အခြေတည်အဆင့် အလယ်အလတ်နယ်ပယ်သို့ တက်လှမ်းခြင်း (၁)။
Vol. 15 Ch. 200
မျက်စိတစ်မှိတ်အတွင်းမှာပင်၊ ယခင်က ကုသ၍မရနိုင်သော သေစေနိုင်သည့် အဆိပ်အားလုံးကို 'ရွှေအလင်းတစ်ထောင်ကူ'က အပြည့်အဝ ဝါးမျိုသန့်စင်သွားခဲ့ပြီး၊ အစအနတစ်မှုန်မျှပင် မကျန်ရစ်တော့ပေ။
"ဒီအံ့ဖွယ်သတ္တဝါလေးက အစွမ်းထက်လွန်းတယ်.."
ရှန်ပိချန်တစ်ယောက် အမှန်တကယ်ပင် အံ့အားသင့်သွားပြီး၊ သူမ၏ မျက်ဝန်းလှလှများတွင် နားမလည်နိုင်သော အမူအရာများ ထင်ဟပ်နေသည်။
"ဒါက နတ်ဆိုးတွေ ဖန်တီးထားတဲ့ သွေးမြူခိုးအဆိပ်ပဲ.. ကြားဖူးတာတော့.. ဒီသွေးမြူခိုးအဆိပ်သာ ခန္ဓာကိုယ်ထဲ ဝင်သွားရင်.. အာရုံကြောတွေကို ထုံကျဉ်သွားစေပြီး အာရုံငါးပါးကို တဖြည်းဖြည်း ဆုံးရှုံးစေတယ်တဲ့.. တစ်ပြိုင်နက်တည်းမှာပဲ ခန္ဓာကိုယ်ထဲက မှော်စွမ်းအားတွေက အေးခဲသွားပြီး သွေးကြောတွေ ပိတ်ဆို့ကုန်ရော… အဆိပ်သင့်ခံရတဲ့သူက အလောင်းတစ်လောင်းလို လှုပ်ရှားလို့ မရတော့ဘူး.. ပြီးတော့မှ အဲ့ဒီ အဆိပ်သင့်ခံရတဲ့သူကို နတ်ဆိုးက ယူသွားပြီး သူတို့ရဲ့ အသက်စွမ်းအင်ကို စားသုံးပစ်တာ.. ဒီလိုမျိုး ကုရာနတ္ထိမရှိဘူးထင်ရတဲ့ အဆိပ်က... ဒီအတိုင်းကြီး ပျောက်သွားတယ်တဲ့လား.."
အမှန်တကယ်တော့၊ တတိယအဆင့် ဆေးဖော်စပ်ပညာရှင်တစ်ဦးအနေဖြင့် သူမ၏ ကိုယ်ခန္ဓာ အခြေအနေကို သူမကိုယ်တိုင်ထက် ပိုမိုရှင်းလင်းစွာ နားလည်သူမရှိတော့ပေ။
အတိုင်းအတာတစ်ခုအထိ ဆိုရလျှင် ဆေးဖော်စပ်ပညာရှင်များကို ကျင့်ကြံသူတို့၏ ဆရာဝန်များဟု သတ်မှတ်ကြသည်။ သူတို့သည် ကျင့်ကြံမှုကို မြှင့်တင်ပေးသော ဆေးလုံးမျိုးစုံကို ဖော်စပ်နိုင်ရုံသာမက၊ အဆိပ်ဖြေဆေးများနှင့် ရောဂါကုဆေးလုံးများကိုလည်း ဖန်တီးနိုင်သည်။ သူတို့သည် ကျင့်ကြံခြင်းလောက၏ ဆေးဘက်ဆိုင်ရာပညာရှင်များ ဖြစ်ကြသည်။
ထို့ကြောင့် သူမသည် အဆိပ်သင့်သည်နှင့် အဆိပ်ဖြေဆေး အမျိုးမျိုးကို သုံးကြည့်ခဲ့သော်လည်း မည်သို့မျှ အရာမထင်ခဲ့ပေ။
သူမ သေဆုံးရတော့မည်ဟု ထင်ထားပြီး၊ သတိလက်လွတ်အနေအထားဖြင့် စိတ်စေရာအတိုင်း သွားလာခဲ့ခြင်း ဖြစ်သည်။
မမျှော်လင့်ဘဲ အင်မော်တယ်ရှားဂိုဏ်းသို့ မတော်တဆ ရောက်လာကာ၊ ကျိုးစွေ့နှင့် တိုက်တိုက်ဆိုင်ဆိုင် တွေ့မိပြီး၊ သူသည် သူမ၏ သေစေနိုင်သောအဆိပ်အား အံ့ဖွယ်နည်းလမ်းဖြင့် ကုသပေးခဲ့သည်။
တစ်နည်းအားဖြင့်၊ ယင်းသည် ကံကြမ္မာ၏စီမံမှုအတိုင်းသာ ဖြစ်သည်။
"ဒါက အသေးအဖွဲပါပဲ.."
ကျိုးစွေ့က နှိမ့်ချစွာ ပြုံးလိုက်သည်။
သွေးမြူခိုးအဆိပ်ကို စားသုံးလိုက်ရပြီးနောက် 'ရွှေအလင်းတစ်ထောင်ကူ'သည် အတော်လေး စိတ်လှုပ်ရှားနေသည်ကို သူ အာရုံခံလိုက်မိသည်။
၎င်းသည် မှိန်ဖျော့သော ရွှေရောင်အလင်းတန်းများ ထုတ်လွှတ်နေကာ မယုံနိုင်လောက်အောင် တုန်ယင်နေပြီး၊ ၎င်းခန္ဓာကိုယ်ထဲမှ အနီရောင် အဆိပ်မျဉ်းလိုင်းတစ်ခုပင် စတင် ဖြစ်ပေါ်လာသည်။
ဤသည်မှာ 'ရွှေအလင်းတစ်ထောင်ကူ'၏ ထူးခြားသော လက္ခဏာတစ်ခု ဖြစ်သည်။ အဆိပ်တစ်မျိုးကို ဝါးမျိုလိုက်သည်နှင့် ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် အဆိပ်လိုင်း အသစ်တစ်ခု ဖြစ်ပေါ်လာသည်။
ဝါးမျိုလိုက်သော အဆိပ် အမျိုးအစား များလေ၊ ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် လိုင်းများ ပိုမို ဖြစ်ပေါ်လာလေ ဖြစ်သည်။
ဤအဆိပ်သည် တတိယအဆင့် အဆိပ်နှင့် ညီမျှပြီး ၎င်းအတွက် ကြီးမားသော အကျိုးကျေးဇူးများ ရှိသည်မှာ သံသယရှိဖွယ် မရှိပေ။ ဤအခိုက်အတန့်တွင် ကူပိုးကောင်သည် ၎င်း၏ ခန္ဓာကိုယ်ထဲမှ အဆိပ်များ စဉ်ဆက်မပြတ် စုပုံလာပြီး တိုးပွားလာသည်ကို ခံစားနေရပြီး၊ ကိုယ်ပိုင် ကျင့်ကြံမှုမှာလည်း လျင်မြန်စွာ မြင့်တက်လာသည်။
၎င်းအတွက် ကျင့်ကြံခြင်းမြှင့်တင်ရန်မှာ ရိုးရှင်းလှသည်။ အဆိပ်အမျိုးမျိုးကို ဝါးမျိုရန်သာ ဖြစ်၏။
"သြော်... ဂိုဏ်းချုပ်ရှန်"
"အခု ခင်ဗျားရဲ့ ခန္ဓာကိုယ်ထဲက အဆိပ်ပြင်းတွေ ဖြေရှင်းပြီးသွားပြီဆိုတော့.. အင်မော်တယ်ရှားဂိုဏ်းကို ပြန်လိုက်ခဲ့ပြီး ခဏလောက် အနားယူ အားဖြည့်နေပါလား… ဘာပဲဖြစ်ဖြစ်.. အဆိပ်ပြင်း ဖြေရှင်းပြီးသွားရင်တောင် ခန္ဓာကိုယ်က ချက်ချင်း ပြန်ကောင်းလာမှာ မဟုတ်ဘူးလေ.."
ကျိုးစွေ့က ရှန်ပိချန်ကို ရိုးသားသော အကြည့်ဖြင့် ကြည့်လိုက်ပြီး ဖိတ်ခေါ်လိုက်သည်။
ဘာရယ်...။
ထိုဖြူစင်သော မျက်လုံးများကို ကြည့်လိုက်မိရာ၊ နှစ်ပေါင်း နှစ်ရာကျော် ရဲရဲဝံ့ဝံ့ နေထိုင်လာခဲ့သော ရှန်ပိချန်ပင်လျှင် မျက်နှာ နီမြန်းသွားရသည်အထိ ဖြစ်သွားသည်။
သူမ၏ နှလုံးသားက ထိန်းမနိုင်သိမ်းမရ ခုန်ပေါက်လာပြီး တစ်ကိုယ်လုံး ပူပြင်းလာသလို ခံစားလိုက်ရသည်။
‘ဘုရားရေ... ဒါ ဘယ်လို ခံစားချက်ကြီးလဲ.. ဘာလို့ ငါ့နှလုံးသားက ဒီလောက်တောင် တစ်ဒိန်းဒိန်း ခုန်နေရတာလဲ.. ငါ့ကိုယ်ထဲက'ထိုက်ယင်စိတ်ဝိညာဉ်မီးကတောင် ပျော်ရွှင် မြူးတူးနေသလိုပဲ.. ဒါ... ဒါ... ငါ့ရှေ့က ယောက်ျားကို ငါ တပ်မက်နေမိတာလား’
‘ဒါပေမဲ့... ဒါ ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်တဲ့ ကိစ္စလဲ’
‘ငါက ဂုဏ်သရေရှိ ရွှေအမြုတေ ဆရာသခင်တစ်ယောက်လေ.. အခြေတည်အဆင့်က ယောက်ျားတစ်ယောက်အပေါ်မှာ ဒီလို ခံစားချက်တွေ ဖြစ်ပေါ်လာရတယ်ဆိုတာက လုံးဝ မဖြစ်သင့်ဘူး.. အင်း... ဒီယောက်ျားက တကယ်ကို မယုံနိုင်လောက်အောင် ချောမောပြီး ဆွဲဆောင်မှုတွေ ပြည့်နှက်နေတာတော့ ဝန်ခံရမယ်.. ဒါပေမဲ့ ငါက နာမည်ကြီး တတိယအဆင့် ဆေးဖော်စပ်ပညာရှင် ရှန်ပိချန်..တန်တိန်ဂိုဏ်းရဲ့ နာမည်ကျော် ဂိုဏ်းချုပ်လေ...’
"ရောင်းရင်းကျိုး...ရှင်က ကျွန်မကို အဆိပ်ဖြေပေးပြီးပြီပဲ.."
"ဘာလို့ အဆုံးထိ တာဝန်မယူလိုက်တော့တာလဲ…"
ရှန်ပိချန်က ကျိုးစွေ့ကို စူးစိုက်ကြည့်လိုက်သည်။ သူမ၏ မျက်လုံးများက အတွင်းထဲ၌ မီးတောက်တစ်ခု တောက်လောင်နေသကဲ့သို့ အရောင်လက်နေသည်။
‘ငါသာ ဒီယောက်ျားကို အင်မော်တယ်ရှားဂိုဏ်းကို ပြန်ခွင့်ပြုလိုက်ရင်... ဒီလို အခွင့်အရေးကောင်းမျိုး နောက်တစ်ခါ ရချင်မှ ရတော့မယ်.. ဒီတော့ ငါ သူ့ကို ဒီလောက် မြန်မြန် ပြန်မလွှတ်နိုင်ဘူး’
"အမ်... ဂိုဏ်းချုပ်ရှန် ကျွန်တော် ဘာများ ကူညီပေးရဦးမလို့လဲ"
ကျိုးစွေ့က စူးစမ်းစွာ မေးလိုက်သည်။
တစ်ခုခုလွဲချော်နေပြီဟု သူခံစားမိသည်။ သူ၏ နှစ်ပေါင်းများစွာ အတွေ့အကြုံအရ သူ့ရှေ့မှ အမျိုးသမီးသည် ကျားတစ်ကောင်ကဲ့သို့ ကြမ်းတမ်းခက်ထန်သူ ဖြစ်ကြောင်း သူ သိရှိသည်။
"ကျွန်မ ကိုယ်ထဲက ထိုက်ယင်စိတ်ဝိညာဉ်မီးက ဂနာမငြိမ် ဖြစ်နေတယ်"
"ခစ်ခစ်..ရှင် ကျွန်မကို ဒါလေး ငြိမ်သွားအောင် ကူညီပေးပါလား.."
ရှန်ပိချန်က တခစ်ခစ် ရယ်မောလိုက်ပြီးနောက်၊ သူ့အပေါ်သို့ ခုန်အုပ်လိုက်တော့သည်။
…
ညတစ်ည ကုန်ဆုံးသွားသည်။
ကျိုးစွေ့၏ မျက်နှာထက်တွင် ကျေနပ်သော အမူအရာများ ထင်ဟပ်နေသည်။ ပြီးခဲ့သည့်ညက အဖြစ်အပျက်များမှာ ရှင်းလင်းနေပြီး ဖြစ်သည်။
ဤသည်မှာ ရွှေအမြုတေအမျိုးသမီး ကျင့်ကြံသူတစ်ဦး၏ ညှို့ဓာတ်ကို သူ ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်း မဟုတ်တော့ပေ။ အားစိုက်ထုတ်မှုများစွာ ပြုလုပ်ခဲ့ရသော်လည်း ၎င်းသည် အရာအားလုံး ထိုက်တန်လှသည်။
သူသည် ရွှေအမြုတေ အမျိုးသမီး ကျင့်ကြံသူ၏ ခန္ဓာကိုယ်မှ ပကတိယင်စွမ်းအင်ကို ရရှိခဲ့ပြီး၊ ၎င်းက သူ၏ကျင့်ကြံမှုကို ကြီးမားစွာ မြှင့်တင်ပေးလိုက်သည်။
နဂိုကတည်းက သူ၏ကျင့်ကြံမှုသည် အခြေတည်အဆင့် အလယ်အလတ်နယ်ပယ်နှင့် အလွန် နီးကပ်နေခဲ့ပြီ ဖြစ်သည်။ ယခု ဤစွမ်းအင်၏ အကူအညီဖြင့် အတားအဆီးများ လုံးဝ မရှိတော့ဘဲ အရာအားလုံး ချောမွေ့စွာ ပြီးမြောက်သွားခဲ့သည်။ ရေသည် သဘာဝအတိုင်း မြစ်အတွင်း စီးဆင်းသွားသည့်နှယ် ဖြစ်သည်။
ပုံမှန်အားဖြင့်၊ အခြေတည်အဆင့် အစောပိုင်း၏ အထွတ်အထိပ်သို့ ရောက်နေသော သာမန် ကျင့်ကြံသူတစ်ဦးအတွက် ဤအတားအဆီးကို ချိုးဖျက်ပြီး အလယ်အလတ်အဆင့်သို့ ရောက်ရှိရန် အနည်းဆုံး ဆယ်နှစ်မှ နှစ်သုံးဆယ်အထိ လိုအပ်ပေသည်။ အချို့ သောကျင့်ကြံသူများဆိုလျှင် ဖောက်ထွက်နိုင်ခြင်း မရှိဘဲ နှစ်ပေါင်းရာနှင့်ချီ၍ ပိတ်မိနေတတ်သည်။
သို့သော် ကျိုးစွေ့သည် မတူပေ။ သူသည် အန္တိမဖြစ်သော ကူနတ်ဘုရားကျင့်စဉ်ကို ကျင့်ကြံထားပြီး၊ အလွန်တရာခိုင်မာသော အခြေခံအုတ်မြစ် ရှိသည့်အပြင်၊ ရွှေအမြုတေ အမျိုးသမီး ကျင့်ကြံသူတစ်ဦး၏အကူအညီက ကျားအား အတောင်တပ်ပေးလိုက်သည့်အလား ဖြစ်သွားစေသည်။
ထို့ကြောင့် သူသည် မည်သည့် အတားအဆီးမှ မရှိဘဲ လွယ်ကူစွာ ချိုးဖြတ် အောင်မြင်သွားခဲ့သည်။
ဝှမ်..။
ဤအခိုက်အတန့်တွင် ကျိုးစွေ့ သည် သူ၏နတ်ဘုရားအာရုံကို အသုံးပြု၍ ခန္ဓာကိုယ်အတွင်းမှ အခြေအနေကို အာရုံခံလိုက်သည်။
သူ၏ ဒန်တျန် ချီပင်လယ်သည် နောက်တစ်ကြိမ် ထပ်မံကျယ်ပြန့်လာခဲ့ပြီး၊ ရွှေရောင် မှော်စွမ်းအားအရည် အစက်၁၀၀သည် နက်မှောင်သော ရေကန်ငယ်လေးတစ်ခုကို ဖြစ်ပေါ်စေကာ ကြောက်မက်ဖွယ် အရှိန်အဝါကို ထုတ်လွှတ်နေတော့သည်။
"မဆိုးဘူး.. မဆိုးဘူး... ငါ အခြေတည်အဆင့်အစောပိုင်းနယ်ပယ် အထွတ်အထိပ်တုန်းက မှော်စွမ်းအားအရည် ၅၀ ပဲ ရှိခဲ့တာ… အခြေတည်အဆင့် အလယ်အလတ်ကို တက်လှမ်းပြီးတာနဲ့ အရေအတွက်က ချက်ချင်း တစ်ရာအထိ ရောက်သွားတယ်… မှော်စွမ်းအားက နှစ်ဆ တိုးလာတာပဲ"
"အခြေတည်အဆင့် အစောပိုင်းနဲ့ အလယ်အလတ်အဆင့်ကြားက ကွာခြားချက်က ဘာလို့ ဒီလောက် ကြီးမားရသလဲဆိုတာ မဆန်းတော့ဘူး… မှော်စွမ်းအားပမာဏ သက်သက်ကိုက တူညီတဲ့အဆင့်မှာ မရှိတော့ဘူး.. မှော်စွမ်းအားပမာဏနဲ့တင် အခြေတည်အဆင့် အစောပိုင်းက ကျင့်ကြံသူတစ်ယောက်ကို ငါ ဖိနှိပ်လို့ ရနေပြီ.. စိတ်ဝိညာဉ်စွမ်းအင်နဲ့ တခြားပညာရပ် ကျွမ်းကျင်ပိုင်နိုင်မှုကို ထည့်ပြောစရာတောင် မလိုတော့ဘူး…"
"ဒါ့အပြင်... ငါ့မှာ အခု ကူပိုးကောင် ၉ကောင် ပိုင်ဆိုင်ထားတယ်.. တစ်ကောင်ချင်းစီမှာ မှော်စွမ်းအားအရည် တစ်ရာစီ ရှိနေတယ်.. ဒါဆို ငါ့ရဲ့ မှော်စွမ်းအားက သာမန် အခြေတည်အဆင့် အလယ်အလတ်က ကျင့်ကြံသူတွေထက် ကိုးဆ ပိုများနေတာပေါ့.. ဒါက သောက်ရမ်းကြမ်းလွန်းတယ်.."
"ဒါ... 'ကူနတ်ဘုရားကျင့်စဉ်'ရဲ့ အစစ်အမှန်စွမ်းအားလား… အစောပိုင်းအဆင့်မှာတော့ သိပ် ထူးခြားတယ်လို့ မထင်ရဘူး.. ဒါပေမဲ့ အဆင့်မြင့်လာလေလေ ဒီပညာရပ်က ပိုပြီး ကြောက်စရာ ကောင်းလာလေပဲ…"
ကျိုးစွေ့တစ်ယောက် အံ့ဩမှင်တက်သွားသည်။
သူ့ခန္ဓာကိုယ်ထဲက ကြီးမားလှသော မှော်စွမ်းအားကို သူ အာရုံခံလိုက်မိပြီး၊ လှုပ်ရှားမှုတိုင်းတွင် နက်နဲသော စွမ်းအားများ ပါဝင်နေသကဲ့သို့ ထင်မှတ်မိသည်။
အခြေတည်အဆင့် အလယ်အလတ်အဆင့်သို့ တက်လှမ်းပြီးနောက် သူ၏ မှော်စွမ်းအားသည် နှစ်ဆ တိုးလာခဲ့သည်။
အခြေတည်အဆင့်ရှိ ကျင့်ကြံသူများအတွက် အဓိက ကျင့်ကြံခြင်းနည်းလမ်းမှာ အဘယ်အရာ ဖြစ်သည်ကို သူယခုအခါ နားလည်သွားပြီ ဖြစ်သည်။ ၎င်းမှာ ဒန်တျန် ချီပင်လယ်အတွင်းမှ မှော်စွမ်းအားအရည်များကို တိုးပွားစေရန် ဖြစ်သည်။
အကယ်၍ အတားအဆီးကို ဖောက်ထွက်နိုင်ပါက ဒန်တျန် ချီပင်လယ်သည် ပိုမို ကျယ်ပြန့်လာပြီး မှော်စွမ်းအားများ ပိုမိုသိုလှောင်နိုင်မည် ဖြစ်သည်။ သို့သော် ဒန်တျန် ချီပင်လယ် မကျယ်ပြန့်နိုင်တော့ပါက ထိုနယ်ပယ်တွင် ပိတ်မိသွားပြီး ထာဝရ အတားအဆီးတစ်ခု ဖြစ်သွားပေလိမ့်မည်။
ဤသည်မှာ အခြေတည်အဆင့် အစောပိုင်းရှိ ကျင့်ကြံသူများစွာ ချိုးဖြတ်နိုင်ခြင်း မရှိဘဲ အလယ်အလတ်အဆင့်သို့ မတက်လှမ်းနိုင်သည့် အကြောင်းရင်းပင် ဖြစ်သည်။
အကြောင်းမှာ ကျင့်စဉ်များတွင် ချို့ယွင်းချက်များ ရှိနေခြင်း၊ အခြေခံအုတ်မြစ်များ လုံလောက်စွာ မခိုင်မာခြင်း၊ ဒန်တျန် ချီပင်လယ် မကျယ်ပြန့်နိုင်တော့ခြင်းတို့ကြောင့် ဖြစ်ပြီး၊ မှော်စွမ်းအားအရည် ၅၀ သည် သူတို့၏ အကန့်အသတ် ဖြစ်သွားသည်။
အကယ်၍ အတင်းအကျပ် ချိုးဖျက်ရန် ကြိုးစားပါက၊ ၎င်းသည် ဒန်တျန်ကို ပြုပြင်၍ မရနိုင်သော ပျက်စီးမှုကို ဖြစ်စေလိမ့်မည်။
မှန်ပေသည်၊ ကျင့်ကြံခြင်းလောကတွင် ဤပြဿနာကို ဖြေရှင်းရန် နည်းလမ်းများ ရှိသည်။ ၎င်းမှာ ဒုတိယအဆင့် ချိုးဖြတ်ခြင်းဆေးလုံးပင် ဖြစ်သည်။
ဤဆေးလုံးကို သောက်သုံးပါက ၎င်းသည် အခြေတည်အဆင့်ရှိ ကျင့်ကြံသူများကို သူတို့၏ ဒန်တျန်ကို ကျယ်ပြန့်စေရန် ကူညီပေးနိုင်ပြီး၊ အလယ်အလတ်အဆင့်သို့ တက်လှမ်းရန် အတားအဆီးကို အတင်းအကျပ် ဖောက်ထွက်စေနိုင်သည်။
ပြဿနာမှာ၊ ထိုဆေးလုံးများသည် အလွန် ရှားပါးပြီး၊ အလွန်အမင်း တန်ဖိုးကြီးခြင်း ဖြစ်သည်။ ဝိညာဉ်ကျောက်တုံးများ ရှိလျှင်ပင် ၎င်းကို ဝယ်ယူနိုင်မည်ဟု အသေအချာ မဆိုနိုင်ပေ။
ထို့အပြင် ဤဆေးလုံးကို သောက်သုံးခြင်းတွင် ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ရှိသည်။ သာမန် ကျင့်ကြံသူများကဲ့သို့ အချိန်နှင့်အမျှ တဖြည်းဖြည်း ကျယ်ပြန့်လာခြင်းမျိုး မဟုတ်ဘဲ၊ ဒန်တျန်ကို အတင်းအကျပ် ကျယ်ပြန့်စေသောကြောင့် ၎င်းသည် ဒန်တျန် ချီပင်လယ်ကို ပျက်စီးစေနိုင်သည်။
ထိုသို့သော အခြေအနေသို့ ရောက်ရှိသွားပါက အခြေတည်အဆင့် နှောင်းပိုင်းသို့ တက်လှမ်းနိုင်ရန် မျှော်လင့်ချက် မရှိတော့ပေ။
မှန်ပေသည်၊ သာမန် ပါရမီသာရှိသော အခြေတည်အဆင့် ကျင့်ကြံသူများအတွက်မူ အလယ်အလတ်အဆင့် ရောက်ရှိနိုင်ခြင်းကိုပင် ကျေးဇူးတင်နေရမည် ဖြစ်သည်။ နှောင်းပိုင်းအဆင့်အတွက်မူ အိပ်မက်ပင် မက်ဝံ့ကြမည် မဟုတ်ချေ။