← Chapters

သွေးနတ်ဆိုးသစ်ပင်၊ ချိပ်ပိတ်ခံ နတ်ဆိုးတစ်ကောင်၏ အကြွင်းအကျန်ဂူ။

Vol. 15 Ch. 196

သွေးနတ်ဆိုးသစ်ပင်၊ ချိပ်ပိတ်ခံ နတ်ဆိုးတစ်ကောင်၏ အကြွင်းအကျန်ဂူ။

Vol. 15 Ch. 196

ဤအခိုက်အတန့်တွင် ကျိုးစွေ့၏ ကိုယ်ပွားသည် ထိုရွှေအမြုတေ ဆရာသခင်များ၏ စကားဝိုင်းကို ကြားသိနေရသဖြင့် သွေးအရိပ်ဘိုးဘေး၏ လိုဏ်ဂူအခြေအနေကို အတိုင်းအတာတစ်ခုအထိ နားလည် သဘောပေါက်သွားသည်။

"ဒီရွှေအမြုတေ ဆရာသခင်တွေက တကယ်တမ်းတော့ လူကောင်းတွေ မဟုတ်ကြပါ့လား.."

ကျိုးစွေ့ ခေါင်းယမ်းလိုက်မိသည်။

"သူတို့က အင်မော်တယ်ရှားဂိုဏ်းအပေါ် ဘာအကြောင်းပြချက်.. ဘာရန်ငြိုးမှ မရှိဘဲ ကြံစည်နေကြတယ်.. ကြည့်ရတာ... ဒီကျင့်ကြံခြင်းလောကမှာ အားနည်းတာကိုက အပြစ်တစ်ခု ဖြစ်နေတာပဲ…"

ကျိုးစွေ့ အသက်ကို ပြင်းပြင်းရှူသွင်းလိုက်သည်။

ဤရွှေအမြုတေ ဆရာသခင်များသည် သူတို့၏ စကားဝိုင်းကို အခြားသူများ မသိနိုင်ဟု ယုံကြည်လျက် အလေးမထားဘဲ စကားစမြည် ပြောဆိုနေကြသည်။ သူတို့မသိလိုက်သည်မှာ နှလုံးသားမျက်လုံး စွမ်းအားက သူတို့၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေသည်ဟူသောအချက်ပင်။

သို့သော် ဤရွှေအမြုတေ ဆရာသခင်များ၏ မကောင်းသော ရည်ရွယ်ချက်များအား သူ သိရှိလိုက်ရသည်။

"ဟမ်... ဒီဝိညာဉ်သန္ဓေသားအဆင့် လိုဏ်ဂူက နည်းနည်း ထူးခြားပုံပဲ.."

ကျိုးစွေ့၏ စိတ်ထဲတွင် အတွေးတစ်ချက် ဖြတ်ပြေးသွားသည်။

သူ၏ နှလုံးသားမျက်လုံး စွမ်းအားက အပြင်သို့ ပျံ့နှံ့ထွက်သွားပြီး ဧရာမ ဝိညာဉ်သန္ဓေသားအဆင့် လိုဏ်ဂူထံသို့ ချက်ချင်း ရောက်ရှိသွားသည်။ လိုဏ်ဂူကို ဧရာမ တားမြစ်အစီအရင်ကြီးတစ်ခုဖြင့် ဝန်းရံထားပြီး၊ သွေးနီရောင် အတားအဆီးတစ်ခု ဖွဲ့စည်းထားသည်။ ၎င်းမှာ နာမည်ကျော် စတုတ္တအဆင့် အစီအရင်ဖြစ်သော သွေးပင်လယ်အလင်းစီးကြောင်း အစီအရင်ပင် ဖြစ်သည်။

ဤစတုတ္တအဆင့် အစီအရင်ကပင် ထိုရွှေအမြုတေ ဆရာသခင်များကို အလွယ်တကူ ပိတ်ဆို့ထားခြင်း ဖြစ်သည်။ အကယ်၍သာ အစီအရင်အတွင်း၌ ဝိညာဉ်ကျောက်တုံးစွမ်းအင် ချို့တဲ့မှုမရှိခဲ့ပါလျှင်၊ ဤရွှေအမြုတေ ဆရာသခင်များ အစီအရင်ကို ချိုးဖျက်ရန် အခွင့်အရေး လုံးဝရှိလိမ့်မည် မဟုတ်ပေ။

သို့သော် သူ သတိပြုမိလိုက်သည်မှာ ထိုအစီအရင်သည် သူ၏ နှလုံးသားမျက်လုံး၏ စွမ်းအားကို မတားဆီးနိုင်ပုံရသည်။

ဝှမ်…။

အတွေးအနည်းငယ်ဖြင့်ပင် နှလုံးသားမျက်လုံး စွမ်းအားသည် တားမြစ်အစီအရင်ကို လွယ်ကူစွာ ထိုးဖောက် ဝင်ရောက်သွားသည်။ သွေးပင်လယ်အလင်းစီးကြောင်း အစီအရင်ပင်လျှင် ၎င်းကို မတားဆီးနိုင်ဘဲ လိုဏ်ဂူအတွင်းမှ အခြေအနေကို အာရုံခံခွင့်ပြုလိုက်ရသည်။

စတုတ္တအဆင့် အစီအရင်တစ်ခုသည် နတ်ဘုရားအာရုံကို အလွယ်တကူ ပိတ်ဆို့နိုင်သော်လည်း၊ နှလုံးသားမျက်လုံး စွမ်းအား၏ စူးစမ်းရှာဖွေမှုကိုမူ မတားဆီးနိုင်ကြောင်း ထင်ရှားပေသည်။ သံသယဖြစ်စရာမလို၊ ဤသည်မှာ နှလုံးသားမျက်လုံး စွမ်းအား၏ နောက်ထပ် လုပ်ဆောင်ချက်တစ်ခုပင် ဖြစ်သည်။

"ဘာ..."

တစ်ခဏအတွင်းမှာပင် ကျိုးစွေ့၏ ဆံပင်များ ထောင်ထသွားသည်။ လိုဏ်ဂူ၏ အတွင်းပိုင်း နက်ရှိုင်းရာ၌ ဧရာမသစ်ပင်ကြီးတစ်ပင် ပေါ်ထွက်လာသည်ကို သူ အာရုံခံမိလိုက်သည်။ ၎င်းသည် တစ်ပင်လုံး နီရဲနေပြီး မီးတောက်တစ်ခု လောင်ကျွမ်းနေသကဲ့သို့၊ မရေမတွက်နိုင်သော သွေးနီရောင် အဆောင်များဖြင့် ဖုံးလွှမ်းနေသည်။ အလွန်တရာ ဆိုးယုတ်သော အသွင်သဏ္ဍန်အား သူခံစားလိုက်မိသည်။

ပတ်ဝန်းကျင် မြေပြင်တွင် ဦးခေါင်းခွံများ ပြန့်ကျဲနေပြီး၊ အလောင်းကောင် တောင်ပုံရာပုံနှင့် သွေးပင်လယ်ကြီးတစ်ခုအလား ဖြစ်နေသည်။ ထိုသစ်ပင်ကြီးတွင် မရေမတွက်နိုင်သော နာကျည်းဝိညာဉ်များ တွယ်ကပ်နေပုံရသည်။

ယင်းသစ်ပင်ကြီးက မရေမတွက်နိုင်သော အသက်များအား ဝါးမျိုထားသည့်အတိုင်းပင်။

ပို၍ တုန်လှုပ်စရာကောင်းသည်မှာ ထိုသစ်ပင်ကြီးပေါ်တွင် ကြီးမားသော ရွှေရောင်သံကြိုးကြီးများ ရှိနေခြင်း ဖြစ်သည်။ ၎င်းတို့တွင် လျှို့ဝှက်ဆန်းကြယ်သော ချိပ်ပိတ်စွမ်းအားများ ပါဝင်နေပုံရပြီး၊ ထိုသစ်ပင်ကြီးကို ချုပ်နှောင်ထားကာ ထိုနတ်ဆိုးသစ်ပင်ကြီး ရုန်းကန်လွတ်မြောက်မသွားနိုင်ရန် တားဆီးထားသည်။

[သွေးနတ်ဆိုး သစ်ပင်၊ အဆင့် - အဆင့်လေး၊ စွမ်းရည် - မသိရှိ၊ သက်တမ်း - မသိရှိ။]

ချက်ချင်းပင်၊ သတင်းအချက်အလက်အချို့သည် ကျိုးစွေ့၏ နှလုံးသားမျက်လုံး အသိအမှတ်ပြုခြင်းထံမှ တိုးဝင်လာသည်။ ဤသည်မှာ နှလုံးသားမျက်လုံး အသိအမှတ်ပြုခြင်း၏ စွမ်းအားပင် ဖြစ်သည်။ သက်ရှိ ဖြစ်စေ၊ အရာဝတ္ထု ဖြစ်စေ ၎င်းတို့၏ လက္ခဏာများအကြောင်း အချက်အလက်အချို့ကို မြင်တွေ့နိုင်ပြီး၊ ခွဲခြမ်းစိတ်ဖြာခြင်း နည်းစနစ်တစ်ခုနှင့် ဆင်တူပေသည်။

ဘုန်း…။

ဤအခိုက်အတန့်တွင် အိပ်ပျော်နေပုံရှိသော သွေးနတ်ဆိုးသစ်ပင်သည် တစ်စုံတစ်ခုကို အာရုံခံမိလိုက်ပြီး ရုတ်တရက် နိုးထလာသည်။ ၎င်း၏ ပင်စည်ပေါ်တွင် ကြောက်မက်ဖွယ် မျက်နှာကြီးတစ်ခု ပေါ်ထွက်လာသည်။

မမြင်နိုင်သော ကြောက်မက်ဖွယ် အမှောင်စွမ်းအားတစ်ခု ပေါက်ကွဲထွက်လာပြီး၊ အကန့်အသတ်မဲ့ သွေးပင်လယ်ကြီးတစ်ခု ဖြစ်ပေါ်လာတော့သည်။

"မကောင်းတော့ဘူး..."

ကျိုးစွေ့သည် သေရေးရှင်ရေး အကျပ်အတည်းကို ခံစားလိုက်ရပြီး၊ ဆံပင်များ ထောင်ထသွားကာ သူ၏ နှလုံးသားမျက်လုံး စွမ်းအားကို ချက်ချင်း ရုပ်သိမ်းလိုက်သည်။

ဇောချွေးများ ရွှဲရွှဲစိုသွားပြီး၊ သူ အနည်းငယ်နှောင့်နှေးသွားသည်နှင့် ထိုကြောက်မက်ဖွယ် သတ္တဝါကြီး၏ သတိပြုမိခြင်းကို ခံရတော့မည်ဟု ခံစားလိုက်ရသည်။

ထိုမှောင်မိုက်နက်ရှိုင်းလှသော စွမ်းအားသည် အရာအားလုံးကို ဝါးမျိုဖျက်ဆီးပစ်နိုင်စွမ်း ရှိပုံရသည်။

"ဒါက ဘာကြီးလဲ... ဒဏ္ဍာရီထဲက နတ်ဆိုးများ ဖြစ်နိုင်လား.."

ကျိုးစွေ့၏ မျက်ဆံများ ကျုံ့သွားသည်။

အင်မော်တယ်ရှားဂိုဏ်းသို့ ဝင်ရောက်ပြီးနောက် သူသည် ဂိုဏ်းအမွေအနှစ်အားလုံးကို ရရှိခဲ့ရာ၊ ၎င်းတို့ထဲတွင် ကျင့်ကြံခြင်းလောကအကြောင်း များပြားလှသော ဒဏ္ဍာရီများနှင့် သတင်းအချက်အလက်များ ပါဝင်နေသည်။

နတ်ဆိုးများသည် ကျင့်ကြံခြင်းလောကရှိ ကြောက်မက်ဖွယ် သတ္တဝါတစ်မျိုး ဖြစ်သည်။ သူတို့သည် သားရဲများထက် များစွာ ပိုမိုကြောက်မက်ဖွယ်ကောင်းသည်။ သူတို့သည် ထူးကဲသော စွမ်းရည်များကို ပိုင်ဆိုင်ထားရုံသာမက၊ ဖျက်ဆီး၍ မရနိုင်သော ခန္ဓာကိုယ်များကိုလည်း ပိုင်ဆိုင်ထားကြသည်။

သူတို့ မည်သည့်နေရာမှ ရောက်လာသည်ကို မည်သူမျှ မသိရှိကြပေ။ သူတို့ သိရှိသမျှမှာ တစ်ချိန်က နတ်ဆိုးများသည် ရှေးဟောင်း ကျင့်ကြံခြင်းလောကတွင် အကြီးအကျယ် ဖျက်ဆီးခဲ့ကြပြီး၊ ရှေးဟောင်း ဂိုဏ်းများစွာ၏ ကျဆုံးခြင်းကို ဖြစ်ပေါ်စေကာ အလောင်းတောင်ပုံရာပုံနှင့် သွေးပင်လယ်များကို ဖြစ်စေခဲ့ပြီး၊ မရေမတွက်နိုင်သော ကျင့်ကြံသူများ သေဆုံးကာ အမွေအနှစ်များစွာ ပျောက်ကွယ်သွားခဲ့ရသည် ဟူ၍ ဖြစ်သည်။

သို့သော်လည်း နောက်ဆုံးတွင် ကျင့်ကြံသူများက ထိုတိုက်ပွဲကို အနိုင်ရရှိခဲ့ကြသည်။ သူတို့သည် နတ်ဆိုးအများအပြားကို ချိပ်ပိတ်ခဲ့ကြပြီး နေရာဒေသ အသီးသီးတွင် ချုပ်နှောင်ထားခဲ့ကြသည်။

ဤသို့ဖြင့် ကျင့်ကြံခြင်းလောကကို တစ်ဖန်ပြန်လည် ငြိမ်းချမ်းစေခဲ့သည်။

သို့တိုင်၊ နတ်ဆိုးများသည် ကျင့်ကြံခြင်းလောကတွင် အခါအားလျော်စွာ ပေါ်ထွက်လာနေဆဲ ဖြစ်သည်။ ပေါ်ထွက်လာတိုင်းတွင် အဆုံးမရှိသော သတ်ဖြတ်မှုများကို ဖြစ်ပေါ်စေခဲ့သည်။

နတ်ဆိုးများသည် ကျင့်ကြံသူများ၏ ရန်သူ၊ သက်ရှိအားလုံး၏ ရန်သူများ ဖြစ်ကြောင်း ထင်ရှားပေသည်။

"ဒါဆို... ဒီနေရာက ဝိညာဉ်သန္ဓေသားအဆင့် လိုဏ်ဂူမဟုတ်ဘဲ နတ်ဆိုးတစ်ကောင်ကို ချိပ်ပိတ်ထားတဲ့ နေရာတစ်ခု ဖြစ်နေတာလား…"

ကျိုးစွေ့၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ အခြေအနေ၏ လေးနက်မှုကို သူသဘောပေါက်လိုက်သည်။

ဤသတင်းကို မည်သူက ဖြန့်ဝေခဲ့သနည်း။ မည်သူက ရွှေအမြုတေ ဆရာသခင်များစွာကို ဤနေရာသို့ ခေါ်ဆောင်လာခဲ့သနည်း။ ထို့အပြင် အဘယ်ကြောင့် ၎င်းတို့သည် ဤနေရာမှ ချိပ်ပိတ်တံဆိပ်ကို ဖယ်ရှားချင်ရသနည်း။ တစ်ဖက်လူတွင် မည်သို့သော လျှို့ဝှက်အကြံအစည်များ ရှိနေသည်နည်း။

တစ်ခဏအတွင်း သူ၏မျက်နှာအမူအရာ အမျိုးမျိုးပြောင်းသွားသည်။ ကျင့်ကြံခြင်းလောကသည် အလွန် ရှုပ်ထွေးလှသည်ဟု သူ ခံစားလိုက်ရသည်။ ၎င်းသည် ရည်မှန်းချက်ကြီးမားသူပေါင်းများစွာ တစ်စုံတစ်ခုကို ကြံစည်နေကြသော ဝဲဂယက်ကြီးတစ်ခုနှင့် တူနေသည်။

"ငါ ဒီအကြောင်းကို တခြား ရွှေအမြုတေ ဆရာသခင်တွေကို ပြောပြသင့်လား.."

ကျိုးစွေ့၏ လက်သီးကျစ်ကျစ်ပါအောင် ဆုပ်မိသွားသော်လည်း၊ ထို့နောက်တွင် ထိုအတွေးကို လက်လျှော့လိုက်သည်။

သူသည် အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်မျှသာ ဖြစ်သည်။ သူ၏စကားသည် များစွာ အရာရောက်မည်မဟုတ်ချေ။

ထိုရွှေအမြုတေ ဆရာသခင်များက သူ၏စကားတစ်ခွန်းတည်းဖြင့် ဤဝိညာဉ်သန္ဓေသားအဆင့် လိုဏ်ဂူကို တိုက်ခိုက်နေခြင်းအား ရပ်တန့်သွားဖို့ရန်မှာ မဖြစ်နိုင်ချေ။

ထိုသို့ပြုလုပ်ခြင်းသည် သူ၏ တည်နေရာနှင့် လျှို့ဝှက်ချက်များအား ဖော်ထုတ်ပြသရာသာ ဖြစ်စေပေမည်။ ယင်းက အကျိုးထက် အပြစ်သာ ပိုများပေသည်။

ထို့အပြင်၊ အကယ်၍ ထိုရွှေအမြုတေ ဆရာသခင်များကို သူအမှန်တကယ် ကယ်တင်ခဲ့လျှင်ပင်၊ ၎င်းတို့သည် သူ့ကို ကျေးဇူးတင်ကြမည် မဟုတ်ပေ။

'လယ်သမားနှင့် မြွေ' ပုံပြင်သည် နေရာတိုင်းတွင် ရေပန်းစားသည် မဟုတ်ပါလော။

[ သိကြမယ်ထင်ပါတယ်။ မြွေကို သနားလို့ ခါးပိုက်ထဲထည့်ကယ်လာတဲ့ပုံပြင်ပါ။]

"ထားလိုက်တော့... တခြား ရွှေအမြုတေ ဆရာသခင်တွေကို မပြောပြနိုင်ရင်တောင်..ချင်မုဂိုဏ်းရဲ့ ဂိုဏ်းချုပ်နဲ့ တန်တိန်ဂိုဏ်းချုပ်ကိုတော့ ငါ သတိပေးရမယ်…"

ကျိုးစွေ့ အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ချက်ချင်း ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။

မည်သို့ပင်ဆိုစေကာမူ၊ ချင်မုဂိုဏ်း၏ ဂိုဏ်းချုပ် လင်းယာကျူနှင့် တန်တိန်ဂိုဏ်း၏ ဂိုဏ်းချုပ် ရှန်ပိချန်တို့ နှစ်ဦးလုံးသည် သူ၏'ချစ်ခြင်းမေတ္တာကူ'၏ လွှမ်းမိုးမှုအောက်တွင် ရှိနေကြသည်။

လက်တွေ့အားဖြင့် ၎င်းတို့အား သူ၏အနာဂတ် တာအိုလက်တွဲဖော်များဟု သတ်မှတ်နိုင်သည်။ သူ၏ အနာဂတ် တာအိုလက်တွဲဖော်များ ဤနေရာတွင် မီးခိုးငွေ့ဘဝသို့ ပျောက်ကွယ်သွားသည်ကို သူ ထိုင်ကြည့်မနေနိုင်ချေ။ ၎င်းသည် အလွန်တရာ နှမြောစရာကောင်းလွန်းလှသည်။

ဤအတွေးများကို ရုတ်သိမ်းလိုက်ပြီး၊ ကျိုးစွေ့သည် လင်းယာကျူနှင့် ရှန်ပိချန်တို့ထံသို့ နတ်ဘုရားအာရုံ သတင်းစကားတစ်ခု ပေးပို့လိုက်သည်။

"ရောင်းရင်းလင်း... ဒီလိုဏ်ဂူက အန္တရာယ်အပြည့်ပဲ... ချိပ်ပိတ်ခံထားရတဲ့ နတ်ဆိုးတစ်ကောင် ရှိနေနိုင်တယ်... သတိကြီးကြီးထားပါ..."

"ရောင်းရင်းရှန်... ဒီလိုဏ်ဂူပေါ်က ချိပ်ပိတ်တံဆိပ်ကို ချိုးဖျက်ပြီးသွားရင် အတွင်းကို အလျင်စလို မဝင်နဲ့... မသိနိုင်တဲ့ အန္တရာယ်ကို ရှောင်ရှားဖို့ နောက်ဆုတ်နေရမယ်..."

ချက်ချင်းဆိုသလိုပင်၊ လင်းယာကျူနှင့် ရှန်ပိချန်တို့ နှစ်ဦးလုံး ကျိုးစွေ့၏ နတ်ဘုရားအာရုံ သတင်းစကားကို ကြားလိုက်ရသည်။ ၎င်းသည် နတ်ဘုရားအာရုံ သတင်းစကားဖြစ်သောကြောင့်၊ အလွန်လျှို့ဝှက်ပြီး အခြားသူများ မသိရှိနိုင်သည့်အပြင် အလွန်ပင် ရှင်းလင်းပြတ်သားချေသည်။

ဘာရယ်…။

မျက်စိတစ်မှိတ်အတွင်းမှာပင်၊ မူလက သူတို့၏ ကိုယ်ပိုင်စခန်းများတွင် ကျင့်ကြံနေကြသော လင်းယာကျူနှင့် ရှန်ပိချန်တို့ နှစ်ဦးလုံး တပြိုင်နက်တည်းနီးပါး နိုးထလာကြသည်။ အကြောင်းမှာ ရွှေအမြုတေ ဆရာသခင်များထံသို့ နတ်ဘုရားအာရုံဖြင့် သတင်းစကား ပေးပို့ခြင်းသည် ရိုးရှင်းသော ကိစ္စတစ်ရပ် မဟုတ်သောကြောင့် ဖြစ်သည်။

"ဘယ်သူလဲ..."

လင်းယာကျူ၏ လှပသော မျက်လုံးများတွင် အရောင်တစ်ချက် လင်းလက်သွားသည်။ သူမ၏ အစွမ်းထက်သော ရွှေအမြုတေ နတ်ဘုရားအာရုံသည် ချက်ချင်း ပေါက်ကွဲထွက်လာပြီး၊ နတ်ဘုရားအာရုံပေးပို့လိုက်သော သူကို ရှာဖွေရန် မိုင်ပေါင်းများစွာ ကျယ်ဝန်းသော ဧရိယာကို လွှမ်းခြုံ စစ်ဆေးလိုက်သည်။

ကံမကောင်းစွာဖြင့်၊ သူမ မည်မျှပင် ရှာဖွေစေကာမူ တစ်ဖက်လူ၏ ခြေရာလက်ရာ အနည်းငယ်မျှ မတွေ့ရှိခဲ့ပေ။ ထိုအသံသည် လေဟာနယ်ထဲမှ ရုတ်တရက် ပေါ်ထွက်လာသကဲ့သို့ပင် ဖြစ်နေတော့သည်။

All Chapters