← Chapters

နေကောင်းကျန်းမာပါရဲ့လား

Vol. 142 Ch. 1833

နေကောင်းကျန်းမာပါရဲ့လား

Vol. 142 Ch. 1833

မီလော့နန်းတော်အရှင်သခင်က ပြုံးလိုက်သည်။ "တာအိုမိတ်ဆွေ ဖရိုဖရဲ… မင်းက သိပ်သန်မာပါတယ်… ဒါပေမဲ့ အတွေ့အကြုံ အနည်းငယ် လိုအပ်နေသေးတယ်…. တာအိုရရှိပြီးပြီ ဆိုပေမယ့် ငါ့အဆင့် ရောက်ဖို့ အများကြီး လိုသေးတယ်… တျန်းတုအရှင်သခင်နဲ့ တာအိုဖီဆန်သူလင်တို့လို လူတွေရဲ့ အမြင်မှာ ငါ့ရဲ့ကျင့်ကြံအဆင့်က သူတို့ထက် မြင့်ပေမယ့် တာအိုလမ်းစဉ်မှာတော့ သူတို့လောက် မနက်ရှိုင်းဘူး… အနန္တအဘိုးအိုရဲ့ အမြင်မှာကျတော့ ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်ရော တာအိုလမ်းစဉ်ရောက သူ့အောက်မှာ ရှိတယ်… ဒါပေမဲ့ မင်းရှေ့မှာတော့ မင်းနဲ့ ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ တာအိုလမ်းစဉ်က သိပ်မကွာခြားလှဘူး… ငါ မင်းထက် သာနေတဲ့ တစ်ခုတည်းသောအချက်က အတွေ့အကြုံပဲ”

ချင်မူ၏ မျက်လုံးများတွင် ထူးဆန်းသော အလင်းရောင်များ လက်သွားပြီး သံသယဖြင့် မေးလိုက်၏။ "အတွေ့အကြုံတဲ့လား"

မီလော့နန်းတော်အရှင်သခင်က ဖြေသည်။ "ဟုတ်တယ်… မင်းနဲ့ ငါလို အဆင့်မျိုးကို ရောက်လာရင် တာအိုလမ်းစဉ်နဲ့ ကျင့်ကြံခြင်းအခြေခံဟာ သိပ်မကွာခြားတော့ဘူး… ယှဉ်ပြိုင်နိုင်တာက တစ်ဖက်လူရဲ့ အတွေ့အကြုံပဲ… ငါက မင်းထက် နှစ်ပေါင်း ကုဋေရှစ်သောင်း စောပြီး သိမြင်နားလည်ခဲ့တဲ့အပြင် ပထမစကြဝဠာရဲ့ သမိုင်းကြောင်းကို ဖြတ်သန်းခဲ့ဖူးတယ်…. ဖရိုဖရဲ၊ မင်း ပထမစကြဝဠာ အစပိုင်းကို ပြန်သွားနိုင်တဲ့အချိန်ကျ မင်းရဲ့ အတွေ့အကြုံက ငါ့အဆင့်အထိ ရောက်လာလိမ့်မယ်… ငါ့ထက်တောင် သာလွန်သွားနိုင်တယ်… မင်းရဲ့ အောင်မြင်မှုက ငါ့အထက် သာလွန်လိမ့်မယ်"

သူက စိတ်ရှည်လက်ရှည် သင်ကြားနေသည်။ "မင်းက စကြဝဠာဆယ့်ခြောက်စင်းရဲ့ မဟာပျက်စီးခြင်းကပ်ဘေးကို ကြုံတွေ့ခဲ့ပြီးပြီ… ဒုတိယစကြဝဠာကနေ ဆယ့်ခုနစ်စင်းမြောက် စကြဝဠာအထိ မွေးဖွားခြင်းကပ်ဘေးတွေကိုလည်း ဖြတ်သန်းခဲ့ပြီးပြီ… ဒါပေမဲ့ မင်း ပထမစကြဝဠာကို မဖြတ်သန်းခဲ့ရဘူး…. ပထမစကြဝဠာ အစပိုင်းကို ပြန်ရောက်နိုင်တဲ့အချိန်ကျရင် မင်း ငါ့ကို ကျော်တက်သွားလိမ့်မယ်… အခုလောလောဆယ်တော့ မင်းက ငါ့အောက် နည်းနည်း အားနည်းနေသေးတယ်… ဒီအချက်လေးကပဲ အဆုံးအဖြတ် ပေးလိမ့်မယ်"

ချင်မူ မျက်နှာပျက်သွားသည်။ ရုတ်တရက် ခွဲခြား၍ မရနိုင်အောင် သေးငယ်သည့် မရေမတွက်နိုင်သော နေရာဟင်းလင်းပြင်များတွင် သူ၏ ပုံရိပ်များ ပေါ်လာ၏။ မရေမတွက်နိုင်သော နေရာဟင်းလင်းပြင်ထဲတွင် မရေမတွက်နိုင်သော ချင်မူမူများ မတူညီသော ကောင်းကင်နတ်သိုင်းများကို အသီးသီး ထုတ်ဖော်လိုက်ကြသည်။

ထိုကောင်းကင်နတ်သိုင်းများက တစ်ခုနှင့်တစ်ခု ထပ်နေခြင်း မရှိချေ။

ဤသည်ကား သူ၏ အထွတ်အထိပ် အောင်မြင်မှု ဖြစ်သည်။

မွေးဖွားခြင်းကပ်ဘေးထဲရှိ မရေမတွက်နိုင်သော နေရာဟင်းလင်းပြင်ငယ်များမှာ အနာဂတ်စကြဝဠာ၏ မရေမတွက်နိုင်သော ဖြစ်နိုင်ချေများ ဖြစ်သည်။ အနာဂတ်စကြဝဠာ၏ မရေမတွက်နိုင်သော ပုံရိပ်များလည်း ဖြစ်ပြီး အတွေးတစ်ချက်ဖြင့် ထိုဖြစ်နိုင်ချေများကို ဖြစ်ပေါ်လာစေနိုင်၏။

ချင်မူကား ဆယ့်ခြောက်စင်းမြောက် စကြဝဠာ၏ မဟာပျက်စီးခြင်းကပ်ဘေးထဲသို့ ဝင်ရောက်၍ တာအိုရရှိခဲ့ခြင်း ဖြစ်သည်။ ဤအချိန်တွင် သူ၏ တာအိုကောင်းကင်နတ်သိုင်းများကို ထိုက်ယီ၊ မဟာဥသျှောင်နှင့် သခင်‌လေးအနန္တတို့ကဲ့သို့ ပုဂ္ဂိုလ်များပင်လျှင် အံ့အားသင့်ကာ နားလည်ကြမည်မဟုတ်ပေ။

သို့သော် သူ တွေးလိုက်သည့် တစ်ချိန်တည်းမှာပင် ထိုနေရာဟင်းလင်းပြင် တစ်ခုချင်းစီ၌ မီလော့နန်းတော်အရှင်သခင် တစ်ယောက်စီ ပေါ်ထွက်လာခဲ့သည်။

မီလော့နန်းတော်အရှင်သခင်၏ တိုက်ကွက်က သူ့ထက် ပိုစောပြီး ပိုမြန်သည်။ သူ၏ ကောင်းကင်နတ်သိုင်း စတင် ပေါက်ကွဲခါစမှာပင် မီလော့နန်းတော်အရှင်သခင်က သူ့ထက် ခြေတစ်လှမ်းစော၍ လှုပ်ရှားပြီးလေပြီ။

ချင်မူ၏ ခန္ဓာကိုယ် တုန်ခါသွားပြီး မရေမတွက်နိုင်သော နေရာဟင်းလင်းပြင်များထဲမှ ပျောက်ကွယ်သွား၏။ တစ်ယောက်တည်းသာ ကျန်ရစ်တော့သည်။ သို့သော် အချိန်မမီတော့ချေ။

မီလော့နန်းတော်မှာလည်း တစ်ခုတည်းအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်နတ်သိုင်းမှာ သူ၏ ရင်ဘတ်ပေါ်တွင် ခတ်နှိပ်ပြီးသား ဖြစ်နေ၏။

ကွာဟမှုသည် မျဉ်းတစ်ကြောင်းအထူသာ ရှိသော်လည်း အဆုံးမရှိလောက်အောင် ခြားနားနေသယောင် ခံစားရစေသည်။ ဤကွာဟမှုကို ဖြည့်ဆည်းရန်အတွက် ချင်မူအနေဖြင့် အချိန်ကြာမြင့်စွာ ကြိုးစားအားထုတ်ရပေလိမ့်မည်။

ဝုန်း…

မီလော့နန်းတော်အရှင်သခင်၏ ရိုက်ချက်ကြောင့် ချင်မူမှာ နောက်သို့ လွင့်စင်သွားပြီး မဟာပျက်စီးခြင်းကပ်ဘေးထဲသို့ ပြန်ကျသွားသည်။

မီလော့နန်းတော်အရှင်သခင်၏ ဤတိုက်ကွက်က သူ့အား အတိတ်သို့ ပြန်ပို့လိုက်ခြင်းနှင့် တူညီသည်။

"ဖရိုဖရဲ… မင်း ငါ့ရဲ့ အဆင့်ကို ရောက်လာလိမ့်မယ်… ငါ့ထက်တောင် ရှေ့ရောက် သွားဦးမှာပါ"

မီလော့နန်းတော်အရှင်သခင်က ပြုံးလျက် ရေရွတ်လိုက်သည်။ "ဒါပေမဲ့ အခုတော့ မင်း မဖြစ်နိုင်သေးဘူး"

သူက လက်ကို ဝှေ့ယမ်းလျက် ချင်လင်ယွင်ကို ချင်မူ့ဘေးသို့ ပြန်ပို့ပေးလိုက်သည်။ ချင်မူ၏ နှောင့်ယှက်မှု မရှိတော့သဖြင့် နောက်ဆုံးတွင် ဆယ့်ခုနစ်စင်းမြောက် စကြဝဠာ၏ အနာဂတ်ကို တွေ့မြင်နိုင်ပေတော့မည်။

ချင်မူ ဖရိုဖရဲမြစ်ထဲသို့ ကျသွားသည်။ သူက လက်ကို မြှောက်၍ ညင်သာစွာ ပင့်မလိုက်ရာ ချင်လင်ယွင်၏ ခြေထောက်လေးများက သူ၏ လက်ဖဝါးပေါ်သို့ ကျရောက်လာသည်။

ချင်မူ မျက်နှာပျက်သွားပြီး ချင်လင်ယွင်ကို အသာအယာ ချပေးလိုက်သည်။ ဤတိုက်ပွဲတွင် သူ ရှုံးနိမ့်ခဲ့ရသည်မှာ ရှင်းလင်းပြတ်သားလွန်းလှသည်။

မီလော့နန်းတော်အရှင်သခင်က အနာဂတ်ကို ကြည့်လိုက်သည်။ ဤအခိုက်အတန့်တွင် ချင်မူ၏ ကာဆီးမှု မရှိတော့သဖြင့် ဆယ့်ခုနစ်စင်းမြောက် စကြဝဠာနှင့် ပတ်သက်သည့် ပုံရိပ်အားလုံး သူ၏ မြင်ကွင်းထဲသို့ ဝင်ရောက်လာချေပြီ။

ကမ္ဘာဦးဖရိုဖရဲ ဖြစ်တည်ခြင်းမှစ၍ ထိုက်ငါးပါး မွေးဖွားလာခြင်း၊ ထိုက်ယီ ပေါ်ထွက်လာခြင်း၊ သစ်ပင်ခုတ်ခြင်း၊ ဖန်ဆင်းရှင်များ ထကြွလာခြင်း၊ ရှေးဟောင်းနတ်ဘုရားများ ပေါ်ထွက်လာခြင်း စသည်ဖြင့် ဆယ့်ခုနစ်စင်းမြောက် စကြဝဠာ၏ သမိုင်းကြောင်းမှာ တစ်ခါမှ မမြင်ဖူးသော ပုံစံဖြင့် ပြောင်းလဲဖြစ်ပေါ်လာသည်။

လောကသစ်ပင် မရှိ၊ ကောင်းကင်ဖွင့်လှစ်သူများ မရှိ၊ မီလော့နန်းတော်လည်း မရှိပေ။

ဖန်ဆင်းရှင်များ ကျဆုံးသွားခြင်း၊ နဂါးဟန်ခေတ် သုံးပိုင်းကွဲခြင်း၊ ချိမင်ခေတ် တည်ထောင်ခြင်း၊ ချုံဧကရာဇ်တို့ ထိပ်တိုက်တွေ့ခြင်း၊ ခိုင်ဧကရာဇ်ခေတ် ပေါ်ထွန်းလာခြင်း၊ အပျက်အစီးများအကြားမှ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ ထူထောင်လာခြင်း စသည်တို့ကို မြင်တွေ့ရသည်။

နှစ်ပေါင်းခြောက်ကုဋေမှာ ခဏလေးနှင့် ကုန်ဆုံးသွားသည်။ မီလော့နန်းတော် ကျူးကျော်ဝင်ရောက်ခြင်း၊ လောကသစ်ပင် ပြန်လည်ရှင်သန်ခြင်း စသည့် နှစ်ပေါင်းသုံးကုဋေနှင့်တစ်ဝက်၏ အနာဂတ်များလည်း သူ၏ မျက်လုံးထဲသို့ ဝင်ရောက်လာသည်။

သူ၏ အကြည့်များ ခေတ္တ ရပ်တန့်သွား၏။ ချင်မူ အတိတ်သို့ ပြန်သွားသည်ကို တွေ့လိုက်သည်။ ထို့နောက် သူ၏ အကြည့်များက ရှေ့သို့ ဆက်သွား၏။

၎င်းမှာ ချင်မူပင် မကြုံတွေ့ဖူးသေးသော အနာဂတ် ဖြစ်သည်။ အရောင်အသွေး စုံလင်သော အနာဂတ် ဖြစ်ပြီး ချင်မူ ရှိနေစဉ်ကထက်ပင် ပိုမို တောက်ပနေ၏။ သို့သော် မီလော့နန်းတော်အရှင်သခင်၏ အကြည့်များ ပိုမိုဝေးကွာသော အနာဂတ်ဆီသို့ ရောက်သွားသောအခါ သူ၏တာအိုနှလုံးသားမှာ တဖြည်းဖြည်း တုန်လှုပ်လာတော့သည်။

ဆယ့်ခုနစ်စင်းမြောက် စကြဝဠာသည် နှစ်ပေါင်း ကုဋေတစ်ရာ ကြာပြီးနောက်တွင် စကြဝဠာ၏ ကျယ်ပြန့်မှုမှာ ပထမစကြဝဠာထက်ပင် ကျော်လွန်သွားခဲ့၏။ သို့သော် ဤစကြဝဠာသည် ဆက်လက်ကျယ်ပြန့်မှုကို ရပ်တန့်မည့် အရိပ်အယောင် မပြပေ။

နှစ်ပေါင်း ကုဋေနှစ်ရာ ကြာသောအခါ တာအိုသိုင်းပညာရှင်အသစ်များ မမွေးဖွားလာတော့ချေ။

နှစ်ပေါင်း ကုဋေသုံးရာ ကြာသောအခါ စကြဝဠာ၏ ကျယ်ပြန့်မှုကြောင့် စွမ်းအင်အကူးအပြောင်းတံတားများ မှေးမှိန်သွားပြီး အခြားကမ္ဘာများနှင့် ဆက်သွယ်၍ မရတော့ပေ။ တာအိုသိုင်းပညာရှင်များသာလျှင် အဆုံးမရှိ ရှည်လျားသော ကြယ်တာရာကောင်းကင်ကို ဖြတ်ကျော်ကာ တာအိုမိတ်ဆွေများကို သွားရောက် ရှာဖွေနိုင်ကြတော့သည်။

သို့သော် တာအိုသိုင်းပညာရှင်များ မိတ်ဆွေတို့ကို သွားရောက်ရှာဖွေရာတွင် ကုန်ဆုံးသော အချိန်မှာလည်း အလွန် ကြာမြင့်လှသည်။ ထိုအချိန်တွင် သိုင်းပညာရှင်များ မရှိတော့ပေ။ ကောင်းကင်နှင့် မြေကြီးအကြားမှ ဝိညာဉ်စွမ်းအင်များသည်လည်း ပြန့်ကားနေသော စကြဝဠာ၏ ဆွဲဆန့်မှုကြောင့် အလွန်အမင်း ပါးလွှာသွားခဲ့လေပြီ။

နှစ်ပေါင်း ကုဋေလေးရာ ကြာသောအခါ စကြဝဠာထဲရှိ ကြယ်တာရာအများစုမှာ ငြိမ်းသေ၍ အငွေ့ပျံသွားကြသည်။ မူလက အရောင်အသွေး စုံလင်စွာ တောက်ပနေသော စကြဝဠာမှာ တစတစ မှေးမှိန်လာသည်။

နှစ်ပေါင်း ကုဋေငါးရာ ကြာသောအခါ နောက်ဆုံးသော နေလုံးကြီး ငြိမ်းသွားသည်။ ကျန်ရှိနေသေးသော အထွတ်အမြတ်နယ်မြေများမှာလည်း စွမ်းအင်များ တဖြည်းဖြည်း ကုန်ဆုံးသွားကြ၏။

ကမ္ဘာဦးဘုံ ပြိုလဲသွားသည်။ ရွှမ်တု ပြိုကွဲသွားသည်။ ယိုတု မရှိတော့ပေ။ ကောင်းကင်ယင်ကမ္ဘာ လုံး၀ အငွေ့ပျံသွားသည်။ ကောင်းကင်ဘုံအသီးသီးမှာ နောက်ဆုံး ဟင်းလင်းပြင်အဖြစ်သို့ ဦးတည်ပြောင်းလဲနေကြချေပြီ။

နှစ်ပေါင်း ကုဋေခြောက်ရာ ကြာသောအခါ မီလော့နန်းတော်အရှင်သခင် ကြည့်လိုက်သည့်အချိန်တွင် နောက်ဆုံး အထွတ်အမြတ်နယ်မြေလည်း ငြိမ်းသွားလေပြီ။

ဆယ့်ခုနစ်စင်းမြောက် စကြဝဠာမှာ ပိတ်ပိတ်ပုန်း မှောင်မည်းသွားပြီး ရံဖန်ရံခါ ဖျတ်ခနဲ လက်သွားသည့် အလင်းရောင်များသာ ကျန်ရစ်တော့သည်။ ၎င်းတို့မှာ တာအိုသိုင်းပညာရှင်များ၏ လက်ကျန် အလင်းရောင်များ ဖြစ်တန်ရာသည်။

သူ ရှေ့သို့ ဆက်ကြည့်လိုက်သည်။ အမှောင်ထုသာ ကြီးစိုးနေချေသည်။ တာအိုသိုင်းပညာရှင်များ၏ လက်ကျန် အလင်းရောင်များလည်း တဖြည်းဖြည်း နည်းပါးသွား၏။

သူ အမှောင်ထု၏ အဆုံးကို ကြည့်လိုက်ရာ တာအိုသိုင်းပညာရှင်များ၏ လက်ကျန် အလင်းရောင်များလည်း ပျောက်ကွယ်သွားပြီ ဖြစ်သည်။ ဆယ့်ခုနစ်စင်းမြောက် စကြဝဠာတစ်ခုလုံးမှာ ပြန့်ကားသွားပြီး အဆုံးမရှိသည်အထိ ပါးလွှာလှသော အမြှေးပါးတစ်ခု ဖြစ်သွားခဲ့သည်။

ဒြပ်ဝတ္ထုအားလုံးသည် အသေးငယ်ဆုံးသော အမှုန်များအဖြစ် ပြိုကွဲကာ စကြဝဠာ၏ ဟင်းလင်းပြင်အမြှေးပါးပေါ်တွင် ညီညာစွာ ပြန့်ကျဲသွားကြ၏။

စကြဝဠာမှာ အလုံးစုံဆိတ်ငြိမ်နေသော နိဗ္ဗာနဟင်းလင်းပြင်အဖြစ် ပြောင်းလဲသွားသည်။

မဟာပျက်သုဉ်းခြင်း

ဖူး…

မီလော့နန်းတော်အရှင်သခင်၏ ပါးစပ်မှ တာအိုသွေးများ ပန်းထွက်လာသည်။ နှစ်ပေါင်း ကုဋေရှစ်ရာ ကြာပြီးနောက် ဖြစ်ပေါ်လာမည့် စကြဝဠာမဟာပျက်သုဉ်းခြင်းက သူ၏ တာအိုနှလုံးသားကို အလုံးစုံ ချေမှုန်းပစ်လိုက်၏။ သူ၏ ဇွဲလုံ့လအားလုံး၊ ခံယူချက်အားလုံးမှာ ဤအခိုက်အတန့်တွင် မည်သို့မှ အသုံးမဝင်တော့ပေ။

သူ၏ ကောင်းကင်နတ်သိုင်းများ၊ တာအိုကျင့်စဉ်များ အားလုံး အသုံးမဝင်ချေ။

အချိန်အတော်ကြာသည်အထိ သူ့မှာ မဟာပျက်စီးခြင်းကပ်ဘေးနှင့် မွေးဖွားခြင်းကပ်ဘေးတို့အတွက် ပြင်ဆင်ခဲ့သည်။ ရှောင်လွှဲ၍မရနိုင်သော ဤမဟာပျက်သုဉ်းခြင်းနှင့် ရင်ဆိုင်ရသောအခါ သူ၏ ယခင် ပြင်ဆင်မှုများ အားလုံး အချည်းနှီး ဖြစ်သွားခဲ့၏။ ထို့အပြင် မဟာပျက်သုဉ်းခြင်းကို ဖြေရှင်းနိုင်မည့် မည်သည့်နည်းလမ်းကိုမျှ သူ စဉ်းစား၍ မရခဲ့ပေ။

သူ တွေဝေငေးငိုင်နေမိသည်။ ထို့နောက် ဆယ့်ခုနစ်စင်းမြောက် စကြဝဠာ၏ မွေးဖွားခြင်းကပ်ဘေး မရောက်မီ ထွက်ခွာလာပြီး ဆယ့်ခြောက်စင်းမြောက် စကြဝဠာ၏ မဟာပျက်စီးခြင်းကပ်ဘေးထဲသို့ ပြန်ရောက်လာကာ မီလော့နန်းတော်သို့ ပြန်ဝင်သွားသည်။

မီလော့သည် တိတ်ဆိတ်ငြိမ်သက်သွားပြီး အဖြေရှာရန် အသည်းအသန် စဉ်းစားနေသည်။ သို့သော် သူ၏ ဉာဏ်ပညာ ကုန်ခမ်းသွားသည်အထိ စဉ်းစားသော်လည်း ဖြေရှင်းနည်းကို ရှာမတွေ့ခဲ့ပေ။

တာအိုအားလုံး မှားယွင်းနေခဲ့သည်။ နောက်ဆုံး မဟာပျက်သုဉ်းခြင်းနှင့် ရင်ဆိုင်ရသောအခါ ကြိုးစားမှု အားလုံးမှာ အချည်းနှီးသာ ဖြစ်၏။

စကြဝဠာ ဆယ့်ခြောက်စင်းတစ်လျှောက် အားထုတ်ခဲ့ရသော သူ၏ ဇွဲလုံ့လများကို သတိရမိသည့်အခါ မျှော်လင့်ချက်အလုံးစုံ ရိုက်ချိုးခံလိုက်ရသလို စိတ်ဓာတ်ကျသွားသည်။

သူ၏ တာအိုနှလုံးသား စတင် ပြိုကွဲလာသည်ကို ခံစားလိုက်ရ၏။ သူ ဆုပ်ကိုင်ထားသော ခံယူချက်များ စတင် ကွဲအက်လာချေပြီ။

လွတ်ရာလမ်း မရှိတော့ပေ။

မီလော့နန်းတော်အရှင်သခင်က မီလော့နန်းတော်ရှိ သခင်လေးများ၊ ခန်းမသခင်များနှင့် တာအိုသိုင်းပညာရှင်အားလုံးကို ခေါ်ယူလိုက်သည်။ ချင်မူလည်း ချင်လင်ယွင်၏ လက်ကို ဆွဲလျက် ထိုနေရာတွင် တိတ်ဆိတ်စွာ ရှိနေသည်။

မီလော့နန်းတော်အရှင်သခင်က အနာဂတ် ဆယ့်ခုနစ်စင်းမြောက် စကြဝဠာသည် မုချ ပျက်စီးရမည် ဖြစ်ကြောင်း၊ သူတို့ကို မွေးဖွားပေးခဲ့သော စကြဝဠာများသို့ ပြန်ကြရန်နှင့် အနာဂတ်သို့ သွားရန် မလိုအပ်တော့ကြောင်း ပြောပြသည်။

မီလော့နန်းတော်သား အားလုံးမှာ တုန်လှုပ်စွာဖြင့် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြ၏။ သူတို့၏ ဆရာ အဘယ့်ကြောင့် ဤစကားမျိုး ပြောရသည်ကို နားမလည်နိုင် ဖြစ်နေကြသည်။

မီလော့နန်းတော်အရှင်သခင်မှာ ဝမ်းနည်း ပူဆွေးနေသောကြောင့် ထိုနေရာတွင် ငူငူငိုင်ငိုင် ထိုင်နေသည်။ အားလုံး၏ မေးမြန်းမှုများကို တစ်ခွန်းမှ ပြန်မဖြေပေ။ မီလော့နန်းတော် တစ်ခုလုံး ဆူညံပွက်လောရိုက်သွားပြီး နောက်ဆုံးတွင် မီလော့နန်းတော်အရှင်သခင်က ထရပ်ကာ ထွက်ခွာသွားသည်။

သူသည် ဖရိုဖရဲမြစ်များအား တစ်ခုပြီးတစ်ခု ဖြတ်ကျော်သွား၏။ မဟာဥသျှောင်က သူ၏ နောက်မှ လိုက်သွားပြီး သူ၏ ကျင့်ကြံခြင်းစွမ်းအင်အား စကြဝဠာတစ်ခုစီတိုင်းသို့ ပြန်လည် ပေးအပ်နေသည်ကို ကြည့်နေခဲ့သည်။

ပထမစကြဝဠာရှိ မီလော့နန်းတော်သို့ သူ ရောက်သွားသောအခါ ခန္ဓာကိုယ်မှ အသွေးအသားများ တဖြည်းဖြည်း ပြိုကွဲသွားခဲ့သည်။

သူ လှေကားထစ်များအတိုင်း တက်နေစဉ် အသွေးအသားတို့က တစ်စတစ်စ ပျောက်ကွယ်သွား၏။ နောက်ဆုံး လှေကားထစ်သို့ ရောက်သည့်အချိန်တွင် အရိုးစုအဖြစ် ပြောင်းလဲသွားခဲ့လေပြီ။

သူ၏ ဆရာထံမှ ရှည်လျားသော သက်ပြင်းချသံ ထွက်ပေါ်လာပြီး ထိုင်ချလိုက်သည်ကို မဟာဥသျှောင် ကြားလိုက်ရသည်။ သူ၏ တာအိုသစ်ပင်က အနောက်တွင် ပေါ်ထွက်လာပြီး တာအိုသစ်သီး ဆယ့်ခြောက်လုံးမှ မှိန်ဖျဖျ အလင်းရောင်များ ဖြန့်ကျက်နေသည်။

မဟာဥသျှောင်မှာ မြေကြီးပေါ်တွင် ဝပ်တွားလျက် အော်ဟစ်ငိုကြွေးတော့သည်။

အချိန်အတော်ကြာပြီးနောက် မဟာဥသျှောင်သည် မီလော့နန်းတော်မှ ထွက်ခွာလာပြီး ဆယ့်ခြောက်စင်းမြောက် စကြဝဠာသို့ ပြန်လာ၏။ သခင်လေးများ၊ ခန်းမသခင်များနှင့် တာအိုသိုင်းပညာရှင် အားလုံးကို မွေးဖွားရာ စကြဝဠာများဆီသို့ ပြန်ကြရန် အမိန့်ပေးခဲ့သည်။

ကျောက်စိမ်းမြို့တော်၏ အမြင့်ဆုံးသော အောင်မြင်မှု ခုနစ်ခုကို ကိုယ်စားပြုသည့် တာအိုခန်းမ ခုနစ်ခုအား ပထမစကြဝဠာရှိ မီလော့နန်းတော် ပတ်ပတ်လည်တွင် တည်ထားလိုက်သည်။

သခင်လေး ခုနစ်ယောက်လုံး အတွေးနက်နေကြ၏။

"ကိုယ့်ခေတ်ကိုယ် ခေတ်ကို ပြန်ကြပါစို့" မဟာဥသျှောင်က ဝမ်းနည်းစွာ သက်ပြင်းချလိုက်သည်။

သခင်လေး ကျစ်ရှောင်သည် ငေါက်ခနဲ ထရပ်ပြီး အင်္ကျီလက်စကို ခါလျက် ထွက်ခွာသွား၏။ "ဆရာ လက်လျှော့ချင် လျှော့ပါစေ… ကျုပ်ကတော့ ဘယ်တော့မှ လက်မလျှော့ဘူး"

သခင်လေးလင်းရှောင်လည်း မျက်လုံးများ လင်းလက်သွားပြီး ထရပ်လိုက်သည်။ "ဆရာက သူ့ရဲ့ ခံယူချက်ကို စွန့်လွှတ်လိုက်ပေမယ့် တပည့်က အ‌မွေဆက်ခံနိုင်တာပဲ… တပည့်ပါ လက်လျှော့လိုက်ရင် မျှော်လင့်ချက် ရှိတော့မှာ မဟုတ်ဘူး… ဆရာ မရှိလည်း ကျုပ် မဟာပျက်စီးခြင်းကပ်ဘေးနဲ့ မွေးဖွားခြင်းကပ်ဘေးကို ကျော်ဖြတ်နိုင်တယ်"

သူလည်း ထရပ်ကာ ထွက်ခွာသွား၏။

သခင်လေး ဝူကျုံးနှင့် သခင်လေး ကျန့်ကျီတို့က သက်ပြင်းကိုယ်စီ ချလိုက်ကြပြီး မည်သည်မှ မပြောဘဲ ထွက်ခွာသွားကြသည်။

သခင်လေးအနန္တလည်း တခစ်ခစ် ရယ်မောလျက် လျှပ်တပြက် ပျောက်ကွယ်သွားလေသည်။

မီလော့နန်းတော်တွင် ချင်မူနှင့် မဟာဥသျှောင်သာ ကျန်ရစ်‌တော့သည်။ မဟာဥသျှောင်မှာလည်း သေတော့မည့် လူမမာကြီးသဖွယ် မျက်ခွံကို ပင့်လျက် ချင်မူ့ကို တစ်ချက်ကြည့်ကာ အားမပါသော အသံဖြင့် မေးလိုက်၏။ "ဖရိုဖရဲ… မင်း ဘာလို့ မသွားသေးတာလဲ"

"ကျွန်တော်က ဆယ့်ခုနစ်စင်းမြောက် စကြဝဠာမှာ မွေးဖွားတာလေ… ဆယ့်ခုနစ်စင်းမြောက် စကြဝဠာကို ပြန်လို့ မရသေးဘူး"

ချင်မူက ပြုံးလျက် အေးအေးဆေးဆေး ပြောသည်။ "ဆရာက အနာဂတ်ကို အကုန်မြင်လိုက်လို့ တာအိုနှလုံးသား သေဆုံးသွားတာ… ဒါပေမဲ့ သူ မသိတာက သူ ဆယ့်ခြောက်စင်းမြောက် စကြဝဠာရဲ့ မဟာပျက်စီးခြင်းကပ်ဘေးထဲ ပြန်ဝင်လာပြီးတဲ့နောက်မှာ အခြေအနေတွေက မသိမသာ ပြောင်းလဲသွားတယ် ဆိုတာပဲ"

မဟာဥသျှောင်က မျက်ခွံကို ထပ်မံပင့်ကာ သူ့ကို ကြည့်လိုက်သည်။

ချင်မူက ထရပ်လိုက်ပြီး ပြော၏။ "ကျွန်တော်တို့ ဆယ့်ခြောက်စင်းမြောက် စကြဝဠာရဲ့ မဟာပျက်စီးခြင်းကပ်ဘေးထဲ ပြန်သွားလို့ ရတယ်… ဆရာ ကပ်ဘေးထဲ မဝင်ခင်ကနဲ့ မတူညီတဲ့ ပြောင်းလဲမှုတချို့ကို အစ်ကိုကြီး တွေ့ရပါလိမ့်မယ်"

မဟာဥသျှောင်သည် မယုံသင်္ကာဖြင့် ထရပ်ကာ သူနှင့်အတူ မြစ်ဆယ့်ငါးစင်းကို ဖြတ်ကျော်၍ ဆယ့်ခြောက်စင်းမြောက် မြစ်ထဲသို့ ရောက်လာသည်။

"ထိုက်ယီ"

မဟာဥသျှောင်က ရုတ်တရက် ကောင်းကင်သို့ ပျံတက်သွားပြီး မဟာပျက်စီးခြင်းကပ်ဘေးထဲတွင် ထွက်ပြေးနေသော ထိုက်ယီကို ကြားဖြတ်တားဆီးလိုက်၏။

"ဖရိုဖရဲ၊ မင်းက ဘာလို့ သူ့ကို ကူညီနေတာလဲ" ထိုက်ယီက အသံကုန် အော်ဟစ်လိုက်သည်။

ခဏကြာသောအခါ ထိုက်ယီ အဖမ်းခံလိုက်ရချေပြီ။ သခင်လေး မဟာဥသျှောင်က သူ့အား တာအိုအသုဘခေါင်းတလားထဲတွင် ထည့်၍ ဖိနှိပ်လိုက်ပြီး တာအိုအစီအရင်သံများဖြင့် ရိုက်ပိတ်လိုက်သည်။ သူက ခေါင်းတလားကို ပုတ်လျက် ပြော၏။ "မင်းအတွက် ဒီခေါင်းတလားကို ပြင်ဆင်ထားတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ"

ချင်မူ ရယ်မောလိုက်မိသည်။ "အစ်ကိုကြီး၊ ဆရာ ဆယ့်ခုနစ်စင်းမြောက် စကြဝဠာရဲ့ မွေးဖွားခြင်းကပ်ဘေးထဲ မဝင်ခင်တုန်းက ဒီကိစ္စ ဖြစ်ခဲ့ဖူးလား"

သခင်လေး မဟာဥသျှောင် ကြောင်အသွားပြီး ခေါင်းခါလိုက်သည်။

ချင်မူက ရယ်လျက် ပြော၏။ "ဒါဆို ထပ်ကြည့်လိုက်ပါဦး"

ထိုအချိန်မှာပင် မဟာပျက်စီးခြင်းကပ်ဘေးမှာ ဖရိုဖရဲ ဖြစ်သွားသည်။ မရေမတွက်နိုင်သော တာအိုသိုင်းပညာရှင်များမှာ ကပ်ဘေးထဲတွင် အော်ဟစ်ညည်းညူကာ သေဆုံးကုန်ကြပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားလှိုင်းဂယက်များ၏ ဝါးမြိုခြင်း ခံလိုက်ရ၏။

"နှစ်၊ မင်း ဘာလုပ်တာလဲ" မဟာဥသျှောင် အလန့်တကြား အော်ဟစ်လိုက်သည်။

"နှစ်က နေရာအနှံ့ လိုက်သတ်နေတာ… တာအိုသိုင်းပညာရှင်တွေကို ဝါးမြိုပြီး သူ့ရဲ့ ခွန်အား သန်မာအောင် လုပ်နေတာလေ"

ချင်မူက သူ့ဘေးတွင် ရပ်လျက် မေးသည်။ "ဒီကိစ္စကလည်း ဆရာ မွေးဖွားခြင်းကပ်ဘေးထဲ မဝင်ခင်တုန်းက မဖြစ်ခဲ့ဖူးဘူး မဟုတ်လား"

မဟာဥသျှောင်မှာ အံ့ဩဒေါသထွက်နေသည်။ သခင်လေးအနန္တသည် ကျန့်ကျီကိုပါ သတ်ဖြတ်၍ ဝါးမြိုရန် ကြိုးစားနေသည်ကို တွေ့လိုက်ရ၏။ သူ သွားရောက်တားဆီးရန် ပြင်လိုက်စဉ် ရုတ်တရက် လင်းရှောင်၊ ကျစ်ရှောင်နှင့် ဝူကျုံးတို့ ရောက်လာပြီး သခင်လေးနှစ်အား ဝိုင်းဝန်း တိုက်ခိုက်ကြသည်။

"ဒီကိစ္စကလည်း ဆရာ မွေးဖွားခြင်းကပ်ဘေးထဲ မဝင်ခင်တုန်းက မဖြစ်ခဲ့ဖူးဘူး"

ချင်မူ၏ မျက်လုံးများ လင်းလက်သွားပြီး တည်ကြည်လေးနက်စွာ ပြောလိုက်၏။ "ဒါဆိုရင် ဆရာ မြင်ခဲ့တဲ့ ဆယ့်ခုနစ်စင်းမြောက် စကြဝဠာရဲ့ အနာဂတ်က အစစ်အမှန်အနာဂတ် ဟုတ်ပါဦးမလား"

မဟာဥသျှောင်မှာ သူ ပြောနေသည်ကို နားမလည်ပေ။ ရုတ်တရက် ဧရာမ သစ်သားသင်္ဘောတစ်စင်းက ဖရိုဖရဲအလွှာများကို ခွဲလျက် မြစ်ထဲသို့ ဝင်ရောက်လာပြီး သခင်လေးများ တိုက်ခိုက်နေသော စစ်မြေပြင်သို့ ရောက်လာသည်။

ဧရာမ သစ်သားသင်္ဘောကြီးမှာ သခင်လေးအချို့၏ ရိုက်နှက်မှုကြောင့် ကျိုးပဲ့သွားခဲ့ရ၏။

"ထိုက်ယီ"

မဟာဥသျှောင်မှာ ပါးစပ်အဟောင်းသားနှင့် ကြည့်နေမိသည်။ မည်သည်တို့ ဖြစ်ပျက်နေမှန်း မသိတော့ပေ။ နောက်ထပ် ထိုက်ယီတစ်ယောက်နှင့် ကောင်းကင်ဖွင့်လှစ်သူများစွာကို တွေ့လိုက်ရသည်။ သူတို့က ထိုစစ်မြေပြင်ထဲသို့ ရောက်လာပြီး လူတိုင်းကို စစ်ပွဲထဲ ဆွဲထည့်လိုက်ကြ၏။

"အစ်ကိုကြီး၊ ဒီကိစ္စလည်း မဖြစ်ခဲ့ဖူးဘူး"

ချင်မူက ရုတ်တရက် ဘေးတိုက် ရွေ့လျားသွားသည်။ သခင်လေးနှစ်က ကျန့်ကျီကို ဖမ်းဆွဲထားပြီး သူမ၏ ကျင့်ကြံခြင်းအခြေခံမှန်သမျှ လုယူကာ တစ်လုပ်တည်း ဝါးမြိုရန် ပြင်လိုက်စဉ် ချင်မူက ဝုန်းခနဲ ဝင်တိုက်လိုက်၏။ ဝူကျိမှာ အရိုးများကြေမွလျက် လွင့်စင်သွားတော့သည်။

ချင်မူ ဖရိုဖရဲမြစ်တစ်ခုလုံးကို လှန်ပစ်လိုက်သည်အား တွေ့လိုက်ချိန်တွင် မဟာဥသျှောင်မှာ တုန်လှုပ်သွား၏။ အချိန်တိုအတွင်းမှာပင် လင်းရှောင်၊ ကျစ်ရှောင်နှင့် ဝူကျုံးတို့ကို အပြင်းအထန် ဒဏ်ရာရစေခဲ့သည်။ အခြားထိုက်ယီကိုလည်း ဒဏ်ရာရစေပြီး ကောင်းကင်ဖွင့်လှစ်သူများကို ချိပ်ပိတ်ကာ နှစ်ပိုင်းကျိုးနေသော လှေပျက်ကြီးထဲသို့ ထည့်သွင်းလိုက်သည်ကို တွေ့လိုက်ရ၏။

"လင်ယွင်၊ သူတို့ကို စွန့်ပစ်မြေဆီ ပို့လိုက်" ချင်မူက ပြောသည်။

ချင်လင်ယွင်သည် ချက်ချင်းပင် လှေပျက်ကြီးကို မောင်းနှင်လျက် ကောင်းကင်ဖွင့်လှစ်သူများကို တင်ဆောင်ကာ စွန့်ပစ်မြေဆီသို့ ဦးတည် ရွက်လွှင့်သွားတော့၏။

ထိုက်ယီမှ သွေးအန်လျက် နုံးချိသွားသည်။ သူက မော့ကြည့်ကာ ပြော၏။ "ဖရိုဖရဲ၊ ရက်စက်လွန်းမနေနဲ့..."

"တာအိုနောင်တော်၊ သွားပါတော့"

ချင်မူ ထိုက်ယီ၏ ဝိညာဉ် လွင့်ထွက်သွားသည်။ ၎င်းက ဆယ့်ခုနစ်စင်းမြောက် စကြဝဠာ၏ မွေးဖွားခြင်းကပ်ဘေးကို ဖြတ်ကျော်ကာ ဆယ့်ခုနစ်စင်းမြောက် စကြဝဠာ၏ နှစ်ပေါင်းကိုးကုဋေနှင့် တစ်၀က် အချိန်သို့ ရောက်သွားသည်။

ထိုအချိန်သည် မဟာဥသျှောင် တာအိုအဖြစ် ပြောင်းလဲ၍ လူပြန်ဝင်စားမည့် အချိန်နှင့် ကိုက်ညီနေသည်။

မဟာဥသျှောင် လူပြန်ဝင်စားလိုက်၏။ သို့သော် ဤဘဝမှ သူ့မိခင်က အမြွှာလေးများ မွေးဖွားခဲ့ရာ ညီအစ်ကိုနှစ်ယောက် ပူးကပ်လျက် မွေးဖွားလာကြသည်။

ဆယ့်ခြောက်စင်းမြောက် စကြဝဠာ၏ မဟာပျက်စီးခြင်းကပ်ဘေးထဲတွင် ချင်မူက သခင်လေးနှစ်ကို ပြုံးပြလိုက်၏။ "မမကြီးနှစ်၊ မမကြီးက ကျွန်တော့်ကို မမကြီးရဲ့ အသန်မာဆုံး အချိန်နဲ့ ယှဉ်ပြိုင်စေချင်တာမလား… ကျွန်တော် လုပ်ပြီးပြီလေ… ဒါပေမဲ့ ဒီကိစ္စကို မမကြီးနှစ် မှတ်မိတော့မှာ မဟုတ်ဘူး"

ဝေါ

စကြဝဠာ ဆယ့်ခြောက်စင်း၏ ဖရိုဖရဲမြစ်များ လိပ်တက်လာပြီး ဧရာမ ဘ၀ပြန်၀င်စားခြင်းသံသရာ ဖြစ်ပေါ်လာသည်။ ဘ၀ပြန်၀င်စားခြင်း ပျောက်ကွယ်သွားသောအခါ သခင်လေးနှစ်သည် သခင်လေး သုံးယောက်နှင့် တိုက်ခိုက်နေဆဲ ဖြစ်၏။

မဟာဥသျှောင်က သံသယဖြင့် သူ့ဘေးမှ ချင်မူ့ကို ကြည့်လိုက်ရာ ချင်မူ့ဘေးတွင် မိန်းကလေးတစ်ယောက် ပိုလာသည်ကို တွေ့လိုက်ရသည်။ သူ အနည်းငယ် ကြောင်သွား၏။ ဤမိန်းကလေးကို တစ်ခါမှ မမြင်ဖူးချေ။

ကျန့်ကျီက မော့ကြည့်ပြီး ချင်မူ့ကို မေးလိုက်သည်။ "သခင်လေးခုနစ်၊ ခုနက ဘာတွေ ဖြစ်သွားတာလဲ"

ချင်မူက ပြုံးလိုက်၏။ "ဘာမှ မဖြစ်ပါဘူး"

ကျန့်ကျီသည် သူမ မည်သူဖြစ်သည်အား မသိတော့ပေ။ သူမ၏ မှတ်ဉာဏ်များမှာ အလုံးစုံ ပြောင်းလဲခံလိုက်ရပြီး ရုပ်ရည်မှာလည်း ပြောင်းလဲသွားကာ မိန်းကလေးငယ်တစ်ယောက် ဖြစ်သွားခဲ့သည်။

အခြားသူများတွင်မူ ကျန့်ကျီနှင့် ပတ်သက်သော မှတ်ဉာဏ်များ ရှိနေသေး၏။ သူတို့သည် ချင်မူ့ဘေးမှ မိန်းကလေးငယ်လေးကို ရင်းနှီးနေသလို ခံစားကြရသည်။

သူတို့၏ မှတ်ဉာဏ်ထဲတွင် ချင်မူသည် ဤမိန်းကလေးငယ်လေးကို အမြဲ ခေါ်ထားလေ့ရှိပြီး ချင်လင်ယွင်၏ ကစားဖော် ဖြစ်သည်ဟု မှတ်ယူထားကြ၏။

စကားပြောနေစဉ်မှာပင် သခင်လေးနှစ်က လင်းရှောင်၊ ကျစ်ရှောင်နှင့် ဝူကျုံးတို့ကို အပြင်းအထန် ဒဏ်ရာရစေလိုက်သည်။ မဟာဥသျှောင်မှာ မတတ်သာတော့သဖြင့် ရှေ့ထွက်၍ ကူညီတိုက်ခိုက်ရသော်လည်း နှစ်ကို မည်သည်မှ မလုပ်နိုင်ချေ။

မဟာပျက်စီးခြင်းကပ်ဘေးထဲတွင် သခင်လေးနှစ်ကား ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်နေ၏။

"ဖေဖေ၊ ဒီကောင်မလေးက ဘယ်သူလဲဟင်" ချင်လင်ယွင် ပြန်ရောက်လာသည့်အခါ ချင်မူ့ဘေးမှ မိန်းကလေးကို စူးစမ်းစွာ ကြည့်လိုက်သည်။

သူမကမူ ဘ၀ပြန်၀င်စားခြင်း ကောင်းကင်နတ်သိုင်း၏ လွှမ်းမိုးခြင်း မခံရပေ။

"သမီးရဲ့ ကစားဖော်လေ"

ချင်မူက ပြုံးနေပြီး သူ၏ အကြည့်များသည် ဖရိုဖရဲမြစ် တစ်ခုပြီးတစ်ခုကို ဖြတ်ကျော်သွား၏။ စိတ်ထဲတွင် တိတ်တဆိတ် တွေးလိုက်သည်။ "ဆရာ၊ ဆရာ သတိထားမိရဲ့လား… ဆရာ မြင်ခဲ့တဲ့ အနာဂတ်က ပြောင်းလဲသွားပြီဆိုတာကိုလေ"

ချင်လင်ယွင်၏ မျက်လုံးများထဲတွင် ဖရိုဖရဲမြူများ ရစ်ဝဲသွားပြီး ကျန့်ကျီ အသွင်ပြောင်းထားသော မိန်းကလေးငယ်ကို ကြည့်လိုက်သည်။ ချက်ချင်းပင် သူမ၏ အတွေ့အကြုံအားလုံးကို ထွင်းဖောက် မြင်တွေ့လိုက်ရသဖြင့် တခစ်ခစ် ရယ်မောလိုက်လေသည်။ "တကယ် စိတ်ဝင်စားစရာပဲ"

ရုတ်တရက် ပထမစကြဝဠာ မဟာပျက်စီးခြင်းကပ်ဘေးရှိ မီလော့နန်းတော်ထဲမှ လက်ကြီးတစ်ဖက် ပျံထွက်လာသည်။ ၎င်းက ဖရိုဖရဲမြစ် ဆယ့်ခြောက်စင်းကို ဖြတ်ကျော်ကာ ကပ်ဘေးထဲသို့ ကျရောက်လာပြီး သခင်လေးအနန္တအား အဆုံးသတ်မြို့ပျက် အသူရာချောက်နက်ထဲ ရောက်သည်အထိ ဖိနှိပ်ချလိုက်၏။

ထိုလက်ကြီးက အနီရောင်ကြိုးထုံးအဖြစ် ပြောင်းလဲသွားပြီး အသူရာချောက်နက်ကို ချည်နှောင်ပိတ်ဆို့လိုက်သည်။

"ဆရာ" မဟာဥသျှောင်၊ လင်းရှောင်နှင့် အခြားသူများက ပြိုင်တူ ဦးညွှတ်လိုက်ကြသည်။

ချင်မူ၏ မျက်လုံးထောင့်စွန်းများ လှုပ်ခတ်သွားသည်။ မီလော့နန်းတော်အရှင်သခင်က သခင်လေးနှစ်ကို လှမ်းဖိနှိပ်လိုက်သော်လည်း မီလော့နန်းတော်အရှင်သခင်၏ တာအိုနှလုံးသား ပြန်လည် ရှင်သန်လာသည်ကိုတော့ သူ မခံစားရပေ။

ချင်မူက မျက်မှောင် အနည်းငယ်ကြုတ်လိုက်ပြီး ချင်လင်ယွင်နှင့် ကျန့်ကျီတို့ကို ခေါ်ဆောင်ကာ ထွက်ခွာသွားတော့သည်။ "ကိစ္စတွေ အများကြီး ဖြစ်ပျက်ခဲ့ပြီးပြီ… ဆရာ မြင်ခဲ့တဲ့ အနာဂတ်က အစစ်အမှန် အနာဂတ် မဟုတ်တော့ဘူး… ထားလိုက်ပါတော့… ငါ အိပ်တော့မယ်"

"ဖရိုဖရဲ"

မဟာဥသျှောင်က လှမ်းခေါ်လိုက်သော်လည်း ချင်မူတို့ သုံးယောက်က မရပ်ချေ။ လင်းရှောင်သည် မာန်မဲလိုက်၏။ "အစ်မတော်နှစ်က ကျန့်ကျီကို သတ်လိုက်ပြီ… တာအိုသိုင်းပညာရှင်တွေ အများကြီးကိုလည်း သတ်ခဲ့တယ်… ဆရာက ဘာလို့ သူ့ကို မရှင်းပစ်တာလဲ"

ကျစ်ရှောင်က ပြောသည်။ "ဒီကိစ္စက မိသားစု အတွင်းရေးကိစ္စပဲ… အပြင်လူကို ပေးသိလို့ မဖြစ်ဘူး… အစ်ကိုသုံး၊ အပြင်လူတွေကို ရှန့်ကျွင်း လုပ်တာလို့ပဲ သတင်းဖြန့်လိုက်"

မဟာဥသျှောင်က ဂရုမစိုက်တော့ဘဲ ဒုတိယစကြဝဠာသို့ ဝမ်းနည်းစွာ ပြန်သွားသည်။ သခင်လေးဝူကျုံးကလည်း ဆယ့်သုံးစင်းမြောက် စကြဝဠာသို့ ပြန်သွားသည်။ လင်းရှောင်နှင့် ကျစ်ရှောင်သာ ကျန်ရစ်ခဲ့ပြီး ကျောက်စိမ်းမြို့တော်ကို လွှဲပြောင်းရယူကာ ဆယ့်ခုနစ်စင်းမြောက် စကြဝဠာသို့ ဆင်းသက်ရန် ကြံစည်ကြ၏။

ထိုက်ယီက သစ်ပင်ခုတ်၍ ခိုးဝင်လာမည့် လမ်းကြောင်းကို ဖြတ်တောက်ပစ်လိုက်သည်။ သခင်လေးလင်းရှောင်က သွေးယဇ်ပူဇော်ခြင်း ၀င်္ကပါကို ခင်းကျင်း၏။ ဖန်ဆင်းရှင်များ မွေးဖွားလာသည်။ ပိုယန်က ပထမဆုံး ထိုက်ချူကျောက်တုံးကို တူးဖော်ရရှိခဲ့ပြီး ဖန်ဆင်းရှင်ခေတ် ရောက်လာ၏။ နတ်ဘုရင်သုံးပါး ထွက်ပေါ်လာသည်။ မဟာဧကရာဇ်က ထိုက်ချူကို တူးဖော်လိုက်၏။ ထိုက်ချူမှာ လမစေ့ဘဲ မွေးဖွားလာခဲ့သည်။

မီလော့နန်းတော်မှ ကမ္ဘာဦးတန်ခိုးရှင်က မဟာဧကရာဇ်ကို ဖြားယောင်း၍ ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်သို့ ခေါ်ဆောင်ခဲ့၏။

ထိုက်ယီက ထိန်းချုပ်ထားပြီး ရှေးဟောင်းနတ်ဘုရားများက ဖန်ဆင်းရှင်များကို မောင်းထုတ်လိုက်ကြသည်။ ဖန်ဆင်းရှင်ခေတ် ကုန်ဆုံးသွား၏။

ထိုက်ချူက ဧကရာဇ်ဖြစ်လာပြီး ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်၏ လွှမ်းမိုးမှုအောက်တွင် ကောင်းကင်နတ်ဘုံကို တည်ဆောက်ခဲ့သည်။ ကောင်းကင်နတ်အရှင်ယွီက ကောင်းကင်ရတနာကို တီထွင်ခဲ့၏။ လူသားမျိုးနွယ်မှ ကောင်းကင်နတ်အရှင်ခုနစ်ပါး ထွက်ပေါ်လာခဲ့သည်။ ကောင်းကင်နတ်အရှင်ယွီက ကောင်းကင်နတ်ဘုံ၏ အခြေအနေကို ကြည့်ရှုပြီး နတ်ဘုရားဖြစ်နိုင်မည့် ကျင့်စဉ်ကို ဖန်တီးလိုက်သောကြောင့် သခင်လေးလင်းရှောင်၏ ကျောက်စိမ်းမြို့တော် ထောင်ချောက်ထဲသို့ ကျရောက်သွား၏။

ဆယ့်ခုနစ်စင်းမြောက် စကြဝဠာတွင် အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားပြီး နှစ်ပေါင်း ခြောက်ကုဋေ ကြာသောအခါ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာခေတ်သို့ ရောက်လာသည်။

ခိုင်ဧကရာဇ်ချင်ယဲ့ တစ်ယောက်တည်း ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်သို့ ရောက်လာ၏။ လမ်းတွင် ဒဏ်ရာရနေသော ထိုက်ချူနှင့် တွေ့ခဲ့သည်။ လင်းရှောင်က လူလွှတ်၍ ဖရိုဖရဲမြစ်ထဲမှ ထွက်စေကာ ထိုက်ချူကို ကူညီ၍ ခိုင်ဧကရာဇ်ချင်ယဲ့အား တိုက်ခိုက်စေသည်။

ထိုအချိန်တွင် အလင်းရောင်တစ်ချက် ဖရိုဖရဲမြစ်ထဲမှ လင်းလက်လာသည်။ မိန်းကလေးငယ်တစ်ဦးက မီးအိမ်တစ်လုံးကို ကိုင်လျက် မြစ်ထဲမှ ထွက်လာသည်ကို တွေ့လိုက်ရ၏။ သူမ မြစ်ရေပြင်ပေါ်သို့ ရောက်သောအခါ ဗြုတ်ထနေသော အသားအရေနှင့် ဆံပင်များ ဖြူဖွေးနေသော အဘွားအိုတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့သည်။

"ခိုင်ဧကရာဇ်ချင်ယဲ့၊ မီလော့နန်းတော်ကို သွားဖို့ ကျွန်မ လာကြိုတာပါ"

အဘွားအိုက ပြုံးလျက် ပြော၏။ "သခင်လေးတစ်ပါးက အဲဒီမှာ ရှင့်ကို စောင့်နေတယ်"

ဖရိုဖရဲများက ကျယ်ပြန့်ထူထဲနေပြီး မြစ်မှာ အဆုံးမရှိပေ။ လှိုင်းသံတို့က အချိန်စီးဆင်းနေခြင်း၏ ပဲ့တင်သံများ ဖြစ်ကြသည်။

"သခင်လေးခုနစ်က နောက်ကျမှ ရောက်လာတာမလို့ မီလော့နန်းတော်မှာ သူ့ရဲ့ အဆင့်အတန်းက တခြားသခင်လေးတွေလောက် မမြင့်မားဘူး… နောက်လိုက်တွေလည်း မများဘူး"

အဘွားအိုကျန့်ကျီက ခိုင်ဧကရာဇ်ချင်ယဲ့အား ပြော၏။ "အဲဒီအချက်ကြောင့်ပဲ တခြားသူတွေက သခင်လေးခုနစ်ကို ပုပ်ခတ်ကြတာ… သူ့ကို နာမည်ဆိုးတွေ အများကြီးတပ်ကြတယ်… ဒါပေမဲ့ အဲဒါအားလုံးက သပ်သပ် နာမည်ဖျက်တာတွေပဲ"

ဖရိုဖရဲမြစ် ဆယ့်ခြောက်စင်း၏ အဆုံး၊ ပထမစကြဝဠာရှိ မီလော့နန်းတော်၊ ဖရိုဖရဲခန်းမထဲတွင် ခိုင်ဧကရာဇ်သည် သခင်လေးခုနစ်အား တွေ့လိုက်ရ၏။

"ကောင်းကင်နတ်အရှင်ချင်၊ နေကောင်းကျန်းမာပါရဲ့လား"

All Chapters