Chapters

ဘာသာပြန်သူ၏ ကျေးဇူးတင်လွှာ

Vol. 142 Ch. 1836

ဘာသာပြန်သူ၏ ကျေးဇူးတင်လွှာ

Vol. 142 Ch. 1836

နိုဝင်ဘာလ ၁၇ ရက်နေ့၊ ၂၀၂၅ ...

နွားကျောင်းသားလေးရဲ့ ဒဏ္ဍာရီ (ချင်မူ) (Tales of Herding God) စာစဉ် ဘာသာပြန်ဆို၍ ပြီးစီးသွားခဲ့ပါပြီ။

မန်ဟိုကို ၂၀၂၃ ခုနစ် ဇွန်လမှ ပြန်ဆိုပြီးစီးသွားခဲ့တာဆိုတော့ ၂ နှစ်အတွင်း နွားကျောင်းသားလေး ပြီးသွားခဲ့ပါပြီ။ ဒီနှစ်နှစ်အတွင်း ဖြေးဖြေးမှန်မှန်ပဲ တင်နိုင်ခဲ့တဲ့ ကျွန်တော် ရိပ်လွန် ကို မငြိုမငြင် အားပေးလာကြတဲ့ စာဖတ်ပရိသတ်ကြီးတွေကို ကျေးဇူးတင်ပါတယ် ... ဖတ်ရတာ အားမရလို့ လာပူဆာကြတဲ့ စာဖတ်သူတွေကြောင့်လည်း ငါ ဆက်ရေးနေရမယ်ဆိုတဲ့ အသိနဲ့ အပြီးသတ်နိုင်ခဲ့တာပါ။

နွားကျောင်းသားလေးရဲ့ ဒဏ္ဍာရီ ဆိုပြီး ရင်ထဲ စွဲစေတဲ့ အရေးအသားတွေနဲ့ ဖန်တီးပေးခဲ့သူကတော့ ဆရာနေ ပါ... ဆရာနေ လှပစွာ ပုံဖော်ပေးခဲ့တဲ့အတွက်လည်း ဆက်ဘာသာပြန်ပေးရတဲ့ ကျွန်တော် အင်မတန် ကျေးဇူးတင်မိပါတယ်... ဆရာနေရဲ့ စကားအထားအသို၊ နာမည်‌ပေးပုံတွေကနေတစ်ဆင့် လေ့လာသင်ယူခဲ့ရပါတယ်။

ဒီစာစဉ်ကို ဆက်ဘာသာပြန်ခွင့်ပေးတဲ့ ဆရာနေကိုရော၊ ယုံကြည်စွာ လက်ထဲအပ်ပေးခဲ့တဲ့ ဆရာချို (ရိုးရာအဖွဲ့၏ ခေါင်းဆောင်)ကိုရော ကျေးဇူးတင်ပါတယ်။

နွားကျောင်းသားလေးရဲ့ ဒဏ္ဍာရီကို ဖတ်မယ်ဆိုရင် ‘ကျော်မဖတ်ပါနဲ့’ ‘လောမဖတ်ပါနဲ့’ လို့ ကျွန်တော် အမြဲမှာတာ သိကြမှာပါ။ အချိန်ခရီးသွား၊ time and dimension တွေအကြောင်း မရင်းနှီးသေးရင် ပိုပြီးတောင် အေးအေးဆေးအေး ဖတ်သင့်ပါတယ်... ကျွန်တော့်ဘက်က လိုအပ်ချက်တွေ ရှိသွားရင်လည်း နားလည်ခွင့်လွှတ်ပေးကြပါ။

ကျွန်တော်က လိုင်းအခက်အခဲနဲ့ အသက်မွေးဝမ်းကြောင်းနေရတဲ့ အလုပ်ကြောင့် စာစဉ်နဲ့ပတ်သက်ပြီး marketing တွေ၊ ပရိုမိုးရှင်းတွေလည်း မလုပ်နိုင်ပါဘူး... ဖေ့ဘွတ်ဆိုရင် ဖုန်တက်နေတာတောင် ကြာပါပြီ... ဒါပေမဲ့ telegram မှာတော့ active ဖြစ်ပါတယ် .... ပြောချင်တာတွေ ရှိရင် ကျွန်တော့် yatelon အကောင့်ကို လာပြောနိုင်ပါတယ်။

အခု နွားကျောင်းသား (ချင်မူ) ပြီးစီးသွားပြီဆိုတော့ ဒီကြားထဲ ပေါ့ပေါ့ပါးပါး ဘာသာပြန်ဖို့ “သိပ်သတိကြီးတဲ့ ကျွန်မအစ်ကိုကြီး” ကို ရွေးထားပါတယ်... ဒီစာစဉ်လေးကတော့ မြန်မြန်ပဲ အပြီးသတ်မှာပါ... နောက်ထပ် ရေရှည်ပြန်မယ့် စာစဉ််ကိုတော့ ရွေးထားတာ ရှိပေမယ့် ဘာသာပြန်စေချင်တာရှိရင်လည်း ကွန်းမန့်မှာဖြစ်ဖြစ်၊ ကျွန်‌တော့် တယ်လီဂရမ်အကောင့်ဖြစ်ဖြစ် လာပြောနိုင်ပါတယ်။

တစ်လျှောက်လုံး အတူရှိလာပေးတဲ့ စာဖတ်သူများ ကျေးဇူးတင်ပါတယ် ... နောက်စာစဉ်တွေမှာလည်း ဆက်လက်ဆုံတွေ့ချင်ပါသေးတယ်..... အခုတော့ ဒုက္ခိတဘိုးဘွားကျေးရွာ၊ ရွှင်ပျော်ပျော်ကျေးရွာ၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာတို့နဲ့ ခွဲခွာကြရပြီပေါ့ဗျာ...

ဆက်သွယ်ရန်

တယ်လီဂရမ်ချန်နယ် - https://t.me/daoistyatelon

တယ်လီဂရမ်အကောင့် - @yatelon