး

Vol. 4 Ch. 44

ဂိုဏ်းချုပ်လေး

Vol. 4 Ch. 44

​ လမ်းညွှန်မှုနဲ့အတူ ထန်ထျန်းက ခမ်းနား တဲ့ ခန်းမ တစ်ခုထဲကို ရောက်လာခဲ့သည်။

​ခန်းမထဲကို နှစ်ယောက် ပဲ ခေါ်ခွင့် ရှိတာ ကြောင့် ထန်ထျန်းက လန်ယွီ ညီအစ်မတွေကို အပြင်မှာ နေခွင့် ပေးခဲ့ပြီး ရှောင်းရွှယ် နဲ့ ဝမ်ကျိယွီ ကို ခေါ်လာခဲ့သည်။

​ခန်းမက အရမ်း ကျယ်ဝန်း ပြီး နေရာပေါင်း တစ်ရာကျော် က ကွဲပြား တဲ့ နေရာ တွေမှာ ဖြန့်ကျက် ထားသည်။

​ထန်ထျန်းက မနီးမဝေး နေရာတစ်ခုကို ရွေး ပြီး ရှောင်းရွှယ် တို့နဲ့အတူ ထိုင် လိုက်သည်။

​မကြာခင်မှာပဲ ခန်းမထဲမှာ လူတွေ ပြည့် သွားသည်။ အများစုက မျက်လုံးမှိတ် ပြီး အနားယူ နေကြသည်။ စကားပြောရင်တောင် တိုးတိုး ပြောကြပြီး တစ်ယောက်ချင်းစီက အရမ်း လေးနက် နေကြသည်။

​ခဏအကြာမှာ ထူးချွန် တဲ့ အသွင်အပြင် ရှိသူ အများအပြားက တခြား ဝင်ပေါက် ကနေ ဝင်လာပြီး အပေါ်ဆုံး နေရာမှာ တစ်ယောက်ချင်းစီ ထိုင် လိုက်ကြသည်။

​မိုရှောင်ရှောင်း က ဒီအထဲမှာ ပါဝင်သည်။

​သူမအပြင် ရင်းနှီး တဲ့ မျက်နှာ ဖြစ်တဲ့ ကျင်းဟန် လည်း ပါဝင်ပြီး မိုရှောင်ရှောင်း ဘေးမှာ ဘယ်ဘက်ဆုံး နေရာမှာ ထိုင် နေသည်။

​"ချန်စစ်ရို ဒီနေ့ မလာ ဘူးပဲ"

​ဝမ်ကျိယွီက တိုးတိုး ပြောသည်။ "ကျင်းဟန် နဲ့ မိုရှောင်ရှောင်း ကို မင်း သိပြီးသား ဖြစ်မှာပါ။ ကျန်တဲ့ လေးယောက် ကတော့ သခင်လေး လေးဦး ပဲ"

​"မိုရှောင်ရှောင်း ရဲ့ ညာဘက် မှာ အပြာရောင် ဝတ်စုံ ဝတ်ထားတဲ့သူက လုချန်းကျီ ဖြစ်ပြီး ဂိုဏ်းရဲ့ အင်အားကြီးဆုံး သခင်လေး နှစ်ဦးထဲက တစ်ဦးပေါ့ "

​"လုချန်းကျီ ရဲ့ ညာဘက် မှာ ထျန်းယန်ရှန်း ရှိတယ်။ လူချန်ဂီ နဲ့ မနိမ့်မမြင့် ပဲ။ ဒီလူက စိတ်ဆိုးတတ်တယ့် စိတ်ထား ရှိလို့ သူ့နဲ့ တွေ့ တဲ့အခါ သတိထား"

​"ထျန်းယန်ရှန် ရဲ့ ညာဘက် မှာ အနောက်တောင်ထိပ် က တုယွမ်ချင်း ရှိတယ်။ အငယ်ဆုံး သခင်လေး ဖြစ်ပြီး ငွေကြေး အရင်းအမြစ် အရမ်း ချမ်းသာ တယ်"

​"ညာဘက်ဆုံး မှာ မြောက်တောင်ထိပ် က ကွမ်းမုန့် ရှိတယ်။ ရင့်ကျက် ပြီး တည်ငြိမ် တယ်။ နောက်ခံ ခိုင်မာပြီး လူမှု ဆက်ဆံရေး လည်း ကျယ်ပြန့် တယ်"

​သူက ထန်ထျန်းကို တစ်ယောက်ချင်းစီ မိတ်ဆက်ပေးသည်။

​ထန်ထျန်းလည်း သူတို့ရဲ့ ပုံပန်းသဏ္ဍာန် တွေကို စိတ်ထဲ မှာ မှတ်ထားလိုက်သည်။ တစ်နည်းအားဖြင့် သူတို့ အနည်းငယ် က ချင်းယွဲ့ဂိုဏ်းရဲ့ ဂုဏ်ထူးဆောင်တပည့် တွေ ရောက်ရှိနိုင်တဲ့ အမြင့်ဆုံး အဆင့် ပင်။

​"အလယ်က နေရာက ဘယ်သူ့အတွက်လဲ"

​လုချန်းကျီ နဲ့ ထျန်းယန်ရှန်း ကြားမှာ နေရာလွတ် တစ်ခု ရှိပြီး အခုထိ ဘယ်သူမှ မလာသေးပေ။

​"ဒါက ငါ တို့ရဲ့ ဂိုဏ်းချုပ်လေး ယွင်ခုံး အတွက်ပဲ"

​ဝမ်ကျိယွီက ပြုံး သည်။ "ဘယ်သူတွေ ဘယ်လိုပဲ ပြောင်းလဲ သွားပါစေ၊ လူငယ်မျိုးဆက်ရဲ့ အမြင့်ဆုံး နေရာ က ဂိုဏ်းချုပ်လေး အတွက်ပဲ "

​ထန်ထျန်းက ခေါင်းညိတ်သည်။

​ဒါက ဂိုဏ်းချုပ်လေး ရဲ့ အဆင့်အတန်း နဲ့ ကိုက်ညီ သည်။

​မကြာခင်မှာပဲ မီးခိုးရောင် ရိုးရိုးရှင်းရှင်း ဝတ်စုံ ဝတ်ထားတဲ့ လူငယ် တစ်ဦးက အပြင်ဘက်ကနေ ဝင်လာပြီး တည့်တည့် အလယ် နေရာမှာ ထိုင် လိုက်သည်။

​ဒါက ထန်ထျန်း ဂိုဏ်း ရဲ့ ဂိုဏ်းချုပ်လေး ကို ပထမဆုံးအကြိမ် မြင်ဖူးတာပင်။

​စိတ်ကူး ထားတာနဲ့ နည်းနည်း ကွဲပြား နေသည်။

​ယွင်ခုံး က အရမ်း ရိုးရိုး ဖြစ်နေပုံရကာ အပြင်မှာ ပစ် ထားလိုက်ရင် သာမန်လူ တွေနဲ့ ဘာမှ မကွာလှပေ။

​စကားပြောတဲ့အခါ နှုတ်ခမ်းထောင့် မှာ ဖျော့တော့တဲ့ အပြုံး တစ်ခု အမြဲရှိ နေပြီး မာနကြီး တဲ့ ပုံစံ မျိုး မရှိ ပေ။

​အချုပ်အားဖြင့် သူက နွေးထွေး တဲ့ ခံစားချက် ကို ပေးသည်။

​"ဒီလောက်များတဲ့ ပါရမီရှင် တွေနဲ့ သခင်လေး တွေကို ချုပ်ကိုင် ထားနိုင်ပါ့မလား"

​ထန်ထျန်းက တိတ်တိတ်ဆိတ်ဆိတ် စဉ်းစားသည်။

​ဂိုဏ်းချုပ်လေး ထိုင် လိုက်တာနဲ့ ဒီ ဖလှယ်ပွဲ တရားဝင် စတင် ပြီ ဖြစ်ကြောင်း ကြေညာ လိုက်သည်။

​"တာအို မိတ်ဆွေများအားလုံး မင်္ဂလာပါ"

​"ပထမဆုံးအနေနဲ့ မင်း တို့အားလုံး ရောက်ရှိ လာတာကို ကျေးဇူးတင် ပါတယ်။ မင်း တို့ တစ်ယောက်ချင်းစီက ဂိုဏ်းအတွက် မရှိမဖြစ် အရေးကြီး တဲ့ သော့ တွေ ပဲ"

​"တစ်ဂိုဏ်းတည်း က ညီအစ်ကို မောင်နှမ များဖြစ်ကြတာကြောင့် လက်တွဲ လုပ်ဆောင်ပြီး ပိုပြီး လှပ တဲ့၊ ပိုပြီး သဟဇာတ ဖြစ်တဲ့ ကျင့်ကြံရာ နေရာ တစ်ခုကို ဖန်တီး သင့်ပါတယ်..."

​ထန်ထျန်း စိတ်ကူး ထားတဲ့အတိုင်းပဲ ယွင်ခုံး ရဲ့ စကားပြော ပုံက မမြန်မနှေး ဘဲ ကျောက်စိမ်း လို နူးညံ့ ပြီး လေသံ က အရမ်း နွေးထွေး သည်။ လူတွေကို နွေဦးလေ တိုက်ခတ်သလို ခံစားရစေသည်။

​ဒါပေမဲ့ ခန်းမထဲက လူအားလုံး၊ သခင်လေး အချို့ အပါအဝင်၊ လေးနက် တဲ့ ဟန်ပန် နဲ့ လေးစားမှု ရှိတဲ့ အမူအရာ တွေနဲ့ အာရုံစိုက် နားထောင်နေကြပြီး ပေါ့ဆမှု ဒါမှမဟုတ် ရိုင်းပျမှု တစ်ခုမှ မပေါ် ခဲ့ပေ။

​ဂိုဏ်းချုပ်လေး ရဲ့ ဩဇာအာဏာ က သူ့ရဲ့ နူးညံ့မှု ကြောင့် အနည်းငယ်မျှ လျော့ကျသွားခြင်း မရှိခဲ့ပေ။

​ယွင်ခုံး ဆွေးနွေး တဲ့ အကြောင်းအရာ က ဝမ်ကျိယွီ ပြောခဲ့တာနဲ့ ဆင်တူ သည်။

​အဓိက အချက် ကတော့ တစ်နှစ်ကျော် ကြာရင် ကျင်းပမယ့် ဂိုဏ်းပေါင်းစုံ ပြိုင် ပွဲ ပင် ဖြစ်သည်။

​အဲဒီအချိန်မှာ ဝူဒင် နန်းတော် ရဲ့ လက်အောက်ခံ ဂိုဏ်းပေါင်း တစ်ရာကျော် က သူတို့ရဲ့ အထူးချွန်ဆုံး အဓိက တပည့် တွေကို စေလွှတ်ပြီး ပါရမီရှင် တွေကြားက ထိပ်တန်း တိုက်ပွဲ တစ်ခုကို ကျင်းပလိမ့်မည်။

​ထူးချွန် သူတွေကို ဝူဒင် နန်းတော် ထဲကို ပိုပြီး နက်ရှိုင်း တဲ့ ကျင့်ကြံမှု အတွက် ရွေးချယ် လိမ့်မည်။

​ချင်းယွဲ့ဂိုဏ်းက တည်ထောင် တဲ့ အချိန် နည်းတာကြောင့် အရင် ဂိုဏ်းပေါင်းစုံ ပြိုင် ပွဲ တွေမှာ စွမ်းဆောင်ရည် က အရမ်း ဆိုးရွား ပြီး အောက်ဆုံးနီးပါး မှာပဲ ရှိခဲ့သည်။

​ဒါပေမဲ့ ယွင်ခုံး ဂိုဏ်းချုပ်လေး ဖြစ်လာပြီးနောက် နှစ်ပေါင်း နှစ်ဆယ်ကျော် အတွင်းမှာ ချင်းယွဲ့ဂိုဏ်းရဲ့ စွမ်းဆောင်ရည် က လျင်မြန်စွာ တက် လာပြီး အလယ်အလတ် အဆင့်ရဲ့ အထက် ကို ရောက်ရှိခဲ့သည်။

​ဒါက အံ့သြစရာပင်။

​ဘာလို့လဲဆိုတော့ ဝူဒင် နန်းတော် ရဲ့ လက်အောက်ခံ ဂိုဏ်း တွေထဲမှာ နှစ်ပေါင်း တစ်ထောင် ဒါမှမဟုတ် ထောင်ပေါင်းများစွာ တည်ထောင် ခဲ့တဲ့ ဂိုဏ်းကြီး တွေ များစွာ ရှိသည်။

​သူတို့ကို အနိုင်ယူ နိုင်တာက ချင်းယွဲ့ဂိုဏ်းအတွက် အရမ်း ထူးချွန် နေပြီ ဖြစ်သည်။

​ဒီအထိဆိုရင် ထန်ထျန်းလည်း အနည်းငယ် သဘောပေါက် သွားသည်။ ယွင်ခုံး က ဘာလို့ သာမန် လို ပုံရပြီး တခြားသူတွေက သူ့ကို ဒီလောက် လေးစား ကြတာလဲဆိုတာကိုပင်။

​ဒီလို အံ့သြ ဖွယ်ရာ ကို အကောင်အထည်ဖော် နိုင်တာက မရိုးရှင်း တာ သေချာသည်။

​ဆွေးနွေးချိန် က အရမ်း ကြာ ခဲ့ ပေမဲ့ လူတွေ ငြီးငွေ့ သွားခြင်း မရှိပေ။ အိပ်ငိုက် နေသူ တစ်ယောက်မှ မရှိခဲ့ပေ။

​ယွင်ခုံး ရဲ့ စကားပြော ပုံက ရှင်းလင်း ပြတ်သားသည်။ အဓိက တပည့်၊ ဂုဏ်ထူးဆောင်တပည့်၊ ဧည့်သည် စသည်တို့ကို ကောင်းမွန်စွာ အကဲဖြတ် ခဲ့ပြီး အနာဂတ် အတွက် ကောင်းမွန် တဲ့ မျှော်မှန်းချက် တွေကိုလည်း ဖော်ပြခဲ့သည်။

​"မင်း တို့အားလုံးရဲ့ ပူးပေါင်း ကြိုးပမ်းမှု အောက်မှာ ဂိုဏ်းက ပိုပြီး မြင့်မား တဲ့ ထိပ်ဆုံး ကို သွား နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်"

​ယွင်ခုံး က နောက်ဆုံးမှာ နိဂုံးချုပ် ခဲ့သည်။

​ပြောပြီးနောက် သူက ခန်းမကနေ ထွက်ခွာ သွားသည်။ မိုရှောင်ရှောင်း နဲ့ သခင်လေး အချို့လည်း တစ်ဦးပြီး တစ်ဦး ထွက်ခွာ သွားကြသည်။ ထို့နောက် တခြားလူတွေလည်း တဖြည်းဖြည်း လူစုခွဲ သွားကြသည်။

​ခန်းမကနေ ထွက်လာ ပြီး ထန်ထျန်းက ရှည်လျား တဲ့ သက်ပြင်း တစ်ချက် ချ လိုက်သည်။

​ဒီ လောက ကို ရောက်ပြီးနောက် ခေါင်းဆောင် တွေ အစည်းအဝေး လုပ်တဲ့ ဒီလို မြင်ကွင်း မျိုးကို သူ ပထမဆုံးအကြိမ် ကြုံတွေ့ရတာ ဖြစ်သည်။

​"ဘာဖြစ်လို့လဲ"

​ဝမ်ကျိယွီက မေးသည်။

​ထန်ထျန်းက ခေါင်းအနည်းငယ် ခါသည်။ "ဘာမှ မဟုတ်ဘူး၊ စိတ်ကူးထားတာနဲ့ နည်းနည်း မတူ လို့ပါ"

​"လူငယ်မျိုးဆက်ရဲ့ စုဝေးပွဲ က ပိုပြီး... တက်ကြွ လိမ့်မယ်လို့ ငါ ထင် ခဲ့တာ"

​တကယ်တော့ သူ ရည်ရွယ် ခဲ့တာက ပိုပြီး သိမ်မွေ့ သည်။ သူ ထင် ခဲ့တဲ့ လူငယ်တပည့် စုဝေးပွဲ က နွေဉီးပန်းခြံ လိုမျိုး လူတွေ စုဝေး ပြီး အနိုင်ယူ ဖို့ ကြိုးစား ကြလိမ့်မည်။ စားပွဲကိုရိုက် တာ၊ ခုံကို ခွဲ တာတွေက ပုံမှန် ဖြစ်လိမ့်မယ်လို့ ထင်ခဲ့တာပင်။

​"ခဏနေရင် တက်ကြွ လာလိမ့်မယ်"

​ဝမ်ကျိယွီက ထန်ထျန်းရဲ့ ဆိုလိုရင်း ကို နားမလည် ခဲ့ပေ။ "ဂိုဏ်းချုပ်လေး နဲ့ သခင်လေး တွေရဲ့ အဆင့်အတန်း နဲ့ အနေအထား က အရမ်း မြင့် တယ်။ သာမန်တပည့်တွေနဲ့ သေချာ ပေါက် တူ မှာ မဟုတ်ဘူး"

​"စိန်ခေါ် ပွဲ ရောက်တဲ့အခါ တခြားသူတွေရဲ့ နေရာ ဖြစ်လာလိမ့်မယ်။ ပိုပြီး စိတ်ဝင်စား ဖို့ ကောင်းလာမှာ သေချာတယ်"

​ထန်ထျန်းက ခေါင်းညိတ်ပြီး လန်ယွီ တို့ကို ခေါ်ပြီး ဒီနေရာကနေ ထွက်သွား ဖို့ ပြင်လိုက်သည်။

​ဒါပေမဲ့ ဒီအချိန်မှာ အပြာရောင် ပုံရိပ် တစ်ခုက သူ့ရှေ့မှာ ရပ် လိုက်သည်။

​ဒါက လုချန်းကျီ ပင်။

​"မင်း က ထန်ထျန်း လား"

​လုချန်းကျီ ရဲ့ လေသံ က ရိုးရှင်း ပြီး ဘာ ခံစားချက် မှ မပြ ခဲ့ပေ။

​ထန်ထျန်းက မျက်မှောင်အနည်းငယ် ကြုတ် ကာ "ကိစ္စ ရှိလား"

​လုချန်းကျီ က "အရင်တစ်လတုန်း က မင်း နဲ့ ငါ့ ရဲ့ လက်အောက်က တစ်ယောက် ကြားမှာ နားလည်မှု လွဲ ပြီး မပျော်ရွှင်စရာ ကိစ္စအချို့ ဖြစ်ခဲ့တယ်လို့ ကြားရတယ်"

​"မင်း စိတ်ထဲမှာ မထားဖို့ မျှော်လင့်ပါတယ်"

​"ဂိုဏ်းချုပ်လေး ပြောခဲ့သလိုပဲ၊ တစ်ဂိုဏ်းတည်း က ညီအစ်ကို မောင်နှမ တွေ လက်တွဲ လုပ်ဆောင်တာကမှ တက်လှမ်းဖို့ လှေကားထစ် ဖြစ်လာမှာ "

​"မင်း တို့ကြားက ရန်ငြိုး က ဒီမှာပဲ ရပ် လိုက်ပါတော့ "

​ထန်ထျန်း စိတ်ထဲ မှာ အံ့အားသင့် သွားသည်။ သူက ဒုက္ခရှာ ဖို့ လာတာလို့ ထင်ခဲ့တာ။ မမျှော်လင့်ဘဲ ရန်ငြိုး ဖြေရှင်း ဖို့ လာတာ ဖြစ်နေ သည်။

​ဒါပေမဲ့ လုချန်းကျီ ရဲ့ လေသံ က ယဉ်ကျေး သလိုလို ရှိပေမယ့် စကားလုံးတိုင်းမှာ မငြင်းဆန် နိုင်တဲ့ လေသံ တွေ ပါနေတာကြောင့် သူ့ကို စိတ်မသက်မသာ ဖြစ်စေသည်။

​ဒါပေမဲ့ အဲဒါက အသေးအဖွဲ ကိစ္စ လေးပဲ ဖြစ်တာကြောင့် သူလည်း အလေးအနက် မထားခဲ့ပေ။

​"ရပါတယ်။ ကျွန်တော် မေ့သွားပါပြီ"

​ထန်ထျန်းက ပြောသည်။

​လုချန်းကျီ က ခေါင်းညိတ်သည်။ "ဒါဆို ကောင်းတာပေါ့"

​ပြောပြီးနောက် သူက သူ့ရဲ့ လက်အောက်ခံ တွေနဲ့ ဧည့်သည် တွေကို ခေါ်ပြီး လှည့် ပြီး ထွက် သွားသည်။

​ထန်ထျန်းက ကြည့်လိုက်တော့ သူ့ရဲ့ အဖွဲ့ ထဲမှာ ရှန့်တုဖုန်း ကို တကယ်ပဲ တွေ့ လိုက်ရသည်။

​ဒါပေမဲ့ သူ့ကို ပိုပြီး အံ့အားသင့် စေတာက တစ်လကျော် မတွေ့ရတဲ့ ဖန်ဖေး က အဲဒီအထဲမှာ ပါနေတာပင်။

​ပြီးတော့ သူမက ရှန့်တုဖုန်း ဆီမှ စွန့်ခွာပြီး လုချန်းကျီ နဲ့ ပိုပြီး နီး စပ် နေသည်။

​ထန်ထျန်း မျက်မှောင်ကြုတ် လိုက်သည်။ ဒါက ကောင်း တဲ့ ကိစ္စ မဟုတ်ပေ။

​တစ်ချိန်တည်းမှာပဲ ဖန်ဖေး က လုချန်းကျီ လို ကြီးမားတဲ့ လူ ကို ဘယ်လို ဖမ်း လိုက်တာလဲဆိုတာကိုလည်း အံ့ဩ မိသည်။

သူမက ​နည်းနည်း တော့ ဉာဏ်များတာပဲ။

​လုချန်းကျီ ထွက်သွားပြီးနောက် ဝမ်ကျိယွီလည်း အံ့အားသင့် နေသည်။ "သူ ဘာလို့ ရုတ်တရက်ကြီး မင်း ကို လာရှာတာလဲ"

​"အဲဒီ အသေးအဖွဲ ကိစ္စ အတွက် သူ ကိုယ်တိုင် လာဖို့ မလိုလောက်ဘူး မဟုတ်လား"

​ထန်ထျန်းက ခေါင်းခါပြီး ဘာမှ မပြော ခဲ့ပေ။

​ဒါပေမဲ့ စိတ်ထဲ မှာတော့ ခန့်မှန်းချက် တစ်ခု ရှိ နေသည်။

​ဖန်ဖေး...

All Chapters