← Chapters

ဝိညာဉ်သန္ဓေသားအဆင့် လိုဏ်ဂူ၏ အပြောင်းအလဲများ၊ ရွှေအမြုတေ အမျိုးသမီးကျင့်ကြံသူထံမှ သတင်းစကား။

Vol. 15 Ch. 197

ဝိညာဉ်သန္ဓေသားအဆင့် လိုဏ်ဂူ၏ အပြောင်းအလဲများ၊ ရွှေအမြုတေ အမျိုးသမီးကျင့်ကြံသူထံမှ သတင်းစကား။

Vol. 15 Ch. 197

"ဘယ်သူကများ ငါ့ကို နတ်ဘုရားအာရုံနဲ့ ဆက်သွယ်နေတာလဲ..."

လင်းယာကျူတစ်ယောက် စိတ်ထဲတွင် ဝေခွဲမရ ဖြစ်သွားသည်။

သူမသည် ပုံမှန်အားဖြင့် ဤသို့ ပုန်းကွယ်နေတတ်သူမျိုးကို ယုံကြည်လေ့ မရှိချေ။ သို့သော် အကြောင်းတစ်စုံတစ်ရာကြောင့် ထိုအသံအားကြားပြီးနောက်၊ ယုံကြည်မှုကို ခံစားရလေသည်။

နတ်ဘုရားအာရုံ သတင်းစကား၏ နောက်ကွယ်မှ လူသည် ယုံကြည်ထိုက်သူဖြစ်ပြီး၊ သူမကို ဘယ်သောအခါမျှ ထိခိုက်စေမည့်သူ မဟုတ်ဟု ထင်မြင်မိသည်။

တစ်ခါမှ မတွေ့ဆုံဖူးသော်လည်း သူမတွင် အလိုလို ယုံကြည်စိတ်ချသော ခံစားချက်တစ်ခု ဖြစ်ပေါ်နေသည်။ ဤခံစားချက်မှာ အလွန်ပင် နားလည်ရခက်လှသည်။

"သွေးအရိပ်ဘိုးဘေးရဲ့ လိုဏ်ဂူမှာ တကယ်ပဲ တစ်ခုခု မှားနေတာများလား..."

လင်းယာကျူ၏ မျက်ဝန်းလှလှတွင် အရောင်တစ်ချက် လက်သွားသည်။

ပွင့်ပွင့်လင်းလင်းဆိုရလျှင်၊ သူမသည် ဤဝိညာဉ်သန္ဓေသားအဆင့် လိုဏ်ဂူကို မူလကတည်းက သံသယ ရှိခဲ့သည်။ အကြောင်းမှာ သူမ၏ ထိပ်တန်းအဆင့် မှော်ရတနာဖြစ်သော ရွှေမိုးကြိုးဝါးက တစ်ခါတစ်ရံ ကျရောက်လာတော့မည့် အန္တရာယ်တစ်ခုကို သတိပေးတတ်ပြီး၊ အတွင်းထဲ၌ အလွန်အမင်း ဆိုးဝါးသော တစ်စုံတစ်ခု ဝှက်ထားနိုင်ကြောင်း ညွှန်ပြနေခဲ့သည်။

မူလက ၎င်းကို သွေးအရိပ်ဘိုးဘေး ချန်ထားခဲ့သော တစ်စုံတစ်ခုဟု ထင်မြင်ခဲ့ပြီး၊ ထို့ကြောင့်သာ ရွှေမိုးကြိုးဝါးက နိုးကြားနေသည့်အနေအထား ဖြစ်နေသည်ဟု ယူဆခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ။ သွေးအရိပ်ဘိုးဘေးသည် မိစ္ဆာကျင့်ကြံသူတစ်ယောက် ဖြစ်ခဲ့ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးထောင်က နာမည်ဆိုးဖြင့် ကျော်ကြားသော လူသတ်သမားတစ်ယောက်ဖြစ်သည်။ မကောင်းသောအရာများအား ဖုံးကွယ်ထားတတ်သည်မှာ သဘာဝကျပေသည်။

"ထားလိုက်တော့... မယုံတာထက်စာရင် ယုံလိုက်တာက ပိုကောင်းမှာပါ.."

"ငါ ပိုပြီး သတိထားမှ ဖြစ်မယ်.."

လင်းယာကျူ လျင်မြန်စွာ ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။

ချင်မုဂိုဏ်း၏ ဂိုဏ်းချုပ်တစ်ယောက်အနေဖြင့် သူမသည် ဂိုဏ်းတစ်ခုလုံး၏ အနာဂတ်ကို ထမ်းပိုးထားရသူ ဖြစ်ရာ သဘာဝအတိုင်း သတိကြီးကြီး ထားရပေမည်။ ပေါ့ဆမှုက ဂိုဏ်းတစ်ခုလုံး မျိုးသုဉ်းသွားသည်အထိ ဖြစ်စေနိုင်ရာ ခြေလှမ်းတိုင်းကို သတိထား လှမ်းရပေမည်။

…

"ဘယ်သူလဲ..."

တစ်ချိန်တည်းနီးပါးမှာပင် ရှန်ပိချန်သည်လည်း ကျိုးစွေ့၏ စိတ်စွမ်းအင် သတင်းစကားကို ကြားလိုက်ရသည်။ လင်းယာကျူကဲ့သို့ပင် သူမ၏ ရွှေအမြုတေ နတ်ဘုရားအာရုံကို အသုံးပြုကာ သူမနှင့် ဆက်သွယ်နေသူကို ရှာဖွေဖော်ထုတ်ရန် ကြိုးစားလိုက်သည်။

သို့သော် ရလဒ်မှာ အတူတူသာဖြစ်ပြီး၊ မည်သည့် သံသယဖြစ်ဖွယ် လူကိုမျှ ရှာမတွေ့ခဲ့ပေ။

"ထူးဆန်းလိုက်တာ... ဒီအသံက ဘာလို့ ဒီလောက်ရင်းနှီးနေရတာလဲ... အရင်က တွေ့ဖူးသလိုပဲ…"

ရှန်ပိချန် မျက်တောင်ခတ်လိုက်မိသည်။ သူမ၏ ဗီဇစိတ်က ပြောနေသည်မှာ ဆက်သွယ်နေသော ထိုယောက်ျားသည် သူမ သိကျွမ်းသူတစ်ယောက် ဖြစ်ရမည် ဟူ၍ ဖြစ်၏။ သို့မဟုတ်ပါက သူမ ဤကဲ့သို့သော ယုံကြည်မှုမျိုး ခံစားရမည် မဟုတ်ပေ။

ချက်ချင်းဆိုသလိုပင်၊ သူမ၏ သိစိတ်ပင်လယ်၏ နက်ရှိုင်းရာထဲတွင် ယောက်ျားတစ်ယောက်၏ ပုံရိပ် ပေါ်ထွက်လာသည်။ ထိုယောက်ျားသည် ခန့်ညားထည်ဝါပြီး ချောမောလှကာ၊ ကောင်းကင်ဘုံမှ ဆင်းသက်လာသကဲ့သို့ ထင်ရပြီး မတွန်းလှန်နိုင်သော ဆွဲဆောင်မှု ရှိနေသည်။

"သူတော့ မဖြစ်နိုင်ပါဘူး... သူက အခြေတည်အဆင့် အစောပိုင်းက ကျင့်ကြံသူလေး တစ်ယောက်ပဲလေ"

ရှန်ပိချန် ခေါင်းခါလိုက်ပြီး ထိုရယ်စရာကောင်းသော အတွေးများကို ချက်ချင်း ပယ်ချလိုက်သည်။

ကြည့်ရသည်မှာ သူမသည် တစ်ကိုယ်တည်း အထီးကျန်နေခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်သောကြောင့်၊ ယောက်ျားလိုချင်စိတ်ဖြင့် ရူးသွပ်နေပြီ ဖြစ်သည်။

"ဒါပေမဲ့ ဒီလူက မကောင်းတဲ့ရည်ရွယ်ချက် ရှိပုံမပေါ်ဘူး... သူက ငါ့ကို သတိပေးနေရုံ သက်သက်ပဲ"

"ကြည့်ရတာ ဒီဝိညာဉ်သန္ဓေသားအဆင့် လိုဏ်ဂူက တကယ် ထူးဆန်းနေပြီ... ငါ ပိုသတိထားမှ ဖြစ်မယ်"

ရှန်ပိချန်က သူမ၏ ချောမွေ့သော မေးစေ့လေးကို ပွတ်သပ်လိုက်သည်။

သူမသည် အကျိုးဆက်များကို မတွေးဘဲ စိတ်လိုက်မာန်ပါ လုပ်ဆောင်တတ်သူ ဖြစ်သော်လည်း လူမိုက်တစ်ယောက်တော့ မဟုတ်ပေ။ သူမသည် အန္တရာယ်ထဲသို့ သိသိကြီးနှင့် တိုးဝင်ပြီး ကိုယ်ကိုယ်တိုင် သေလမ်းရှာမည့်သူ မဟုတ်ပေ။

ထို့ကြောင့် သူမသည် တန်တိန်ဂိုဏ်းမှ တပည့်အချို့ကို အရင်ဦးဆုံး နောက်ဆုတ်ခိုင်းရန် အမိန့်ပေးလိုက်သည်။

…

ရက်အနည်းငယ် ကြာပြီးနောက်။

မရေမတွက်နိုင်သော ရွှေအမြုတေကျင့်ကြံသူများနှင့် အခြေတည်အဆင့်ကျင့်ကြံသူများ၏ ပူးပေါင်း တိုက်ခိုက်မှုအောက်တွင် သွေးအရိပ်ဘိုးဘေး၏ လိုဏ်ဂူသည် ပြိုကျလုနီးပါး ဖြစ်နေခဲ့သည်။

လိုဏ်ဂူတစ်ခုလုံးကို ဖုံးလွှမ်းထားသော စတုတ္တအဆင့် အစီအရင်သည်လည်း ဘုန်းကနဲံ အသံကြီးနှင့်အတူ ပြိုကျသွားတော့သည်။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ကျင့်ကြံသူအားလုံး အတိုင်းမသိ ဝမ်းမြောက်သွားကြသည်။ ရှစ်နှစ်ကြာ တိုက်ခိုက်ခဲ့ပြီးနောက် နောက်ဆုံးတွင် ထိုစတုတ္တအဆင့်အစီအရင်ကို ဖျက်ဆီးနိုင်ခဲ့ပြီ ဖြစ်သည်။

ဝှစ်..ဝှစ်..ဝှစ်..။

စကားတစ်ခွန်းမှ အပိုပြောမနေကြတော့ဘဲ၊ ရွှေအမြုတေ ဆရာသခင်များနှင့် အင်မော်တယ်မြူခိုးကျွန်းရှိ အဓိကအင်အားစုအသီးသီးမှ အခြေတည်အဆင့်ကျင့်ကြံသူများသည် လိုဏ်ဂူထဲသို့ ချက်ချင်း ပျံသန်း ဝင်ရောက်သွားကြသည်။

သူတို့အားလုံးသည် အခြားသူများထက် နောက်ကျကျန်နေခဲ့ပြီး၊ လိုဏ်ဂူထဲမှ ရတနာများကို လက်လွှတ်ဆုံးရှုံးရမည်ကို စိုးရိမ်နေကြသည်။

ဟူးလား…။

ဤအခိုက်အတန့်တွင် လိုဏ်ဂူ၏ အတွင်းပိုင်းနက်ရှိုင်းရာမှ သွေးရောင်မြူခိုးများ ထုတ်လွှတ်လာပြီး၊ မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းသည် သုံးမိုင်ပတ်လည် ဧရိယာကို လွှမ်းခြုံသွားသည်။

ထိုသွေးနီရောင် မြူခိုးများတွင် ကြောက်မက်ဖွယ် တိုက်စားနိုင်စွမ်းများ ပါဝင်နေပြီး ချောက်ချားဖွယ် အအေးဓာတ်များလည်း စိမ်ဝင်နေသည်။ မြေပြင်ပေါ်မှ ကျောက်တုံးများ ယင်းနှင့် ထိတွေ့မိသောအခါ ဆာဖျူရစ်အက်ဆစ်နှင့် အလောင်းခံလိုက်ရသကဲ့သို့ ချက်ချင်း တိုက်စားခံလိုက်ရသည်။

ယင်းထက်ပိုဆိုးသည်မှာ၊ ထိုမြူခိုးတွင် မယုံနိုင်လောက်အောင် ပြင်းထန်သော အဆိပ်များ ပါဝင်နေသည်။ သာမန်ကျင့်ကြံသူများ တစ်ချက်ရှူရှိုက်မိရုံမျှဖြင့် အဆိပ်ကြောင့် တစ်ကိုယ်လုံး ထုံကျဉ်သွားပြီး၊ လှုပ်ရှားနိုင်စွမ်းမရှိတော့ဘဲ မြေပြင်ပေါ်သို့ ပြိုလဲကျကာ သေခြင်းတရားကို တိတ်တဆိတ်စောင့်ဆိုင်းနေရတော့သည်။

"သေစမ်းကွာ... ငါတို့ လှည့်စားခံလိုက်ရပြီ.. ဒါက ထောင်ချောက်ပဲ.. ဒါ သွေးအရိပ်ဘိုးဘေးရဲ့ နေရာ လုံးဝမဟုတ်ဘူး... ဒါက နတ်ဆိုးတစ်ကောင်ကို ချုပ်နှောင်ထားတဲ့ အကြွင်းအကျန်ကြီးပဲ.. အားလုံး ဒီကနေ အမြန်ဆုံး ထွက်ပြေးကြတော့…"

ရွှေအမြုတေ ဆရာသခင်တစ်ဦးက တုန်လှုပ်ခြောက်ခြားကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။

လိုဏ်ဂူ၏ အနက်ရှိုင်းဆုံးနေရာသို့ ဝင်ရောက်လာမိမှသာ သူ လှည့်စားခံလိုက်ရမှန်း သိလိုက်ရသည်။

အတွင်းထဲတွင် သွေးနီရောင် ဧရာမသစ်ပင်ကြီးတစ်ပင်က ထီးထီးကြီး တည်ရှိနေပြီး၊ ၎င်း၏ ကြောက်မက်ဖွယ် နတ်ဆိုးအရှိန်အဝါများက အထက်အောက် လွှမ်းခြုံထားကာ မြင်ရသူတိုင်းကို ကျောရိုးထိတိုင် စိမ့်သွားစေသည်။

"ဒါက ချန်ခွင်း နတ်ဆိုးနှိမ်နင်းခြင်း အစီအရင်ကြီးပဲ.. နတ်ဆိုးတွေကို ချုပ်နှောင်ချိပ်ပိတ်ဖို့ သီးသန့် သုံးတဲ့ အစီအရင်ကြီး.. ငါတို့ ထောင်ချောက်ထဲကို တည့်တည့် ဝင်လာမိတာပဲ.."

"ဒါကဘယ်လိုဖြစ်ရတာလဲ... ဘာလို့ ပြိုင်ဘက်ကင်း နတ်ဆိုးတစ်ကောင်ကို ဒီနေရာမှာ ချိပ်ပိတ်ထားရတာလဲ…"

ရွှေအမြုတေ ဆရာသခင်များ ချွေးများ စိုရွှဲလာပြီး လက်တွေ့ ရင်ဆိုင်နေရသော အကျပ်အတည်း၏ အန္တရာယ်ကြီးမားမှုကို အာရုံခံမိလိုက်ကြသည်။

ဤပြိုင်ဘက်ကင်း နတ်ဆိုးနှင့် တတ်နိုင်သမျှ ဝေးဝေးသို့ ထွက်ပြေးလွတ်မြောက်နိုင်ရန် အသည်းအသန် ကြိုးစားကြတော့သည်။

"ဟီးဟီးဟီး... နောက်ဆုံးတော့ မင်းတို့ရောက်လာပြီ.. အစီအရင်ကို ချိုးဖျက်ပေးလို့ ကျေးဇူးပဲ… ကျေးဇူးဆပ်တဲ့အနေနဲ့... မင်းတို့အားလုံးကို ငါ့ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်း ဖြစ်ခွင့်ပေးလိုက်မယ်.."

ထိုအခိုက်အတန့်တွင်ပင် ကြောက်မက်ဖွယ် သွေးနတ်ဆိုးသစ်ပင်ကြီးက ရုတ်တရက် စကားပြောလာသည်။ ရုတ်တရက်၊ သစ်ကိုင်းများက နတ်ဘုရားကိုပင် သတ်ဖြတ်နိုင်သော လှံများအလား ၎င်းထံမှ ပေါက်ကွဲထွက်လာတော့သည်။

ဘန်း..ဘန်း..ဘန်း..။

ရွှေအမြုတေ ဆရာသခင်များနှင့် အခြေတည်အဆင့်ကျင့်ကြံသူများများ ခုခံနိုင်စွမ်း မရှိကြတော့ပေ။ သူတို့အားလုံး သစ်ကိုင်းများ၏ ထိုးစိုက်ခြင်းကို ခံလိုက်ရပြီး၊ ခန္ဓာကိုယ်များတွင် သွေးသံရဲရဲ အပေါက်ကြီးများ ဖြစ်ပေါ်ကာ သွေးများ တစက်စက် ကျဆင်းနေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ကျင့်ကြံသူများ၏ သွေးများ အားလုံး စုပ်ယူခံလိုက်ရပြီး၊ သူတို့၏ ရုပ်ခန္ဓာကိုယ်များမှာ အလောင်းခြောက်များအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

ဘုန်း…ဘုန်း…ဘုန်း…။

သို့သော် ကျန်ရှိသော ကျင့်ကြံသူများက သေခြင်းတရားအား ထိုင်စောင့်မနေနိုင်ချေ။ တစ်ဦးချင်းစီသည် သူတို့၏ အစွမ်းထက်ဆုံး တိုက်ကွက်များကို ထုတ်လွှတ်လိုက်ကြပြီး၊ ထိုကြောက်မက်ဖွယ် သွေးနတ်ဆိုး သစ်ပင်ကြီးကို ပြင်းထန်သော အဖျက်စွမ်းအားများဖြင့် တိုက်ခိုက်လိုက်ကြတော့သည်။

မှန်ပေသည်၊ ဤအရာအားလုံးအား အပြင်ဘက်မှ ကျိုးစွေ့က သတိမထားမိချေ။

သူသည် ဝိညာဉ်သန္ဓေသားအဆင့် လိုဏ်ဂူမှ ဆယ်မိုင်ခန့် အကွာ၊အတွင်းပိုင်း၌ ပုန်းအောင်းနေပြီး၊ နှလုံးသားမျက်လုံးစွမ်းအားကို အသုံးပြုကာ ပတ်ဝန်းကျင်မှ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေသည်။

ဂူအတွင်းမှ နတ်ဆိုးက သူ့အား သတိပြုမိသွားမည်ကို စိုးရိမ်သဖြင့်၊ နှလုံးသားမျက်လုံး စွမ်းအားကို အတွင်းသို့ ချောင်းကြည့်ရန် မဝံ့ရဲခဲ့ပေ။

ဝုန်း…။

မျှော်လင့်ထားသည့်အတိုင်း၊ မကြာမီတွင် ပုံရိပ်များစွာသည် ဂူထဲမှ အလျင်အမြန် ပြေးထွက်လာကြသည်။ သူတို့ထဲတွင် လင်းယာကျူနှင့် ရှန်ပိချန်တို့လည်း ပါဝင်သည်။

ကျိုးစွေ့ထံမှ သတိပေးချက် ရရှိထားသဖြင့် သူတို့သည် ပိုမိုသတိကြီးစွာ ထားခဲ့ကြပြီး ဂူထဲသို့ ဝင်ရောက်ရန် အလျင်မလိုခဲ့ကြပေ။

သွေးနတ်ဆိုးသစ်ပင်ကြီး ပေါက်ကွဲထွက်လာသည့်အခ၊ါ ချက်ချင်းပင် လွတ်မြောက်ရန် ခွန်အားရှိသမျှ အစွမ်းကုန် အသုံးပြုနိုင်ခဲ့ကြသည်။

သို့သော် အခြား ရွှေအမြုတေ ဆရာသခင်များမှာမူ ဤမျှကံမကောင်းခဲ့ကြပေ။ အထူးသဖြင့် လောဘကြီးသူများမှာ၊ တစ်ခဏအတွင်းမှာပင် အသတ်ခံလိုက်ရပြီး သွေးနတ်ဆိုးသစ်ပင်ကြီး၏ အစာ ဖြစ်သွားကြသည်။

ဝှစ်…ဝှစ်…ဝှစ်…။

သူတို့အားလုံး တစ်ဦးနှင့်တစ်ဦး အကြည့်ချင်း ဖလှယ်လိုက်ကြပြီး၊ အချိန်တစ်ခဏမျှ မဖြုန်းတီးတော့ဘဲ အဝေးမှ မိုးကုတ်စက်ဝိုင်းထိတိုင် လျင်မြန်စွာ ပျံသန်းသွားကြသည်။

မည်သို့ပင်ဖြစ်စေ၊ ဤနေရာသည် လုံခြုံသော နေရာတစ်ခု မဟုတ်တော့ပေ။ အတွင်းထဲမှ နတ်ဆိုးက မည်မျှသော စွမ်းအားကို ထုတ်လွှတ်နိုင်မည်ကို မည်သူမျှ ကြိုတင်ခန့်မှန်းနိုင်မည် မဟုတ်ပေ။

ဝရော…။

အသက်ရှူချိန် အနည်းငယ်အတွင်းမှာပင် ဆယ်မိုင်ပတ်လည် ဧရိယာကို သွေးနီရောင် မြူခိုးများ ဖုံးလွှမ်းသွားပြီး၊ ဧရာမသစ်ပင်ကြီးတစ်ပင် ပေါ်ထွက်လာကာ ဆိုးယုတ်သော အငွေ့အသက်များ ထုတ်လွှတ်နေသည်။ ၎င်းသည် လွတ်မြောက်ရန် ရုန်းကန်နေသည့်အလား ထင်ရချေသည်။

သို့သော် ထိုအခိုက်အတန့်တွင် မြေကြီး၏အနက်ပိုင်းထဲမှ ရွှေရောင်သံကြိုးများ ပေါက်ကွဲထွက်လာပြီး၊ တစ်ခဏအတွင်းမှာပင် ထိုသစ်ပင်ကြီးအား အောက်သို့ ပြန်လည်ဆွဲချသွားကာ မြေကြီးထဲသို့ နက်ရှိုင်းစွာ နစ်မြုပ်သွားစေသည်။

ဘန်း..ဘန်း..ဘန်း…။

ကောင်းကင်ယံတွင် မရေမတွက်နိုင်သော တိမ်တိုက်မည်းများ စုစည်းလာပြီး၊ ကြောက်မက်ဖွယ် ခရမ်းရောင် လျှပ်စီးကြောင်းများက သွေးနီရောင်သစ်ပင်ကြီးကို ပြင်းထန်စွာ ရိုက်ခတ်တော့သည်။

"အား…."

ချက်ချင်းပင် သွေးနီရောင်သစ်ပင်ကြီးထံမှ စူးရှသော အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။ ၎င်းသည် သူ၏ကံကြမ္မာကို လက်မခံလိုပုံရသော်လည်း ဂူ၏ အတွင်းပိုင်းထဲသို့ နောက်ဆုတ်ရန်မှတစ်ပါး ရွေးချယ်စရာမရှိတော့ချေ။

All Chapters