← Chapters

မူရင်းစာရေးသူ၏ အမေးအဖြေကဏ္ဍ

Vol. 142 Ch. 1835

မူရင်းစာရေးသူ၏ အမေးအဖြေကဏ္ဍ

Vol. 142 Ch. 1835

အားလုံးပဲ မင်္ဂလာပါ ကျွန်တော် Zhai Zhu (ကျိုင်ကျူ) ဖြစ်ပါတယ်

၁. စစ်ချင်ရဲ့ အဖေက ဘယ်သူလဲ

စစ်ချင်ရဲ့ အဖေက ချင်မူပါ... ကျွန်တော့်မဟေသီ ဇနီးလေးကလည်း ကျွန်တော့်စာဖတ်သူဆိုတော့ ဒီလို ဖြေရတာ မျက်ခုံးခပ်လှုပ်လှုပ်ပဲဗျ... တကယ်တမ်း ဒီမေးခွန်းနဲ့ ပတ်သက်ပြီး စာစဉ်ထဲမှာလည်း ရေးပေးပြီးသားပါ... ပန်းချီနတ်ဘုရားနားကန်းက ချင်မူ လန်ဝူကို ပေးလိုက်တဲ့ ပန်းချီကို မြင်တော့ မပြီးမြောက်သေးတဲ့ ပန်းးချီလို့ ပြောတယ် .... ဘာကြောင့်မပြည့်စုံတာလဲ မေးကြမှာပေါ့... ဘာကြောင့်ဆို ပန်းချီကားထဲက လူတွေကို တံဆိပ်ခတ်နှိပ်ထားတာကြောင့်ပါ.... တစ်နည်းရှင်းပြရရင် လန်ဝူနဲ့ ချင်မူတို့က အဲဒီပန်းချီပေါ်မှာ သူတို့ ပထမဆုံးဆုံတွေ့ခဲ့စဉ်က အဖြစ်အပျက်ကို ပြန်ရောက်နေတာဗျ.... စစ်ချင်က ဖန်တီးခံရတာတော့ မဟုတ်ဘူး တကယ်မွေးလာတာ... အသေးစိတ်တော့ မရှင်းပြတော့ပါဘူး။

၂. သခင်လေးငါးနဲ့ သခင်လေးခြောက်က ဘယ်သူတွေလဲ... သူတို့ကို အဆုံးမှာ ထည့်ရေးထားတာ မနည်းလွန်းဘူးလား

သခင်လေးငါးက ဝူကျုံး၊ သခင်လေးခြောက်က ကျန့်ကျီပါ... ကျန့်ကျီက အမျိုးသမီး၊ ဝူကျုံးက အမျိုးသား... တကယ်တော့ ကျွန်တော် သူတို့နှစ်ယောက်အကြောင်း သိပ်မထည့်တာက အဓိကဇာတ်လမ်းကျောရိုးနဲ့ သိပ်မပတ်သက်လို့ဗျ... အဓိက ပတ်သက်တဲ့သူတွေက သခင်လေးနှစ်အနန္တ၊ လင်းရှောင်၊ ကျစ်ရှောင်တို့ဆိုတော့လေ... ဝူကျုံးက သူ့ဆရာစကားကို သိပ်နားထောင်တဲ့သူ... ကျန့်ကျီကတော့ ခင်ဗျားတို့ မြင်တဲ့အတိုင်း ကျွန်တော်တို့ ဇာတ်လိုက်ကျော်ကြီး ဖရိုဖရဲ လှည့်စားတာခံလိုက်ရပါတယ်။

၃. မှော်ဆရာကြီးပန်းကုန်းစုန်နဲ့ ကောင်းကင်နတ်အရှင်ယွင် အသက်ရှင်နေသေးလား

ပန်းကုန်းစုန်က သေသွားပါပြီ... သူ့ကို ဘာကြောင့် အသက်ပြန်မသွင်းပေးခဲ့တာကိုလည်း ကျွန်တော် ရေးထားပါတယ်... ကောင်းကင်နတ်အရှင်ယွင်.... အင်း ကောင်းကင်နတ်အရှင်ယွင်လည်း သေသွားပါပြီ.... သူ့ကို ကယ်လို့မှ မရဘဲဗျာ.... ကောင်းကင်နတ်အရှင်ယွင်ဟာ သခင်လေးနှစ်ရဲ့ ကိုယ်ပွားနဲ့အတူ သေဆုံးသွားတာပါ... ကောင်းကင်နတ်အရှင်ယွင်က ကောင်းကင်နတ်အရှင်ဟောင်ရဲ့ တာအိုနှလုံးသားကို နာလန်မထူနိုင်တဲ့အထိ တိုက်ခိုက်ခဲ့ရတာကြောင့် သူ့ရဲ့ဝိညာဉ်ဟာ ဖရိုဖရဲမြစ်နဲ့ မထိတွေ့နိုင်ခဲ့ဘူး... ဒါကြောင့် ချင်မူ သူ့ကို မကယ်နိုင်ခဲ့တာပါ။ မှော်ဆရာကြီးကတော့ လူလည်း ပြန်မဝင်စားနိုင်ဘူးဆိုတော့ ယိုတုကို ရောက်သွားလိမ့်မယ်။ သူ့အပြစ်တွေကို စဉ်းစားကြည့်ရင် မြေအောက်ဘုံအရှင်သခင် စားလိုက်တဲ့ မူလဝိညာဉ်တွေထဲ ပါသွားလောက်ပါပြီ။

၄. ကောင်းကင်နတ်အရှင်လင်၊ ကောင်းကင်နတ်အရှင်ယွဲ့၊ ပိုင်ချွီအာ နဲ့ ချင်မူတို့ ဇာတ်လမ်းက ဘယ်လိုလဲ

အိမ်း... ကျွန်တော် သိပါတယ်... ခင်ဗျားတို့တွေ ချင်မူနဲ့ အားလုံးကို ညားစေချင်တာမလား... အားလုံးနဲ့ လက်ထပ်မယ် ကလေးတွေ မွေးမယ် အဲ့လိုဖြစ်စေချင်တာမလား... ဒါပေမဲ့ အဲဒီလိုလုပ်ပေးလိုက်ရင် သူတို့ရဲ့ အကျင့်စရိုက်တွေ၊ သူတို့ရဲ့ စိတ်နေစိတ်ထားတွေနဲ့ မကိုက်တော့ဘူး.... ဒါကြောင့် အခုလို ဟိုလိုလို သည်လိုလိုလေးကပဲ ကောင်းပါတယ်။

၅. မျက်လုံးတစ်လုံး ပိန်ရှည်ရှည်နဲ့ လူထူးဆန်းက ဘယ်သူလဲ ၊ ထော့ကျိုး သေသွားလား

အဲဒီလူက ထော့ကျိုးကို သတ်တဲ့လူပါ... ကမ္ဘာဦးတာအိုသိုင်းပညာရှင်တွေ ဆင်းသက်လာတုန်းက ထော့ကျိုးက ချင်မူ့ကို ကာကွယ်ပေးရင် သေသွားတယ်... အဲ့တုန်းက ဆင်းသက်လာတဲ့ တာအိုသိုင်းပညာရှင်က မျက်လုံးတစ်လုံး ပိန်ရှည်ရှည်နဲ့ ထူထူးဆန်းပါ... သူ့မျက်ခုံးနှစ်ဖက်ကြားမှာ မျက်လုံးအကြီးကြီး ရှိတယ်

ထော့ကျိုး မသေပါဘူး... ဒါကို ရှင်းရှင်းလင်းလင်း ရေးပေးပြီးသားပါ... ‌ထော့ကျိုး မသေတဲ့ အကြောင်းရင်းက ချင်မူက အဲ့လူထူးဆန်းကို သွားရှာပြီး မျက်လုံးကျင့်စဉ် သင်ပေးလိုက်တယ်လေ... အဲ့ကစပြီး လူထူးဆန်းတတ်သွားတာတွေက ချင်မူ သင်ပေးထားတာတွေ ဖြစ်သွားတော့တာပေါ့... ချင်မူက အဲ့လူရဲ့ အတတ်တွေကို နားလည်လို့ ထော့ကျိုးကို ကယ်နိုင်ခဲ့တာပါ။

၆. ထိုက်ယီက ‌ကောင်းလား၊ ဆိုးလား

ထိုက်ယီက ဆယ့်ခုနစ်စင်းမြောက် စကြဝဠာအတွက် သိပ်ကို ကောင်းတဲ့ လူပေါ့ဗျာ.... အခြားစကြဝဠာတွေအတွက်တော့ လူကောင်း ဟုတ်ချင်မှ ဟုတ်လိမ့်မယ်... ထိုက်ယီနဲ့ ကောင်းကင်ဖွင့်လှစ်သူတွေက ပနံသင့်ခဲ့တာ မဟုတ်လား... အရင်ဘဝတုန်းက ထိုက်ယီဟာ တျန်းတုရဲ့ အရှင်သခင်လည်း ဖြစ်တယ်လေ... သူတို့ရဲ့ ခေါင်းဆောင်လည်း ဖြစ်နေတော့ ထိုက်ယီက ကောင်းကင်ဖွင့်လှစ်သူတွေကို မသတ်ရက်ခဲ့ဘူး.. ဒါပေမဲ့ ကောင်းကင်ဖွင့်လှစ်သူတွေက သမိုင်းတစ်လျှောက် မကောင်းမှုတွေ အများကြီး ကျူးလွန်ခဲ့တာ.... သူတို့က ဘယ်လိုပြောရမလဲ စိတ်ရူးဖောက်နေတဲ့ သိပ္ပံပညာရှင်တွေလိုပဲ လိုက်စမ်းသပ်နေတာ... အစွန်းရောက်နေတာပေါ့... ထိုက်ယီက ဆယ့််ခုနစ်စင်းမြောက် စကြဝဠာမှာ‌တော့ လူကောင်းပါ။

၇. မီလော့နန်းတော်သခင်နဲ့ ချင်လင်ယွင်က အသုံးချခံရသူတွေလို ခံစားရမိတယ်

မီ‌လော့နန်းတော်သခင်နဲ့ ပတ်သက်ပြီး.... ကျွန်တော် ရေးခဲ့ပါတယ်... သူ့ကိုသာ အသားပေး ရေးလိုက်ရင် သူက အဓိက ဇာတ်ကောင်လို ဖြစ်သွားလိမ့်မယ်... အတိတ်စကြဝဠာတွေအကြောင်း ရေးရင်းနဲ့ကို ပြီးနိုင်တော့မှာ မဟုတ်ဘူး... ဇာတ်လမ်းဟာ အသွားအလာမမျှရင် စာအုပ်တစ်အုပ်လုံး ထိန်းရခက်သွားပါတယ်... ဒီစာစဉ်ဟာ အတိတ်အကြောင်းကို အသားပေးတာမဟုတ်လို့ မီလော့အကြောင်းလည်း သိပ်မပါတာပါ... ချင်လင်ယွင် ဘယ်လိုကယ်တင်ပေးခဲ့တာ... မီလော့ ဘယ်လိုရုန်းကန်ခဲ့တာတွေ မရေးချင်ဘူး... ထာဝရငြိမ်းချမ်းရေးအင်ပါယာ သူတို့ကိုယ်သူတို့ ကယ်တင်နေတဲ့အကြောင်းပဲ အသားပေးရေးချင်ခဲ့လိုပါ။

၈. လန်ယွီတျန်းက ဘာကြောင့် သူများတွေထက် တာအိုနဲ့ နီးစပ်နေတာလဲ

ဘာကြောင့် နီးစပ်တာလဲ... ဘာကြောင့်ဆို လူတိုင်းဟာ ဒီဦးနှောက်၊ ဒီဉာဏ်ရည်အတိုင်း မွေးလာတာ မဟုတ်ဘူးဗျ... တချို့တွေက ဉာဏ်ကောင်းတယ်၊ တချို့တွေက ဉာဏ်တုံးတယ်... ကျွန်တော် သိပ်အထင်ကြီးစရာကောင်းတဲ့ လူတစ်ယောက်နဲ့ တွေ့ဖူးတယ်... အသက် ၁၁ နှစ် ၁၂ နှစ်အရွယ်မှာတင် China University of Science and Technology ကို တက်နေပြီ ... ၁၇ မှာ ဘွဲ့ရတယ်... ၂၀ ဝန်းကျင်မှာ professor ဖြစ်လာတယ်... အဲ့လိုပေါ့ ... ကမ္ဘာပေါ်မှာ ကျွန်တော်တို့ထက် ဉာဏ်ကောင်းတဲ့သူတွေ ပါရမီရှင်တွေမှ တစ်ပုံကြီး... ဒီအမှန်တရားကို လက်ခံရမှာပဲဗျ... တချို့တွေက မွေးကတည်းကကို တော်နေတာ... ချင်မူလိုမျိုး လောကသခင်ခန္ဓာလို့ ယုံကြည်လိုက်လည်း ရတာပဲ... ယုံကြည်ချက်ရှိရင် သူတို့ကို‌ ကျော်တက်နိုင်တယ်... အစကတည်းက မရပါဘူး လုပ်နေရင်တော့ ရတော့မှာ မုတ်ဘူး... နွားကျောင်းသားနဲ့ ယှဉ်ရင် လန်ယွီတျန်းနဲ့ ရှုရှန်းဟွာက ပိုဉာဏ်‌ကောင်းပါတယ်။

၉. ချင်မူက ဘယ်သူ့ကို သဘောအကျဆုံးလဲ

ပြောရခက်တယ်... ချင်မူ သဘောအကျဆုံးက လန်ဝူ ... နတ်ဘုရင်လန်ဝူဆိုတာ ချင်မူ သဘောအကျဆုံးဆိုပေမယ့် သဘောကျတာ, ကြိုက်တာ, ချစ်တာ တို့က လေးနက်မှုခြင်း ကွဲသေးသကိုး... ချင်မူ့ရင်ထဲမှာ မေ့မရတဲ့သူကတော့ ပိုင်ချွီအာ ... သူနဲ့ အကြာဆုံး အတူရှိပေးခဲ့သူကတော့ သတ္တမမင်းသမီး လင်ယွိရှို့... သူတို့နှစ်ယောက်ရဲ့ သံယောဇဉ်က အလေးနက်ဆုံး ဖြစ်တယ်... ဒီခံစားချက်တွေက မတူဘူးဗျ... ချင်မူရဲ့ အချစ်ဦးက လင်ယွိရှို့၊ ရင်ထဲ မေ့မရသူကတော့ ပိုင်ချွီအာ... သ‌ဘောကျခဲ့ပေမယ့် စိတ်ခံစားချက်တွေကို ဖြတ်တောက်ထားလို့ ကွဲကွာသွားတဲ့သူကတော့ လန်ဝူပါ။

၁၀. ပထမစကြဝဠာခေတ်ရဲ့ ထိုက်ယီက မီလော့နန်းတော်အရှင်သခင်လား

မီလော့နန်းတော်အရှင်သခင်က ပထမခေတ်ရဲ့ ပထမဆုံးသက်ရှိပါ... ပထမဆုံးခေတ်ရဲ့ ပထမဆုံးသက်ရှိက ဘယ်သူဖြစ်မလဲ တွေးမိကြမှာပေါ့... သေ‌ချာပေါက် ထိုက်ငါးပါးထဲက ထိုက်ယီပေါ့ဗျာ... ထိုက်ယီက ပထမဆုံး မွေးဖွားလာရတာမလား ... ဒုတိယစကြဝဠာခေတ်ရဲ့ ထိုက်ယီကတော့ မဟာဥသျှောင်... အဲဒီနောက်ပိုင်းခေတ်တွေရဲ့ ထိုက်ငါးပါးတွေထဲက ထိုက်ယီတွေက အပူးကပ်ခံရတာတို့ အစုပ်ယူခံရတာတို့ ခံစားကြရတယ်... သူတို့က သိပ်အစွမ်းထက်လွန်းတာကိုး... စဉ်းစားကြည့်လေဗျာ... ပထမခေတ်ရဲ့ ထိုက်ယီက မီလော့နန်းတော်သခင်၊ ဒုတိယခေတ်ရဲ့ ထိုက်ယီက မဟာဥသျှောင် ဖြစ်နေမှတော့ ကျန်တဲ့သူတွေက သူတို့လို ဖြစ်ချင်လာပြီး ထိုက်ငါးပါးတွေကို မစုပ်ယူဘဲနေတော့မလား... ထိုက်ငါးပါးထဲမှာ ဘယ်သူက အစွမ်းထက်ဆုံးရယ် မရှိဘူး... သူတို့ရဲ့ မွေးဖွားမှုက စကြဝဠာကြီးက ဆုံးဖြတ်ပေးတာပါ

၁၁. လန်ယွီတျန်း၊ ရှုရှန်းဟွာတို့တွေ အဆုံးသတ်မှာ သခင်လေးတွေထက် အစွမ်းထက်သွားလား

အဆုံးသတ်မှာ သူတို့အားလုံး သခင်လေးအဆင့် ရောက်သွားကြပါတယ်... ‌နောက်ဆုံးအပိုင်းမှာ သူတို့တွေဟာ လူဝင်စားလာတဲ့ မဟာဥသျှောင်၊ ထိုက်ယီတို့ အမြွှာညီအစ်ကိုနဲ့အတူ သခင်လေးတွေနဲ့ သွားညှိနှိုင်းပါတယ်... မဟာဥသျှောင်နဲ့ ထိုက်ယီကလည်း ချင်မူ့လက်ချက်ကြောင့် အမြွှာအဖြစ် ပြန်မွေးဖွားလာရတော့ ချင်မူ့ကို သိပ်မကျေနပ်ကြဘူး... ဒါပေမဲ့ ဆယ့်ခုနစ်စင်းမြောက် စကြဝဠာဟန်ချက်ညီအောင်တော့ ဝင်ကူပေးကြပါတယ်

Plot အကြောင်း

၁. မီလော့နန်းတော်အရှင်သခင် မြင်တဲ့ အနာဂတ်က တကယ့်အနာဂတ်လား

မီလော့က တကယ် အနာဂတ်ကို မြင်ခဲ့ပါတယ်... တကယ့်အနာဂတ်ပါ.. ဒါပေမဲ့ သူ မြင်ခဲ့တဲ့ အနာဂတ်ထက် ပိုဝေးတဲ့ အနာဂတ်ကိုတော့ မမြင်ခဲ့ဘူး... နှစ်ပေါင်း ကုဋေ ၈၀၀ လောက်ပဲ မြင်ခဲ့တာဆိုတော့ အဲဒီအချိန်မှာ အချိန် မတည်ရှိတော့ဘူး ထင်သွားတာ... ချင်မူ ရောက်လာတာကိုလည်း မမြင်နိုင်သွားပါ။

၂. နိဗ္ဗာနဟင်းလင်းပြင်ဖြစ်နေတဲ့ အခြေအနေကို ဖြေရှင်းနိူင်မယ့် နည်းလမ်း ချင်မူ့မှာ ရှိလား ဘယ်လိုလုပ်မှာလဲ

ချင်မူမှာ ဖြေရှင်းနည်း ရှိပါတယ်... သူက ပစ္စုပ္ပန်ကို ပြန်လာတယ်ဆိုကတည်းက အဖြေရှိလို့ ပြန်လာတာပေါ့ဗျာ.. အဲ့အခြေအနေက ကျွန်တော် သိပ္ပံစာအုပ်တွေ ဖတ်ပြီး တွေးမိသွားတာဗျ... စုတ်ပြဲသွားခြင်းနဲ့ တိတ်ဆိတ်ခြင်းဆိုတဲ့ သဘော.... စကြဝဠာကြီးမှာ အကန့်အသတ်ရှိတယ် ပြောကြတယ်... အကန့်အသတ်တစ်ခုအထိ ကျယ်ပြန့်ပြီးရင် ပြိုကွဲသွားတတ်တယ်တဲ့... မြေဆွဲအားက စကြဝဠာကြီးရဲ့ အလယ်ဗဟိုဆီသို့ ပြိုကျစေတာတဲ့လေ... ဖြေရှင်းနည်းက ကျွန်တော် မပြောတော့ဘူး... ချင်မူကတော့ သိတယ်... ဒါပေမဲ့ အဲ့ကောင်က ငတုံးလေဗျာ.. ကျွန်တော့်လို စီကာပတ်ကုံး စာမှ မရေးတတ်ဘဲ... တချို့စာဖတ်သူတွေလည်း ပြောပြရင် ပြောပြလိမ့််မယ်ဆိုပြီး သူက မရေးပြတော့တာတဲ့ ဟဲဟဲ။

၃. ချင်မူရဲ့ ဇာတ်သိမ်းက လိုရာဆွဲတွေးလား

ဇာတ်သိမ်းမှာ ချင်မူ ဖြေရှင်းနည်း ယူလာတယ်... သူ ပြန်ရောက်လာတဲ့အချိန်မှာ ထာဝရငြိမ်းချမ်းရေးအင်ပါယာက သူ့မိတ်ဆွေအများစု အသက်ရှင်နေပါသေးတယ်... သူတို့တွေက တာအိုသိုင်းပညာရှင်တွေရဲ့ မဟာခြုံလွှမ်းကောင်းကင်ဘုံတွေထဲမှာ နေနေကြတာ.... သူပြန်လာတော့ အဲ့ကောင်းကင်ဘုံတွေက လင်းလက်လာတယ်လေ... ဒါကြောင့် ဇာတ်သိမ်းက လိုရာဆွဲတွေးမဟုတ်ဘူး... သူတို့နဲ့အတူ ဖြေရှင်းနည်းအတိုင်း လုပ်ဆောင်ကြမယ်... အားလုံး အသက်ရှင်ကြမယ်... အဲဒီလို ပျော်ပျော်ရွှင်ရွှင် ဇာတ်သိမ်းထားတာပါ... ကျွန်တော့်ကို လာဆဲတဲ့သူတွေ ရှိတယ်ဗျ... ဇာတ်သိမ်းမကြိုက်လို့ ဆိုပြီး... ဒါပေမဲ့ ၈၀ ရာခိုင်နှုန်းလောက်တော့ ကျေနပ်တယ်ပြောလို့ ကျွန်တော် ကျေးဇူးတင်ပါတယ်။

၄. ဒြပ်ထုတွေ မရှိ‌တော့ဘဲ မဟာခြုံလွှမ်းကောင်းကင်ဘုံက ဘာကြောင့် ရှိနေသေးတာလဲ

လန်ယွီတျန်းတို့ ကျင့်ကြံထားတဲ့ မဟာခြုံလွှမ်းကောင်းကင်ဘုံဆိုတာ အပြင်စကြဝဠာမဟုတ်ဘူး အတွင်းစကြဝဠာပါ... အပြင်က စကြဝဠာကြီးက ပြန့်ကားနေပေမယ့် မဟာခြုံလွှမ်းကောင်းကင်ဘုံက သူ့လုပ်ဆောင်ချက်နဲ့သူလို့ မှတ်နိုင်ပါတယ်.... ဒါကြောင့် အပြင်စကြဝဠာထဲမှာ ယာယီတည်ရှိနိုင်တာပါ။

၅.ဘယ်သူက ကောင်းကင်တံတားကို ဖျက်စီးခဲ့တာလဲ

ကောင်းကင်နတ်ဘုံက နတ်ဘုရားတစ်ယောက်ပါ... ကောင်းကင်တံတားဟာ မျိုးဆက်မှာ လက်ဆင့်ကမ်းလို့ ရသလို၊ ကောင်းကင်ရတနာခုနစ်ပါးကိုလည်း လက်ဆင့်ကမ်းလို့ ရပါတယ်... ကောင်းကင်နန်း‌‌ဆောင်ကလည်း အဲဒီလိုမျိုးပဲ... ဒါပေမဲ့ ကိုယ့်မှာ ကောင်းကင်တံတား ကျိုးပျက်သွားရင် ကိုယ့်မျိုးဆက်မှာ ပါမလာတော့ပါဘူး

၆. ချင်မူတို့ကမ္ဘာမှာ ကောင်းကင်က ဝိုင်းပြီး ကမ္ဘာမြေက လေးထောင့်လား...

အဲ့လိုတော့ မဟုတ်ဘူးဗျ... အထွတ်အမြတ်မြေတွေ ကိန်းဝပ်နေတဲ့ ကမ္ဘာလိုပါပဲ... ဘိုးဘေးနန်းတော်ကလည်း ကုန်းမြေထုကြီးတစ်ခု... ယွမ်တုကလည်း အမိကမ္ဘာမြေဖန်တီးထားတဲ့ ကုန်းမြေတစ်ခု.... တခြားကမ္ဘာလောကတွေကတော့ စကြဝဠာထဲမှာ ရှိကြတယ်

၇. ယဇ်ပူဇော်တဲ့ နည်းလမ်း မရှိတုန်းက မီလော့နန်းတော်က တခြားစကြဝဠာဆီ ဘယ်လိုသွားလဲ

နည်းလမ်း နှစ်ခု ရှိတယ်... တစ်ခုက အစွမ်းအစနဲ့ ဖြတ်သန်းဖို့... မီလော့နန်းတော်အရှင်သခင် ဖြတ်သွားသလိုပေါ့... မီလော့နန်းတော်နဲ့ ကျောက်စိမ်းမြို့တော်ရဲ့ ရည်ရွယ်ချက်က ပျက်စီးခြင်းကပ်ဘေးနဲ့ မွေးဖွားခြင်းကပ်ဘေးကို ရင်ဆိုင်ဖို့ပါ... အားလုံး သတိထားမိကြလားမသိဘူး... စာအုပ်ထဲမှာ ‘ကိန်းသေ’ ဖြစ်နေတဲ့ အရာတွေလေ... ချင်မူ ပျက်စီးခြင်းမွေးဖွားခြင်း ကပ်ဘေးတွေမှာ မပျက်စီးတာက ကိန်းသေ ဖြစ်နေလို့ ၊ အနန္တအဘိုးအိုလည်း ကိန်းသေ၊ မီလော့နန်းတော်လည်း ကိန်းသေပါ... တခြားစကြဝဠာတွေမှာ အပြိုင်မရှိနေဘဲ မူလအဖြစ် ရှိနေလို့... ဒါပေမဲ့ မီလော့နန်းတော်အရှင်သခင် ပထမစကြဝဠာဆီပြန်သွားတဲ့အခါ မီလော့နန်းတော်ဟာ ကိန်းသေ မဟုတ်တော့ဘူး... ဒါကြောင့် ဆင်းသက်လို့မရတော့တာပါ။

တခြားကဏ္ဍများ

၁. စာအုပ်ကို physical bookအနေနဲ့ ထုတ်မှာလား

ထုတ်ဝေပေးမယ့် ကုမ္ပဏီက ပြင်ခိုင်းတာတွေ များတယ်ဗျ... အဲဒါနဲ့ တခြားကုမ္ပဏီကို ပြောင်းထားတယ်.. ချင်မူ နတ်ဘုရားရုပ်တုကို သေးနဲ့ပန်းတာကို ဖြုတ်ခိုင်းနေတော့ အဲ့မှာတင် ဂွမ်းနေတာ... အခုကုမ္ပဏီနဲ့ အဆင်ပြေရင်တော့ စာအုပ်အဖြစ် ထွက်လာပါလိမ့်မယ်

၂. ဆရာ့မဟေသီရော စိတ်တိုင်းကျရဲ့လား manga ရော ထွက်မှာလား

အဲ့အပိုင်းတွေက ကျွန်တော်စိတ်တိုင်းကျ ဆုံးဖြတ်လို့မရဘူး ... လက်ရှိထွက်ထားတဲ့ manga ကိုတော့ စာဖတ်သူတွေ မကြိုက်တာ‌ တွေ့ရတယ်... ဥပမာဗျာ နားကန်းပေါ့... နားကန်းဆိုတာ ရှေးရိုးစွဲ အဘိုးကြီး... မင်းသားလည်း ဖြစ်ခဲ့တော့ သူ့ဟန်နဲ့သူ ရှိရမယ်... မာန်တက်နေတဲ့သူမျိုးပေါ့.. သူ့နားတွေကလည်း သူတို့ဆွဲထားသလို ကြီးကြီးမားမားကြီးတွေ မဟုတ်ဘူးလေ... သူ့နားက သံနားရွက်.... ဖြုတ်လို့ တပ်လို့ရတယ်... ရွှေအက သူ့အတွက် သွန်းလုပ်ပေးထားတာဗျ... အသံတွေ ကြားချင်ရင် တပ်မယ်... မကြားချင်ရင် ဖြုတ်မယ်.. အဲ့လိုပေါ့ ကာရိုက်တာနဲ့ အံခွင်မကျတဲ့ အဆင်မပြေတာလေးတွေ ရှိနေတာ။

၃. ဆရာရော စာစဉ်တွေ ဖတ်လား

အခုနောက်ပိုင်း ဖတ်တာ နည်းလာတယ်... တစ်ရက်ကို နှစ်နာရီလောက်တော့ အချိန်ပေးဖတ်ဖြစ်ပါတယ်

၄. ပထမစကြဝဠာရဲ့ ပျက်စီးခြင်းကပ်ဘေးအကြောင်း မရေးဘူးလား

ဪ တော်ပြီလေဗျာ... ပျက်စီးခြင်းတွေအကြောင်း ရေးနေရင် ကျွန်တော့်ကို ဆဲတော့မှာ

၅. ချင်မူ့အစွမ်း

စကြဝဠာအားလုံးမှာ အစွမ်းထက်ဆုံးပဲ မှတ်ထားလိုက်ဗျာ

၆. လောကသခင်ခန္ဓာ ရှိလားဗျ

မရှိဘူးဗျ... ရွာလူကြီးရဲ့ ထွင်လုံး

၇. ဖရိုဖရဲမြစ်ဆိုတာက ဘယ်လိုမျိုးလဲ

မြစ်အစစ်လိုမျိုးမဟုတ်ဘူး ... စကြဝဠာပျက်စီးသွားလို့ ဖရိုဖရဲဖြစ်နေတဲ့ ရောဟင်းလင်းပြင်မျိုးပဲ...

၈. ချင်မူမှာ မိန်းမ ဘယ်နှယောက်ရှိလဲ

တစ်ယောက်ထဲပါဗျာ

၉. ဟူလင်းအာလေးရောဗျ ရွာလူကြီးတို့ စစ်ယွင်ရှန်းတို့ရော အသက်ရှင်လား

အသက်ရှင်ပါတယ် .. လန်ယွီတျန်းတို့ ရှုရှန်းဟွာတို့နဲ့အတူ အသက်ရှင်နေပါတယ်

All Chapters