ရက်စက်ကြတမ်းသည့်’ရူယိရွှေတုတ်’
Vol. 109 Ch. 1532
အခန်း (၁၅၃၂) ရက်စက်ကြတမ်းသည့်’ရူယိရွှေတုတ်’
ရန်ကျောက်ကဲက နတ်သက်ကြွေဓားသိုင်းသုံးလျှက် လူ့ဘုံ၏ကန့်သတ်ချက်မှလွတ်မြောက်သွားပြီး ကောင်းကင်ကိုးထပ်သို့ ပြန်လည်ရောက်ရှိလာသည်ကိုမြင်တော့ ချွိစု ၊ ဝမ်ကွမ်းနှင့် ဗုံခရာကောင်းကင်ဘုံအရှင်တို့ မျက်ခုံးများ တွန့်ချိုးလိုက်ကြသည်။
“ဒီဓားသိုင်းက...”
ဤနေရာတွင်ရှိနေသည့် ကောင်းကင်နတ်ဘုရားအဆင့် တန်ခိုးစွမ်းအားရှင်များက နတ်သက်ကြွေဓားသိုင်း၏တန်ခိုးစွမ်းအားကို အရေးမစိုက်နိုင်ဘဲ ထိုဓားသိုင်း၏လွှမ်းမိုးနိုင်စွမ်းကိုသာ ပိုပြီးစဉ်းစားမိကြသည်။
နတ်သက်ကြွေဓားသိုင်းက အစွမ်းထက်သည်မှန်သော်လည်း ရန်ကျောက်ကဲက နက်ရှိုင်းနတ်ဘုရားအဆင့်သာလျှင် ရှိသေးသည်။
ကောင်းကင်နတ်ဘုရားအဆင့်ရှိသော သူတို့ကို မည်သို့ဖိနှိပ်နိုင်ပါမည်နည်း။
လက်ရှိဓားဗုဒ္ဓ၏ ထူးခြားသောအခြေအနေကြောင့်သာ ရန်ကျောက်ကဲက လူ့ဘုံမှ လွတ်မြောက်လာခြင်း ဖြစ်သည်။
ယခုအချိန်တွင် ဓားဗုဒ္ဓက လူ့ဘုံတွင်ရှိနေသဖြင့် သူ၏ ကောင်းကင်နတ်ဘုရားအဆင့် ထူးခြားဆန်းကျယ်သောစွမ်းအားများ ပျောက်ကွယ်နေသဖြင့် နတ်သက်ကြွေဓားသိုင်းက ဓားဗုဒ္ဓဖြန့်ကျက်ထားသော လူ့ဘုံ၏ရှုပ်ထွေးမှုများကို တန်ပြန်တိုက်ခိုက်နိုင်ခြင်း ဖြစ်သည်။
ထိုဓားသိုင်းက ရန်ကျောက်ကဲအား လူ့ဘုံ၏ချုပ်နှောင်မှုမှ လွတ်မြောက်စေရုံသာ ဖြစ်သည်။ ဓားဗုဒ္ဓ ကို ထိခိုက်နစ်နာစေနိုင်ခြင်း မရှိချေ။
ရန်ကျောက်ကဲက အခြားသူများထက် ဤအချက်ကို ပိုမိုသိရှိထားသည်။
ထို့ကြောင့် သူ၏ဦးတည်ရာက ချွိစု ၊ ဝမ်ကွမ်းနှင့် အခြားသူများ လုံးဝမဟုတ်ခဲ့ပေ။
ဓားအလင်းတန်းများ လှိုင်းထန်စွာကျဆင်းလာပြီး မည်သူမှ အာရုံမစိုက်သော တာအိုဆရာ’ယွိတင်’၏ အလောင်းဘက်သို့ ဦးတည်သွားသည်။
တာအိုဆရာ’ယွိတင်’ မကွယ်လွန်မီအချိန်က တာအိုဝါဒ၏ စွမ်းအားကြီးမားသော ဓားသိုင်းကျင့်ကြံသူတစ်ယောက် ဖြစ်ခဲ့သည်။
သမိုင်းတစ်လျှောက်လုံး ထိုသို့ပင် သတ်မှတ်နိုင်သည်။
ဓားဗုဒ္ဓ ၊ ချွိစုနှင့် အခြားသူများအနေဖြင့် ရှေးခေတ် ယွိချင်အဆက်အနွယ် ထိပ်တန်းပုဂ္ဂိုလ်ကြီး ကွယ်လွန်သွားပြီ ဖြစ်ကြောင်း သိရှိနိုင်သည်။
သူ၏ရုပ်အလောင်းသည်ပင် ထူးခြားထင်ရှားသည့် အမှတ်အသားတစ်ခုမှ မကျန်ရစ်ခဲ့ချေ။
တာအိုဆရာ’ယွိတင်’ ၏ ရုပ်အလောင်းနှင့် နတ်ဘုရားထောင်ချောက်ဓားကိုအသုံးပြုပြီး ရန်ရှင်းထန်နှင့် တိချင်းလျန်တို့၏ သွေးအစီအရင်ကြောင့် ဓားဗုဒ္ဓက စည်းတံဆိပ်ထဲ ချိတ်ပိတ်ခံခဲ့ရခြင်း ဖြစ်သည်။
တာအိုဆရာ’ယွိတင်’ ၏ ရုပ်အလောင်းထဲတွင် လျှို့ဝှက်သည့် အံ့သြဖွယ်ရာတန်ခိုးစွမ်းအားတစ်ခု ဖုံးကွယ်ထားသော်လည်း ချွိစု ၊ ဝမ်ကွမ်းနှင့် အခြားသူများက သိပ်ပြီးအာရုံမထားကြပေ။
ထိုအရာ၏ အရေးပါမှုနှင့် ခြိမ်းခြောက်မှုက နတ်ဘုရားထောင်ချောက်ဓားဖြင့်နှိုင်းယှဉ်ပါက အလွန်နိမ့်ကျသည်။
သူတို့က ရန်ကျောက်ကဲတို့အုပ်စု၏ လှုပ်ရှားမှုများကိုသာ သတိထားစောင့်ကြည့်နေကြပြီး နောက်ထပ် သွေးအစီအရင်တစ်ခုပြုလုပ်ရန် ရည်ရွယ်ချက် ရှိမရှိ သတိထားနေကြသည်။
သို့သော် ရန်ကျောက်ကဲက နတ်သက်ကြွေဓားသိုင်းက တာအိုဆရာ’ယွိတင်’ ၏ ရုပ်အလောင်းဆီသို့ ကျရောက်သွားခြင်းက သူတို့မျှော်လင့်ထားသည်ထက် ကျော်လွန်သွားသည်။
ဗုံခရာကောင်းကင်ဘုံအရှင်၏ လက်ဝါးရိုက်ချက်က ရန်ကျောက်ကဲတို့အုပ်စုအား ပစ်မှတ်ထားသည်ဟုဆိုနိုင်သော်လည်း သူ၏အတွင်းစိတ်ထဲမှာတော့ ဓားဗုဒ္ဓနှင့် ချွိစုကိုပါတိုက်ခိုက်ရန် ရည်ရွယ်လိုက်ခြင်း ဖြစ်သည်။
သူက လက်ဖဝါးတွင် စွမ်းအားစုစည်းပြီး စောစောက အာရုံမစိုက်ခဲ့သော ရန်ကျောက်ကဲနှင့် တာအိုဆရာ’ယွိတင်’ ထံသို့ ရက်စက်ကြမ်းတမ်းစွာ ရိုက်ချလိုက်သည်။
ယခင်က သူက ဘေးမှနေပြီး အကျိုးအမြတ်ယူရန်သာ ရည်ရွယ်ခဲ့ပြီး ချွိစု ၊ ဓားဗုဒ္ဓနှင့် ရန်ကျောက်ကဲတို့အုပ်စုကို တစ်ပြိုင်တည်းရှင်းပစ်ရန် ရည်ရွယ်ခဲ့သည်။
ယခုတော့ ထိုအတွေးကို လုံးဝ စွန့်လွှတ်လိုက်ပြီ ဖြစ်သည်။
သူက မျှော်လင့်ချက်ကိုကျော်လွန်သည့်ကိစ္စများကိုဖြေရှင်းပြီး ထိန်းချုပ်မှုလွန်ကဲသော ပြောင်းလဲမှုများကို ချုပ်ထိန်းရန် ဆုံးဖြတ်လိုက်သည်။
ဗုံခရာကောင်းကင်ဘုံအရှင်၏ တိုက်ခိုက်မှုနှင့်အတူ နားကွဲဖွယ်ရာဗုံခရာသံများ ပဲ့တင်ထပ်လာပြီး ကြောက်မက်ဖွယ်ရာ တောင်တန်းများပမာဖိအားက ရန်ကျောက်ကဲနှင့် တာအိုဆရာ’ယွိတင်’ ၏ ရုပ်အလောင်းထက်သို့ ကျရောက်လာသည်။
ချက်ချင်းဆိုသလိုပင် ရန်ကျောက်ကဲ အသက်ရှူသံရပ်တန့်သွားသလို ခံစားလိုက်ရပြီး ဓားဗုဒ္ဓ၏လူ့ဘုံမှ လွတ်မြောက်လာသော သူ၏ခန္ဓာကိုယ်တစ်ခုလုံး ထုံကျဉ်သွားရသည်။
ဗုံခရာကောင်းကင်ဘုံအရှင်က ပြင်ပတာအိုကျင့်ကြံသူ ကောင်းကင်နတ်ဘုရားအဆင့် တန်ခိုးစွမ်းအားရှင်တစ်ယောက် ဖြစ်သည်။
သူ၏စွမ်းအားက ချွိစု ၊ ဝမ်ကွမ်းနှင့် ဓားဗုဒ္ဓတို့ထက်နိမ့်ကျသော်လည်း ကောင်းကင်နတ်ဘုရားအဆင့်တွင် ရှိနေဆဲပင်။
သာမန်နက်ရှိုင်းနတ်ဘုရားတစ်ပါးဆိုလျှင် သူ့ကို မည်သည့်နည်းနှင့်မှ တွန်းလှန်နိုင်မည် မဟုတ်ပေ။
စွမ်းအားနှစ်ခု ထိပ်တိုက်မတွေ့ခင်မှာပင် တာအိုဆရာ’ယွိတင်’ ဆီသို့ဦးတည်နေသည့် ရန်ကျောက်ကဲ၏ဓားအလင်းတန်းများ ပျောက်ကွယ်သွားမည့်လက္ခဏာများ ပြသလာသည်။
ထိုမြင်ကွင်းကိုတွေ့တော့ ကျောက်ကျန်းက ရယ်မောလိုက်ပြီး...
“နောက်ဆုံးတော့ မင်းရဲ့အဆုံးသတ်ကလည်း ငါတို့လိုပါပဲလား”
သို့သော် ထိုခဏမှာပင် လူ့ဘုံရောင်ဝါဖြင့် လွှမ်းခြုံခံထားရသော နတ်မိစ္ဆာမျောက်မင်းက ကောင်းကင်ထက်သို့ခေါင်းမော့လျှက် ကြုံးဝါးသံပြုလုပ်လိုက်သည်။
သူ၏ရှည်လျားသောအော်ဟစ်သံအဆုံးတွင် ခေါင်းကိုစောင်းလိုက်ရာ နားထဲမှ အပ်ငယ်တစ်ချောင်း ပျံသန်း ထွက်ပေါ်လာသည်။
ထိုအပ်ငယ်က လေထုနှင့်ထိတွေ့သည်နှင့် ချက်ချင်းကြီးထွားလာပြီး ရူယိရွှေတုတ်အဖြစ် ပြောင်းလဲသွားသည်။
ထိုရွှေတုတ်က တန်ခိုးဖြင့်ဖန်တီးထားသည့် ပုံရိပ်ယောင်မဟုတ်ပေ။ မျောက်မင်းစွန်းဝူခုန်း၏ “ရူယိရွှေတုတ်” အစစ် ဖြစ်သည်။
ရန်ကျောက်ကဲ အမတခုံရုံးသို့ သွားရောက်သောင်းကျန်းပြီးနောက် ရွှေခန္ဓာ(၃)ခု ပေါင်းစည်းကာ ချီထျန်းမဟာသူတော်စင်၏ အစစ်အမှန်စွမ်းအားကို ထုတ်ဖော်ခဲ့သည်။
ထိုအချိန် တိုက်တိုင်းအောင်ဗုဒ္ဓက သူ၏နတ်မိစ္ဆာပုံစံကိုထုတ်ဖော်ပြီး ရူယိရွှေတုတ်ကိုထုတ်ယူပြီး တိုက်ခိုက်ခဲ့သည်။
နောက်ဆုံး တိုက်တိုင်းအောင်ဗုဒ္ဓနှင့် စန္ဒကူးဗုဒ္ဓတို့ ထွက်ပြေးလွတ်မြောက်သွားချိန် တိုက်တိုင်းအောင်ဗုဒ္ဓလက်ထဲမှ ရူယိရွှေတုတ်က ရန်ကျောက်ကဲလက်ထဲသို့ ကျရောက်ခဲ့ရသည်။
ယခုခရီးစဉ်တွင် ပန်ပန်တစ်ယောက်သာ ရန်ကျောက်ကဲနှင့်အတူ လိုက်ပါလာသော်လည်း ချီထျန်းမဟာသူတော်စင်၏ ရူယိရွှေတုတ်ကို ယူဆောင်လာခဲ့သည်။
ရွှေတုတ်၏ ရက်စက်ကြမ်းတမ်းသောရောင်ဝါက ကောင်းကင်ထက်သို့မြင့်တက်လာပြီး ချက်ချင်းပင် ကောင်းကင်ကို အက်ကွဲသွားစေသည်။
ထိုရွှေတုတ်က ပန်ပန်၏လက်ထဲရောက်ရှိသွားသည်နှင့် အဆုံးမရှိသော မိစ္ဆာချီက နေရာတစ်ခုလုံးသို့ အကန့်အသတ်မဲ့ ပျံ့နှံ့သွားသည်။
မိစ္ဆာချီ၏ကြမ်းတမ်းမှုက လွှမ်းမိုးနိုင်စွမ်း မြင့်မားလွန်းသည်။
ဖြန့်ကျက်လာသည့် လူ့ဘုံရောင်ဝါကို အက်ကွဲသွားစေပြီး ဓားဗုဒ္ဓ၏လူ့ဘုံမှာ လူသူမရှိသော ဖုန်းဆိုးနယ်မြေတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
“ကြီးမားစမ်း ကြီးမားစမ်း ကြီးမားစမ်း”
မျောက်မင်း၏ ကျယ်လောင်သည့် အော်ဟစ်သံအောက်တွင် လက်တစ်ဖက်ဖြင့် သံတုတ်ကိုကိုင်ဆောင်ထားသည့် သူ၏ပုံရိပ်က ဧရာမမျောက်ဝံကြီးအဖြစ် ပြောင်းလဲသွားကာ ဗုံခရာကော်းကင်ဘုံရှေ့တွင် မတ်တတ်ရပ်လျှက် လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။
ဗုံခရာကောင်းကင်ဘုံအရှင်၏ လက်ဝါးရိုက်ချက်က မျောက်မင်း၏ဦးခေါင်းကိုရိုက်မိသွားသော်လည်း မျောက်မင်းက မည်သည့်ထိခိုက်မှုမှမရှိသလို ခေါင်းကို တစ်ချက်ခါယမ်းလိုက်သည်။
နတ်မိစ္ဆာမျောက်မင်းက သွားများကိုဖြဲကာ ခွီးခနဲ မာန်ဖီလိုက်ပြီး သံတုတ်ကိုမြှောက်လျှက် ဗုံခရာကောင်းကင်ဘုံအရှင်အား ရိုက်နှက်ချလိုက်သည်။
သံတုတ်ဖြတ်သန်းသွားသည့်နေရာတိုင်းတွင် စကြာဝဠာဗလာနယ်က ပြိုကွဲသွားပြီး သံတုတ်အစွန်းတစ်ဖက်တွင် အလင်းရောင်များစုဝေးလာသည်မှာ ကြယ်စင်မြစ်တစ်စင်းပမာ ထင်မှတ်ရသည်။
ဗုံခရာကောင်းကင်ဘုံအရှင်၏ပုံရိပ်က ချက်ချင်းပင် ကွဲကြေသွားသည်။ မှန်တစ်ချပ်ပမာ ကွဲကြေသွားပြီး ဗလာနယ်ထဲ အပိုင်းပိုင်းပျံ့ကျဲကာ လေထုထဲတွင် လွင့်ပျံသွားလေသည်။
သို့သော် ဝမ်ကွမ်းက ညည်းတွားသံတစ်ချက်ပြုလိုက်ပြီး သူ၏ခန္ဓာကိုယ်က တုန်ခါသွားကာ မျက်နှာက သွေးမရှိအောင် ဖြူဖျော့သွားသည်။
ထို့နောက် ဗုံခရာကောင်းကင်ဘုံအရှင်၏ပုံရိပ်က အခြားတစ်ဖက်တွင် ပြန်လည်ထွက်ပေါ်လာသည်။
ဝမ်ကွမ်းကြောင့်သာ သူ အသက်ရှင်ခဲ့ရခြင်းပင်။ သို့သော် သူ၏ခန္ဓာကိုယ်တစ်ခုလုံး ဒဏ်ရားများဖြင့် ပြည့်နက်လျှက် ရှိသည်။
သူ၏ပုံရိပ်က ကြွေထည်ကဲ့သို့ တုန်ခါနေပြီး အချိန်မရွေး ပြိုကွဲတော့မည့် အခြေအနေ ဖြစ်သည်။
ချွိစု၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး...
“ဒါက တကယ်ပဲ ရူယိရွှေတုတ်အစစ်လား ၊ ဘာလို့ မင်းလက်ထဲ ရောက်နေရတာလဲ”
ရန်ကျောက်ကဲ အမတခုံရုံးတွင် လာရောက်သောင်းကျန်းကြောင်းကို အဖြူရောင်ကြာပန်းသုခဘုံက သိရှိထားသည်ပင်။ ရန်ကျောက်ကဲက ရွှေခန္ဓာ(၃)ခု ပေါင်းစစည်းပြီး ချီထျန်းမဟာသူတော်စင်၏ အစစ်အမှန်ပုံစံကို ထုတ်ဖော်ခဲ့ကြောင်း သတင်းကြားထားသည်။
သို့သော် တိုက်ပွဲအသေးစိတ်ကို မသိရှိသဖြင့် ထိုတိုက်ပွဲတွင် တိုက်တိုင်းအောင်ဗုဒ္ဓ ရူယိရွှေတုတ် ဆုံးရှုံးခဲ့ကြောင်းကို မသိရှိခဲ့ပေ။
ဤ သံမဏိရွှေတုတ်က ချီထျန်းမဟာသူတော်စင်’စွန်းဝူခုန်း’ ကောင်းကင်ဘုံကို အနိုင်ယူခဲ့သည့်လက်နက်ဖြစ်သလို အနောက်သို့ခရီးထွက်ချိန် ‘စွန်းရှင်ကျေ’ နှင့်အတူ တစ်ပါးတည်းယူဆောင်ခဲ့သော လက်နက်ဖြစ်၏။
ထိုသံတုတ်က နတ်ဘုရားသုတ်သင်ဓား(၄)လက်ကဲ့သို့ပင် ကောင်းကင်နတ်ဘုရားအဆင့် တန်ခိုးရှင်များကို ထိခိုက်နစ်နာစေနိုင်သော ဒဏ္ဍာရီဆန်သည့်လက်နက် ဖြစ်သည်။
အတိတ်တစ်ချိန်က ဤလက်နက်အောက်တွင် နတ်စစ်သည်များစွာ ၊ နတ်စစ်သူကြီးများစွာ ၊ နတ်မိစ္ဆာများစွာ ၊ ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်များစွာ သတ်ဖြတ်ခံခဲ့ရသည်။
ချွိစုက...
“ဒီပစ္စည်းက ဒီနေရာကိုရောက်လာတယ်ဆိုတော့... ထိုက်ယီနိဗ္ဗာနကောင်းကင်ဘုံအရှင်နဲ့ပတ်သက်တဲ့သတင်းတွေက လှည့်စားမှုအလိမ်အညာတွေများလား”
ဝမ်ကွမ်းက ခေါင်းခါယမ်းလိုက်ပြီး...
“အသုံးမဝင်တဲ့စကားတွေ ပြောမနေနဲ့ ၊ သူ့ကိုတားဆီးဖို့ ကြိုးစားရမယ် ၊ သူ ခံနိုင်ရည်ရှိလည်း ခဏလောက်ပဲ ဖြစ်မှာပါ”
စကားသံအဆုံးသတ်သွားသည်နှင့် ဝမ်ကွမ်းလက်ထဲ ကြေးမုံမှန်တစ်ချပ် ထွက်ပေါ်လာသည်။ ကြေးမုံမှန်မှ အလင်းတန်းများထွက်ပေါ်လာပြီး ရူယိရွှေတုတ်ကိုင်ဆောင်ထားသည့် နတ်မိစ္ဆာမျောက်မင်းထက်သို့ ကျရောက်သွားသည်။
မျောက်မင်း၏ အဓိကပစ်မှတ်မှာ သူ၏ဆရာဖြစ်သူ ‘ဓားဗုဒ္ဓ’ ဖြစ်နေကြောင်း တွေ့ရသည့်အခါ ချွိစုကလည်း ဓားကိုဝှေ့ယမ်း ခုတ်ပိုင်းချလိုက်သည်။
မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက် မွေးဖွားလာကြသည့် မျိုးဆက်သစ် ပြင်ပကျင့်ကြံသူ ထိပ်တန်းအဆင့် ကောင်ကင်နတ်ဘုရား(၂)ပါး ပထမဆုံးအကြိမ် ပူးပေါင်းတိုက်ခိုက်လိုက်ကြခြင်းပင်။
တစ်ချိန်တည်းမှာပင် ဓားဗုဒ္ဓကလည်း တန်ခိုးစွမ်းအားကို ပြန်လည်စုစည်းကာ လူ့ဘုံစွမ်းအားရောင်ဝါကို အမြင့်ဆုံးအဆင့်ထိ ထပ်မံဖြန့်ကျက်လိုက်သည်။
ကောင်းကင်နတ်ဘုရား(၃)ပါးလုံးက ရူယိရွှေတုတ်ကိုင်ဆောင်ထားသည့် ချီထျန်းမဟာသူတော်စင်၏ ရွှေခန္ဓာနှင့် ထိပ်တိုက်ရင်ဆိုင်ရန် မရွေးချယ်ခဲ့ကြပေ။
ထိုအစား ယခင်အစီအစဉ်အတိုင်း လူ့ဘုံလောကရောင်ဝါကိုသအုံးပြု၍ ရန်သူများအားနည်းသွားစေရန် ဆက်လက်လုပ်ဆောင်ခဲ့သည်။
ဤနည်းအားဖြင့် ဖန်းယွင်ရှန်းနှင့် ကောင်းချင်းရွှမ်တို့ လွတ်မြောက်လာခြင်းအား တားဆီးထားနိုင်သည်။
ရူယိရွှေတုတ်ကိုင်ဆောင်ထားသော နတ်မိစ္ဆာမျောက်မင်းတစ်ကောင်တည်းနှင့်ပင် သူတို့အားလုံး ကြီးမားသော အန္တရယ်ကို ရင်ဆိုင်နေရပြီဖြစ်ရာ ရန်သူများပိုမိုများပြားလာပါက ကိုင်တွယ်နိုင်မည် မဟုတ်တော့ပေ။
အဓိကကတော့ သူတို့က တိုက်ပွဲကိုနှောင့်နှေးသွားစေရန် အာရုံစိုက်နေကြခြင်းပင်။
ဝမ်ကွမ်း၏ခန့်မှန်းချက် မှန်ကန်ခဲ့သည်ပင်။
ရူယိရွှေတုတ်ကိုကိုင်ဆောင်ထားခြင်းက ပန်ပန်၏ ချီထျန်းမဟာသူတော်စင်ရွှေခန္ဓာအား ထိန်းထားရန်ကြာချိန်ကို သိသိသာသာ လျော့နည်းသွားစေသည်။
ထို့ပြင် စွမ်းအားကုန်ဆုံးသွားပါက အချိန်တိုအတွင်း ဤစွမ်းအားကို ထပ်မံအသုံးပြုရန် မဖြစ်နိုင်တော့သဖြင့် ပန်ပန်အနေဖြင့် သတိထားရမည် ဖြစ်သည်။
ပြင်ပကျင့်ကြံသူများအနေဖြင့် ပန်ပန် စွမ်းအားကုန်ဆုံးသွားသည်အထိ တိုက်ပွဲကိုအချိန်ဆွဲထားနိုင်ပါက အသာစီးရရန် ပြန်လည်အခွင့်အရေး ရရှိလာပေမည်။
သို့သော် လက်ရှိတွင် သူတို့အနေဖြင့် ရန်ကျောက်ကဲကို ထပ်မံအာရုံစိုက်နိုင်ခြင်း မရှိတော့ပေ။
ရန်ကျောက်ကဲက တည်ငြိမ်နေဆဲဖြစ်ပြီး လက်တစ်ဖက်ဖြင့် ကျောက်ကျန်းနှင့် ယောင်းယွင်ချန်ကို ဖယ်ရှားပစ်လိုက်သည်။
ကျန်လက်တစ်ဖက်ကတော့ သူ၏ ယခက်လှုပ်ရှားမှုအတိုင်း နတ်သက်ကြွေဓားသိုင်းဖြင့် တာအိုဆရာ’ယွိတင်’ ၏ ရုပ်အလောင်းကို ခုတ်ပိုင်းချလိုက်လေသည်။