← Chapters

ပြိုင်ဘက်ကင်းဓားသိုင်းမောင်နှံ

Vol. 109 Ch. 1525

ပြိုင်ဘက်ကင်းဓားသိုင်းမောင်နှံ

Vol. 109 Ch. 1525

အခန်း (၁၅၂၅) ပြိုင်ဘက်ကင်းဓားသိုင်းမောင်နှံ

ရန်ကျောက်ကဲ ကောင်းကင်ယံဆီသို့ ခေါင်းမော့ကြည့်လိုက်သည်။

သွေးအစီအရင်၏ စည်းတံဆိပ်အပေါ်သက်ရောက်မှုက လွင့်ပြယ်သွားခြင်း မရှိသေးပေ။

ရွှေရောင်တိမ်တိုက်တောင်ထွတ်၏ ကောင်းကင်ယံထက်တွင် သွေးနီရောင်အလင်းရိပ်များက ဝေဝါးစွာ ထွက်ပေါ်နေဆဲ ဖြစ်သည်။

“လွန်ခဲ့တဲ့ နှစ်ပေါင်း(၂၀၀၀)ကျော်ကပေါ့... ကျွန်မ အမှတ်မမှားဘူးဆိုရင် နှစ်ပေါင်း(၂၀၉၇)နှစ် ရှိခဲ့ပါပြီ ၊ အဲဒီတုန်းက ရန်ရှင်းထန်နဲ့ တိချင်းလျန်တို့ ပြင်ပလောကကနေ ကျွန်မတို့ ကျောက်စိမ်းစမ်းချောင်းကမ္ဘာကို ရောက်လာခဲ့ကြတယ်”

ထုန်ရှင်းလင်၏အသံ ထွက်ပေါ်လာသည်။

သူမ၏မျက်ဝန်းများက အတိတ်ကိုပြန်လည်မြင်ယောင်နေသည့်ပမာ ရှိသည်။

“သူတို့က တာအိုဆရာ’ယွိတင်’ နဲ့ နတ်ဘုရားထောင်ချောက်ဓားကိုရှာဖွေဖို့ ရောက်လာခဲ့ကြတာ”

ထိုစဉ်အချိန်က တာအိုဆရာ’ယွိတင်’ ဆုံပါးသွားခဲ့ပြီဖြစ်ပြီး ကျောက်စိမ်းစမ်းချောင်းကမ္ဘာက နတ်ဘုရားထောင်ချောက်ဓားကို ထိန်းသိမ်းထားခဲ့သည်။

ထိုကာလအတွင်း ကျောက်စိမ်းစမ်းချောင်းကမ္ဘာတွင် ချီစွမ်းအား(၅)ခု ပေါင်းစည်းအဆင့်သို့ရောက်ရှိသူ မရှိခဲ့သဖြင့် မည်သူမှ နတ်ဘုရားထောင်ချောက်ဓားကို အသုံးမပြုနိုင်ခဲ့ကြပေ။

ထို့ကြောင့် ဤကမ္ဘာတွင် ဂိုဏ်းဂဏများစွာရှိသည့်တိုင် မည်သူမှ နတ်ဘုရားထောင်ချောက်ဓားကို ပိုင်ဆိုင်နိုင်ခြင်း မရှိခဲ့ကြ‌ပေ။

သို့သော် ပြင်ပမှရောက်လာမည့်သူများ ဓားကိုယူဆောင်သွားမည်ကိုတော့ ခွင့်ပြုမည် မဟုတ်ပေ။

သူက တာအိုဆရာ’ယွိတင်’ ၏ အဆက်အနွယ်ဖြစ်ကြောင်း ရန်ရှင်းထန်က ပြောပြခဲ့သည့်တိုင် ကျောက်စိမ်းစမ်းချောင်းကမ္ဘာမှလူများက ရပ်တည်ချက်မပြောင်းလဲခဲ့ကြပေ။

ထုန်ရှင်းလင်က...

“တာအိုရောင်းရင်း’ရန်’ က ကျွန်မတို့နဲ့ ရယ်ရယ်မောမာပဲ စကားပြောနေကြတာပါ ၊ သူက အခုချိန်မှာ လမ်းမှန်တာအိုဝါဒက အားနည်းနေပြီး ပြင်ပတာအိုကျင့်ကြံသူတွေက အားကြီးလာနေတယ်လို့ ပြောပြခဲ့တယ်”

စကားပြောရင်း ထုန်ရှင်းလင်အသံက တိုးဖျော့လာသည်။

“ကျွန်မတို့တွေကို သူနဲ့ပူးပေါင်းဖို့ ဖိတ်ခေါ်ခဲ့တယ် ၊ ဒါပေမဲ့ ကံမကောင်းစွာပဲ... သူ့စကားမဆုံးခင်မှာ လူတစ်ယောက် ထပ်ရောက်လာခဲ့တယ်”

ထိုစကားကြားတော့ ရန်ကျောက်ကဲနှင့် ရန်တိတို့၏မျက်ဝန်းများ လက်ခနဲတောက်ပသွားကြသည်။

“ဓားဗုဒ္ဓလား...”

ထုန်ရှင်းလင် ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ်... ဓားဗုဒ္ဓပဲ...”

ထိုအကြောင်းများကိုပြောဆိုစဉ် သူမ၏မျက်နှာအမူအရာက အနည်းငယ် မတည်မငြိမ် ဖြစ်လျှက်ရှိသည်။

“ဓားဗုဒ္ဓက ဓားကိုဆွဲကိုင်ပြီး ပြင်ပလောကကနေ ရောက်လာခဲ့တာ ၊ သူ့ရဲ့ဗုဒ္ဓပုံရိပ်နဲ့ ကျောက်စိမ်းစမ်းချောင်းကမ္ဘာ တစ်ခုလုံးကို ဖိနှိပ်ထားခဲ့တယ် ၊ ကျွန်မတို့ဆီမှာ နတ်ဘုရားထောင်ချောက်ဓားရှိပေမယ့် အဲဒီဓားကို အသုံးပြုနိုင်တဲ့သူ မရှိတဲ့အတွက် ဓားဗုဒ္ဓကို ဘယ်သူမှ ရင်မဆိုင်နိုင်ခဲ့ကြဘူး”

ရန်ကျောက်ကဲက...

“သူက နတ်ဘုရားထောင်ချောက်ဓားအတွက် လာခဲ့တာလား၊ ဒါမှမဟုတ်……”

ထုန်ရှင်းလင်က ခေါင်းညိတ်လိုက်ပြီး...

“ဓားဗုဒ္ဓက တာအိုဆရာ’ယွိတင်’ အတွက် ရောက်လာတာပါ ၊ ဒါပေမဲ့ ဆရာဘိုးဘိုးက ဆုံးပါးသွားပြီဆိုတော့ သူက ရုပ်အလောင်းကိုတောင် မထိခဲ့ပါဘူး ၊ ဒါပေမဲ့ ဓားဗုဒ္ဓက နတ်ဘုရားထောင်ချောက်ဓားကိုလုယူဖို့ကြိုးစားရုံသာမက ကျွန်မတို့ကိုလည်း ယုံကြည်ခြင်းအလင်းပေးပြီး သုခဘုံကိုခေါ်သွားဖို့ အတင်းအကြပ် လုပ်ဆောင်ခဲ့တယ်”

သူမက ဆက်ပြောလိုက်သည်။

“ကျွန်မတို့ ကောင်ကင်နတ်ဘုရားအဆင့် ကျင့်ကြံသူတစ်ယောက်ကို ရင်ဆိုင်နိုင်စွမ်း မရှိဘူးလေ”

ထိုစကားပြောစဉ် ထုန်ရှင်းလင်၏ မျက်နှာအမူအရာက မှုန်မှိုင်းလျှက်ရှိသည်။

တာအိုဆရာ’ချင်းကျန်း’ ၏မျက်နှာသည်လည်း မည်းမှောင်လျှက် ရှိ၏။

ဓားဗုဒ္ဓရောက်ရှိလာသဖြင့် ကျောက်စိမ်းစမ်းချောင်းကမ္ဘာတစ်ခုလုံး အန္တရာယ်ရှိသော အခြေအနေသို့ ရောက်ရှိစေခဲ့သည့် ကပ်ဘေးကို သူတို့နှစ်ယောက်လုံး တွေ့ကြုံခံစားခဲ့ကြရသည်ပင်။

မည်မျှထူးချွန်သော နက်ရှိုင်းနတ်ဘုရားဖြစ်ပါစေ ကောင်းကင်နတ်ဘုရားအဆင့် ဗုဒ္ဓဘာသာကျင့်ကြံသူ၏ တန်ခိုးစွမ်းအားကို ရင်ဆိုင်ရန် မဖြစ်နိုင်ပေ။

ပြင်ပဗုဒ္ဓဘာသာကျင့်ကြံသူဖြစ်နေလျှင်တောင်မှ ရင်ဆိုင်ရန် မဖြစ်နိုင်ပေ။

သေမျိုးလူသားအဆင့်သာရှိသေးသော သိုင်းသူတော်စင်တစ်ယောက်က ယိုစိမ့်ခြင်းမရှိ အစစ်အမှန်နတ်ဘုရားတစ်ပါးကို ရင်ဆိုင်နိုင်သော်လည်း နက်ရှိုင်းနတ်ဘုရားတစ်ပါးကိုတော့ ရင်ဆိုင်နိုင်မည် မဟုတ်ပေ။

ထို့အတူပင် နက်ရှိုင်းနတ်ဘုရားတစ်ပါးသည်လည်း ကောင်းကင်နတ်ဘုရားတစ်ပါးကို ရင်ဆိုင်ရန် မျှော်လင့်ချက် မရှိပေ။

နက်ရှိုင်းနတ်ဘုရား၏ အမတချီစွမ်းအားက ကောင်းကင်နတ်ဘုရား၏ အမတပန်းပွင့်သရဖူ အကာအကွယ်ကို ထိခိုက်အောင်မလုပ်နိုင်ခြင်းကိုအသာထား ၊ အမတချီစွမ်းအားကတော့ အမတပန်းပွင့်သရဖူဖြင့် တိုက်ခိုက်ခံရလျှင် တစ်စစီ ပြိုကွဲပျက်ဆီးသွားပေမည်။

အခြားသော ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူများက သူတို့၏ ကြောက်မက်ဖွယ်ရာတန်ခိုးစွမ်းအားကို ဟန့်တားထားခြင်းမရှိလျှင် သို့မဟုတ် မဟာတာအိုက ကန့်သတ်ထားခြင်းမရှိလျှင် ကောင်းကင်နတ်ဘုရားများသည် နက်ရှိုင်းနတ်ဘုရားများအတွက် များစွာအဆင့်မြင့်မားသည့် တည်ရှိမှုများ ဖြစ်လာပေမည်။

ဓားဗုဒ္ဓသည်လည်း ထိုနည်းတူပင် ဖြစ်သည်။

သူ၏စွမ်းအားရောင်ဝါက ကျောက်စိမ်းစမ်းချောင်းကမ္ဘာတစ်ခုလုံးအား လွှမ်းခြုံထားပြီး သက်ရှိအားလုံးကို သူ၏ရောင်ဝါထဲတွင် ချုပ်နှောင်ထားသည်ဖြစ်ရာ မည်သူမှ လွတ်မြောက်နိုင်ခြင်း မရှိခဲ့ပေ။

ဓားဗုဒ္ဓအနေဖြင့် နက်ရှိုင်းနတ်ဘုရားအနည်းငယ်ကို အတင်းအကျပ် ဉာဏ်အလင်းပေးရန် မဖြစ်နိုင်သော်လည်း အခြားသောကျင့်ကြံသူများကိုတော့ အတင်းအကျပ် လုပ်ဆောင်နိုင်စွမ်းရှိသည်။

သို့သော် ဓားဗုဒ္ဓက ထိုအလုပ်ကို ကိုယ်တိုင်လုပ်ရန် ဆန္ဒမရှိခဲ့ပေ။ သူက ဤကမ္ဘာမှလူများအားလုံးကို အဖြူရောင်ကြာပန်းသုခဘုံသို့ခေါ်ဆောင်သွားပြီး အခြားသူများက ဤကိစ္စကိုကိုင်တွယ်စေရန် ရည်ရွယ်ထားသည်။

သူခေါ်ဆောင်သွားမည့်သူများထဲတွင် ရန်ရှင်းထန်နှင့် တိချင်းလျန်တို့လည်း ပါဝင်ခဲ့သည်။

ထိုအချန်တွင် ရန်ရှင်းထန်က ရုတ်တရက် တောင်းဆိုခဲ့သည်။

သူကလည်း ဓားသိုင်းကျင့်ကြံသူဖြစ်လေရာ ဓားဗုဒ္ဓအမည်တွင် “ဓား” ဆိုသောစာလုံးပါဝင်သဖြင့် ရန်ရှင်းထန်က သူနှင့်ဓားသိုင်းယှဉ်ပြိုင်ရန် စိန်ခေါ်ခဲ့သည်။

ထုန်ရှင်းလင်က အတိတ်မှတ်ဉာဏ်မျးကို ပြန်စဉ်းစားရင်း စကားဆိုလိုက်သည်။

“လူတိုင်းကို အံ့အားသင့်စေတာက... ဓားဗုဒ္ဓကလည်း တာအိုရောင်းရင်း’ရန်’ စိန်ခေါ်တာကို လက်ခံခဲ့တယ်”

ရန်ကျောက်ကဲက တစ်ချက်တွေးတောလိုက်ရင်း...

“ဓားဗုဒ္ဓက သူ့တစ်ဘဝလုံး ဓားသိုင်းလမ်းစဉ်ထဲမှာ နှစ်မြုပ်ထားခဲ့တာ ၊ သူက ဗုဒ္ဓဘာသာကျင့်စဉ်တွေထဲမှာ ဓားသိုင်းလမ်းစဉ်ကို လမ်းသစ်ထွင်ဖို့ ဆုံးဖြတ်ထားခဲ့တယ် ၊ ဓားသိုင်းလမ်းစဉ်ဟာ လောဘ ၊ ဒေါသ ၊ ရူးသွပ်မှုတွေနဲ့ ပြည့်နက်နေတဲ့အတွက် ဗုဒ္ဓဘာသာနဲ့ မကိုက်ညီဘူး ၊ ဒါပေမဲ့ ဓားဗုဒ္ဓက ခေါင်းမာမာနဲ့ကြိုးစားတဲ့အတွက် နောက်ဆုံး လမ်းသစ်ထွင်နိုင်ခဲ့ပြီး အောင်မြင်မှုလည်း ရရှိခဲ့တယ်”

သူက ဆက်ပြောလိုက်သည်။

“တချို့ကောလဟလတွေအရတော့ အလယ်ပိုင်းသုခဘုံက အဖြူရောင်ကြာပန်းသုခဘုံအဖြစ် ပြောင်းလဲသွားတဲ့နောက် ဓားသခင်က သုခဘုံက ထွက်ခွာသွားခဲ့တယ် ၊ ဒါပေမဲ့ နောက်ပိုင်း သူ ပြန်ရောက်လာပြီး မီလဲ့ကိုယ်တော်ရဲ့အဆုံးအမအောက်မှာ မူလကောင်းကင်ကပ်ဘေးကို စိန်ခေါပြီး ဗုဒ္ဓအဖြစ် တရားအလင်းရခဲ့တယ်လို့ ဆိုကြတယ်”

ရန်ကျောက်ကဲက မျက်လုံးများကို မှေးစင်းလိုက်ရင်း...

“ဒါပေမဲ့ သူ ဒီလိုလုပ်တာက သူ့ရဲ့ဓားသိုင်းလမ်းစဉ်ကို မယုံကြည်လို့မဟုတ်ဘူး ၊ သူ့အတွက် အချိန်ကုန်ဆုံးခါနီးလာလို့ပဲ”

သူက “ဓားသခင်” ဆိုသောအမည်ဖြင့် အချိန်ကြာမြင့်စွာ နာမည်ကြီးခဲ့သူ ဖြစ်သည်။

သူ့ဘဝတစ်သက်တာ ဓားသိုင်းလမ်းစဉ်ကို လျှောက်လှမ်းရာတွင် အတားအဆီးများနှင့် မထင်မှတ်သည့်အခြေအနေများ ကြုံတွေ့ရမှုကြောင့် သူ၏သက်တမ်း တစ်စိတ်တစ်ပိုင်းပျက်ဆီးခဲ့ပြီး အခြားသော ဗောဓိသတ္တများနှင့် ထိုက်ရွှီးမူလနတ်ဘုရားများထက် သက်တမ်းပိုတိုခဲ့သည်။

ကောလဟလများအရ မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက် သူ၏သက်တမ်းတွက်ချက်ရာတွင် သက်တမ်းကုန်ဆုံးရန်အတွက် အများဆုံးအတိုင်းအတာအထိ နီးကပ်နေပြီဖြစ်သည်။

သူက အဖြူရောင်ကြာပန်းသုခဘုံသို့ ပါဝင်လာရခြင်းမှာ သေခြင်းတရားကိုကြောက်ရွံ့ခြင်းကြောင့်မဟုတ်ဘဲ သူ၏ဓားလမ်းစဉ် မပြီးမြောက်ခင် လောကမှ ထွက်ခွာမသွားချင်သောကြောင့် ဖြစ်သည်။

ပြင်ပဗုဒ္ဓဘာသာ ဉာဏ်အလင်းရရှိခြင်းက လမ်းမှန်ဗုဒ္ဓဘာသာကဲ့သို့ စစ်မှန်ခြင်းမရှိသော်လည်း “ဓားသခင်” ၏ သက်တမ်းကိုတော့ ဖြည့်တင်းပေးနိုင်စွမ်း ရှိခဲ့သည်။

ဤနည်းဖြင့် သူ၏ဓားသိုင်းကို ပြီးပြည့်စုံအောင် ဆက်လက်ပြုလုပ်ရန် အချိန်ပိုမိုရရှိခဲ့သည်။

ရန်ကျောက်ကဲက...

“အဲဒီဓားသခင်... မဟုတ်ဘူး... ဓားဗုဒ္ဓအကြောင်းကို နည်းနည်းပါးပါးတော့ ကြားဖူးတယ်”

သူက ဆက်ပြောလိုက်သည်။

“သူက သံသရာလမ်းခြောက်သွယ်ကို ဓားသိုင်းနဲ့ပေါင်းစည်းပြီး ကိုယ်ပိုင်လမ်းခြောက်သွယ်အဖြစ် ပြောင်းလဲခဲ့တယ် ၊ အဲဒီ သံသရာလမ်းခြောက်သွယ်က အနှစ်တစ်ထောင်မှာ တစ်ခါပြောင်းလဲတယ်လို့ဆိုတယ်”

ထိုစကားကြားတော့ ထုန်ရှင်းလင်က ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ်... အဲဒီအချိန်က ကျွန်မတို့လည်း နည်းနည်းနောက်ကျမှ တွေးမိခဲ့ကြတယ်”

ဓားဗုဒ္ဓက လမ်းခြောက်သွယ်အဖြစ် ပြောင်းလဲခဲ့သည်။

တစ်ကြိမ်ပြောင်းလဲတိုင်း သူ၏ ကိုယ်ရည်ကိုယ်သွေးက ကွဲပြားသွားသည်။

နတ်ဘုံတွင်ဆိုလျှင် သနားကြင်နာတတ်ပြီး ကရုဏာတရားရှိသူ ဖြစ်လာမည်။ လူ့ဘုံတွင်ဆိုလျှင်တော့ သာမန်လူသားတစ်ဦးခံစားချက်များအားလုံးကို ပိုင်ဆိုင်မည်။

တိရိစ္ဆန်ဘုံတွင်ဆိုလျှင် အတွေးများက ဝေဝါးနေပြီး အတွေးများမရှိသည့်ပမာ နိုးတစ်ဝက် အိပ်တစ်ဝက်အခြေအနေသို့ ရောက်ရှိနေမည်။

ရန်ကျောက်ကဲက...

“အဲဒီအချိန်တုန်းက သူက အသူရာဘုံမှာ ရှိနေခဲ့တာလား”

အသူရာဘုံတွင်ရှိနေပါက ဓားဗုဒ္ဓအနေဖြင့် အလွန်တိုက်ခိုက်လိုစိတ်ပြင်းထန်ပြီး ခေါင်းမာလွန်းကာ အရှုံးကို လက်မခံနိုင်သူ ဖြစ်နေပေမည်။

ထုန်ရှင်းလင်က...

“ဟုတ်တယ်... သူက အသူရာဘုံမှာ ရှိနေခဲ့တာပါ”

သူမက ဆက်ပြောလိုက်သည်။

“အဲဒါကြောင့် သူက ကောင်းကင်နတ်ဘုရားတစ်ပါးဖြစ်တဲ့တိုင် နက်ရှိုင်းနတ်ဘုရားအဆင့်ပဲရှိတဲ့ တာအိုရောင်းရင်း’ရန်’ နဲ့ ဓားသိုင်းယှဉ်ပြိုင်ဖို့ သဘောတူခဲ့တယ် ၊ ဒါကလည်း ရန်ရှင်းထန်ဆိုတဲ့အမည်ကို ကြားဖူးပြီးသားမို့လို့ လက်ခံခဲ့တာ ဖြစ်နိုင်ပါတယ်”

စကားဆိုရင်း သူမ၏မျက်နှာထက် လေးစားသည့်အရိပ်အယောင်များ ထွက်ပေါ်လာသည်။

“နောက်ပိုင်းမှာ အဆင့်မြင့်ဓားသိုင်းဆိုတာ ဘာလဲဆိုတာကို ကျောက်စိမ်းစမ်းချောင်းကမ္ဘာက လူတွေအားလုံး နားလည်ခဲ့ကြရတယ ၊ ကျွန်မတို့ မျက်စိတ်ပိတ်နားပိတ်ဖြစ်နေတာတွေ ပွင့်လင်းသွားခဲ့တယ်”

ရန်ရှင်းထန်၏ဓားသိုင်းသာမက ဓား‌ဗုဒ္ဓ၏ ဓားသိုင်းပညာရပ်များသည်လည်း ကျောက်စိမ်းစမ်းချောင်းကမ္ဘာကမ္ဘာ၏အာရုံကို ဖမ်းစားနိုင်ခဲ့ပြီး ရင်သပ်ရှုမော ဖြစ်စေခဲ့သည်။

ထုန်ရှင်းလင်က...

“ဓားဗုဒ္ဓက တန်ခိုးစွမ်းအားကြီးမားတာမှန်ပေမယ့် တာအိုရောင်းရင်း’ရန်’ က ပိုပြီး စွမ်းအားကြီးခဲ့တယ်”

သူမက ဆက်ပြောသည်။

“ဓားဗုဒ္ဓရဲ့ဓားသိုင်းက ကျွန်မတို့ကို အမြင်ကျယ်စေတယ် ၊ တာအိုရောင်းရင်း’ရန်’ ရဲ့ဓားသိုင်းကတော့ ကျွန်မတို့ တစ်သက်လုံးသင်ယူခဲ့တဲ့သိုင်းပညာဟာ ဘာမှမဟုတ်ဘဲ အလကားပဲလို့ ခံစားရစေတယ်”

တိုက်ပွဲတွင် ရန်ရှင်းထန်က (၁၀)ကြိမ်ပါဝင်ခဲ့ပြီး (၁၀)ကြိမ်လုံး အနိုင်ရခဲ့သည်။

အသူရာဘုံတွင်ရှိနေသည့် ဓားဗုဒ္ဓကတော့ တစ်ပွဲပြီးတစ်ပွဲ ဆက်တိုက်ရှုံးနိမ့်ခဲ့သည်။

သူက နတ်ဘုရားထောင်ချောက်ဓားနှင့် ကျောက်စိမ်းစမ်းချောင်းကမ္ဘာတွင် နေထိုင်သူများကို အဖြူရောင်ကြာပန်းသုခဘုံသို့ ခေါ်ဆောင်မသွားခဲ့သော်လည်း မည်သူ့ကိုမှ အပြင်သို့ထွက်ခွာခွင့်မပေးခဲ့ပေ။

သူက ဗုဒ္ဓအလင်းတန်းများဖြင့် လွှမ်းခြုံပြီး ကျောက်စိမ်းစမ်းချောင်းကမ္ဘာတစ်ခုလုံးကို စည်းတံဆိပ်ခတ်ကာ ရန်ရှင်းထန်နှင့် ဓားသိုင်းယှဉ်ပြိုင်ရန်သာ အပြည့်အဝ အာရုံစိုက်ခဲ့သည်။

ရန်ရှင်းထန်၏စွမ်းအားက ဓားဗုဒ္ဓကို အကန့်အသတ်မရှိ လှုံ့ဆော်ပေးခဲ့သည်။ ဓားဗုဒ္ဓက ဤခံစားချက်ထဲ ယစ်မူးနေခဲ့ပြီး သူ၏ဓားသိုင်းသည်လည်း သိသိသာသာ တိုးတက်လာခဲ့သည်။

ဓားဗုဒ္ဓ၏ဓားသိုင်း တိုးတက်လာချိန် ရန်ရှင်းထန်၏ဓားသိုင်းကလည်း ပိုမိုပြီးပြည့်စုံလာကာ ဓားဗုဒ္ဓကို ဖိနှိပ်ထားခဲ့သည်။

တိုက်ပွဲအလယ်ရောက်သည့်အခါ တိချင်းလျန်က ဓားကိုဆွဲထုတ်ပြီး ခင်ပွန်းသည်နေရာတွင် ဆက်လက်တိုက်ပွဲဝင်ခဲ့သည်။

ထုန်ရှင်းလင်က သက်ပြင်းတစ်ချက်ချရင်း...

“အဲဒီတုန်းက တာအိုရောင်းရင်း’တိ’ က သေရည်တစ်ကျိုက်မော့သောက်လိုက်ပြီး ခါးမှာလွယ်ထားတဲ့ဓားကိုဆွဲထုတ်လိုက်တယ် ၊ ပြီးတော့ သူက သေရည်အိုးကို မြေပြင်ပေါ်ပစ်ချလိုက်ပြီး ဓားဗုဒ္ဓဆီကို ပျံသန်းထွက်ခွာသွားတယ် ၊ သူ့ပုံစံက ဘယ်လောက်ခမ်းနားသလဲဆိုရင် ကျွန်မတောင်မှ မိန်းကလေးချင်း ငေးမောကြည့်ရတဲ့အထိပါပဲ ၊ နှစ်ပေါင်းထောင်နဲ့ချီပြီးကြာခဲ့ပြီဆိုပေမယ့် ကျွန်မမျက်လုံးထဲမှာ ဒီမြင်ကွင်းက ဘယ်တော့မှပျောက်မသွားခဲ့ဘူး ၊ အမြဲတမ်း ထပ်ခါထပ်ခါ ပြန်မြင်ယောင်နေမိဆဲပဲ”

All Chapters